Chapter 5: part 4 (Unicode+ Zawgyi)

💜parts of my love💜jinkook (Complete)Words: 15041

Unicode

Jk' pov:

ဒီနေ့လည်း ကျွန်တော်jhopeတို့ပန်းချီပြခန်းကိုထွက်လာခဲ့လိုက်တယ်... ကျွန်တော်လေ 'diary of a blind' ပန်းချီကားလေးကိုမြင်တိုင်းစိတ်ထဲမှာတမျိုးကြီးခံစားလာရတယ်.. ပီးတော့ အဲဒီပန်းချီကားလေးကိုစတွေ့တဲ့ရက်ကတည်းက ကျွန်တော်အိမ်မက်တွေမက်လာတယ်... ကောင်လေးသုံးယောက်အကြောင်းပေါ့... ကျွန်တော်သူတို့ ခေါ်နေကြနာမည်လေးတွေကိုတောင်မှတ်မိနေပီ.. တယောက်ကKoo.. တယောက်က Jinnie.. တယောက်ကတော့ စီနီယာ Minတဲ့လေ.. ကျွန်တော့အိမ်မက်ကရှင်းလင်းပြတ်သားနေတာမျိုးမဟုတ်ပဲ အသံကြားရုံ ပုံရိပ်လေးတွေမြင်ရုံလောက်ပါပဲ... ဒါပေမဲ့ကျွန်တော်လွန်ခဲ့တဲ့နှစ်အနည်းငယ်ကaccidentတခုကြောင့် အတိတ်မေ့နေခဲ့ရတာပါ.. အဲဒါကြောင့် dairy of a blind ပန်းချီကားလေးရယ်.. အဲဒီပန်းချီကားလေးကို ဆွဲတဲ့ SJ ခေါ် ဆော့ဂျင်ရယ်.. ကျွန်တော့ရဲ့ပျောက်ဆုံးနေတဲ့မှတ်ဉာဏ်တွေရယ် ဘယ်လိုပတ်သတ်လဲဆိုတာ တကယ်ပဲသိချင်မိတယ်..??

"မစ္စတာ ဂျွန်း..!!"

ဘယ်ကတည်းကအနောက်မှာရောက်နေလဲမသိတဲ့ Jhope က ဂျန်းကုကိုလှမ်းခေါ်လိုက်တယ်..

"အော်~ ဟုတ်ကဲ့.. J hope.."

"ပန်ချီကားလေးလာကြည့်တာလား..??"

"ဟုတ်ကဲ့.."

"ကျွန်တော်လည်းစိတ်မကောင်းပါဘူး... ဒါပေမဲ့‌.. ဆော့ဂျင်ကတော့ဒီပန်းချီလေးကိုရောင်းဖြစ်မှာမဟုတ်ဘူး.."

"ရပါတယ်.. တောင်းပန်စရာမလိုပါဘူး.. ကျွန်တော်က ဒီပန်းချီလေးကိုမြင်တိုင်း စိတ်ထဲမှာတမျိုးခံစားရလို့ပါ.. အော်~ ဒါနဲ့ artist SJရဲ့ တခြားပုံတွေ ကျွန်တော့ကိုလိုက်ပြပေးပါလား..??"

"အော် မစ္စတာဂျွန်း ဟိုတလောက၀ယ်သွားတဲ့မျက်လုံးပုံတွေလေ"

"အော်~ ဟုတ်လား..?? သူတခြားပုံတွေရောမဆွဲဘူးလား..?? မျက်လုံးမဟုတ်ဘဲတခြားဟာပေါ့..."

"အင်း~ အဲဒီလိုတော့ သိပ်မရှိဘူး.. ဒါပေမဲ့.. သူ့စီမှာ သူအရင်တုန်းကဆွဲတဲ့ပုံတွေရှိတယ်..." "အဲဒါတွေကတော့မျက်လုံးပုံမဟုတ်ဘူး.. ဒါပေမဲ့ သူကအဲဒါတွေကိုလည်းမရောင်းနိုင်ဘူးတဲ့လေ.."

