Chapter 12: အပိုင်း (၁၁) Visual after Visual

My other halfWords: 36167

ကျန်းဟောက် အိမ်ပြန်ရောက်သည်နှင့် ကုတင်ပေါ် ပစ်လှဲကာ ဖုန်းသုံးနေသည်။ သူကြည့်နေသည်က အခြား မဟုတ်။ ဒီနေ့ သူနဲ့ ဆောင်းဟန်ဘင်း instagram မှာ အပြန်အလှန် follow လုပ်ပြီး acc ချင်းလဲခဲ့ကြတာဖြစ်သည်။

ဆောင်းဟန်ဘင်းတွင် follower အများကြီး ရှိပြီး cele ဟုပြောလို့ရသည်။ ဒီနေ့ညမှာ ဆောင်းဟန်ဘင်းက သူတို့တွေ dance club က practice room ထဲ အတူ ရိုက်ခဲ့သည့်ပုံအား ပါဝင်သူတိုင်းကို tag တွဲကာ တင်ထားသည်။

ထို့ကြောင့် ကျန်းဟောက်ဖုန်းမှာ noti အသံတို့ဖြင့် ဆူညံနေတာကြောင့် သူ ဖုန်းအသံပါပိတ်ထားလိုက်ရသည်။

သူ တစ်ပုံပြီးတစ်ပုံကြည့်နေရင်း

နောက်ဆုံးတွင် သူတို့နှစ်ယောက်တွဲ

ရိုက်ထားတဲ့ ပုံလေးကိုပါ တင်ထား

သည်ကို တွေ့လိုက်ရသည်။

လွန်ခဲ့တဲ့ တစ်နာရီကျော်ကျော်လောက် က တင်ထားခဲ့တယ်ဆိုပေမယ့် like အရေအတွက်နဲ့ comment အရေအတွက်မှာ တိုးလာနေတုန်းပင်။

ကျန်းဟောက်တစ်ယောက် မှတ်ချက်တချို့ကို သိချင်စိတ်ဖြင့် လိုက်ကြည့်နေသည်။

"ဆောင်းဟန်ဘင်း မင်းမြန်မြန် အရွယ်ရောက်လာရင် ကောင်းမယ်၊ ဒီ မမ က မင်းကို စောင့်နေတယ်"

"ဒီတလော အက video တွေ မတင်တော့ဘူးနော်၊ ဘာတွေကြိတ်လုပ်နေတာလဲ"

"ဆောင်းဟန်ဘင်းနဲ့ နှစ်အတူတူမွေးလာရင်ကောင်းမယ်၊ အဲ့ဒါမှ သူနဲ့ကျောင်းအတူတူ တက်ပြီး သူ့ကိုနေ့တိုင်းတွေ့ရမှာ၊ အခုတော့....... ငါ့အမေက ဘာလို့ အိမ်ထောင်ပြုဖို့ လောခဲ့ရတာလဲ"

မှတ်ချက်အများစုမှာ ဆောင်းဟန်ဘင်းရဲ့ ကောင်မလေး fan ဟု ထင်ရတဲ့ လူတွေဆီကဖြစ်သည်။

ကျန်းဟောက် မှတ်ချက်တွေကိုဖတ်

ရင်း မျက်နှာမဲ့ကာ တွေးလိုက်မိသည်။

'ဆောင်းဟန်ဘင်း အသက်မပြည့်သေးတာကို ကျေးဇူးတင်ရမယ်'

ထို့နောက် သူ မှတ်ချက်တွေကိုသာ အပေါ်ဆွဲလိုက် အောက်ဆွဲလိုက်ဖြင့် ဆက်ဖတ်နေလိုက်သည်။

"ဟေးးးး ကောင်မလေးတို့

ဆောင်းဟန်ဘင်း ဘေးက ကျောင်း

ဝတ်စုံနဲ့ တစ်ယောက်ကို အရင်ကမတွေ့ဖူးဘူးနော်၊ ဘယ်သူလဲဆိုတာ သိတဲ့လူများရှိကြလား"

ထိုမှတ်ချက်တွင် reply က အခု ၂၀ ကျော်လောက်ရှိသည်။ သူ့အကြောင်းကို ဆွေးနွေးနေကြတာမို့ ကျန်းဟောက် သိချင်စိတ်ဖြင့် reply တွေကို ဝင်ကြည့်လိုက်သည်။

