Chapter 7: part 6( Unicode+ Zawgyi)

💜parts of my love💜jinkook (Complete)Words: 17557

Unicode

ဂျင်တယောက် အခုတလော ပန်းချီဆွဲရတာကိုလည်းစိတ်မပါတော့ပေ.... အမြဲတမ်း ဂျန်းကုမျက်နှာကိုမြင်ယောင်နေမိသည်... အတိတ်တွေဟာလည်းပုံဖမ်းကားချပ်သဖွယ် ထင်ဟပ်နေလေသည်....

Jin' pov:

လွမ်းသည်... လွမ်းသည်ဆိုတာထက်ပိုသည်... မင်းအမြဲမေးနေကြမေးခွန်းလေးတခုရှိတယ်နော်..koo..!! 'သူနဲ့ ငါဘယ်သူ့ပိုချစ်လဲ'တဲ့... ငါဖြေခဲ့တဲ့အဖြေတွေကပြတ်သားမှုမရှိခဲ့ဘူး... ငါငယ်ငယ်ကတည်းကမရခဲ့တဲ့အချစ်ကိုမင်းတို့နှစ်ယောက်လုံးစီကလောဘကြီးစွာလိုချင်ခဲ့မိတယ်... ဒါပေမဲ့ ငါမပြတ်သားခဲ့လို့ မင်းတို့ခံစားရတဲ့ခံစားချက်တွေကို ငါထည့်မတွက်မိခဲ့ဘူး... ငါဖြေနေကြအဖြေလေးအတိုင်း မင်းတို့နှစ်ယောက်လုံးက ငါ့အချစ်ရဲ့အစိတ်အပိုင်းလေးတွေပါပဲ.. ငါ့ရဲ့အချစ်က မင်းတို့နှစ်ယောက်လုံးနဲ့မှပြည့်စုံမှာပါ...

....................................................................

Time back>>>

ရာသီဥတုကလည်းအုံ့မှိုင်းလျက်.. စိတ်တို့ဟာလည်း ဝေဝါးလျက်..

"မင်းနဲ့သူနဲ့ကဘာတွေလဲ Kim Seok Jin??"

Jin' pov:

ဘယ်အခါကမှကျွန်တော့နာမည်မရင်းကိုမခေါ်ခဲ့ဘူးတဲ့ kooက.. ကျွန်တော့ကို Kim Seok Jinတဲ့လား..??

"ငါပြောပီးပီပဲ.. မင်းငါ့ကိုမယုံသက်ာလာမမေးနဲ့.."

"မင်းကိုငါဘယ်လိုယုံရမှာလဲ.?? ပြောလေ..!! စတွဲကတည်းကအမြဲငါကမင်းစကားကိုဆိုအကုန်ယုံကြည်ပေးခဲ့တယ်.. ဒါပေမဲ့မင်းကရော.. ယောက်ျားလေးနှစ်ယောက်ကြားမှမရေမရာဖြစ်နေတဲ့မင်းရဲ့စိတ်ကရော... ငါဘာကိုထပ်ပီးယုံကြည်ပေးရမှာလဲ..?"

"မင်းမဆိုင်တာတွေမပြောနဲ့ Koo..!! ငါမင်းကိုပြောပီးသားပဲ.. မင်းရော စီနီယာ Minရောက ငါ့ဘ၀အတွက်အရေးပါတဲ့သူတွေပဲ.."

"ကောင်းပီ.!! ငါမင်းကိုနောက်ဆုံးအနေနဲ့အခွင့်အရေးတခုထပ်ပေးမယ်.. ငါနဲ့သူဘယ်သူ့ကိုပိုချစ်လဲ?? "

"..........."

"မင်းဖြေလေ!! မင်းဖြေပီးရင်.. ငါမင်းဘာပြောပြောမင်းဘာလုပ်လုပ် ငါယုံကြည်ပေးမယ်.."

".........."

"မင်းမဖြေနိုင်ဘူးမလား?? ငါ့ရဲ့ဘ၀မှာမင်းတယောက်တည်းရှိသလို.. မင်းရဲ့ဘ၀မှာလည်းငါတယောက်တည်းရှိတာ လိုချင်တာ.. အဲ့လောက်တောင်ငါမှားနေလား..?? ဖြေလေ!!"

"ငါ...."

"တော်ပီ.. Kim Seok Jin !!မင်းကိုချစ်လွန်းလို့မျက်စိစုံမှိတ်ပီး.. မင်းဘာလုပ်လုပ်မသိချင်ယောင်ဆောင်ပေးခဲ့တယ်.. ဒါပေမဲ့အခုတော့ငါအရမ်းပင်ပန်းနေပီ.. ငါတို့တွေ လမ်းခွဲရအောင်.."

