Chapter 13: part 12{U}

နှလုံးသားထက်က လက်တစ်စုံ (Completed)Words: 26689

26.8.2020

အခန်းထဲရှိ စာကြည့် စားပွဲပေါ်က ထောင်ထားသော calendar ကို ကြည့်နေသော နေရဲမာန် တစ်ယောက် လက်ချိုး ရေတွက်ရင်း သက်ပြင်းမသိမသာ ချမိသည်။ ဘာလိုလိုနဲ့2 လတိတိပြည့်သွားပြီဆိုသည်ကို calendar ပေါ်က June လ 8ရက် ကို မင်နီဖြင့် ဝိုင်း ထားတာလေးက သက်သေပြနေဆဲ။ အိပ်မက်ထဲတွင် တွေ့ခဲ့ရသော မသဲမကွဲမျက်နှာ ဒါပေမဲ့ နူးညံသော လက်တစ်စုံအထိအတွေ့ကြောင့် ထို သူကို အပြင်မှာ ထပ်တွေ့ဖူးချင်မိသော ရူးမိုက်သော မျှော်လင့် ချက်တစ်ခု။ ထို မျှော်လင့်ချက်သည် နေ့တွင်းချင်း ရောင်ခြည် သန်းလာခဲ့သည်။

ထို June 20ရက်နေ့တွင် ကောင်လေးတစ်

ယောက်နဲ့ အမှတ်မထင် ဆုံတွေ့ခဲ့ရသည်။ သူ ထပ်၍ဆုပ်ကိုင်ချင်ဖူးသော လက်တစ်စုံ၏အထိအတွေ့ သည် ထိုကောင်လေးထံတွင်ရှိနေသည်ကို သူ မထင်မှတ်ဘဲ သိရှိခဲ့ရာ မြင်မြင်ချင်းသဘောကျခဲ့ရာ . . .

တစ်ဖြည်းဖြည်း တိုက်ဆိုင်မှုများကြောင့် ထို လက်တစ်စုံပိုင်ရှင် မင်းမခ ဆိုသော ကောင်လေးကို သူပိုးပန်းရန်ဆုံးဖြတ်လိုက်သည်။ homosexual love ကို အရင်တုန်းက သူ မယုံကြည်ခဲ့သော်လည်း မင်းမခနဲ့တွေ့ဆုံမိကတည်းက သူတဖြည်းဖြည်းချင်း ယုံကြည်လာသည်။ ဒါကလည်း မင်းမခကြောင့် ဟု ဆိုလျှင်မမှားပေ။

2လ ဆိုသော အချိန်အတောအတွင်း သူ့စွဲလန်းရသူ မင်းမခ ဆိုသော ကောင်လေးနဲ့ ကျောင်းပိတ်ရက်များတွင် သူငယ်ချင်းများနဲ့ ရုပ်ရှင်အတူကြည့် လျှောက်လည်ရသည်အထိ အတော်ခင်မင်လာမိသည် ။သို့သော် သူငယ်ချင်းဟု ဆိုသော စည်းဘောင် အဆင့်သာ။နေရဲမာန် မည်မျှပင် သူလေးနား ကပ်ဖို့ကြိုးစားကြိုးစား သူလေးကတော့ အရိပ်ပြ အကောင်မမြင် သလိုပုံစံပင်။ သူ့သူငယ်ချင်းမလေးများနဲ့ ဘော်ဒါ များ တောင် သူ မင်းမခအပေါ် မည်မျှ စိတ်ဝင်စားနေသည် ကို မင်းမခအပေါ် ဂရုစိုက်မှုများမှတစ်ဆင့် ကြည့်ရုံနဲ့ ရိပ်မိ ကြရုံသာမက တစ်ခါတရံfujoshiသူငယ်ချင်းမလေးများက မနေနိုင်တော့သည့်အနေဖြင့် ကြားထဲကအောင်သွယ်တော် ပင်လုပ်ပေးကြသေးသည်။