"Acc က private ကြီး"

"ဆောင်းဟန်ဘင်းရဲ့ သူငယ်ချင်း acc မှန်သမျှ လိုက်ကြည့်ပြီးပြီး၊ ဆောင်းဟန်ဘင်းနဲ့ ကျောင်းဝတ်စုံလေး နှစ်ယောက်ကဘဲ အပြန်အလှန် follow လုပ်ထားကြတာ"

"မတ်သရူး တောင် follow မလုပ်ထားဘူး"

တချို့ဆို မတ်သရူး ကိုပါ မန်းရှင်းခေါ်ပြီး မေးမြန်းထားတာမျိုးရှိသည်။

"Club ထဲ member အသစ်ရောက်တာလား၊ ဒါမှမဟုတ် visual after visual ထဲရောက်လာတာဖြစ်ရမယ်၊ ဘယ်လိုတောင် ချောနိုင်ရတာလဲ"

"ကျောင်းဝတ်စုံလေးနဲ့က ဘယ်သူလဲ၊ အခုလိုအရေးကြီးတဲ့အချိန်ကျတော့ ကျောင်းတူတဲ့သူတွေ ပေါ်မလာဘဲ ဘယ်ရောက်နေကြတာလဲ"

"ညီအစ်မတို့ ငါတွေ့လာတာတစ်ခုရှိတယ်၊ ဆောင်းဟန်ဘင်းနဲ့ ကျောင်းတူတယ်၊ တရုတ်ကပြောင်းလာတဲ့ ကျောင်းသားသစ်၊ နာမည်က ကျန်းဟောက်"

ကျန်းဟောက် အံ့ဩသွားရသည်။

'သူတို့ ဘာလို့ အဲ့လောက်မြန်ရတာလဲ'

ထို့နောက် သူအောက်ကို ဆွဲကြည့်လေ

သူ့အကြောင်းပြောတာ ပိုများလာလေမို့ ကျန်းဟောက် ဆက်မကြည့်ချင်တော့ပေ။ သူ့အကောင့်ကို private လုပ်ထားတာမို့ တော်သေးသည်။

ထို့နောက် သူ မှတ်ချက်တွေကို ဖတ်မနေတော့ဘဲ ဆောင်းဟန်ဘင်းရဲ့ acc ထဲ ကြည့်နေလိုက်သည်။ ဆောင်းဟန်ဘင်းက သူ့ဘဝကို practice room ထဲတွင် ကုန်ဆုံးသည်ဟု ထင်ရအောင်ကို တင်ထားတဲ့ပုံတော်တော်များများမှာ mirror selfie ပုံများဖြစ်သည်။ ပုံမဟုတ်ပါက dance video အတိုလေးတွေ ဖြစ်သည်။ ပြီးနောက် hamster အရုပ်လေး ပုံကိုလဲ တင်တတ်သေးသည်။ ထို့နောက် သူငယ်ချင်းတွေနဲ့ night out ထွက်ဖြစ်တာမျိုးတွေ ဖြစ်ပြီး ဂယူဘင်း၊ Ricky၊ မတ်သရူး၊ ယူဂျင်၊ ပတ်ဂွန်ဝုတို့နဲ့ အတူတွဲရိုက်ထားတဲ့ပုံတွေလဲရှိပြီး တချို့လူတွေကတော့ သူမသိတဲ့ သူတွေဖြစ်သည်။ ဆောင်းဟန်ဘင်းက ရှုခင်းပုံ၊ ဂိမ်းကစားနေကြပုံ စသည်ဖြင့် နေ့စဉ်တစ်နေ့တာကို မှတ်တမ်းတင်သလိုမျိုး ပုံတွေကို တင်တတ်သည့် လူမျိုးဖြစ်သည်။

ထို့နောက် သူ following ထဲ ဝင်ကြည့်ကာ Ricky ရဲ့ acc ကိုရှာကာ follow လိုက်သည်။

ဆောင်းဟန်ဘင်းရဲ့ လူငယ်သဘာဝခံစားချက် အပြည့်ပေးတဲ့ ပို့စ်တွေနဲ့ ယှဉ်ရင် Ricky က တခြားနယ်ပယ်က လူတစ်ယောက်နဲ့ပိုတူသည်။ Ricky က အမြဲကျော့ရှင်းကာ သပ်သပ်ရပ်ရပ် တည်တည်ငြိမ်ငြိမ်နေတတ်သူဖြစ်သည်။ သူ့ရဲ့ ပုံရိပ်ကိုလဲ ထိန်းသိမ်းကာ အနေတည်သူတစ်ယောက်လို့ပြောရမည်။ ကျောင်းဝတ်စုံဖြင့်နေ့တိုင်းတွေ့ရတာမို့ သိပ်ပြီးထွေထွေထူးထူး မတွေးမိပေမယ့် ယခု Ricky ရဲ့ acc ထဲကြည့်တော့ အထက်တန်းကျောင်းသားတစ်ယောက်ထက် fashion model တစ်ယောက်နဲ့ ပိုတူလှသည်။

