Chapter 22: part 21{U}

နှလုံးသားထက်က လက်တစ်စုံ (Completed)Words: 18196

တနင်္ဂနွေနေ့

တိတိကျကျပြောရလျှင် မင်းမခတို့ ရဲ့ Bakery ဆိုင်ဖွင့်ပွဲနေ့ဆိုလည်းမမှားပေ။

"Cafe & Bakery ''ဆိုသည့် ရွှေရောင်စာလုံးများဖြင့်ထွင်းထားသည့် ဆိုင်းဘုတ်ကထင်းလျက်။ဘောလုံး အပြာရင့်ရောင် အဖြူရောင် များက တံခါး ဝတွင် အလှဆင်ထားလျက်။

နေရဲမာန် အမဖြစ်သူနှင့်အတူ ဆိုင်ထဲသို့ ဝင်လိုက်သည်။

ဆိုင်က ဘေးပတ်ပတ်လည်တွင် အတွင်းထိထိုးဖောက် မြင်နိုင်သော မှန်များဆင်ထားတာကြောင့် ဆိုင်ထဲက လူကို တောင်မြင်နိုင်သည်။ ဆိုင်ရဲ့ထူးခြားချက်က တစ်ဆိုင်လုံးကို Dream Catcherလေးများဖြင့် အလှဆင်ထားသည်။ အရောင်အသွေးစုံလင်သော Dream Catcherများက မှန်ဘောင် ပေါ်တွင် ဟန်ရေးပြလျက် ဖြတ်သွားဖြတ်လာသူတွေကို အာရုံဖမ်းစား စေနိုင်သည်။ ဆိုင်အတွင်းကို မိုးပြာရောင်နဲ့ အစိမ်းရောင်ကို ရောစပ်ကာ ခြယ်သ ပြင်ဆင်ထားသည့်အပြင် နံရံပေါ်ရှိ ချိတ်တွဲထားသော Dream Catcher များဘေးတွင်quotesများကို အနက်ရောင်ဖြင့် ရေးဆွဲထားသည်။ဒါအပြင် စာအုပ်စင်ပါ ထားပေးထားတာကြောင့် စာအုပ်စင်ပေါ်ကကြိုက်ရာ စာအုပ်ကိုယူဖတ်ရင်း အေးအေး ဆေးဆေး chillingလုပ်နိုင်သည့် နေရာတစ်ခုပင်။

မုန့်ခန်းကို မှန်အသေးတစ်ချပ် တပ်ဆင် ကာရံထားသောကြောင့် အတွင်းထဲမှာ ဘာလုပ်နေလဲ ဘယ်သူရှိနေလဲဆိုတာ မြင်နိုင်သည်။

အရင်ဆုံးမာန် မျက်လုံးက ကျီးကန်းတောင်းမှောက် ဝေ့လျက်။ သေချာပေါက် မင်းမခအားရှာနေခြင်းပင်ဖြစ်သည်။တွေ့ပါပြီ မုန့်ခန်းထဲတွင် တကုပ်ကုပ် ကြိုးစားပမ်းစား လုပ်နေသော မင်းမခ။ အေပရွန်အနက်ရောင်လေးဖြင့် ဆံပင်ကို အနက်ရောင်ဖြင့် အုပ်ချည်ထားသူလေးမှာ တမျိုးလေး ချစ်စရာကောင်းနေသည်။ သူ့အလုပ်ထဲ နေရဲမာန်တို့ ရောက်လာသည်ကို မြင်ဟန်မတူချေ။

အမ ဖြစ်သူ ဟေမာန် လူကြားထဲတွင် အိန္ဒြေမဆည်နိုင်သည့်မောင်ဖြစ်သူရဲ့ လက်မောင်းအား အသာဆွဲစိတ်လိုက်သည်။

''အား . . အမ ဘာဖြစ်နေတာလဲ ဗျ ''

နာသွားသော လက်မောင်းအား ပွတ်ရင်း အမဖြစ်သူအား မကျေမနပ်တိုးတိုးတိတ်သာ အံကြိတ်ပြောလိုက်သည်။

''ဘာဖြစ်ရမှာလဲ မျက်လုံးကို အရမ်းဝေ့မနေနဲ့လေ ကွယ်''

