Chapter 5: part 4{U}

နှလုံးသားထက်က လက်တစ်စုံ (Completed)Words: 20477

မှောင်မဲတိတ်ဆိတ်နေသော အခန်း ထဲတွင်

တစ်ခုတည်း သော ကုတင်ထက်တွင် လရောင် ဖျာကျလျက်။

''ဘုန်း"

သူ တစ်ယောက် အခန်းထဲရောက်ရောက်ချင်း အဝတ်အစားမလဲနိုင်။ မွေ့ရာထက်သို့ ခြေပစ်လက်ပစ် လဲချလိုက်သည်။

လပြည့်ည ဖြစ်သောကြောင့် ပြတင်းပေါက်မှ မြင်ရသော မဟူရာကောင်းကင်ပြင်ပေါ်ရှိ ရွှေလရောင် လပြည့်ဝန်းကို မွေ့ရာထက်မှ လက်နှစ်ဖက်ကို ခေါင်းအုံးသဖွယ် နောက်ပစ်ထားရင်း ငေးမောကြည့်နေသောသူ ။ သူဟူသော နေရဲမာန်ပင်။ သူစိတ်ထဲတွင် လပြည့်ဝန်းသည် အရင်လပြည့် ည တွေကထက် ပို ကြည့် ကောင်း၍ တင့်တယ်နေသည်ဟု မှတ်ချက်ပေးနေမိသည်။

လမင်းကြီးကို ငေးကြည့်ရာမှ မနက်က ကောင်လေး၏ မျက်နှာကို ဖျက်ခနဲ သတိရသောကြောင့် သူနှုတ်ခမ်းများ အလိုလို ပြုံးယောင်သန်းလာသည်။

*နာမည်က ခတဲ့လား . . .*တိုးတိုးလေးရေရွတ်ရင်း ခေါင်းအောက်ကာ ဖိထားသော ဘယ်ဘက် လက်ကိုထုတ်ကာ လက်ဖဝါးကို ကြည့်ရင်း မနက်က အကြောင်း ကို ပြန်လည် စဉ်းစားနေမိသည်။

နှင်းလို ဖွေးဥနေသော ခြေသလုံးသွယ်သွယ် လေးတွေ ဖြူသာဖြူသော အသားအရေ ရှိသည့် သူလိုမျိုးမဟုတ် ဖြူဖွေးကြည်လင်နေသော အသားအရေပိုင်ရှင် နေရဲမာန်ရှေ့တွင် ရပ်နေသည်။

တော်ရုံတန်ရုံဆို မခင်တတ်သော မာန်မာနကြီးသည် နေရဲမာန်တစ်ယောက် ထိုသူကို အဝေးကနေမြင်မြင်ချင်း ခင်ချင်မိသည်။ သူ့attention ရအောင် ရှေ့မှ ဖြတ်လျှောက် သော်လည်း ယောက်ကျား လေး လား

မိန်းကလေးလား မသဲကွဲ ။

ရုတ်တရက် သူလက်ကို ကိုင်လိုက်သောနူးညံ

သောအရာ။ သူချက်ချင်း ထိုအရာကို ပြန်လည်ဆုပ်ကိုင် လိုက်သည်။

ငုံကြည့် လိုက်သောအခါ ဖြူဖွေး နေပြီး နူးအိ

နေသော လက်တစ်ဖက်။ လက်ချောင်းလေး

တွေမှာလည်း သွယ်သွယ်လေးတွေနဲ့ဖြောင့်

စင်းနေသည်။လက်သည်း ခွံတိုင်းမှာလည်း သဘာဝ ပန်းသွေးရောင် သမ်းလျက်။

သူဘဝတစ်သက် ထိုသို့သော လက်ပိုင်ရှင်မျိုးကို မတွေ့ဖူးချေ။ ကိုင်ပြီးရင်း ဆက်လက်ဆုပ်ကိုင်နေချင်သော လက်တစ်စုံပင်။

ထို လက်ပိုင်ရှင်၏မျက်နှာကိုလည်း သေသေချာချာမမြင်။ သူကို တရွတ်တိုက် ကစားကွင်းသို့ ဆွဲခေါ်သွားရာ . . . .

''တီ . . .တီ . . .တီ . . .''

