Chapter 15: part 13 ( Unicode +Zawgyi)

💜parts of my love💜jinkook (Complete)Words: 29391

Unicode

*ဒုန်း!!*

ကားတိုက်သံနှင့်အတူ ကောင်လေးတယောက်ဟာ သွေးအိုင်ထဲတွင်လဲကျသွားခဲ့သည်... အခြားကောင်လေးတယောက်ဟာလည်း လမ်းမထက်တွင်ပြိုလဲနေခဲ့သည်...

"Jinnie!!!"

........................................................................

ဆော့ဂျင်တယောက်ဂျန်းကုကိုစိတ်မချလို့နောက်ကလိုက်လာမိသည်... ဆော့ဂျင်တွေ့လိုက်ရသည်က ပန်းချီကားလေးကိုကြည့်ရင်း ဂျန်းကုမျက်ရည်ဝဲနေသည်... ပီးတော့ ကားဟွန်းတီးသံတစ်ခုနဲ့ ကားတစ်စီးဟာ ဂျန်းကုရှေ့ကိုတန်းတန်းမတ်မတ်ကြီးရောက်လာခဲ့တယ်..

"Koo!!!"

နာမည်ကိုအော်ခေါ်လိုက်တော့ လှည့်ကြည့်လာတဲ့မျက်၀န်းတစုံက ၀မ်းနည်းမှုတွေကိုဖော်ကြူးနေလေသည်...

Jin pov

ဟင့်အင်.. မဖြစ်ရဘူး... kooဘာမှမဖြစ်ရဘူး...

ဆော့ဂျင် လေအလျင်ကဲ့သိုအပြေးသွားရင်း ဂျန်းကုရဲ့ပုခုံးကိုတွန်းကာအဝေးသိုပို့လိုက်ပီးနောက် ခန္ဓာကိုယ်ပေါ်ကျရောက်လာတဲ့ ကားမီးရောင်နဲ့အတူ ဆော့ဂျင်ရဲ့ ခန္ဓာကိုယ်ဟာ လမ်းမထက်သိုကျရောက်ခဲ့လေသည်...  ဆော့ဂျင်ခန္ဓာကိုယ်တစ်ခုလုံးကနာကျင်မှုအပြည့်ပင် မျက်လုံးတွေဟာလည်းဖွင့်မရလောက်အောင်လေးလံနေသည်.. ဒါပေမဲ့ စိတ်ထဲ၀င်ရောက်လာတဲ့ ချစ်ရသူရဲ့ပုံရိပ်လေး...

Jin pov

ကမ်ဆော့ဂျင် မင်းသေလို့မဖြစ်သေးဘူး... မင်းkooကိုပြောစရာတွေအများကြီးရှိသေးတယ်... မင်းသေလို့မဖြစ်သေးဘူး...

အားတင်းပီးဖွင့်လိုက်တဲ့မျက်၀န်းတစုံနဲ့အတူ မြင်တွေ့လိုက်ရတဲ့ထိုလူသား.... သူ့ရဲ့မျက်၀န်းတွေကနေ၀မ်းနည်းမှုကိုအတိုင်းသားမြင်တွေ့နေရသည်... ဒီလောက်ဆိုရင်ရပီလေ... ကမ်ဆော့ဂျင်ဆိုသောသူတယောက်အတွက် ဂျွန်းဂျန်းကုရင်ထဲမှာ ဒီလောက်ပဲနေရာရှိရင်တောင်ရနေပီ ... ဆော့ဂျင်အားယူရင်း ဂျန်းကုနာမည်လေးကိုခေါ်လိုက်မိသည်..

"K~o~o~"

........................................................................

Flesh back>>

Jungkook pov

ကျွန်တော်ဒီနေ့ကျောင်းကိုအလာကောင်လေးတယောက်နဲ့ဆုံခဲ့တယ်... အရမ်းချစ်စရာကောင်းပီးအရမ်းလှတဲ့ကောင်လေး.. သူ့ရဲ့စက်ဘီးလေးနဲ့ ကျွန်တော့ကားနဲ့မတော်တဆ တိုက်မိသွားတာလေ.. အဆင်ပြေကြောင်းပြောနေတဲ့ သူ့ရဲ့နှုတ်ခမ်းလေးတွေက အရမ်းကိုလှလွန်းလို့ကျွန်တော်တမေ့တမောငေးကြည့်နေမိတယ်.. ကျွန်တော်အဲဒီနေ့တနေ့လုံးလုံး၀အဆင်မပြေဘူးဗျာ... ခေါင်းထဲကိုသူ့‌အကြောင်းတွေခနခနရောက်လာတယ်.. ဒီလိုနဲ့ကျွန်တော်တကယ်ရူးရတော့မယ်ထင်တယ်...

