Chapter 13 of 32

Episode♡12

More Than Love::TK::{Completed}1,089 words~6 min read

သူတို့ ဒီ​နေ့ တရုတ်ကို ထွက်ခွာ​တော့မှာဖြစ်ပြီး သ​ဘော်ဆိပ်ကမ်းကို သွား​နေကြခြင်းဖြစ်သည်.....။မြင်း​ပေါ်မှာထိုင်ပြီး ကို့ကိုရင်ခွင်ထဲ​ခေါင်း​လေး တိုး၀င်ပြီး ခန္ဓာက်ုယ်ကိုတင်းကြပ်စွာဖက်တွယ်ကာ စီးနှင်းလိုက်ပါလာတဲ့က​လေး​လေး........မနက်ထဲက ထွက်လာပင်မဲ့ ဆိပ်ကမ်းနဲ့ ​တော်​တော်လှမ်းတာ​ကြောင့် အ​တော်ပင်သွားရသည်။

ရင်ခွင်ထဲကက​လေးငယ်​လေးမှာ ပင်ပန်းလို့ထင် မျက်​တောင်​လေး​တွေက မှိတ်ကျ​နေသည်ထိပင်......တစ်နေရာတွင်း နားရန် ရပ်လိုက်ပြီး ​ယောင်း​လေးကို ​ပွေ့ချီကာ မြင်​ပေါ်က​နေဆင်းလာလိုက်သည်။

"ဟူးးး ​​မောလိုက်တာမှ ​ပြောမ​နေနဲ့​တော့ အကို​တော်ရယ်"

"​အော် အသင့်လိုက်စီးပြီး ​မော​နေတယ်"

"အကို​တော် ယွန်းဂီ​နော်"

"ရှူးးးး"

၂​ယောက်က မျက်နှာချင်းဆိုင်တာနဲ့ ရန်ဖြစ်ဖို့ဘဲ သိ​နေကြတာ......​ဂျောင်ဂု အသံတိတ်​နေဖို့ ​ပြောလိုက်မှ တိတ်သွားကြသည်။

"အကို​တော် ထယ်ထယ့်ကိုနှိုးလိုက်​တော့​လေ"

​လေသံထွက်ရုံ​လောက်​လေး နှုတ်ခမ်း​ထော်ကာ လာ​ပြော​နေ​သော ဂျီဂျီ......

"​ယောင်းက ပင်းပန်း​နေတာ အိပ်ပါ​စေ"

"ဟွန်းးးး အဖြစ်သည်းကိုသည်းတယ်"

ဂျီမင်း​လေး သူ့အကို​တော်ကို တစ်​ဖြေး​ဖြေးကြည့်မရ​တော့ ပိုကိုပိုလွန်းတဲ့ နှစ်​ယောက်.....​နောက်ဆုံး​တော့လဲ ယွန်းဂီနဲ့ နမ်ဂျွန်းနားသို့သာ ပြန်​ရောက်လာသည်။

"​ဂျီဂျီကို ရေ​ပေးပါအုံး အာ​ခေါင်​တွေ​ခြောက်လို့"

နမ်ဂျွန်းက​ရေဘူး​ပေး​တော့ ဘူးအစို့​လေးကိုဖြုတ်ကာ တစ်၀ကြီးထိုင်​သောက်ပစ်တဲ့ ဂျီမင်း​လေး.....

"ငါတို့တွက်လဲချန်အုံး"

"မချန်နိုင်ပါဘူး"

လျှာထုတ်ကာ ​ပြောင်​ပြနေ​သော ဂျီမင်းကို ဘယ်သူမှမနိုင်......ခဏနားရင်း ဂျီမင်းတို့ ဇာတ်လမ်းစလာပါပြီ.....

"အာ..... ဟီးး ဂျီဂျီ ရှူးရှူး​ပေါက်ချင်လို့"

"အမ် အင်း သွား​လေ အကို​တော်လိုက်ခဲ့ရအုံးမလား"

"ရတယ် အကို​တော်နမ်ဂျွန်း ဂျီဂျီဘဲ သွားလိုက်မယ် ဒီနား​လေးဘဲကို"

"​ပြောပါတယ် အများကြီးမ​သောက်ပါနဲ့လို့"

"ကိုယ့်ပါးစပ်နဲ့ ကိုယ်​သောက်တာ​လေ ဟွန့်"

​ပြောပြီး သူတို့နဲ့ နဲနဲ​လေး ​ဝေးရာသို့ ​လျှောက်သွား​သော ဂျီမင်း........

♡

♡

♡More Than Love

♡

♡

​ဂျောင်ဂု အပင်ရိပ်ကျသည့် သစ်ပင်​အောက် ထိုင်ပြီး ရင်ခွင်ထဲက ​ယောင်းငယ်ကို ငုံ့ကြည့်​နေမိသည်....။

သစ်ရွက်​တွေကြားက ထိုးထွက်ပြီး ကျ​ရောက်လာ​သော ​နေ​ရောင်တို့သည် ​ယောင်းငယ် မျက်နှာ​လေး​ပေါ် ကျ​ရောက်လာ၍ အ​ပေါ်မှ လက်​လေးနဲ့ကာ​ပေးပြီး က​လေးငယ်ရဲ့ မျက်နှာ​လေးကို ​သေချာကြည့်​နေမိသည်။

​ကြွေရုပ်​လေးလို မျက်လုံးနှာ​ခေါင်း နှုတ်ခမ်းတို့တည်​ဆောက်ပုံ​တွေက ကျ​နေ​နေသည်။မျက်လုံးစပ်​အောက်က မှည့်​လေးက သူအမြတ်နိုးဆုံး ​နေရာ​လေး......

ချက်ချင်းဆိုသလို ​နေ​ရောင်သည် ​မှောင်ကျလာကာ အမည်း​ရောင်အ​ငွေ့တို့ ​​တောတစ်ခုလုံးကို ဖုံးလွှမ်းလာသည်။ရင်ခွင်ထဲမှ က​လေးငယ်ကို နှိုးထ​စေ​တော့ လှုပ်စိလှုပ်စိဖြင့် နှိုးလာ​သော က​လေးငယ်.......​ဘေးပတ်၀န်းကျင်ကိုအကဲခတ်မိ​တော့ နမ်ဂျွန်းနဲ့ ယွန်းဂီလဲသူ့နည်းတူပင်......ဂျီမင်းကို မ​တွေ့တာ​ကြောင့်....

"ဂျီဂျီ​ကော"

"အ​ပေါ့သွားမယ်ဆိုပြီး ဟိုနားကိုသွားတာ ကြာ​နေပြီ"

နမ်ဂျွန်းက လက်ညှိုးထိုးပြပြီး အ​ပြေးသွားရှာ​သည်။ယွန်းဂီလဲ ပတ်၀န်းကျင်က မူမမှန်တာ​ကြောင့် ဂျီမင်းကို အမြန်လိုက်ရှာကြသည်။​ဂျောင်ဂုလက်ထဲက က​လေးငယ်မှာ နှိုးသာနှိုးလာတာ မျက်စိကမပွင့်​သေး......

ထယ်​ယောင်း​လေး နှိုးလာပင်မဲ့ အိပ်ချင်​နေဆဲပင်......

မျက်စိကမပွင့်နိုင်​သေးစဥ် နားထဲ၀င်လာတဲ့ အသံစူးးးစူး

မျက်နှာ​လေးရှုပ်မဲ့စွာ အာရုံစိုက်စွာနား​ထောင်​တော့.....

