Chapter 1 of 32
Intro
More Than Love::TK::{Completed}1,096 words~6 min read
ဇာတ်လမ်းပါ အ​ကြောင်းအရာများသည် စာ​ရေးသူ၏ စိတ်ကူးယဥ်သက်သက်သာဖြစ်တာ​​ကြောင့် အမှားပါခဲ့လျှင် စာ​ရေးသူရဲ့အမှားအယွင်းသာဖြစ်သည်။
More Than Love
War of Vampire and Werewolf......
ဂျိုဆွန်း​​ခေတ် ဂျွန်မင်းကြီး အုပ်ချုပ်​သောအချိန်တွင် တိုင်းပြည်သည် စည်ပင်၀ဖြိုးပြီး လူတန်းစိပင် ​ငွေကို​ရေလိုသုံးနိုင်ခဲ့ကြသည်.......ဂျိုဆွန်းပြည့်ရှင် မင်းကြီးသည် ဂိုဂူ​လျောတိုင်းပြည်ကိုပါ သိမ်းပိုက်ထား​သော​ကြောင့် ဟန်းဂုတွင် အင်အားအကြီးဆုံး ပြည့်ရှင်​ထောင်ဖြစ်လာခဲ့သည်.....။ ကျန်ရှိ​နေ​သော ဘတ်ဂျယ်တိုင်းပြည်နှင့် ရှိလာတိုင်းပြည်ကို​တော့ လုံး၀မထိခဲ့ပါ......ထိုတိုင်းပြည်​တွေသို့ ​ရောက်သွား​သော မည်သည့် တိုင်းသူပြည်သားမဆို အသက်ရှင်၍ ပြန်လာနိုင်သည့်အခွင့်အလမ်းပင်မရှိ.....။ထို့​ကြောင့် ဂျွန်မင်းကြီးသည် ထိုတိုင်းပြည်​တွင်းသို့ သွားလာခွင့်​တွေကိုပါ ပိတ်ပင်ထားခဲ့သည်။
ဂျွန်မင်းကြီး အုပ်မချုပ်ခင် ဘိုး​ဘေး​တွေလက်ထက်ကတည်းက ဘတ်ဂျယ်နဲ့ရှီလာတိုင်းပြည်မှ ဘုရင်များဖြင့် ဘယ်လိုမှငြိမ်းချမ်း​ရေးယူရန် ညှိနှိုင်း၍ မရခဲ့​ပေ.....။
ဒီကမ္ဘာ​မြေကြီးမှာ ကျွန်​တော်တို့​တွေ​မွေးဖွားမလာခင်ကတည်းက ​သွေးစုတ်​ဖုတ်​ကောင်များနှင့် ၀ံပု​လွေမျိုးနွယ်စုများရှိကြသည်။ ထိုမျိုးနွယ်နှစ်ခုကလဲ တစ်ခါမှ မတည့်စွာ ​တွေ့လျှင် ကိုက်ဖြတ်​နေကြသည်.....။ဘတ်ဂျယ်တိုင်းပြည်တွင် ​သွေးစုတ်ဖုတ်​ကောင်များ ​နေထိုင်ကြပြီးယခုချိန်တွင် ဟန်အွန်းဂျာအမည်ရှိသည့် မင်းကြီးကအုပ်ချုပ်သည်။ ရှီလာတိုင်းပြည်တွင် ၀ံပု​လွေမျိုးနွယ်စုများ​နေထိုင်ကျက်စားကြပြီး ကင်​ယောင်းဟွာအမည်ရှိသည့် မင်းကြီးအုပ်ချုပ်သည်....။ထိုသတ္တဝါတို့သည်လည်း လူပုံအသွင်ဖြင့်သာ ​နေ့စဥ်သွားလာလှုပ်ရှားကြပြီး တိုက်ပွဲအချိန်ကျ​ရောက်မှသာ မူလပုံစံအသွင်သို့ ​ပြောင်းလဲတိုက်ခိုက်ကြသည်.....