Chapter 5: အပိုင်း (၄) Plot twist ဟေးးးးး!!!!!

My other halfWords: 41165

ကျန်းဟောက်တစ်ယောက် စာမေးပွဲ ရလဒ်ကို ကြည့်ပြီးနောက် ဘယ်လိုမှ စိတ်အဆင်မပြေခဲ့ပါ။ နောက်ဆုံး report letter ရမှ ကြည့်တော့ တခြား ဘာသာတွေ အဆင်ပြေပြီး ကိုယ်ကာယကြံ့ခိုင်မှုပိုင်းနဲ့ ကိုးရီးယားစာ နှစ်ဘာသာမှာ သူ အမှတ်အနည်း ငယ်လျော့နေတာဖြစ်သည်။

ကိုယ်ကာယ ကြံ့ခိုင်မှုပိုင်းက ပိုအားနည်းနေခဲ့သည်။ ကျန်တဲ့ဘာသာတွေအမှတ်ကောင်းနေလို့သာ သူ တစ်ကျောင်းလုံး၌ ဒုတိယရခဲ့ခြင်း ဖြစ်ရမည်။

အိမ်ရောက်သည်နှင့် report letter ကို သူ့အဖေထံ ပုံရိုက်ပြီး ပို့ပေးလိုက်သည်။ အလုပ်များသည်ထင် သူ့အဖေက တော်ရုံနဲ့ စာမပြန်လာခဲ့ပါ။

ထို့ကြောင့် မီးဖိုချောင်ထဲဝင်ကာ ခေါက်ဆွဲတစ်ပန်းကန်ပြုတ်ပြီး စားဖို့ ကြံရွယ်လိုက်သည်။ ခေါက်ဆွဲပြုတ်နေရင်း လက်ကလဲ ဖုန်းကို ကိုင်ထားကာ နိုင်ငံခြားသားများအတွက် ကိုးရီးယားစာကို တိုးတက်အောင် ဘယ်လိုလေ့လာရမလဲဆိုတဲ့ အကြံပြုစာတချို့ကို လိုက်

ဖတ်ကြည့်နေမိသည်။

အကြံပေးချက် ၁- မင်း စာချည်းဘဲ အရမ်းလုပ်နေလို့မရဘူး၊ စာအုပ်ထဲက သင်တဲ့အတိုင်း အပြင်မှာ ဘယ်သူမှ မသုံးနှုန်းကြဘူး၊ ဒါကြောင့် ကိုးရီးယားစာလေ့လာတဲ့ လူတွေကို အကြံပေးချင်ပါတယ်။ ရုပ်ရှင်များများကြည့်ပါ၊ social app တွေသုံးပြီး ကိုးရီးယား သူငယ်ချင်း များများဖွဲ့ပါ။ စကားပြောပါ...........စသည်ဖြင့်။

ဒီအချက်ကို ကျန်းဟောက်မှတ်ထား

လိုက်သည်။ သူ ရုပ်ရှင်များများကြည့်ပေးရမည်ဖြစ်သည်။

အကြံပေးချက် ၂- ငါကတော့ ကိုးရီးယားနိုင်ငံသား သူငယ်ချင်းတွေရှိတာကြောင့် ငါရဲ့အရည်အချင်းက ခပ်မြန်မြန်ဘဲ တိုးတက်လာခဲ့တယ်။

နိုင်ငံခြားသားတွေနဲ့ဘဲ ပေါင်းမိနေတဲ့

နိုင်ငံခြားသားလေး ကျန်းဟောက် -,-

ထိုအချက်ကိုလဲ သူချမှတ်ထားလိုက်သည်။ ဂယူဘင်ရှိသေးသည်။ သူ ဂယူဘင်နှင့် စကားများများပိုပြောရမည်။

သူတို့ လေးယောက်မှာ ကျန်းဟောက်နဲ့ Ricky ဆို တရုတ်လိုဘဲ ပြောဖြစ်ကြသည်။ တချို့ သူပြောရခက်တာမျိုး မသိတာမျိုးဆို နားလည်နိုင်တဲ့ Ricky ကြောင့် တရုတ်လိုသာ ပြောဖြစ်သည်။

Ricky နှင့် မတ်သရူးကျတော့ English လိုသာ ပိုသုံးနှုန်းကြသည်။ Ricky က တရုတ်ဆိုပေမယ့် ငယ်ငယ်က LA တွင် ၅ နှစ်ခန့် နေခဲ့တာဖြစ်သည်။ ထို့ကြောင့် Ricky က English လို ပြောတာအများဆုံးဖြစ်သည်။

ဆော့မတ်သရူးနဲ့ ကျန်းဟောက်ကတော့ အတတ်နိုင်ဆုံးတော့ ကိုးရီးယားလိုပြောဖြစ်ကြပါသေးသည်။