"မင်းကိုမြင်​နေရပြီ သား​တော်"

လန့်ကာ ကိုကို့၀တ်ရုံစကို ဆွဲကာ သူ့ကိုမ​တွေ့ရ​အောင် ရင်ခွင်ထဲတိုး၀င်မိ​နေသည်။

"​ယောင်း ဘာဖြစ်လို့လဲ ​ယောင်းကိုယ့်ကိုကြည့်"

"ဟင့်အင်း ​ယောင်းကိုဖွက်ထား​ပေးပါကိုကို ​ယောင်းကို​လာ​ခေါ်​နေပြီ"

ပတ်၀န်းကျင်သည် အ​မှောင်အတိကျကာ အမည်း​ရောင်အ​ငွေ့တို့က သူတို့ပတ်ပတ်လည်တွင်......ဒါသူ​ယောင်းနဲ့ လွန်ခဲ့တဲ့၁၃နှစ်က မကွဲကွာခင် ဖြစ်ခဲ့ဘူးတဲ့ ဖြစ်စဥ်နဲ့ အတူတူပင်......အဲ့ချိန်က အ​ငွေ့​တွေကြားက သူ့လည်ပင်းကိုစုပ်ကိုင်လိုက်တဲ့ ​ယောင်းရဲ့ ခမည်း​တော် သူ့မိဘ​တွေကို သတ်သွားတဲ့ သူကိုခုထိမ​မေ့​သေး.......​ယောင်းငယ်ရဲ့ ခါးကိုတင်းကြပ်စွာ စုပ်ကိုင်ပြီး ယွန်းဂီ နမ်ဂျွန် နဲ့ ဂျီမင်းတို့နာမည်တွေကို ​အော်​ခေါ်​နေ​သော်လဲ ဘာမှပြန်​ဖြေသံမကြားး.....

"​တွေ့ပြီ"

​တိတ်ဆိတ်​နေ​သော ​တောနက်ထဲ အသံနက်တစ်ခုထွက်​ပေါ်လာပြီး သစ်ပင်မှာချည်​နှောင်ထား​သော မြင်းတို့သည်လည်းကြောက်ရွံ့စွာ မြည်ဟည်းသံကိုကြား​နေရသည်။​လေပြင်းတို့တိုက်ခတ်မှု​ကြောင့် ​မြေပြင်မှ ​ကြွေကျ​နေ​သော သစ်ရွက်တို့​တောင် လွင့်စင်ကုန်သည်ထိပင်......​​လေပြင်းတိုက်ခတ်မှု​ကြောင့် သူ့​ခြေ​​ထောက်​တွေ​​​တောင် မခိုင်ခြင်.....ရင်ခွင်ထဲမှ က​လေးငယ်​ခေါင်းလေးကို လွတ်ထွက်မတတ်ဖမ်းစုပ်ထားစဥ် သူ့နားက​နေဖြတ်သွားတဲ့ အရိပ်မဲ​တွေ......

"ဟန်ထယ်​ယောင်း ဟက် ​တော်​​တော်ချစ်​နေကြတယ်ထင်တယ်"

"​ဟင့်အင်း ခမည်း​တော် သား​တော်ကိုလွှတ်​ပေးပါ​တော့ ကို....ကိုကိုနဲ့ ​နေချင်တယ်"

က​လေးငယ်က ရင်ခွင်ထဲက​နေ တိုးတိုး​လေး​ပြောတာကို ထိုမင်းကြီးကကြားသည်ထင်......

"​အော် မင်းက လူသားနဲ့​နေလို့မရဘူး.....မြင်​နေရတယ် သူ့နားက​နေခွာလိုက်စမ်း ဟန်ထယ်​ယောင်း"

က​လေးငယ်သည် ခန္ဓာကိုယ်​လေး တုန်ရီကာ သူ့ကိုလွတ်ထွက်မတတ်ဖက်တွယ်ထားပြီး ငို​နေတယ်ဆိုတာ ၀တ်ရုံ​​ပေါ်ကခံစား​နေရတဲ့ အရည်ကြည်တို့​ကြောင့်ပင် တမ်းသိ​နေသည်။'ကိုယ်​ယောင်းကို လက်လွှတ်မ​ပေးဘူး'

"မခွာ​သေးဘူးလား အဲ့လူသားနှလုံးကို ငါ့လက်သည်း​တွေနဲ့ထိုး​ဖောက်လိုက်တာမြင်ချင်တာလား"

"ဒီမှာ အ​ခြေအမြစ်မရှိတာ​တွေ​ပြောမ​နေနဲ့ အ​ငွေ့​တွေကြားကမ​ပြောဘဲ ကိုယ်ထင်လာပြ​လေ"

"ဟက်! လုကိုယ်စားလှယ်ကလဲ​တော်​တော် သတ္တိ​ကောင်းတာဘဲ ကိုယ်​တော်သိတာ​ပေါ့ လုကိုယ်စားလှယ်ရဲ့ လည်ပင်းကလည်ဆွဲကိုမြင်ကတည်းက ဟက် မ​သေဘူးကို.....  အားကိုးရှိတယ်ဆိုပြီး ဆိုး​နေတာဘဲ ဟန်ထယ်​ယောင်း"

"​ယောင်းကို အပြစ်မ​ပြောနဲ့ ကျွန်​တော်ရှိသ၍ ​ယောင်းကိုလက်ဖျားနဲ့​တောင် ခင်ဗျားမထိ​စေရဘူး"

"​ယောင်းတဲ့လား အဟက် မင်းအဲ့စကားဆက်​ပြောနိုင်မလား ကြည့်ကြတာ​ပေါ့"

ချက်ချင်းဆိုသလို အ​ငွေ့​တွေကြားက​နေ သူတို့နား​ရောက်လာတဲ့ အမဲ​ရောင် ၀တ်ရုံနဲ့လူ​တွေ....ထိုလူ​တွေကြား နမ်ဂျွန်း ယွန်းဂီနဲ့ ဂျီမင်းလဲရှိသည်။လက်​တွေကို ကြိုး​တွေနဲ့တုပ်ထားပြီး ပါးစပ်ကိုပါ အ၀တ်စ​တွေနဲ့ပိတ်ထားသည်။အဆိုးဆုံးက ဂျီဂျီလည်ပင်းတွင်ထောက်ထားသည့်ဓါးပင်.......​ယောင်းငယ်သည် ဂျီမင်းတို့ဘက်လှည့်ကြည့်ကာ အံ့သြ​နေမိသည်။

"ဘယ်လိုလဲ အလဲအလှယ်လုပ်ကြမလား....မဟုတ်ဘူး ဟန်ထယ်​ယောင်း မင်းကို​ရွေးချယ်ခွင့်​ပေးမယ် ခမည်း​တော်နဲ့​အေး​ဆေးပြန်လိုက်ခဲ့.....အဲ့တာဆို ဒီလူသား၃​ယောက်​ကော မင်းချစ်ရတဲ့သူကို​ကော လွှတ်​ပေးမယ်"

"ဟင့်အင်း ထယ်မလိုက်ချင်ဘူး"

ထိုအခါ ဂျီမင်းလည်ပင်း​ပေါ်မှ ​ထောက်ထား​သော ဓါးချွန်သည် လည်ပင်းထဲ အ​ပေါ်ယံထိုး၀င်​နေပြီး ​သွေး​တွေထွက်လာသည်။

"မလုပ်ပါနဲ့ ​ဂျီဂျီကို လွှတ်​ပေးပါ​နော်"

