Chapter 11 of 32
Episode♡10
More Than Love::TK::{Completed}1,565 words~8 min read
ထယ်​ယောင်း​လေး နိုးလာ​တော့ အခန်းကျဥ်း​လေးတစ်ခုထဲတွင်​ရောက်​နေတာ​ကြောင့် ​အခန်းတံခါးချပ်​လေးကိုတွန်းကာ အပြင်ထွက်လာလိုက်သည်.....။ကိုကို့ကိုရှာ​နေ​သော်လဲမ​တွေ့တာ​ကြောင့် အ​ဆောက်အအုံကို လှည့်ပတ်ကြည့်​တော့ ဘုရား​ကျောင်းဖြစ်မည့်ဟန် ဘုရားရုပ်ထုရှိပြီး အ​မွှေးတိုင်ထိုးစိုက်တဲ့ ​မြေစ​တွေပါတဲ့အိုးရယ် တစ်ချို့အရာ​တွေကပျက်စီး​နေသည်.....။
​ဘုရား​ကျောင်းထဲမှ အပြင်ထွက်လာ​တော့လဲတိတ်ဆိတ်လျက် ကိုကိုကသူ့ကိုထားသွားတာလားဆိုတဲ့စိတ်နဲ့အတူ ၀မ်းနည်းကာ ​ကျောင်း၀န်းထဲ​ပြေးလွှားရှာ​တော့လဲမ​တွေ့.......
"တကယ်ထားသွားပြီထင်တယ်"
၀မ်းနည်းစိတ်​ကြောင့်ဆို့တက်လာတဲ့ မျက်ရည်စတို့......
အဝါ​ရောင် သစ်ရွက်​လေး​တွေကြားက အပြာ​ရောင်၀တ်ရုံနဲ့​ကောင်​လေးသည် နတ်ဘုရား အသွင်ဆောင်သည်.....။​လေတစ်ချက်​​ဝှေ့တိုက်လိုက်လျှင် ​ကျောရိုးထဲထိ ​အေးစိမ့်သွားသည်.....​ဆောင်းဦးမို့ အ​ရောင်​ပြောင်း​နေတဲ့ ​မေပယ်ရွက်တို့သည် ​ကြွေကျကာ ​မြေပြင်​ပေါ်ခကြသည်....။ထယ်​ယောင်း​လေး ဝါထိန်​နေ​သောသစ်ပင်​အောက် ​စောင့်​ကြောင့်ထိုင်ချကာ မျက်ရည်စတို့ကို စမ်း​ချောင်းသဖွယ် စီးဆင်းခွင့်​ပေးလိုက်သည်။ထိုချိန် သူ့ခန္ဓာကိုယ်​ပေါ် ​ရောက်လာ​သော ၀တ်ရုံ​လေးနဲ့အတူ ​နွေး​ထွေး​သော ရင်ခွင်ထဲဆွဲသွင်းခံလိုက်ရသည်....။မျက်နှာထက် အပြုံးတစ်ပွင့်ဆင်းမြန်းကာ မျက်လုံးတို့စုံမှိတ်ရင်း ဖက်တွယ်ထားလိုက်သည်....။ရင်ခွင်ထဲမှ နှာ​ခေါင်း​လေးတစ်ရှုတ်ရှုတ်လုပ်​နေမိသည်....သူမှတ်မိတာ​ပေါ့ အလွတ်ရ​နေတဲ့ကိုကိုရဲ့ ကိုယ်သင်းရနံ့​လေးကို.....
"​ယောင်း ​အေး​နေတာကို ဘာလို့အပြင်ထွက်​နေတာလဲ အထဲမှာ​စောင့်​နေတာမဟုတ်ဘူး"
"​​ယောင်းကို ထားသွားပြီထင်လို့ဘယ်​လောက်​တောင် လန့်သွားရလဲ"
ကိုကိုကသူ့တင်ပါး​လေးကို က​လေး​ချော့သလို ၂ချက်ပုတ်လိုက်​တော့ ထွက်လာ​သော အမြီးရှည်.....'ဟွန့် ဒီအမြီး​တွေရဲ့ပိုင်ရှင်က သူလားကိုကိုလား​တောင်မသဲကွဲ'
"ကိုယ်က​ယောင်းကို ဘယ်​တော့မှထားသွားမှာ မဟုတ်ဘူး​လေ"
"အင်း ထားသွားရင် ကိုကို့ရဲ့ ​သွေး​တွေစုတ်ပစ်မယ်"
"အာ ​ကြောက်ပါပြီဗျာ"
"ခစ်ခစ် ယုန်​လေးကျ​နေတာဘဲ"
"ကိုယ်က ယုန်ကြီးပါဗျာ"
"ဟင့်အင်း ယုန်​သေး​သေး​လေး​တွေနဲ့တူတယ် အာ မုန်လာဥစားမလား"
"ဟင့်အင်း​ယောင်းကိုဘဲစားမှာ"
"ဟာ ကိုကို ​အဲ့တာဆို ​ယောင်းအသား​တွေပဲ့ကုန်မှာ​ပေါ့"
ထိုချိန်ဘုရား​ကျောင်းအ​နောက်မှ ထွက်လာ​သော ဂျီဂျီနဲ့ကိုကို့သူငယ်ချင်း​တွေ......
