Chapter 20: part 19{U}

နှလုံးသားထက်က လက်တစ်စုံ (Completed)Words: 17848

နေရဲမာန် တစ်ယောက် အညိုရင့်ရောင်

ကျွန်းဗီရိုကြီးရှေ့ အဝတ်ပုံကြားထဲတွင် ဘာဝတ်လို့ ဝတ်ရမှန်းမသိ အလုပ်ရှုပ်နေသည်။ မွေ့ရာ ပေါ်တွင်အင်္ကျီdesign အမျိုးအစားစုံလင်စွာ ပြန့်ကျဲလျက်။

Date ဖို့သွားသည်လား သူငယ်ချင်းများအား

ချိန်းတွေ့ဖို့သွားသည်လား မသဲကွဲသော မာန်

အကျီၤ ရွေးခြင်းအလုပ်ကို မိနစ် 20လောက်

အချိန်ယူလိုက်ရသည်။နောက်ဆုံးဖြီးလိမ်းပြင်ဆင်ပြီး လေတချွန်ချွန်ဖြင့်

အောက်ထပ်သို့ဆင်းလာခဲ့သည်။

ဒီနေ့ Cinema တွင် သူငယ်ချင်းများနဲ့ အတူ

ရုပ်ရှင်ကြည့်ရန် ချိန်းဆိုထားသောနေ့ဖြစ်သည်။စက်တင်ဘာလ စာမေးပွဲရာသီဖြစ်သောကြောင့် နောက်ဆုံး ချိန်းတွေ့ခြင်းဟု ဆိုလျှင်မှားမည်မဟုတ်ပေ။

'သားမာန် ဘယ်သွားမလို့လဲ?''

ဧည့်ခန်းထဲရှိ မာမီ လှမ်း ခေါ်သံကြောင့် မာန်

အပြင်သွားရန် ဦးတည်နေသော ခြေလှမ်းများ လှေကား အောက်အရောက်တွင် ဘရိတ်အုပ်သလို ရပ်တန့်လိုက်သည်။

မာန် မာမီခေါ်သံကြားရာ ဧည့်ခန်းထဲသို့ အကြည့်ရောက်သောအခါ မေမြတ်နဒီ တို့ မိသားစု ရောက်နေသည်ကို တွေ့လိုက်ရသည်။ဆံပင် ကို အပြောင် စည်းနှောင် ထားပြီး ဝမ်းဆက် ပန်းရောင် လက်ပြတ်ခါးတို မြန်မာဝတ်စုံ ဝတ်ဆင်ထားသော နဒီ မှာ ရိုးရိုးရှင်းရှင်း လေးဖြင့် ကြော့ရှင်း လှပ နေသည်။နဒီတို့ မိသားစု မာန်အားနှုတ်ခွန်းဆက်သည့်သဘောဖြင့် မြင်မြင်ချင်း ပြုံးပြလိုက်သည်။

မာမီ အမေးကို မဖြေဘဲ ခြေလှမ်းများကို

ဧည့်ခန်းဘက်သို့ဦးတည်လိုက်

ပြီး လူမှုရေး သဘောအရ နဒီတို့ မိသားစု အား လောကဝတ်ပြုလိုက်သည်။

''နဒီတို့တောင် ရောက်နေတာဘဲ။ ဘယ်အချိန်ကတည်းကလဲ?''

''ခုနကတည်းက တို့ရောက်တာ ။

11လောက်ကပေါ့။ဒါနဲ့ အလန်းဇယားပြင်ထားတာဆိုတော့ ဘယ်သွား မလို့လဲ

မာန်? ''

''သူငယ်ချင်းတွေနဲ့ ချိန်းထားတာရှိလို့ နဒီ''

''သား 11ခွဲနေပြီဆိုတော့ တစ်ခါတည်း

နေ့လည်စာ စားသွားလိုက်လေ။ နဒီတို့ မိသားစုနဲ့ နေ့လည်စာ မစားရတာလည်း ကြာပြီ ဆိုတော့ ''

မာမီ၏ ဖိတ်မန္တကပြု မှုကြောင့် မာန်ငြင်းရန် တွေဝေနေခိုက်

''ဟုတ်သားဘဲ သားမာန်။ တို့တွေလည်း ထမင်းလက်ဆုံမစားရတာကြာပြီ။ ကြုံတောင့် ကြုံခဲ အတူတူစားကြတာပေါ့''