မျက်နှာအမူရာတို့မှာလဲ ညှို့ငင်ဆွဲအားကောင်းကာ မြင်သူတိုင်းကို ကြည့်မဝ ရှုမဝဖြစ်စေသည်။ 'ဘတ်စ်ကတ်ဘော မကစားဘဲ fashion model လုပ်ရမှာ' ဟု ကျန်းဟောက် တွေးလိုက်သည်။ model က Ricky နဲ့ပို၍လိုက်ဖက်သည်။

ထို့နောက် သူ ဂယူဘင်ရဲ့အကောင့်ကို ရှာလိုက်သည်။ ဂယူဘင်က ဆောင်းဟန်ဘင်းနဲ့ ဆင်တူသည်။ ပြီးနောက် အပြင်မှာထက် ပုံထဲမှာ ပို၍ ချစ်ဖို့ကောင်းအောင်လဲ နေတတ်သေးသည်။ Ricky နဲ့ တွဲရိုက်ထားတဲ့ပုံတွေကိုကြည့်ခြင်း အားဖြင့် Ricky ရဲ့ပုံတွေကို ရိုက်ပေးသူမှာ ဂယူဘင် မှန်းသိနိုင်သည်။ တစ်ခါတစ်လေ ယောကျ်ားဆန်ကာ ရှည်လျားတဲ့ အရပ်ကို ထုတ်ကြွားတတ်သေးသည်။

ထိုပုံတွေကိုကြည့်ရင်း ကျန်းဟောက် မနာလိုဖြစ်သွားရသည်။

"သူ့ရဲ့ ခြေထောက်တွေက ဘာလို့ အဲ့လောက်ရှည်နေရတာလဲ၊ စိတ်ရှုပ်စရာကောင်းအောင်လို့"

မတ်သရူးနဲ့ ပတ်ဂွန်ဝုမှာတော့ ကြွက်သား စွဲလမ်းသူများပင်ဖြစ်သည်။ နှစ်ယောက်သား gym အတူသွားကြကာ gym ကစားနေသည့် video အတိုလေးတွေ အများအပြားတွေ့ရသည်။

ကျန်းဟောက် သူသိသမျှလူတွေရဲ့ instagram acc ကိုလိုက်ကြည့်ပြီးနောက် သူ့ acc ထဲဝင်ကြည့်တဲ့အခါ အတော်ပျင်းစရာကောင်းသည်ဟု တွေးလိုက်မိသည်။ သူ့ရဲ့ ပို့စ် အများစုမှာ သူအရင်ကနေခဲ့တဲ့ နေရာဒေသ၏ပုံရိပ်များနှင့် သူရဲ့နောက်ကျောပုံတွေသာများသည်။ ထို့နောက် သူ ရရှိခဲ့တဲ့ ဆုများနှင့် တယောဖြင့် ဖျော်ဖြေခဲ့စဉ်ပုံများဖြစ်သည်။ နောက်ကျော ပုံများမှာ ရှုခင်းကိုသာ အသားပေးရိုက်ထားခဲ့တာ ဖြစ်သည်။ ဖျော်ဖြေပွဲများက ပုံများမှာလဲ ခါတိုင်းလို မျက်နှာအကြောသေနေတဲ့ အမူအရာတွေနဲ့သာဖြစ်သည်။ သူ့ဘဝကြီးက ကိစ္စထွေထွေထူးထူး မရှိခဲ့ပါ။ သူလုပ်နေတဲ့အရာကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရင်းသာ အချိန်ကုန်ဆုံးခဲ့သည်။