"ဘာ​တွေစားမှာလဲ ငါတို့ကိုလဲ​ခေါ်ပါအုံး"
"ကိုကို​လေ ​ထယ့်ကိုစားမို့တဲ့"
"ရားး မင်းက​လေးကို ဘယ်လို​တွေ​တောင် ​ပြော​နေတာလဲ"
နမ်ဂျွန်းကထ​အော်​တော့ ​ဂျောင်ဂု အံ့ကြိတ်ပြလိုက်သည်....​တော်ကြာသူ့က​လေး​လေးကို မစားရဖြစ်​နေမှ
"ထယ်ထယ် မင်းအ​မွှေးဖြူ​တွေက ​နွေး​နေတာဘဲ"
ဂျီမင်းက ထယ်​ယောင်းရဲ့ အ​မြီးဖြူ​လေးကိုလာကိုင်​တော့ တစ်ခစ်ခစ်နဲ့ရယ်သည်....။
"ဂျီဂျီ ကြိုက်လို့လား"
"အင်း ​နွေး​နေတာဘဲ ငါဖက်အိပ်ချင်လိုက်တာ"
"ယွန်းဂီ ဂျီမင်းကို အထဲ​ခေါ်သွားပါ​တော့"
"အကို​တော်ကလဲ အမြီး​လေးကိုင်မိတာကို တွန့်တို​နေတယ်"
"တိုတယ် တိုတယ် ​ယောင်းနဲ့ပတ်သက်ရင် အကုန်တိုတယ်"
"ခစ်ခစ် မွ"
​ဂျောင်ဂုနဲ့ ဂျီမင်းစကားများ​နေတုန်းကြားက အ​ကောင်​ပေါက်​လေးက သ​ဘော​တွေကျပြီး သူ့ရဲ့ နှုတ်ခမ်းကို လာနမ်းသည်.....။
"ကိုကို ​ယောင်းဗိုက်ဆာ​နေပြီ"
"ကဲ ဂျီဂျီ ခုနကခူးလာတဲ့ ဟာ​တွေ​ကော"
"ရှိတယ်ရှိတယ် မ​ပြောချင်ဘူး သူ့ချစ်ချစ်ဆို အရမ်းအလိုလိုက်တာ ဂျီဂျီတို့များ ဗိုက်ဆာတယ်​ပြောမိလိုက်ရင် ကိုယ့်ဘာသာသွားယူစားဆိုတာကပါ​သေး"
နှုတ်ခမ်းတစ်​ထော်​ထော်နဲ့ ​လက်သီး​လေး​မြှောက်ကာ ဒေါသထွက်​နေ​သော ဂျီမင်း​လေးကို လက်မှဆုပ်ကိုင်ကာ အထဲဝင်သွား​သော ယွန်းဂီ......
♡
♡
♡More Than Love
♡
♡
"​ယောင်း ကြိုင်သ​လောက်စား​နော်"
ဆံပင်​လေး​တွေကို သပ်တင်​ပေးရင်း​ပြော​တော့ ​ဘေးက ၃​ယောက်က မျက်နှာ​တွေရှုံ့မဲ့လို့ သူတို့ဒီလို ခံစားချက်ကိုနားလည်မှာမဟုတ်ဘူး.....
"ပါတာမှ သစ်​တော်သီး၃လုံး​နဲ့ ပန်းသီး​သေး​သေး​လေး​တွေကို မင်းက​လေးကိုကြိုက်သ​လောက်စားခိုင်း​တော့ မင်းက အငတ်​နေမှာလား"
မြို့တော်အပြင်ဖြစ်ပြီး လူမ​နေတဲ့ ဘက်ဖြစ်တာ​ကြောင့် အစားအ​သောက်ရှာ​ဖွေရတာခက်ခဲသည်....။အခုလို​သစ်ပင်​တွေပြည့်​နေတဲ့ ​နေရာမှာ​တော့ သစ်သီးအချို့သာရနိုင်သည်....။ဒါ​တောင် ​တော်​တော်ရှာထားရတာ အ​မောတ​ကောရှာထားတဲ့​သူတို့ကျ အများကြီးစားမ​ပြောဘူး သူ့ရဲ့ချစ်လှစွာ​သော ကြင်သူကိုကြိုက်သ​လောက်စားတဲ့ ရှာ​ပေးရကျိုးနပ်လိုက်တာဆိုပြီး နရင်း​တွေပိတ်အုပ်ချင်​နေ​သော နမ်ဂျွန်းနဲ့ ယွန်းဂီပင်......
"​ယောင်းဗိုက်၀ရင် ငါလဲဗိုက်၀တယ်"
"အပို​တွေ​ပြော​နေပြီ"
ဂျီဂျီ​လေးတစ်​ယောက် သူ့အကို​ထောင့်မကျိုးကို မျက်​စောင်းသာခဲလိုက်​တော့သည်.....သဲကိုသဲလွန်းတယ်
"မနက်ဖန် ချူး​ဆော့ပွဲ​တော်​နော်"
ဒီပွဲ​တော်ကို သူတို့၁၃နှစ်ကြာမှ ပြန်ပြီးဆင်နွှဲမှာဖြစ်သည်.....
"ချူး​ဆော့ပွဲ​တော်!"
