Chapter 6: part 5{U}

နှလုံးသားထက်က လက်တစ်စုံ (Completed)Words: 25812

နေရဲမာန်တစ်ယောက် စာသင်ခန်းထဲတွင်  ကျောင်း စတက်ကတည်းက ဘောပင် ကို စားပွဲနှင့်  တတောက်တောက်ခေါက်လိုက်။

စာရွက် ဟိုလှန် ဒီလှန်လိုက် စာရွက်ပေါ် တောင်ခြစ်မြောက်ခြစ်လုပ်လိုက် လက်မှပတ်ထားသောနာရီကို ကြည့်လိုက်ဖြင့်  စိတ်မပါစွာ lecture ကို နားထောင်နေရသည်။

အရှေ့က ကထိကဆရာမ ဘာတွေရှင်းပြနေသည်ကို မသိ။ တစ်လုံးမှနားမဝင်။ သူအဖို့ နေ့လည်စာကျောင်းဆင်းချိန်ကို သာ ကြိတ်မျှော်နေသည်။

ကြာတော့ ဘေးက ထိုင်နေသော သူ့ငယ်ပေါင်းဖော် ဘော်ဒါ နှစ်ယောက် က သူအား ကြည့်မရ။ တလှုပ်လှုပ်တရွရွဖြင့် ။

ရှေ့က ဆရာမ၏အရိပ်အကဲကြည့်၍ မျိုးမြင့် က မာန်လက်မောင်းအား တံတောင်ဆစ်ဖြင့် ထိုးပြီး

''ဟဲ့ကောင် သားကြီး မင်းဒီနေ့ဘာတွေ လောနေတာလဲ ။ နာရီကြည့်နေတာလည်း အကြိမ်ပေါင်း မနည်းတော့ဘူး။ ဂနာကို မငြိမ်ဘူး  ဘယ်စော်နဲ့ ချိန်းထားတာလဲ ?''

ဟု ဝင်စပ်စု မေးလိုက်ရာ

'မင်း အဘ အားအားရှိ ဒီစော်ဘဲပြောနေတာ  စော ကိစ္စခေါက်ထားတယ်။ ''

မာန်တစ်ယောက် မျက်မှောင်ကြုတ်ကာ

ဘု ကလန့် ဖြေလေသည်။

ထိုစဉ် ဟိန်းထက်က သူတပ်ထားသော မျက်မှန်ဝိုင်း ကြီး အောက်မှ မယုံသင်္ကာမျက်လုံးများဖြင့်မာန်ဘက်သို့ ပြူးကြည့်ပြီး

"အဟက် စော် မရှိ ရင်မနေနိုင်တဲ့ ကောင် က အခု ကျ အာဒါကို ခေါက်ထားတယ်ဆိုတော့

ကြားသားမိုးကြိုး ပါလား။ မင်းနဲ့ ငါတို့ က ငယ်စဉ် ကတည်းက လည်ပင်းဖက်ပေါင်းလာတဲ့သူတွေပါကွာ။ မင်း အကြောင်းကိုသိတာ နှောကြေနေပြီ။လာရွှီးမနေနဲ့ ။ အတန်းတက်ကတည်းက ဂနာကို မငြိမ်တာကို ကြည့်တော့ကွာ "

မျိုးမြင့်နှင့် ဟိန်းထက် အတိုင်အဖောက်ညီကာ နေရဲမာန်အား ဖဲ့ပြော ကာ ခွီနေကြလေသည်။

"မင်း အမေ ငါတို့်ကို မျက်ထောင့်နီနှင့် ကြည့်နေပြီ တော်တော့ ။  စပ်စုလိုက်တာ လွန်းရော။ မင်းတို့ပြောမှ ငါကဘဲ စောတစ်ပွေနဲ့ လမ်းသလားနေတဲ့ သူလိုလို . . .ဘာကောင်တွေမှန်းကို မသိဘူး ''