လူကြားထဲမို့ ဟေမာန် သူ့မောင်နားကပ်ကာ တိုးတိုးသပ်သာသာပြောလိုက်သည်။ ထိုစဉ် ကောင်မလေး တစ်ယောက် သူတို့အနားသို့ရောက်လာသည်။ မိုးပြာရောင် ဝမ်းဆက်ဝတ်ထားပြီး ဂုတ်ဝဲဆံပင်ကေ နဲ့ မိန်းမပျိုလေးသည် တော်တော်လေး ချစ်စရာကောင်းနေသည်။

"ဒီဘက် ကြွပါရှင့်။ ''

မိန်းမပျိုလေး ညွှန်ပြသည့် နေရာသို့ မောင်နှမ နှစ်ယောက်ဝင်ထိုင်လိုက်သည်။

နေရဲမာန် ထိုမိန်းကလေးအား တစ်နေရာရာတွင် မြင်ဖူးနေသည်။ သို့သော် သူစဥ်းစားမရ ။

ထိုစဥ်

ဟေမာန်က

"မင်းမခ ဖိတ်ထားလို့ အမလာတာပါ "

စပြီး စကားစလိုက်သည် ။

"ခရဲ့ ဧည့်သည်တွေကိုး ။ ခ လေး က Bakery room ထဲမှာ မုန့်တွေ ပြင်ဆင်နေလို့ ။ ညီမက ယမုံလှိုင်ပါ။ မင်းမခရဲ့ သူငယ်ချင်းပါဘဲ။ ဒီဆိုင်ရဲ့ တွဲဖက်ဆိုလည်း မမှားပါဘူး။ တွေ့ရတာ ဝမ်းသာပါတယ် ။ "

"အမနာမည် က ဟေမာန်ပါ။ ဒါက အမ မောင်လေး နေရဲမာန်ပါ။ မင်းမခ ရဲ့ အသိတွေပါဘဲ။ ဆိုင်လေးက တော်တော်လှတယ်။ Dream Catcherတွေနဲ့ ဆင်ထားတာ တော်တော်လက်ဝင်မှာဘဲ "

"အာ အဲဒါ ခ ရဲ့ Idea တွေလေ ။ သူကိုယ်တိုင် လုပ်ထားတာ မ။ ခနနော် မတို့ ။ ညီမ ခ ကို သွားခေါ်လိုက်အုံးမယ်"

"နေပါစေ ညီမ သူအလှုပ်ရှုပ်နေတယ် ထင်တယ်"

"ဟုတ်တယ် မ ။ ဧည့်သည်တွေလည်း တဖွဲဖွဲဆိုတော့ ဆိုင်က လူကျနေတယ် ။ ညီမ အမတို့အတွက် ဧည့်ခံဖို့ ပြင်ဆင် လိုက်အုံးမယ်မရေ ခွင့်ပြုပါအုံး ''

ထိုမိန်းမပျိုလေး ထွက်သွားတော့ မေလေး မြလေး နဲ့ နေရဲမာန်တို့ သူငယ်ချင်းတွေလည်း ရှေ့ဆင့်နောက်ဆင့် တဖွဲဖွဲရောက်လာကြပြီး အချင်းချင်းနှုတ်ဆက်ကာ စကားလက်ဆုံကျနေကြသည်။

ထိုစဥ် မေမြတ်နဒီပါ ဆိုင်ဖွင့်ပွဲကိုလာတော့ မာန်နှင့် မာန်သူငယ်ချင်းနှစ်ကောင်က အံအားသင့်နေသည်။ နဒီလည်း သူတို့ကို မြင်တော့ နှုတ်ဆက်လိုက်သည်။

''မာန်တို့ပါလား တိုက်တိုက်ဆိုင်ဆိုင် မထင်မှတ်ဘဲ ဒီမှာ လာဆုံရပြီ "

" နဒီ ကိုယ်တို့ သူငယ်ချင်းတစ်ယောက် ဖိတ်ထားလို့ လာတာ ။ နဒီကတော့ မင်းမခနဲ့ သိတာဘဲလား? "

မျိုးမြင့်ကမေးလိုက်တော့

"မင်းမခတော့ မသိဘူး။ နဒီက အမ ကေသီ ဖိတ်လို့လာတာ ။ဒါနဲ့ ဒီမှာ ထိုင်လို့ရတယ်မလား? "

