Chapter 7: part 6{U}

နှလုံးသားထက်က လက်တစ်စုံ (Completed)Words: 30070

''ဒီနေ့ နေရဲမာန်ကို RC မှာ တွေ့ခဲ့တယ်။

တော်တော်ချောတယ်ဟ ။ smart အရမ်းကျ

တယ် ငါတောင် ဒီမှာ ဓာတ်ပုံခိုးရိုက်လာသေး အဟီး''

''ငါကို ပြစမ်း။ snapshot ထဲမှာတောင်

ဒီလောက် ခန့်ချောချော တာ ။ အပြင်မှာဆိုရင် ပြောစရာကို မလိုပါဘူး ဟယ်''

''မနေ့ကလည်း သူလာသေးတယ်။ ဒီနေ့လည်း သူလာစားတယ်။ Something is something Iccezz''

စာသင်ခန်းထဲတွင် နောက်တန်းမှ မိန်းကလေး တစ်စု ပြောသံများကြောင့် မင်းမခ လှည့်ကြည့်လိုက်သောအခါ ECတို့အဖွဲ့ဖြစ်နေသည်။

*နေရဲမာန်များ ကံကောင်းချက် မိန်းကလေးတွေကို ဝိုင်းဝိုင်းလည်နေတာဘဲ. . .*

အတွေးပင်မဆုံးလိုက်သေး။

''မိခ နင်ကြောင့် ငါတို့တွေ နေရဲမာန်လေးနဲ့လွဲသွားတာ ။ နေရဲမာန် ဒီနေ့RC လာတယ်တဲ့ ''

'' ဟုတ်ပ ။ဒီလိုမှန်းသိရင် RC ဘဲ သွားပါတယ်။ သူမျက်နှာလေး တောင် မရှိုးလိုက်ရတဲ့ဘဝ. . . ''

မျက်နှာ မဲ့ကာ လူကို အပြစ်ရှိသလို ပုံစံမျိုးဖြင့် မင်းမခ ဘက်သို့ ဘုကြည့် ကြည့်ကာ

ပြောနေသော မေနှင်းနဲ့ မြလေး။

''နင်တို့ မိန်းကလေးတွေ ယောကျာ်းလေး

တစ်ယောက်လာတာကိုများ တော်တော်

အဖြစ်သည်းနေကြတာဘဲ။ ဟိုကဖြင့်

အချေစတိုင်ရုပ်နဲ့ အဖတ်တောင်မလုပ်တဲ့သူကိုများ''

စိတ်ရှုပ်စွာစုပ်သတ်ကာ ပြောနေသော မင်းမခ ။

''aww အေး နင်ကတော့ အာ့လို ပြောအားရှိတာပေါ့ မိမခ ရဲ့ ။ နင်က သူနဲ့ခင်နေတာ

ဆိုတော့ ဟွန့်''

မေလေး က မကျေနပ်သည့် ပုံစံမျိုးဖြင့် ဘုတော ပြောလိုက်သည်။

ဆက်ပြောလျှင်လည်း ဒီနှစ်ကောင်နဲ့ မဆုံးနိုင်တဲ့ အပြိုင် အဆိုင် ငြင်းနေရပေအုံးမည်။

မင်းမခက တော့ ဘာမှမပြောတော့ ဘဲ

သက်ပြင်းရှည် ချကာ ခေါင်းတရမ်းရမ်းဖြင့်။

3 နာရီ အတန်းဆင်း ပြီး အိမ်သို့ ပြန်ကာ ခါတိုင်းကဲ့သို့ ရေမိုးချိုး အဝတ်အစားလဲပြီး

တဂွီဂွီမြည်နေသော ဝမ်းဗိုက်နှင့် အစာဖြင့် ချော့ရတော့သည်။

သောကြာနေ့ဖြစ်သောကြောင့်

တရုတ်သင်တန်းသွားစရာ မလိုဘဲ အိမ်မှာ

အေးအေးဆေးဆေးအနားယူမည် အကြံဖြင့်

အိပ်ရာပေါ်တွင် ခေတ္တခဏမှေးရန် စိတ်ကူး

လိုက်သည်။

အိပ်မပျော်ခဲ့ပေ။ ဟို လိမ့်ဒီလိမ့်ဖြင့် အိပ်ရာပေါ်တွင် နာရီဝက်သာ အချိန်ကုန်သွားသည်သာ အဖတ်တင်သည်။