နဒီ အမေပါ ဝင်ပြောလာသောကြောင့် အားနာကာ မာန် လက်ပတ်နာရီကို တစ်ချက ကြည့်လိုက်ပြီး အချိန်ရသေးသောကြောင့် သဘောတူလိုက်သည်။လူမှုရေး ကျင့်ဝတ်အရငြင်းလျှင်မကောင်းသောကြောင့် မာန် သဘောတူလိုက်ခြင်းဖြစ်သည်။

''ကဲကဲ ထမင်းစားခန်းထဲ သွားရအောင်။ အကုန်လုံးပြင်ဆင်ပြီးသွားပြီ''

မာမီ ရှေ့ ကနေ ဦးဆောင်ကာ နဒီမိသားစုအား ထမင်းစားခန်းထဲ ခေါ်သွားသည်။

မာန် ဧည့်ခန်းထဲတွင် ယောင်တောင် ပေါင်

တောင်ဖြင့် နေခဲ့ကာ ချက်ချင်း ဘောင်းဘီ အိတ်ထဲက ဖုန်းကို ထုတ်ကာ မျိုးမြင့်နဲ့ဟိန်းထက်ဆီ နောက်ကျမည့်ဖြစ်ကြောင်း အသိပေးရန် message အလျင်အမြန်ပို့လိုက်သည်။

ထမင်းဝိုင်းစားပွဲတွင် မာန်အမေ ဒေါ်သိင်္ဂီ

ညာဘက်တွင် နဒီ အဖေအမေ ပြီးမှ နဒီ

မာမီ နဲ့ နဒီကြားတွင် မာန်ဝင်ထိုင်လိုက်သည်။

''သား တစ်ယောက်တည်းချည်းဘဲထည့်မနေနဲ့။ နဒီပန်းကန်ထဲကို လည်း ဟင်းတွေထည့်ပေးလိုက်အုံး''

မာမီပြောမှ ကိုယ့်ပန်းကန်ထဲသို့ ဟင်းများ ခူးခပ်ထည့်နေသော မာန် လက်တွန့်သွားကာ ခပ်တည်တည်ပင် ထမင်းစားမပြတ်။

''ရပါတယ် အန်တီ။အားနာစရာကြီး။ သမီးဘာသာထည့်စားလိုက်ပါမယ်။ ''

ထမင်းခဲများကို ဇွန်းနဲ့ခရင်းဖြင့် ဖိချေရင်း

ဒေါ်သိင်္ဂီထက် အား ချိုသာစွာ ပြောလိုက်သည်။

ထမင်းစားပွဲမှာ ဟင်းများကို လှည့်လို့ရသော စားပွဲဝိုင်းဖြစ်သောကြောင့် နဒီ အနီးရှိ ကြက်သားပန်းကန်ထဲက ကြက်သားတုံးဆယ်ရန် ဇွန်းကို ကိုင်မလို့ လက်လှမ်းခါနီး မာန် ဇွန်းကို ကိုင်လိုက်ကာ ကြက်သားတစ်တုံးကို ဆယ်ပြီး  နဒီ ထမင်းပန်းကန်ထဲသို့ထည့်ပေးလိုက်သည်။

မာန် အပြု အမှုကြောင့် နဒီ တစ်ယောက် ရင်ထဲတွင် ပီတိများအလိုအလျောက်ဖြာလျက်။

ထမင်းဝိုင်းတွင် ထမင်းစားရင်း အာလာပသလာပ ပြောနေကြစဉ် မာန်ကတော့ ထမင်းကိုသာ ခပ်သွက်သွက် စားသည်။ မေးလျှင် ဖြေသည် ။ ခေါ်လျှင် ထူးသည် စသည့်လောက်သာ။

မာန် ထမင်းစားပြီး ထိုင်ခုံမှအထ

''မာန် ထမင်းစားတာ မြန်တာ ''

နဒီ အပြောကိုပင် ဂရုမစိုက်နိုင်။ မာန် နာရီကို တစ်ချက်ကြည့်လိုက်ပြီး

''သူငယ်ချင်းတွေနဲ့ချိန်းထားတာ နောက်ကျနေပြီး မို့လို့ သွားခွင့် ပြု ပါအုံး ခင်ဗျာ''