အသံ​လေးတိမ်၀င်စွာ​ပြော​တော့ ထိုခမည်း​တော်ဆိုသူက ​အော်ရီသည်။

"သား​တော်က ခမည်း​တော်စကားကိုနားမလည်တာဘဲ"

ထိုအခါ ​ဂျောင်ဂုကို ​မော့ကြည့်လာ​သော ​ယောင်းငယ်.....ဂျီဂျီကိုကြည့်​ေတာ့လဲ နာလို့ထင်မျက်ရည်​တွေနဲ့.....သူကိုကိုနဲ့မခွဲနိုင်သလို ဂျီမင်းတို့ထိခိုက်​နေတာလဲ မကြည့်ရက်.....သူကိုကိုနဲ့ ​ပျော်ရွှင်စရာ မိသားစု​လေးဖန်တီးချင်ခဲ့တာ။ကိုကို့ကို​မော့ကြည့်​တော့ ​ခေါင်းငြိမ့်ပြသည်။

သူ့ဆုံးဖြတ်ချက်ကို ကိုကိုကသိ​နေဟန်.....ကျွန်​တော်တို့ဒီတစ်​ခေါက်​ဝေးပြီးရင် ထပ်​တွေ့နိုင်ပါ့မလား ကိုကို

​ယောင်းကို လာ​ခေါ်မယ်မို့လား ကိုကို......ကိုကို့ ကိုတင်းကြပ်စွာဖက်ပြီး ၀မ်းနည်းစိတ်​ကြောင့် ကျ​လာတဲ့မျက်ရည်တို့ကို ​စမ်း​ချောင်းသဖွယ်စီးဆင်း​စေ​တော့ ​ရေတံခွန်လိုဒလ​ဟောစီးကျလာသည်။

"ကိုကို့ကိုချစ်တယ်"

"ကိုယ်လဲ အများကြီးချစ်တယ် ​ယောင်း"

"အ့"

ဂျီမင်း​အော်သံ​ကြောင့် လှည့်ကြည့်လိုက်​တော့ ဓါးသည် ပို၍ နက်၀င်​နေပြီ ဖြစ်သည်။

"မလာ​သေးဘူးလား ဟန်ထယ်​ယောင်း ဒီ​ကောင်​လေးသေသွားတာ ကြည့်ချင်လို့လား"

ထိုအခါ ကိုကို့အ​ပေါ်ဖက်တွယ်ထား​သော လက်တို့ကို ဖြုတ်ချကာ ထွက်ခွာမည်ပြု​​တော့ လက်ကိုလှမ်းဆွဲထားတဲ့ကိုကို......

"ကို့ကိုအမြဲချစ်​နေ​ပေးမယ်မှတ်လား"

"အွန်း"

"ကို့​ယောင်း​လေး ​လိမ်လိမ်မာမာ​နေ​နော်"

"ငါမင်းတို့ကိုအချိန်ထပ်မ​ပေးနိုင်ဘူး"

ခမည်း​တော်ရဲ့ စကားကြောင့် ကိုကို့လက်​တွေကိုဆွဲဖြုတ်ကာ သူ့၀တ်ရုံ​လေးကို မပြီး ခမည်း​တော်တို့ဘက်​လျှောက်လာလိုက်သည်။ထိုအခါ ကိုကို့သူငယ်ချင်း​တွေနဲ့ ဂျီမင်းကို ကြိုး​တွေ​ဖြေ​ပေးကာ ကိုကို့ဆီလွှတ်​ပေးလိုက်သည်။​ဘေးမှ​လျှောက်သွား​သော ဂျီဂျီ့ကို ပြုံးပြ​တော့ အားနာ​သော မျက်၀န်းတို့ဖြင့်ကြည့်လာသည်။

ခမည်း​တော်က သူ့လက်ကို ကိုင်ဆွဲကာ ​လူထန်းသည့်​ဝေါယာဥ်​ပေါ်တက်​စေသည်။ခမည်း​တော်ရဲ့ အပြုံးကို​တော့ ဘယ်သူမှမမြင်လိုက်ကြ.......ခမည်း​တော်က ​ဘေးကမြင်း​ပေါ်လွှားတက်လိုက်ပြီး အမိန့်တစ်ခု​ပေး လိုက်သည်။ ထိုအမိန့်သံ​ကြောင့် ထယ်​ယောင်း​လေး မျက်လုံး​ပြူးကာ ရင်ဘက်အစုံထိတ်လန့်တုန်လှုပ်သွား​စေသလို.......​ဂျောင်ဂုတို့လဲ ရုတ်ချည်းအ​ခြေအ​နေ​ကြောင့် မျက်လုံးပြူးသွားတာအမှန်ပင်......

"သူတို့ကိုသတ်လိုက်"

ချက်ချင်းဆိုသလို ​သွေးစုတ်ဖုတ်​ကောင်တို့သည် အ​ကောင်​တွေ​ပြောင်းသွားကြပြီး ကိုကိုတို့ရှိရာဆီသို့.....​ဝေါယာဥ်သည် တစ်ရွေ့​ရွေ့လှုပ်ကာ ထွက်ခွာ​နေ​သော်လည်း အထဲက က​လေးငယ်မှာရင်မ​အေးစွာ ​ဘေးကပြတင်းပေါက်ချက်ကိုဖွင့်​သော်လဲမရ.....၀င်​ပေါက်တံခါးချပ်သည်လဲဖွင့်မရဖြင့် အ​နောက်ကကိုကိုတို့ဘယ်လိုဖြစ်သွားသလိုစိုတဲ့ စိတ်တို့ဖြင့် ​ဒေါသတို့ထွက်ကာ သူ၏မျက်လုံးတို့သည် အပြာ​ရောင်​တောက်​တောက်မှ အနီ​ရောင်ဘက်​ပြောင်းလာကာ လက်သည်းတို့သည်ရှည်ထွက်လာပြီး မ​ကောင်းဆိုးဝါးသဏ္ဍာန်​ပြောင်းကသွားသည်။ အမြှီးဖြူ​လေးနဲ့ မိစ္ဆာ၀ံပု​လွေဖြူငယ်.....​အော်သံနက်နှင့်အတူ တသ်စစီဖြစ်သွား​သော ​ဝေါယာဥ်

​ဂျောင်ဂုတို့နား ​ပြေးလာ​သော ​သွေးစုတ်ဖုတ်​ကောင်​တွေ​ကြောင့် ဓါးတို့ကိုထုတ်ကာ အနား​ရောက်လာသမျှသူ​တွေကို ဓါးဖြင့် နှလုံး​နေရာတို့ကိုထိုးစိုက်​​စေသည်။ဂျီမင်းသည် လည်ပင်းမှ ​သွေးထွက်​နေ၍ လက်ဖြင့်အုပ်ကိုင်ကာ ရပ်​နေ​တော့ အကို​တော်က ​ပြေးခိုင်းသည်။

​ကြောက်လန့်ကာ ​ပြေးမိ​တော့သူ့နား​ရောက်လာတဲ့ ​သွေးစုတ်​ကောင်.....ဓါး​ရေးမကျွမ်းကျင်တဲ့ သူ့အတွက် တိုက်ခိုက်မှုသည်အခက်ခဲဆုံးဖြစ်​နေစဥ် ခုန်အုပ်​သော ​သွေးစုပ်​ကောင်​ကြောင့် ​မြေပြင်​ပေါ်ထိုင်မိချိန် အ​ပေါ်မှအုပ်မိုးကာ ထိုအ​ကောင်အားဓါးဖြင့် အစိတ်စိတ်ဖြစ်​အောင် ထိုး​စိုက်​နေ​သော အကို​တော်​ဂျောင်ဂု....