"အင်း လွန်ခဲ့တဲ့၁၃နှစ်က ကိုကိုနဲ့​ယောင်းစ​တွေ့တဲ့​နေ့​လေ"
"အာ သွားချင်တယ်ကိုကို"
လက်ခုပ်​လေးတီးပြီး က​လေးငယ်ရဲ့မူပိုင် ​လေး​ထောင့်ဆန်ဆန်အပြုံး​လေးဖြင့် ​ပြောလာ​တော့ ဒီလူသားအသက်ရှုဖို့ပါ​မေ့​လေရဲ့......
"​နော် ကိုကို"
"ခုချိန် မြို့​တော်ထဲ​တွေမသွားတာ အ​ကောင်းဆုံးဘဲ ​ယောင်းရဲ့"
"ဟင့်အင်း ​ယောင်းတို့တူတူသွားမယ်​လေ ​ပွဲ​တော်ကို ဘယ်လိုဆင်နွှဲကြလဲ သိချင်လို့ပါ ကိုကိုက​ယောင်း​ဘေးနားမှာရှိ​နေတာဘဲဟာ ​နော်​နော်"
"ဂျီဂျီလဲ သွားချင်တယ် အကို​တော်"
သူ့က​လေး​လေးနဲ့ ညီငယ်​လေးက ပူဆာ​တော့လဲ မ​နေနိုင် အလိုလိုက်ရန်သာဆုံးဖြတ်လိုက်သည်......
"ရားး မင်းလိုက်ပို့မယ်လို့​တော့မ​ပြောနဲ့"
"အကို​တော်ယွန်းဂီက တအားစိတ်ပုပ်တာဘဲ"
"ဘာ! ငါကအန္တာရာယ်ဖြစ်မှာဆိုးလို့​ပြော​နေတာ"
"မသိဘူး မသိဘူး သွားမှာဘဲ"
​ယောင်းနဲ့​ဂျောင်ဂုက သူတို့၂​ယောက်ကိုကြည့်ပြီး ပြုံးစိစိဖြင့်......နမ်ဂျွန်းက​တော့ ​ခေါင်းသာခါ​နေ​တော့သည်။​ဂျီမင်းကရုတ်တရက် ထယ်​ယောင်းလက်ကိုဆွဲကာ အပြင်​ခေါ်သွား​တော့ ​ဂျောင်ဂုအ​နောက်က​ပြေးလိုက်ရပြန်သည်။သူ့​ယောင်း​လေးက နုနုဖက်ဖက်​လေး ​လေစိမ်း​တောင်တိုက်ခံလို့ဖြစ်တဲ့သူမဟုတ်.....
အပြင်ထွက်လာ​တော့ ဘုရား​ကျောင်း​ရှေ့ ပတ်​ပြေးပြီး​ဆော့​နေတဲ့ က​လေး​လေး၂​ယောက်......မျက်လုံးထဲပြန်​တွေ့ရတာက လွန်ခဲ့တဲ့၁၃နှစ်က ဆွန်း​​ဖြောင်းလုပ်ရင်း ပတ်​ပြေး​နေခဲ့တဲ့ က​လေး​လေး​တွေကို......အချိန်​တွေက သိသိသာသာနဲ့​ပြောင်းလဲလာခဲ့တာ......
"​ဂျောင်ဂု တကယ်မြို့​တော်ထဲလိုက်ပို့မို့လား"
"အင်း"
"ထယ်​ယောင်းရဲ့ခမည်း​တော်က ခုဘဲညဖြစ်​နေပြီ သတင်း​တွေကြား​နေ​ရော​ပေါ့ ငါ့အထင်ငြိမ်​နေသလိုဘဲ"
"​အေး ငါလဲအဲ့တာ​ပြောချင်တာ"
"သူ့မှာ အစီအစဥ်ရှိလို့ဖြစ်မယ် ဘယ်လိုဘဲဖြစ်ဖြစ်​သတိထား​နေရမှာ​ပေါ့ ယောင်းကို​တော့ ဘယ်လိုနည်းနဲ့မှ အဲ့လူလက်ထဲပြန်မအပ်နိုင်ဘူး"
သစ်ပင်​အောက် ​ပြေးလွှား​နေတဲ့ က​လေးငယ်၂​ယောက်က အပူအပင်ကင်းပင်မဲ့ သူတို့၃​ယောက်က​တော့ ကိုယ်စီပူပင်​သောက​တွေဖြင့်.......
♡
♡
♡More Than Love
♡
♡
"ကိုကို ​ယောင်းအဲ့တာ​လေးစားချင်တယ်"
သူတို့ခု​ရောက်​နေတာ​တော့ မာဟန်းဆိုတဲ့ ဘတ်ဂျယ်တိုင်းပြည်ထဲမှ မြို့​တော်​လေးပင်......​ယောင်းငယ်က မျက်နှာတစ်၀က်ကို ပုဝါဖြူ​လေးနဲ့ ဖုံးအုံးထားလဲ ​ချစ်စရာ​ကောင်းလွန်း​နေဆဲပင်.......ဘတ်ဂျယ်တိုင်းပြည်က လူ​တွေကသူတို့ကို အထူးတစ်ဆန်းကြည့်ကြသည်.....။ယခုဆိုလျှင် ဟန်းဂုတွင် လူ​သားတွေသည် ​နေရာအနှံ့​တွင် ​နေထိုင်ခွင့်ရကြသည်ဖြစ်သည်။ဒါ​ကြောင့် ​​လူသား​တွေနဲ့ မိစ္စာတို့သည် ​ရော​နှော​နေကြသည်.......ဒီ​နေ့က ​​ကောက်သစ်စားပွဲ​တော်ဖြစ်တာ​ကြောင့် မုန့်ဆိုင်​လေး​တွေဖြင့် မြို့​တော်ထဲစည်ကား​နေကြပြီး.....အိမ်တိုင်းတွင်လဲ ဆုံးပါးသွား​သော ဘိုးဘွားတို့ကို ကန်​တော့​နေကြသည်.....။
​ယောင်း​လက်ညှိုးထိုးပြတာ​လေးကိုကြည့်မိ​တော့ ဆန်မှုန့်နဲ့လုပ်ထားတဲ့ ခရမ်း​ရောင်မုန့်​လေး......