ဖွင့်ပြောပါ ဟု တိုက်တွန်းကြသော်လည်း နေရဲမာန် မင်းမခ ကို ဖွင့်မပြောရဲသေး။ သူလေးများ ကိုယ်ကို အထင်သေးသွားမည်လား စိတ်ကွက်သွားမည်လား ကိုယ်ကို ခင်မင်နေသည့်အဆင့်မှ ရပ်စဲသွားမည်လား စသည့် စိုးရိမ်မှုများကြောင့် မင်းမခ အားဖွင့်ပြောရန် တုံ့ဆုတ်တုံ့ဆုတ်ဖြစ်နေသည်။

မည်မျှပင် သူငယ်ချင်းများအကြား နှစ်ယောက်လုံးကို အတွဲများလို စနောက်သော်လည်း ထ ကောင်လေး မင်းမခ ကမူ ပြုံး ရုံမှ တစ်ပါး ဘာမှမတုံပြန့်တတ်။ တည်ငြိမ်လွန်းသူပမာ မျက်နှာပုံစံကလည်း ခပ်တည်တည်။

ထိုသို့စလိုက်တိုင်း မနေတတ်မထိုင်တတ်ဖြစ်

နေသူမှာ UMM ရဲ့ king ကြီး နေရဲမာန်ပင်။

နေရဲမာန် ပြင်ဆင် စရာရှိတာပြင်ဆင်ဖီးလိမ်း

ပြီး ကျောင်းသို့ ထွက်လာခဲ့သည်။ ခါတိုင်းလိုပင် နေ့ လည် တွင် သူငယ်ချင်းများနှင့်အတူ MU ရှိ canteen ဘက်သို့ မောင်းထွက်လာခဲ့သည်။

နေ့လည်စာစားချိန်တိုင်းတွင် နေရဲမာန် MU ရှိ canteen များတွင်သာ မင်းမခတို့ အဖွဲ့ နဲ့အတူ စားဖြစ်တာ ပိုများသည်။

Canteen ရောက်သည်နဲ့ တစ်ပြိုင်နက်

foodie သုံးယောက်သမား နေရဲမာန်နှင့် သူ့သူငယ်ချင်းများပင် မစောင့် အပြိုင်အဆိုင် စားနှင့် သောက်နှင့်နေကြသည်။

''ငါတို့အလာကိုတောင် မစောင့် ဘူး ။

ကြည့်စမ်း။ ဝါးတီးနေကြတာ''

မျိုးမြင့် လွတ်နေသော ခုံကို ဆွဲယူပြီး ဝင်ထိုင်ကာစကားစလိုက်သည်။

ထိုအခါ ခေါင်းမဖော်နိုင်အောင် ရှမ်းခေါက်ဆွဲလွေးနေကြသော မင်းမခ တို့ အသံလာရာဘက်ကို ကြည့်လိုက်တော့ နေရဲမာန်တို့အဖွဲ့ က သူတို့ဝိုင်းတွင်နေရာယူ ပြီးနေပြီ။

'' ဒီနေ့နေ့လည် အချိန် ဆရာမက 15မိနစ်

စောပြီးဝင်မှာမို့လို့ အမြန်လွေးနေရတာပါရှင့်။ ဒီက အကို တို့ကို မစောင့်မိတဲ့အတွက်လည်း တောင်းပန်ပါတယ်ရှင့်''

ပလုပ်ပလောင်း ဝါးရင်းတရှင့် ရှင့် ဖြင့်ပြောနေသော မြလေးပုံစံကို ကြည့်ကာ တဝါးဝါး

ပွဲကျနေသော မျိုးမြင့်နဲ့ ဟိန်းထက်။

''ဘာတွေများ ထရယ် စရာ ရှိလို့လဲ?''