၁၆ နှစ်အရွယ်ကျန်းဟောက်မှာ တရုတ်ကနေ တစ်ယောက်တည်း ထွက်လာပြီး ကိုးရီးယားတွင် ကျောင်းတက်နေပေမယ့် လွန်ခဲ့သောနှစ်တွေမှာ သူ အပြင်သွားတာ အလွန်နည်းပါးသည်။ သူ့ရဲ့ တစ်နေ့တာဘဝက ကျောင်းဖြင့် စ တင်ပြီး အိမ်တွင်အဆုံးသတ်သည်။

ပျော်ပျော်နေတတ်တဲ့ သူတစ်ယောက် မဟုတ်တာကြောင့် သူ့မှာအပေါင်းသင်းလဲ သိပ်မရှိ။ သူ့ရဲ့အားလပ်ချိန်တွေကို စာလုပ်ရင်းဖြင့်သာ ကုန်ဆုံးခဲ့ပြီး ပျင်းလာရင် တယောထိုးနေလိမ့်မည်။

လူငယ်ဘဝကိုတစ်ယောက်တည်း ဖြတ်သန်းနေတဲ့ ကျန်းဟောက်ကြောင့် ကျန်းပါးပါးမှာ ကျောင်းအဆောင်နေဖို့ တိုက်တွန်းခဲ့သည်ကို နားထောင်ခဲ့ပေမယ့် အဆုံးသတ်တွင်အဆင်မပြေခဲ့ပါ။

ကျန်းဟောက် အရင်ကအကြောင်းများကို ပြန်တွေးနေရင်း တွေဝေငေးမောနေမိသည်။

ထိုအချိန်တွင် ဆောင်းဟန်ဘင်းဆီက noti တစ်ခုရခဲ့သည်။

'You have a new like'

ကျန်းဟောက် ဝင်ကြည့်လိုက်တော့ ဆောင်းဟန်ဘင်းက သူ့ရဲ့ ပုံတစ်ပုံကို like ပေးထားခဲ့တာဖြစ်သည်။

ထိုပုံမှာ ကိုးရီးယားကို မလာခင် တရုတ်တွင် နောက်ဆုံးဖျော်ဖြေခဲ့တဲ့ ပွဲက ပုံဖြစ်သည်။ ထိုနေ့က သူ့အဖေရဲ့ ကုမ္ပဏီ နှစ်ပတ်လည်ပွဲ လည်းဖြစ်သလို ကုမ္ပဏီအခွဲတစ်ခုကို အသစ်ထပ်ဖွင့်နိုင်ခဲ့တဲ့ ပွဲတစ်ခုလဲဖြစ်သည်။

ထိုနေ့ကကျန်းဟောက်မှာ အနောက်တိုင်းဝတ်စုံ အဖြူရောင်ကို ဝတ်ဆင်ထားခဲ့သည်။ ဖြောင့်စင်းနေကျ ဆံပင်တွေကို ပုံသွင်းထားခဲ့တာကြောင့် အနည်းငယ် ရင့်ကျက် နေဟန်ပေါ်ကာ တင့်တယ်မှုရှိနေသည်။ သူဖျော်ဖြေနေခဲ့စဉ်တွင် ခန်းမတစ်ခုလုံး မှိန်ပြပြ မီးရောင်တွေသာ ထွန်းထားခဲ့တာမို့ စင်မြင့်ပေါ်က ကျန်းဟောက်မှာ အတောက်ပ ဆုံးဖြစ်နေခဲ့သည်။ ကျန်းဟောက်ကို ဦးတည်ကာ စလိုက်မီးထွန်းထားတဲ့မီးရောင်နှင့် ဝတ်ထားတဲ့ အနောက်တိုင်းဝတ်စုံ အဖြူရောင်ကြောင့် ကျန်းဟောက်ရဲ့ ကိုယ်ရောင်ကိုယ်ဝါမှာ ဖြူဖွေးရှင်းသန့်နေပြီး ကောင်းကင်ပေါ်က ကျလာတဲ့ နတ်သားတစ်ပါးနှယ်။

ပုံရဲ့ ရှုထောင့်မှာ စင်မြင့်ပေါ်ရဲ့အနောက်ဘက်ကနေ ရိုက်ထားတာကြောင့် ကျန်းဟောက်ရဲ့ နောက်ကျောနှင့် တယောထိုးနေရင်း ဘယ်ဘက်သို့ လှည့်ထားတဲ့ မျက်နှာ တစ်ခြမ်းစောင်းပုံလေးဖြစ်သည်။ ပုံထဲတွင် ကျန်းဟောက်က မျက်ဝန်းတို့ မှိတ်ထားကာ လှပတဲ့အပြုံးတစ်ပွင့်ကို နှုတ်ခမ်းတွင်

