Chapter 21: part 20{U}

နှလုံးသားထက်က လက်တစ်စုံ (Completed)Words: 18038

ရုပ်ရှင်ကြည့်အပြီး မာန်တို့အဖွဲ့ Korea Town တွင် ဝင်၍ စားကြသောက်ကြသည်။ အဖွဲ့ထဲတွင် ရုပ်ရှင်ကား အကြောင်း တခြားအလပ ဿလပ အကြောင်း ရယ်မောစွာ စမြှပ်ပြန်နေစဉ် နေရဲမာန်တစ်ယောက် ကမူ မျက်နှာကြီး 'လင်းတ' မှန်မှိုင်လျက် ဘာစကားမှ မပြောဘဲ ငြိမ်နေလေသည်။

Menuများကြည့်စဉ်ကလည်း ''ဟျောင့် ဘာမှာမလဲ''ဟု မေးသောအခါ ''မင်းတို့ဘာသာ ကြီးကြပ်မှာကြ''ကလွဲပြီး ဘာမှ မပြောဘဲ ကျောက်ရုပ်ကြီးအတိုင်း ငြိမ်သက်နေတာက မှာထားသော ဟင်းပွဲများ ချသည့်အထိပင်။

မာန်ရဲ့ မလှုပ်မယှက် ငြိမ်သက်နေမှုကို မျက်နှာချင်းဆိုင်တွင်ထိုင်သော မင်းမခတောင် သတိထားမိသည့် အထိပင်။ ဒါကြောင့် မင်းမခက ရှေ့က ကင်ထားတာ ကျက်နေပြီးဖြစ်သော ဝက်သားပြား တစ်ဖက်ကို တူနှင့်ညှပ်ယူကာ နေရဲမာန် ထမင်းပန်းကန်လုံးထဲသို့ ဦးဦးဖျားဖျားထည့်ပေးလိုက်သည်။

ထမင်းပန်းကန်လုံးကို ကမ ရှုနေသလို မျက်လွှာချကာ စူးစူးစိုက်စိုက်ကြည့်ကာ မျက်နှာမသာမယာဖြစ်နေသော မာန်တစ်ယောက် သူ့ထမင်းပန်းကန်လုံးထဲသို့ ဝက်သားပြား လာတင်ပေးသော လက်ခုံဖြူဖြူ လေးက မြင်ကွင်းထဲရောက်လာသောအခါ မျက်လုံးကို ပင့်ကြည့်လိုက်သည်။

''ကျေးဇူး''

မင်းမခကမူ ဘာမှမပြောဘဲပြုံးကာခေါင်းတစ်ချက်ငြိမ့်လိုက်သည်။

ထိုအခါမှ တခြား ဟင်းများ စတင်နှိုက်စားတော့သည်။

''မင်းမခ horrorကား ကြည့်တာ မကြောက်ဘူးနဲ့တူတယ်။အော်သံကိုး မကြားရဘူး ။ ငါတို့နှစ်ကောင်သားမှာတော့ horrorထဲက sceneတွေကော အသံတွေကော က တစ်ချက်တချက် ပီပြင်လွန်းလို့ လန့်အော်ရတာ အကြိမ်ကြိမ်ဘဲ ''

''နင်တို့တွေက ယောကျာ်း ဖြစ်ပြီး အာပြဲလန်နေတာဘဲ။ ဘေးနားကထိုင်တဲ့လူတောင် နားစည် မကွဲတာ ကံကောင်း ''

မေလေးကဝင်ပြောလေသည်။

''ဟီး . . .ကျွန်တော်က movieတွေထဲ horror movieကို အကြိုက်ဆုံးဘဲ။ အိမ်မှာလည်း တစ်ယောက်ထဲကြည့်နေကြဆိုတော့ ခြောက်လှန့်တဲ့အခန်းတွေက ကျွန်တော်အတွက် မဆန်းတော့ဘူးဗျ''

မင်းမခ ပြောရင်း ကြက်ဥလိပ်တစ်ဖက်ကို တူဖြင့်လှမ်းယူလိုက်သည်။ ဖြစ်ချင်တော့ မင်းမခလှမ်းယူသည့် ပန်းကန်ထဲက ကြက်ဥလိပ်က တစ်ဖက်သာကျန်တော့သည်။

