Chapter 12: part 11{U}

နှလုံးသားထက်က လက်တစ်စုံ (Completed)Words: 22566

မေလေးနဲ့မြလေးနှစ်ယောက်ကမူ God level fujoshi သမားများပီပီ နေရဲမာန် ခအပေါ်မာန်ရဲ့ထူးခြားသော အကြည့်များ လုပ်ရပ်များ ကို ကြည့်မိရုံနဲ့ ဂရုပြု မိရုံသာမက မာန် ခအား စိတ်ဝင်စားနေပြီဆိုတာ အရိပ်ပြ အကောင်မြင် ဆိုသလို အကင်းပါးသည်မှာလည်း စုံထောက်များလိုပင်။

''ငါတို့သူငယ်ချင်းလေး နောက်ဆုံးတော့ စွန်းသွားပြီ ''

မေလေး ပျားသကာရည် လောင်းထားသောမျက်နှာမျိုးဖြင့် မင်းမခ အား ကြည့်ပြီးပြောလိုက်သည်။

မင်းမခကတော့ 'ဘာတုန်းဟ ' မသိနားမလည် အူကြောင်ကြောင် ပုံစံ လေးဖြင့်။ထိုစဉ် မြလေးက

''ငါတို့ခလေး ကံကောင်းတာ။ cele ကြီးက အရင် လာ add ရတာနဲ့။ ပါးစပ်ကိုယ်တိုင်သုတ်ပေးလိုက်ရတာနဲ့။ မင်းမခတို့များလျှိုးတာ ။ သူငယ်ချင်းအရင်းကြီးတွေတောင် မပြောဘူး။ ဒါမျိုးကျ ပါးစပ်ကိုလုံလို့. . .''

''မင်းမခ နင်ပြောတော့ ဟိုကချေ တယ်ဆို ။ စကားပြောကြည့်တာ နင်ထက် ခင်ဖို့ကောင်းတယ် သိလား။ နင်ကသာ သူ့ထက် အချေစတိုင်ရုပ်။ဟွန့်။ ငါတို့ကို သူ့အကြောင်းတစ်ခွန်းမှ မဟဘူး''

အတန်းထဲသို့သွားသော လမ်းတစ်လျှောက်တွင် မေလေးနှင့် မြလေးတို့ရဲ့တစ်ယောက်တစ်ပေါက် မကျေမနပ် ပေါက်ပေါက်ဖောက်ချက်များ ကို နှစ်ယောက်ကြားထဲရှိ မင်းမခ နားထောင်နေရသည်မှာ ကြာလျှင် လူလည်း လုံးပါးပါးတော့မည်။

''တော်ပါတော့ မယ်မင်းကြီးမတို့ရေ။ ဘယ့်နှယ်။ ကိုယ့်သူငယ်ချင်းအရင်းခေါက်ကြီးကိုကျ အကောင်းမမြင်ဘဲ ဒီနေ့တစ်နေ့မှ ရောက်လာတဲ့ ဟိုကိုတော်ချောကျ အကောင်းမြင်တာမှ တစ်ဖက်ကမ်းကို လွန်းနေတာဘဲ။

ငါတို့နှစ်ယောက် သိတာမကြာသေးဘူး။ နင်တို့ကို ဘယ်တုန်းကများ လျှို့ဝှက်ဖူးလို့လဲ။ သူကို ဟို အရင်တစ်ပတ် accident ဖြစ်တဲ့နေ့ကတည်းက တွေ့တာ ဒီနေ့ထိဘဲ။''

မင်းမခ မဲနက်နေသော မျက်ခုံးတန်းနှစ်ခု

ထိလု မတတ် မျက်မှောင်ကြုတ်ကာ မကျေ နပ် သံဖြင့် ပြန်ပြောနေရုံသာမက လမ်းပေါ်ကပြန့်ကြဲနေသောအပြစ်မရှိသည့် သက်မဲ့ဖြစ်သော သစ်ရွက်ခြောက်များကိုပင််လမ်းလျှောက်ရင်းခြေဖြင့်ကန်နေသည်မှာ စိတ်ကောက် နေသည့် ကလေးလေးတစ်ယောက်လိုပင်။