အရေးကောင်းတုန်း ဒိန်းဒေါင်ဖျက် သော

နှိုးစက် ကြောင့် မက်ကောင်းနေသော အိမ်မက် ကနေ လန့်နိုး တာကြောင့် စိတ်မကြည်မလင်ဖြစ်နေရတဲ့ကြားထဲ အမတော်၏ မနက်ခင်း ပူညံပူညံ လုပ်မှုကြောင့် နံနက်ခင်းစောစော သူ့သူငယ်ချင်း မများဆီသို့ Mommy ၏ကောင်းမှုကြောင့် ကားဖြင့် မပို့ချင် ပို့ချင်နဲ့ ပို့ပေးရသည်။

အိပ်ရာထကတည်း က စိတ်ရှုပ်နေသည့်အတွက်ကြောင့် ဘာကို အလိုမကျမှန်း မသိဖြစ်နေကာ ကားကို သာ အလျင်အမြန်မောင်းတော့သည်။

စိတ်ရှုပ်နေသည့်ကြားမှ accident ကလည်း မမျှော်လင့်ဘဲ ဖြစ်သွားသည်။

အစကတော့ ဒေါသ ထောင်းခနဲဖြစ်သွားကာ

ရန်တွေ့ရန် ကားပေါ်မှ ဆင်းလိုက်ရာ တစ်ဖက်မှ လဲနေသော ဆိုင်ကယ်နားတွင် ခေါင်းလေးငုံကာ မထနိုင် ဖြစ်နေသော ကောင်လေးကိုကြည့်ပြီး ဂရုဏာ သက်ရသည်။

ပုဆိုး ကွက်ကြား အမဲလေးနှင့် အဖြူရောင် အင်္ကျီလက်ရှည်ကို လက်ဖျံထိ ခေါက်တင်ထားသော ကောင်လေး ခေါင်း ငုံ့ထားသောကြောင့် မျက်နှာမမြင်ရပေ။ သူအားထူရန် လက်ကမ်းလှမ်းလိုက် ရာ မဝံ့မရဲ

လက်ဖဝါးပေါ်တင်လိုက်သော လက်တစ်စုံ။

မှင်သက်သွားသည်။ ထိုအထိအတွေ့ အိမ်မက်ထဲက လှပလွန်းသော လက်တစ်စုံ ကို  အပြင်မှာတစ်ကယ် ကိုယ်တွေ့ သူတွေ့လိုက်သည်။ အသားအရေမှာလည်း ပြောစရာမလိုအောင်ကိုပင် သူအိမ်မက်ထဲကအတိုင်းပင်။

*ဒီလောက် လှတဲ့ လက် ဘာလို့ ဒီကောင်လေးမှာများ ပိုင်ဆိုင်ထားရတာပါလိမ့် *

တွေးရင်း ထို ကောင်လေးလက်ကို ဆုပ်ကိုင်ကာ ဆွဲထူလိုက်သည်။ ဆွဲထူသည် အရှိန်များသွားသည် လားမသိ အနှီကောင်လေးကတော့ ခန္ဓာကိုယ်အရှိန်ပျက်ကာ ယိုင်နေပြီဖြစ်သောကြောင့်သူ့ ပခုံးနှစ်ဖက်အား ကိုင်လိုက်သည်။

ရင်ခွင်မှီ အရပ်လောက်ရှိသော ထို ကောင်လေးအား ငုံ့အကြည့် တစ်ဖက်ကကောင်လေးက ပြန်အမော့အကြည့််

မာန်(နေရဲမာန်)တစ်ယောက် ထိုနေရာမှာတင်ဆွံအသွားမိသည်။နှလုံးသားမှာလည်း အပြင်သို့ ခုန်ထွက်မတတ် ရင်ခုန်နေမိသည်။စက္ကန့်အနည်းငယ် လောကကြီးနဲ့အဆက်အသွယ်ပြတ်သွားကာ မှင်သက်မိသောအခြေအနေ။သူဘဝတွင် မိန်းကလေးများစွာကို ထည်လဲတွဲနေသော်လည်း တစ်ခါမှ ထိုသို့ မခံစားဖူးပေ။

မိန်းကလေး တစ်ယောက်ထက်ပင် ပိုလှ

နေသော မျက်နှာပေါက်ကို ပိုင်ဆိုင်ထားသောသူ။ ရွှန်းလဲ့တောက်ပနေသော မျက်ဝန်း။ထို မျက်ဝန်းအောက်တွင် အနည်းငယ် စိုးရိမ်ကြောင့်ကြနေသော အရိပ်အယောင်လေးများပေါ်နေသည်။

အနှီ ကောင်လေးကတော့ သရဲမျက်နှာတွေ့

လိုက်ရသလို သူ၏မျက်ဝန်းလေးများ နဂိုထက် ပြူးကျယ်သွားပြီ ပုခုံးတွန့်သွားကာ ခြေလှမ်း တစ်လှမ်းနောက်ဆုတ်သွားသည်။