ချိတ်ဆွဲထားသည်။

ထိုနေ့က ပုံတွေ အများကြီးရိုက်ဖြစ်ခဲ့ပေမယ့် ကျန်းဟောက်မှာ ထိုနောက် ကျောပုံကိုမှ ခန္ဓာကိုယ်တစ်ဝက်ပုံနှင့် မျက်နှာအနီးကပ်ပုံ နှစ်ပုံသာတင်ထားခဲ့သည်။ ကောင်းမွန်လှတဲ့ ကင်မရာစွမ်းအားကြောင့် မျက်နှာအနီးကပ်ပုံတွင် သူ့ရဲ့ မျက်တောင်လေးတွေကိုတောင် ရေတွက်၍ရနိုင်သည့်အနေအထားမျိုးဖြစ်သည်။

ဆောင်းဟန်ဘင်းက ထိုပုံကို like ပေးသွားခဲ့တာဖြစ်သည်။ ရုတ်တရက် ဆောင်းဟန်ဘင်းကလဲ သူ့လိုဘဲ acc ထဲဝင်ကြည့်နေသလားဟု သူ တွေးလိုက်ပြီး ထိုအတွေးကိုချက်ချင်းပင် ရပ်ပစ်လိုက်သည်။

သိပ်မကြာလိုက် ဆောင်းဟန်ဘင်းက သူ့ရဲ့ ပို့စ်မှာ reply ပြန်ထားတာကို တွေ့လိုက်ရသည်။

Shanbin "အင်းးးး သူငယ်ချင်းအသစ်"

Shanbin"haha..... visual center??"

"Visual centre???? ဒါဆို ကျောင်း

ဝတ်စုံလေး ချောတယ်ဆိုတာကို ဟန်ဘင်းကလဲ ဝန်ခံတယ်ပေါ့?"

Shanbin "ဟောင်ရွှိုက်🙂‍↕️"

ဆောင်းဟန်ဘင်းက တရုတ်လိုပင် reply ပြန်သွားတာကြောင့် တခြားသူတွေပြောနေကြသလို ကျန်းဟောက်မှာ တရုတ်ကပြောင်းလာတဲ့ ကျောင်းသားသစ် ဖြစ်ကြောင်း အတည်ပြုပြီးသား ဖြစ်သွားသည်။

ကျန်းဟောက်အကြောင်း မေးထားတဲ့ comment တချို့ကို ဆောင်းဟန်ဘင်းက ပြန်ဖြေပေးနေပြီးနောက် သူလတ်တလော ဘာလုပ်ဖြစ်နေသည်ဆိုတဲ့ အကြောင်းကိုလည်း ပြောပြနေခဲ့သည်။

ကျန်းဟောက်ရဲ့ အာရုံကို ဖမ်းစားသွားသည်က visual after visual ဆိုတဲ့ အရာပင်။

ပထမကတော့ ဒီတိုင်း group chat name လို့သာ ထင်ခဲ့ပေမယ့် ဆောင်းဟန်ဘင်းရဲ့ ပို့စ်က မှတ်ချက်တွေကြောင့် visual after visual က သာမန် group chat name တော့ မဟုတ်ပေ။ ပြီးနောက် သူ့ကိုလဲ မတ်သရူးက ထို group chat ထဲသို့ ထည့်ထားပေးခဲ့တာဖြစ်သည်။ထို့ကြောင့် သူ နောက်တစ်နေ့ကျောင်းရောက်တော့ မတ်သရူးအား မေးခဲ့သည်။

"အော် အဲ့ဒါလား? မထင်ရပေမယ့် ငါတို့ အုပ်စုက လူသိများတဲ့ထဲ ပါတယ်၊ ဒီတိုင်း......ig cele? တစ်ယောက်တစ်မျိုးဆီ လူသိများကြတယ်၊ ငါတို့ သူငယ်ချင်းတွေထဲမှာ နာမည်အကြီးဆုံးက ဆောင်းဟန်ဘင်း၊ Ricky နဲ့ ထယ်ရယ်၊ ထယ်ရယ်ကိုက မင်းမတွေ့ဖူးသေးဘူး၊ ဟန်ဘင်းနဲ့ Ricky က ဘယ်လိုလူသိများလဲ မင်းသိပြီးသားဘဲ၊ ထယ်ရယ်ကကျတော့ YouTuber၊ သူက cover song တွေလဲဆိုသလို ကိုယ်တိုင်လဲရေးတယ်၊ ပြီးတော့ guitarist ၊ မင်းနဲ့ ကလပ်ချင်းတူပေမယ့် သူက solo သွားတာ၊ instrument ချင်းလဲ မတူတော့ မတွေ့ဖူးတာ မဆန်းပါဘူး"

