Chapter 10: part 9( Unicode+ Zawgyi)

💜parts of my love💜jinkook (Complete)Words: 31024

Unicode

Flesh back>>>

Jin side 1

စဆုံတွေ့ချိန်လေး........

မနက်စောစောထဖို့နှိုးဆက်ပေးထားပေမဲ့ အဲဒီအကျင့်မကောင်းတဲ့နာရီစုတ်ကြောင့်ကျောင်းနောက်ကျတော့မယ်.. လှေကားပေါ်ကအမြန်ဆင်းတော့ မီးဖိုခန်းထဲမှာ တွေ့လိုက်တဲ့မေမေကြီး... မေမေကြီးဆိုတာကျွန်တော်ငယ်ငယ်ကနေခဲ့တဲ့ မိဘမဲ့ဂေဟာရဲ့ ဂေဟာမှူးဟောင်းပါ.... ကျွန်တော်အရွယ်ရောက်လာတော့ မိဘမဲ့ဂေဟာကထွက်လာတဲ့အချိန်မှာ မေမေကြီးဟာလည်း ပင်စင်ယူပီးဖြစ်လို့ ကျွန်တော့ကိုစောင့်ရှောက်ရင်းတူတူနေဖြစ်သွားသည်.... မနက်စာလှမ်းစားဖို့ပြောတဲ့မေမေကြီးကို အလျင်လိုနေတဲ့အကြောင်းပြောရင်း စီးတော်ယာဉ်ဖြစ်တဲ့ စက်ဘီးလေးနဲ့ကျောင်းကိုအပြေးတပိုင်းထွက်လာခဲ့လိုက်တယ်... လမ်းမမှာ ကားတွေဆိုင်ကယ်တွေကပေါ‌မှပေါ ကျွန်တော်သတိထားရင်းစီးနေရတယ်.... ဒီလောက်သတိထားတာတောင် ကျောင်းရောက်ခါနီးမှာ ကားတစီးနဲ့ငြိသွားတယ်..

*ဘုန်း!!*

'အ!!'

ကျွန်တော်လည်းမကျေနပ်ခြင်းများစွာနဲ့ မေတ္တာပို့သဖို့ပြင်လိုက်တယ်... ဒါပေမဲ့ ကားထဲကထွက်လာခဲ့တဲ့သူ့ကြောင့်ပြောစရာစကားတွေပျောက်ရှကုန်တယ်...မိုးပေါ်ကနတ်သားလေးများ ကြွေဆင်းသလားထင်ရလောက်အောင်ကိုချောလွန်းလှတဲ့သူ....

'အဆင်ပြေရဲ့လား..??' ဆိုတဲ့ချိုမြိန်သြရှတဲ့အသံလေးကြောင့် ကျွန်တော့ကမ္ဘာလောကကြီးဟာခေတ္တရပ်တန့်သွာသလိုပဲ.. ကျွန်တော့နှလုံးသားဟာလည်း မြင်းရိုင်းတကောင်နယ် ကစုန်ပေါက်နေလျက်....

'ငါ့တူအဆင်ပြေရဲ့လား??' ဆိုတဲ့ဘေးကဦးလေးကြီးအသံကြားမှသတိပြန်၀င်လာခဲ့တယ်.. ကျွန်တော်လည်းအဆင်ပြေကြောင်းပြောပီး အမြန်ထထွက်လာခဲ့တယ်... မဟုတ်ရင်ကျွန်တော့နှလုံးသားခေးဟာခုန်လွန်းလို့ သူတောင်နှလုံးခုန်သံတွေကြားသွားမှာစိုးရိမ်ရတယ်...

ဒါပေမဲ့ကျွန်တော် သတိမထားမိခဲ့ပါဘူး... သူဟာလည်းကျွန်တော့ကိုငေးကြည့်နေခဲ့တယ်ဆိုတာ... သူဟာလည်းရင်တွေအရမ်းခုန်နေခဲ့တယ်ဆိုတာ...