ထိုအချိန်တွင် နေရဲမာန်က မင်းမခ ယူမည့် ကြက်ဥလိပ်အောင် သူဦးအောင် အလျင်အမြန် တူဖြင့် လှမ်းညှပ်ယူလိုက်ပြီး ပါးစပ်ထဲသို့ တစ်ခုလုံး ပစ်သွင်းလိုက်သည်။

ခကတော့ စစချင်း ကြောင်တောင်တောင် ဖြစ်သွားပြီး မာန်အား တစ်ချက်လှမ်းကြည့်လိုက်တော့ သူမဟုတ်သလိုပင် စားနေသောကြောင့် ဘာမှမပြောမိ။တခြား ပန်းကန်ထဲက တော့ပုကီကိုသာ အရှက်ပြေ လှမ်းယူလိုက်သည်။

အဖြစ်အပျက်ကို သတိထားမိသည့် တခြားလေးကောင်သမားကတော့ အကြံသမား မာန် ကို တစ်ချက်တချက်ခိုးရှိုးကာ ပြီတီတီဖြင့်။ အကြံမအောင်မြင်ရှာတော့ ရရာနည်းနဲ့ နှိပ်စက်နေတယ်။ မသိရော်ခက်ဆိုသည့် အကြည့်များဖြင့်. . . .

မာန်စိတ်ထဲတွင် မကျေနပ်။ horror movieကိုရွေးရသည့် အကြောင်းကလည်း ထိုကောင်လေး များကြောက်လျှင် ရုပ်ရှင်ထဲကလို လက်များ လှမ်းကိုင်မည်လား တွေးတွေးဆဆဖြင့် လက်ရန်းတန်းပေါ်သို့ ကြောက်လှန့်သည့်အခါ လက်ကိုင်ပါစေတော့ဆိုသည့် စေတနာဖြင့် လက်ကို တစ်ချိန်လုံး တင်ပေးထားသည်။ ဒါကိုဒင်းလေးက မျက်လုံး screenကနေ မခွာ ပေါက်ပေါက်စားမပျက်။ ပေါက်ပေါက်ဆုပ်တွေက်ုပါးစပ်ထဲသွင်းလိုက်သည်နှင့် ဖောင်းလာသော ပါးလေးများက မာန်ကို တမျိုးတဖုံဆွဲဆောင်နေသည်။

မင်းမခ အနေတည်သလောက် မာန်ကတော့ဂနာမငြိမ် မျက်လုံးက ခရဲ့ ပါးဖောင်းတွေဆီသာ အကြည့်လွှတ်နေသည်။ အရေးထဲ ငမ်းကောင်းနေတုန်း ဘေးကနေ အသံဆိုးကြီးနဲ့ ထထအော်သော အလိုက်မသိ ငနဲနှစ်ကောင်ကြောင့် ကိုယ့်ရဲ့ feelပါ ပျောက်ရသည်။မာန်တစ်ယောက် *ငါ ဒီကားကြည့်မိတာ မှားပြီလား'*ဆိုပြီးတွေးမိသည့်အထိ။

စားပြီးသောက်ပြီးသည့်အခါ မင်းမခ တစ်ယောက် ကျောပိုးအိတ်ထဲက စာအိတ်ပုံစံရှိအထပ်လိုက် ထုတ်ယူလိုက်ပြီး တစ်ဦးချင်းစီကို လှမ်းဝေလိုက်သည်။

''အားလုံးကို ဖိတ်ပါတယ်ဗျာ။ဖြစ်နိုင်ရင် ဆက်ဆက်လာပေးကြပါ''

မာန်က သူ့လက်ထဲက အပြာရောင်စာအိတ် ကို ဖွင့် ကြည့်လိုက်တော့ Bakery ဆိုင်ဖွင့်ပွဲ ဖိတ်စာ ဖြစ်နေသည်။

" wowww congratulationsပါ သားကြီး မင်းမခ ကတော့ စီးပွားရေးတောင်သောင်းကျန်းနေပြီ ''

မျိုးမြင့်က ဖိတ်စာ ကြည့်ရင်း ပြောတော့

" မဟုတ်ပါဘူးဗျာ။Bakery သင်တန်းတက်တုန်းက Senior အမတွေက ကျွန်တော်ကို အလုပ်လာလုပ်ဖို့ ကမ်းလှမ်းထားတာ အာတာနဲ့ လက်ခံဖြစ်သွားတယ် ဆိုပါတော့ ''