ဂယူဘင်က ကိုးရီးယားလူမျိုးဖြစ်ပေမယ့်လဲ ကျန်းဟောက်နဲ့က စကားသိပ်မပြောဖြစ်ချေ။ ထို့ကြောင့် ကျန်းဟောက်မှာ ဂယူဘင်နှင့် စကားများများပြောဖို့ ဆုံးဖြတ်လိုက်သည်။

အကြံပေးချက် ၃- "********" ငါ အခု အဲ့စာအုပ်သုံးနေတာ self study အတွက် အရမ်း အသုံးဝင်တယ်၊ ငါ့ရဲ့ ဘာသာစကားက ကောင်းကောင်းတိုးတက်လာတယ်

ကျန်းဟောက် ထိုစာအုပ်ကို မှတ်ထားလိုက်သည်။

အကြံပေးချက် ၄- ကိုးရီယားစကား ပြောတတ်ချင်ရင် ကိုးရီးယားလူမျိုးတစ်ယောက်နဲ့ တွဲလိုက်ပါ :P

ကျန်းဟောက် ထိုအကြံပေးချက်ကို ဖတ်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ ဘယ်လိုတောင်ပေါ့ပျက်ပျက်နိုင်တဲ့ အကြံပေးချက်ပါလိမ့်?

ချစ်သူတစ်ယောက်ရဖို့ဆိုတာ လွယ်တာမှတ်လို့?

ထိုအချက်ကိုတော့ ကျန်းဟောက် လျစ်လျူရှုလိုက်သည်။ ထိုအကြံပေးချက်က သူလုပ်နိုင်တာထက်ကို ပိုလွန်းနေတာဖြစ်သည်။

ထို့နောက် သူ Kakao talk ထဲ ဝင်ကာ ဂယူဘင်ဆီ စာပို့လိုက်သည်။

Zhalways_1 : ဟေးးးဂယူဘင် မင်း မနက်ဖြန် ကျောင်းဆင်းရင် အချိန်ရလား

စာက ချက်ချင်းကို read ဖြစ်သွားပေမယ့် တစ်ဖက်လူမှ စာမပြန်လာပါ။

ထိုအစား Visual after visual fri gp ထဲ ဂယူဘင်က ခွေးကလေး တုန်လှုပ်ချောက်ခြားနေသည်ဆိုတဲ့ စတစ်ကာနှင့် အတူ စာပို့လာသည်။

I,mgyu : မင်းတို့တွေ အခုငါပြောမဲ့ အကြောင်းအရာကို ဖတ်ပြီးသွားရင် မလန့်သွားကြနဲ့၊ ကျန်းဟောက် ငါ့ကို တကယ်ကြီး စာပို့လာပြီး မနက်ဖြန် အချိန်ရ မရ လာမေးနေတယ်🫨

Canada_oppa ^_^ : acc hack ခံရတာများလား? ဒီအချိန် သူ စာလုပ်နေရမှာ 🤔

ကျန်းဟောက် gp ထဲက စာကို လက်သီး react လေး ပေးလိုက်ပြီး တစ်ဖက်က စာပြန်လာမှာကိုသာ စိတ်ရှည်ရှည်ထားကာ စောင့်နေလိုက်သည်။

I,mgyu : ဘယ်သူလဲ?!!! ကျန်းဟောက်ရဲ့ acc ကို ဘာကြောင့် hack ထားတာလဲ

Zhalways_1 : စကားကို ကောင်းကောင်းပြော

I,mgyu : အာ~ ကျန်းဟောက်ဘဲကို

Zhalways_1 : မေးထားတာ ဖြေဦး

I,mgyu : အားတယ်လေ ဘာဖြစ်လို့လဲ

Zhalways_1 : ဒါဆို မနက်ဖြန် ငါနဲ့တစ်နေရာ လိုက်ခဲ့ပေး

I,mgyu : ဘာလို့ ငါ့ကိုလဲ၊ မတ်သရူးက မအားလို့လား

Zhalways_1 : မင်းနဲ့က ပိုထိရောက်မယ်ထင်လို့

I,mgyu : ?

I,mgyu : ငါသိချင်သွားပြီး မနက်ဖြန် ဘယ်သွားရမှာလဲ?

I,mgyu : ကျန်းဟောက်?

I,mgyu : ကျန်းဟောက်လို့!!!!!!

ကျန်းဟောက် အနားမှာ ရေနွေးအိုးစူသံကြားမှ သူခေါက်ဆွဲပြုတ်ထားမှန်း သတိရတော့သည်။ ဒီလိုနဲ့ သူ ခေါက်ဆွဲ ပြုတ်တဲ့ဆီကို အာရုံစိုက်လိုက်ပြီး ဂယူဘင့်ဆီကို စာမပြန်ဖြစ်တော့ပေ။

ဒီလိုနဲ့ နောက်တစ်နေ့ကျောင်းဆင်းတော့ သူတို့ လေးယောက် အတူထွက်လာဖြစ်ကြသည်။ မတ်သရူးက ကျန်းဟောက်အား မေးလိုက်သည်။

"ကျန်းဟောက် မင်းက ဂယူဘင်နဲ့ နှစ်ယောက်ထဲ ဘယ်သွားမလို့လဲ"

"နှစ်ယောက်တည်းသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့တော့ မဟုတ်ဘူး၊ ငါ့ရဲ့ စာလေ့လာမှုအတွက် ဂယူဘင်ဆီကနေ အကူညီ ယူကြည့်မလားလို့လေ"

ထိုအခါ မတ်သရူးနဲ့ Ricky ဆီမှ တစ်လေသံတည်း ထွက်လာခဲ့သည်။

"ဂယူဘင့် ဆီကနေ?!!!!"