သူကြောက်ရွံ့နေတဲ့ပုံစံလေး ကြည့်ပြီး

မာန်တစ်ယောက် စိတ်ထဲက ကြိတ်ရယ်နေမိ

သည်။ သူရဲ့ လက်ဖျံပေါ်က ပွန်းပဲ့သွားသော

ဒဏ်ရာ မဖြစ်စလောက်ဆိုသော်လည်း ဖြူဖွေးသော အသားအရေတွင် နီရဲသော အစင်းရာ . .လဲထားသောကြောင့် ခြေထောက်များ တစ်ခုခု ဖြစ်သွားသလား ဟု စိုးရိမ်သည့်အနေဖြင့် မေးသော်လည်း ထိုသကောင်သားလေးကတော့ ဟက်ဟက်ပက်ပက်တောင် မပြော။ နာမည်တောင် မမေးလိုက်ရ ။

ခပ်သုတ်သုတ်ဖြင့် ထွက်သွားသော ကောင်လေးပင်။ သေချာတာတစ်ခု ကတော့ ထိုကောင်လေးက ဒီတက္ကသိုလ်က ဖြစ်လောက်သည်ဟု စိတ်ထဲတွင်ထင်ကြေးပေးလိုက်သည်။

နေ့လည်က လည်း ဘော်ဒါများက ဘာစိတ်များပေါက်နေသည်မသိ မန္တလေး တက္ကသိုလ် canteen တွင် သွားထိုင် ရန် အဆွယ်ကောင်းမှုကြောင့် လိုက်လာခဲ့သည်။

မနက်က ကောင်လေးအား ထပ်တွေ့ချင်သည် ကြောင့်လည်း ပါသည်။ သို့သော် RC အများကြီး ရှိသောကြောင့် ထိုသင်းလေးအား ထပ်တွေ့ဖို့ မျှော်လင့်ချက် ရာခိုင်နှုန်းဝေးစွ။ တွေ့လို တွေ့ငြား လိုက်လာခဲ့သည်။

တိုက်တိုက်ဆိုင်ဆိုင် ပင် RC Bubble City

ဆိုင်ရှေ့တွင် ငုံ့ကာလွေးနေသောသူ ။ နေရဲမာန်ဆိုသည့်နာမည်အတိုင်း smartကျကျ စတိုင်အပြည့်ထုတ်ကာ သူ လှမ်းမြင်နိုင်လောက်သော နေရာ Mooka BBQ ဆိုင်ရှေ့တွင် ထိုင်ပါသော်လည်း သင်း (ဒင်း)လေးက အစားနဲ့ပါးစပ်မပြတ်။

တစ်ယောက်တည်းနဲ့နှစ်ပွဲတောင်စားနေသည်။RC ထဲရှိ နေရဲမာန်ပါလာသောဆေးကျောင်း အဖွဲ့ကို တွေ့လိုက်ရသော Uni ကျောင်းသူများရဲ့ မျက်လုံးများက မာန်ရဲ့လှုပ်ရှားမှုများရဲ့ ဖမ်းစားမှုအောက်တွင်. . .

အနှီ သကောင်သားလေးက သူရှိနေသည်ကိုပင်မမြင်။ သူကို လာနှုတ်ဆက်သည့် ခပ်ပုပု

မိန်းကလေးနဲ့ ရယ်ရင်း စကားပြောနေသည်။

ထို ကောင်မလေး ထွက်သွားသည့်မကြာသေး နောက် ခပ်ဟော့ဟော့ ကောင်မလေး

နှစ်ယောက် လာထိုင်ကာ တရင်းတနှီး

ဟင်းတွေယူ တခီခီရယ်လိုက် နောက်ပြောင်လိုက် အရေးထဲ ထို ကောင်လေးရဲ့ဖြူဖွေးသောလက်တောင် ထဆွဲလိုက်တာတောင် အဆစ်ပါသေး ။

ဟို သကောင်သားလေး ကတော့ ဖြူဖွေးနေသော သွားတန်းလေးများပေါ်အောင်ရယ် လိုက် ဖွေးဥနေသော ပါးပြင်နှစ်ခုလုံးက ပန်းရောင် သမ်းလိုက် facial expressionအမျိုးမျိုးပြောင်းနေတာတောင်ဆွဲဆောင်နိုင် သော သူ။

*ဘာလားဟ . . .ဒီကောင်လေး တော်တော်စွန်းတာဘဲ*

စိတ်ထဲတွင် အမျိုးအမည် မသိ မရိုးမရွ ခံစားချက်တစ်ခု ရှိနေသည်။

ထမင်း စားပြီး ပြန်မလိုအချိန်တွင်တောင်မှ သူကိုသတိတောင်မထားမိ။ ဘေးက သူ့သူငယ်ချင်းဖြစ်ဟန် ကောင်မလေး နှစ်ယောက်၏ တီတိုးတီတိုးပြောနေမှုကြောင့် သာ ကိုယ်ကို သတိထားမိသည်။ကိုယ်ကတော့ သူသတိ ထားမိပြီဟု ဝမ်းသာပြီး ပြုံးပြမလို ရှိသေး ထို သင်းလေးကတော့ ခေါင်းငုံနေသည်။