"ဘာဘဲ ဖြစ်ဖြစ် အခုလိုBakery ဆိုင်ဖွင့်နိုင်လို့ congratulationsပါကွာ''

မျိုးမြင့်က ပြောရင်း လက်ခုပ်တီးလိုက်သည်။ လက်ခုပ်သံ များဖြင့် အသက်ဝင်နေသော စားပွဲ ဝိုင်းတွင် ကောင်လေး တစ်ယောက်ကတော့ ခေါင်းလေးကုတ်ကာ ပီတြိဖာနေလျက်။

" အကုန်လုံး လာမည့် Sunday လာခဲ့ကြပါဗျ ။ special ဧည့်ခံပါမယ် ။အကို မာန် အမဟေမာန်ကိုလည်း ဖိတ်ပါတယ်လို့ စကားပါးပေးပါအုံးဗျ ''

"Okok'' ပါးစပ်ကလည်းပြောရင်း လက်မနှင့် လက်ညှိုး ကိုဝိုင်းကာ'Ok' ပုံစြံဖင့်လုပ်ပြလိုက်သည်။

~~~~~~~~~

"ဒေါက်ဒေါက်ဒေါက် ငါပါ အမ ငါ ဝင်ခဲ့လို့ရမလား?''

မာန် အမဖြစ်သူ၏ အခန်းရှေ့က တံခါးကို ခေါက်ကာ ပြောလိုက်သည်။

"ဝင်ခဲ့ ဝင်ခဲ့ အခန်းတံခါး လော့ချမထားဘူး '' အခန်းထဲ က အမဖြစ်သူ ထံမှ ခွင့်ပြုချက်

ရသည့်အခါ မာန် တံခါးဖွင့်ဝင်လိုက်သည်။

မိသားစု ဖြစ်သော်လည်း သူ့ privacy ကိုယ့် privacy ရှိသည့်အတွက်ကြောင့် မာန်တို့အနေဖြင့် privacy ကို အလေးထားသည်။

''ရော့ အမအတွက်။ ''

မင်းမခပေးသည့် အပြာရောင် ဖိတ်စာ ကို

ကုတင်ပေါ်တွင် ထိုင်ကာ ဖုန်းသုံးနေသော အမဖြစ်သူ ထံ လှမ်းပေးလိုက်သည် ။

အမဖြစ်သူ ဟေမာန် ဖုန်းကြည့်ရပ်လိုက်ကာ သူမဆီ ကမ်းလာသော ဖိတ်စာကို လှမ်းယူရင်း ဖွင့်ဖောက်ကြည့်လိုက်သည်။

''Bakery ဆိုင်သစ်ဖွင့်ပွဲဖိတ်စာ ဘဲ ။ဘယ်သူကပေးတာလဲ ''

''ဟိုကောင်လေးလေ က မင်းမခ က သူ့ Bakery ဆိုင် ဖွင့်ပွဲ အမကို ဖိတ်လိုက်တာ ''

''Bakery သူလုပ်တတ်တယ် ။ amazing ဘဲ . . . အံမယ် သူလေးက တစ်ကြိမ်ဘဲဆုံရသေး တို့ကို သတိရသားဘဲ။ ဘယ်ဆိုးလို့လဲ မင်း ကောင်လေးက ။ ဒါနဲ့ မင်းကောင်လေးက Bakery ဆိုင်တောင် ဖွင့်နိုင်ပြီဆိုတော့ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ တော်တော် တော်တာဘဲ။ ကဲ ငါ့မောင်လေး နေရဲမာန် မင်းရဲ့ကောင်လေး နဲ့မင်း အခြေအနေလေး သံတော်ဦးတင်စမ်းပါအုံး''

အမဖြစ်သူဟေမာန် ထိုသို့မေးလိုက်တော့ နေရဲမာန် တစ်ယောက် ခေါင်းကုတ်ကာ မွေ့ရာအစွန်းတွင် တင်ပျဉ်လွှဲထိုင်လိုက်သည် ။