ကျန်းဟောက်က ခေါင်းကို အသာငြိမ့်ပြလိုက်သည်။ ထိုအခါ မတ်သရူးက

"မင်းက တစ်ကျောင်းလုံးမှာ ဒုတိယလေ"

Ricky ကပါထပ်၍ဖြည့်ပေးလာသည်။

"ဂယူဘင်ရဲ့ အဆင့်ကို မင်းမတွေ့လိုက်ဘူးလား"

"ဘာလဲ???? ဘာလဲ???? ငါက ဘာဖြစ်နေလို့လဲ??!!!!!"

ဂယူဘင်က ထိပ်ဆုံး အယောက် ၂၀ ထဲတော့ ဝင်သေးသည်။

ကျန်းဟောက်ကို မတ်သရူးနဲ့ Ricky က နားမလည်နိုင်တဲ့မျက်လုံးတွေနဲ့ ကြည့်လာသည်။ ထိုအခါမှ ကျန်းဟောက်က အသေးစိတ်ရှင်းပြလာခဲ့သည်။

"ငါ့ကိုဘဲ ကြည့်လေ၊ ဒီတစ်လျှောက်လုံး ဂယူဘင်က ငါ့ကို ကိုးရီးယားနဲ့ပတ်သက်ပြီး လေ့ကျင့်ပေးခဲ့တာ၊ မင်း ဘယ်လိုထင်လဲ ငါတိုးတက်လာတယ်ထင်လား"

Ricky ရဲ့ စကားကြောင့် ကျန်းဟောက် ဘာပြောရမှန်းမသိ။ ဂယူဘင်ကတော့ မျှော်လင့်ခြင်း မျက်ဝန်းများနှင့် သူ့ကို စိုက်ကြည့်နေပြီး မတ်သရူးကတော့ ပြုံးစိစိဖြင့် ပွဲကြည့်ပရိတ်သတ်သာ လုပ်နေသည်။

ကျန်းဟောက် ချောင်းတစ်ချက်ဟန့်လိုက်ပြီး

"စမ်းကြည့်ရမှာပေါ့၊ အပေါ်ယံကြည့်ပြီး ဘာမှ ဆုံးဖြတ်လို့မရဘူးလေ"

"ဒါဆို ဂယူဘင်က ပြဿနာမဟုတ်ဘဲ ငါက ပြဿနာဖြစ်နေတာပေါ့?"

ကျန်းဟောက်ဆီက စကားကိုကြားပြီး Ricky သွေးတက်သွားရသည်။

ထိုအခြေနေမျိုးတွင် မတ်သရူးက ပွဲကြည့်ချင်စိတ်ကို ပစ်ထုတ်လိုက်ပြီး ကြားထဲ ဝင်ပြောပေးရတော့သည်။ ဒီလိုနဲ့ သူတို့ စာအုပ်ဆိုင်ဆီသို့ရောက်လာကြသည်။

ကျန်းဟောက်မှာတော့ မနေ့ညက သူမှတ်ထားတဲ့ စာအုပ်ကို လိုက်ရှာနေမိသည်။ ထို့နောက် ဂယူဘင်ကိုခေါ်ပြီး ပြကြည့်လိုက်သည်။

"မင်း ဒါကို ဘယ်လိုထင်လဲ"

"အဆင်ပြေမယ်ထင်တာဘဲ"

"မင်း အကြံပေးချင်တဲ့ စာအုပ်တွေရော ရှိလား"

ဂယူဘင် ဟိုကြည့် ဒီကြည့်လုပ်ရင်း တွေ့ရာ စာအုပ်တစ်အုပ်ကို ယူပေးလိုက်သည်။ ကျန်းဟောက်ကလဲ တစ်ခွန်းမမေးဘဲ အကုန်ယူလိုက်သည်။

ထိုနေ့ကစ၍ ကျန်းဟောက် ဦးဆောင်တဲ့ စာအတူလုပ်ခြင်း လုပ်ငန်းစဉ်ဖြစ်ပေါ်လာသည်။

ဂယူဘင်ကတော့ သိပ်သဘောမကျပေမယ့် မတ်သရူးကတော့ မဆိုးဘူးလို့ထင်သည်။ Ricky ကတော့ ဘယ်လိုဖြစ်ဖြစ် အဆင်ပြေသည်ဟု ဆိုလာသည်။ ဒီလိုနဲ့ ဂယူဘင်လဲ ဆောင့်ဆောင့်အောင့်အောင့်ဖြစ် သဘောတူလိုက်ရသည်။