ကျန်းဟောက် ဂရုတစိုက်နားထောင်နေရင်း

"အင်း.... အဲ့လိုနဲ့ visual after visual က ဘယ်လိုဖြစ်လာပြီး၊ ငါက ဘာလို့ အဲ့ထဲရောက်နေတာလဲ"

"ပြောသလိုဘဲ ထယ်ရယ်က YouTuber လေ၊ တစ်ခါတစ်လေကျ သူက သူငယ်ချင်းတွေနဲ့အတူ Taerae Show လုပ်တတ်တယ်၊ အားလုံးစုပြီး သီချင်းဆိုကြတာ၊ ဖြစ်ချင်တော့ တစ်နေ့မှာ ငါတို့အားလုံး Taerae show မှာ သွားစုနေကြသလိုဖြစ်သွားရော၊ ငါတို့ အားလုံးက သူငယ်ချင်းတွေဆိုတာလဲ သိသွားတော့ အားလုံးက မတူညီတဲ့ အရာတွေမှာ တစ်မျိုးစီ ထူးချွန်ကြပေမယ့် ရုပ်ချောကြတာတော့ အတူတူဘဲဆိုပြီး fan တစ်ယောက်ကနေ visual after visual ဆိုပြီး စတင်လိုက်တော့တာဘဲ"

"မင်းတို့ဆီက အထက်တန်းကျောင်းသားတွေက တော်တော်ထူးခြားတာဘဲ၊ ငါ လက်တွေ့မှာရှိနေတယ်လို့ မခံစားရဘူး၊ ကျောင်းသား ဒရမ်မာ ရိုက်ကူးရေးလုပ်နေတဲ့ ကျောင်းထဲကိုများ ရောက်နေတာလား၊ အခုက ရိုက်ကူးရေး ကာလ လား"

မနေ့က ကျန်းဟောက်က သူ့ကို ig မှာ follow လုပ်သွားတာကြောင့် မတ်သရူးက ကျန်းဟောက်ရဲ့ acc ထဲ လျှောက်လည်ထားပြီးပြီးဖြစ်သည်။ ကျောင်းကိုယ်စားပြု၊ မြို့နယ်ကိုယ်စားပြု၊ ပြည်နယ်ကိုယ်စားပြု စသည်ဖြင့် ရွှေတံဆိပ် ဆုပေါင်းများစွာပိုင်ဆိုင်ထားပြီး၊ တယောပညာရှင်တစ်ယောက်အဖြစ် ဖျော်ဖြေပွဲများစွာကိုလဲ ပါဝင်ဖျော်ဖြေဖူးတဲ့ ကျန်းဟောက်ကို ကြည့်ကာ မတ်သရူး မျက်လုံးလှိမ့်လိုက်ရင်း

"လာနောက်နေတာလား"

ကျန်းဟောက်ကလဲ ရုပ်တည်ကြီးဖြင့်

"တကယ်ပြောတာ၊ ငါ့တုန်းက နံပါတ် ၁ စာ၊ နံပါတ် ၂ စာ၊ နံပါတ် ၃ စာ ဆိုပြီး စာဘဲ ထိုင်လုပ်နေခဲ့တာ၊ တခြားထွေထွေထူးထူး အာရုံစိုက်စရာမရှိခဲ့ဘူး"

"မင်းမှာ သူငယ်ချင်းတစ်ယောက်လေးတောင် မရှိဘူးလား? တစ်ယောက်တည်း စာဘဲထိုင်လုပ်နေရတဲ့အထိ? အဲ့ဒါက ဖြစ်နိုင်လို့လား?"