အဲဒီနေ့လေးက ကျွန်တော့ဘ၀ရဲ့အရေးပါတဲ့သူတယောက်ကိုခေါ်ဆောင်လာပေးတဲ့နေ့.... သူနဲ့ကျွန်တော်စတင်စုံတွေ့တဲ့နေ့လေးပေါ့....

..............................................…................….

ကျွန်တော်‌ေကျာင်းရောက်တော့ စာတင်ချိန်တချိန်လွတ်သွားပီလေ... ဒုတိယအချိန်က လက်တွေ့အချိန်... အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ ထယ်ယောင်းကကျောင်းပျက်တယ် ဆိုတော့ကျွန်တော့မှာ partnerမရှိဘူးဖြစ်နေတယ်... ဒါပေမဲ့ဒီနေ့ထူးထူးဆန်းဆန်း  ဒုတိယနှစ်စီနီယာတွေနဲ့တွဲလုပ်ရမယ်ဆိုတော့ ပျော်မိသား.. ဘာလို့ဆို စီနီယာတွေထဲမှာ ကျွန်တော်တွေ့ချင်တဲ့သူတယောက်လည်းပါမှာလေ။။။ သူကတော့ စီနီယာ မင်... စီနီယာမင်က ကျွန်တော်နဲ့ အိမ်ချင်းကပ်ရပ်မှာနေတယ်... ညီအကိုတွေလိုခင်ပေမဲ့ ကျောင်းမှာတော့သိပ်မတွေ့ဖြစ်.... သူကကျွန်တော်နဲ့ခြားနားစွာစံပြကျောင်းသားတယောက်... ညတိုင်းသူ့စာကျက်သံလေးတွေကိုကြားရမှ ကျွန်တော်အိပ်ပျော်နိုင်တယ်...

မကြာခင်ပဲ ဒုတိယနှစ်စီနီယာတွေအတန်းထဲ၀င်လာခဲ့တယ်.... စီနီယာမင်အပါအ၀င်ပေါ့... ကျွန်တော်တို့ကိုဆရာမက ပထမနှစ်တယောက် ဒုတိယနှစ်တယောက်တွဲပီး အဖွဲ့ဖွဲ့ခိုင်းတယ်... ကျွန်တော်ကတော့ စီနီယာမင်နဲ့တဖွဲ့... လက်တွေ့လုပ်ရင်း ကျွန်တော်နားမလည်တာတွေကိုသူရှင်းပြတယ်... ကြည်လင်ပြတ်သားတဲ့သူ့အသံ စာရှင်းကောင်းတဲ့သူ့ကြောင့်ကျွန်တော်စာ‌ေတွနားလည်ခဲ့တယ်.. ပီးတော့လက်တွေ့ခန်းထဲမှာအရောင်တွေနဲ့စမ်းသပ်ရတော့ ကျွန်တော့အတွက် အရမ်းဒုက္ခရောက်ရတယ်... ဒါပေမဲ့သူက အရောင်နဲ့ ပတ်သတ်တဲ့ဟာမှန်သမျှ သူပဲဒိုင်ခံဖြေရှင်းပေးတယ်... စီနီယာမင်ဆိုတာ အခုလို ဘေးနားမှာရှိနေရုံနဲ့တင် လုံခြုံနွေးထွေးတဲ့ ခံစားချက်ကိုပေးစွမ်းနိုင်သူပါ... သူကလည်းကျွန်တော့ဘ၀ရဲ့ အရေးပါတဲ့သူတယောက်ပေါ့...

ကျွန်တော် သတ်မထားမိခဲ့တာက သူ့ဘက်ကနွေးထွေးမှုတွေပေးတာဟာ ကျွန်တော့ကိုညီလေးတယောက်ထက်ပိုတဲ့ နွေးထွေးမှုမျိုးဆိုတာ.....

..............................................…................….