မာန်တစ်ယောက် ပြောလည်းပြော စိတ်ကပေါက်ရင်း ထိုနှစ်ယောက်ကို ပိတ်ဟောက်လိုက်သည်။ ဒါတောင် ထိုနှစ်ယောက်သမား က တစ်ယောက်နှင့် တစ်ယောက်အထာပေးကာ ပြုံး တီတီလုပ်နေကြသည်။

12နာရီ အတန်းဖြုတ်သည်နှင့် တစ်ပြိုင်နက်

စာအုပ်တွေကို လွယ်အိတ်ထဲမြန်မြန်ထည့်ကျောပိုးအိတ်ကို ဘေးတစ်စောင်းတစ်ဖက် လွယ်ကာ မျိုးမြင့်နှင့် ဟိန်းထက် ဘက်သို့ လှည့်ပြီး စကားစ လိုက်သည်။

''ဟဲ့ကောင် တွေ မြန်မြန်လုပ် သွားမယ်. . .''

'' သားကြီး ဘယ်လဲကွ ?''

ဟိန်းထက်နဲ့မျိုးမြင့်မှာ ကြောင်တောင်တောင်

ဖြင့် မေးလိုက်ရာ မာန် ကတော့လက်ပတ်နာရီ

ကြည့် ရင်း

''မန္တလေး တက္ကသိုလ်က RCလေ ''

''ဘာ!!!''

နှစ်ကောင်သမား ပေါင်းအော်လိုက်သည့် အသံက အခန်းထဲက လူများ သမင်လည်ပြန် လှည့်ကြည့်ရလောက်အထိ ကျယ်သွားသည်။

မျိုးမြင့် က တအံတသြဖြင့်

''ဟာကွာ မင်းကလည်း ဝေးတယ် ။  canteen တွေမှိုလို ပေါ နေတာကိုး။ ဒီမှာလည်း နေ့လည်စာ စားနေကျ ကိုကွာ။

အချိန်ကိုလည်း ကြည့်လိုက်အုံး။ 45မိနစ်ဘဲရတာ ။ ''

မလိုက်ချင် လိုက်ချင် မျက်နှာဘေးဖြင့် ညဉ်းညူနေသည်။

မာန်တစ်ယောက် မျက်မှောင်ကြုတ်ရင်း စိတ်မရှည်သောလေသံဖြင့်

''မင်းတို့တွေ မလိုက်ချင်လည်း မလိုက်နဲ့။ မင်းတို့ ညဉ်းနေတာနဲ့ကို အချိန်ကုန်နေပြီ ။ နေခဲ့တော့ ''

ဟု ပြောရင်း  မပြေးရုံတစ်မယ် ရှိသော

ခြေလှမ်း ကျယ်များ လှမ်းကာ ထွက်သွားလေသည်။

ကျန်ခဲ့သော နှစ်ကောင်မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် ပြီး ခေါင်းကုတ်ကာမာန်နောက်သို့  လိုက်ရ မလိုက် ရ မြန်မြန်တိုင်ပင်ပြီး နောက်ဆုံးတော့ လည်း နှစ်ယောက်သမား အမှီပြေး လိုက်သွားရသည်။

''ဟေ့ ကောင် သားကြီး စောင့်အုံး ငါတို့ လိုက်ခဲ့မယ် ''

ကား parking areaတွင်ရောက်နေသော

မာန်အား  ဒုတိယထပ်ကနေ အလောတကြီး

လက်ပြ ဟန့်တား နေသော

မျိုးမြင့် နှင့် ဟိန်းထက်။

မာန်ကတော့ okဆိုသောသဘောဖြင့် လက်

ထောင်ပြလိုက်ပြီး သူ့ကားထဲတွင်ဝင်ထိုင်စောင့်နေလိုက်သည်။မကြာပေ။

ကားတံခါး ဖွင့်ပြီး ဝင်ထိုင်ကာ စကားပင်မပြောနိုင် လျှာ တစ်လစ် တစ်လစ်ဖြင့် ရင်ဘတ်ကို လက်ဖြင့်ဖိကာ အမောဖြေနေသော သကောင်သမားနှစ်ယောက်။