ကံကြမ္မာကကျွန်တော့ကိုရူးခွင့်မပေးခဲ့ပါဘူး... ကျွန်တော်ကျောင်းမှာ မင်ယွန်းဂီဆိုတဲ့စီနီယာတယောက်နဲ့တော်တော်ခင်မင်လာခဲ့တယ်... သူ့ရဲ့ကျေးဇူးကြောင့်ပဲကျွန်တော်တွေ့ချင်တဲ့သူနဲ့ပြန်ဆုံခဲ့ရတယ်... အဲဒီနေ့တုန်းက ကျွန်တော်ရယ် စီနီယာရယ် တခြားသူတွေနဲ့အတူbasketballကစားနေခဲ့တာ... ပွဲပီးသွားတော့ စီနီယာကကျွန်တော့ကိုသူ့အသိတယောက်နဲ့မိတ်ဆက်ပေးတယ်... ကျွန်တော်မထင်ခဲ့မိဘူးဗျာ ကျွန်တော်တွေ့ချင်နေခဲ့ရတဲ့သူက စီနီယာ့ရဲ့ညီလေးလိုခင်ရတဲ့သူဆိုတာ... ကျွန်တော်မှတ်မိသေးတယ်သူကျွန်တော့ကိုပြန်တွေ့တော့ လက်တွေတုန်နေပီး သူ့လက်ထဲကရေဘူးလေး ကျွန်တော့ကိုပေးလာတယ်လေ... ကျွန်တော်သောက်ဖူးသမျှရေထဲမှာ သူတိုက်တဲ့ရေကအရသာအရှိဆုံးပဲဗျာ... ဒီလိုနဲ့ပဲ ကျွန်တော်တို့သုံးယောက်တပူးပူးတတွဲတွဲဖြစ်လာကြတယ်... မကြာပါဘူး ကျွန်တော့ရဲ့ခံစားချက်တွေကိုသူသိအောင်ဖွင့်ပြောခဲ့တယ်... အဲဒီနေ့တုန်းကကျွန်တော်သူ့ကို tiger flowerလေးနဲ့ချစ်ခွင့်ပန်ခဲ့တာလေ... tiger flowerရဲ့ အဓိပ္ပာယ်က please give me loveတဲ့.. ကျွန်တော်အရမ်းသဘောကျရတဲ့ပန်းလေးပေါ့.. ထင်မထားဘူးအဲဒီပန်းလေဟာသူ့အတွက်လည်းသဘောကျရတဲ့ပန်းလေးဖြစ်နေလိမ့်မယ်ဆိုတာ... သူကတော့ ခေါင်းလေးငုံ့ပီးရှက်ပြုံးလေးနဲ့ ချက်ချင်းပဲအဖြေပြန်ပေးပါတယ်...

#Jinnieလည်းkooကိုချစ်တယ်#

အဲဒီနေ့ကကျွန်တော်ဟာ ကမ္ဘာကိုအပိုင်စားရသလိုပျော်ရွှင်မှုမျိုးကိုရရှိခဲ့တယ်.. ဒါပေမဲ့အဲဒီပျော်ရွှင်မှုလေးဟာကြာရှည်မခံခဲ့ပါဘူး.. ကျွန်တော်တို့တွဲပီးနောက်ပိုင်းစီနီယာကကျွန်တော်တို့ကိုသိသိသာသာရှောင်လာတယ်.. ဒါကလည်းသိပ်မကြာလိုက်ပါဦး.. နောက်ပိုင်းတော့ Jinnieက စီနီယာကိုလိုတာထပ်ပိုပီးဂရုစိုက်လာတယ်.. အမြဲတမ်းစီနီယာဘေးမှာပဲ ရောက်နေတတ်တယ်.. ပတ်၀န်းကျင်ကမနာလိုသူများကလည်းသူတို့ကိုစောင်းမြောင်းပြောဆိုလာကြတယ်.. ဒါပေမဲ့ကျွန်တော် သူ့ကိုရော စီနီယာ့ကိုရောယုံတယ်... ဒါကြောင့်လဲသူ့စီကအဖြေကိုသိရအောင်ခနခနမေးခဲ့တယ်.. ဒါပေမဲ့ဘယ်တုန်းကမှအဖြေအတိအကျမရခဲ့ဘူး...