"အင်း ထယ်စားချင်တာမှန်သမျှ ဒီကကိုကိုက​ကျွေးပါ့မယ်ဗျ"
"ဟီးးး အဲ့တာ​ကြောင့် ကိုကို့ကိုချစ်တာ"
အလည်​လေး စားချင်တာရတာနဲ့ မျက်နှာ​လေးက ပြုံးရယ်လို့.......ချက်ချင်း ထိုဆိုင်ရှင်နား​ပြေးကာ သူစားချင်တာ​တွေ လက်ညှိုးထိုးပြီး ထည့်ခိုင်းတော့သည်။
"အကို​တော်တို့က​တော့ ​ဆေးမမှီ​တော့ဘူး"
"ဂျီဂျီလဲစားချင်ရင် စားပါဗျာ"
"​​တော်ပါပြီ မစား​တော့ဘူး အကို​တော်ငွေစ​တွေကထယ်ထယ့်အတွက်ဘဲကို"
"ဒီ​ဘေးကအကိုကြီး၂​ယောက် ၀ယ်​ကျွေးမယ်မှတ်လား ဂျီဂျီကို"
"ပိုက်ဆံအလကားမဖြုန်းနဲ့"
ယွန်းဂီက ထိုသို့​ပြော​တော့ နှုတ်ခမ်းကို တစ်​ထောင်​လောက်ဆူလိုက်ပါ​သော အ​မောင်ဂျီမင်း​လေး......ထယ်​ယောင်း​လေး မုန့်​တွေ၀ယ်ပြီး သူ့ကိုကို ကို လက်ယက်လှမ်း​ခေါ်​လေ​တော့ ဒီက​ဂျောင်ဂုကြီးတို့က နှစ်ခါ​ခေါ်စရာမလို​အောင် အနားသို့​ပြေးသွား​လေပြီ.....အနာဂတ် ဘုရင်အ​လောင်းအလျာတွက်​တော့ ရင်​လေးတယ် ဟူးးးးး(ကျယ်မလဲ ရင်​လေး)
"ဂျီဂျီစားအုံးမလား"
"​တော်ပါပြီ ​တော်ကြာ နဂါးမျက်​စောင်းနဲ့ အကြည့်ခံ​နေရမှဖြင့်"
"ခစ်ခစ် အဲ့တာဆိုလဲ ထယ်ထယ်ဘဲစား​တော့မယ်"
ဒီလိုနဲ့သူတို့ မာဟန်းမြို့ထဲ ပတ်ကြည့်ပြီး ​နေ့လည်ရောက်​တော့ တည်းခိုခန်းငှား၍ အခန်း၂ခန်းသာယူလိုက်ကြသည်။
"အကို​တော် ထယ်ထယ်နဲ့ဂျီဂျီကတစ်ခန်း​နော်"
"မရပါဘူး ​ယောင်းကအကို​တော်နဲ့ဘဲ အိပ်ရမှာ"
"ဟာရဘူး ထယ်ထယ် ဂျီဂျီနဲ့ဘဲ အိပ်​နော်"
"ဟင် အင်းအင်း"
ထယ်​ယောင်းရဲ့လက်တစ်ဖက်တစ်ချက်စီကို ဆွဲကာ က​လေး​တွေလိုလု​နေ​သော ညီအကို၂​ယောက်......
"ဂျီမင်းရယ် အကိုကြီးတို့နဲ့လာအိပ် သူတို့ကိုလွှတ်ထားလိုက် လာလာ"
"အားး လာဘူး ထယ်ထယ်နဲ့ဘဲ အိပ်မှာပါဆို"
"ဂျီမင်း မသ်းဟာမင်းထယ်​ယောင်းနဲ့ ​နောက်မှအိပ် ခုငါအိပ်ချင်​နေပြီ စကားမများနဲ့ ၀င်​တော့"
"ဟာ ကွကိုယ်အိပ်ချင်တာ အိပ်ပါလား"
ထိုအခါ ကုတ်မှဆွဲ​ခေါ်ခံလိုက်ရ​သော ဂျီမင်း​လေးပါရယ်.....
"မင်းတို့လဲနား​တော့"
"ဂရုစိုက် ငါတို့ညကျအပြင်သွားမှာမို့ ပြင်ဆင်ထားအုံး"
​ယောင်းရဲ့လက်​လေးကိုဆွဲကာ အခန်းထဲ​ခေါ်လာပြီး ကုတင်​ပေါ်ထိုင်ခိုင်းပါ ဖိနပ်​လေးကို ကိုယ်တိုင်ခြွတ်​ပေး​တော့ လှုပ်လှုပ်ရွရွဖြစ်လာတဲ့က​လေး​လေး......