"ဘာဖြစ်လို့လဲ..??"

"သူပြောတာကတော့.. အဲဒီပန်းချီတွေကပြန်မရနိုင်တော့တဲ့အမှတ်တရတွေတဲ့လေ.."

Jk' pov:

Kim Seok Jinခများမှာဘာလို့လှို့ဝှက်ချက်တွေဒီလောက်များ

နေရတာလဲ..?? ပီးတော့.. အဲဒီလျှို့ဝှက်ချက်တွေက ကျွန်တော်နဲ့သက်ဆိုင်နေသလို ဘာလို့ခံစားနေရတာလဲ..??

..............................................................................

Jk' pov:

ကျွန်တော်လည်း ပန်းချီပြခန်းကအပြန်မှာ companyကိုတန်းသွားလိုက်တယ်.. အလုပ်တွေပီးတော့ ဆိုလ်မြို့နဲ့မလှမ်းမကန်းမှာရှိတဲ့ ပန်းခြံလေးစီကို ကားမောင်းရင်းထွက်လာလိုက်တယ်.. ပန်းခြံလေးကအရမ်းတိတ်ဆိတ်ပီးလူအရောက်အပေါက်လည်းနည်းတယ်.. အဲဒါကြောင့်ကျွန်တော်စိတ်ရှုပ်တဲ့အချိန်တိုင်း ဒီပန်းခြံလေးကိုလာလေ့ရှိတယ်..

ဂျန်းကုအတွေးတွေထဲမှာမျောနေရင်း ဘေားဘက်က အတွဲစီကိုအကြည့်တွေရောက်သွားတယ်...

*ရား..!! နင်နော်...

လူတွေအများကြီးရှိနေတယ်..*

*ရှိနေလဲဘာဖြစ်လဲ..?? ကိုယ့်ရည်းစားကိုနမ်းတာ ဘယ်သူ့ဂရုစိုက်ရမှာလဲ..??*

*မွ!!*

*ရား.!! နင်ပြောလေကဲလေ..*

ကောင်လေးကကောင်မလေးကိုလိုက်စနေပုံပေါ်သည်.. ကောင်မလေးကတော့ ရှက်နေပုံ.. ခေါင်းပင် မဖော်တော့.. ဂျန်းကုသူတို့ကိုကြည့်ရင်း ဦးနှောက်ထဲမှာပုံရိပ်လေးတချို့ဖြတ်သွားသည်..

#ရား..!! Koo ငါ့ကိုလိုက်နမ်းနေတော့.. ငါဘလိုပုံဆွဲရမှာလဲ..??#

#ပုံဆက်မဆွဲနဲ့တော့ပေါ့..#

#မွ!!#

#Koo လူတွေရှိတယ်..#

#ကိုယ်ရဲ့ jinnieလေးကရှက်နေတာလား..?? အရှက်ပြေသွားအောင်..#

#မွ!!#

#Koo မလုပ်နဲ့တော့ကွာ~#

'အားး!!'

ဂျန်းကုရုတ်တရက်ခေါင်းတွေထိုးကိုက်လာသည်.. ဘာကိုမှလည်းစဉ်းစား၍မရတော့ပေ.. ဂျန်းကုအိပ်ကပ်ထဲမှဆေးတချို့ကိုယူသောက်လိုက်သည်.. ဂျန်းကုစိတ်ထဲတွင် ပဟေဠိများစွာတိုးပွားလာရပြန်ပါသည်...

.................................................................................

Zawgyi

Jk' pov:


"မစ္စတာ ဂျွန်း..!!"


"အော်~ ဟုတ်ကဲ့.. J hope.."


"ဟုတ်ကဲ့.."






"ဘာဖြစ်လို့လဲ..??"


Jk' pov:



..............................................................................

Jk' pov:



*ရား..!! နင်နော်...



*မွ!!*

*ရား.!! နင်ပြောလေကဲလေ..*




#မွ!!#

#Koo လူတွေရှိတယ်..#


#မွ!!#

#Koo မလုပ်နဲ့တော့ကွာ~#

'အားး!!'


......

...........................................................................