ဂျီမင်းကို တွဲကာထ​စေပြီး​ပြေး​နေတုန်း အ​နောက်မှအမြန်​ရောက်လာ​သော ​​သွေးစုတ်​ကောင်တို့.....သူတို့​သေရ​တော့မှာလား......ထိုချိန် အသံနက်တစ်ခုကိုကြားလိုက်ရပြီး ​လေအလျင်ဖြင့်အမြန်​ရောက်လာ​သော အဖြူ​ရောင်ငယ်အရိပ်​လေး......သူတို့ကိုကိုက်ဖို့နီးကပ်​နေတဲ့ ​သွေးစုပ်​ကောင်ရဲ့ လည်ဂုတ်ကို ကိုက်ဆွဲလိုက်​သော သူ၏လမင်းငယ်​လေး......

"​ယောင်း"

အသိစိတ်မဲ့​နေ​သော ​ယောင်းသည် သူတို့နား​ရောက်လာ​သော ​သွေးစုပ်​ကောင်တို့ကို လူတစ်၀က် ၀ံပုလွေတစ်၀က်ဖြစ်​နေသည့်ကြားမှ အတတ်နိုင်ဆုံးကာကွယ်​ပေး​နေသည်။ပါးစပ်၌ ​သွေးအလိမ်းလိမ်း ၀တ်ရုံလှလှ​လေးတို့တွင် ​သွေး​တွေစွန်းထင်းကာ အနီ​ရောင်မျက်၀န်းတို့ဖြင့် သူ့ကိုတစ်ချက်သာကြည့်ပြီး ပြန်လှည့်သွား​သော ​ယောင်းငယ်.....

"သွားမယ် ​ဂျောင်ဂု"

လာဆွဲ​​သော နမ်ဂျွန်းလက်တို့ကြား ရုန်းကာ က​လေးငယ်ကိုသာ ​ပြေးဖက်ထားချင်သည်။သူ့က​လေးငယ်​လေးကို သူ့​ကြောင့်နဲ့ ဒီလိုမဖြစ်​စေချင်ပါ......

"ဘာလုပ်​နေတာလဲ မြန်မြန်သွား​ခေါ်စမ်း"

​​ယောင်းငယ်နား ​သွေးစုပ်​ကောင်တို့ ​ပြေးလာကာ လာဆွဲ​တော့ အများနဲ့ဖြစ်တာ​ကြောင့်က​လေးငယ်သည် ဆွဲကိုက်မရ​တော့​အောင် ထို​ကောင်​တွေလက်ကြား ရုန်းမရ​တော့.......​ဂျောင်ဂုလဲ နမ်ဂျွန်းတို့ဆွဲ​ခေါ်လို့ အ​ဝေးကို​ရောက်လာပင်မဲ့ သူ့က​လေးဆီက အကြည့်မခွာနိုင်ခဲ့ မြင်ခဲ့တယ်​ယောင်း မျက်ရည်​တွေနဲ့မျက်၀န်းနီ​လေး​တွေကို ကိုယ့်ကိုကြည့်​နေခဲ့တာလဲသိတယ် ​ယောင်းကမိစ္ဆာဖြစ်​ပြောင်းလဲရင်တောင်....... ဦး​နှောက်ကကိုယ့်ကိုမှတ်မမိရင်​တောင် နှလုံးသားက​တော့ မှတ်မိ​နေတယ်ဆိုတာ.....

"ဟို​ကောင်​တွေကို ခုချက်ချင်းလိုက်စမ်း တစ်ယောက်မှမရှင်​စေနဲ့"

​သွေးစုတ်​ကောင်အချို့က အမြန်​ပြေးလိုက်သွားကြသည်။​​ထယ်​ယောင်းကို ချုပ်ကာ​ခေါ်လာ​သော သူ​တွေလက်ထဲက သား​တော်ကို သူ့မြင်း​ပေါ်တင်​​စေကာ ဆံပင်တို့ကို​စောင့်ဆွဲလိုက်​သော အကြင်နာတစ်စက်မှမရှိတဲ့မင်းကြီး......

"ဟန်ထယ်​ယောင်း မင်းလဲမင်းအ​မေလိုဖြစ်ချင်​နေပြီလား"

"ဖယ် ငါ့​ပေါ်က​နေခုချက်ချင်းဖယ်စမ်း"

ထယ်​ယောင်းသည် ခုချိန်ထိ​ဒေါသ​တို့မ​ပြေနိုင်စွာ ​အော်​နေသည်။သူ့ကိုလဲ မမှတ်မိစွာဖြင့်......လည်ပင်းရိုးမှ ​မေ့ထုံ​လေးကို လက်​စောင်းနဲ့ရိုက်ချလိုက်ကာမှ ငြိမ်ကာ ​မေ့​သွား​သော သားငယ်​လေး......

"ခမည်း​တော်က ဒီလိုမလုပ်ချင်ဘူး သား​တော်"

#TBC

#More Than Love🌸🍃

#Yung(김영챌)🌸🍃

ဒီအပိုင်းကတိုသွားတယ် မနက်ဖန် နယ်ဘက်ကိုသွားမှာမို့ အမြန်​ရေးတင်လိုက်တာ အများကြီး​တော့ မ​ရေးလိုက်နိုင်ဘူး ကျွန်မနယ်မှာ ၃ ၄ ရက်​နေမှာမို့ အဲ့ရက်​တွေလဲ အမြဲupdateလုပ်​ပေး​နေပါ့မယ် ​​မျှော်​နေကြမယ်မို့လား အဂျစ်တို့🥺🥺

ဖတ်ရှု​ပေးကြတဲ့ စာဖတ်သူတို့ကို ချစ်ခင်​လေးစားလျက် ​ကျေးဇူးတင်ပါတယ်🙆🏻‍♀️💜💜

♡Zawgyi♡

သူတို႔ ဒီ​ေန႔ တ႐ုတ္ကို ထြက္ခြာ​ေတာ့မွာျဖစ္ၿပီး သ​ေဘာ္ဆိပ္ကမ္းကို သြား​ေနၾကျခင္းျဖစ္သည္.....။ျမင္း​ေပၚမွာထိုင္ၿပီး ကို႔ကိုရင္ခြင္ထဲ​ေခါင္း​ေလး တိုး၀င္ၿပီး ခႏၶာက္ုယ္ကိုတင္းၾကပ္စြာဖက္တြယ္ကာ စီးႏွင္းလိုက္ပါလာတဲ့က​ေလး​ေလး........မနက္ထဲက ထြက္လာပင္မဲ့ ဆိပ္ကမ္းနဲ႔ ​ေတာ္​ေတာ္လွမ္းတာ​ေၾကာင့္ အ​ေတာ္ပင္သြားရသည္။

ရင္ခြင္ထဲကက​ေလးငယ္​ေလးမွာ ပင္ပန္းလို႔ထင္ မ်က္​ေတာင္​ေလး​ေတြက မွိတ္က်​ေနသည္ထိပင္......တစ္ေနရာတြင္း နားရန္ ရပ္လိုက္ၿပီး ​ေယာင္း​ေလးကို ​ေပြ႕ခ်ီကာ ျမင္​ေပၚက​ေနဆင္းလာလိုက္သည္။

"ဟူးးး ​​ေမာလိုက္တာမွ ​ေျပာမ​ေနနဲ႔​ေတာ့ အကို​ေတာ္ရယ္"

"​ေအာ္ အသင့္လိုက္စီးၿပီး ​ေမာ​ေနတယ္"

"အကို​ေတာ္ ယြန္းဂီ​ေနာ္"

"႐ွဴးးးး"

၂​ေယာက္က မ်က္ႏွာခ်င္းဆိုင္တာနဲ႔ ရန္ျဖစ္ဖို႔ဘဲ သိ​ေနၾကတာ......​ေဂ်ာင္ဂု အသံတိတ္​ေနဖို႔ ​ေျပာလိုက္မွ တိတ္သြားၾကသည္။

"အကို​ေတာ္ ထယ္ထယ့္ကိုႏိႈးလိုက္​ေတာ့​ေလ"

​ေလသံထြက္႐ုံ​ေလာက္​ေလး ႏႈတ္ခမ္း​ေထာ္ကာ လာ​ေျပာ​ေန​ေသာ ဂ်ီဂ်ီ......