ကျန်းဟောက်အား နားမလည်နိုင်စွာကြည့်ရင်းမေးလိုက်သည်။ သူသာဆို ဘယ်လိုမှ နေနိုင်မည်မဟုတ်ပေ။ တွေးကြည့်နေရုံနဲ့ကို အဆင်မပြေသလို ခံစားရသည်။

မတ်သရူးရဲ့ အမေးစကားကြောင့် ကျန်းဟောက် မျက်နှာအနည်းငယ်ပျက်သွားပေမယ့် အလျင်မြန်ပြန်ထိန်းနိုင်လိုက်တာမို့ မတ်သရူးမှာ သတိမထားမိလိုက်ပေ။

"အင်း..... အဲ့ဒါက.... ဒီတိုင်း တစ်ယောက်တည်းနေရတာကို သဘောကျရုံဘဲ"

ထိုအခါ မတ်သရူးက ကျန်းဟောက် ပုခုံးကို လှမ်းဖက်လိုက်ကာ

"ဒါဆို လူငယ်ဘဝကို ဘယ်လိုဖြတ်သန်းရလဲဆိုတာ သေချာပြပေးမယ်"

ကျန်းဟောက် ခေါင်းသာညိတ်ပြလိုက်သည်။ ထို့နောက် စိတ်ဝင်စားစွာဖြင့်

"ထယ်ရယ် ကို ပြကြည့်"

မတ်သရူးက ဖုန်းကို ယူထုတ်လာပြီး ထယ်ရယ်၏ YouTube channel အား ပြလာသည်။ ကျန်းဟောက် ပထမဦးဆုံး သတိထားမိခဲ့သည်မှာ ပါးချိုင့်လေးနှစ်ဖက် နှင့် အပြုံးချိုချိုလေးများပင်ဖြစ်သည်။ သူ မမြင်ဖူးသေးကာ နာမည်သာ ကြားဖူးနေတဲ့ ထယ်ရယ်ဆိုသူမှာ လှပတဲ့ အပြုံးမျိုးရှိသည်။ ထို့နောက် အသံပါဝါမှာလဲ ကောင်းလွန်းလှကာ တစ်ခါကြားရုံနဲ့ မမေ့နိုင်တဲ့ အသံမျိုးဖြစ်သည်။ အများစုမှာ cover song တွေဖြစ်ပြီး သူကိုယ်တိုင်ရေးထားတာမျိုးလဲရှိသည်။ short video များတွင်တော့ မတ်သရူးပြောသလို Taerae show တွေဖြစ်သည်။ Taerae show တွင် အတွေ့ရဆုံးလူမှာ ဆောင်းဟန်ဘင်းနဲ့ မတ်သရူးဖြစ်သည်။ တချို့ cover song တွေကိုလဲ အတူတွဲဆိုထားတာမျိုး တွေ့ရတတ်သည်။

သူတို့ အတူကြည့်နေကြရင်း မတ်သရူးက သတိတရဖြင့်

"မင်းရဲ့ ဝါသနာက တယောထိုးတာနဲ့ သီချင်းဆိုတာလို့ ပြောဖူးတယ်မလား? အချိန်ရရင် Taerae show မှာ လာ join လေ၊ အရမ်းပျော်စရာကောင်းတာ၊ ပြောမှဘဲ မင်း တယောထိုးတာရော၊ သီချင်းဆိုတာရော ငါတစ်ခါမှ မကြားဖူးသေးဘူး"

ကျန်းဟောက်က ထယ်ရယ်နဲ့ ဆောင်းဟန်ဘင်းအတူဆိုထားတဲ့ cover song ကို နားထောင်နေရင်း ပြန်ဖြေလိုက်သည်။

"နောက် ကြုံရင်ပေါ့"

"ဝတ်ကြေတန်ကြေနိုင်လိုက်တာ"

"တယောထိုးတာက ကိစ္စမရှိပေမယ့် သီချင်းဆိုတာတော့ မဆိုတာကြာပြီး"

"မင်းရဲ့ မျက်နှာနဲ့သာဆို ကီးလွတ်နေရင် ရယ်နေရမှာဘဲ"

ကျန်းဟောက် သီချင်းကို အာရုံစိုက်

နားထောင်နေရာမှာ မော့ကြည့်လာပြီး

"မင်းက ဘယ်သူ့ကို အထင်သေးနေတာလဲ"

"အိုးးးးအိုးးးး အထင်မသေးရဲပါဘူး"