ကျန်းဟောက်က သူ့အိမ်က လုံလုံလောက်လောက်လဲ ကျယ်ဝန်းတာမို့ ခေါ်ချင်ပေမယ့် သူတို့အသင်းလှုပ်ရှားမှုတွေကြောင့် ကျောင်းကိုပြန်သွားရမှာဖြစ်သည်။

ဒီလိုနဲ့ အနီးနားက အေးအေးဆေးဆေးနေလို့ရနိုင်မဲ့ cafe ကိုရွေးလိုက်ကာ ကျောင်းဆင်းပြီးတာနဲ့ တန်းလာဖို့ ရွေးလိုက်ကြသည်။ ကျန်းဟောက်က သူဦးဆောင်တာမို့ ကုန်ကျစရိတ်ကို သူသာ

ရှင်းပေးမည်ဟု ပြောလာပေမယ့် နောက်ဆုံးမှာ Ricky နဲ့ တစ်ယောက်တစ်ဝက် ရှင်းကြမည်ဟု ဆုံးဖြတ်လိုက်ကြသည်။ ဒီလိုနဲ့ သူတို့လေးယောက်ရဲ့ စာကျက်ဝိုင်းလေး စ တင်လာခဲ့သည်။

အစပိုင်းကတော့ အဆင်ပြေနေသေးသည်။ နောက်ပိုင်းကျတော့ Ricky ဘာလို့ မတိုးတက်လာလဲ ကျန်းဟောက်သိသွားရသည်။ တကယ်တော့ ဂယူဘင့်ကိုချည်း အပြစ်တင်၍မရ။ ကျန်းဟောက် တချို့သိချင်တာကို မေးချင်တဲ့အခါ ကိုးရီးယားလို မပြောတတ်တာကြောင့် Ricky ကို တရုတ်လိုရှင်းပြသည်။ Ricky က မတ်သရူးကို English လိုပြောပြပြီး နောက်ဆုံးမှာ ဂယူဘင့်ဆီ ဆိုလိုရင်းရောက်ရခြင်းဖြစ်သည်။ ဒီလိုနဲ့ သူတို့ရဲ့ စာအတူလုပ်ခြင်း လုပ်ငန်းစဉ်က ထင်တာထက် နှေးနေပြီး ခရီးမရောက်ဖြစ်နေရသည်။

ဒီအတိုင်းတော့ မဖြစ်ဘူးဟု ကျန်းဟောက် စ တွေးလာမိသည်။

"ငါပြောသားဘဲ ဒီလိုနဲ့က အလုပ်မ

ဖြစ်ပါဘူးဆို"

Ricky အပြောကြောင့် ဂယူဘင် စိတ်မကောင်းဖြစ်သွားရသည်။

"ငါလဲအတတ်နိုင်ဆုံး ကြိုးစားနေတာဘဲကို"

မနေနိုင်တဲ့အဆုံး မတ်သရူးကဘဲ ဝင်ပြောလာသည်။

"မဟုတ်ဘူး၊ အဲ့လိုမဟုတ်ဘူး၊ Ricky ပြောချင်တဲ့သဘောကို ငါနားလည်တယ်၊ ငါတို့တွေ ဦးဆောင်မှု ကောင်းကောင်းလိုတယ်၊ အခုက တခြားဘာသာစကားကို သုံးလို့ရနေတာကြောင့် တကယ့်လိုရင်းကို မရောက်ဘူးလို့တော့ ငါထင်တယ်"

ကျန်းဟောက်လဲ ဝန်ခံလာသည်။

"ငါ့အမှားပါ၊ ငါ တရုတ်လိုဘဲ ဆက်တိုက်ပြောနေမိလို့"

ထိုအခါ Ricky ကလဲ ဂယူဘင်ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး

"ငါ မင်းကို အပြစ်တင်နေတာမဟုတ်ပါဘူး၊ စိတ်မကောင်းဖြစ်အောင်လုပ်မိရင် တောင်းပန်ပါတယ်"

"ငါက မင်းကို ဘယ်လိုလုပ် စိတ်ဆိုးနိုင်မှာလဲ"

ဒီလိုနဲ့ဘဲ ဂယူဘင်နဲ့ Ricky က ခပ်မြန်မြန် ဘဲ ပြန်အဆင်ပြေသွားကြသည်။

မတ်သရူးက ကျန်းဟောက် မျက်နှာမကောင်းတာကို တွေ့တော့

"ငါ မင်းကို အကြံတစ်ခုပေးမယ်၊

ဆောင်းဟန်ဘင်းဆိုရင်ရော ဘယ်လိုလဲ?၊ သူ့မှတ်စုတွေက နားလည်လွယ်တယ်၊ မင်း သူ့ကို အကူညီတောင်းကြည့်ရင်ရော?"