*ချေလှချည်လား *

စိတ်ထဲကအလိုမကျသော်လည်း သူချေသော်လည်း အရင်တုန်းက အချေ စတိုင်နေခဲ့သောကိုယ်ကမချေနိုင်။ စနှုတ်ဆက်တာတောင်မှ ဟို ကောင်လေးကတော့ ဝတ်ကျေတန်းကျေ သာ စကားပြောပြီး ဆင်းပြေးသွားသည်။

ဘယ်လို ကောင်လေးလဲဟ . .

နှစ်ကြိမ်မြောက် မထင်မှတ်ခွင့်ရသော်လည်း သူနာမည်ကိုတောင် မေးခွင့်မရနိုင်ခဲ့။

ကံကြမ္မာ က သူကို တတိယကြိမ်ဆုံတွေ့နိုင်

အောင် ဖန်တီးခဲ့သည်။

ဒီနေ့အမတော်က forever food and drinks မှာ ဝင်စားချင်သည်ဟု ပူဆာသောကောင်းမှုကြောင့် foreverတွင် လိုက်ကျွေးရင်း မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ရသည်။

ထို ကောင်လေး ဆိုင်ထဲသို့ ဝင်လာတဲ့ပုံစံ

မနက်က ဝတ်ထားသည့် ပုံစံအတိုင်း မဟုတ်

အမဲရောင်ဘောင်းဘီတို နဲ့ shirt အဖြူရောင် လေးဝတ်ထားသောကြောင့် ယောကျာ်းလေးမတန် ​မုန်လာဥ ခြေသလုံးလေးမှာ ထင်းနေသည်။

သွယ်လျ ဖြူဖွေး သောခြေသလုံး သူရဲ့

ထူထဲ မည်းနက်နေသော မျက်ခုံးအထက်

ဘေး တစောင်းချနေသော ဆံပင် ပုံစံကလည်း ကလေးလေးအတိုင်းပင်။ စစမြင်ချင်း ကိုယ် မျက်စိကိုယ်မယုံနိုင် ။

တိုက်ဆိုင်မှုလား . . .ကံကောင်းမှုလား မသိ

*ဒီကောင် ယောက်ကျားလေးကော ဟုတ်ရဲ့လား*ဟု တွေးရင်း

သူ နားလေးက ထိုင်နေသော ကောင်မလေး ။ နေ့လည်က တွေ့လိုက်သော သူကို လာနှုတ်ဆက်သော ကောင်မလေး . ..နှစ်ယောက် သမား ပြုံးရွှင်စွာ စကားပြောကာ စနောက်နေကြပုံ ထောက်ရင်တော့

*သူတို့နှစ်ယောက်က ရည်းစားတွေလား??* စိတ်ထဲတွင် unknown questions ပေါင်းများစွာတက်လာသည်။

ဒီတစ်ကြိမ်တော့ သူတွေ့သွား သည်။ ပြုံးသာပြပြီး ထမင်းသာစားပြီး သူဘေးက ကောင်မလေးနဲ့သာ ရယ်ကာ ရွှင်ကာ စကားပြောနေသည်။

ဒီက စိုက်ကြည့်နေသည့်သူကိုတောင် အဖတ်မလုပ်။ ဘေးက အမတော်က ထမင်းပန်းကန်ထဲ အသားလာထည့်ပေးရင်း အသိပေးလိုက်မှ သတိဝင်လာတဲ့ကိုယ်အဖြစ် . .

အိမ်မက်ထဲက ကိုင်ခွင့်ရခဲ့သော လက်တစ်စုံ။ထိုလက်တစ်စုံရဲ့ပိုင်ရှင်ကို မမျှော်လင့်ဘဲ

မထင်မှတ်ဘဲ တွေ့ဆုံခဲ့ရုံသာမက တစ်နေ့ထဲ သုံးကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ရသည်မှာ

ရေစက်ကြောင့်ပေလား (သို့ ) ကံကြမ္မာက

ပေးသော special present လား ဆိုတာ မသဲကွဲ. . . . .

*အိမ်မက် ထဲမှာတောင် ပြုစားတာ အားမရလို့ အပြင်မှာ ကိုယ်ကို လာပြုစားနေတာလား

ကောင်လေးရယ်*

စိတ်ထဲတွင် မာန်တစ်ယောက် တွေးရင်း မျက်တောင်များ တဖြည်းဖြည်း လေးလံကာ အိပ်စက်ရာဆီသို့ . . . .