#မင်းတို့နှစ်ယောက်လုံးက ငါ့အတွက်အရေးပါတဲ့သူတွေပဲ.... ဘယ်သူ့ကိုပိုချစ်လဲလို့‌ေမးတာ.... ဘယ်သူ့ကိုဆုံးရှုံးခံနိုင်လဲလို့မေးတာတွေအတွက်..ငါ့မှာအဖြေမရှိဘူး.... ငါ့ရဲ့မျက်လုံးနှစ်ဖက်လိုပဲ... ဘယ်မျက်လုံးကိုမှအဆုံးအရှုံးမခံနိုင်ဘူး.... ငါ့ရဲ့မျက်လုံးတလုံး‌ဆုံးရှုံးသွားရင်... ငါ့ဘ၀က မပြည့်စုံသလို... မင်းတို့ထဲက တယောက်မရှိတော့ရင်.. ငါ့ရဲ့အချစ်ကလည်းပြည့်စုံမှာမဟုတ်ဘူး...#

သူသာအကယ်၍ကျွန်တော့ကိုပိုချစ်တယ်လို့ဖြေခဲ့ရင် တလောကလုံးကကဲ့ရဲ့နေပစေကျွန်တော်သူ့ဘေးကနေရပ်တည်ပေးမိမှာ.. ဒါပေမဲ့အခုတော့သူကမပြတ်သားတဲ့အဖြေတွေပဲအမြဲပေးလာခဲ့တယ်... ဒီလိုနဲ့ကျွန်တော်တို့ကြားမှာ ခနခနကတောက်ကစဖြစ်လာတယ် ကျွန်တောတို့တစ်နှစ်ပြညန့တဲ့နေမှာ ကျွန်တော်ကိုယ်တိုင်ဆွဲထားတဲ့tiger flowerပန်းချီကားလေးကိုလက်ဆောင်ပေးခဲ့တယ်...

#Jinnieလေးကဘာလို့ ဒီပန်းကိုကြိုက်တာလဲ??#

#ဟင်.. ပန်းရဲ့အဓိပ္ပာယ်ကိုကြိုက်လို့.. ပီးတော့အဲ့ဒီပန်းကငါနဲ့တူတယ်မလား?? အချစ်ကိုလိုချင်နေတာလေ..#

#Jinnie သိလား?? tiger flowerကလေ.. ကိုယ့်ရဲ့ birth flowerလေ..#

#ဟုတ်လား??*

#အင်း!! ကိုယ်လည်းအဲဒီပန်းလေးကိုကြိုက်တယ်.. အဲဒါကြောင့် Jinnieကိုဖွင့်ပြောတုန်းက အဲဒီပန်းလေးပေးခဲ့တာပေါ့..#

#Jinnie ဒီပန်းလေးကိုပိုကြိုက်သွားပီ..

#ကိုယ် ဒီပန်းလေးပုံဆွဲပေးမယ်..

ယူမလား??#

#အင်း!! ယူမယ်..#

ဒါပေမဲ့တနေ့တော့.. သူနဲ့ကျွန်တော်အပြင်လျှောက်သွားဖို့ချိန်းထားတဲ့နေ့ကပေါ့..

ကျွန်တော်သူ့အိမ်ရှေ့ရောက်တော့ အလွတ်ရထားတဲ့passwordလေးကိုရိုက်ပီးဖွင့်လိုက်တယ်... အိပ်ခန်းထဲမှာမြင်လိုက်ရတဲ့မြင်ကွင်းက ကျွန်တော့တကိုယ်လုံးကသွေးတွေပြောင်းပြန်စီးသွားသလိုပဲ... အိပ်ခန်းထဲမှာသူက စီနီယာ့ရင်ခွင်ထဲမှာရောက်နေတယ်... ကျွန်တော်မခံရပ်နိုင်တဲ့အဆုံး အခန်းထဲကနေပြေးထွက်လာခဲ့တယ်.. အဲဒီနေ့မှာပဲကျွန်တော်ဆုံးဖြတ်ခဲ့တယ် ကျွန်တော်တို့လမ်းခွဲဖို့...