"ကိုကို ငရဲကြီးမယ် ​ယောင်းဖိနပ်​တွေကို​ယောင်းဘာသာချွတ်ပါ့မယ်"
"မဟုတ်တာ ကိုယ့်​ယောင်းငယ်က ဘာမှမလုပ်နဲ့ ​ကိုယ်ဘဲအကုန်လုပ်​ပေးမယ်​"
"ဒီကိုကိုက​တော့"
မနက်ထဲက ထွက်လာကြတာမို့ က​လေးငယ်ပင်ပန်း​နေမှာစိုး၍ ခဏအိပ်ခိုင်း​စေလိုက်သည်.....။သူလဲခဏနားကာ က​လေးငယ်ရဲ့ခါးကိုဖက်၍ ​မှေး​နေလိုက်သည်......
ည​မိုးချုပ်ခါနီး နိုးလာ၍ က​လေးငယ်အတွက် ၀တ်ရုံအသစ်​လေး၀ယ်ထားတာ​လေးကို လဲ၀တ်​စေလိုက်သည်။
"ကိုကို ​ယောင်းတို့အပြင်သွားကြမှာလား"
"ဟင့်အင်း"
လက်ကိုဆွဲပြီး တည်းခို​ဆောင်​အောက်က စား​ဖို​ဆောင်ခန်းဆီ​ခေါ်လာပြီး ရီပြ​သော ကိုကို.....ဂျီမင်းတို့ကိုလဲမ​တွေ့......
"ကိုကိုတို့ ဆွန်​ဖြောင်းလုပ်ရ​အောင်"
"ဟင် အာာ မှတ်မိပြီ ဟိုအမှုန့်​တွေနဲ့ လုပ်ရတာ"
"အင်း "
ကိုကို့နား၀င်ကာ ဆန်မှုန့်တို့ကို ​ရေ​လေးဖြင့်​ရောဂါ နယ်​နေတုန်း ခါးကိုလာဖက်​သော ကိုကို.....
"ကိုကို ဆိုင်ထဲကလူ​တွေမြင်ကုန်မယ်"
"မမြင်ပါဘူး ကိုကိုဒီည​​နေ စားဖို​ဆောင်ကို ငှားထားတာမို့"
"ဟုတ်ကိုကို"
သူတို့၂​ယောက်ထဲ ဆွန်​ဖြောင်းကိုလုပ်လို့ ပြီးခါနီးထ​ပြော​သော ကိုကို့စကား​ကြောင့် ထယ်​ယောင်းနာရွက်ဖျား​လေး​တွေပါ နီသွားရသည်....။
"ဆွန်း​ဖြောင်းကို အလှဆုံးလုပ်နိုင်ရင် ကိုယ်​မွေးတဲ့ သားသမီး​​လေးတွေက ​ချော​ချော​လေး​တွေ​မွေးဖွားလာတယ်တဲ့"
ကိုကိုကဘာ​တွေ​ပြော​နေမှန်းမသိ သူ့လို​ယောကျ်ား​လေးတစ်​ယောက်ကို......
"ကိုကိုက ဘယ်သူ့ကို​မွေးခိုင်းမှာလဲ"
"​ယောင်းကို​လေ"
"ဟာဘာ​တွေ​ပြော​နေမှန်းမသိဘူး ​ယောင်းက​ယောကျ်ား​လေးပါဆို"
ထင်းရှူးရွက်​တွေ ခင်းကျင်းထားတဲ့ အိုး​လေးထဲ ဆွန်​ဖြောင်းတို့ကို ထည့်ကာ အပူ​ပေးလိုက်သည်။​ဂျောင်ဂုသိတာ​ပေါ့ ဝံပု​လွေဖြူတို့က ​ယောကျ်ား​လေး​ကော မိန်းက​လေး​ကောပါ ကိုယ်၀န်​ဆောင်နိုင်မှန်း.......သူတို့ကြား က​လေး​လေးနဲ့ ချည်​နှောင်ထားနိုင်မှ တစ်ချိန်ကျ ​ယောင်းကသူ့ကိုမမုန်းမှာ.......
​ဆွန်​ဖြောင်းတို့ကို အပူ​ပေးထားတုန်း တည်းခို​ဆောင်ကလူ​တွေကို ​ပြောခဲ့ကာ သူတို့၂​ယောက်ထဲ အပြင်ထွက်လာကြသည်.......
"​ယောင်း ဟိုနီနီ​လေး​တွေ စားချင်တယ် ကိုကို"
​ဂျောင်ဂုကြည့်လိုက်​တော့ တုတ်ရှည်မှာထိုးထားတဲ့ အနီ​ရောင်ချိုချဥ်​လေး​တွေ.......
"​ချောင်းဆိုးမယ်​လေ ​ယောင်း"
"မဆိုးပါဘူး ကိုကိုရဲ့ ​နော်"
"အင်းအင်း"
ဒီက​လေး​လေးကို သူအရမ်းအလိုလိုက်မိ​နေရသည်အထိ ချစ်လွန်းပါသည်....သူ့က​လေးငယ်​​လေး မျက်နှာတစ်ချက်ပျက်မှာကို မလိုလားတာ​ကြောင့်ပင်......အနီ​ရောင်ချိုချဥ်​လေး​တွေကို တမြုံ့မြုံ့ စား​နေတဲ့ က​လေး​လေး ပါး​လေး​တွေက ​ဖောင်းကစ်​နေ​ရော.....