"​ေယာင္းက ပင္းပန္း​ေနတာ အိပ္ပါ​ေစ"

"ဟြန္းးးး အျဖစ္သည္းကိုသည္းတယ္"

ဂ်ီမင္း​ေလး သူ႕အကို​ေတာ္ကို တစ္​ေျဖး​ေျဖးၾကည့္မရ​ေတာ့ ပိုကိုပိုလြန္းတဲ့ ႏွစ္​ေယာက္.....​ေနာက္ဆုံး​ေတာ့လဲ ယြန္းဂီနဲ႔ နမ္ဂြၽန္းနားသို႔သာ ျပန္​ေရာက္လာသည္။

"​ဂ်ီဂ်ီကို ေရ​ေပးပါအုံး အာ​ေခါင္​ေတြ​ေျခာက္လို႔"

နမ္ဂြၽန္းက​ေရဘူး​ေပး​ေတာ့ ဘူးအစို႔​ေလးကိုျဖဳတ္ကာ တစ္၀ႀကီးထိုင္​ေသာက္ပစ္တဲ့ ဂ်ီမင္း​ေလး.....

"ငါတို႔တြက္လဲခ်န္အုံး"

"မခ်န္ႏိုင္ပါဘူး"

လွ်ာထုတ္ကာ ​ေျပာင္​ျပေန​ေသာ ဂ်ီမင္းကို ဘယ္သူမွမႏိုင္......ခဏနားရင္း ဂ်ီမင္းတို႔ ဇာတ္လမ္းစလာပါၿပီ.....

"အာ..... ဟီးး ဂ်ီဂ်ီ ႐ွဴး႐ွဴး​ေပါက္ခ်င္လို႔"

"အမ္ အင္း သြား​ေလ အကို​ေတာ္လိုက္ခဲ့ရအုံးမလား"

"ရတယ္ အကို​ေတာ္နမ္ဂြၽန္း ဂ်ီဂ်ီဘဲ သြားလိုက္မယ္ ဒီနား​ေလးဘဲကို"

"​ေျပာပါတယ္ အမ်ားႀကီးမ​ေသာက္ပါနဲ႔လို႔"

"ကိုယ့္ပါးစပ္နဲ႔ ကိုယ္​ေသာက္တာ​ေလ ဟြန္႔"

​ေျပာၿပီး သူတို႔နဲ႔ နဲနဲ​ေလး ​ေဝးရာသို႔ ​ေလွ်ာက္သြား​ေသာ ဂ်ီမင္း........

♡

♡

♡More Than Love

♡

♡

​ေဂ်ာင္ဂု အပင္ရိပ္က်သည့္ သစ္ပင္​ေအာက္ ထိုင္ၿပီး ရင္ခြင္ထဲက ​ေယာင္းငယ္ကို ငုံ႔ၾကည့္​ေနမိသည္....။

သစ္႐ြက္​ေတြၾကားက ထိုးထြက္ၿပီး က်​ေရာက္လာ​ေသာ ​ေန​ေရာင္တို႔သည္ ​ေယာင္းငယ္ မ်က္ႏွာ​ေလး​ေပၚ က်​ေရာက္လာ၍ အ​ေပၚမွ လက္​ေလးနဲ႔ကာ​ေပးၿပီး က​ေလးငယ္ရဲ႕ မ်က္ႏွာ​ေလးကို ​ေသခ်ာၾကည့္​ေနမိသည္။

​ေႂကြ႐ုပ္​ေလးလို မ်က္လုံးႏွာ​ေခါင္း ႏႈတ္ခမ္းတို႔တည္​ေဆာက္ပုံ​ေတြက က်​ေန​ေနသည္။မ်က္လုံးစပ္​ေအာက္က မွည့္​ေလးက သူအျမတ္ႏိုးဆုံး ​ေနရာ​ေလး......

ခ်က္ခ်င္းဆိုသလို ​ေန​ေရာင္သည္ ​ေမွာင္က်လာကာ အမည္း​ေရာင္အ​ေငြ႕တို႔ ​​ေတာတစ္ခုလုံးကို ဖုံးလႊမ္းလာသည္။ရင္ခြင္ထဲမွ က​ေလးငယ္ကို ႏိႈးထ​ေစ​ေတာ့ လႈပ္စိလႈပ္စိျဖင့္ ႏိႈးလာ​ေသာ က​ေလးငယ္.......​ေဘးပတ္၀န္းက်င္ကိုအကဲခတ္မိ​ေတာ့ နမ္ဂြၽန္းနဲ႔ ယြန္းဂီလဲသူ႕နည္းတူပင္......ဂ်ီမင္းကို မ​ေတြ႕တာ​ေၾကာင့္....

"ဂ်ီဂ်ီ​ေကာ"

"အ​ေပါ့သြားမယ္ဆိုၿပီး ဟိုနားကိုသြားတာ ၾကာ​ေနၿပီ"

နမ္ဂြၽန္းက လက္ညိႇဳးထိုးျပၿပီး အ​ေျပးသြား႐ွာ​သည္။ယြန္းဂီလဲ ပတ္၀န္းက်င္က မူမမွန္တာ​ေၾကာင့္ ဂ်ီမင္းကို အျမန္လိုက္႐ွာၾကသည္။​ေဂ်ာင္ဂုလက္ထဲက က​ေလးငယ္မွာ ႏိႈးသာႏိႈးလာတာ မ်က္စိကမပြင့္​ေသး......

ထယ္​ေယာင္း​ေလး ႏိႈးလာပင္မဲ့ အိပ္ခ်င္​ေနဆဲပင္......

မ်က္စိကမပြင့္ႏိုင္​ေသးစဥ္ နားထဲ၀င္လာတဲ့ အသံစူးးးစူး

မ်က္ႏွာ​ေလး႐ႈပ္မဲ့စြာ အာ႐ုံစိုက္စြာနား​ေထာင္​ေတာ့.....

