Chapter 16: part 14 ending( Unicode+ Zawgyi)

💜parts of my love💜jinkook (Complete)Words: 24767

Unicode

"K~o~o"

ဂျင့်ရဲ့တိုးညင်းလှတဲ့ခေါ်သံလေးကိုကြားမှ ဂျန်းကုအသိပြန်ကပ်လာခဲ့တယ်... အခုချိန်မှာသွေးအိုင်ထဲမှာလဲကျနေတဲ့ချစ်ရသူ... သူ့ကိုကြည့်ရင်းပြုံးပြနေတဲ့ချစ်ရသူ... ဂျန်းကုအမြန်ဆုံးဂျင့်အနားကိုသွားပီး သူ့ခန္ဓာကိုယ်လေးကိုဆွဲပွေ့လိုက်တယ်...

"Jinnie!!"

"Koo မှတ်မိသွားပီလား??"

"အင်း.. ကိုယ်အားလုံးမှတ်မိသွားပီ.."

"ဒါဆိုငါ့ကိုမုန်းသွားပီလား.. ဟင်??"

"ဟင့်အင်.. မမုန်းပါဘူး.. ကိုယ်ကမင်းကိုဘာလို့မုန်းရမှာလဲ??"

"ငါက မင်းမုန်းသွားမှာကြောက်နေတာ.."

"မမုန်းပါဘူး.. ကိုယ်မမုန်းပါဘူး"

"ငါ~ မင်းမေးတဲ့မေးခွန်းလေးရဲ့အဖြေကို.. ငါဖြေပေးမယ်နော်.. ငါအတွက်လေ.. မင်းတို့နှစ်ယောက်ပေါင်းမှ မျက်လုံးတစ်စုံဖြစ်ရင်တောင်.. ငါအဲဒီမျက်လုံးတစုံနဲ့ကြည့်ခဲ့တဲ့သူက မင်းပါ.. မင်းတို့နှစ်ယောက်လုံးက ငါ့အချစ်ရဲ့အစိတ်အပိုင်းလေးတွေဆိုရင်.. ငါ့အချစ်တခုလုံးမင်းကိုပေးခဲ့တာပါ..."

"Jinnieရယ်.. ဘာလို့အရင်ကတည်းကကို့ကိုမပြောခဲ့ရတာလဲကွာ.."

"ငါလေ မင်းကိုအရမ်းချစ်ပါတယ်.."

မှိတ်သွားတဲ့မျက်၀န်းတစုံနဲ့အတူ သံသယတွေဟာလည်းချုပ်ငြိမ်းသွားခဲ့ပါပီ.. အရေးပေါ်ကားသံတွေတွေနဲ့ပြည့်နေတဲ့လမ်းမထက်မှာ မိုးပြေးလေးတွေရွာသွန်းလာခဲ့လေသည်..

........................................................................

25years later>>

တည်ငြိမ်အေးချမ်းတဲ့ နေရာလေး... မျက်ခင်းစိမ်းစိမ်းလေးတွေအပေါ်က အဖြူရောင်အုတ်ဂူလေး..

အုတ်ဂူဖြူလေးပေါ်က နာမည်လေးက..

*Kim Seok Jin*

ပတ်၀န်းကျင်လေပြေညင်းလေးတွေကတိုက်ခိုက်နေသလို သစ်ရွက်တွေဟာလည်းကြွေလွင့်နေလေရဲ့.. အနားကိုရောက်ရှိလာတဲ့ လူတစ်ဦးရဲ့လက်ထဲမှာ အဝါရောင် tiger flowerလေးတွေကိုကိုင်ဆောင်ထားခဲ့တယ်.. အုတ်ဂူပေါ်မှာရှိနေတဲ့ ပန်းပွင့်လေးတေဟာ အရမ်းကိုလှရက်နိုင်လွန်းတယ်..

"ပါပါး သားရောက်လာပီ!!"

အုတ်ဂူရှေ့မှာ ရပ်နေတဲ့ကောင်လေးတယောက်.. သူကဆော့ဂျင်လို ကျယ်ပြန့်တဲ့ပုခုံးတွေရှိတဲ့အပြင်.. ဂျန်းကုလိုကျစ်လစ်တဲ့ခန္ဓာကိုယ်လည်းရှိတဲ့ကောင်လေး.. ဆော့ဂျင်လို နှုတ်ခမ်းဖူးဖူးလေးတွေရှိတဲ့အပြင်.. ဂျန်းကုလိုမျက်လုံးဝိုင်းဝိုင်းလေးတွေရှိနေတဲ့ကောင်လေး... သူ့နာမည်က Jeon jinkook.. အတိအကျပြောရရင် Jeon Jungkookနဲ့Kim Seok jinတို့ရဲ့သားလေးပေါ့.. သူက seokjinဘေးနားကအုတ်ဂူ‌ေလးကိုကြည့်ရင်း..

"Daddyရော အဆင်ပြေရဲ့လား??"