မင်းမခ တစ်ယောက် မကျေမချမ်းဖြစ်နေသည်ကို မေလေးနှင့် မြလေးသဘောပေါက်သောကြောင့် နှစ်ကောင်သမား မျက်ခုံးတစ်ဖက်ပင့်ကာ အထာပေးပြီး မင်းမခ ပုခုံးတစ်ဖက် တစ်ချက်စီကို ဖက်လိုက်သည်။ အဝေးကကြည့်လျှင် ထမင်းချိုင့် ကိုင်ထားသောပိန်ပိန်ရှည်ရှည် နွဲ့တိနွဲ့နှောင် ကောင်လေးကို ဘေးက မိန်းကလေးများ မတန်မဲ့ လူကြမ်းကြီးများ

သဖွယ် ပုခုံးကို နင်လားငါလားဖက်ကာ လမ်းလျှောက်နေသော ထိုသုံးယောက်။

''ကဲကဲ ငါတို့ရဲ့ ခလေးက စိတ်ကြီးဘဲ။

စိတ်လျှော့ စိတ်လျှော့။ လူပုသလောက် စိတ်ကတိုတာ။ ''

မြလေးက ရယ်သဲ့သဲ့ပြောလိုက်သည်။

5'7''လက်မရှိသော မင်းမခတစ်ယောက်

သူအရပ်ကို ပုသည်ဟု ပြောလျှင် ဆတ်ဆတ်ထိမခံ။ သူ့အတွက်တော့ အတော်အသင့် အရပ်ဟု သတ်မှတ်ထားသည်။

''ဘာ ပြောတယ် မိမြ။ ငါ အရပ်က နင်တို့ထက် ခေါင်းတစ်လုံးပိုသာတယ်နော်။ ပုတယ်လို့လာမပြောနဲ့။ ''

နဂိုတည်းက တာစူနေသည် နှုတ်ခမ်း ရှေ့သို့ ပိုပြီး စူထွက်ကာ မျက်လုံးများက မီးတောက်နေသည့်အလား တစ်လုံး မခံပြန်ပြောနေသော မင်းမခ။

''နင်က ဟိုKing နဲ့ယှဉ်လိုက်တော့ တော်တော်ကိုပုတာ။ နင်အရပ်က ယောကျာ်းလေးအရပ်အနေနဲ့ဆိုရင် ပုတာပေါ့နော်။ မိန်းကလေး အနေနဲ့ဆိုရင်ရှည်တာပေါ့ကွာ ''

အရေးထဲ အရပ် သုတေသန လုပ်နေသူ

မြလေးကြောင့် ကျွစ်သက်ကာ

''ငါက အရပ်ပုတာ မဟုတ်ဘူး။ ဟို အကို အရပ်ကိုမဟားတရားရှည်နေတာ ''

မင်းမခလည်း အရပ်နဲ့ပတ်သက်လျှင် သူတစ်ခွန်း ဆိုလျှင် ကိုယ် တစ်ခွန်းပြန်ပြောလိုက်ရမှ ကျေနပ်သူဖြစ်သည်။

ဤပုံစံ အတိုင်းသာဆိုလျှင် စာသင်ခန်းထဲရောက်နိုင်မည် မဟုတ်။ လမ်းပေါ်မှာတင် မြလေးနဲ့မင်းမခ နှစ်ယောက် စကားများတော့ မည် အဖြစ်ကို ကြိုမြင်သည့် မေလေးက

''ကဲကဲ တော်ကြတော့ နင်တို့နှစ်ကောင်။ မိမြ

နင်ငါတို့Uke လေးကို မှိုချို မျှစ်ချို မပြောစမ်းနဲ့။

ဒီနေ့က စပြီး မင်းမခ ဆိုတဲ့ uke လေးကို ဟို seme ကြီးနဲ့ ဝန်းရံဖို့ . . .အဟမ်း မဟုတ်ပါဘူး. . .ငါတို့စောင့်ရှောက်ရဖို့ သူငယ်ချင်းအနေနဲ့ တာဝန်ရှိတယ်''

"Uke"ဆိုသည့်အသံကြားသည်နှင့် မင်းမခတစ်ယောက် သူတို့နှစ်ယောက်အား မနိုင်ဘူးဆိုသည့် ပုံစံဖြင့် ခေါင်းတခါခါဖြင့် ရှေ့ကပင်သုတ်ခြေတင်ကာ Botany ပန်းနုရောင် နှစ်ထပ်ဆောင်ထဲသို့ဝင်သွားသည်။