ကျွန်တော်တို့လမ်းခွဲတဲ့နေ့မှာမိုးတွေအများကြီးရွာသွန်းနေတယ်.. ကျွန်တော်သူ့ကိုလမ်းခွဲစကားပြောပီးထွက်လာခဲ့ပီးမှ စိုးရိမ်နေမိတဲ့ကျွန်တော့စိတ်ကိုမထိန်းနိုင်ပဲ သူ့စီကိုပြန်သွားမိတယ်... ဒါပေမဲ့သူကတော့တခြားသူရဲ့ရင်ခွင်ထဲမှာ... ကျွန်တော့ရင်တွေအရမ်းမွန်းကြပ်တယ်.. ခံစားရခက်တယ်.. ကျွန်တော်ကားကိုအမြန်မောင်းရင်း မတော်တဆကားတစီးကိုရှောင်မိရာက သစ်ပင်နဲ့တိုက်မိသွားခဲ့တယ်... အဲဒီနောက်ပိုင်းကျွန်တော်ဟာအမှောင်လောကထဲကိုရောက်ရှိသွားခဲ့တယ်...

........................................................................

📌မနက်ဖြန်ဆို ဒီficလေးလဲပီးပါပီနော်😘📌

........................................................................

Zawgyi

*ဒုန္း!!*

ကားတိုက္သံႏွင့္အတူ ေကာင္ေလးတေယာက္ဟာ ေသြးအိုင္ထဲတြင္လဲက်သြားခဲ့သည္... အျခားေကာင္ေလးတေယာက္ဟာလည္း လမ္းမထက္တြင္ၿပိဳလဲေနခဲ့သည္...

"Jinnie!!!"

........................................................................

ေဆာ့ဂ်င္တေယာက္ဂ်န္းကုကိုစိတ္မခ်လို႔ေနာက္ကလိုက္လာမိသည္... ေဆာ့ဂ်င္ေတြ႕လိုက္ရသည္က ပန္းခ်ီကားေလးကိုၾကည့္ရင္း ဂ်န္းကုမ်က္ရည္ဝဲေနသည္... ပီးေတာ့ ကားဟြန္းတီးသံတစ္ခုနဲ႔ ကားတစ္စီးဟာ ဂ်န္းကုေ႐ွ႕ကိုတန္းတန္းမတ္မတ္ႀကီးေရာက္လာခဲ့တယ္..

"Koo!!!"

နာမည္ကိုေအာ္ေခၚလိုက္ေတာ့ လွည့္ၾကည့္လာတဲ့မ်က္၀န္းတစုံက ၀မ္းနည္းမႈေတြကိုေဖာ္ၾကဴးေနေလသည္...

Jin pov

ဟင့္အင္.. မျဖစ္ရဘူး... kooဘာမွမျဖစ္ရဘူး...

ေဆာ့ဂ်င္ ေလအလ်င္ကဲ့သိုအေျပးသြားရင္း ဂ်န္းကုရဲ႕ပုခုံးကိုတြန္းကာအေဝးသိုပို႔လိုက္ပီးေနာက္ ခႏၶာကိုယ္ေပၚက်ေရာက္လာတဲ့ ကားမီးေရာင္နဲ႔အတူ ေဆာ့ဂ်င္ရဲ႕ ခႏၶာကိုယ္ဟာ လမ္းမထက္သိုက်ေရာက္ခဲ့ေလသည္...  ေဆာ့ဂ်င္ခႏၶာကိုယ္တစ္ခုလုံးကနာက်င္မႈအျပည့္ပင္ မ်က္လုံးေတြဟာလည္းဖြင့္မရေလာက္ေအာင္ေလးလံေနသည္.. ဒါေပမဲ့ စိတ္ထဲ၀င္ေရာက္လာတဲ့ ခ်စ္ရသူရဲ႕ပုံရိပ္ေလး...

Jin pov

ကမ္ေဆာ့ဂ်င္ မင္းေသလို႔မျဖစ္ေသးဘူး... မင္းkooကိုေျပာစရာေတြအမ်ားႀကီး႐ွိေသးတယ္... မင္းေသလို႔မျဖစ္ေသးဘူး...