ဒီနေ့ စီနီယာ မင်က basketballကစားတာလာကြည့်ဖို့ပြောထားလို့ ထယ်ယောင်းနဲ့အတူထွက်လာခဲ့တယ်... စီနီယာ မင်က စာတင်တော်တာမဟုတ်ပဲ အားကစားမှာပါတော်တယ်... ရုပ်လေးကလည်းကြည့်ကောင်းတဲ့အပြင် ဖော်လည်းဖော်ရွေတော့ မိန်းကလေးတော်တော်များများ စီနီယာ မင်ကိုသဘောကျကြသည်... ဒါပေမဲ့ စီနီယာ မင်ရုပ်ရည်က အရမ်းချောတာမျိုးမဟုတ်ပဲ ကြည့်ကောင်းတာ အကြည့်ခန့်တာမျိုး.... basketballကွင်းရောက်တာနဲ့ မိန်းကလေးတချို့basketballကွင်းထဲမှာရှိနေတယ်... ဒါအဆန်းမဟုတ်...  ဆန်းသည်က တဖြည်းဖြည်းနှင့်လူတွေပိုအုံလာခြင်းပင်... ပုံမှန်ဆိုရင် ဘယ်သူမှ basketballကွင်းဘက်ကိုယောင်လို့တောင်မလှည့်ပေ... ကစားနေတဲ့စီအကြည့်ပို့လိုက်တော့စီနီယာ အပြင် နောက်ထပ်ကောင်လေးတယောက်က လူ‌ေတွစိတ်၀င်စားမှုကိုခံနေရသည်... ကျွန်တော်ကိုယ်တိုင်လည်းသူ့စီအကြည့်တွေရောက်နေမိတယ်... သူကကျွန်တော့စက်ဘီးလဲတဲ့နေ့ကတယောက်ဆိုတာ သတိထားမိခဲ့တယ်... ထယ်ယောင်းကတောင် 'သူ့ကိုကြွေနေတာလား'လို့မေးသေးတယ်.. ကစားပွဲပီးသွားတော့ စီနီယာမင့် ကိုရေဘူးပေးဖို့အသွား bffကြီးထယ်ယောင်းက 'စီနီယာ့‌မင့်ဘေးကလူကိုပေးဖို့'ဆိုပီး သူ့ရေဘူးကြီးကို လက်ထဲထည့်သွားလေရဲ့... အောင်သွယ်တော်ဖိုးရွှေလမင်းလေးပေါ့... ကျွန်တော်လည်းစီနီယာမင့်ကိုရေဘူးပေးလိုက်တယ်....

'အော်~ ဂျင် မိတ်ဆက်ပေးရဦးမယ်... သူကဒီနေ့မှပြောင်း လာတဲ့ကျောင်းသားသစ်.. ဂျွန်း‌ဂျန်းကုတဲ့ မင်းနဲ့အတန်းတူတူပဲ.. အခန်းပဲကွဲတာ.. ဂျန်းကု သူကငါ့ညီလိုခင်ရတဲ့သူ ဂမ်ဆော့ဂျင်တဲ့..'

'ဟုတ်ကဲ့…..တွေ့ရတာ ၀မ်းသာပါတယ် Kim Seok Jin ssi...'

'ဟုတ်ကဲ့.. ကျွန်တော်လည်း၀မ်းသာပါတယ်.. အော်~ ဒီမှာ ဂျန်းကုသောက်ဖို့...'

ထယ်ယောင်းထည့်ပေးသွားတဲ့ ရေဘူးသူ့ကိုပေးလိုက်တယ်.. သူကယူပီး ချက်ချင်းသောက်လိုက်တယ်... သူကအရမ်းချောလွန်းတယ် ရေသောက်နေတဲ့ပုံလေးကတောင်ချောနေတယ်... ချွေးတွေရွှ‌ဲနေလို့ သူ့ခန္ဓာကိုယ် အချိုးးအစားကိုလည်းအတိုင်းသားမြင်နေရတယ်... သူကနဖူးပေါ်ကချွေးတွေကိုသူတ်လိုက်ရင်း ကျေးဇူးပဲနော် ဆိုတဲ့စကားလေးကို လက်ဆောင်အဖြစ်ပြန်ပေးလေရဲ့...