"ကိုကိုစားအုံးမလား"
"အင်းစားမယ်"ဆိုကာ ​ဆေး​ရောင်မဆိုးထားပါဘဲ နီ​ရဲနေ​သော နှုတ်ခမ်း​လေးကို ဖိကပ်နမ်း​တော့ မျက်လုံး​လေး​တွေ ကျယ်သွားတာသူ​တွေ့လိုက်သည်။ခဏတာဖိကပ်ရုံသာ ဖိကပ်ပြီးခွာ​ပေးလိုက်​တော့ ရင်ဘက်ကိုသူ့လက်​လေး​တွေနဲ့ ဖိကပ်ထား​သော က​လေးငယ်
"ချိုလိုက်တာ ချိုချဥ်ထက် ​ယောင်းနှုတ်ခမ်း​လေး​တွေက ပိုချိုတယ်"
"ဟာ ကိုကိုကကွာ ​ယောင်းကိုရှက်​အောင်"
၀တ်ရုံ​လေးကို ဆုပ်ကိုင်ကာ မျက်နှာ​လေးနီရဲ​နေ​သော ချစ်ရသူ​လေး.......လက်​လေးကိုပြုတ်မသွား​အောင် ဆုတ်ကိုင်ပြီး မြို့ထဲ​လျှောက်ပတ်​နေလိုက်သည်......​ယောင်းက ဟိုဟာလိုချင်တယ်ဆို သူက၀ယ်​ပေးလိုက် ဒီဟာစားချင်တယ်ဆို သူက၀ယ်​ကျွေးလိုက်နဲ့(ဒီ​ခေတ်စကားနဲ့ဆို ရူးဂါးဒယ်ဒီ​ပေါ့)
"အ့"
​လက်ထဲက အနီ​ရောင်ချိုချဥ်တုပ်​လေး ​မြေပြင်​ပေါ်ပြုတ်ကျသွားပြီး ​ခေါင်းကို လက်တို့ဖြင့်ဖိကပ်လိုက်​သော ​ယောင်း......
"ဘာဖြစ်လို့လဲ​ယောင်း"
♡
♡
♡More Than Love
♡
♡
ထယ်​ယောင်း သူ့ကိုကိုလက်​လေးတွဲကာ လမ်း​ပေါ်က ​စျေးဆိုင်​လေး​တွေကိုလိုက်ကြည့်​နေတုန်း ​ခေါင်းထဲ စူးးးခနဲဖြစ်သွား​သော အသံတစ်ခု......မူး​ဝေလာတာ​ကြောင့် ​ခေါင်းကိုလက်တို့ဖြင့်ဖိကပ်ထား​သော်လဲ ရယ်သံတစ်ခုက သူ့​ခေါင်းထဲ​ပေါ်လာသည်.....
'ဟဟ့ ဟန်​ထယ်​ယောင်း ​ပြေးနိုင်သ​လောက်​ပြေးထား​နော် ပြန်​တွေ့ရင် ​ခြေ​ထောက်​တွေရိုက်ချိုးထားပစ်မယ်'
သူ့အ​တွေး​တွေထဲ၀င်လာတဲ့ ခမည်း​တော်ရဲ့ စကား​ကြောင့် သူ့​ဘေးပတ်၀န်းကျင်ကို လိုက်ကြည့်​နေမိသည်.....
သူ့ခမည်း​တော်များ အနား​ရောက်​နေသလားဆိုတဲ့အ​တွေးတို့ဖြင့်......ထိုချိန် လူကြားထဲ ထွက်လာ​သော အမြှီးဖြူ​လေး.....​ဘေးကလူ​တွေမမြင်ခင် အမြန်ကိုကိုက သူ့၀တ်ရုံကိုချွတ်​​ပေးပြီး အ​ပေါ်မှခြုံ​ပေးသည်။
'ခမည်း​တော်တို့က ​သွေးသားရင်းချာမို့ စိတ်ချင်းချိတ်စက်လို့ရတယ် ဟန်ထယ်​ယောင်း​လေးရဲ့ မင်းနဲ့ မင်းကိုကိုကို ရှာ​တွေ့​တော့မယ်ထင်တယ်'
"ဟင့်အင်း ဟင့်အင်း"
"​ယောင်း ​ယောင်းသတိထားပါအုံး"
ကိုကို့ရင်ခွင်ထဲ ခမည်း​တော်ရှာမ​တွေ့​အောင် ၀င်ပုန်းချင်သည်။
"​မေ​မေ ဒီကိုကိုမှာအမြှီး​တွေနဲ့"
"​လျှောက်မ​ပြောရဘူး ဒီက​လေးက​တော့​လေ"
လမ်း​ပေါ်ကဖြတ်သွား​သော က​လေးငယ်က​တွေ့လိုက်၍ ​အော်​ပြော​နေ​သော အသံကို ကြားလိုက်ရ​တော့ ကိုကို့ရင်ခွင်ထဲပိုတိုး၍၀င်မိသည်.....။
"ကိုကို ​ယောင်းတို့ဒီကအမြန်​ပြေးရ​အောင် ခ..... ခမည်း​တော်က ရှာ​တွေ့​တော့မယ်"
"ဘာဖြစ်လို့လဲ​ယောင်းရဲ့ ကိုကိုရှိတယ်​လေ"
"ဟင့်အင်း ​ယောင်း​ကြောက်တယ် ကိုကို....ယောင်းကိုလာ​ရှာ​နေကြပြီ"
"အင်းအင်း ပြန်ရ​အောင်"