ကျောင်းဆင်းချိန်ရောက်တော့ သူ အိမ်မပြန်ဖြစ်ဘဲ စာကြည့်တိုက်သို့သာ ထပ်ရောက်လာပြန်သည်။ ဆောင်းဟန်ဘင်းအား လပတ်စစ်ဆေးမှုအတွက် အာရုံစိုက်နိုင်စေရန် တွေးပေးမိတာကြောင့် သူ ဆောင်းဟန်ဘင်းဆီသို့ ထပ်မသွားဖို့ တွေးလိုက်သည်။

စောလွန်းနေသည်ဟု ခံစားရကာ အိမ်မပြန်ဘဲ စာကြည့်တိုက်တွင် စာအုပ်တချို့ သွားရှာကာ ပြန်မည်ဟု သူတွေးလိုက်သည်။ ထို့နောက် သူ လိုချင်တဲ့ စာအုပ်တွေရပြီးမို့ ပြန်ဖို့ ပြင်လိုက်ပေမယ့် မနေ့က နို့ဗူးလေးကို တွေးမိသွားတာကြောင့် ဘာရယ်မဟုတ်ဘဲ သူနဲ့ ဆောင်းဟန်ဘင်း စာလုပ်နေကြနေရာသို့ သွားလိုက်တော့ မနေ့ကအတိုင်းပင် သူထိုင်နေကြနေရာမှာ နို့ဗူးလေးအား စတစ်ကာ note လေးကပ်ကာ တင်ထားသည်ကို တွေ့လိုက်ရသည်။

ဒီနေ့မှာလဲ တူညီတဲ့လက်ရေးနဲ့ တူညီတဲ့ "ကျန်းဟောက်အတွက်" ဆိုတဲ့ စာသားကို တွေ့လိုက်ရသည်။

သူ စဉ်းစားမိသလောက်တော့ သူ့ကို နို့ဗူးလေးတွေ ပေးနေတဲ့ ကျောင်းသူလေးမှာ သူနှင့်ဆောင်းဟန်ဘင်း ဒီနေရာတွင် စာအတူလုပ်ကြသည်ကို သိထားပြီးဖြစ်ရမည်။ ဆောင်းဟန်ဘင်းကို ပေးတယ်ထင်မှာစိုးရိမ်တာကြောင့် စာလေးပါ ကပ်ထားပေးတာဟု သူတွေးမိလိုက်သည်။

ပိုးပန်းမှုတွေ ခနခနကြုံဖူးတာမို့ သူအများကြီးမတွေးပါ။ နောက်ကွယ်ကလူကို စိတ်ဝင်စားတယ်ဆိုတာထက် သူသာမယူသွားရင် နောက်ဆုံး သန့်ရှင်းရေးလုပ်တဲ့သူများက ပစ်လိုက်မှာ စိုးရိမ်တာကြောင့် ဒီနေ့မှာလဲ နို့ဗူးလေးကို ယူသွားဖို့ ဆုံးဖြတ်လိုက်သည်။ ပြီးနောက် စာကြည့်တိုက်ထဲကိုလဲ နေရာအနှံ့လိုက်ရှာကြည့်လိုက်ပေမယ့် မင်္သကာစရာ တစ်စုံတစ်ခုမှ မတွေ့ခဲ့ရပါ။

==============

Tbc.......

30 November,2024

စကားလေးနည်းနည်းပြောချင်လို့

Haobin fanfic ရေးချင်ပေမယ့် တခြား မန်ဘာတွေနဲ့ဘဲ ရေးဖြစ်နေသလိုဘဲ၊

နည်းနည်းတော့ စိတ်ရှည်ပြီးလိုက်ခဲ့ပေးပါ။ တစ်ခါတစ်လေကျတော့ အခန်း

ပေးမတူဘူး လို့ တွေးခဲ့တဲ့ အတွေးကို ပြန်ပြင်ချင်လာတယ်🤣

နောက်တစ်ခုက အရမ်း မြန်မြန်ချစ် မြန်မြန်ကြိုက် အဲ့လိုကြီးဖြစ်သွားမှာ စိတ်ပူနေတာကြောင့်လဲပါတယ်။

Touchy မုန်းမန့်လေးတွေရေးချင်ပေမယ့် ကိုယ်တွေးထားတဲ့ကျန်းဟောက်ရဲ့ character ကြောင့် မရေးနိုင်ပြန်ဘူး🤧

ဘယ်လိုဘဲဖြစ်ဖြစ် ဖတ်ပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို

ကျေးဇူးတင်ပါတယ်နော် 🫶