နေရဲမာန်လည်း သူတို့ ကားပေါ်သို့ ရောက်

သည့်နှင့် တစ်ပြိုင်နက် MUဘက်သို့ ဦးတည်

မောင်းလာခဲ့သည်။ ဘေးက ထိုင်နေသော ဟိန်းထက်က ရင်ဘတ်ကို လက်ဖြင့်ဖိကာ ကားကို အလောတကြီးမောင်းနေသော နေရဲမာန်ဘက်သို့လှည့်ပြီး

''ဟဲ့ကောင် သားကြီး ဖြေးဖြေးမောင်းပါကွာ။

အမောဖောက်နေရတဲ့ကြားထဲ မင်း ကားမောင်း ကြမ်းပုံနဲ့တော့ MU မရောက်ဘဲ ငါတို့ တွေရေခဲတိုက် ထဲကိစ္စချောနေအုံးမယ်''

တဟောဟောဖြင့် ပြောနေလိုက်သည်။

နေရဲမာန်တစ်ယောက် ကားကို မနည်း

အာရုံစိုက်ကာ အရှိန်တင်မောင်းနေရသည့်ကြားထဲ အမော ဆို့နေတာတောင်မှ စနောက်သန်သော ဟိန်းထက် ကို တစ်ချက် စူးခနဲ

လှည့်ကြည့်ပြီး

''တော်တော့ အာရုံလာမစားနဲ့ မနည်း ကားကို အာရုံစိုက်ပြီး မောင်းနေရတယ့် ကြားထဲ  ''

ပိတ်ဟောက်လိုက်ရာ ငြိမ်ကျသွားသည်။

ဒါတောင်မျက်နှာပိုးကမသေသေး။

နောက်ခန်းက ထိုင်နေသော အကြောက်

အလန့်ကြီးသူ မျိုးမြင့်ကတော့ ပါးစပ်က တလှုပ်လှုပ် တရွရွ ဖြင့် အာဂုံဆောင်ထားသမျှ ဘုရားစာများ ရွတ်ဖတ်ရင်း မျက်လုံးကြီး မှိတ်ကာ  လိုက်ပါလာသည်။

RC အရောက်တွင် မာန်တစ်ယောက် ဟိုကြည့် ဒီကြည့် ဖြင့် တစ်စုံတစ်ယောက် သောသူ ကိုရှာနေမိသည်။ သို့သော် သူ တွေ့ချင်မိသော သူ၏အရိပ်အယောင်လေးတောင်မတွေ့မိသောကြောင့် အနည်းငယ်စိတ်ပျက်သွားသည်။

ဒီလောက် UMM(ဆေးကျောင်း) ကနေ MU ကို သူလေးကို တွေ့ချင်မိသောစိတ်ဖြင့် တကူးတကလာတာတောင် မတွေ့မိ ။ မနေ့ကတော့ မမျှော်လင့်ဘဲ  အကြိမ်ကြိမ် ဆုံမိသည်။

*မနေ့ကလို တိုက်ဆိုင်မှုသာ ဖြစ်ရင်

ဘယ်လောက်ကောင်းမလဲ*

ဟုတွေးရင်း

''ဟူး''

ခနဲ လေပူ များကို မှုတ်ထုတ်ကာ သက်ပြင်း

ချနေသော မာန်ရဲ့ မျက်နှာ ရိပ်အခြေအနေကိုကြည့်ရင်း မျိုးမြင့်နှင့် ဟိန်းထက် တစ်ယောက်နဲ့တစ်ယောက် မျက်ရိပ်ပြကာ မျိုးမြင့်ကစ၍

''ငါတို့ Bubble City မှာ စားကြည့်ရအောင် အစားအသောက်ပုံတွေပြထားတာ စားချင်စရာကြီး ကွ ဒီနေ့ မာန် မင်း ငါတို့ကို ဒကာခံတစ်လှည့်''