က​လေးငယ်ကို ​ပွေ့ဖက်ကာ တည်းခို​ဆောင်ကို ပြန်​ရောက်သည်ထိ ​ယောင်းကတစ်ကိုယ်လုံးတုံရီ​နေသည်။
"​ယောင်း"
"ဟင့် ကိုကို​ရေ ​ယောင်းတို့ကိုခွဲ​တော့မယ်"
"ကိုယ်တို့ကိုခွဲလို့မရပါဘူး ​ယောင်းရဲ့"
"ဟင့်အင်း ​ယောင်းစိတ်ထဲကကြားလိုက်တယ် ခမည်း​တော်က လာရှာ​တော့မယ် ​တွေ့ရင်​ယောင်း​ခြေ​ထောက်​တွေရိုက်ချိုးထားမယ်တဲ့"
"ကိုယ့်​ယောင်း​လေးနားမှာ ကိုကိုရှိတာမို့ မ​ကြောက်နဲ့​နော်"
ထိုချိန် သူတို့ထိုင်နေ​သော စားပွဲခုံ​ရှေ့ အလုပ်သမား​ကောင်​လေးချ​ပေး​သော မုန့်ဗန်း​လေး......​ယောင်းနဲ့သူနဲ့တူတူလုပ်ထားတဲ့ ဆွန်​ဖြောင်း....အလုပ်သမား​ကောင်​လေးကချ​ပေးပြီး ထွက်သွား​တော့မှ.....
"အာရီဂူးးး ကိုကိုတို့​မွေးတဲ့က​လေးကျရင် ဒီလို​လေး လုံးလုံး​လေး​တွေဖြစ်​နေမှာဘဲ"
"ဟာ ကိုကို​နော် ဘာ​တွေ​ပြော​နေမှန်းမသိဘူး"
တူ​လေးနဲ့ မုန့်​လေးတစ်ခုကို ညှပ်ကာ ​ယောင်းနှုတ်ခမ်းပါးနား​တေ့​ပေး​တော့ တစ်ခုလုံးကိုစားပစ်လိုက်တဲ့ အစားပုပ်​လေး......​နောက်ဆုံး အကုန်ကုန်သွား​တော့ ​ယောင်း​ပေါက်က အ​ကြောဆန့်ပြီး သူအစာစားပြီး အိပ်ချင်တယ်​ပေါ့......
"​ယောင်း အိပ်ချင်​နေပြီလား"
"အင်း"
မျက်လုံး​လေး​မှေးစင်း​နေတဲ့က​လေး​လေးနှုတ်ခမ်းကို ​ရေထည့်ထားတဲ့ဖန်ခွက်​လေး ကပ်​ပေးပြီး တိုက်ရပြန်သည်.....က​လေးထိန်းကြီးကိုဖြစ်လို့.....
'ဟန်ထယ်​ယောင်း မင်းအနံ့ကိုရ​နေတယ်"
"အားး ကိုကို"
​အော်ပြီး ကိုကို့နား​ပြေးကပ်တဲ့ က​​လေးငယ်.....
"ကိုကိုထယ့်အနံ့ကိုရတယ်တဲ့ ခမည်း​တော်လာ​နေပြီထင်တယ်"
ဂျောင်ဂု အခန်းတံခါး​တွေကို​သေချာ ပိတ်လိုက်သည်......။
"အကယ်၍ လမ်းမှာတစ်ခုခုဖြစ်ရင် ကာကွယ်​ပေးမဲ့မယ်မယ့်ရဲ့ ကိုယ်ပွား​ ဒါ​လေးကို​သေချာသိမ်းထား တစ်ခုခုဖြစ်ရင် မယ်​မယ်နာမည်ကို​ခေါ်လိုက် အဲ့တာဆို မင်းခမည်း​တော်မင်းကို လိုက်ရှာလို့မရ​တော့ဘူး"
မယ်မယ့်ရဲ့ စကားကိုကြားမှ သူ့၀တ်ရုံရင်ဘက်နား လက်ထည့်ပြီး လိုက်စမ်းမှ ထွက်လာတဲ့ အစိမ်း​ရောင်အလူုး​လေး ...... ကိုကိုကသူ့​ဘေးလာထိုင်ကာ ခါးမှဖက်ထားပြီး ထိုအစိမ်း​ရောင်အလုံး​လေးကိုကြည့်​နေလိုက်သည်။
ထယ်​ယောင်း ထိုအစိမ်းလုံးကို စိုက်ကြည့်ကာ.....
"မယ်မယ် ကင်​ဆောင်းဟွာ သား​တော်ကိုကာကွယ်​ပေးပါ"
ထိုအချိန်ခဏတာတွင် အစိမ်း​ရောင်အလုံး​လေးသည် အ​ရောင်ပို​တောင်လာကာ အ​ငွေ့တစ်ချို့ထွက်လာပြီး သူနဲ့ကိုကိုနားတွင် ရစ်သိုင်း​နေသည်။ထို့​နောက် ​အခန်းတစ်ခုလုံးကိုပျံ့နှံ့သွား​သော အ​ငွေ့တန်းတို့နဲ့အတူ ​ပျောက်ကွယ်သွားကြသည်......။အစိမ်း​ရောင်အလုံး​လေးသည် အ​ရောင်​မှေးမှိန်မသွားဘဲ သူ့ရဲ့ ၀တ်ရုံထဲ ​လေအလျင်ဖြင့်၀င်သွားသည်.....။ဒါအကျိုးသက်​ရောက်မှုရှိတာလား.......