ဒီလိုနဲ့ကျွန်တော့ဘ၀ထဲကို ဂျွန်းဂျန်းကုနဲ့ မင်ယွန်းဂီဆိုတဲ့ အစိတ်အပိုင်းလေးတွေစတင်၀င်ရောက်လာခဲ့တယ်...

..............................................…................….

(ဆော့ဂျင်ရဲ့ characterပုံစံကိုအကြမ်းဖျင်းရှင်းပြပေးထားပါတယ်... ဆော့ဂျင်ရဲ့ flash backက 1 2 3ဆိုပီးရှိပါတယ်နော်..... ဆော့ဂျင်ရဲ့ flash backမှာ ဆော့ဂျင်ဘက်ကအမြင်နဲ့ ခံစားချက်ကိုပဲရေးမှာပါ... ပီးရင် ယွန်းဂီရဲ့ flash backပါ.... ဂျန်းကုရဲ့ flesh backကတော့သူအတိတ်ကိုပြန်မှတ်မိမှထည့်ပေးမှာပါ...)

Character note

ဆော့ဂျင်က ငယ်ငယ်ကတည်းကအချစ်ကိုငတ်မွတ်နေခဲ့တဲ့သူတယောက်ပါ.. မိဘမဲ့ဂေဟာမှာကြီးပြင်းခဲ့ရတဲ့အပြင် သူ့ရဲ့ အရောင်မမြင်ရတဲ့ချို့ယွင်းချက်ကြောင့်အမြဲအားငယ်နေတတ်သူလေးပါ... နောက်ပိုင်းသူ့အပေါ်အရမ်းကောင်းပေးတဲ့ မင်ယွန်းဂီနဲ့ဂျွန်းဂျန်းကုကို သူအားကိုးလာပါတယ်... သိမ်ငယ်စိတ်တွေလည်းမရှိတော့ပါဘူး... နောက်ပိုင်းဂျန်းကုနဲ့ ချစ်သူတွေဖြစ်သွားပီး ပျော်ရွှင်ခဲ့ရပါတယ်.. ဒါပေမဲ့သူ့ကိုတဖက်သတ်ချစ်နေတဲ့ မင်ယွန်းဂီအပေါ်ခံစားချက်တွေမပြတ်သားနိုင်ခဲ့ပါဘူး.. သူကနှစ်ယောက်လုံးစီကအချစ်ကိုအဆုံးရှုံးမခံနိုင်တာပါ.. ဒါကြောင့်ပဲ ပြဿနာတွေစပီးဖြစ်လာရတာပါ.. တကယ်တော့ဆော့ဂျင်က physicoတယောက်လိုမျိုးပါပဲ...  အချစ်ကိုလိုချင်‌ေနတဲ့သနားစရာ‌ေကာင်လေးတ‌ေယာက်ပေါ့...

..............................................…................….

Zawgyi

Flesh back>>>

Jin side 1

စဆုံေတြ႕ခ်ိန္ေလး........