။ဂျိုဆွန်းတိုင်းပြည်နှင့် ဂိုဂူ​လျောတိုင်းပြည်တွင်​တော့ လူသားမျိုးနွယ်များသာ​နေထိုင်ကြသည်.......လူသားတို့သည် ထိုအန္တရာယ်ကြီး​သော မျိုးနွယ်စုတို့ကို မထိပါးရဲကြ​ပေ......လူသားတို့တွင် တိုက်ခိုက်ရန် ဓါး​တွေမြှား​တွေသာရှိပြီး ထိုအမျိုးနွယ်​တွေတွင်​တော့ ချွန်ထက်​သော အစွယ်များဖြင့် အလွန်မှ ​ကြောက်ဖို့​ကောင်းလှပါသည်။
▪︎
▪︎
▪︎
▪︎
▪︎
▪︎
ရှီလာ​တိုင်းပြည်
၀ံပု​လွေတို့ရဲ့​ခေါင်း​ဆောင် ဘုရင်ကြီးကင်သည် ညီလာခံအစည်းအ​​ေ၀း ခမ်းမတွင် အမတ်များဖြင့် ​အ​ရေးကြီး​သော အ​ကြောင်းအရာများကို ဆွေး​နွေးတိုင်ပင်နေကြသည်....။ရှီလာတိုင်းပြည်ရှိ အမတ်များမှာAlphaနှင့်Betaများသာဖြစ်ပြီး နန်းတွင်းသူနန်းတွင်းသားတို့မှာလဲ ထိုအတိုင်းပင်......Omega အများစုကို ရပ်ရွာရဲ့ လုံခြုံမည့်တစ်​နေရာတွင် သီးသန့်ထားရှိပြီး မှူးမတ်များဖြင့် ကြီးကြပ်​စေသည်.....။Omegaများကိုလဲ ကင်ဘုရင်မင်းမြတ်သည် ​စစ်​ရေးစစ်ရာ​တွေတတ်သင့်​အောင် အမျိုးသမီးနဲ့က​လေး​တွေမှမချန် အကုန်သင်​​ပေးပါသည်......."Omegaဆိုတာ အိမ်မှာ​နေပြီး ဖိနှိပ်ခံရဖို့မဟုတ်ဘူး မင်းတို့တွေငါကိုယ်​တော်အုပ်ချုပ်​နေသ၍ Alpha​နဲ့Beta​တွေလို အခွင့်အ​ရေး​တွေ ရှိလာ​စေရမယ်"ဟု ရှိလာမင်းကြီးက အမြဲ​ပြောတမ်း​ခြွေသည်.....။
ရှီလာသည်လဲ ဂျိုဆွန်းတိုင်းပြည်နီးပါ သာယာ၀ဖြိုးပြီး မင်းကြီးသည်လဲ လူတန်း​စေ့အခွင့်အ​ရေးများ​​ပေးသည်မို့ တိုင်းသူပြည်သား​တွေ ​​အေးချမ်းကြပင်မဲ့ ယခုအချိန်တွင်​တော့ လွန်စွာမှ ​သောက​ရောက်​နေကြသည်.....။အ​ကြောင်းမှာ ရှီလာတိုင်ပြည် ကင်ဘုရင်မင်းမြတ်ရဲ့သမီးငယ် Omegaဖြစ်သူကင်ဆောင်းဟွားသည် Alphaခင်ပွန်းရှိသည့်အပြင် နန်း​မွေဆက်ခံမဲ့ သား​တော်​လေးလဲရှိသူဖြစ်သည်......။ သားဖြစ်သူမှာ ကင်​ဆော့ဂျင်ဖြစ်ပြီး ၆နှစ်အရွယ် က​လေးသာသာ​လေးသာ ရှိသည်......မင်းသမီး​ဆောင်းဟွားသည် အပြင်သို့သွားရင်း လမ်းလည်၍ ဘတ်ဂျယ်နယ်စပ်သို့ ​ရောက်သွားပြီး ဘတ်ဂျယ်အရှင်ဟန်မင်းကြီးနဲ့​တွေ့ဆုံကာ သားမယားပြုကျင့်ခံခဲ့ရပြီး ယခုအခါတွင် ကိုယ်၀န်ရှိ​နေပြီဖြစ်​သော​ကြောင့် ဘတ်ဂျယ်အရှင် ဟန်မင်းကြီးအဖြစ် ​သွေးဖုတ်ဖုတ်​​ကောင်သည် မင်းသမီး​ဆောင်းဟွားကို ​တောင်းရမ်းထားခြင်းပင်....။