ထိုဘေးကအုတ်ဂူလေးပေါ်မှာ ရေးထိုးထားတဲ့နာမည်လေးက..

* Jeon Jungkook*

ပါးပါးတို့ကြိုက်တဲ့ tiger flowerလေးတွေ သားယူလာခဲ့တယ် လှတယ်မလား

........................................................................

Flesh back>>

"Koo~"

"Jinnieနိုးလာပီလား?? ဘာမှမဖြစ်တော့ဘူးနော်.. Kooရှိတယ်.."

"တော်သေးတယ်.. ငါကkooနဲ့ခွဲရတော့မယ်ထင်နေတာ.."

"ကိုယ်တောင်းပန်ပါတယ် jinnieရယ်"

ဂျန်းကုဆော့ဂျင်ကိုဖက်ကာငိုငိုမိသည် ဆေးရုံခန်းထဲမှာ တဦးနဲ့တဦး၊ဖက်ရင်းငိုနေကြတဲ့ကောင်လေးနှစ်ယောက်ကိုကြည့်ရင်း တယောက်သောသူကတော့ အခန်း၀ကနေလှည့်ပြန်သွားခဲ့တယ်.. သူကတော့ မင်ယွန်းဂီ.. ယွန်းဂီတယောက် ဆေးရုံ၀န်းထဲကပန်းခြံထဲမှာထိုင်ရင်း ဆော့ဂျင်တို့ ဂျန်းကုတို့နဲ့စတွေ့တုန်းကအချိန်တွေကိုပြန်စဉ်းစားရင်းပြုံးနေမိသည်.. ဘာလိုလိုနဲ့သူ့ရှေ့မှာပဲ ချစ်သူနှစ်ဦးပြန်အဆင်ပြေခဲ့ပီမဟုတ်လား..?? မင်ယွန်းဂီထိုင်နေတဲ့နေရာ‌ေရှ့မှာပိတ်ရပ်လိုက်တဲ့ကောင်လေးတယောက်.. ထိုကောင်လေးရဲ့မျက်နှာမှာ အလှပဆုံးအပြုံးလေးတပွင့်ရှိနေလေရဲ့...

"ဒီမှာခင်ဗျ.. အထူးကြပ်မှတ်ဆောင်ကိုဘလိုသွားရလဲဆိုတာပြောပြပေးလို့ရမလားခင်ဗျ.."

သူကတော့ဂျန်းဟိုဆော့...

တခါတလေ ဖူးစာဆိုတာမထင်မှတ်ထားတဲ့နေရာ မထင်မှတ်ထားတဲ့အချိန်မှာ သူ့အလိုလိုရောက်လာတတ်တယ်..

........................................................................

ဂျန်းကုနဲ့ဆော့ဂျင် နှစ်ဦးသဘောတူလက်ထပ်ပီးတနှစ်အကြာမှာ jinkookဆိုတဲ့သားလေးကိုမွေးခဲ့ကြတယ်.. သူတို့တေပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးကိုပိုင်ဆိုင်ခဲ့ကြတာပေါ့..

"သား.. 1 2 3ဆိုတာနဲ့ ပါးပါးကိုကလိသွားထိုးမယ်နော်.."

"ဟုတ် daddy.."

ဟင်းချက်နေတဲ့ Seok jinကို သားတော်မောင်နဲ့ Jungkookကလိထိုးဖို့ကြံစည်နေကြခြင်းဖြစ်ပါတယ်..

"1.. 2.. 3.."

အမှတ်စဉ်ရီပီးတာနဲ့ ဆော့ဂျင်ရဲ့ခါးကိုနှစ်ယောက်လုံးကလိဝိုင်းထိုးကြတယ်..

"ဘာလုပ်ကြတာလဲ? ဟ~ ဟ ~ယားတယ်.. တော်တော့.. ဟေ့ကောင်တွေ.. တော်ပါတော့ဆို.. ဟ~ ဟ~"

ဆော့ဂျင်ကအမြန်ရှောက်ပီး ဂျန်းကုနဲ့ jinkookလေးကိုပြန်လိုက်ပီးကလိထိုးလေရဲ့..

"လာခဲ့.. မင်းတို့နှစ်ကောင်ကိုလည်း ပြန်ကလိထိုးမယ်"

"သားရေ ပြေးတော့.."

"တားတား.. ပြေးပီ"

မနက်ခင်းအစမှာ မောသံတွေနဲ့ပြည့်နှက်နေတဲ့မိသားစုလေးဖြစ်ခဲ့ပါတယ်.. ဒီလိုမျိုးနှစ်တွေအကြာကြီးပျော်ပျော်ရွှင်ရွှင်နဲ့အတူဖြတ်သန်းလာခဲ့ကြပါတယ်...

Flesh back end

........................................................................

"ပါးပါးတို့သားကိုစိတ်မပူနဲ့နော်.. သား UKမှာ အဆင်ပြေပါတယ်.. ပီးတော့လေ သားမှာချစ်ရမဲ့သူရှိနေပီသိလား.. သူ့နာမည်က JKတဲ့ အရမ်းချောတဲ့ကောင်လေးပေါ့.. နောက်ကျမှပါးပါးတို့စီခေါ်လာခဲ့မယ်နော်.."

