Chapter 13: part 12 (Unicode +Zawgyi)

💜parts of my love💜jinkook (Complete)Words: 22236

Unicode

ယခုလက်ရှိအချိန်မှာတော့.....

"ကျွန်တော့နာမည်ကိုဘလိုသိတာလဲ..??"

ဂျန်းကုရဲ့အမေးနဲ့အတူတိတ်ဆိတခြင်းဟာသူတို့စီရောက်လာခဲ့တယ်....

Yoongi pov

သူတကယ်ဘာမှမမှတ်မိဘူးလား..??

Jungkook pov

သူကဘယ်သူလဲ?? ဆော့ဂျင်နဲ့ဘလိုပတ်သတ်တာလဲ.. ဘာလို့သူတို့နှစ်ယောက်ကိုမြင်တော့ ငါဒေါသထွက်နေသလိုခံစားနေရတာလဲ..

Jin pov

ငါဘလိုလုပ်ရမလဲ..?? ဒီအခြေအနေကိုဘလိုဖြေရှင်းရမလဲ??

"သူက ဟိုဆော့နဲ့သိတယ်လေ..."

တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်တဲ့အသံပိုင်ရှင်ကတော့ ဆော့ဂျင်..

"ဟိုဆော့နဲ့ ကျွန်တော်နဲ့က ဂျန်းကုအကြောင်းတွေ မင့်ကိုပြေပြဖူးတယ်.. ဒါကြောင့်သူကမှတ်မိတာနေမှာ..."

ဂျန်းကုစိတ်ထဲသိပ်ဘ၀င်မကျချင်...

Jk pov

အကယ်၍ဟိုဆော့နဲ့ဆော့ဂျင်ပြောလို့ကျွန်‌ေတာ့နာမည်ကိုသိသည်ဆိုရင် ဘာလို့ကျွန်‌ေတာ့ကိုတွေ့တာနဲ့တန်းပီး ဂျန်းကုဆိုတဲ့နာမည်ကိုတန်းပီးပြောနိုင်ရတာလဲ...ပီးတော့သူ့ကြည့်ရတာ ကိုယ်နဲ့ရင်းနှီးတဲ့သူတယောက်ကိုသေချာသိလို့ခေါ်တဲ့ ပုံစံမျိုး...

#ဂျန်းကု လာသွားမယ်လေ.. ဆော့ဂျင်စောင့်နေရလိမ့်မယ် မြန်မြန်လာ..#

ဂျန်းကုရဲ့ခေါင်းတွေရုတ်တရက်မူးဝေလာခဲ့ပြန်တယ်... ပီးတော့နားထဲမှာအသံတခုကိုလည်းကြားနေရတယ်...

"ဂျန်းကု.. အဆင်ပြေရဲ့လား?? နေမကောင်းဖူးထင်တယ်.."

ဆော့ဂျင်ပြောမှဂျန်းကုသတိပြန်ကပ်ခဲ့သည်.. ဂျန်းကုနဖူးမှာလည်းချွေးတွေအများကြီးထွက်နေပီး နှုတ်ခမ်းတွေဟာလည်းဖြူဆုတ်နေလေပီ...

"ဟုတ်ကဲ့... ဒါဆို ကျွန်... ကျွန်တော်ပြန်လိုက်ဦးမယ်..."

"ကျွန်တော်တို့ ပန်းချီကားကူသယ်ပေးမယ်လေ...."

"ရပါတယ်.. ပန်းချီကားကသိပ်မှမကြီးတာ.."