"မင္းကိုျမင္​ေနရၿပီ သား​ေတာ္"

လန္႔ကာ ကိုကို႔၀တ္႐ုံစကို ဆြဲကာ သူ႕ကိုမ​ေတြ႕ရ​ေအာင္ ရင္ခြင္ထဲတိုး၀င္မိ​ေနသည္။

"​ေယာင္း ဘာျဖစ္လို႔လဲ ​ေယာင္းကိုယ့္ကိုၾကည့္"

"ဟင့္အင္း ​ေယာင္းကိုဖြက္ထား​ေပးပါကိုကို ​ေယာင္းကို​လာ​ေခၚ​ေနၿပီ"

ပတ္၀န္းက်င္သည္ အ​ေမွာင္အတိက်ကာ အမည္း​ေရာင္အ​ေငြ႕တို႔က သူတို႔ပတ္ပတ္လည္တြင္......ဒါသူ​ေယာင္းနဲ႔ လြန္ခဲ့တဲ့၁၃ႏွစ္က မကြဲကြာခင္ ျဖစ္ခဲ့ဘူးတဲ့ ျဖစ္စဥ္နဲ႔ အတူတူပင္......အဲ့ခ်ိန္က အ​ေငြ႕​ေတြၾကားက သူ႕လည္ပင္းကိုစုပ္ကိုင္လိုက္တဲ့ ​ေယာင္းရဲ႕ ခမည္း​ေတာ္ သူ႕မိဘ​ေတြကို သတ္သြားတဲ့ သူကိုခုထိမ​ေမ့​ေသး.......​ေယာင္းငယ္ရဲ႕ ခါးကိုတင္းၾကပ္စြာ စုပ္ကိုင္ၿပီး ယြန္းဂီ နမ္ဂြၽန္ နဲ႔ ဂ်ီမင္းတို႔နာမည္ေတြကို ​ေအာ္​ေခၚ​ေန​ေသာ္လဲ ဘာမွျပန္​ေျဖသံမၾကားး.....

"​ေတြ႕ၿပီ"

​တိတ္ဆိတ္​ေန​ေသာ ​ေတာနက္ထဲ အသံနက္တစ္ခုထြက္​ေပၚလာၿပီး သစ္ပင္မွာခ်ည္​ေႏွာင္ထား​ေသာ ျမင္းတို႔သည္လည္းေၾကာက္႐ြံ႕စြာ ျမည္ဟည္းသံကိုၾကား​ေနရသည္။​ေလျပင္းတို႔တိုက္ခတ္မႈ​ေၾကာင့္ ​ေျမျပင္မွ ​ေႂကြက်​ေန​ေသာ သစ္႐ြက္တို႔​ေတာင္ လြင့္စင္ကုန္သည္ထိပင္......​​ေလျပင္းတိုက္ခတ္မႈ​ေၾကာင့္ သူ႕​ေျခ​​ေထာက္​ေတြ​​​ေတာင္ မခိုင္ျခင္.....ရင္ခြင္ထဲမွ က​ေလးငယ္​ေခါင္းေလးကို လြတ္ထြက္မတတ္ဖမ္းစုပ္ထားစဥ္ သူ႕နားက​ေနျဖတ္သြားတဲ့ အရိပ္မဲ​ေတြ......

"ဟန္ထယ္​ေယာင္း ဟက္ ​ေတာ္​​ေတာ္ခ်စ္​ေနၾကတယ္ထင္တယ္"

"​ဟင့္အင္း ခမည္း​ေတာ္ သား​ေတာ္ကိုလႊတ္​ေပးပါ​ေတာ့ ကို....ကိုကိုနဲ႔ ​ေနခ်င္တယ္"

က​ေလးငယ္က ရင္ခြင္ထဲက​ေန တိုးတိုး​ေလး​ေျပာတာကို ထိုမင္းႀကီးကၾကားသည္ထင္......

"​ေအာ္ မင္းက လူသားနဲ႔​ေနလို႔မရဘူး.....ျမင္​ေနရတယ္ သူ႕နားက​ေနခြာလိုက္စမ္း ဟန္ထယ္​ေယာင္း"

က​ေလးငယ္သည္ ခႏၶာကိုယ္​ေလး တုန္ရီကာ သူ႕ကိုလြတ္ထြက္မတတ္ဖက္တြယ္ထားၿပီး ငို​ေနတယ္ဆိုတာ ၀တ္႐ုံ​​ေပၚကခံစား​ေနရတဲ့ အရည္ၾကည္တို႔​ေၾကာင့္ပင္ တမ္းသိ​ေနသည္။'ကိုယ္​ေယာင္းကို လက္လႊတ္မ​ေပးဘူး'

"မခြာ​ေသးဘူးလား အဲ့လူသားႏွလုံးကို ငါ့လက္သည္း​ေတြနဲ႔ထိုး​ေဖာက္လိုက္တာျမင္ခ်င္တာလား"

"ဒီမွာ အ​ေျခအျမစ္မ႐ွိတာ​ေတြ​ေျပာမ​ေနနဲ႔ အ​ေငြ႕​ေတြၾကားကမ​ေျပာဘဲ ကိုယ္ထင္လာျပ​ေလ"

"ဟက္! လုကိုယ္စားလွယ္ကလဲ​ေတာ္​ေတာ္ သတၱိ​ေကာင္းတာဘဲ ကိုယ္​ေတာ္သိတာ​ေပါ့ လုကိုယ္စားလွယ္ရဲ႕ လည္ပင္းကလည္ဆြဲကိုျမင္ကတည္းက ဟက္ မ​ေသဘူးကို.....  အားကိုး႐ွိတယ္ဆိုၿပီး ဆိုး​ေနတာဘဲ ဟန္ထယ္​ေယာင္း"

"​ေယာင္းကို အျပစ္မ​ေျပာနဲ႔ ကြၽန္​ေတာ္႐ွိသ၍ ​ေယာင္းကိုလက္ဖ်ားနဲ႔​ေတာင္ ခင္ဗ်ားမထိ​ေစရဘူး"

"​ေယာင္းတဲ့လား အဟက္ မင္းအဲ့စကားဆက္​ေျပာႏိုင္မလား ၾကည့္ၾကတာ​ေပါ့"

ခ်က္ခ်င္းဆိုသလို အ​ေငြ႕​ေတြၾကားက​ေန သူတို႔နား​ေရာက္လာတဲ့ အမဲ​ေရာင္ ၀တ္႐ုံနဲ႔လူ​ေတြ....ထိုလူ​ေတြၾကား နမ္ဂြၽန္း ယြန္းဂီနဲ႔ ဂ်ီမင္းလဲ႐ွိသည္။လက္​ေတြကို ႀကိဳး​ေတြနဲ႔တုပ္ထားၿပီး ပါးစပ္ကိုပါ အ၀တ္စ​ေတြနဲ႔ပိတ္ထားသည္။အဆိုးဆုံးက ဂ်ီဂ်ီလည္ပင္းတြင္ေထာက္ထားသည့္ဓါးပင္.......​ေယာင္းငယ္သည္ ဂ်ီမင္းတို႔ဘက္လွည့္ၾကည့္ကာ အံ့ၾသ​ေနမိသည္။

"ဘယ္လိုလဲ အလဲအလွယ္လုပ္ၾကမလား....မဟုတ္ဘူး ဟန္ထယ္​ေယာင္း မင္းကို​ေ႐ြးခ်ယ္ခြင့္​ေပးမယ္ ခမည္း​ေတာ္နဲ႔​ေအး​ေဆးျပန္လိုက္ခဲ့.....အဲ့တာဆို ဒီလူသား၃​ေယာက္​ေကာ မင္းခ်စ္ရတဲ့သူကို​ေကာ လႊတ္​ေပးမယ္"

"ဟင့္အင္း ထယ္မလိုက္ခ်င္ဘူး"

ထိုအခါ ဂ်ီမင္းလည္ပင္း​ေပၚမွ ​ေထာက္ထား​ေသာ ဓါးခြၽန္သည္ လည္ပင္းထဲ အ​ေပၚယံထိုး၀င္​ေနၿပီး ​ေသြး​ေတြထြက္လာသည္။

"မလုပ္ပါနဲ႔ ​ဂ်ီဂ်ီကို လႊတ္​ေပးပါ​ေနာ္"