နောက်ဆုံးတော့လည်း ခ တစ်ယောက်

ကောက်ကာငင်ကာ ထပြီး မေမေ့ ရဲ့ကုန်စုံဆိုင်သွားကူလုပ်ရင်း စာလုပ်မည် ဟု ဆုံးဖြတ်ပြီး

ကြီးမေကို ပြောပြီး ထွက်လာခဲ့သည်။

ဆိုင်ရောက်တော့ မေမေရှိမနေ။

''မောင်လေး မင်းမခ မတွေ့တာတောင်ကြာပြီ ။ အခုမှ မျက်နှာ လာပြတာပေါ့ ''

ခ ကို မြင်သည့်နှင့်တစ်ပြိုင်နက် ဝန်ထမ်း အမ

ကြီးများ က ဆီးကြို နှုတ်ဆက်လာကြသည်။

'' ကျနော်လည်း သင်တန်းတက်နေရလို့ မအားဘူး အမရေ။ မေမေ ကော ဘယ်သွားလဲ''

ပြုံးပြရင်း မေးလိုက်ရာ

''အန်တီသင်းက ကုန်ပစ္စည်းတွေ သွားကြည့်

နေတာ ခ ''

နို့ဆီဘူး များကို စင်ပေါ်သို့ အစီအရီတင်ရင်း

ပြန်ဖြေလိုက်သည်။

အရင်တုန်းက ညနေတိုင်း နေ့တိုင်းလိုလို

ကုန်စုံဆိုင် တွင် သွားထိုင်ပြီး ကူလုပ် ခဲ့သည်။

IELTS သင်တန်းတက် နေရသည့်အတွက်

ကြောင့် ဆိုင်ဘက်သို့ အရင်က မလှည့်နိုင်ခဲ့။

သောကြာ နေ့ စနေ တနင်္ဂနွေ ရက်များတွင် အားရင်အားသလို ဆိုင်သို့သွားကာ ကူလုပ် လေ့ရှိသည်။

ထုံးစံအတိုင်း ကောင်တာပေါ်တွင် ထိုင်ကာ ဆရာမ ပေးလိုက်သည့် ကြိုဖတ်ရမည့် major subjectsထဲက အကြောင်းအရာများဖတ်နေလိုက်သည်။

'' ဒီမှာ chilli sauce ရှိလားဗျ ''

စာကိုသဲကြီးမဲကြီး ဈာန်ဝင်စားစွာ ကုန်းဖတ်

နေသော မင်းမခတစ်ယောက် ဈေးဝယ်သူ အသံကို မကြား ။

''ညီလေး . . .ညီလေး''

စာဖတ်နေရာမှ အနည်းငယ် ကျယ်သွားသော

ယောကျာ်းလေးအသံကြောင့် လှည့် ကြည့်

လိုက်သောအခါ . . . .

''ဟမ် နေရဲမာန် . . .''

အမှတ်တမဲ့ ပါးစပ်ဖျားမှ ခ တစ်ယောက်

သတိမမူနိုင်ဘဲ လွှတ်ထွက်သွားသည်။

ထိုသို့ အမှတ်တမဲ့ ထွက်သွားသော နာမည်ကို

ကြားသွားသေးသော နေရဲမာန်တစ်ယောက် စိတ်ထဲတွင် ကြိတ်ကျေနပ်ကာ နှုတ်ခမ်းထောင့်မှ ပြုံးသယောင် သမ်းသွားသည်ကို မင်းမခတစ်ယောက် သတိမမူမိချေ။

ဖတ်နေသည့် စာအုပ်ကို စားပွဲပေါ်သို့  ကပြာကယာမှောက်ပြီး မတ်တပ်ရပ်ကာ

'' အစ်ကို ဘာယူမလဲဗျ?''