မနက္ေစာေစာထဖို႔ႏိႈးဆက္ေပးထားေပမဲ့ အဲဒီအက်င့္မေကာင္းတဲ့နာရီစုတ္ေၾကာင့္ေက်ာင္းေနာက္က်ေတာ့မယ္.. ေလွကားေပၚကအျမန္ဆင္းေတာ့ မီးဖိုခန္းထဲမွာ ေတြ႕လိုက္တဲ့ေမေမႀကီး... ေမေမႀကီးဆိုတာကြၽန္ေတာ္ငယ္ငယ္ကေနခဲ့တဲ့ မိဘမဲ့ေဂဟာရဲ႕ ေဂဟာမႉးေဟာင္းပါ.... ကြၽန္ေတာ္အ႐ြယ္ေရာက္လာေတာ့ မိဘမဲ့ေဂဟာကထြက္လာတဲ့အခ်ိန္မွာ ေမေမႀကီးဟာလည္း ပင္စင္ယူပီးျဖစ္လို႔ ကြၽန္ေတာ့ကိုေစာင့္ေ႐ွာက္ရင္းတူတူေနျဖစ္သြားသည္.... မနက္စာလွမ္းစားဖို႔ေျပာတဲ့ေမေမႀကီးကို အလ်င္လိုေနတဲ့အေၾကာင္းေျပာရင္း စီးေတာ္ယာဥ္ျဖစ္တဲ့ စက္ဘီးေလးနဲ႔ေက်ာင္းကိုအေျပးတပိုင္းထြက္လာခဲ့လိုက္တယ္... လမ္းမမွာ ကားေတြဆိုင္ကယ္ေတြကေပါ‌မွေပါ ကြၽန္ေတာ္သတိထားရင္းစီးေနရတယ္.... ဒီေလာက္သတိထားတာေတာင္ ေက်ာင္းေရာက္ခါနီးမွာ ကားတစီးနဲ႔ၿငိသြားတယ္..

*ဘုန္း!!*

'အ!!'

ကြၽန္ေတာ္လည္းမေက်နပ္ျခင္းမ်ားစြာနဲ႔ ေမတၱာပို႔သဖို႔ျပင္လိုက္တယ္... ဒါေပမဲ့ ကားထဲကထြက္လာခဲ့တဲ့သူ႕ေၾကာင့္ေျပာစရာစကားေတြေပ်ာက္႐ွကုန္တယ္...မိုးေပၚကနတ္သားေလးမ်ား ေႂကြဆင္းသလားထင္ရေလာက္ေအာင္ကိုေခ်ာလြန္းလွတဲ့သူ....

'အဆင္ေျပရဲ႕လား..??' ဆိုတဲ့ခ်ိဳၿမိန္ၾသ႐ွတဲ့အသံေလးေၾကာင့္ ကြၽန္ေတာ့ကမ႓ာေလာကႀကီးဟာေခတၱရပ္တန္႔သြာသလိုပဲ.. ကြၽန္ေတာ့ႏွလုံးသားဟာလည္း ျမင္း႐ိုင္းတေကာင္နယ္ ကစုန္ေပါက္ေနလ်က္....

'ငါ့တူအဆင္ေျပရဲ႕လား??' ဆိုတဲ့ေဘးကဦးေလးႀကီးအသံၾကားမွသတိျပန္၀င္လာခဲ့တယ္.. ကြၽန္ေတာ္လည္းအဆင္ေျပေၾကာင္းေျပာပီး အျမန္ထထြက္လာခဲ့တယ္... မဟုတ္ရင္ကြၽန္ေတာ့ႏွလုံးသားေခးဟာခုန္လြန္းလို႔ သူေတာင္ႏွလုံးခုန္သံေတြၾကားသြားမွာစိုးရိမ္ရတယ္...

ဒါေပမဲ့ကြၽန္ေတာ္ သတိမထားမိခဲ့ပါဘူး... သူဟာလည္းကြၽန္ေတာ့ကိုေငးၾကည့္ေနခဲ့တယ္ဆိုတာ... သူဟာလည္းရင္ေတြအရမ္းခုန္ေနခဲ့တယ္ဆိုတာ...

အဲဒီေန႔ေလးက ကြၽန္ေတာ့ဘ၀ရဲ႕အေရးပါတဲ့သူတေယာက္ကိုေခၚေဆာင္လာေပးတဲ့ေန႔.... သူနဲ႔ကြၽန္ေတာ္စတင္စုံေတြ႕တဲ့ေန႔ေလးေပါ့....

..............................................…................….