♡
♡
♡More Than Love
♡
♡
*​တောက်*
"သူ့အနံ့ပျောက်သွားပြီး ခုချက်ချင်း အဲ့မြို့ကို​မြေလှန်ရှာခဲ့ မ​တွေ့ရင်မင်းတို့ပြန်လာဖို့မစဥ်းစားနဲ့"
ထင်ခဲ့ပြီးသား လုကိုယ်စားလှယ်က ဟိုကိုကိုဆိုတဲ့အ​ကောင်မှန်း.....မြို့ပြင်ထွက်တုန်းက ၀န်ဟီးလိုက်ကြည့်​နေလို့ သူသိပြီးသားပင်.....ဟက် သား​တော် လက်​တွဲ​ဖော်သွား​တွေ့လဲ ကြားက​နေ၀င်ဖြတ်မယ်ဆိုတာသိလို့ ၀န်ဟီးကို​တောင်လိုက်မသွားခိုင်း.....ဘယ်လိုဘဲဖြစ်ဖြစ် လူသား​တွေကသူ့ကို​ကျော်​နိုင်မှာမှမဟုတ်တာ.....​ရေဆုံး​မြေဆုံးထိ​ပြေးရင်​တောင် သူလိုက်ရှာနိုင်တယ် ပြီးရင်မသတ်ခဲ့ရတဲ့ ကိုကိုဆိုတဲ့​ကောင်ကိုသတ်ဖို့ကလဲအလွယ်​လေး..... ခု​တော့ သားငယ်ရဲ့ အနံ့ကိုပါချက်ချင်း​ပျောက်ကွယ်ပြီး ​နေရာအတိအကျမသိရ​တော့၍ ​ဒေါသ​တွေထွက်​နေ​သော ဘုရင်.......
၀ံပု​လွေဖြူ​ယောင်းငယ်လို့မြင်လိုက်ကြပါ🤧
TBC
#More Than Love🌸🍃
#Yung(김영챌)🌸🍃
ဒီအပိုင်း​ပေါ့🤧🤧စာ​တွေလုပ်​နေရလို့ အများကြီးမ​ရေးနိုင်ဖြစ်​နေတာပါ
More Than Love​လေးကိုဖတ်ရှူ​ပေးတဲ့ တစ်ဦးတစ်​ယောက်ခြင်းစီတိုင်းကို ချစ်ခင်​လေးစားလျက် ​ကျေးဇူးတင်ပါတယ်🙆🏻‍♀️💜💜💜💜💜
♡Zawgyi♡
"အာ ​ကြောက်ပါပြီဗျာ"
"ကိုယ်က ယုန်ကြီးပါဗျာ"
"ဂျီဂျီ ကြိုက်လို့လား"
"ခစ်ခစ် မွ"
♡
♡
♡More Than Love
♡
♡
"အပို​တွေ​ပြော​နေပြီ"
"ချူး​ဆော့ပွဲ​တော်!"
"အာ သွားချင်တယ်ကိုကို"
"​နော် ကိုကို"
"အင်း"
♡
♡
♡More Than Love
♡
♡
"ဂျီဂျီစားအုံးမလား"
"ဟင် အင်းအင်း"
"မင်းတို့လဲနား​တော့"
"ဒီကိုကိုက​တော့"
"ဟင့်အင်း"
"အင်း "
"ဟုတ်ကိုကို"
ကိုကိုကဘာ​တွေ​ပြော​နေမှန်းမသိ သူ့လို​ယောက်ျား​လေးတစ်​ယောက်ကို......
"​ယောင်းကို​လေ"
"ဟာဘာ​တွေ​ပြော​နေမှန်းမသိဘူး ​ယောင်းက​ယောက်ျား​လေးပါဆို"
"အင်းအင်း"
"ကိုကိုစားအုံးမလား"
"အ့"
"ဘာဖြစ်လို့လဲ​ယောင်း"
♡
♡
♡More Than Love
♡
♡
ထယ်​ယောင်း သူ့ကိုကိုလက်​လေးတွဲကာ လမ်း​ပေါ်က ​ဈေးဆိုင်​လေး​တွေကိုလိုက်ကြည့်​နေတုန်း ​ခေါင်းထဲ စူးးးခနဲဖြစ်သွား​သော အသံတစ်ခု......မူး​ဝေလာတာ​ကြောင့် ​ခေါင်းကိုလက်တို့ဖြင့်ဖိကပ်ထား​သော်လဲ ရယ်သံတစ်ခုက သူ့​ခေါင်းထဲ​ပေါ်လာသည်.....
"ဟင့်အင်း ဟင့်အင်း"
"အင်းအင်း ပြန်ရ​အောင်"
"​ယောင်း"
"အင်း"
"အားး ကိုကို"
♡
♡
♡More Than Love
♡
♡
*​တောက်*
TBC
#More Than Love🌸🍃
#Yung(김영챌)🌸🍃
Contents
Contents
Comments(0)
Join the discussion — sign in to leave a comment
Sign In to Comment
No comments yet. Be the first to share your thoughts!