မင်းမခအဖွဲ့ အတန်းထဲသို့ရောက်ရောက်ခြင်း ကိုယ်နေရာတွင်မထိုင်ရသေးမီ အတန်းဖော်သူငယ်ချင်းမများက Interviewကဲ့သို့ ဝိုင်းမေးတာ ခံကြရလေသည်။

~~~~~~~~~~~

နေရဲမာန်၏ အမဖြစ်သူ ဟေမာန်တစ်ယောက် ကင်မရာ ယူရန် တံခါးခေါက်လ်ုက်ပြီး မာန်အခန်းထဲသို့ ဝင်လိုက်သောအခါ ဂရုတစိုက်တောင်ရှာစရာမလို။ Polish သုတ်ထားသော ကျွန်းသစ် အညိုရောင် စာကြည့်စားပွဲပေါ်တွင်တင်ထားသော Sony Camera လေးတစ်လုံး။

အစတုန်းက မောင်ဖြစ်သူအား camera ယူ

သည်ကို အသိပေးမလို့။ အခုတော့ သူ့မောင်

နေရဲမာန်ကသူ့အခန်းထဲက ရေချိုး ခန်းထဲတွင် သီချင်းတကြော်ကြော်ဖြင့် အော်ဆိုကာ ရေချိုးနေစဉ်မို့ camera ကို ယူသွားပြီး အပြင်ဘက် ဆိုဖာခုံပေါ်တွင် ထိုင်ကာ မိဘမဲ့ဂေဟာကရိုက်ကူးထားသည့်ပုံများကို ဖွင့်ကြည့်လိုက်သည်။

နေရဲမာန် ရေမိုးချိုး အင်္ကျီ အဝတ်အစားလဲလိုက်ပြီး ခေါင်းလျှော်ပြီးရေစို နေသော ဆံပင်များကို hair dryer ဖြင့် မှန်ကြည့်ရင်း မှုတ်ကာ ပါးစပ်ကလည်း သီချင်းဆိုနေတာကအဆက်မပြတ်။ ထိုစဉ် မျက်လုံးက မှန်ထဲကမြင်ရသော သူရဲ့စာကြည့်စားပွဲခုံပေါ်သို့ အရောက် သူ့ Camera မရှိတော့သည်ကို သတိထားမိလိုက်ပြီး

''OMG !''

အခန်းအပြင်သို့ပြာပြာ သလဲ ပြေးထွက်လာတော့ sofa ပေါ်တွင် ဒူးနှစ်ချောင်းထောင်ကာ camera ထဲက photos များကို ပြုံးလျက်ကြည့်နေသော သူ့အမ ဟေမာန်အားတွေ့ရသည်။

ရေစက် အနည်းငယ်တွဲလွဲခိုနေသော ရှေ့ ဆံစများကို နောက်လှန် သပ်လိုက်ပြီးစိတ်ထဲတွင် သူ့အမ မရိပ်မိပါစေနဲ့ဟု ကြိတ်ဆုတောင်းနေမိခဲ့သည်။ သို့သော် သူ့ဆုတောင်း မပြည့်ခဲ့။ သူ့ထက် အကင်းပါးသော အမတော်က သူလည်းမြင်ရော camera ထဲက ကလေးလေးတစ်ယောက်ကို

ပါးလေးများဖောင်းကာ ပြောင်တီပြောင်စက်လုပ်ပြနေသော ကောင်လေးတစ်ယောက်ပုံကို မြင်အောင်ထောင်ပြလိုက်ပြီး

''ငါ့မောင် camera ထဲမှာ ဒီကောင်လေးပုံတွေဘဲ နေရာယူထားတယ်နော်။ ဟွင်း . . .ဟွင်း paparazzi သွားလုပ်တာလား ။ အလှူ သွားလုပ်တာလား မသဲကွဲဘူး''

devil smile ပြုံး ပြပြီး စလိုက်ရာ

''အမဗျာ ယောကျာ်း လေးအခန်းထဲသို့ အသံမပေး တံခါးမခေါက်ဘဲနဲ့ ခွင့်ပြုချက်မရှိဘဲ သူများပစ္စည်း ကိုင်တာ မကောင်းဘူး။ ပြန်ပေး ကျွန်တော်ကို''