ကြၽန္ေတာ္‌ေက်ာင္းေရာက္ေတာ့ စာတင္ခ်ိန္တခ်ိန္လြတ္သြားပီေလ... ဒုတိယအခ်ိန္က လက္ေတြ႕အခ်ိန္... အခင္ဆုံးသူငယ္ခ်င္းျဖစ္တဲ့ ထယ္ေယာင္းကေက်ာင္းပ်က္တယ္ ဆိုေတာ့ကြၽန္ေတာ့မွာ partnerမ႐ွိဘူးျဖစ္ေနတယ္... ဒါေပမဲ့ဒီေန႔ထူးထူးဆန္းဆန္း  ဒုတိယႏွစ္စီနီယာေတြနဲ႔တြဲလုပ္ရမယ္ဆိုေတာ့ ေပ်ာ္မိသား.. ဘာလို႔ဆို စီနီယာေတြထဲမွာ ကြၽန္ေတာ္ေတြ႕ခ်င္တဲ့သူတေယာက္လည္းပါမွာေလ။။။ သူကေတာ့ စီနီယာ မင္... စီနီယာမင္က ကြၽန္ေတာ္နဲ႔ အိမ္ခ်င္းကပ္ရပ္မွာေနတယ္... ညီအကိုေတြလိုခင္ေပမဲ့ ေက်ာင္းမွာေတာ့သိပ္မေတြ႕ျဖစ္.... သူကကြၽန္ေတာ္နဲ႔ျခားနားစြာစံျပေက်ာင္းသားတေယာက္... ညတိုင္းသူ႕စာက်က္သံေလးေတြကိုၾကားရမွ ကြၽန္ေတာ္အိပ္ေပ်ာ္ႏိုင္တယ္...

မၾကာခင္ပဲ ဒုတိယႏွစ္စီနီယာေတြအတန္းထဲ၀င္လာခဲ့တယ္.... စီနီယာမင္အပါအ၀င္ေပါ့... ကြၽန္ေတာ္တို႔ကိုဆရာမက ပထမႏွစ္တေယာက္ ဒုတိယႏွစ္တေယာက္တြဲပီး အဖြဲ႕ဖြဲ႕ခိုင္းတယ္... ကြၽန္ေတာ္ကေတာ့ စီနီယာမင္နဲ႔တဖြဲ႕... လက္ေတြ႕လုပ္ရင္း ကြၽန္ေတာ္နားမလည္တာေတြကိုသူ႐ွင္းျပတယ္... ၾကည္လင္ျပတ္သားတဲ့သူ႕အသံ စာ႐ွင္းေကာင္းတဲ့သူ႕ေၾကာင့္ကြၽန္ေတာ္စာ‌ေတြနားလည္ခဲ့တယ္.. ပီးေတာ့လက္ေတြ႕ခန္းထဲမွာအေရာင္ေတြနဲ႔စမ္းသပ္ရေတာ့ ကြၽန္ေတာ့အတြက္ အရမ္းဒုကၡေရာက္ရတယ္... ဒါေပမဲ့သူက အေရာင္နဲ႔ ပတ္သတ္တဲ့ဟာမွန္သမွ် သူပဲဒိုင္ခံေျဖ႐ွင္းေပးတယ္... စီနီယာမင္ဆိုတာ အခုလို ေဘးနားမွာ႐ွိေန႐ုံနဲ႔တင္ လုံျခဳံေႏြးေထြးတဲ့ ခံစားခ်က္ကိုေပးစြမ္းႏိုင္သူပါ... သူကလည္းကြၽန္ေတာ့ဘ၀ရဲ႕ အေရးပါတဲ့သူတေယာက္ေပါ့...

ကြၽန္ေတာ္ သတ္မထားမိခဲ့တာက သူ႕ဘက္ကေႏြးေထြးမႈေတြေပးတာဟာ ကြၽန္ေတာ့ကိုညီေလးတေယာက္ထက္ပိုတဲ့ ေႏြးေထြးမႈမ်ိဳးဆိုတာ.....

..............................................…................….