လူကြီးသူမ များကို ရိုရိုသေသေ နှုတ်ဆက်ပြီးမာမီ ပြန်အပြောကိုပင် မကြားနိုင်လောက်သည်အထိ အိမ်မှ အလောသုံးဆယ် ထွက်လာခဲ့သည်။

*မာန် သူငယ်ချင်းနဲ့ချိန်းထားတာများ ဘာကြောင့်ဒီလောက်ရေးကြီးသုတ်ပြာ ဖြစ်နေရတာပါလိမ့််?*

နဒီတစ်ယောက် ခေါင်းထဲတွင် တစ်ယောက်တည်းမေးခွန်းထုတ်ရင်း လူကြီးများနှင့် ကျန်နေခဲ့သည်။

Ocean ရောက်တော့ 12ခွဲပြီးဖြစ်သောကြောင့်မာန် ကမန်းကတန်း cinema ဆီသို့ အပြေးလာခဲ့သည်။

နေရဲမာန် ရောက်သည့်အခါ သူငယ်ချင်းများ

ခုံတန်းပေါ်တွင် ထိုင်စောင့်နေလျက်။

''သားကြီး နောက်ကျ လှချည်လား ။ ရုပ်ရှင်တောင်စနေပြီ''

မာန် အမောပင် မဖြေနိုင်သေး။ ဟိန်းထက်

ဟောက်သံကို အရင်ဆုံးကြားရသည်။

''sorry ကွာ . . .''

''Wowww မာန် ဒီနေ့ design အရမ်းမိုက်

တယ်။ ဘောင်းဘီတိုတွေနဲ့ ''

''Something is something''

မြလေးနဲ့မေလေးတို့၏ ချီးမွမ်းနောက်ပြောင်မှုကို ပြန်မဖြေနိုင်အား။ ချွေးစို့ကာ ဟောဟဲစိုက်နေရသည့်အဖြစ်။

Free styleပုံစံ ဆင်စွယ်ရောင် ဒူးအထိရှိသောဂျင်းဘောင်းဘီတိုနဲ့ တွဲဖက် ဝတ်ဆင်ထားသော shirt စင်းကြား ဖြူ ပြာ လက်ရှည် မှာမာန် အရင်တုန်းက ဘောင်းဘီရှည် ဝတ်နေကျစတိုင်နဲ့ ကွဲထွက်နေသည်။ယောကျာ်းလေးဝတ် sneaker အပြာရင့်ရောင်ကို ဝတ်ထားပြီး လက်ရှည် ကို တံတောင်ဆစ်အထိ ဆွဲတင်ထားသည်မှာ တစ်မျိုး တစ်ဖုံကြည့်ကောင်း ပြီး ဆွဲဆောင်နေသည်။

''ရော့ ရေသောက်လိုက်အုံး။ ချွေးတွေကြီးဘဲ''

ခါးထောက်ကာ ဟောဟဲစိုက်နေသော မာန်

အဖြစ်ကို မင်းမခဂရုဏာ သက်စွာ ကြည့်ရင်း သူအား ကမ်းပေးလိုက်သည်။

ကမ်းပေးသောသွယ်လျသောလက်ချောင်း များကြားထဲက ရေအေးဘူးကို မသောက်ရသေးခင်မှာတင ချစ်ရသူ၏အလိုက်သိတတ်မှုကြောင့် မာန် အမောတဝက် ပြေပျောက်နေပြီးဖြစ်သည်။

''ကျေးဇူး ''

ဟုပြောရင်း ရေအေးဘူးကို ယူကာ

မော့သောက်လိုက်သည်။မင်းမခ သူ့လက်ထဲက ကိုင်ထားသောမုန့်အိတ်ထုပ်ထဲမှ tissue ထုပ်ကို ယူလိုက်ပြီး မင်းမခအား ကမ်းပေးလိုက်သည်။

မာန်မှာမူ မှိုရသော မျက်နှာမျိုး ဖြင့် ခ ကမ်းပေးသော တစ်ရူးထုပ်ကို ဖောက်ကာ နှစ်ရွက်

လောက်ထုတ်ကာ နဖူးပြင်ပေါ်က ချွေးစက်များကို သုတ်လိုက်သည်။

''မြန်မြန်လာကွာ။ ရုပ်ရှင်ပြနေပြီ''

စိတ်မရှည်တော့သည့်အနေဖြင့် မျိုးမြင့်

လက်မှတ်စစ်ကောင်တာတွင် လက်မှတ်စစ်ရင်း ကျန်တဲ့5ယောက် ကို အော်ခေါ်လိုက်သည်။

''ရုပ်ရှင်က သရဲကားလား?''