နူးညံသိမ်မွေ့သော အပြုံးလေးဖြင့် customer ကို မေးနေသောသူ။

ရုတ်တရက် ဆိုင်ထဲသို့ ဝင်လာသည့်မို့။ဆိုင်ထဲတွင် ဝန်ထမ်းများရှိမနေ ။ဂိုဒေါင်ထဲတွင် ကုန်တင်ကုန်ချ ပျားပန်းခတ်မျှ အလုပ်ရှုပ်နေကြသည်။

နေ့လည်က RC တွင် အသည်းအသန် ရှာတာတောင် သူကို မတွေ့။ အခုတော့ အမတော်

ဖုန်းဖြင့် တပူပူတဆာဆာ ဖြသ့် အတင်း

မှာလိုက်သော chilli sauce

ကောင်းမှုကြောင့် လမ်းသင့်သော

ကုန်စုံဆိုင်ကြီးတွင် မထင်မှတ်ဘဲ တွေ့လိုက်

သည်မို့ နေရဲမာန်လည်း အနည်းငယ်

အံ့သြနေမိသည်။

'' ညီက ဒီဆိုင်ပိုင်ရှင်လား? ''

နေရဲမာန် ရုတ်တရက် မေးလိုက်ရာ

''မဟုတ်ဘူး အကို ။ ဒီဆိုင်က မေမေပိုင်တာ။ကျနော် က တစ်ခါတလေ ဒီမှာ လာပြီးကူတာ ''

ပြုံးပြုံးလေးဖြင့် ပြန်ပြီးဖြေနေသောသူ။

''ငါတို့ နှစ်ယောက် တော်တော်ရေစက်ဆုံတာဘဲ ''

''ဗျာ ''

နေရဲမာန်၏ မဆီမဆိုင် စကားတစ်ခွန်းကြောင့် ကော့ညွှတ်နေသော မျက်တောင်လေးများ ပုတ်ခတ် ပုတ်ခတ်လုပ်နေကာ နားမလည်သည့်ပုံစံဖြင့် ရပ်ကြည့်နေသော မင်းမခတစ်ယောက်။

''ညီ chilli sauce ပုလင်းအကြီးရှိလား ?

တစ်ပုလင်း လောက်''

နေရဲမာန် လှမ်းမှာလိုက်ရာ

''ဟုတ် အကို ခဏစောင့်နော်။''

ဟု ပြောကာ စင် အပေါ်ဆုံးထပ်ရှိ တန်းစီထား သော sauceပုလင်းများထဲမှ chilli sauce ကို မမှီတမှီအရပ်နဲ့ ခြေဖျားထောက်ကာမနည်း လှမ်းယူ နေသော မင်းမခ ။

နေရဲမာန် ထိုပုံစံလေးကို ကြည့်ကာ ရယ်ချင်

သောစိတ်ကို ထိန်းရင်း သူနောက်သို့ မသိမသာ သွားကာ sauce ပုလင်း ကို လှမ်းယူလိုက်

သည်။

*ကျစ် အရပ် 5ပေ7 လက်မရှိတာတောင်

ငါ မမှီတဲ့စင်နဲ့လာတိုးနေပြီ*

မင်းမခ စိတ်ထဲတွင် ကိုယ်အရပ်ကို အလိုမကျဖြစ်နေသည့် အချိန်တွင် ခေါင်းပေါ်ကကျော်၍ sauce ပုလင်းကြီးကို လှမ်းယူလိုက်သော လက်တံတစ်စုံ။

မင်းမခ လည်း ရုတ်တရက်မို့ နောက်ကို လှည့်လိုက်ပြီး ခေါင်းအမော့ နေရဲမာန် လည်း သူကို ငုံ့အကြည့် . . .

''ဟမ်. .''

ခ နှုတ်ခမ်းမှ အာမေဋိတ်သံတိုးတိုးလေးထွက်သွားသည်။ ရင်ထဲတွင်လည်း ရှိန်းခနဲ ဖြစ်သွားသောခံစားချက်။

မနမ်းရုံတစ်မယ် နီးကပ်လွန်းသော မျက်နှာနှစ်ခု. . . ခ ရဲ့ ညှို့အားပြင်းသော မျက်ဝန်း တွေကို မလှုပ်မယှက် ကြည့်နေသော နက်နဲပြီးစူးရှ နေသော မာန်ရဲ့ မျက်ဝန်းနက်များ. . .ဝင်လေ ထွက်လေတို့သည် တစ်ယောက်မျက်နှာတစ်ယောက် ပေါ် ရိုက်ခတ်လျက် ။ တစ်ယောက်တစ်ယောက် မနမ်းရုံ