ကျန်းဟောက် တစ်ချက်တွေဝေသွားရသည်။ သူ ထိုအကြံပေးချက်ကို လက်မခံချင်ပေမယ့် တခြားဘာဆက်လုပ်ရမလဲ သူမသိ၊ ဒီတိုင်း ဆရာခေါ်သင်လိုက်ရင်ကောင်းမလား?

ဆောင်းဟန်ဘင်းကို အကူညီတောင်းရတာက သူ့ရဲ့မာနကို ထိခိုက်သည်ဟု အနည်းအကျဉ်းတော့ သူခံစားရသည်။ ဆောင်းဟန်ဘင်းကြောင့်သာ သူ ဒုတိယနေရာကို ရောက်ဖူးရတာဖြစ်သည်။ တစ်ခါ ရှုံးထားပြီးပြီလေ နောက်တစ်ခေါက် ထပ်မရှုံးချင်ပါ။

ကျန်းဟောက် တုံ့ဆိုင်းနေတာကို တွေ့ရတော့ မတ်သရူးက

"ဆောင်းဟန်ဘင်းက စာရှင်းပြတဲ့နေရာမှာ နာမည်ကြီးတယ်၊ သူ့မှတ်စုကို လူတိုင်းလိုချင်ကြတာ၊ တော်တော်များများ သူ့ကို စာရှင်းပြဖို့ တောင်းဆိုတတ်ကြတယ်"

"လူတိုင်းကို စာရှင်းပြနေရတော့ ငါ့အတွက်အချိန်ရှိပါ့မလား"

"သူက နတ်သားလေးလေ၊ လူတွေကို ဘယ်လိုငြင်းရမလဲ မသိဘူး၊ အထူးသဖြင့် စည်းမကျော်တဲ့ တောင်းဆိုမှုမျိုးကိုဆို အကုန်လုပ်ပေးတတ်တယ်၊ တစ်ခါတစ်လေကျတော့လဲ ငြင်းတတ်ပါတယ်၊ အတိကျတော့ ပြော မတတ်ဘူး၊ သူ့စိတ်အခြေနေနဲ့ဘဲ

ဆိုင်တယ်"

ကျန်းဟောက်က ဆက်ပြီးတွေဝေနေသေးတာကို တွေ့ရတာကြောင့် မတ်သရူးက မျက်လုံးလေးမှေးကာ ပြောလာသည်က-

"စမ်းကြည့်ရမှာပေါ့၊ အပေါ်ယံကြည့်ပြီး ဘာမှဆုံးဖြတ်လို့မရဘူး"

ကျန်းဟောက် မတ်သရူးကို မျက်စောင်းထိုးလိုက်မိသည်။

"အရှုံးမရှိပါဘူး၊ မေးကြည့်ပေါ့၊ မင်း ကိုယ်ကာယကြံ့ခိုင်တဲ့အပိုင်းလဲ အားနည်းတယ်မလား? ငါက အားကစားတော်တော် လုပ်ဖြစ်တယ်၊ တစ်ပတ်မှာ ၃ ရက် ၄ ရက်လောက်တော့ gym သွားဖြစ်တယ်၊ မင်းလိုက်ခဲ့ပေါ့"

ကျန်းဟောက် သဘောတူလိုက်ပြီး ဆောင်းဟန်ဘင်းကို ဘယ်လိုအကူညီတောင်းရမလဲ တွေးနေလိုက်သည်။

ဒီရက်အတွင်း နေရတာတစ်မျိုးကြီးပါဟု ဆောင်းဟန်ဘင်းခံစားနေရတာ ၂ ရက် ၃ ရက်ရှိပြီး ဖြစ်သည်။ အစကတော့ သူ အကြောင်းရာကို မသိခဲ့ပါ။ ၄ ရက်မြောက်နေ့တွင်တော့ သူသိလိုက်ရသည်က ကျန်းဟောက်တစ်ယောက် သူ့နောက်ကနေ ခိုးကြောင် ခိုးဝှက်ဖြင့် လိုက်နေခဲ့တာပင်။ ကျောင်း media page က link ကို တစ်ယောက်ထက် မက လာပို့ကြတာမို့ ဝင်ကြည့်တော့မှ ထိုအကြောင်းကို သူသိခဲ့ရတာဖြစ်သည်။ ဆောင်းဟန်းဘင်းက နဂိုကတည်းက အတော်အတန် နာမည် ကျော်ကြားသူ ဖြစ်တာမို့ သူနဲ့ပတ်သက် တဲ့ သတင်းက သေးသေးလေးက အစ ဖုံးကွယ်ဖို့ရာ မလွယ်ကူပါ။

တစ်ခါတစ်ရံ သူလှည့်ကြည့်မိတဲ့အခါတွင် တစ်နေရာသို့ ဝင်ပုန်းတာမျိုး၊ မသိချင်ယောင်ဆောင်တာမျိုး၊ ဒါမှမဟုတ် ပုန်းစရာနေရာ မရှိရင် သူ့ကို တမင်ကျော်ကာ လမ်းလျှောက်သွားတာမျိုးတွေ လုပ်တတ်သည်။ ကျန်းဟောက်ဘာကြောင့် ဒီလိုဖြစ်နေတာလဲ သူ နားမလည်ပါ။