နဒီလည်း ​ခွင့်တောင်းလိုက်တော့

" အမလေး ပြောနေစရာလားညီမလေးရယ် ထိုင်ပါ ထိုင်ပါ"

ဟေမာန်က အကြီးဖြစ်သူဖြစ်ဖြစ် နေရာပေးလိုက်သည်။

ထိုစဥ် မင်းမခ နဲ့ ယမုံ မုန့်ဗန်းများ ကိုင်လာပြီး စားပွဲပေါ်သို့ ချောကလက် / စတော်ဘယ်ရီ / လက်ဖက်စိမ်း Mousse ကိတ်များ ချပေးလိုက်သည်။

" ahh အကိုတို့ အမတို့ရောက်လာပြီကိုး sorryဗျ ဒီနေ့ ဖွင့်ပွဲဆိုတော့ လူများတော့ မုန့်ခန်းထဲကကိုး မထွက်နိုင်ဖြစ်နေတာ။ သုံးဆောင်ကြပါအုံး "

မင်းမခက ပြုံးချိုစွာ ဖြင့် နှုတ်ဆက်စကား ဆိုလိုက်သည်

"ရပါတယ် ညီ ရ ။ အချင်းချင်းတွေဘဲ ပြောနေရမဲ့ လူမှ မဟုတ်တာ။ Mousse က အရသာကောင်းတယ်"

နေရဲမာန် ချောကလက် Mousse Cake ဟာ တစ်ဇွန်းစားလိုက်ပြီး ကောင်းကြောင်း လက်မ ထောင်ပြလိုက်သည်။

"ဟီး ဟုတ်လား ကျေးဇူးပါဗျ အကိုတို့ အမတို့ရေ အေးဆေး စားပြီးမှ ပြန်နော် မတို့ အားမနာနဲ့ မုန့်တွေက ရှိသေးတယ်"

" Dream Catcherတွေက မောင်လေး ကိုယ်တိုင်လုပ်တာဆို ခ က တော်လိုက်တာ ကိတ်မုန့်လည်း လုပ်တတ် Handmade လည်း လုပ်တတ် မိုက်တယ် "

ဟေမာန် အပြော ကို မေလေး နှင့် မြလေးတို့ကလည်း ဝိုင်း ထောက်ခံနေကြသည်။

သူ့ကို အရမ်းချီးကျူးနေသည့် အမ ဟေမာန်ကြောင့် သူမနေတတ်တော့

"ဟီး မဟုတ်တာ ဒီက အမယမုံကလည်း DC တွေ ကူပေးတာ ရှိတယ် ။ ကျွန်တော်တို့ နှစ်ယောက် ပေါင်းလုပ်တာ ။ ကျွန်တော် တခြားဝိုင်းတွေအတွက် မုန့်ပြင်ဆင်ရအုံးမယ် ခွင့်ပြုပါအုံး''

ပြောပြီး မုန့်ခန်းထဲသို့ သူ့ဘေးနားက ယမုံနှင့်အတူ ဝင်သွားပြန်သည်။

တစ်ဖက်တွင် မကေသီနှင့် မဟေသီတို့ကလည်း အအေးများလာချပေးပြီး တစ်ယောက်နှင့် တစ်ယောက် မိတ်ဆက်စကားဆိုကြသည်။

တစ်ယောက် နှင့် တစ်ယောက် ပေါက်ပေါက်ဖောက်ကာ စကား လက်ဆုံကျနေသော ဝိုင်းထဲတွင် တစ်ယောက်သောသူကတော့ မုန့်ခန်းထဲက ကောင်လေးအား ခိုးကြည့်နေသည်။ စိတ်က စကားဝိုင်းထဲသို့မရောက်။

မုန့်ခန်းထဲတွင် ဘေးနားက ယမုံဆိုသည့် ကောင်မလေးက ဘာတွေ သဘောကျမှန်းမသိ အဆက်မပြတ် ရီနေသည့် သူ့သဘောကျနေရသည့် ထိုကောင်လေး ။ သူ့ဘေးနားက ကောင်မလေးဆိုလို့ ယမုံကို သတိထားမိသွားသည်။ မင်းမခနဲ့အတူ Forever ဆိုင်မှာ တွေ့တဲ့ ကောင်မလေး မလား ??? ဒါကြောင့် သူမြင်ဖူးပါသည် ဖြစ်နေသည်။