တစ်မယ်မျှသာ ရှိသော မျက်နှာ အကွာအဝေး။

ဆိုင်ထဲတွင် ထိုလူသားနှစ်ယောက်မှလွဲ၍ မည်သူမျှ ရှိမနေ တိတ်ဆိတ်နေသည်။

(တစ်ယောက်ယောက်များဝင် လာလို့ကတော့ အဟမ်း. 😁😁. .)

''🎶🎶🎶အသွေးအသားထဲက ဆာလောင်နေသော

အချစ် ×××မင်းမျက်ဝန်းတွေကြောင့် ××ငါဟာအရူး

တစ်ယောက်ပါ ××အသက်ရှုမှားပြီလား×× ငါကိုယ်ငါ သတိပေး ××ပထမဆုံး ရင်ခုန်ခြင်း ××ဒါကို အချစ်လို့ မသိခင် ငါ့နှ လုံးသားထဲနေရာယူ

ပြီး အရာရာကို သိမ်းပိုက်သွားပြီ ×××ဝန်ခံတယ် ချစ်နေပြီ ××× မသိစိတ်ထဲက×××× ဝန်ခံတယ် ချစ်နေပြီ ××××ငါရဲ့ အသွေးအသားထဲက 🎼🎼🎶🎶🎶🎶''

ringtone အသံပျံ့လွင်လာသောအခါ

နှစ်ယောက်သမား သတိဝင်လာကာ

''အကို. . . ဖုန်း. . .ဖုန်း. . .မြည်နေပြီ ''

နားရွက်လေးများနီရဲတွတ်နေသည်သာမက

အနီရောင်သမ်းနေသော ပါးဖောင်းလေးများ သွေးကြော အမျှင်လေးများထကာ မျက်လုံးချင်းမဆိုင်ရဲ ခေါင်းကိုငုံကာ ထစ်အ ထစ်အ

ပြောနေသော အနှီကောင်လေး မင်းမခ အသံကြားသောအခါ

မာန်လည်း ဖုန်းကို ဘောင်းဘီ အိတ်ထောင်ထဲထည့် ထားသည့် ကို သတိမရ အယောင်ယောင်အမှားမှား ခန္ဓာကိုယ်ပေါ်တွင် စမ်းနေမိသည်။

''အကို ညာဘက် ဘောင်းဘီ အိတ်ထောင်ထဲမှာ"

ဘောင်းဘီအိတ်ကပ်ထဲက flashlight တဖျတ်ဖျတ် လင်းနေသော phone ကို လက်ညှိုးထိုးကာ ညွှန်ပြလိုက်တော့မှ နေရဲမာန်လည်း ရှက် ရှက်ဖြင့် လည်ပင်းနောက်သို့ ဘယ်ဘက်လက် သပ်တင်ကာ

''aww အေး ဟုတ်သား''

ပြောရင်း အိတ်ထောင်ထဲမှ နှိုက်ယူကာ screen ပေါ်ကို ကြည့်လိုက်တော့ ''မျိုးမြင့် '' ဆိုသော contact က အထင်းသား ပေါ်လျက်။

*တောက်စ် ခွေးကောင် အရေးကောင်းတုန်း

ဒိန်းဒေါင်ဖျက်တဲ့ကောင်စုတ် *

စိတ်ထဲတွင် မာန်တစ်ယောက် မျိုးမြင့်ကို ပျစ်ပျစ်နှဲနှဲ ကျိန်ဆဲရင်း

''ဟဲလို ပြော သားကြီး ''

'' မနက်ဖြန် မင်း အားလား ? ''

''အားတယ် ဘာလုပ်မလို့ လဲ?''