ဟုတ်ပါသည်... ဟိုဆော့ယူခိုင်းသည့်ပန်းချီကားက နံရံတွေမှာချိတ်တဲ့ အနေတော်ပန်းချီကားလောက်ပါပဲ... ဒါပေမဲ့အဲဒီပန်းချီကားလေးထဲမှာ ကောင်လေးနှစ်ယောက်လမ်းခွဲတဲ့ပုံကိုရေးဆွဲထားတာပါ.... တကယ်တော့အဲဒီကောင်လေးနှစ်ယောက်ကတခြားသူတွေမဟုတ် ဂျွန်းဂျန်းကုနှင့် ကမ်ဆော့ဂျင် ဟူသောသူတို့နှစ်ဦးပင်ဖြစ်သည်... အဲဒီပန်းချီကားလေးထဲက ကောင်လေးတယောက်က မိုးရေထဲမှာငိုကြွေးနေပီး.. နောက်ကောင်လေးတယောက်ကတော့ သွေးတွေပေကျံနေသည်... ဆော့ဂျင်ယခုပန်းချီကားလေးကိုရောင်းဖို့ဆွဲခဲ့သည် မဟုတ်...  အခုတောင်ဟိုဆော့က သူ့ပန်းချီပြခန်းမှာတင်ထားချင်လို့ပါဟုတောင်းဆိုလာသောကြောင့်သာပေးလိုက်ခြင်းဖြစ်သည်.. ဆော့ဂျင် ပန်းချီကားလေးကိုဂျန်းကု မတွေ့စေရန် အဖြူရောင်စက္ကူလေးနဲ့ပတ်ပီးပေးလိုက်သည်...

......................................................................

ဂျန်းကု ဆော့အိမ်မှထွက်လာပီး လမ်းထိပ်ကိုထွက်လာခဲ့သည်.. ဆော့ဂျင်တို့လမ်းသည် ကျဉ်းလွန်းသဖြင့်ဂျန်းကုကားကိုလမ်းထိပ်တွင်သာရပ်ခဲ့ခြင်းဖြစ်သည်... ဂျန်ကုအဖြူတွေနဲ့အုပ်ထားတဲ့ပန်းချီကားလေးကိုကြည့်ချင်ပေမဲ့မိမိနှင့်မဆိုင်သည့်ကိစ္စမို့ ခွင့်ပြုချက်မရှိပဲမကြည့်ချင်ပေ..

လမ်းဘက်ကစကိတ်စီးရင်းထွက်လာသည့်ကောင်လေးတယောက်နှင့် ဂျန်းကုမတေည်တဆတိုက်မိပီး ပန်းချီကားလေး လမ်းမပေါ်ကိုလွှတ်ကျသွားသည်...

"အာ... တောင်းပန်ပါတယ် ခဗျ"

"ရပါတယ်.."

ဂျန်းကုလ်ညး ပန်းချီးကားလေးကိုအမြန်ယူပီး တခုခုဖြစ်သွားလား စစ်ဆေးကြည့်လိုက်ဖို့ အဖြူရောင်စက္ကူလေတွေကိုဖယ်လိုက်တော့ မြင်လိုက်ရတဲ့ပန်းချီကားလေး.. အဲဒီပန်းချီကားလေးကိုကြည့်ရင်းဂျန်းကု မျက်ရည်တွေဝဲလာသည်.. နှလုံးသာကနာကျင်လာသည်.. မှတ်ဉာဏ်တချို့နှင့်ပုံရိပ်တချို့ဟာလည်း ဂျန်းကုခေါင်းထဲကိုရောက်ရှိလာသည်..

#"မင်းမဖြေနိုင်ဘူးမလား?? ငါ့ရဲ့ဘ၀မှာမင်းတယောက်တည်းရှိသလို.. မင်းရဲ့ဘ၀မှာလည်းငါတယောက်တည်းရှိတာ လိုချင်တာ.. အဲ့လောက်တောင်ငါမှားနေလား..?? ဖြေလေ!!"

"ငါ...."

"တော်ပီ.. Kim Seok Jin !!မင်းကိုချစ်လွန်းလို့မျက်စိစုံမှိတ်ပီး.. မင်းဘာလုပ်လုပ်မသိချင်ယောင်ဆောင်ပေးခဲ့တယ်.. ဒါပေမဲ့အခုတော့ငါအရမ်းပင်ပန်းနေပီ.. ငါတို့တွေ လမ်းခွဲရအောင်.."

"Koo!!"

"မင်းငါ့ကို Kooလို့ခေါ်စရာမလိုတော့ဘူး.. ဒီနေ့ပီးရင်မင်းကငါနဲ့မသက်ဆိုင်တော့တဲ့သူပဲ.."#

ကောင်လေးနှစ်ယောက်ရန်ဖြစ်နေတဲ့ပုံရိပ်တွေဟာ ဂျန်းကုခေါင်းထဲကိုရောက်ရှိလာတယ်.. ဂျန်းကုအခုထိလမ်းမပေါ်ကမထမိပေ..