ကျန်းဟောက်မှာလဲ ခေါင်းငိုက်စိုက်က စိတ်ပျက်လက်ပျက်ဖြင့် စာသင်ခန်းထဲသို့ ဝင်သွားလိုက်သည်။ ပြီးနောက် အရုပ်ကြိုးပြတ်သလို သူ့ထိုင်ခုံတွေ ထိုင်ချလိုက်တော့သည်။

ဒီနေ့လဲ သူဆောင်းဟန်ဘင်းကို

ချဉ်းကပ်ဖို့ မအောင်မြင်ခဲ့ပါ။ သူ စကားသွားပြောချင်ရင်တောင် သူ့မာနက ဟန့်တားနေတယ် ထင်ရသည်။ ပြော၍ မထွက်ခဲ့။ ဒီလိုနဲ့ဘဲ သူ အနောက်ကလိုက် လိုက်၊ မပြောဖြစ်လိုက်နဲ့သာ အချိန်ကုန်သွားခဲ့သည်။

ထိုစဉ် ဂယူဘင်က သူ့ကို လှမ်းခေါ်လာသည်။

"မင်း ဘာလို့ ဆောင်းဟန်ဘင်းနောက်ကို လိုက်နေတာလဲ၊ သူ့ fan လား?"

ကျန်းဟောက်က သူခိုးလူမိသလို မျက်နှာဘေးဖြင့် ချောင်းတစ်ချက်ဟန့်ကာ

"ဘာကို fan လဲ၊ ငါက ဘာလို့ သူ့

နောက်လိုက်ရမှာလဲ"

ထိုအခါ ဂယူဘင်က အော်ရယ်လာ

သည်။ သူတို့ပြောသမျှ နားထောင်နေတဲ့ မတ်သရူးနဲ့ Ricky လဲ ပြုံးစိစိဖြင့်

"မင်း ဒါကို ကြည့်ပြီးပြီလား"

ဂယူဘင်က သူ့ဖုန်းကို ကျန်းဟောက်မျက်နှာနှင့်ထိတော့ မတတ် ပြလာခဲ့သည်။

ကျန်းဟောက်ကြည့်လိုက်တော့ ခုနလေးကမှ သူ ဆောင်းဟန်ဘင်းနောက် ခိုးကြောင်ခိုးဝှက်လိုက်ရင်း ဆောင်းဟန်ဘင်းက လှည့်လဲကြည့်ရော ပုန်းစရာနေရာမရှိတာနဲ့ တမင် ဘာမှမဖြစ်သလို ဆောင်းဟန်ဘင်းနားက ဖြတ်လျှောက်သွားတာကို ကြက်အစပ်လို လူမျိုးက ရိုက်ထားတဲ့ video လေး ဖြစ်နေခဲ့သည်။ အောက်ကို နည်းနည်း ထပ်ဆွဲလိုက်ရင် အရင်နေ့က ပုံတွေလဲ ရှိနေတာကြောင့် ကျန်းဟောက် အံ့ဩသွားရသည်။

"ဒါက ဘယ်လိုဖြစ်ရတာလဲ"

"မင်းသာ မသိတာ၊ မင်းက ကျောင်း စ ပြောင်းလာတဲ့ ပထမရက်ကတည်းက နာမည်ကြီးနေတာ၊ မင်းရဲ့ fan gp တောင်ရှိသေးတယ်"

"ဟမ်"

ကျန်းဟောက် နားမလည်စွာမေးလိုက်သည်။ ထိုအခါ ဂယူဘင်က မယုံနိုင်စွာဖြင့်

"မင်း ငါပို့တဲ့ link တွေကို တစ်ခါမှ ဝင်မကြည့်ဘူးလား"

ကျန်းဟောက် ခေါင်းခါပြလိုက်သည်။

"မသိတာလဲ မဆန်းတော့ပါဘူး၊ ငါပို့သမျှ မင်းအကြောင်းရေးထားတဲ့ ဟာတွေချည်းဘဲ"

သူ တရုတ်မှာကတည်းက နာမည်ကြီးခဲ့တာပင်။ ဒါပေမယ့် ဒီမှာပါ အဲ့လိုဖြစ်နေမယ်လို့ မထင်ထားခဲ့ရုံတင်၊ ဘာလို့ဆို သူက အခုမှ ရောက်တာမကြာသေးဘူးလေ၊ မင်းတို့ဟာက မမြန်လွန်းဘူးလား

သူတွေးနေတုန်းရှိသေး Ricky က သူ့ကို လက်ပစ်ဗုံးဖြင့် ပစ်လာသည်။

"အခုဆို မင်းက ဆောင်းဟန်ဘင်းကို ကြိုက်နေတယ်လို့ ထင်နေကြကုန်ပြီး"