မြလေး မျက်စောင်း ထိုးကာ ဘုတော မေးပစလိုက်တော့မှ နှစ်ကောင်သမား မျက်နှာပိုး သက်ကာခပ်သုတ်သုတ်ဖြင့်မှာစရာရှိတာ ထမှာ ကြတော့သည်။ ခင်မင် ပေါင်းသင်းလာတာ 2လရှိပြီမို့သူတို့လည်း မြလေးနဲ့မေနှင်း စွာတေးလန် မနိုင်စိန်များ ဖြစ်သည်ကို သိလာကြသည်။

မင်းမခအနေအေးသလောက် သူ့ပေါင်းသည့်

သူငယ်ချင်းမများ က ဆတ်ဆတ်ထိမခံစွာတေးလန်များ ဖြစ်သည့်အတွက် စစချင်း နေရဲမာန်တို့အဖွဲ့ အနည်း ငယ် ရှိန်တင်တင်ဖြစ်ခဲ့ရသည်။ ရင်းနှီးစွာ ပေါင်းပါ များတော့လည်း

တစ်ယောက်အကြောင်းတစ်ယောက်သိကာ

တစ်ယောက်နဲ့တစ်ယောက် စသည်နောက်

သည်အထိ ခင်မင်လာခဲ့ကြသည်။ အသက်

အတန်း တက္ကသိုလ် မတူသော် လည်း 2လ အတောအတွင်းတွင် နေရဲမာန် တို့အဖွဲ့ လည်း မင်းမခသူငယ်ချင်းများနဲ့ တပူးပူး တတွဲတွဲ

ဖြစ်ကာ တစ်ဖွဲ့တည်း ဖြစ်လာသည့်အထိ ပင်။

''ငါတို့ ဟို သွားမဲ့ကိစ္စကို သူတို့ကို ပြောလိုက်ရင်ကောင်းမလား?''

''အာ သူတို့က မလိုက်ဘူး လို့ဘဲပြောမှာ။

ပြီးတော့ သွားမဲ့နေရာက လမ်းကြမ်းတယ်ဟ။ သူတို့လို စာကြမ်းပိုး ဆေးကျောင်းသားတွေကအာလို adventurous trip တွေဆို စိတ်ဝင်စားမယ်မထင်။ ''

''ပြောကြည့်လိုက်ပါ။ ယောကျာ်းလေးအဖွဲ့ပါ

တော့ ကောင်းတာပေါ့ အဖွဲ့များလေ ကောင်းလေ ''

နေရဲမာန်တို့ အစားအသောက် သွားမှာနေခိုက်  မင်းမခ မြလေး မေနှင်းတို့သုံးယောက်

ခေါင်းချင်းဆိုင်ကာ လာမည့်တနင်္ဂနွေနေ့ တွင် နေ့ချင်းပြန် ခရီးတို တစ်ခုအတွက် နေရဲမာန်တို့အား အဖော်ခေါ်သင့် မခေါ်သင့် ဆွေးနွေးနေကြသည်။

''ဘာတွေကိုယ်တို့မသိအောင် ကြိတ်

ဆွေးနွေးနေကြတာလဲ ညီမတို့''

နေရဲမာန် ကိုယ့်ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး မေးလိုက်ရာ မေလေးက မင်းမခ အား နင်ပြောလိုက်ဆိုသော အထာ ဖြင့် တံတောင်ဖြင့် မသိမသာ တွတ်လိုက်ရာ မင်းမခ မကျေနပ်သော မျက်စောင်းဖြင့် မေလေးအားတစ်ချက်ကြည့်လိုက်သည်။ မျက်နှာချင်းဆိုင်တွင် ထိုင်နေသောနေရဲမာန် မင်းမခရဲ့ အပြုအမူ လေးကို မြင်ဖြစ်အောင်မြင်သွားပြီး မသိမသာ ပြုံး ကာ မမြင်ချင်ဟန်ဆောင်နေလိုက်သည်။

''အကို တို့ ကျနော်တို့ . . .လာမည့် Sunday မှာ ဘိုင်ဘင် ရေတံခွန် သွားမလို့။ အာဒါ ဒီက အကိုတွေ လိုက် ချင်ကြလား. . .ဒါပေမဲ့ အာနေရာက . . ''

''ကိုယ် လိုက်မယ်''

မင်းမခ ရဲ့ ဖိတ်ခေါ်စကားကြောင့် နေရဲမာန် ထို နေရာကို မကြားဖူးပေမဲ့လည်း မင်းမခနဲ့အတူ trip တစ်ခု ထွက်ရတော့မည့်အခွင့်အရေးကြောင့် နေရဲမာန် ကြားဖြတ် ပြောလိုက်သည်။