ခင်ပွန်းရှိပြီး သား​တော်​လေးပါရှိ​နေတာ​ကြောင့် မင်းသမီးကငြင်းလွှတ်လိုက်တာကို မင်းသမီးသူ့(ဘတ်ဂျယ်ဘုရင်)ဆီမလာရင် ရှီလာသို့စစ်ခင်းရန် ​ဘတ်ဂျယ်အရှင်မှ ​ကြောင်းလှမ်းလာခဲ့သည်......။
ညီလာခံကျင်းပ​နေစဥ် မဲ​မှောင်လာ​သော တိမ်စိုင်များနဲ့အတူ မှုးမတ်တို့မှာလဲ ရုတ်ရုတ်ကြွကြွဖြစ်ကုန်ကြသည်။
အမတ်​တွေပါ မကျန် ရှင်ဘုရင်ပါ အပြင်သို့ ထွက်လာကြ​တော့ ဘုရင့် လူယုံ​တော်သည် အမြန်​ပြေးလာပြီးအခစား၀င်ကာ ​သွေးစုပ်ဖုတ်​ကောင်များ ဂိတ်​တွေကိုဖြတ်ပြီး နန်း​တော်နား​ရောက်လာပြီဟုဆို​သော​ကြောင့် အကုန်ထိတ်လန့်ကုန်ကြသည်.....
"ရွာထဲကOmega​တွေကို ချက်ခြင်း နန်း​တော်ထဲ​ခေါ်လာခဲ့"
"စိုးရွံ့မိပါတယ် မင်းကြီး ရွာ​တွေထဲထိ ​ရောက်​နေပြီမို့ အရှင်မင်းကြီး လွတ်ရာကို ​ပြေးမှဖြစ်ပါမယ်"
ဒါသက်သက် ဘတ်ဂျယ်ဘုရင် ကလိမ်ကျတာပင် တိုက်ပွဲဖြစ်ဖို့ ​ပြောတာမ​နေ့ညကမှဖြစ်တာ​ကြောင့် စစ်သည်အင်အား​တွေလုံ​လောက်​နေ​သော်လဲ ယခု​တော့အလစ်အတိုက်ခံရတာ​ကြောင့် ဘယ်လိုမှမတတ်နိုင်ခဲ့ နန်းရင်ပြင်ထိပါ ​ရောက်ရှိလာပြီဖြစ်​​သော ​​သွေးစုပ်ဖုတ်​ကောင်တို့ကို အမတ်များနဲ့ နန်းတွင်းသူနန်းတွင်းသားတို့မှာ အသွင်​ပြောင်းကာ မင်းကြီးနဲ့ မင်းသမီးတို့ကို ကာကွယ်​ပေးကြသည်။ မင်းကြီးသည်လဲ အ​ရှေ့မှ ကိုယ့်လူ​တွေနဲ့ ကိုက်ဖြတ်​နေ​သော ​သွေးစုပ်ဖုတ်​ကောင်တို့ကို သတ်ပြစ်ချင်​နေပြီဖြစ်တာ​ကြောင့် ကိုယ်တိုင်ပါ ပုံစံ​ပြောင်းကာ ​သွေးအလိမ်းလိမ်း​ပေကြံ​နေ​သော နန်းရင်ပြင်​ပေါ် ​ပြေးလွှားကာ ကိုက်ဖြတ်​တော့သည်။
​နောက်ဆုံး ဘတ်ဂျယ် အရှင်ကသူ့​ရှေ့ ​ရောက်လာပြီး နှစ်​ယောက်သား ပုတ်ခက်ကိုက်ဖြတ်ကျ​တော့ အဖိုးကြီးဖြစ်​နေပြီ ဖြစ်တဲ့ ရှီလာဘုရင်မှာ ​သွေးများဖြင့် ​မျော့​မျော့​လေးသာ ကျန်​တော့သည်......။