မာန်တစ်ယောက် ဘောက်ဆတ်ဆတ် ဖြေ

လိုက်သည်။

ဖုန်းပြောနေရင်း မျက်လုံးတို့ က

အမှတ်တမဲ့ စားပွဲပေါ်သို့ မှောက်တင်ထားသော စာအုပ်ပေါ်သို့ အကြည့်အရောက်။တစ်ချက် ပြုံးလိုက်သည်။

''မောင်မင်းမခ

Third year (Botany) ''ဟု ရေးထိုး ထား

သည့် ဝိုင်းစက်နေသော လက်ရေး နှင့် ရေးထိုးထားသည့် စာလုံးများကအထင်သား။

''အားရင် ရုပ်ရှင်သွားကြည့် ရအောင် ။ မကြည့်ရတာကြာပြီ ။ ဟို စာဂျပိုး ဟိန်းထက် ကလည်း မလိုက်ဘူး လုပ်နေတာ. . ."

''မင်းဘိုးအေ ရုပ်ရှင် ကြည့်တာကိုများ လာပြီးအဖော်ညှိနေသေး။ ငါ အခုမအားဘူး ။ညကျမှဘဲ ပြန်ခေါ်လိုက်မယ်။ ဒါဘဲ။''

မာန်တစ်ယောက် ခပ်ပြတ်ပြတ်ပြောကာ တစ်ဖက်လူ အပြောကို နားမထောင်တော့ဘဲ

ဖုန်းချ ပစ်လိုက်သည်။

တစ်ဖက်တွင်တော့ အဖော် မရမက လိုက်ညှိ

နေသော မျိုးမြင့်တစ်ယောက် phone screenကို ကြည့်ပြီး

''ဒီကောင် အကြောင်းမရှိ ဘဲ ငါ လာပြီး ဆဲသွားသေးတယ် ။''

ended call ဖြစ်သွားသော contact name ကိုကြည့်ကာ နားမလည် နိုင်စွာ ခေါင်းကုတ်နေသည်။

မိန်းကလေး ဝန်ထမ်းတစ်ယောက် ဆိုင်ထဲသို့ မနိုင်မနင်း 'မ' လာသည့် ပါကင်ပိတ် ကတ်ထူ ပုံးကြီး ကို ကူသယ်ပေးနေသော ဖြူဖြူ သွယ်သွယ် ကောင်လေးတစ်ယောက်။

မနိုင်တနိုင် ကူမပေးနေသော ထိုကောင်လေးပုံစံကို နေရဲမာန် မကူညီဘဲ မနေနိုင်တော့ပေ။

''ပေး ကိုယ်မပေးမယ် ''

ပြောရင်း အထုပ်ကိုစွတ်ခနဲမလိုက်ရာ ဝန်ထမ်းမလေးက ပြူးကြောင်ကြည့်လျက်။

'' ဘယ်ပေါ်တင် ပေးရမလဲ?''

'' ဒီပေါ်. . .''

သစ်သား စင် ဒုတိယတန်းကို လက်ညှိးထိုးကာ မျက်လုံးဝိုင်းလေးဖြင့် ပြောနေသောသူ။

နေရဲမာန် သူညွှန်ပြသော စင်ပေါ်သို့ တင်ပေး

လိုက်ပြီး လက်ဖဝါး နှစ်ဖက်ကို တစ်ဖက်နဲ့တစ်ဖက်ရိုက်ကာ ဖုန်ခါလိုက်သည်။

''ကူညီပေးတာ ကျေးဇူးတင်ပါတယ် အကို ''

''မလိုပါဘူးကွာ ကဲ chillie sauce ဘယ်လောက်ကျ လဲ ညီ?''

''2500 ပါ အကို''

မာန် ပိုက်ဆံအိတ်ထဲမှ 5000 ks တန်တစ်ရွက် ကို ထုတ်လိုက်ပြီး မင်းမခ အား လှမ်းပေးကာ

''ညီကို ဒီနေ့ RCမှာ မတွေ့ဘူး။ ညီ ဘယ်သွားစားတာလဲ?''