မျိုးမြင့်နဲ့ဟိန်းထက်က နေရဲမာန် အား

အံသြတကြီး အကြည့်ဖြင့် ကြည့်ကာ

''ဟေ့ကောင် မင်းကလည်း လောတာ ။

စကားလေးလည်း ဆုံးအောင်နားထောင်ပါအုံး''

ဟိန်းထက် ပြောလိုက်တော့မှ မင်းမခလည်းဆက်ပြီး

''အာနေရာက လမ်းနည်းနည်းကြမ်းတယ်။

တောင်လည်း တက်ရမှာဆိုတော့ တော်တော်ပင်ပန်းမှာ။ အာဒါ အကိုတို့တွေ အဆင်ပြေပါ့မလား?''

''အကို ပြောပြီးပြီလေ ။ အကို လိုက်မယ် လို့။ လမ်းကြမ်းတာ ကိစ္စမရှိပါဘူး။

ယောကျာ်းလေးတွေဘဲ။ အေးဆေးပါ။ ''

နေရဲမာန် ယုံကြည်မှု အပြည့်နဲ့ပြောနေသော စကားများကြောင့် မျိုးမြင့်က

''ဟေ့ကောင် သားကြီး မင်းwaterfall သွားရတာ ဘယ်တုန်းက နှစ်သက်လို့လဲ? တောင်တက်ဆို ပိုဆိုး။ ငါတို့UMM မှာ တောင်တက် ခရီးစဉ်တွေ ရှိတိုင်း မင်း ဘယ်တုန်းက လိုက်ဖူးလို့လဲ?''

မယုံသင်္ကာ ဖြင့် ပြောလိုက်တော့ မင်းမခတို့အဖွဲ့ကလည်း သူအား အကဲခတ်နေကြသည်။ အရေးထဲ ဟိန်းထက် ကလည်း ထောက်ခံလိုက်သေးသည်။

*လဒစုတ် တွေ ကျက်သရေတုံးတယ်။

မကောင်းတဲ့ သူငယ်ချင်းတွေ ။ အလိုက်ကန်းဆိုး မသိတဲ့ကောင်တွေ'*

နေရဲမာန် စိတ်ထဲတွင် ဘော်ဒါ နှစ်ယောက် အား မကျေမနပ် မေတ္တာ ပို့သရင်း

''အရင်တုန်းက Waterfall သွားရတာ မကြိုက်ဘူး။ အခု ကြိုက်တယ်လေ။ အရင်တုန်းက တောင်မတက်ဖူးဘူး။အခုတော့ တက်ကြည့် ချင် တယ်လေ ။ အသစ်အဆန်းဆို tryကြည့်သင့်တယ်လေကွာ။ဘာများထူးဆန်းတာ မှတ်လို့လဲ။ မင်းတို့လည်း လိုက်ကြမှာမလား။ဘယ် နေရာ သွားသွား ရှေ့ ဆုံး ကလိုက်ချင်ကြတဲ့သူတွေဆိုတော့ ''

ထမင်းကြော် တစ်လုပ်ကို ပါးစပ်ထဲသွင်းရင်း . . .

''ငါတို့တွေက လိုက်မှာပေါ့။ Travelling is the best remedy ''

မျိုးမြင့်နှင့် ဟိန်းထက် က ကြွေးကြော်လိုက်ကြသည်။

မေလေးနဲ့မြလေးတို့က နှစ်ကောင်သမား

လက်ဝါးခြင်းရိုက်ပြီး မင်းမခ ဘက်သို့လှည့်၍ ' ပိုင်တယ်မလား 'ဆိုသည့်အကြည့်ဖြင့်။

''အဲနေ့ ညီမတို့ သွားဖို့ ကားစီစဉ်ပြီးပြီလား?''