"မင်းကို ဘယ်​တော့မှ ခွင့်မလွှတ်ဘူး ဟန်အွန်းဂျာ"
"ခင်ဗျား ကြီးမြန်မြန်အနားယူလိုက်​တော့"ဆိုကာ လည်ဂုတ်ကို ကိုက်ချကာ ဆွဲလှည့်လိုက်ပြီးပစ်ချလိုက်တာ​ကြောင့် ကြမ်းပြင်​ပေါ်တွင် ​သွေးအလိမ်းလိမ်းဖြင့် သူ့ကိုကြည့်​နေ​သော ရှိလာဘုရင် မဟုတ်ဘူး နန်းကျဘုရင်ကို မဲ့ပြုံး ပြုံးပြလိုက်ကာ သမီးဖြစ်သူ ကင်​ဆောင်းဟွာ ​ရှေ့သို့ ​ခေါ်​ဆောင်လာပြီး သူ့ရဲ့​ခင်ပွန်းအ​လောင်းကိုပါ ​​ယူလာခိုင်းကာ နှစ်​ယောက်လုံးကို သူ့​ရှေ့ချ​ပေးလိုက်​တော့ ​သွေးပြတ်ကာ ကြမ်းပြင်​ပေါ် ငုတ်တုပ်ထိုင်ချကာ ငိုယို​နေ​တော့သည်.....။အ​မေငိုလို့ထင်သည် သူ့အ​နောက်မှ အ​ကောင်သေး​သေး​လေးမှာလည်း ငိုသံပိစိ​လေး ထွက်လာပြီး သူ့ကိုမမြင်ရ​အောင် အ​မေရဲ့အကျီကို ကျစ်ကျစ်ပါ​အောင် ဆုပ်ကိုင်ပြီးဝှက်ကွယ်​နေသည်။
"သူ့ပါသတ်လိုက်"
"ဟင့်အင်း ဟင့်အင်း မသတ်နဲ့ ကျွန်မအရှင်နဲ့လက်ထပ်ရင် ရပြီမှတ်လား ကျွန်မသားကိုမသတ်ပါနဲ့"
"မင်းဆီမှာ ကိုယ်​တော့က​လေးရှိ​နေတာ တစ်ခြားသူရဲ့က​လေးက လိုအပ်​သေးလို့လား"
"အရှင့်က​လေးကိုလဲ ​မွေး​ပေးပါနဲ့ ကျွန်မသားကို​တော့မသတ်ပါနဲ့"
"​ကောင်းပြီ​လေ ခုချက်ချင်း မိဖုရားနဲ့ သူ့သား​တော်ကို ​ခေါ်ခဲ့ကြ"ဆိုကာ လှည့်ထွက်သွား​သော ​ကျောပြင်သည် လွန်စွာမှ ရွံဖို့​ကောင်းပြီး ယုတ်ညံ့လှပါသည်.....သူတို့မျိုးနွယ်စု​တွေကိုတစ်​ယောက်မကျန်သတ်ဖြတ်ကာ ရှီလာနိုင်ငံကိုပါ သိမ်းပိုက်ပြီး ဘတ်ဂျယ်ဟုသာ ​​ခေါ်တွင်​စေ​တော့သည်။ ရှီလာသည် ဖခမည်း​တော်ရှိစဥ်ကနဲ့မတူ​တော့စွာ ​နေရာတိုင်း​မှောင်မိုက်​နေ​တော့သည်.....။မ​ကောင်းတဲ့အ​ငွေ့​တွေနဲ့ ပြည့်နှက်ပြီး ​နေရာတိုင်း ​သွေးစုတ်ဖုတ်​ကောင်​တွေသာရှိ​တော့သည်......။ထိုသူ​တွေကြားထဲကမှ ဘတ်ဂျယ်အရှင်ရဲ့ မိဖုရား​ခေါင်ဖြစ်လာ​သော ကင်​ဆောင်းဟွာနဲ့ သားဖြစ်သူ ကင်​ဆော့ဂျင်သာ ၀ံပု​လွေရဲ့ ​နောက်ဆုံး မျိုးဆက်​တွေဖြစ်ခဲ့သည်။မကြာ ဗိုက်ထဲမှ သားငယ်​လေးသည်လည်း လူ့​လောကသို့ ​ရောက်လာခဲ့ပြီ ဖြစ်ပြီး က​လေး​လေး​မွေးဖွားတဲ့အချိန် သူ့ခမည်း​တော် ဟန်အွန်းဂျာက​တော့ နယ်​မြေသိမ်းရင် စစ်တိုက်ထွက်​နေခဲ့ပြီ.......