အသံ​ေလးတိမ္၀င္စြာ​ေျပာ​ေတာ့ ထိုခမည္း​ေတာ္ဆိုသူက ​ေအာ္ရီသည္။

"သား​ေတာ္က ခမည္း​ေတာ္စကားကိုနားမလည္တာဘဲ"

ထိုအခါ ​ေဂ်ာင္ဂုကို ​ေမာ့ၾကည့္လာ​ေသာ ​ေယာင္းငယ္.....ဂ်ီဂ်ီကိုၾကည့္​ေတာ့လဲ နာလို႔ထင္မ်က္ရည္​ေတြနဲ႔.....သူကိုကိုနဲ႔မခြဲႏိုင္သလို ဂ်ီမင္းတို႔ထိခိုက္​ေနတာလဲ မၾကည့္ရက္.....သူကိုကိုနဲ႔ ​ေပ်ာ္႐ႊင္စရာ မိသားစု​ေလးဖန္တီးခ်င္ခဲ့တာ။ကိုကို႔ကို​ေမာ့ၾကည့္​ေတာ့ ​ေခါင္းၿငိမ့္ျပသည္။

သူ႕ဆုံးျဖတ္ခ်က္ကို ကိုကိုကသိ​ေနဟန္.....ကြၽန္​ေတာ္တို႔ဒီတစ္​ေခါက္​ေဝးၿပီးရင္ ထပ္​ေတြ႕ႏိုင္ပါ့မလား ကိုကို

​ေယာင္းကို လာ​ေခၚမယ္မို႔လား ကိုကို......ကိုကို႔ ကိုတင္းၾကပ္စြာဖက္ၿပီး ၀မ္းနည္းစိတ္​ေၾကာင့္ က်​လာတဲ့မ်က္ရည္တို႔ကို ​စမ္း​ေခ်ာင္းသဖြယ္စီးဆင္း​ေစ​ေတာ့ ​ေရတံခြန္လိုဒလ​ေဟာစီးက်လာသည္။

"ကိုကို႔ကိုခ်စ္တယ္"

"ကိုယ္လဲ အမ်ားႀကီးခ်စ္တယ္ ​ေယာင္း"

"အ့"

ဂ်ီမင္း​ေအာ္သံ​ေၾကာင့္ လွည့္ၾကည့္လိုက္​ေတာ့ ဓါးသည္ ပို၍ နက္၀င္​ေနၿပီ ျဖစ္သည္။

"မလာ​ေသးဘူးလား ဟန္ထယ္​ေယာင္း ဒီ​ေကာင္​ေလးေသသြားတာ ၾကည့္ခ်င္လို႔လား"

ထိုအခါ ကိုကို႔အ​ေပၚဖက္တြယ္ထား​ေသာ လက္တို႔ကို ျဖဳတ္ခ်ကာ ထြက္ခြာမည္ျပဳ​​ေတာ့ လက္ကိုလွမ္းဆြဲထားတဲ့ကိုကို......

"ကို႔ကိုအၿမဲခ်စ္​ေန​ေပးမယ္မွတ္လား"

"အြန္း"

"ကို႔​ေယာင္း​ေလး ​လိမ္လိမ္မာမာ​ေန​ေနာ္"

"ငါမင္းတို႔ကိုအခ်ိန္ထပ္မ​ေပးႏိုင္ဘူး"

ခမည္း​ေတာ္ရဲ႕ စကားေၾကာင့္ ကိုကို႔လက္​ေတြကိုဆြဲျဖဳတ္ကာ သူ႕၀တ္႐ုံ​ေလးကို မၿပီး ခမည္း​ေတာ္တို႔ဘက္​ေလွ်ာက္လာလိုက္သည္။ထိုအခါ ကိုကို႔သူငယ္ခ်င္း​ေတြနဲ႔ ဂ်ီမင္းကို ႀကိဳး​ေတြ​ေျဖ​ေပးကာ ကိုကို႔ဆီလႊတ္​ေပးလိုက္သည္။​ေဘးမွ​ေလွ်ာက္သြား​ေသာ ဂ်ီဂ်ီ႕ကို ျပဳံးျပ​ေတာ့ အားနာ​ေသာ မ်က္၀န္းတို႔ျဖင့္ၾကည့္လာသည္။

ခမည္း​ေတာ္က သူ႕လက္ကို ကိုင္ဆြဲကာ ​လူထန္းသည့္​ေဝါယာဥ္​ေပၚတက္​ေစသည္။ခမည္း​ေတာ္ရဲ႕ အျပဳံးကို​ေတာ့ ဘယ္သူမွမျမင္လိုက္ၾက.......ခမည္း​ေတာ္က ​ေဘးကျမင္း​ေပၚလႊားတက္လိုက္ၿပီး အမိန္႔တစ္ခု​ေပး လိုက္သည္။ ထိုအမိန္႔သံ​ေၾကာင့္ ထယ္​ေယာင္း​ေလး မ်က္လုံး​ျပဴးကာ ရင္ဘက္အစုံထိတ္လန္႔တုန္လႈပ္သြား​ေစသလို.......​ေဂ်ာင္ဂုတို႔လဲ ႐ုတ္ခ်ည္းအ​ေျခအ​ေန​ေၾကာင့္ မ်က္လုံးျပဴးသြားတာအမွန္ပင္......

"သူတို႔ကိုသတ္လိုက္"

ခ်က္ခ်င္းဆိုသလို ​ေသြးစုတ္ဖုတ္​ေကာင္တို႔သည္ အ​ေကာင္​ေတြ​ေျပာင္းသြားၾကၿပီး ကိုကိုတို႔႐ွိရာဆီသို႔.....​ေဝါယာဥ္သည္ တစ္ေ႐ြ႕​ေ႐ြ႕လႈပ္ကာ ထြက္ခြာ​ေန​ေသာ္လည္း အထဲက က​ေလးငယ္မွာရင္မ​ေအးစြာ ​ေဘးကျပတင္းေပါက္ခ်က္ကိုဖြင့္​ေသာ္လဲမရ.....၀င္​ေပါက္တံခါးခ်ပ္သည္လဲဖြင့္မရျဖင့္ အ​ေနာက္ကကိုကိုတို႔ဘယ္လိုျဖစ္သြားသလိုစိုတဲ့ စိတ္တို႔ျဖင့္ ​ေဒါသတို႔ထြက္ကာ သူ၏မ်က္လုံးတို႔သည္ အျပာ​ေရာင္​ေတာက္​ေတာက္မွ အနီ​ေရာင္ဘက္​ေျပာင္းလာကာ လက္သည္းတို႔သည္႐ွည္ထြက္လာၿပီး မ​ေကာင္းဆိုးဝါးသ႑ာန္​ေျပာင္းကသြားသည္။ အၿမႇီးျဖဴ​ေလးနဲ႔ မိစၧာ၀ံပု​ေလြျဖဴငယ္.....​ေအာ္သံနက္ႏွင့္အတူ တသ္စစီျဖစ္သြား​ေသာ ​ေဝါယာဥ္

​ေဂ်ာင္ဂုတို႔နား ​ေျပးလာ​ေသာ ​ေသြးစုတ္ဖုတ္​ေကာင္​ေတြ​ေၾကာင့္ ဓါးတို႔ကိုထုတ္ကာ အနား​ေရာက္လာသမွ်သူ​ေတြကို ဓါးျဖင့္ ႏွလုံး​ေနရာတို႔ကိုထိုးစိုက္​​ေစသည္။ဂ်ီမင္းသည္ လည္ပင္းမွ ​ေသြးထြက္​ေန၍ လက္ျဖင့္အုပ္ကိုင္ကာ ရပ္​ေန​ေတာ့ အကို​ေတာ္က ​ေျပးခိုင္းသည္။

​ေၾကာက္လန္႔ကာ ​ေျပးမိ​ေတာ့သူ႕နား​ေရာက္လာတဲ့ ​ေသြးစုတ္​ေကာင္.....ဓါး​ေရးမကြၽမ္းက်င္တဲ့ သူ႕အတြက္ တိုက္ခိုက္မႈသည္အခက္ခဲဆုံးျဖစ္​ေနစဥ္ ခုန္အုပ္​ေသာ ​ေသြးစုပ္​ေကာင္​ေၾကာင့္ ​ေျမျပင္​ေပၚထိုင္မိခ်ိန္ အ​ေပၚမွအုပ္မိုးကာ ထိုအ​ေကာင္အားဓါးျဖင့္ အစိတ္စိတ္ျဖစ္​ေအာင္ ထိုး​စိုက္​ေန​ေသာ အကို​ေတာ္​ေဂ်ာင္ဂု....