ဟု ပြောရင်းဆိုရင်း သုံးယောက်သမား ဆိုင်ထဲသို့ ဝင် ထိုင်ကာ menu book ကို လှန်ကာ

ကြည့်နေလိုက်သည်။

စားစရာမှာနေသော မာန်တို့ အုပ်စုကို ခိုးခိုးကြည့်နေသော တက္ကသိုလ် ကျောင်းသူများက အများအပြား။ တချို့ဆိုလျှင် ဓာတ်ပုံတောင်ခိုးရိုက် လိုက်သေး။

ဟိန်းထက် က နှာတံပေါ်ကလျှော ကျနေသော မျက်မှန်ကိုင်းကို ပင့်တင်လိုက်ရင်း

''ငါတို့ တွေ ဒီကျောင်းမှာ တော်တော်စွန်းတာဘဲ။ အဟီး. . .ဘေးတစ်ဝိုက်ကို ကြည့် လိုက်ကြ သားကြီးတို့ ။ ငါတို့ကို မသိမသာ ရှိုးနေတဲ့ မိန်းကလေးတွေအများကြီး ဘဲ''

စားပွဲပေါ်သို့ လက်နှစ်ဖက်ကို တင်ကာ လက်ဖဝါး နှစ်ဖက်ကို ယှက်လျက် ဟန်ပါပါပြောနေသည်။

''မင်းကလည်း ဒီလောက်ကတော့ရှိရမှာပေါ့ ။ဒီမှာ ငါတို့ရဲ့ UMM the whole king ကြီး ပါတာဆိုတော့ . . .ငါတို့ ကလည်း ဘေးကနေ အရောင် တောက်တာပေါ့ကွာ''

မျိုးမြင့်တစ်ယောက် မရှိမဲ့ရှိမဲ့ ကော်လံ သေးလေးကို စမတ်ကျကျ ကို ကိုင်ကာ မာန် ဘက်သို့ မျက်စပစ်ကာ ပြုံးဖြီကာ ဂုဏ်ယူဝင့်ကြွားစွာပြောနေလေသည်။

အစားအသောက်အကြိုက် ကို မတွေ့သေး menu bookကို ရှေ့ပြန်နောက်ပြန်လှန်နေသော မာန်ကတော့

''တော်စမ်းပါကွာ မင်းတို့တွေကတော့''

ပြောရင်း  အမေရိကန်ထမင်းကြော်တစ်ပွဲမှာလိုက်သည်။

စိတ်ရှုပ်သော လေသံဖြင့် ပြောလိုက်ရာ

နှစ်ယောက်သမား မကျေနပ်သည့် မျက်နှာ ပုံစံမျိုးဖြင့် . . .

''မာန် မင်း အတန်းတက်ကတည်းက မင်းဖင်တကြွကြွနဲ့ ဖြစ်နေတာ ဒီကို လာပြီး တစ်ယောက် လာရှာတာမလား။ MU က RC မှာ စားချင်လို့ ဆိုပြီး ဝေ့လှည် ကြောင်ပတ်လုပ်မနေနဲ့။ ခုနတုန်းက မင်းရဲ့ပုံစံကတစ်ယောက်ယောက်ကို ရှာနေတာ အသိသာကြီး ''

မျိုးမြင့် က စကားစလိုက်ရာ

မာန်က မျိုးမြင့်ကို မျက်ခုံးတစ်ချက်ပင့်ကြည့်လိုက်ပြီး

''ငါ့ပုံစံက အဲ့လောက်ကို သိသာနေတာလား  hk ''

ဟိန်းထက် က မနေနိုင်စွာ

''မာန် မင်းဒီ MU က ဘယ်ကောင်မလေး ကို

crush နေပြီလဲ ? အရင်တုန်းကနဲ့တောင်မတူဘူး ။

မင်း ဒီလောက်ကြီးထိ UMM နဲ့MU ကို

မရှိမဲ့ရှိမဲ့ အချိန်လေးအတွင်းမှာတောင် ရေးကြီးသုတ်ပြာ  လာရှာ တဲ့ပုံထောက်ရင် မင်း အဲ့ကောင်မလေးကို တော်တော် crushမိနေပြီ

ထင်တယ် ''

''hahaha မင်းတို့ နှစ်ကောင်က ငါက MU က

ကောင်မလေး တစ်ယောက် ကို စိတ်ဝင်စားနေတယ်ထင်လား ?ဝေးသေး  ။''

ဟု ပြောရင်း ထရယ်နေသော မာန်ကို နှစ်ယောက်သမား နားမလည်နိုင်သော မျက်လုံးများဖြင့် ကြည့်ရင်း  ဟိန်းထက်က

''အာဆို မင်း ဒီကို ဘာ ဖြစ်လို့ လာတာလဲကွ?''