camera အားလှမ်းယူ ရန်လက်လှမ်းစဉ်

အမဖြစ်သူ ဟေမာန်က camera ကို

အသာတကြည်မပေးတော့ နေရဲမာန် ကိုယ့် camera လိုက်လုရသည့်အဖြစ်။

''ငါ့ တံခါးခေါက်ပါတယ်နော်။ မင်းဘာသာမင်း မကြားတာ ။မာန် နင်မှန်မှန်ပြောစမ်း။ နင်အခုတလော အမူအရာတွေပြောင်းနေတယ်နော်။ boy -to-boy love အကြောင်း

တွေတောင် အထူးတဆန်း လာမေးနေတယ်ဆိုတော့ နင်မရိုးဘူး။ camera ထဲမှာလည်း မိန်းမချော ချော တဲ့ ဖြူ ဖြူ ဖွေးဖွေး ကောင်လေး ပုံတွေချည်းဘဲ။

မှန်မှန် ပြောစမ်း ။ နင် အာ့ကောင်လေး စိတ်ဝင်စားနေတာမလား?ငါကိုတော့ လိမ်ဖို့မကြိုးစားနဲ့။ ငါက နင်အမဆိုတော့ နင့်အကြောင်းကောင်းကောင်း သိတယ်။''

ဟေမာန်ရဲ့ မေးခွန်းကြောင့် မာန် လိုက်လုနေရာမှ ငြိမ်ကျသွားကာ စိတ်ရှုပ်စွာဖြင့် ခေါင်းကို ဖွာလိုက်ရင်း မျက်နှာချင်းဆိုင် sofa တွင် ထိုင်လိုက်သည်။

'' ငါအမှန်မပြောလည်း နင် camera ကို ကြည့်ပြီး ရိပ်မိနေလောက်ပါပြီ''

နေရဲမာန်ရဲ့ မထင်မှတ်ထားသောဝန်ခံချက်ကြောင့် အမဖြစ်သူ ဟေမာန် မှာ သူမရဲ့လက်ဖဝါးနှစ်ဖက်ကို ပါး တစ်ဖက်စီတွင်ကပ်ကာ အံ့သြသည့် ပုံစံဖြင့်

''Woww ငါ့မောင် ဘယ် အချိန်က

အာ့ကောင်လေးကို စိတ်ဝင်စားနေတာလဲ? မမ က ဝန်းရံဖို့အသင့်။Support တယ် ကိုယ်တွေက ။ အခုကော ဘယ်အဆင့်ရှိနေပြီလဲ? အမ ဘာ ကူညီပေးရအုံးမလဲ?''

မျက်မှန်အောက်က အရောင်လက်နေသော မျက်လုံးများဖြင့် ကြည့်ကာ မေးခွန်းများကို တရစပ် မေးနေရုံသာမက အကူအညီပေးဖို့အသင့်ရှိနေသော အမတော်အား မာန်တစ်ယောက် မယုံကြည် နိုင်ဖြစ်ရသည်။

''သူကို ချဉ်းကပ်တုန်းဘဲရှိပါသေးတယ်။ မိန်းကလေးတွေထက် သူလေးကို လိုက်ရတာ တော်တော်ခက်တယ်ဗျာ။သူ့ attention ရဖို့ တော်တော်ကို လုပ်ယူရတယ်''

''အေးပေါ့ ။ မိန်းကလေးနဲ့ယောကျာ်းလေး တူမှမတူတာ။ ဒါနဲ့မင်း သူကို အတည် လား or အပျော်ကြံတာလား? အပျော်ကြံတယ်ဆိုရင်တော့ မင်းကိုမမ ခွင့်မလွှတ်ဘူး နော်။ နှလုံးသားဆိုတာ ကစားစရာအရုပ်မဟုတ်ဘူး''

''ဟာ ဗျာ။ ကိုယ့်မောင်ကို မေးရက်တယ်။ သူကို စတွေ့ကတည်းက ကျွန်တော် သူနဲ့ပတ်သက်ပြီး ထူးထူးခြားခြားခံစားမိတာ။''

'' အေးပါကွာ။ မမ ကတော့ မင်းတို့နှစ်ယောက်ကိုသဘောတူတယ်။မင်းရဲ့ ကောင်လေးကလူချောလေးဘဲ ။နာမည်ကကော''

''မင်းမခ တဲ့''