ဒီေန႔ စီနီယာ မင္က basketballကစားတာလာၾကည့္ဖို႔ေျပာထားလို႔ ထယ္ေယာင္းနဲ႔အတူထြက္လာခဲ့တယ္... စီနီယာ မင္က စာတင္ေတာ္တာမဟုတ္ပဲ အားကစားမွာပါေတာ္တယ္... ႐ုပ္ေလးကလည္းၾကည့္ေကာင္းတဲ့အျပင္ ေဖာ္လည္းေဖာ္ေ႐ြေတာ့ မိန္းကေလးေတာ္ေတာ္မ်ားမ်ား စီနီယာ မင္ကိုသေဘာက်ၾကသည္... ဒါေပမဲ့ စီနီယာ မင္႐ုပ္ရည္က အရမ္းေခ်ာတာမ်ိဳးမဟုတ္ပဲ ၾကည့္ေကာင္းတာ အၾကည့္ခန္႔တာမ်ိဳး.... basketballကြင္းေရာက္တာနဲ႔ မိန္းကေလးတခ်ိဳ႕basketballကြင္းထဲမွာ႐ွိေနတယ္... ဒါအဆန္းမဟုတ္...  ဆန္းသည္က တျဖည္းျဖည္းႏွင့္လူေတြပိုအုံလာျခင္းပင္... ပုံမွန္ဆိုရင္ ဘယ္သူမွ basketballကြင္းဘက္ကိုေယာင္လို႔ေတာင္မလွည့္ေပ... ကစားေနတဲ့စီအၾကည့္ပို႔လိုက္ေတာ့စီနီယာ အျပင္ ေနာက္ထပ္ေကာင္ေလးတေယာက္က လူ‌ေတြစိတ္၀င္စားမႈကိုခံေနရသည္... ကြၽန္ေတာ္ကိုယ္တိုင္လည္းသူ႕စီအၾကည့္ေတြေရာက္ေနမိတယ္... သူကကြၽန္ေတာ့စက္ဘီးလဲတဲ့ေန႔ကတေယာက္ဆိုတာ သတိထားမိခဲ့တယ္... ထယ္ေယာင္းကေတာင္ 'သူ႕ကိုေႂကြေနတာလား'လို႔ေမးေသးတယ္.. ကစားပြဲပီးသြားေတာ့ စီနီယာမင့္ ကိုေရဘူးေပးဖို႔အသြား bffႀကီးထယ္ေယာင္းက 'စီနီယာ့‌မင့္ေဘးကလူကိုေပးဖို႔'ဆိုပီး သူ႕ေရဘူးႀကီးကို လက္ထဲထည့္သြားေလရဲ႕... ေအာင္သြယ္ေတာ္ဖိုးေ႐ႊလမင္းေလးေပါ့... ကြၽန္ေတာ္လည္းစီနီယာမင့္ကိုေရဘူးေပးလိုက္တယ္....

'ေအာ္~ ဂ်င္ မိတ္ဆက္ေပးရဦးမယ္... သူကဒီေန႔မွေျပာင္း လာတဲ့ေက်ာင္းသားသစ္.. ဂြၽန္း‌ဂ်န္းကုတဲ့ မင္းနဲ႔အတန္းတူတူပဲ.. အခန္းပဲကြဲတာ.. ဂ်န္းကု သူကငါ့ညီလိုခင္ရတဲ့သူ ဂမ္ေဆာ့ဂ်င္တဲ့..'

'ဟုတ္ကဲ့…..ေတြ႕ရတာ ၀မ္းသာပါတယ္ Kim Seok Jin ssi...'

'ဟုတ္ကဲ့.. ကြၽန္ေတာ္လည္း၀မ္းသာပါတယ္.. ေအာ္~ ဒီမွာ ဂ်န္းကုေသာက္ဖို႔...'