စိတ်မရှည်သောလေသံဖြင့် မေးလိုက်ရာ

နေရဲမာန်တစ်ယောက် အနည်းငယ်ပါးလွှာတည်တံ့သော နှုတ်ခမ်း တစ်စုံမှာ ပြုံးယောင်သမ်းလျက် စမတ်ကျကျဖြင့် လက်နှစ်ဖက်ကို ယှက်ပြီး ကုလားထိုင် နောက်သို့မှီလိုက်ပြီး

''မင်းတို့ တွေ မနေ့က RC မှာ ငါ နှုတ်ဆက်လိုက်တဲ့ ကောင်လေး ကို မြင်လိုက်လား?''

မေးလိုက်သည်။

မျိုးမြင့် က ချက်ချင်းပင်

''ဟို မင်းစနှုတ်ဆက်တဲ့ ဖြူဖြူချောချော

ကောင်လေးလား ? ငါတို့ တွေ့တယ်လေ''

ခေါင်းညိတ်စွာ ဖြေလေသည်။

''That's right.အဲဒါ ငါ သူကို ထပ်တွေ့ချင်လို့ ဒီကိုလာတာ''

တည်ငြိမ်သောလေသံဖြင့် ခပ်တည်တည်ဖြေ

လိုက်သည်။

မျိုးမြင့်နဲ့ ဟိန်းထက် နှစ်ကောင်သမား နေရဲမာန်အား မျက်လုံးကျွတ်ကျ မတတ် ပြူးကြောင်ကာ အံ့သြနေသည်။ မာန်ကတော့ အေးအေးဆေးဆေးပင်။

ဟိန်းထက်က မရဲတရဲလေသံဖြင့်

''မင်း. . . သူကို .  . . စိတ်ဝင်စားနေတာလား .. . မင်း . မင်း . . . .Gayလား??'' မေးလိုက်ရာ

မာန် ကတော့ လက်ပိုက်ထားသော အနေအထားမှ စားပွဲပေါ်သို့ လက်ထောက် ကာ လက်ဖဝါးနှစ်ခု ဆုပ်လျက် မေးထောက်ရင်း . . .အပြင်ဘက်သို့ တစ်နေရာရာကို ကြည့်နေသော မျက်လုံးများဖြင့် . . .

ထို မျက်လုံးထဲတွင် အတိတ်ဆိုသော မနေ့က RC က အဖြစ်အပျက်များကို ပြန်လည်း မြင်ယောင်နေသော အငွေ့အသက်များ စွန်းထင်းလျက်

''ငါ သူကိုစိတ်ဝင်စားတယ်။ငါ ကိုယ် ငါ လည်း ဘာဖြစ်နေမှန်းမသိဘူး။ သူနဲ့စတွေ့ကတည်းက သူကို ထပ်တွေ့ချင်တဲ့ စိတ်ခဏ ခဏဖြစ်မိသည်။ အစွန်းဆုံး ပြောရမယ်ဆိုရင် သူနဲ့ခင်ချင်မိတယ် ။သူအကြောင်းတွေ အကုန်သိချင်တယ်''

အေးဆေးသော လေသံဖြင့် ခပ်တည်တည်

စကားများ ပြောနေသော နေရဲမာန်ကို

မျက်တောင်မခတ်  ကြည့်ရင်း ဘေးက နှစ်ယောက် တံထွေးကိုယ်စီ မနည်းမြိုချရသည်။

''မင်း သူနဲ့ဘယ်လို စတွေ့တာလဲ ?သူ့နာမည်

ကောသိလား?''