ထိုကောင်မလေးက မင်းမခရဲ့ ရင်ဘတ်ကို ထုလိုက် မင်းမခရဲ့ ပါးကို ကိုင်လိုက် တပြုံးပြုံးဖြင့် မုန့်ခန်းထဲတွင် နှစ်ယောက်တကမ္ဘာ ဖြစ်နေကြသည်။

ထိုမြင်ကွင်းများကို မြင်နေရသော နေရဲမာန်ရဲ့ အကြည်များက စူးရှစွာ

* တစ်ဆိတ် ဒီကောင်မလေး သူထိဖို့တောင် ဝန်လေးနေသည့် ကောင်လေးကို အသားများယူနေသလားလို့? သူတို့နှစ်ယောက်က ဘာတွေလား?? Handmade တွေ အတူတူလုပ် ပြီးတော့ ဟိုကောင်မလေးကလည်း သူ့ကို ခ ခ နဲ့ တစ်ခါတည်း ခ နေတာ ။ ရည်းစားတော့မဟုတ်လောက်ဘူး ရည်းစားရှိရင် မာန်သူငယ်ချင်းတွေက လာပြောမှာပေါ့*

တစ်ယောက်တည်း ဗရုတ်သုက္ခများတွေးရင်း မျက်မှောင်များ တွန့်ချိုးနေသည်။ နေရဲမာန်သာ နဂါးဆိုလျှင် ယမုံ ယခုဆို ပြာဖြစ်နေလောက်ပြီ။

နေရဲမာန်က မုန့်ခန်းထဲက နှစ်ယောက်ကို အာရုံဝင်စားနေသလို တစ်ဖက်တွင် နဒီက မာန်ရဲ့ အဖြစ်ကို သတိထားမိသည်။ သူ သဘောပေါက်လိုက်ပါပြီ။ ဒီပွဲက မစခင်ကတည်းက သူရှုံးနေပြီဆိုတာကိုး။မာန် ထိုကောင်လေးကို ကြည့်နေတဲ့မမျက်လုံးများက သူတစ်ခါမှ မမြင်ဖူးတဲ့ မာန်ကို တွေ့နေရသည်။ တစ်ဖက်ကောင်လေးကတော့ မာန်အချစ်ကို သတိပြုမိမလားတော့မသိ။ ဘေးကသူတွေကတော့ မာန် မင်းမခပေါ်သို့ ကြည့်သည့် အကြည့် တခြားသူများကို ကြည့်သည့် အကြည့်များနှင့် မိုးနှင့်မြေလို ကွာခြားသည်။ ချစ်ငွေ့ အရိပ်အယောင်များ မြတ်နိုးမှု အရိပ်အယောင်များ ပါနေသည့် အကြည့်များ. . .

သူ မာန်ကို တခြားကောင်မလေးများနှင့် တွဲတွေ့ဖူးသည်။ ထိုသို့ မဟုတ် ။တွဲသာ တွဲသည်။ ချစ်မြတ်နိုးသည့် အရိပ်အယောင်များ မရှိခဲ့ပေ။ အခုတော့ သူရှေ့မှာ ထိုင်နေသည့် မာန်ပုံစံက မုန့်ခန်းထဲက ကောင်လေးအား သဝန်တွေတိုနေသည်။

ကိုယ့်ကို ရှိသည် ဟုတောင် သဘောမထားသော ယောကျာ်းတစ်ယောက်အား နဒီက အခြားကောင်လေးနဲ့ ယှဥ်ပြိုင်လုရသည်အထိ သဘောထားမသေး သေးပါ။ အောက်တန်းမကျပါ။ အစကတော့ မာန်အား သူသာ ပိုင်ရမည်ဆိုသည့် အတ္တများကြောင့် လက်မလွှတ်ချင် ဖြစ်ခဲ့ရသည်။ ဒီနေ့ မင်းမခအား အပြင်မှာ မြင်လိုက်ရပြီး ကိုယ်ရှေ့က မာန်ရဲ့ ထိုကောင်လေး အပေါ် ထားတဲ့ ခံစားချက်ကို နဒီတစ်ယောက် ကိုယ်တွေ့ မျက်မြင် မြင်လိုက်ရသောအခါ နောက်ဆုတ်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။

~~~~~~~~~~~~~