Chapter 26: Part 25 (Final){U}

နှလုံးသားထက်က လက်တစ်စုံ (Completed)Words: 11618

Birthday Cake ပေါ်က ဖယောင်းတိုင်အဖြစ်ကို သတိထားမိသွားသောအခါ သူတို့နှစ်ဦး တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ရီလိုက်ပြီး ဖယောင်းတိုင်အသစ်များ ပြန်ထွန်းကာ မာန်က နောက်တစ်ခေါက် BD song ဆို မင်းမခကတော့ ဆုတောင်းပြီး ဖယောင်းတိုင် မှုတ်လိုက်သည်။ ထို့နောက် မာန်က ခပ်ကြီးကြီး Box တစ်ခု မွေးနေ့ လက်ဆောင် ပေးသည် ။

''wowww ဒီ BJD ဘဲ "

မင်းမခတစ်ယောက် မယုံနိုင်သော မျက်လုံးများဖြင့် Box ကြီးအား ကြည့်နေပြီး သူတအားလိုချင်နေသည့် Amaoni BJD ကြီး

" ဘယ်လိုသိတာလဲ ?''

"မင်းလေး အရင်လက Fb ပေါ်မှာ Shareထားတာ ကိုယ်တွေ့လို့ မင်းမွေးနေ့အမှီ ပေးဖို့ ကိုယ်မှာအဆောတလျင်မှာလိုက်ရတာ'"

သူပျော်လွန်းလို့ သူ့ရဲ့ အလိုက်သိလွန်းလှတဲ့ မာန်အား လှမ်းဖက်လိုက်သည်။

ညက 11နာရီထိုးပြီ ဖြစ်သည့်မို့ မာန်အား Switzerland တွင် ကျောင်းသွား တက်မည် ကိစ္စကို မနက်ဖြန်မှ ပြောရန် စိတ်ကူးလိုက်သည်။

နောက်တစ်နေ့ ထင်သည့်အတိုင်းဘဲ သူ့မွေးနေ့ လူစုံတက်စုံရှိသည့်အချိန် ​သူရဲ့ နိုင်ငံခြား ကျောင်းတက်မည် ကိစ္စအကြောင်းပြောလိုက်တော့ သူကို ကြိုမပြောရကောင်းလားဆိုပြီး နေရဲမာန် စိတ်ဆိုးတော့သည်။ သူစိတ်ဆိုးတာကို ချော့ဖို့ ခ မှာ အချိန်လေးရက် ကြာသွားသည်။

အာကတည်းက မင်းမခ သိလိုက်ပြီ။ မာန်ဟာ စိတ်ကောက်ကြီးသူ ဆိုတာကိုး။

မင်းမခ နိုင်ငံခြားသို့ ထွက်ခါနီး လေဆိပ်သို့ သူပါ လိုက်ပါ ပို့ဆောင်ပေးသည်။ " ကိုယ်မင်းကို စောင့်နေပါမယ် " ဆိုသည့် စကားတစ်ခွန်းဖြင့် သူရဲ့ ပူပူနွေးနွေး ချစ်သူဘဝဟာ LDRS သို့ ကူးပြောင်းခဲ့ရသည်။

သူတို့ရဲ့ ချစ်ခရီးဟာ တော်တော်လေး သာယာပါသည်။ တစ်ယောက်နှင့်တစ်ယောက် ဝေးနေသော်လည်း နှလုံးသားချင်းနီးနေကြသည်။

နေရဲမာန် သူ့အမေ ဖြစ်သူ ဒေါ်သိင်္ဂီထက်အား သူ့ချစ်သူ မင်းမခနဲ့ တွဲနေသည်ဆိုသည်အကြောင်း စတွဲတွဲချင်းပင် ဖွင့်ပြောလိုက်သည်။

သူ့မိခင်ဖြစ်သူက ဘာအံ့သြမှု အရိပ်အယောင်မှ မပြ။ တစ်ခုဘဲ သူအား

" မင်း ရဲ့ လက်တွဲဖော်ကို အဆုံးထိ သစ္စာရှိပေးပါ ငါ့သား" ပြောခဲ့သည်။

ဒေါ်သိင်္ဂီထက် သူ့သားအကြောင်းကို သိတာပေါ့။ တစ်ခါမှ မအေရှေ့ အချစ်ရေးကိစ္စနဲ့ ပတ်သက်ပြီး ဖွင့်မပြောဖူးဘူး။ သူ့သား သူရှေ့ ဒီလို ပြောပြီးဆိုကတည်းက သူ့သား သူ့ချစ်သူအပေါ် ဘယ်လောက် ချစ်မြတ်နိုးကြောင်းပေါ်လွင်နေသည်။

သုံးနှစ်ကြာပြီး မင်းမခ အမိမြေသို့ ပြန်ရောက်လာသောအခါ မာန်ရဲ့ ကောက်ကာငင်ကာ လက်ထပ်ခွင့်တောင်းမှုကြောင့် သူ လုံးဝ Surprise ဖြစ်ခဲ့ရသည်။ မာန်နဲ့တွဲစက မင်းမခ တစ်ယောက် မိဘတွေကို စိတ်ပူသော်လည်း သူ့အဝေးရောက်နေသည့်အချိန် မိဘများက ရပ်မိဟန်တူပါသည်။