အားတင္းပီးဖြင့္လိုက္တဲ့မ်က္၀န္းတစုံနဲ႔အတူ ျမင္ေတြ႕လိုက္ရတဲ့ထိုလူသား.... သူ႕ရဲ႕မ်က္၀န္းေတြကေန၀မ္းနည္းမႈကိုအတိုင္းသားျမင္ေတြ႕ေနရသည္... ဒီေလာက္ဆိုရင္ရပီေလ... ကမ္ေဆာ့ဂ်င္ဆိုေသာသူတေယာက္အတြက္ ဂြၽန္းဂ်န္းကုရင္ထဲမွာ ဒီေလာက္ပဲေနရာ႐ွိရင္ေတာင္ရေနပီ ... ေဆာ့ဂ်င္အားယူရင္း ဂ်န္းကုနာမည္ေလးကိုေခၚလိုက္မိသည္..

"K~o~o~"

........................................................................

Flesh back>>

Jungkook pov

ကြၽန္ေတာ္ဒီေန႔ေက်ာင္းကိုအလာေကာင္ေလးတေယာက္နဲ႔ဆုံခဲ့တယ္... အရမ္းခ်စ္စရာေကာင္းပီးအရမ္းလွတဲ့ေကာင္ေလး.. သူ႕ရဲ႕စက္ဘီးေလးနဲ႔ ကြၽန္ေတာ့ကားနဲ႔မေတာ္တဆ တိုက္မိသြားတာေလ.. အဆင္ေျပေၾကာင္းေျပာေနတဲ့ သူ႕ရဲ႕ႏႈတ္ခမ္းေလးေတြက အရမ္းကိုလွလြန္းလို႔ကြၽန္ေတာ္တေမ့တေမာေငးၾကည့္ေနမိတယ္.. ကြၽန္ေတာ္အဲဒီေန႔တေန႔လုံးလုံး၀အဆင္မေျပဘူးဗ်ာ... ေခါင္းထဲကိုသူ႕‌အေၾကာင္းေတြခနခနေရာက္လာတယ္.. ဒီလိုနဲ႔ကြၽန္ေတာ္တကယ္႐ူးရေတာ့မယ္ထင္တယ္...

ကံၾကမၼာကကြၽန္ေတာ့ကို႐ူးခြင့္မေပးခဲ့ပါဘူး... ကြၽန္ေတာ္ေက်ာင္းမွာ မင္ယြန္းဂီဆိုတဲ့စီနီယာတေယာက္နဲ႔ေတာ္ေတာ္ခင္မင္လာခဲ့တယ္... သူ႕ရဲ႕ေက်းဇူးေၾကာင့္ပဲကြၽန္ေတာ္ေတြ႕ခ်င္တဲ့သူနဲ႔ျပန္ဆုံခဲ့ရတယ္... အဲဒီေန႔တုန္းက ကြၽန္ေတာ္ရယ္ စီနီယာရယ္ တျခားသူေတြနဲ႔အတူbasketballကစားေနခဲ့တာ... ပြဲပီးသြားေတာ့ စီနီယာကကြၽန္ေတာ့ကိုသူ႕အသိတေယာက္နဲ႔မိတ္ဆက္ေပးတယ္... ကြၽန္ေတာ္မထင္ခဲ့မိဘူးဗ်ာ ကြၽန္ေတာ္ေတြ႕ခ်င္ေနခဲ့ရတဲ့သူက စီနီယာ့ရဲ႕ညီေလးလိုခင္ရတဲ့သူဆိုတာ... ကြၽန္ေတာ္မွတ္မိေသးတယ္သူကြၽန္ေတာ့ကိုျပန္ေတြ႕ေတာ့ လက္ေတြတုန္ေနပီး သူ႕လက္ထဲကေရဘူးေလး ကြၽန္ေတာ့ကိုေပးလာတယ္ေလ... ကြၽန္ေတာ္ေသာက္ဖူးသမွ်ေရထဲမွာ သူတိုက္တဲ့ေရကအရသာအ႐ွိဆုံးပဲဗ်ာ... ဒီလိုနဲ႔ပဲ ကြၽန္ေတာ္တို႔သုံးေယာက္တပူးပူးတတြဲတြဲျဖစ္လာၾကတယ္... မၾကာပါဘူး ကြၽန္ေတာ့ရဲ႕ခံစားခ်က္ေတြကိုသူသိေအာင္ဖြင့္ေျပာခဲ့တယ္... အဲဒီေန႔တုန္းကကြၽန္ေတာ္သူ႕ကို tiger flowerေလးနဲ႔ခ်စ္ခြင့္ပန္ခဲ့တာေလ... tiger flowerရဲ႕ အဓိပၸာယ္က please give me loveတဲ့.. ကြၽန္ေတာ္အရမ္းသေဘာက်ရတဲ့ပန္းေလးေပါ့.. ထင္မထားဘူးအဲဒီပန္းေလဟာသူ႕အတြက္လည္းသေဘာက်ရတဲ့ပန္းေလးျဖစ္ေနလိမ့္မယ္ဆိုတာ... သူကေတာ့ ေခါင္းေလးငုံ႔ပီး႐ွက္ျပဳံးေလးနဲ႔ ခ်က္ခ်င္းပဲအေျဖျပန္ေပးပါတယ္...

