Chapter 12: part 11( Unicode +Zawgyi)

💜parts of my love💜jinkook (Complete)Words: 12552

Unicode

Flesh back>>>

Yoongi pov

ကျွန်တော်လေ ဂျင့်ကိုချစ်နေတာနှစ်တွေအများကြီးကြာပါပီ... သူ့ကိုငေးကြည့်နေရုံလေးနဲ့တင်ကျွန်တော်ကြည်နူးရပါတယ်.. ကျွန်တော်ဖွင့်ပြောဖို့ကြိုးစားတိုင်းမှာ စိုးရိမ်နေခဲ့မိတယ်... ညီအကိုသံယောဇဉ်လေးပျက်စီးသွားမှာကို.... ဒါကြောင့်သူ့ဘေးနားမှာအရိပ်လေးလိုလိုက်စောင့်ရှောက်ပေးခဲ့တယ်.. ကျွန်တော်အလေးထားတဲ့သူတွေသိပ်မရှိပါဘူး.. ဒါပေမဲ့တရက်မှာ ကျွန်တော်နဲ့ဂျင့်ရဲ့ဘ၀ထဲကို ဂျန်းကုဆိုတဲ့ကောင်လေးရောက်လာခဲ့တယ်.. ချောမောတဲ့ရုပ်ရုပ်ရှိတဲ့အပြင်ချစ်စရာကောင်းတဲ့သူ့ကိုတကယ့်ညီအရင်းလေးတယောက်လိုချစ်ခဲ့ရပါတယ်... ဒီလိုနဲ့ကျွန်တော်တို့သုံးယောက်ပူးတွဲပူးတွဲဖြစ်လာကြတယ်... သိပ်မကြာပါဘူး.. ဂျန်းကုနဲ့ဆော့ဂျင်ချစ်သူတွေဖြစ်သွားပီတဲ့.. ကျွန်တော့ရင်တွေကွဲကြေသွားသလိုခံစားရပေမဲ့ နေသာပါတယ်... ကျွန်တော့အတွက်အရေးပါဆုံးသူနှစ်ယောက်ပျော်နေတယ်မဟုတ်လား..?? ကျွန်တော် နေ့စဉ်ရေးနေကြဒိုင်ယာရီစာအုပ်လေးထဲမှာ ကျွန်တော့ခံစားချက်တွေကိုချရေးဖြစ်တယ်.. အဲဒီနောက်ပိုင်းကျွန်တော့ခံစားချက်တွေကိုသူတို့မရိပ်မိအောင်သူတို့ကိုကျွန်တော်ရ‌ေရှာင်နေခဲ့တယ်... ဒါပေမဲ့ဂျင်ကကျွန်တော်ကိုလိုတာထက်ပိုပီးဂရုစိုက်ပေးလာတယ်.. တရက် ကျွန်တော်ဂျင်နေမကောင်းလို့ပြုစုပေးရင်း အိပ်ပျော်နေတဲ့ဂျင့်ဘေးမှာ ခနဖက်ရင်းလှဲလိုက်တယ်.. တံခါးဘက်ကအသံကြားလို့ထကြည့်လိုက်တော့ ဘယ်သူမှမရှိခဲ့ဘူး...

မထင်မှတ်ထားတဲ့ကိစ္စတခုဖြစ်လာခဲ့တယ်... အဲတာကဂျန်းကုနဲ့ဂျင်လမ်းခွဲလိုက်ကြတာပါပဲ... ကျွန်တော်ဂျင့်ကိုချစ်မိခဲ့ပေမဲ့သူတို့နှစ်ယောက်ကွဲသွားဖို့ဘယ်တုန်းကမှမစဉ်းစားခဲ့ပါဘူး..  သူတို့နှစ်ယောက်လုံးနာကျင်ခံစားရမယ်ဆိုတာကျွန်တော်သိပါတယ်.. အဲဒီနေ့မိုးရေထဲကဂျင့်ကိုကျွန်တော် ထီးလေးမိုးပေးလိုက်တယ်.. ဂျင်ကကျွန်တော့ကိုအားကိုးတကြီးဖက်တွယ်လာခဲ့တယ်... ကျွန်တော်လည်း ဂျင့်ကိုနှစ်သိမ့်ပေးရင်းမိုးရေထဲကခေါ်ခဲ့ရတယ်.. နောက်တော့ ဂျန်းကုကားတိုက်တယ်ဆိုတဲ့သတင်းနဲ့အတူ ဆေးကုဖို့သွားတယ်ဆိုတာကလွဲရင်ဘာသတင်မှမကြားရတော့ပါဘူး..