နေရဲမာန် ဟိန်းထက်နား ကပ်ကာ တိုးတိတ်စွာမေးလိုက်သည်။

''အေး ။ဟိုကောင်မလေးတွေက တ horror တည်း horrorဖြစ်နေလို့ သရဲကား လက်မှတ်ဖြတ်လိုက်တာ''

ရှုံမဲ့စွာ ဖြေလိုက်သည်။

မာန် စိတ်ထဲတွင် horror movie ဆိုတော့ ရုပ်ရှင်ရုံထဲတွင် သရဲကား ကြည့်ရင်း မင်းမခ

မည်မျှ ကြောက်လန့်မည်ကို တွေးရင်း မျက်နှာဘေးက ပြုံး စိစိဖြင့်။ မင်းမခ ကြောက်နေသည့် အချိန်က သူ့အတွက် အခွင့်အရေးပင်မဟုတ်လား??

ရုံထဲ ဝင်တော့ LED Screen ပေါ်တွင် ရုပ်ရှင်

ပြနေပြီ။

''ဟဲ့ကောင် မျိုးမြင့် မင်း ဟိုမှာသွားထိုင်''

မင်းမခဘေးတွင် ထိုင်နေသော မျိုးမြင့်အား မာန်ဆရာကြီးလေသံဖြင့် တစ်ချက်ဟောက်လိုက်သည်။

''ဟာ မင်းကလည်း အရေးထဲ နေရာ လာရွေးနေတယ်။ ဟိန်းထက်ဘေးမှာ ထိုင်လို့ရတယ်လေကွာ''

*အလိုက်ကန်းဆိုးမသိတဲ့ လဒ*

နေရဲမာန် စိတ်ထဲတွင် မျိုးမြင့်အား ဆဲဆိုရင်း

''မရဘူး ။ ငါ ဒီမှာ ထိုင်မလို့။ ငါဘေးအစွန်း

တန်းမထိုင်ချင်ဘူး။ ဒီမှာဘဲ ထိုင်မယ်''

''ဟာကွာ။ ကောင်းကောင်းကို ရုပ်ရှင်မကြည့်ရဘူး။ မရဘူး ဖယ်ပေး''

နောက်ဆုံးတော့လည်း မာန် ဂျီကျ မှုကြောင့်

မျိုး မြင့် မကျေမနပ် နေရာဖယ်ပေးကာ

ဟိန်းထက်ဘေးတွင် ထိုင်လိုက်သည်။

မျိုးမြင့် ၊ဟိန်းထက် ၊နေရဲမာန၊် မင်းမခ ၊မေနှင်း(မေလေး) ၊မြလေး စသည့်ဖြင့်နေရာယူလျက်။

ကလေးမဟုတ် ကလားမဟုတ် နေရာ လာလု

နေသော မာန်အဖြစ်ကို မင်းမခနားမလည်နိုင်

စွာ တစ်ချက်ကြည့်လိုက်ပြီး Popcornများကို အဆက်မပြတ်ဝါးစားရင်း ရုပ်ရှင်ကိုသာ

အာရုံစိုက်ကြည့်နေလိုက်သည်။

နေရဲမာန် အာရုံက ရုပ်ရှင်ထဲသို့ မရောက်။

ဘေးနားတွင် Popcornများကို အဆက်မပြတ်ဝါးကာ ရုပ်ရှင်ထဲသို့ ဈာန်ဝင်စားနေသော ခ ဆီသို့သာ။ စိတ်ထဲတွင် ကြောက်လန့်သည့် အခန်းများများပါပါစေ ဟု တိုးတိတ်စွာ ဆုတောင်းနေလျက်။

~~~~~~~~~~~~~~~~~~~~