#Jinnieလည္းkooကိုခ်စ္တယ္#

အဲဒီေန႔ကကြၽန္ေတာ္ဟာ ကမ႓ာကိုအပိုင္စားရသလိုေပ်ာ္႐ႊင္မႈမ်ိဳးကိုရ႐ွိခဲ့တယ္.. ဒါေပမဲ့အဲဒီေပ်ာ္႐ႊင္မႈေလးဟာၾကာ႐ွည္မခံခဲ့ပါဘူး.. ကြၽန္ေတာ္တို႔တြဲပီးေနာက္ပိုင္းစီနီယာကကြၽန္ေတာ္တို႔ကိုသိသိသာသာေ႐ွာင္လာတယ္.. ဒါကလည္းသိပ္မၾကာလိုက္ပါဦး.. ေနာက္ပိုင္းေတာ့ Jinnieက စီနီယာကိုလိုတာထပ္ပိုပီးဂ႐ုစိုက္လာတယ္.. အၿမဲတမ္းစီနီယာေဘးမွာပဲ ေရာက္ေနတတ္တယ္.. ပတ္၀န္းက်င္ကမနာလိုသူမ်ားကလည္းသူတို႔ကိုေစာင္းေျမာင္းေျပာဆိုလာၾကတယ္.. ဒါေပမဲ့ကြၽန္ေတာ္ သူ႕ကိုေရာ စီနီယာ့ကိုေရာယုံတယ္... ဒါေၾကာင့္လဲသူ႕စီကအေျဖကိုသိရေအာင္ခနခနေမးခဲ့တယ္.. ဒါေပမဲ့ဘယ္တုန္းကမွအေျဖအတိအက်မရခဲ့ဘူး...

#မင္းတို႔ႏွစ္ေယာက္လုံးက ငါ့အတြက္အေရးပါတဲ့သူေတြပဲ.... ဘယ္သူ႕ကိုပိုခ်စ္လဲလို႔‌ေမးတာ.... ဘယ္သူ႕ကိုဆုံး႐ႈံးခံႏိုင္လဲလို႔ေမးတာေတြအတြက္..ငါ့မွာအေျဖမ႐ွိဘူး.... ငါ့ရဲ႕မ်က္လုံးႏွစ္ဖက္လိုပဲ... ဘယ္မ်က္လုံးကိုမွအဆုံးအ႐ႈံးမခံႏိုင္ဘူး.... ငါ့ရဲ႕မ်က္လုံးတလုံး‌ဆုံး႐ႈံးသြားရင္... ငါ့ဘ၀က မျပည့္စုံသလို... မင္းတို႔ထဲက တေယာက္မ႐ွိေတာ့ရင္.. ငါ့ရဲ႕အခ်စ္ကလည္းျပည့္စုံမွာမဟုတ္ဘူး...#

သူသာအကယ္၍ကြၽန္ေတာ့ကိုပိုခ်စ္တယ္လို႔ေျဖခဲ့ရင္ တေလာကလုံးကကဲ့ရဲ႕ေနပေစကြၽန္ေတာ္သူ႕ေဘးကေနရပ္တည္ေပးမိမွာ.. ဒါေပမဲ့အခုေတာ့သူကမျပတ္သားတဲ့အေျဖေတြပဲအၿမဲေပးလာခဲ့တယ္... ဒီလိုနဲ႔ကြၽန္ေတာ္တို႔ၾကားမွာ ခနခနကေတာက္ကစျဖစ္လာတယ္ ကြၽန္ေတာတို႔တစ္ႏွစ္ျပညန႔တဲ့ေနမွာ ကြၽန္ေတာ္ကိုယ္တိုင္ဆြဲထားတဲ့tiger flowerပန္းခ်ီကားေလးကိုလက္ေဆာင္ေပးခဲ့တယ္...