" သားဘဝကို သားကိုယ်တိုင် လျှောက်လှမ်း ရမှာဖြစ်တဲ့အတွက် သား ဘယ်သူနဲ့ လက်တွဲလက်တွဲ သားစိတ်ချမ်းသာရင် အမေတို့ကျေနပ်တယ် ။ သားက ဘာဘဲ ဖြစ်ဖြစ် အမေတို့သားဘဲ ဘာမှ မပြောင်းလဲသွားဘူး "

ဆိုသည့်စကားကြောင့် သူအပေါ်ကို နားလည်ပေးလွန်သော မိဘနှစ်ပါးအား အကြိမ်ကြိမ်ကျေးဇူးတင် ဦးချ ကန်တော့မိရသည်။

နေရဲမာန်လည်း အခုဆို ဆေးရုံမှာ အလုပ်ဆင်းနေရပြီ။ သူလည်း စိုက်ပျိုးရေး ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်နေရပြီ။ စနေ တနင်္ဂနွေမှာတော့ သူ ရှယ်ယာထည့်ထားသသည့် Bakery ဆိုင်သွားပြီး အလုပ်လုပ်သည်။Bakery ဆိုင်သည်လည်း အရင်ကထက် ပိုပြီး အောင်မြင်လာသည်။ ခင်မင် ရင်းနှီးခဲ့ရသည့် သူငယ်ချင်းတွေသည်လည်း အခုဆို ကိုယ်စီ အလုပ်အကိုင်များဖြင့်။

မင်္ဂလာကိစ္စများကို တိုင်ပင်တော့ အမေဖြစ်သူ တွေက ငယ်သူငယ်ချင်းတွေ ဖြစ်နေရသည့်အတွက် နှစ်ဦးသား အံ့သြနေရသည်။

နေရဲမာန် အမေက သားဖြစ်သူ မင်္ဂလာပွဲကို ခမ်းခမ်းနားနား ကျင်းပပေးသည်။

"woww ချောလိုက်တာ ငါတို့ သူငယ်ချင်းလေး ဂုဏ်ယူပါတယ် နောက်ဆုံးတော့ ငါတို့ သူငယ်ချင်းလေး လင်ကောင်းသားကောင်းရသွားပြီ ငါတို့နှစ်ဦးဆန္ဒ ပြည့်ဝသွားပြီ "

မေလေးက သတို့သားအဖြူရောင် အနောက်တိုင်းဝတ်စုံဖြင့် ခန့်ညားနေသော မင်းမခအားကြည့်ပြီး ဝမ်းသာသည့် မျက်ရည်များစို့လျက် မြလေးအား ဖက်လိုက်သည်။

သူတို့အဖြစ်ကို မြင်ပြီး * ဒီနှစ်ကောင် ကတော့ အသက်က ကြီးလှပြီ အခုချိန်ထိ အကျင့်တွေ မဖျောက်သေးဘူး အာကြောင့် အပျိုကြီးတွေ ဖြစ်နေတာ *

မင်းမခကတော့ ခေါင်းတရမ်းရမ်းဖြင့် ။

(အပျိုကြီး နှစ်ယောက် အတွက် မျက်ရည်နှစ်စက်)

ဟိန်းထက် နှင့် မျိုးမြင့် ကတော့ " ဟေ့ကောင် မာန် ညနေ တစ်ဝိုင်းနော် တစ်ဝိုင်း ''

အာပြဲကြီးနဲ့ လူကြားထဲတွင် အရှက်မရှိ အော်နေသော အရက်ဂျိုး နှစ်ကောင် အားကြည့်ကာ နေရဲမာန် လက်သီးထောင် ပြလိုက်သည်။

မင်္ဂလာပွဲတွင် နေရဲမာန်နှင့် မင်းမခတို့ရဲ့ သူငယ်ချင်းများ ကော လုပ်ဖော်ကိုင်ဖက်များကော မိဘများရဲ့ အသိများကော လူစုံတက်စုံတက်ရောက်ကြသောကြောင့် စည်းကားသိုက်မြိုက်နေကာ လိုက်ဖက်လှသည့် သတို့သားနှစ်ဦးအား လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပေးကြသည်။

မင်္ဂလာ အခမ်းအနား စတင်ချိန်တွင်

နေရဲမာန် မင်္ဂလာ စင်ပေါ်သို့ တက်ရန် မင်းမခအားလက်ကမ်းပေးလိုက်သည်။သူလက်ဖဝါးပေါ်သို့ လက်ဖြူဖြူလေး တစ်စုံ ကျရောက် ပြီး ဆုပ်ကိုင်လာသည်။

မြင်မြင်ချင်း သူ့နှလုံးသားကို သိမ်းပိုက်သွားနိုင်တဲ့ ပထမဆုံး အကြိမ် စတင်ထိတွေ့ခဲ့ရသော လက်တစ်စုံပိုင်ရှင် သူ့ရဲ့ရှေ့မှာ ရှက်သွေးဖြာနေတဲ့ မင်းမခဆိုသူ ထိုကောင်လေးကို အခုတော့ ထာဝရ သူ့အပိုင်ဖြစ်ကြောင်း လောကကြီးကို ခမ်းခမ်းနားနား တရားဝင် ကြေငြာခွင့်ရခဲ့ပြီ။

❤️သူတို့နှစ်ယောက်ရဲ့ ချစ်ပုံပြင်လေးက သိပ်ကို လှပခဲ့ပါသည်။❤️

(THE END)

~~~~~~~~~~~~~~~~~~~