''ဗျာ''

နေရဲမာန်တစ်ယောက် နေ့လည်က မင်းမခ ဘယ် canteen တွင် သွားစားခဲ့သည် ကို သိချင်မိသော ကြောင့် မဆီမဆိုင် မေးလိုက်ရာ မျက်လုံးလေး ကလယ်က လယ်ဖြင့် အနည်းငယ် ကြောင်သွားသော ပုံစံလေးကို ကြည့်ပြီး ခစ်ခနဲရယ် လိုက်သည်။

''ငါ တစ်ခုခုပြောလိုက်တိုင်း တဗျာဗျာနဲ့နော်

မင်းလေးက။ မနေ့က RC မှာ မင်း နေ့လည်စာစားနေတာ တွေ့တယ်လေ။ ဒီနေ့ကျ မတွေ့

တော့လို့ မေးကြည့်တာ''

ထို ကောင်လေး သူကို ဘယ်လို ထင်သွားမည်နည်း။ မဆီမဆိုင် ရုတ်တရက် မေးခွန်းကြောင့် အနည်းငယ် တွေဝေနေသော ထို ကောင်လေးပုံစံ။ သိချင်လွန်းလှသောစိတ်တို့ကမထိန်းချုပ်နိုင်သော ကြောင့် မတွေဝေ

တော့ဘဲ မတင်မကျ မေးလိုက်ရသည်။ ဒါမှလည်း သူကို နေ့လည်တိုင်း သွားရှိုးလို့ရမည် မဟုတ်လား. . .

''aww ဒီနေ့ အပြင်မှာ သွားစားဖြစ်တာ''

ပြောရင်း အံဆွဲဖွင့်ကာ1000တန် 2ရွက်နှင့် 500တန်တစ်ရွက် ယူလိုက်ပြီးမာန်အား

''ဒီမှာ ပြန်အမ်းငွေ 2500 ksပါ''

လှမ်းပေးလိုက်သည်။

''aww ဟုတ်ပါပြီ ကွာ ကိုယ် သွားလိုက်အုံးမယ် မင်းမခ''

လက်ပြ နှုတ်ဆက်ပြီး chilli sauce ပုလင်းကိုကိုင်လျက် ကားပေါ်သို့ တက်သွားသော နေရဲမာန်ကို ငေးကြည့် ရင်း

"သူ ငါ့နာမည်ကို ဘယ်လိုလုပ် သိသွားတာလဲ။ ငါလည်း မိတ်မဆက်ရသေးဘဲနဲ့''

ခပ်တိုးတိုး လေး မေးခွန်းထုတ်နေစဉ်

''ခ အာကောင်လေးက ခသူငယ်ချင်းလား ။

တော်တော်ချောတာဘဲ။သဘောလည်းကောင်းတယ် နော် ''

ဟု နောက်ကနေ အမတစ်ယောက် က မေးလိုက်ရာ ခ တစ်ယောက် ရယ်လျက်

''မဟုတ်ပါ ဘူး ဗျာ ဒီအတိုင်း အသိတစ်ယောက်ပါ''

ဟုသာ ဖြေလိုက်သည်။

*အကို နေရဲမာန်တို့များ ဘယ်သွားသွား

မိန်းကလေးတွေကြား မျက်နှာ ပွင့်နေတာဘဲ။

မနာလိုစရာ ကောင်းတာ *

မချိတင်ကဲတွေးရင်း ကောင်တာပေါ်သို့

ထိုင်လိုက်ရာ စာဆက် လုပ်မည်ဆို သော

အကြံဖြင့် မှောက် ထားသော စာအုပ်ကို

လှန်လိုက်သည်။

ထိုစဉ် မိမိ စာအုပ်ထိပ်ပေါ်က ရေးထိုးထား

သောနာမည်နဲ့ အတန်းကို သတိရသွားပြီး

*aww ဒါကြောင့်ကိုး ။တော်တော် လျင်တဲ့လူဘဲ*

ပန်းရောင် သမ်းနေသော နှုတ်ခမ်းလေးများ

ကွေးညွှတ်သွားသည်။ သဘောပေါက်သွားဟန်ဖြင့်စာဆက်လုပ်နေလိုက်သည်။

မကြာပေ။ ကားဟွန်းတီးသံ ကြားလိုက်သော

ကြောင့် ခတစ်ယောက် မေမေပြန်ရောက်လာသည်ကို သိသည့်နှင့်တစ်ပြိုင်နက် သွားကြိုလိုက်သည်။

''ပေး မေမေ သားကူဆွဲပေးမယ်''