#Jinnieေလးကဘာလို႔ ဒီပန္းကိုႀကိဳက္တာလဲ??#

#ဟင္.. ပန္းရဲ႕အဓိပၸာယ္ကိုႀကိဳက္လို႔.. ပီးေတာ့အဲ့ဒီပန္းကငါနဲ႔တူတယ္မလား?? အခ်စ္ကိုလိုခ်င္ေနတာေလ..#

#Jinnie သိလား?? tiger flowerကေလ.. ကိုယ့္ရဲ႕ birth flowerေလ..#

#ဟုတ္လား??*

#အင္း!! ကိုယ္လည္းအဲဒီပန္းေလးကိုႀကိဳက္တယ္.. အဲဒါေၾကာင့္ Jinnieကိုဖြင့္ေျပာတုန္းက အဲဒီပန္းေလးေပးခဲ့တာေပါ့..#

#Jinnie ဒီပန္းေလးကိုပိုႀကိဳက္သြားပီ..

#ကိုယ္ ဒီပန္းေလးပုံဆြဲေပးမယ္..

ယူမလား??#

#အင္း!! ယူမယ္..#

ဒါေပမဲ့တေန႔ေတာ့.. သူနဲ႔ကြၽန္ေတာ္အျပင္ေလွ်ာက္သြားဖို႔ခ်ိန္းထားတဲ့ေန႔ကေပါ့..

ကြၽန္ေတာ္သူ႕အိမ္ေ႐ွ႕ေရာက္ေတာ့ အလြတ္ရထားတဲ့passwordေလးကို႐ိုက္ပီးဖြင့္လိုက္တယ္... အိပ္ခန္းထဲမွာျမင္လိုက္ရတဲ့ျမင္ကြင္းက ကြၽန္ေတာ့တကိုယ္လုံးကေသြးေတြေျပာင္းျပန္စီးသြားသလိုပဲ... အိပ္ခန္းထဲမွာသူက စီနီယာ့ရင္ခြင္ထဲမွာေရာက္ေနတယ္... ကြၽန္ေတာ္မခံရပ္ႏိုင္တဲ့အဆုံး အခန္းထဲကေနေျပးထြက္လာခဲ့တယ္.. အဲဒီေန႔မွာပဲကြၽန္ေတာ္ဆုံးျဖတ္ခဲ့တယ္ ကြၽန္ေတာ္တို႔လမ္းခြဲဖို႔...

ကြၽန္ေတာ္တို႔လမ္းခြဲတဲ့ေန႔မွာမိုးေတြအမ်ားႀကီး႐ြာသြန္းေနတယ္.. ကြၽန္ေတာ္သူ႕ကိုလမ္းခြဲစကားေျပာပီးထြက္လာခဲ့ပီးမွ စိုးရိမ္ေနမိတဲ့ကြၽန္ေတာ့စိတ္ကိုမထိန္းႏိုင္ပဲ သူ႕စီကိုျပန္သြားမိတယ္... ဒါေပမဲ့သူကေတာ့တျခားသူရဲ႕ရင္ခြင္ထဲမွာ... ကြၽန္ေတာ့ရင္ေတြအရမ္းမြန္းၾကပ္တယ္.. ခံစားရခက္တယ္.. ကြၽန္ေတာ္ကားကိုအျမန္ေမာင္းရင္း မေတာ္တဆကားတစီးကိုေ႐ွာင္မိရာက သစ္ပင္နဲ႔တိုက္မိသြားခဲ့တယ္... အဲဒီေနာက္ပိုင္းကြၽန္ေတာ္ဟာအေမွာင္ေလာကထဲကိုေရာက္႐ွိသြားခဲ့တယ္...

........................................................................

📌မနက္ျဖန္ဆို ဒီficေလးလဲပီးပါပီေနာ္😘📌

........................................................................