''ချစ်စရာလေး။ ဒါနဲ့ဒီအကြောင်းကို မာမီ ကို ပေးမသိစေနဲ့အုံး။ အမပြောတာ မင်း သဘောပေါက်ပါတယ်။''

'' ကျွန်တော် သဘောပေါက်ပါတယ်။

နောက်ကိစ္စ နောင်လာနောင်ရှင်းဘဲ''

လက်ထဲက camera ကို လှမ်းယူပြီး လျှာထုတ်ပြောင်ပြကာ အခန်းထဲသို့ဝှစ်ခနဲဝင်သွားလေသည်။

ဟေမာန် ကမူ sofa ပေါ်တွင် သူမောင်လုပ်သူ အားကြည့်ပြီး  တပြုံးပြုံးဖြင့်ကျန်ရစ်ခဲ့လေသည်။

မာန်စိတ်ထဲတွင် ကျေနပ်မိသည်။ အချစ်ရေးကိစ္စတွင် သူဘက်က အနည်းဆုံးတော့ မိသားစုဝင်ဖြစ်သည့် အမဖြစ်သူ ဟေမာန်က ရပ်တည်ပေးသည် မဟုတ်လား . . .

စာကြည့်ပြီးသော အခါ 11: 00 ရှိနေလေပြီ။မွေ့ရာပေါ် ပစ်လှဲလိုက်ပြီး ဖုန်းဖွင့် ကာ line တက်လိုက်သည်။ fb ပေါ်တွင် noti တက်လာသည်ကို တွေ့သောကြောင့် ကြည့်လိုက်သောအခါ မင်းမခ နေရဲမာန်ရဲ့ friend request ကို လွန်ခဲ့သော 15မိနစ်က လက်ခံထားသောကြောင့် သူ ကျေနပ်မိသွားသည်။နှုတ်ခမ်းက အလိုလို ပြုံးသွားလျက်။

messenger မှတစ်ဆင့်

''Thanks for accepting me ''

ဟု လက်ချောင်းများ keyboardပေါ်တွင် အမြန်ရွေ့ကာ type လိုက်ပြီး မင်းမခဆီသို့ ပို့လိုက်သည်။

သူ့ဆီမှ reply ကို နေရဲမာန် screen

ကြည့်ပြီး စောင့်နေမိသည်။

1 min ကြာသောအခါ seen ဖြစ်လာပြီး

''My pleasure !Sorry for my belated acceptance ''

နေရဲမာန် စိတ်ထဲတွင် နေ့လည်က ကိုယ့်ရဲ့ friend request နဲ့ပတ်သက်ပြီး ပြောလိုက်တော့ ကိုယ်ကသူကို စိတ်ဆိုးနေသည်ဟု ထင်၍လားမသိ ။ ထိုကောင်လေး က

တောင်းပန်နေသည်။

''No problem''

''I'm gonna sleep .Bye bro''

ပို့ပြီး ချက်ချင်းout သွားသည်။

''Good night and sweet dream ''

ဆိုသော မာန်ရဲ့စာကြောင်းကတော့ chat box တွင်unseen ဖြစ်နေလျက်။

မာန်လည်း line out ပြီး ဖုန်းပိတ်ကာ စားပွဲပေါ်တင်လိုက်သည်။

ဘာဘဲဖြစ်ဖြစ် မာန်ကတော့ နှစ်ယောက်သမား အစကထက်စရင် တဖြည်းဖြည်း နီးလာရုံသာမက သူနှင့်လည်း cb တွင် အပြန်အလှန်စာပို့နိုင်ပြီ။

''မနက်မိုးလင်းကတည်းက ညအိပ်ရာဝင်တဲ့

အချိန်ထိ ကိုယ်ဟာ မင်းပထမဆုံး သတိရတဲ့သူဖြစ်ပါရစေ''

ဟု မာန်တစ်ယောက် တိုးတိုးလေး ဆုတောင်း

ရင်း မျက်ခွံများ တဖြည်းဖြည်း လေးလံလာကာ အိမ်မောကျသွားတော့သည်။

~~~~~~~~~~~~~~