ကျန်းဟောက်တစ်ယောက် ပြောစရာစကားပျောက်ရှနေရသည်။ ဒါက ဘယ်လိုမှ မဖြစ်နိုင်တာကို။

သူ့မှာ ပါးစပ်အဟောင်းသားလေးနဲ့ အချိန်တွေကပါ ရပ်တန့်သွားသလို

နေဦး၊ အခုလို ဖြစ်နေရမဲ့ အချိန်မဟုတ်သေးဘူး။ ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းရမယ်။ ထို့ကြောင့် သူ စာသင်ခန်းထဲမှ ထွက်လာလိုက်ပြီး ဆောင်းဟန်ဘင်းရှိတဲ့ 1(A) ကို သွားလိုက်သည်။

အခန်းရှေ့ရောက်တာနဲ့ တွေ့တဲ့အတန်းဖော်တစ်ယောက်ကိုပြောကာ ဆောင်းဟန်ဘင်းကို ခေါ်ခိုင်းလိုက်သည်။

သူ့ကိုကြည့်ရင်း ထိုအတန်းဖော်က စိတ်လှုပ်ရှားစွာဖြင့်

"ဆောင်းဟန်ဘင်း!!!! မင်းကို ကျန်းဟောက်လာရှာနေပြီး"

ဝိုးးးးးး ဆိုတဲ့အသံက လက်ခုတ်သံတဖြောင်းဖြောင်းနဲ့ အတူ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ထိုအသံများအနက် တိုးတိုးတိတ်တိတ်ရေရွတ်သံများလဲ ပါလာသည်။

'ဖွင့်ပြောတော့မှာလား'

'တရုတ်ကမင်းသားလေးကို ဆောင်းဟန်ဘင်း ဘယ်လိုငြင်းမလဲဆိုတာ ကြည့်ကြတာပေါ့'

'ငြင်းပါ့မလား၊ နှစ်ယောက်လုံးက ကျောင်းရဲ့ နံပါတ် ၁ နဲ့ ၂ လေ၊ ရုပ်ရည်ကိုလဲ ကြည့်ဦး ဘယ်လောက်

လိုက်ဖက်သလဲ?'

'ဆောင်းဟန်ဘင်းအကြောင်း မသိဘူးလား၊ သူဘယ်လောက်ဘဲ စိတ်ထားကောင်းကောင်း သူ့အနားကို တကယ်ကပ်နိုင်တဲ့သူက ရှိဖူးလို့လား? ကျောင်းရဲ့နံပါတ် ၁ အလှလေး ပြောရရင် ကျန်းဟောက်ကြောင့် တစ်ကျောင်းလုံးရဲ့ ဒုတိယနေရာကနေ တတိယနေရာကို ရောက်သွားရတဲ့ တစ်ယောက်တောင် မကပ်နိုင်ဘူးလေ၊ ပြီးတော့ ကျန်းဟောက်က ယောကျ်ားလေး-'

ပြောနေတဲ့သူ့သူငယ်ချင်းကို မနေနိုင်စွာ တံတောင်နဲ့တွတ်လိုက်ရသည်။ ဘာလို့ဆို သူတို့ပြောနေတဲ့ နံပါတ်၁ အလှလေးဆိုတဲ့ ဂျန်ယူရီဆိုတဲ့ ကျောင်းသူလေးက 1(A) အခန်းကတင်ဖြစ်သည်။

ဂျန်ယူရီမှာ ကျောင်းတွင် အလှဆုံး

မိန်ကလေးတွေထဲကမှ နံပါတ် ၁ နေရာကို ပိုင်ဆိုင်ထားသူဖြစ်ပြီး ကျောင်းတွင်း အဆင့်တွင်လဲ ဆောင်းဟန်ဘင်း ပြီးရင် သူမက အမြဲ ဒုတိယဖြစ်ခဲ့သည်။

သူ့အတန်းဖော်တွေပြောသလိုဘဲ သူ ဆောင်းဟန်ဘင်းရဲ့ အနား အမြဲရှိခဲ့ပေမယ့် အနီးဆုံးအနေထားက သူတို့ရဲ့ အဆင့်ဇယားပေါ်က ရှေ့ဆင့်နောက်ဆင့် နာမည်စာရင်းလေးသာ ဖြစ်ခဲ့သည်။

သူမ အမြဲ ထိုမျှနှင့်သာ ကျေနပ်ခဲ့ပေ

မယ့် တစ်နေ့မှာတော့ သူတို့ရဲ့ကြားကို ကျန်းဟောက်ဆိုတဲ့သူက ရောက်လာခဲ့လိမ့်မည်ဟု မထင်ထားခဲ့။

ဆောင်းဟန်ဘင်း အခန်းထဲကထွက်လာခဲ့လိုက်ပြီး ကျန်းဟောက်ရှေ့၌ ရပ်လိုက်သည်။ ကျန်းဟောက်မှာ လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုတ်ထားရင်း သူ့ကိုယ်သူ ထိန်းနေပုံရသည်။ ထို့ကြောင့် သူ့ဘက်ကနေသာ စကား စ ပြောလိုက်သည်။

"မင်းနေရခက်နေမယ်ဆို တခြားနေရာ သွားကြမလား"

" ရတယ် ဒီမှာဘဲ ပြောမယ်"

ကျန်းဟောက်က အခန်းထဲက စူးစမ်းနေတဲ့ အကြည့်တွေကို ထိပ်တိုက်ရင်ဆိုင်နေရသည်။ သူဘာတွေလုပ်မိနေတာလဲ? ဒီလိုဖြစ်မယ်မှန်းသိရင် သူဆင်ခြင်ခဲ့မိမှာ၊ အခုတော့.......