အုတ်ဂူရှေ့ကကောင်လေးက အချိန်အတော်ကြာစကားတွေအများကြီးပြောနေခဲ့တယ်..

"သားသွားရတော့မယ်.. နောက်ကျမှထပ်လာခဲ့မယ်နော်.. ပါးပါးရော daddyရောကိုအရမ်းချစ်တယ်.."

အုတ်ဂူဖြူလေးနှစ်ခုကို ကျောခိုင်းပီးထွက်သွားတဲ့ကောင်းလေးရဲ့နောက်ကျောကိုကြည့်နေတဲ့ အဖြူရောင်အရိပ်လေးနှစ်ခုလည်းရှိခဲ့လေသည်..

အချစ်ဆိုတဲ့အရာဟာအရမ်းကိုလှပဆန်းကြယ်တယ်.. ဒါပေမဲ့အဲဒီအချစ်မှာ သံသယတွေပါလာပီဆိုရင် အချစ်က အရမ်းကိုပေါ့ပျက်သွားတယ်.. စာဖတ်သူအပေါင်းတို့လည်း သံသယရကင်းတဲ့အချစ်ကိုရရှိနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..

The end

........................................................................

📌Ficလေးနှစ်ပုဒ်လုံးပီးသွားပါပီ‌နော် ဒီတပုဒ်က extraမရှိပါဘူး if youရဲ့extraကိုတော့ အားတဲ့အချိန်ရေးပေးပါ့မယ် အခုပီး‌သွားတဲ့ficလေးအစား ဘာficမှထပ်မရေးတော့ပါဘူးနော် mom to Friမှာ to close to youလေးကိုပဲရေးပေးပါတော့မယ် ဖတ်ပေးတဲ့သူတွေတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နော်📌

......................................................................

Zawgyi

"K~o~o"


"Jinnie!!"

"Koo မှတ်မိသွားပီလား??"










........................................................................

25years later>>



*Kim Seok Jin*


"ပါပါး သားရောက်လာပီ!!"

အုတ်ဂူရှေ့မှာ ရပ်နေတဲ့ကောင်လေးတယောက်.. သူကဆော့ဂျင်လို ကျယ်ပြန့်တဲ့ပုခုံးတွေရှိတဲ့အပြင်.. ဂျန်းကုလိုကျစ်လစ်တဲ့ခန္ဓာကိုယ်လည်းရှိတဲ့ကောင်လေး.. ဆော့ဂျင်လို နှုတ်ခမ်းဖူးဖူးလေးတွေရှိတဲ့အပြင်.. ဂျန်းကုလိုမျက်လုံးဝိုင်းဝိုင်းလေးတွေရှိနေတဲ့ကောင်လေး... သူ့နာမည်က Jeon jinkook.. အတိအကျပြောရရင် Jeon Jungkookနဲ့Kim Seok jinတို့ရဲ့သားလေးပေါ့.. သူက seokjinဘေးနားကအုတ်ဂူ‌လေးကိုကြည့်ရင်း..



* Jeon Jungkook*


........................................................................

Flesh back>>

"Koo~"




ဂျန်းကုဆော့ဂျင်ကိုဖက်ကာငိုငိုမိသည် ဆေးရုံခန်းထဲမှာ တဦးနဲ့တဦး၊ဖက်ရင်းငိုနေကြတဲ့ကောင်လေးနှစ်ယောက်ကိုကြည့်ရင်း တယောက်သောသူကတော့ အခန်းဝကနေလှည့်ပြန်သွားခဲ့တယ်.. သူကတော့ မင်ယွန်းဂီ.. ယွန်းဂီတယောက် ဆေးရုံဝန်းထဲကပန်းခြံထဲမှာထိုင်ရင်း ဆော့ဂျင်တို့ ဂျန်းကုတို့နဲ့စတွေ့တုန်းကအချိန်တွေကိုပြန်စဉ်းစားရင်းပြုံးနေမိသည်.. ဘာလိုလိုနဲ့သူ့ရှေ့မှာပဲ ချစ်သူနှစ်ဦးပြန်အဆင်ပြေခဲ့ပီမဟုတ်လား..?? မင်ယွန်းဂီထိုင်နေတဲ့နေရာ‌ရှေ့မှာပိတ်ရပ်လိုက်တဲ့ကောင်လေးတယောက်.. ထိုကောင်လေးရဲ့မျက်နှာမှာ အလှပဆုံးအပြုံးလေးတပွင့်ရှိနေလေရဲ့...


သူကတော့ဂျန်းဟိုဆော့...


........................................................................



"ဟုတ် daddy.."


"1.. 2.. 3.."





"သားရေ ပြေးတော့.."

"တားတား.. ပြေးပီ"


Flesh back end

........................................................................






The end

........................................................................


......................................................................