''ပြောချင်ပါဘူး အမရာ။အခြေအနေက ဒုံရင်းက ဒုံရင်းဘဲ ။ ဒီနေ့လည်း ကိုယ့်ဘော်ဒါတွေနဲ့ သူကော သူ့ သူငယ်ချင်းတွေပေါင်းပြီး ရုပ်ရှင်သွားကြည့်တာ ။ Horror movieဆိုလို့ ဒင်းလေးကို အသားယူလို့ရမလား ဆိုပြီး ထိုသကောင်သားလေးက သတ္တိခဲ ဖြစ်နေလို့ ဘာမှ အခွင့်အရေးမရခဲ့ဘူး''

မျက်နှာစူပုတ်စွာ ပြောနေသော မာန် ဖြစ်သူ၏ခေါင်းကို ဟေမာန် တစ်ချက်လောက် လှမ်း ခေါက်လိုက်သည်။ အမဖြစ်သူ လက်သံပြောင်ချက်က ''ဒုတ်''ဟူသော အသံကြားရသည့်အထိ။

"'အား !!!!!. . .အမ ဘလိုင်းကြီး ဘာလုပ်တာလဲ?? နာတယ်ဗျ''

နာသွားသောငယ်ထိပ်အား လက်ဖဝါးဖြင့် ပွတ်ရင်း အမအား ကတ်ကတ်လန်ရန်တွေ့နေသော နေရဲမာန်။ အမရှေ့ သူရဲ့cool guy imageကြီးက ပျောက်ဆုံးနေကျ။

''နင်လေ ကလေးကို ဘာ. . .အသားယူဖို့ ဟုတ်လား ? ''

''အာ အမကလည်း ခက်ပြီ။ အသားယူတယ်ဆိုတာ သူကြောက်နေရင် လက်လေးကိုင်ပေးတာကိုဆိုလိုတာ ။ ဘာတွေတွေးနေမှန်းလည်း မသိဘူး''

''ဘာဖြစ်ဖြစ်အေ။ မာန် နင့်ကို တစ်ခု သတိပေးမယ်။ နင်လိုက်နေတာ ယောကျာ်း လေးနော်။ မိန်းကလေး မဟုတ်ဘူး ။ နင် စိတ်လိုက်မာန်ပါ လုပ်လို့မရဘူး။ သူ့အရိပ် အခြေ ကိုလည်း ကြည့် ။ ဖွင့်ပြောချိန်တန်မှ ဖွင့်ပြော။ အချိန်မတန်ဘဲ ဖွင့်ပြောလို့ကတော့ အချစ်က လိုက်လို့ ပြေးတာလား ပြေးလို့ လိုက်တာလား ဖြစ်သွားမယ် ။ အဓိက က သူလိုအပ်တာ ကို နင်က ဂရုစိုက်ကူညီပေါ့။ မင်းဂရုစိုက်မှု တွေ သူသတိထားမိလာ မှာပါ။ မေတ္တာ မှန်ရန် ရောင်ပြန်ဟပ်ပါတယ်''

အမဖြစ်သူ အလေးအနက်ထားကာ စကားလုံးများကြောင့် မာန်တစ်ယောက်တွေဝေသွားသည်။

''ဒီလိုဆို ကျွန်တော် အချိန်အတော်ယူရအုံးမှာပေါ့ အမ''

သက်ပြင်းချရင်း ပြောလိုက်သော မောင်ဖြစ်သူစကားကြောင့် ဟေမာန်က ဘာမှတိတိကျကျ ခွန်းတုံပြန်မလာ ပြုံး၍သာကြည့်နေသည်။ ထိုအပြုံးထဲတွင် ''အဆင်ပြေမှာပါ ''ဟုသော အရိပ်အယောင်တို့က ထင်ဟပ်လျက်။ ဤသို့ဖြင့် မာန် အမဖြစ်သူ ဟေမာန်အား နှုတ်ဆက်ကာ အမ အခန်းထဲမှထွက်လာလိုက်ပြီး သူကိုယ်ပိုင်အခန်းထဲသို့ဝင်သွားသည်။

အခန်းထဲမှာတော့ တံခါးချပ်ကို မှီကာ ငူငူငိုင်ငိုင်ထိုင်နေသော ကောင်လေးတစ်ယောက်။

''ခ ရေ မင်းကိုလိုက်ရတာ မလွယ်ပါလားကွာ''

သေသပ်နေသော ဆံပင်ကို လက်ချောင်းများဖြင့်ထိုးဖွကာ ညည်းညူ ပြောနေသော နေရဲမာန် . . . .

~~~~~~~