ခဏအကြာ...

*တီ... တီ!!*

ကားဟွန်းတီးသံနဲ့အတူ အလင်းတန်းတခု ဂျန်းကုခန္ဓာကိုယ်ပေါ်ကိုကျရောက်လာခဲ့တယ်.. ဂျန်းကုအခုထိမထမိသေး ကားဟာနီးသထက်နီးလာတဲ့အချိန်မှာ ဂျန်းကုမျက်လုံတွေကိုမှိတ်ချလိုက်မိသည်... မျက်လုံးထဲ၀င်လာတဲ့ပုံရိပ်တွေက..

#Jinnie ကိုယ်အရမ်းချစ်တယ်#

#Jinnieလည်း kooကိုအရမ်းချစ်တယ်#

ဒီတခါတော့ ဂျန်းကုမျက်လုံးထဲမှာ ကောင်လေးနှစ်ယောက်ရဲ့မျက်နှာဟာတိကျစွာပေါ်နေခဲ့ပါတယ်..

"Koo!!"

အသံလာရာကိုဂျန်းကုမျက်လုံးဖွင့်ပီးကြည့်မိလိုက်တော့ လမ်းမတချက်မှာ ရပ်နေတဲ့ဆော့ဂျင်.. သူ့မျက်လုံးတွေထဲမှာစိုးရိမ်မှုအပြည့်ပင်...

*ဒုန်း!!💢*

တိုက်မသံနဲ့အတူ ဂျန်းကုရဲ့ခန္ဓာကိုယ်ဟာ လွင့်ထွက်သွားခဲ့တယ်...

........................................................................

ထိုနေ့က လမ်းပေါ်မှာ ကောင်လေးတယောက်ဟာ ထိတ်လန့်နေသလို.. အခြားကောင်လေးတယောက်ဟာလည်း ကားရှေ့သွေးအိုင်ထဲတွင်လဲလျက်..

.........….............................…...........................

📌‌တိုသွားရင်တောင်းပန်ပါတယ်နော်😘 မနက်ဖြန်လည်းမupပေးနိုင်သေးပါဘူး စာမေးပွဲရှိလို့ပါ ဒီfic‌ေလးကနောက်အပတ်ဆိုရင်ပီးမှာပါ😘 See or Heကတော့သာသာလည်းသိသေးဘူး🤔😁😁📌

........................................................................

Z

awgyi

Unicode




Yoongi pov


Jungkook pov


Jin pov






Jk pov

အကယ်၍ဟိုဆော့နဲ့ဆော့ဂျင်ပြောလို့ကျွန်‌တော့နာမည်ကိုသိသည်ဆိုရင် ဘာလို့ကျွန်‌တော့ကိုတွေ့တာနဲ့တန်းပီး ဂျန်းကုဆိုတဲ့နာမည်ကိုတန်းပီးပြောနိုင်ရတာလဲ...ပီးတော့သူ့ကြည့်ရတာ ကိုယ်နဲ့ရင်းနှီးတဲ့သူတယောက်ကိုသေချာသိလို့ခေါ်တဲ့ ပုံစံမျိုး...









......................................................................



"အာ... တောင်းပန်ပါတယ် ခဗျ"

"ရပါတယ်.."



"ငါ...."


"Koo!!"



ခဏအကြာ...

*တီ... တီ!!*




ဒီတခါတော့ ဂျန်းကုမျက်လုံးထဲမှာ လေးနှစ်ယောက်ရဲ့မျက်နှာဟာတိကျစွာပေါ်နေခဲ့ပါတယ်..

"Koo!!"


*ဒုန်း!!💢*


........................................................................


.........….............................…...........................

📌‌တိုသွားရင်တောင်းပန်ပါတယ်နော်😘 မနက်ဖြန်လည်းမupပေးနိုင်သေးပါဘူး စာမေးပွဲရှိလို့ပါ ဒီfic‌လေးကနောက်အပတ်ဆိုရင်ပီးမှာပါ😘 See or Heကတော့သာသာလည်းသိသေးဘူး🤔😁😁📌

........................................................................