လက်ထဲက ဒေါ်နန်းသင်း (မင်းမခ၏အမေ) ရဲ့လက်ထဲမှ အထုပ်ကြီးငယ်တို့ကို ကူဆွဲလိုက်သည်။ ဝန်ထမ်းမလေး များလည်း ကားပေါ်က အထုပ်ကြီး အထုပ်ငယ်များကို ကူချပေးကြသည်။

''ဒီနေ့ မေမေ့သားကဆိုင်တွေဘာတွေတောင် လာကူလို့ ပါလား''

''ဟုတ်တယ် သားလည်း အိမ်မှာနေရတာ ပျင်းလို့။ ဆိုင်လည်း မရောက်တာ ကြာပြီ။ မေမေ ဗလာစာအုပ်နဲ့စာရေးကိရိယာတွေအများကြီးဘဲ။ ဘာလုပ်မလို့လဲ?''

'' တနင်္ဂနွေနေ့ကျရင် ''အေးငြိမ်းချမ်းသာ''မိဘမဲ့ဂေဟာ သွားပြီး လှူမလို့ ''

''ကောင်းသားဘဲ။ သားလည်း လိုက်ခဲ့မယ် ။

မိဘမဲ့ဂေဟာတောင် မရောက်ဖြစ်တာကြာပြီ။ကလေးလေးတွေကိုတောင်မတွေ့တာ ကြာပြီ''

''လိုက်ခဲ့သား။ မဟုတ်ရင်တောင် သားကို ခေါ်မလို့ ။''

ဟု ပြောရင်း ခရဲ့ပုခုံးကို ဖက်ကာ အိတ်ကိုယ်စီသယ်ရင်း ဆိုင်ထဲသို့ဝင်လာခဲ့သည်။

မနက်က အမ ယမုံလှိုင်ဆီသို့ bakery

ဆိုင်ကိစ္စနဲ့ပတ်သက်ပြီး ပူးပေါင်းလုပ်မည်ဟု ဖုန်းဆက် အသိ ပေးလိုက်သောကြောင့် စနေ တနင်္ဂနွေ တွင် ကိတ်မုန့် လုပ်နည်း ပြန်လေ့ကျင့်ရမည်။ လိုအပ်သည့် ပစ္စည်း အဆာပလာများကို လည်း မနက်ဖြန် မေမေအား Ocean လိုက်ပို့ခိုင်းကာ ပူဆာရမည် . . . .

ခတစ်ယောက် အစီအစဉ်များ ခေါင်းထဲတွင် ရေးဆွဲကာ ဆိုင်ထဲက ဝေယျာဝေစ္စများအား ကူလုပ်ပေးလိုက်သည်။

နေရဲမာန်တစ်ယောက် ကားသာမောင်းနေရ

သည်။စိတ်ကတော့ မင်းမခဟုခေါ်သော

ကောင်လေးဆီသို့. . .

မနေ့ကလည်း အမတော်ကောင်းမှုကြောင့်

စားသောက်ဆိုင်တွင်တစ်ခါ ဒီနေ့လည်း

အမ ၏ ဇွတ်တရွတ် chilli sauce

ဝယ်ခိုင်းလိုက်မှုကြောင့် မထင်မှတ်ဘဲ ထို ကောင်လေး၏ ကုန်စုံဆိုင်ပါ သိလာခဲ့သည်။

''🎶🎶 I used to believe

We were burnin' on the edge of somethin' beautiful

Somethin' beautiful

Sellin' a dream

Smoke and mirrors keep us waiting on a miracle

On a miracle

Say, go through the darkest of days

Heaven's a heartbreak away

Never let you go, never let me down

Oh, it's been a hell of a ride

Driving the edge of a knife

Never let you go, never let me down

Don't you give up, nah-nah-nah

I won't give up, nah-nah-nah

Let me love you

Let me love you

Don't you give up, nah-nah-nah

I won't give up, nah-nah-nah

Let me love you

Let me love you🎶🎶🎶"

Justin Bieber သီဆိုထားတဲ့ "Let Me Love You" သီချင်းလည်း ကားထဲတွင် ပျံ့လွင်နေဆဲ။

~~~~~~~~~~~~~~~~~~