ထယ္ေယာင္းထည့္ေပးသြားတဲ့ ေရဘူးသူ႕ကိုေပးလိုက္တယ္.. သူကယူပီး ခ်က္ခ်င္းေသာက္လိုက္တယ္... သူကအရမ္းေခ်ာလြန္းတယ္ ေရေသာက္ေနတဲ့ပုံေလးကေတာင္ေခ်ာေနတယ္... ေခြၽးေတြ႐ႊ‌ဲေနလို႔ သူ႕ခႏၶာကိုယ္ အခ်ိဳးးအစားကိုလည္းအတိုင္းသားျမင္ေနရတယ္... သူကနဖူးေပၚကေခြၽးေတြကိုသူတ္လိုက္ရင္း ေက်းဇူးပဲေနာ္ ဆိုတဲ့စကားေလးကို လက္ေဆာင္အျဖစ္ျပန္ေပးေလရဲ႕...

ဒီလိုနဲ႔ကြၽန္ေတာ့ဘ၀ထဲကို ဂြၽန္းဂ်န္းကုနဲ႔ မင္ယြန္းဂီဆိုတဲ့ အစိတ္အပိုင္းေလးေတြစတင္၀င္ေရာက္လာခဲ့တယ္...

..............................................…................….

(ေဆာ့ဂ်င္ရဲ႕ characterပုံစံကိုအၾကမ္းဖ်င္း႐ွင္းျပေပးထားပါတယ္... ေဆာ့ဂ်င္ရဲ႕ flash backက 1 2 3ဆိုပီး႐ွိပါတယ္ေနာ္..... ေဆာ့ဂ်င္ရဲ႕ flash backမွာ ေဆာ့ဂ်င္ဘက္ကအျမင္နဲ႔ ခံစားခ်က္ကိုပဲေရးမွာပါ... ပီးရင္ ယြန္းဂီရဲ႕ flash backပါ.... ဂ်န္းကုရဲ႕ flesh backကေတာ့သူအတိတ္ကိုျပန္မွတ္မိမွထည့္ေပးမွာပါ...)

Character note

ေဆာ့ဂ်င္က ငယ္ငယ္ကတည္းကအခ်စ္ကိုငတ္မြတ္ေနခဲ့တဲ့သူတေယာက္ပါ.. မိဘမဲ့ေဂဟာမွာႀကီးျပင္းခဲ့ရတဲ့အျပင္ သူ႕ရဲ႕ အေရာင္မျမင္ရတဲ့ခ်ိဳ႕ယြင္းခ်က္ေၾကာင့္အၿမဲအားငယ္ေနတတ္သူေလးပါ... ေနာက္ပိုင္းသူ႕အေပၚအရမ္းေကာင္းေပးတဲ့ မင္ယြန္းဂီနဲ႔ဂြၽန္းဂ်န္းကုကို သူအားကိုးလာပါတယ္... သိမ္ငယ္စိတ္ေတြလည္းမ႐ွိေတာ့ပါဘူး... ေနာက္ပိုင္းဂ်န္းကုနဲ႔ ခ်စ္သူေတြျဖစ္သြားပီး ေပ်ာ္႐ႊင္ခဲ့ရပါတယ္.. ဒါေပမဲ့သူ႕ကိုတဖက္သတ္ခ်စ္ေနတဲ့ မင္ယြန္းဂီအေပၚခံစားခ်က္ေတြမျပတ္သားႏိုင္ခဲ့ပါဘူး.. သူကႏွစ္ေယာက္လုံးစီကအခ်စ္ကိုအဆုံး႐ႈံးမခံႏိုင္တာပါ.. ဒါေၾကာင့္ပဲ ျပႆနာေတြစပီးျဖစ္လာရတာပါ.. တကယ္ေတာ့ေဆာ့ဂ်င္က physicoတေယာက္လိုမ်ိဳးပါပဲ...  အခ်စ္ကိုလိုခ်င္‌ေနတဲ့သနားစရာ‌ေကာင္ေလးတ‌ေယာက္ေပါ့...

..............................................…................….