ဒီက​လေး​လေးက ​မွေးထဲက ​သွားစွယ်ပိစိ​လေးနဲ့ အနံ့​လေးကလဲ ချိုချို​လေးရ​နေတာ​ကြောင့် ​​သွေးစုတ်ဖုတ်​ကောင်နဲ့ ဝံပု​လွေစပ်​လေးဆိုတာ သိသာလှသည်....။အသား​လေးက အရမ်းကြီးမဖြူပင်မဲ့ အသားအ​ရေကအစ လွန်စွာလှပသည် ဆံပင်​​ပေါက်တို​လေးနဲ့ ၀တို​နေ​သော ဒီပုတုတု​လေးကို အကိုဖြစ်သူ ကင်​ဆော့ဂျင်မှာ အသဲတစ်ယားယားနဲ့သာ......​မွေးပြီးပြီးချင်း မျက်လုံးမပွင့်​သေး​သော က​လေးကို ​ဆော့ဂျင်က အာဘွား​တွေကြီး ​ပေး​နေ​တော့တာ......သူကညီ​လေး​တွေလိုချင်​နေတာ​နဲ့ အကိုက်ဖြစ်သွားတယ်.....။
Battle between humans and vampires
ဘတ်ဂျယ်ဘုရင်သည် အသယ်ငယ်ရွယ်ပြီး လွန်စွာအတ္တကြီးစွာ တစ်နိုင်ငံလုံးကို ပိုင်ဆိုင်ချင်​နေ​သူ ဖြစ်သည်......။အရင်က​တော့ ဘတ်ဂျယ်​နယ်​မြေက ​သေးငယ်တာ​ကြောင့် လူသား​တွေ​နေတဲ့ နယ်​မြေကိုမထိရဲ ခု​တော့ ရှီလာကိုပါ သိမ်းထားတာ​ကြောင့် လူသား​တွေနယ်​မြေကိုပါ သိမ်းပိုက်ရန် ​လောဘတက်လာခြင်းပင်......ရှီလာကို သိမ်းထားတာ ဂျိုဆွန်းဘုရင် သိ​ရော့​ပေါ့......
"ကယ် ကိုယ်​တော့ကို ​စောင့်​နေကြပြီလား အသင့်ပြင်ထား​တော့​နော်....."
မီးတွင်းထဲ ကျန်ခဲ့​သော မိဖုရားကိုလဲ စိတ်မချတာ​ကြောင့် တိုက်ပွဲကို အမြန်ဖြတ်မှ ရမည်.....။သို့​တော် တိုက်ပွဲကထင်ထားတာထက် ပို၍ကြာမြင့်​နေသည်.....အ​ကြောင်းမှာ ဂျိုဆွန်းဘုရင်ဘက်က အများကြီး ကြိုပြင်ဆင်ထားတာ​ကြောင့်ပင်......။
လူသား​တွေကမြားနဲ့ပစ်​တော့​ကော သူတို့လို​သွေးစုတ်ဖုတ်​ကောင်​တွေက ဘာမှမဖြစ် ​သွေးထွက်လဲခဏသာ ပြန်တိတ်သွား​​သော​ကြောင့် ရက်ကြာလာသည်နဲ့အမျှ ဂိုဂူ​လျောတွင်နန်းတည်ထား​သော မင်းကြီးဆီ အ​ရောက်လာနိုင်ခဲ့ပြီ ဖြစ်သည်......
မင်းကြီးက သူ့ကို နန်းတွင်းထဲ​တောင်အ၀င်မခံဘဲ နန်းတွင်းဂိတ်​ပေါက်က​နေ ထွက်ကြိုသည်.....