နေရဲမာန် ရုတ်တရက် အမေးကြောင့်

သုံးယောက်သမား ပြိုင်တူ ခေါင်းခါ ကြသည်။

''ကျနော်တို့က ကောက်ကာငင်ကာ အစီအစဉ်ဆွဲလိုက်တော့ ကားက မစီစဉ်ရသေးဘူး။ နောက်လထဲ စာမေးပွဲမဖြေမီ trip ထွက်လိုက်တာ။''

tissueဘူးထဲက tissue ကို ဆွဲယူရင်း

စားပွဲပေါ်က ပေကျံနေသော ဟင်း စက်များကို သုတ်ကာ ပြောနေသော သူလေး ။

''အာဆိုရင် အကို တို့ကားနဲ့ဘဲသွားမယ်လေ။

အကို တို့ အိမ်ကို လာခေါ်လိုက်မယ် ။ ရတယ်မလား?'

နေရဲမာန် ၏စကားကြောင့် မင်းမခ တစ်ရှုး

သုတ်လက်စ ကို ရပ်ပြီး မာန်အား

''ဟမ် အကို အားနာစရာကြီး။ အကိုကား က လူ 6ယောက်စာ မဆံဘူးလေ ''

အားတုံအားနာဖြင့်ပြောလိုက်သည်။

'' haha မပူပါနဲ့ ကောင်လေးရာ။အကို ကားနဲ့မသွားပါဘူး။ ''

နေရဲမာန် ပြောရင်း မျိုးမြင့်နဲ့ဟိန်းထက် ဘက်သို့မျက်စတစ်ချက် ပစ်လိုက်သောကြောင့် နှစ်ကောင်သမား သဘောပေါက်ကာ မာန်အား မကျေမနပ် အကြည့်ဖြင့် ကြည့်နေခိုက်

''အာဆို ကားကိစ္စ အဆင်ပြေသွားပြီ။ ကျန်တဲ့ ကိစ္စတွေကို ညကျမှ Messenger Group Chat ကနေ ပြောတော့မယ်နော်။ အခု အချိန်မရှိတော့ဘူး။ ညီမတို့ အရင်ပြန်နှင့်ပြီ ။ အတန်းတက်ခါနီးပြီမို့လို့''