မျိုးမြင့် က ရုတ်တရက် မေးလိုက်ရာ

နေရဲမာန် တစ်ယောက် အကြောင်းစုံရှင်းပြလိုက်သည်။

မာန်တစ်ယောက်  အကြောင်းစုံရှင်းပြပြီး

သူငယ်ချင်းနှစ်ယောက် ကို အားကိုးရမလားဟုကြည့်လိုက်ရာ ထို ငနဲနှစ်ယောက်ကတော့ ကျွတ်စ်သပ်ကာ

''သွားပြီ ငါတို့ သူငယ်ချင်း မာန်ကြီး ဂေါက်သွားရှာပြီ ''

ဟု မပြောရုံတမယ် မည်သော မျက်နှာဘေးများဖြင့် ဂရုဏာ သက်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။

''မင်းဟာ က လည်း မဟုတ်သေး ပါဘူး ကွာ။ နာမည်လည်း မသိ။ ဘယ်majorကမှန်းလည်း မသိဘဲနဲ့။ ငါတို့ သူငယ်ချင်း straight ကြီးကို စိတ်ကျန်းမာရေးဆေးရုံပို့ ရတော့မယ် ''

အရေးထဲ စနောက်နေသော ထို သကောင်သား ဟိန်းထက်ပေါ်သို့ ကျရောက်လာသောမာန်ရဲ့ မိုးကြိုးသွားပမာ စူးရှလှသော မျက်စောင်းက ဒိုင်းခနဲ ။

''တော်တော် ကောင်းတဲ့သူငယ်ချင်း ရောင်းရင်းတွေ။ ဒီကတော့ အာညောင်းခံပြီး feel အပြည့်နဲ့ပြောပြလိုက်ရတာ။ ကူညီဖော် တိုင်ပင်ဖက် ရနိုင်မလားဆိုပြီး။စဖို့ နောက်ဖို့ ဘဲသိတဲ့ အလကားကောင်တွေ။ ဒီတစ်ခါ Go dutch (ကိုယ်စားကိုယ်ရှင်း )ဘဲ။ငါ ဒကာမခံနိုင်ဘူး''

မာန်တစ်ယောက် ခပ်တည်တည်ပုံစံဖြင့် အနည်းငယ် ခြိမ်းခြောက်လိုက်ရာ

ဘေးကနှစ်ကောင်သမား က ရယ်ကျဲကျဲဖြင့်

''သူငယ်ချင်းကြီးကလည်း အာလိုမလုပ်ပါနဲ့။ စတာပါကွာ။ ငါတို့ နှစ်ယောက် မင်းတစ်ယောက်တည်း ဖြစ်မှာဆိုးလို့  မင်းနောက်ကို ချောမလဲရုံတစ်မယ်  အဖော်အဖြစ် ပြေးလိုက်လာရသေး။ ပိုက်ဆံအိတ်လည်း ပါမလာခဲ့ဘူး ။ ''

''မင်းရဲ့ အသည်းလေး  . . .oops မှားလို့ အဟီး  တွေ့ချင်တဲ့ကောင်လေးကိုလည်း . . .ငါတို့ တွေ့အောင် ကူညီပေးပါမယ်လို့စ်''

သွား 32ချောင်းလုံး ပြုံးဖြီကာ တီတီတာတာ

လုပ်နေကြသည်။

မာန်တစ်ယောက် စိတ်မရှည် စွာ

'မြန်မြန်စားကြ 10min ဘဲကျန်တော့တယ်''

ဟုမိန့်လိုက်မှ သာ လာချထားသော အစားအစာများကို အားရပါးရ လွေးပြီး UMM သို့ အမြန် ပြေးရတော့သည်။

တစ်ဖက်တွင် သူငယ်ချင်းမများနဲ့ MU အပြင်ဆိုင်မှာ စရင်းနောက်ရင်း စားသောက်နေကြသော မင်းမခ တစ်ယောက် နှာတွေ ချေနေလျက် . . .

~~~~~~~~