"ဘတ်ဂျယ်မင်းကြီးဒီထိ​တောင် ​ရောက်လာတာ ​စောသားဘဲ"
"အဟက် လူသား​တွေက အသုံးမှမကျကြတာ ​သေ​အောင်လဲမသတ်နိုင်ကြ​တော့ လွယ်လွန်းတယ်​လေ"
"ခုလို ​ရောက်လာ​တော့လဲ ကျွန်​တော်တို့ဘက်က ကြိုဆိုရမှာ​ပေါ့"ဆိုကာ ဂျွန်မင်းကြီးက ဓါးကိုထုတ်ကာ စတင်တိုက်ခိုက်​တော့သည်....ထိုအခါ ဘတ်ဂျယ်ဘုရင် ဟန်အွန်းဂျာသည် ​သွေးစုတ်ဖုတ်​ကောင်ပြောင်းကာ သူ့ရဲ့ နှစ်ဆ​လောက် ကြီးမားလာသည်။ အစထဲက တိုက်ပွဲဖြစ်လာမှာကို သိတာ​ကြောင့် တိုင်းပြည်မှ မိန်းမသားက​လေးသူငယ်များပါမချန် မိဖုရားနှင့် သား​တော်တို့ကို​ပါရှောင်ပုန်း​စေခဲ့သည်....။ မင်းကြီး သည် ​နောက်ဆုံးအချိန်ထိ အတတ်နိုင်ဆုံးသတ်ဖြတ်ခဲ့သည်.....။​နောက်ဆုံး ကျရှုံးချိန်တွင် မျက်စိထဲ​ရောက်လာ​သော အမျိုးသမီး ဂျိုဆွန်းမိခင်သည် သား​တော်တို့ကို​ခေါ်ပြီး မပုန်း​ရှောင်ဘဲ သူ့ဆီ​ရောက်လာခဲ့သည်....။
"မင်းကြီး မင်းကြီးထပါအုံး သား​တော်တို့​စောင့်​နေတယ်"
ထိုချိန်အ​နောက်မှ မိဖုရားရင်ဘက်သို့ထိုး၀င်လာ​သော အချွန်အတက်များဖြင့် လက်သည်းများ​ကြောင့် မိဖုရားပါ သူ့​ဘေးသို့ လှဲကျကာ သူ့ထက်အရင် ​စောစွာထွက်ခွာသွားခဲ့ပြီး မင်းကြီးပါ အ​မှောင်အတိကျ​ရောက်သွားခဲ့ပြီ.......။
"ခု ငါကိုယ်​တော်က ဒီနိုင်ငံကြီးရဲ့အရှင်သခင်ဘဲ!!!!"
"ဟန်မင်းကြီး ကျန်းမာပါ​စေ သက်​တော်ရာ​​ကျော်ရှည်ပါ​စေ"
"ဟန်မင်းကြီး ကျန်းမာပါ​စေ သက်​တော်ရာ​​ကျော်ရှည်ပါ​စေ"
"ဟန်မင်းကြီး ကျန်းမာပါ​စေ သက်​တော်ရာ​​ကျော်ရှည်ပါ​စေ"
ဟန်အွန်းဂျာသည် ဂျိုဆွန်းဘုရင်​ကော ဘုရင်မကိုပါ သတ်ပြီးပြီ ဖြတ်တာ​ကြောင့် ကျန်တိုင်းသူပြည်သားတို့ကို မသတ်​တော့.....ခုအကုန်လုံးကသူ့လက်​​အောက်​ရောက်​နေပြီဖြစ်၍သာ......
"သူ့ သား​တော် ၂​ယောက်ရှိတယ်လို့ ကြားထားတယ် ဘယ်မှာလဲ ​ခေါ်ခဲ့စမ်း"
မှူးမတ်နှစ်​ယောက်က ​ပြေးလွှားစွာ ရှာ​သော်လဲ မ​တွေ့၍ ​ကြောက်​ကြောက်လန့်လန့်ဖြင့် ပြန်လာခဲ့ရသည်။
"မင်း....မင်းကြီး က​လေး​တွေကိုရှာလို့မ​တွေ့ပါဘူး"
"ဘာ!!!!ခုချက်ချင်း ​နေရာတိုင်းရှာပြီး ​တွေ့တာနဲ့ သတ်ပစ်လိုက် ​နေအုံး သူတို့အမျိုး​တွေပါ အကုန်သတ်ပစ်လိုက်"
"မှန်လှပါမင်းကြီး"
🧛🏻‍♂️+🐺♡🙎🏻‍♂️=🤍
Yungသိသ​လောက်​ပြောရမယ်ဆို Werewolf​တွေက သိ​နေကျ Alpha,Beta,Omagaဘဲမဟုတ်ဘဲ အမျိုးအစိတ်​တွေအများကြီးရှိပါ​သေးတယ်.....Gamma,Delta,Zeta,Epsilon,ect......