မေလေးရဲ့ အပြောကြောင့် မင်းမခလည်း လက်ပတ်နာရီ ကို ပြန်ကြည့်ရသည့်အဖြစ် . . .12: 40ရှိနေပြီမို့ မေလေးတို့သုံးယောက် နေရဲမာန်တို့အား နှုတ်ဆက်ကာ ခပ်သွက်သွက် အခန်းထဲသို့ ပြန်လာခဲ့ကြသည်။

~~~~~~~~~~~

မျိုးမြင့်နဲ့ ဟိန်းထက် နှစ်ယောက်ထဲက တစ်ယောက် ကား ကိစ္စတာဝန်ယူရမည်ဖြစ်သောကြောင့် တစ်ယောက်နဲ့တစ်ယောက် မင်းယူ နင်ယူ အသည်းအသန်ငြင်းခုံရင်း

ကားအေးအေးဆေးဆေး မောင်းနေသော မာန်အားပြစ်တင်ဝေဖန်သံများ ကားထဲတွင်ပျံလွင်နေဆဲ။

မာန်ကတော့ ထို အသံများ မကြား။ ကားကိုသာ အာရုံစိုက်မောင်းနေသည်။ စိတ်ထဲမှာတော့ Sunday တွင် ချစ်ရသူနဲ့အတူ ခရီးထွက်ရမည်သာမက ထို သူ အိမ်တည်နေရာကို လည်း သိရမည် ဆိုတော့ တစ်ချက်ခုတ်နှစ်ချက်ပြတ် မဟာ အခွင့်အရေးကြောင့် ရွှင်မြူးနေလို့ပင်။

UMM canteen တွင်ထိုင်နေသော မေမြတ်နဒီတို့သူငယ်ချင်းမအုပ်စု က မာန်စီးလာသော B &W ကား အပြာရောင်လေး UMM ထဲသို့ဝင်လာသည်ကို တွေ့သော အခါ မေမြတ်နဒီဘေးနား ထိုင်နေသော သူငယ်ချင်းမတစ်ယောက်က

''ဟဲ့နဒီ ဟိုမှာ နေရဲမာန်ပြန်လာပြီ။ နေ့လည်စာ စားချိန် ဆိုရင် သူဘယ်တွေသွားစားနေလဲမသိဘူး။ ဒီမှာ မထိုင်တာတော်တော်ကြာပြီ''

စားပွဲပေါ်က သီးစုံပန်းကန်ထဲက ပန်းသီးစိတ်ကို ခရင်းဖြင့် ထိုးကာ ပါးစပ်ထဲသို့ထည့်ရင်း ပြောလိုက်သည်။

မေမြတ်နဒီကတော့ မသိဘူးလေ ဆိုတော့

ပုံစံဖြင့် ပုခုံးတွန့်ပြကာ အအေးဆက်သောက်

နေလိုက်သည်။

''ငါMU မှာရှိတဲ့ friend တွေပြောကြတယ် ။ MU က ကောင်လေးချောချောတစ်ယောက်ကို မာန်တစ်ယောက် လိုက်နေတယ်ဆိုလားဘဲ။ သူ နေ့လည်စာစားချိန်တိုင်း အဲ့ဘက်က canteenကို နေ့တိုင်းနီးပါး လာစားတယ်တဲ့။ နဒီ နင် သတိထားနော်။ နင်ဟာကြီး ပါသွားအုံးမယ်''

ဝိုင်းထဲက သူငယ်ချင်း မတစ်ယောက်ရဲ့

အပြောကြောင့် နဒီသောက်လက်စ ဖျော်ရည်ကို မသီးအောင်ထိန်းရင်း ဖန်ခွက် ကို စားပွဲပေါ်သို့ အသံမမြည်ရုံတမယ်တင်ကာ

''အဟက် နင်တို့က လာနောက်နေတာလား။

နေရဲမာန် လိုမျိုး စမတ်ကျ SKB king(SKB=စော်ကြည်ဘဲ) တစ်ယောက်က လိင်တူ  တစ်ယောက်ကို ကြိုက်နေတယ်ဆိုတာ Impossible ဘဲ။

နင်ကြားနေတဲ့ဟာတွေက ကောလဟာလနေမှာပါ။ ''

ခြေချိတ်ထိုင်ကာ လက်ပိုက် ပြီး ယုံကြည်ချက် အပြည့်နဲ့ ငြင်းလိုက်သည်။

''ဟဲ့ မိန်းမ အခုခေတ် က ကျားကျားချင်းလည်းဖြစ်နေတာဘဲ။ straight တစ်ယောက်က gayမ ဖြစ်သွားနိုင်ဘူးလို့လည်း တပ်အပ်မပြောနိုင်ဘူး။ LGBT supporterတွေလည်းရှိလာပြီ။ ပုလင်းကွဲရှခံနေရအုံးမယ်။ ''

ဘေးက သူငယ်ချင်းအပြောကြောင့် နဒီ လက်ပိုက်နေရာမှ လက်ဖြုတ်ပြီး စားပွဲပေါ်သို့လက်တင်ကာ မျက်နှာပြင်ကို လက်သည်းနီ ဆိုးထားသော လက်သည်းရှည်များဖြင့်

တတောက်တောက် ခေါက် ရင်း

''တော်စမ်းပါဟာ။ အကယ်၍ မာန်က

ကောင်လေးတစ်ယောက်ကို လိုက်နေတယ်ဆိုရင်တောင် အပျော်ဘဲဖြစ်လောက်မယ်။ boy-to-boyချင်း ဘယ်လို လက်တွဲကြမှာလဲ? မာန် လို မိန်းကလေးတွေနဲ့ရည်းစားထည်လဲတွဲဖူးတဲ့သူက ကောင်လေးတစ်ယောက်ကို ချစ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ သူဘဝအတွက် လက်တွဲဖော်ဖြစ်လောက်အောင် အထိ သူလုပ်ရဲမှာ မဟုတ်လောက်ပါဘူး။ ''

အတင်းအကျပ် မယုံကြည်သော နဒီရဲ့စကား

ကြောင့် သူငယ်ချင်းမများလည်း ဆက်ပြောချင်စိတ်မရှိတော့။ စကားလမ်းကြောင်းလွှဲကာ အခြားအာလာပသလာပများသာ ပြောရင်း နေ့လည်အချိန်ကုန်ဆုံးခဲ့ကြသည်။

~~~~~~~~~~~~