"Koo!!"

"မင်းငါ့ကို Kooလို့ခေါ်စရာမလိုတော့ဘူး.. ဒီနေ့ပီးရင်မင်းကငါနဲ့မသက်ဆိုင်တော့တဲ့သူပဲ.."

မိုးများသည်းထန်စွာရွာနေပေမဲ့ထွက်ခွာသွားတဲ့ ဂျန်းကုရဲ့နောက်ကျောကိုသာဆော့ဂျင်ငေးကြည့်နေမိတယ်.. မျက်ရည်စတို့ဟာလည်းတာကျိုးသကဲ့သို့တသွင်သွင်စီးဆင်းနေတယ်.. ခဏအကြာကောင်လေးတယောက်က ဆော့ဂျင်စီလာပီးထီးမိုးပေးခဲ့တယ်.. ဆော့ဂျင်မျှော်လင့်တကြီးကြည့်လိုက်တော့တွေ့လိုက်ရသည်က.. စီနီယာမင်...

"ဂျင်. သွားရအောင်..မိုးတွေအရမ်းရွာနေပီလေ.."

"Min!!"

ဆော့ဂျင်ယွန်ဂီကိုဖက်ရင်းငိုကြွေးနေမိတယ်..

"Koo ကလေ.. ငါ့ကိုလမ်းခွဲရအောင်တဲ့.. ငါ့မိဘတွေလိုပဲ Kooကလည်းငါ့ကိုအလိုမရှိတော့ဘူးတဲ့.. ငါဘယ်လိုလုပ်ရမလဲ Min??"

"ဘာမှမဖြစ်ပါဘူး.. Kooကလည်းမင်းကိုချစ်တာပဲ..မင်းစီပြန်လာမှာပါ.. မငိုနဲ့တော့နော်.."

Yoongi' pov:

မင်းက ကိုယ့်အတွက်အမြဲစဉ်းစားပေးတယ်.. ဒါပေမဲ့ကိုယ့်ဘက်ကမင်းကိုပေးနိုင်တာ စိတ်မချမ်းမြေ့မှုတွေပဲရှိတယ်.. ငါတောင်းပန်ပါတယ် မင်းကို ချစ်မိသွားတဲ့အတွက်...

ဆိုးလ်မြို့ ညနေ5နာရီ မိုးတွေဖွဲဖွဲရွာတဲ့အချိန်မှာ‌ မိုးရေထဲမှာငိုကြွေးနေတဲ့ကောင်လေးတယောက်။သူ့ရဲ့နောက်မှာ နောက်ထပ်ကောင်လေးတစ်ယောက်ကရပ်ပီး ထီးမိုးပေးလိုက်တယ်။ထိုမိုးရေထဲမှကောင်လေးနှစ်ယောက်ကိုသူ့ရဲ့မျက်၀န်းထဲမှာမျက်ရည်စတချို့နဲ့ကြည့်နေတဲ့ အနက်ရောင်ကားထဲမှကောင်လေး။ထိုသူသုံးဦးရဲ့စိတ်ထဲမှာဖြစ်နေတဲ့နာကျင်မှုတွေကို မိုးနတိမင်းကြီးကတော့ မျက်ကွယ်ပြုလျက်သည်းထန်စွာရွာသွန်းနေဆဲ...

"အဟက်~ Kim Seok Jin မင်းကနောက်ဆုံတော့လည်းသူ့ကိုပဲရွေးချယ်ခဲ့တာပဲ..."

ထိုနေ့ညနေကကားပေါ်မှာငိုကြွေးခဲ့တဲ့ကောင်လေးဟာ အရှိန်လွန်ကား‌ေမာင်းရင်း car accidentဖြစ်ခဲ့လေတယ်...

....................................................................

ဆော့ဂျင်အရင်ကအကြောင်းတွေပြန်စဉ်းစားရင်း မျက်ရည်စတို့စီးကျလာသည်... ထိုအချိန်ဖုန်းကောလ်တခု၀င်လာခဲ့သည်.. contact nameလေးကတော့...

#Min#

....................................................................

Zawgyi

Unicode


Jin' pov:


....................................................................

Time back>>>



Jin' pov:






"..........."


".........."


"ငါ...."


"Koo!!"




"Min!!"




Yoongi' pov:




ထိုနေ့ညနေကကားပေါ်မှာငိုကြွေးခဲ့တဲ့ကောင်လေးဟာ အရှိန်လွန်ကား‌မောင်းရင်း car accidentဖြစ်ခဲ့လေတယ်...

....................................................................


#Min#

....................................................................