​ပေါ့ အ​သေးစိတ်​တော့ရှင်းမပြ​တော့ဘူး​နော် သိ​နေပြီးသားဖြစ်​နေကြပြီ ဆို​တော့.....
Werewolf​တွေနဲ့Vampire​တွေက ရန်ဘက်​တွေဖြစ်ပြီး တိုက်ခိုက်တဲ့အခါ​တွေမှာ သူမသာကိုယ်မသာဖြစ်ကြ၍ werewolf​တွေကဘဲ အနိုင်ရတာများပါတယ်....ဒီထဲမှာကျ Vampireတိုင်းပြည်က ကလိမ်ကျပြီး ဘာမှမပြင်ဆင်ရ​သေးတဲ့အချိန်မှာ လာတိုက်တာမို့ Werewolf​တွေကျဆုံးကုန်တာပါ....
Werewolfနဲ့vampireတိုက်ခိုက်တာ​တွေကို အ​သေးစိတ်သိချင်ရင်Van Helsing movieကိုကြည့်ကြည့်ပါ​နော် ကိုယ်လဲအများကြီးနားမလည်ပင်မဲ့ အတတ်နိုင်ဆုံး ရှာ​ဖွေး​ရေးသားထားတာပါ။
Vampire​တွေကသူတို့ရဲ့မျက်နှာကလွဲပြီး ကျန်တဲ့​နေရာ​တွေကိုဒဏ်ရာရရင် ခဏအတွင်း​ပျောက်ကင်းပြီး မျက်နှာကိုဒဏ်ရာ ရရင်​တော့ အချိန်ကြာမှ ​ပျောက်ကင်းတယ်လို့လဲ သိရပါတယ်.......
ဒါက​တော့ဂိုဂူ​လျော ဘတ်ဂျယ် ရှီလာတိုင်းပြည်တွေရဲ့ ၀တ်ပုံစားပုံ​တွေပါ ရှီလာ၀တ်စုံးက တရုတ်နဲ့အနည်းငယ်ဆင်တူပါတယ်....။
တစ်ချို့အ​ကြောင်းအရာ​တွေကိုလဲ ​နောက်အပိုင်း​တွေ​ရေးရင်းနဲ့ ​ဖြေး​ဖြေးချင်းထည့်​ရေးပြီး ရှင်းပြ​ပေးသွားပါ့မယ်.....
TBC
♡MoreThanLove
♡Yung(김영잴)
ဒီFic​လေးကို ​နှောင်ကြိုးပြီးမှ ပုံမှန်​လေး အပ်​ပေးပါ့မယ် ခု​တော့ တစ်ပတ် ၂ပိုင်း​လောက် ​ရေးပြီးတင်​ပေးမယ်​နော်🙆🏻‍♀️
စာဖတ်သူတစ်ဦးတစ်​ယောက်ချင်းစီကို ချစ်ခင်​လေးစားလျက် ​ကျေးဇူးတင်ပါတယ်💜💜💜💜💜
{Zawgyi}
More Than Love
▪︎
▪︎
▪︎
▪︎
▪︎
▪︎
ရှီလာ​တိုင်းပြည်
"သူ့ပါသတ်လိုက်"
"မှန်လှပါမင်းကြီး"
🧛🏻‍♂️+🐺♡🙎🏻‍♂️=🤍
TBC
♡MoreThanLove
♡Yung(김영챌)
Contents
Previous
Contents
Comments(0)
Join the discussion — sign in to leave a comment
Sign In to Comment
No comments yet. Be the first to share your thoughts!