ဂ်ီမင္းကို တြဲကာထ​ေစၿပီး​ေျပး​ေနတုန္း အ​ေနာက္မွအျမန္​ေရာက္လာ​ေသာ ​​ေသြးစုတ္​ေကာင္တို႔.....သူတို႔​ေသရ​ေတာ့မွာလား......ထိုခ်ိန္ အသံနက္တစ္ခုကိုၾကားလိုက္ရၿပီး ​ေလအလ်င္ျဖင့္အျမန္​ေရာက္လာ​ေသာ အျဖဴ​ေရာင္ငယ္အရိပ္​ေလး......သူတို႔ကိုကိုက္ဖို႔နီးကပ္​ေနတဲ့ ​ေသြးစုပ္​ေကာင္ရဲ႕ လည္ဂုတ္ကို ကိုက္ဆြဲလိုက္​ေသာ သူ၏လမင္းငယ္​ေလး......

"​ေယာင္း"

အသိစိတ္မဲ့​ေန​ေသာ ​ေယာင္းသည္ သူတို႔နား​ေရာက္လာ​ေသာ ​ေသြးစုပ္​ေကာင္တို႔ကို လူတစ္၀က္ ၀ံပုေလြတစ္၀က္ျဖစ္​ေနသည့္ၾကားမွ အတတ္ႏိုင္ဆုံးကာကြယ္​ေပး​ေနသည္။ပါးစပ္၌ ​ေသြးအလိမ္းလိမ္း ၀တ္႐ုံလွလွ​ေလးတို႔တြင္ ​ေသြး​ေတြစြန္းထင္းကာ အနီ​ေရာင္မ်က္၀န္းတို႔ျဖင့္ သူ႕ကိုတစ္ခ်က္သာၾကည့္ၿပီး ျပန္လွည့္သြား​ေသာ ​ေယာင္းငယ္.....

"သြားမယ္ ​ေဂ်ာင္ဂု"

လာဆြဲ​​ေသာ နမ္ဂြၽန္းလက္တို႔ၾကား ႐ုန္းကာ က​ေလးငယ္ကိုသာ ​ေျပးဖက္ထားခ်င္သည္။သူ႕က​ေလးငယ္​ေလးကို သူ႕​ေၾကာင့္နဲ႔ ဒီလိုမျဖစ္​ေစခ်င္ပါ......

"ဘာလုပ္​ေနတာလဲ ျမန္ျမန္သြား​ေခၚစမ္း"

​​ေယာင္းငယ္နား ​ေသြးစုပ္​ေကာင္တို႔ ​ေျပးလာကာ လာဆြဲ​ေတာ့ အမ်ားနဲ႔ျဖစ္တာ​ေၾကာင့္က​ေလးငယ္သည္ ဆြဲကိုက္မရ​ေတာ့​ေအာင္ ထို​ေကာင္​ေတြလက္ၾကား ႐ုန္းမရ​ေတာ့.......​ေဂ်ာင္ဂုလဲ နမ္ဂြၽန္းတို႔ဆြဲ​ေခၚလို႔ အ​ေဝးကို​ေရာက္လာပင္မဲ့ သူ႕က​ေလးဆီက အၾကည့္မခြာႏိုင္ခဲ့ ျမင္ခဲ့တယ္​ေယာင္း မ်က္ရည္​ေတြနဲ႔မ်က္၀န္းနီ​ေလး​ေတြကို ကိုယ့္ကိုၾကည့္​ေနခဲ့တာလဲသိတယ္ ​ေယာင္းကမိစၧာျဖစ္​ေျပာင္းလဲရင္ေတာင္....... ဦး​ေႏွာက္ကကိုယ့္ကိုမွတ္မမိရင္​ေတာင္ ႏွလုံးသားက​ေတာ့ မွတ္မိ​ေနတယ္ဆိုတာ.....

"ဟို​ေကာင္​ေတြကို ခုခ်က္ခ်င္းလိုက္စမ္း တစ္ေယာက္မွမ႐ွင္​ေစနဲ႔"

​ေသြးစုတ္​ေကာင္အခ်ိဳ႕က အျမန္​ေျပးလိုက္သြားၾကသည္။​​ထယ္​ေယာင္းကို ခ်ဳပ္ကာ​ေခၚလာ​ေသာ သူ​ေတြလက္ထဲက သား​ေတာ္ကို သူ႕ျမင္း​ေပၚတင္​​ေစကာ ဆံပင္တို႔ကို​ေစာင့္ဆြဲလိုက္​ေသာ အၾကင္နာတစ္စက္မွမ႐ွိတဲ့မင္းႀကီး......

"ဟန္ထယ္​ေယာင္း မင္းလဲမင္းအ​ေမလိုျဖစ္ခ်င္​ေနၿပီလား"

"ဖယ္ ငါ့​ေပၚက​ေနခုခ်က္ခ်င္းဖယ္စမ္း"

ထယ္​ေယာင္းသည္ ခုခ်ိန္ထိ​ေဒါသ​တို႔မ​ေျပႏိုင္စြာ ​ေအာ္​ေနသည္။သူ႕ကိုလဲ မမွတ္မိစြာျဖင့္......လည္ပင္း႐ိုးမွ ​ေမ့ထုံ​ေလးကို လက္​ေစာင္းနဲ႔႐ိုက္ခ်လိုက္ကာမွ ၿငိမ္ကာ ​ေမ့​သြား​ေသာ သားငယ္​ေလး......

"ခမည္း​ေတာ္က ဒီလိုမလုပ္ခ်င္ဘူး သား​ေတာ္"

#TBC

#More Than Love🌸🍃

#Yung(김영챌)🌸🍃

ဒီအပိုင္းကတိုသြားတယ္ မနက္ဖန္ နယ္ဘက္ကိုသြားမွာမို႔ အျမန္​ေရးတင္တာမို႔ အမ်ားႀကီး​ေတာ့ မ​ေရးလိုက္ႏိုင္ဘူး ကြၽန္မနယ္မွာ ၃ ၄ ရက္​ေနမွာမို႔ အဲ့ရက္​ေတြလဲ အၿမဲupdateလုပ္​ေပး​ေနပါ့မယ္ ​​ေမွ်ာ္​ေနၾကမယ္မို႔လား အဂ်စ္တို႔🥺🥺

ဖတ္႐ႈ​ေပးၾကတဲ့ စာဖတ္သူတို႔ကို ခ်စ္ခင္​ေလးစားလ်က္ ​ေက်းဇူးတင္ပါတယ္🙆🏻‍♀️💜💜

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!