ကျွန်တော့ကြောင့်ဖြစ်ရတာပါ.. ကျွန်တော်သာသူတို့ကြားမ၀င်ခဲ့ရင်ဒီလိုဖြစ်မှာမဟုတ်ဘူး... ကျွန်တော့ကိုကျွန်တော်အပြစ်တင်စိတ်တွေနဲ့ ဂျင်နဲ့ဝေးရာကိုထွက်ပြေးခဲ့တယ်... ဂျင့်ဘေးမှာဆက်နေဖို့ကျွန်တော်လိပ်ပြာမလုံတော့ပါဘူး... ဒါကြောင့်ကျွန်တော်နိုင်ငံခြားကိုထွက်လာခဲ့တယ်.. အစကတော့ ကိုရီးယားကိုပြန်မလာတော့ဘူးဆုံးဖြတ်ခဲ့ပေမဲ့ ဂျင့်ကိုစိတ်မချနိုင်ခဲ့ပါဘူး.. ဒါကြောင့်လဲ အခုလိုကိုရီးယားမြေပေါ်ခြေပြန်ချရတော့တာပါ...

'

မင်းက ကိုယ့်အတွက်အမြဲစဉ်းစားပေးတယ် ဒါပေမဲ့ကိုယ့်ဘက်ကမင်းကိုပေးနိုင်တာ စိတ်မချမ်းမြေ့မှုတွေပဲရှိတယ် ငါတောင်းပန်ပါတယ် မင်းကို ချစ်မိသွားတဲ့အတွက်'

Min yoongi

📌သာသာတောင်းပန်ပါတယ် တိုသွားလို့တော်တော်မအားလို့ပါနော် တကယ်တောင်းပန်ပါတယ်📌

......................................................

Zawgyi

Flesh back>>>

Yoongi pov

ကျွန်တော်လေ ဂျင့်ကိုချစ်နေတာနှစ်တွေအများကြီးကြာပါပီ... သူ့ကိုငေးကြည့်နေရုံလေးနဲ့တင်ကျွန်တော်ကြည်နူးရပါတယ်.. ကျွန်တော်ဖွင့်ပြောဖို့ကြိုးစားတိုင်းမှာ စိုးရိမ်နေခဲ့မိတယ်... ညီအကိုသံယောဇဉ်လေးပျက်စီးသွားမှာကို.... ဒါကြောင့်သူ့ဘေးနားမှာအရိပ်လေးလိုလိုက်စောင့်ရှောက်ပေးခဲ့တယ်.. ကျွန်တော်အလေးထားတဲ့သူတွေသိပ်မရှိပါဘူး.. ဒါပေမဲ့တရက်မှာ ကျွန်တော်နဲ့ဂျင့်ရဲ့ဘ၀ထဲကို ဂျန်းကုဆိုတဲ့ကောင်လေးရောက်လာခဲ့တယ်.. ချောမောတဲ့ရုပ်ရုပ်ရှိတဲ့အပြင်ချစ်စရာကောင်းတဲ့သူ့ကိုတကယ့်ညီအရင်းလေးတယောက်လိုချစ်ခဲ့ရပါတယ်... ဒီလိုနဲ့ကျွန်တော်တို့သုံးယောက်ပူးတွဲပူးတွဲဖြစ်လာကြတယ်... သိပ်မကြာပါဘူး.. ဂျန်းကုနဲ့ဆော့ဂျင်ချစ်သူတွေဖြစ်သွားပီတဲ့.. ကျွန်တော့ရင်တွေကွဲကြေသွားသလိုခံစားရပေမဲ့ နေသာပါတယ်... ကျွန်တော့အတွက်အရေးပါဆုံးသူနှစ်ယောက်ပျော်နေတယ်မဟုတ်လား..?? ကျွန်တော် နေ့စဉ်ရေးနေကြဒိုင်ယာရီစာအုပ်လေးထဲမှာ ကျွန်တော့ခံစားချက်တွေကိုချရေးဖြစ်တယ်.. အဲဒီနောက်ပိုင်းကျွန်တော့ခံစားချက်တွေကိုသူတို့မရိပ်မိအောင်သူတို့ကိုကျွန်တော်ရ‌ရှောင်နေခဲ့တယ်... ဒါပေမဲ့ဂျင်ကကျွန်တော်ကိုလိုတာထက်ပိုပီးဂရုစိုက်ပေးလာတယ်.. တရက် ကျွန်တော်ဂျင်နေမကောင်းလို့ပြုစုပေးရင်း အိပ်ပျော်နေတဲ့ဂျင့်ဘေးမှာ ခနဖက်ရင်းလှဲလိုက်တယ်.. တံခါးဘက်ကအသံကြားလို့ထကြည့်လိုက်တော့ ဘယ်သူမှမရှိခဲ့ဘူး...




Min yoongi