"ပထမဆုံး ငါမင်းကို မကြိုက်ဘူး"

ကျန်းဟောက် စကားဆုံးသည်နှင့် အခန်းထဲမှ တစ်ယောက်က ထ အော်လေသည်။

"Plot twist ဟေးးးးး!!!!!"

ဆောင်းဟန်ဘင်းလဲ တိုက်ရိုက်ပြောလာတဲ့ စကားကြောင့် ကြောင်အ သွားရသည်။သူ မတ်သရူးကို မေးဖူးသေးသည်။ မတ်သရူးက ကျန်းဟောက် ပြောလာတာကိုသာ စောင့်ဟုပြောခဲ့သည်။ ကျန်းဟောက် သူ့ကို မကြိုက်မှန်းသိပေမယ့် ဒီလို ဒဲ့ကြီး လာပြောမယ်တော့ မထင်ထားခဲ့မိပါ။

"ငါ မင်းနောက်လိုက်နေရတဲ့ အကြောင်းက အကူညီတောင်းစရာရှိလို့"

"အင်း ပြောလေ"

"မင်း ငါ့ကို စာ ကူလုပ်ပေးနိုင်မလား"

"ဟမ်?"

"ငါ ကိုးရီးယား ဘာသာမှာ အခက်ခဲ

နည်းနည်းရှိနေတယ်၊ ဂယူဘင်ဆီကနေ အကူညီတောင်းခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ဘူး၊ မတ်သရူးက မင်းဆီမှာ အကူညီတောင်းကြည့်ဖို့ အကြံပေးလိုက်တာနဲ့ ငါ မင်းနောက်ကို လိုက်နေခဲ့တာ"

"အော်....."

ဆောင်းဟန်ဘင်းက ပြုံးလိုက်ပြီး

"အချိန်တွေညှိကြမယ်ဆိုရင်တော့ ကူညီပေးနိုင်လောက်ပါတယ်"

ကျန်းဟောက် စိတ်သက်သာရာ ရသွားကာ ပြုံးလိုက်မယ်ရှိသေး၊ ကျောင်းတက်ခေါင်းလောင်းသံကြားတာမို့ အပြုံးက တစ်စက္ကန့်အတွင်း ပျောက်သွားရပြီး

"ဒါဆို ငါသွားပြီနော်"

ဟုဆိုကာ တချိုးတည်း လစ်ပြေးသွားတဲ့ ကျန်းဟောက်ကို ဆောင်းဟန်ဘင်း တားချိန်တောင် မရလိုက်ပါ။ သူ့လက်က လေပေါ်မှာတင် ရပ်တန့်သွားရသည်။ ပြီးနောက် အနောက်လှည့်ကာ သူ့အတန်းထဲက လူတွေကို ထိန်းလိုက်ရသေးသည်။

"အတန်းခေါင်းဆောင် မင်းအငြင်းခံရတာ အခုတစ်ကြိမ်က မင်းဘဝမှာ ပထမဆုံးအကြိမ်မလား"

ဟုတ်ပါသည်။ ကျန်းဟောက်က သူ့ကို ပထမဦးဆုံး ငြင်းဖူးတဲ့သူဖြစ်သည်။ သူ ဘယ်သူ့ကိုမှ ချစ်ခွင့်မပန်ဖူးပေမယ့်လည်းအငြင်းတောင် ခံလိုက်ရသေးသည်။ သူ့အဖြစ်က သနားစရာကောင်းတာလား၊ ရယ်စရာကောင်းတာလားတောင် သူမသိတော့။

============

TBC.......

8 November, 2024

ပြောရမယ်ဆိုရင် ကျန်းဟောက်က ဆောင်းဟန်ဘင်းကို စာကူလုပ်ပေးဖို့ အကူညီကတောင်းမှာ ဒါပေမယ့် ဒီပုံစံ လုံးဝမဟုတ်ဘူး

ဒီအပိုင်းကို ရေးဖို့ စဉ်းစားထားတာ ဒီလိုမျိုးတစ်စက်မှမဟုတ်ဘူး။ အရင်က တွေးထားတာနဲ့ အကုန် တခြားဆီတွေ ရေးချမိလိုက်တာဘဲ။

ပိုကောင်းတဲ့ version လေးဖြစ်ဖို့ မျှော်လင့်ပါတယ်။