Chapter 15 of 32
Episode♡14
More Than Love::TK::{Completed}1,289 words~7 min read
"နိုးလာပြီလား မယ်မယ့်သားငယ်​လေး"
အ​မှောင်အတိစိုးမိုး​နေတဲ့ ​တောအုပ်အတွင်း မြူမှုန်လို အလင်း​ရောင်ဖြာထွက်​နေတဲ့ အစ​လေး​တွေဆီက​နေ ကြား​နေရတဲ့မယ်မယ့်အသံ။
"မယ်မယ်လား"
"အာရီဂူး က​လေး​လေးကငို​နေတာလား"
မြူမှုန်​တွေကြားက မယ်မယ့်ရဲ့ပုံရိပ်သည် ထိုင်​နေ​သောသူ့အ​ရှေ့ရှင်းလင်းပြတ်သားစွာ​ပေါ်လာ​တော့ မိခွင်ရင်ခွင်ထဲဝင်ရောက်ငို​ကြွေးမိသည်။
"မယ်မယ် ထယ်​လေ အရမ်းပင်ပန်းတယ်"
"အွန်း မယ်မယ်က​လေး​လေးပင်ပန်း​နေ​ရော​ပေါ့"
"ထယ့်ကို ကိုကို့ဆီပို့​ပေးပါ​နော် ဒါမှမဟုတ်ဖွက်ထား​ပေးပါ​နော် ဟင့် ထယ်​ကြောက်တယ်"
"သား​တော်လေးအခုပုန်းကွယ်ရမဲ့ အချိန်မဟုတ်​တော့ဘူး​လေ ကိုကို့ကိုလဲမှီခိုရမဲ့အချိန်မဟုတ်သလို မယ်မယ့်ဆီမှာပုန်းကွယ်ရမဲ့အချိန်လဲမဟုတ်​တော့ဘူး ခုသား​​တော်​လေးက ​ဟောဒီ့က က​လေး​လေးအတွက်ကြံ့ခိုင်​​နေမှဖြစ်​တော့မှာ"
ဗိုက်​လေး​ပေါ် လက်တင်ကာ​ပြောလာ​သော မယ်မယ့်စကားကို သူနားမလည်ပါ။
"ဟင်....ဘယ်ကက​လေးလဲ"
"​နောက်​တော့ သိရမှာ​ပေါ့ ခုမယ်မယ့်က​လေး​လေးက သက်​တော်၂၀​တောင်ပြည့်ပြီဆို​တော့ အရမ်းလှတဲ့၀ံပု​လွေဖြူ​လေးဖြစ်​နေပြီဘဲ ဒီ​နေ့အရမ်းချစ်စရာ၀ံပု​လွေ​ပေါက်လေးက နတ်ဆိုးကိုတိုက်ခိုက်​နေတာ မယ်မယ်​တွေ့တယ် သားငယ်​လေးကဘာမှမသိ​သေးလို့ သူ့ဆီရှုံးနိမ့်ခဲ့တာဘဲလေ ​နောက်​တော့ သူ့ကိုအနိုင်ရမှာပါ"
"မယ်မယ်....အင့်....ဟင့်.....ထယ့်လည်ပင်းကိုသူ ကိုက်လိုက်တယ် ထယ့်ကိုဟင့်"
သားငယ်​လေးလည်ပင်း​ပေါ်က ကိုက်ရာသည် အ​ပေါ်ယံသာဖြစ်တာ​ကြောင့် ဒါဟာသူ့ရဲ့လက်တွဲ​ဖော်အဖြစ်အမှတ်အသားလုပ်ရာ မ​ရောက်​ပေ။
"ဘာမှမဖြစ်ပါဘူး က​လေး​လေးရဲ့ မယ်မယ့်က​လေး​လေးက အား​ပျော့လိုက်တာ ဒီလိုမျက်ရည်လွယ်​နေလို့မဖြစ်ဘူး​လေ နန်းတွင်းဆိုတဲ့ကြောက်စရာ​တွေနဲ့ပြည့်​နေတဲ့​နေရာမှာ ​ပျော့ညံ့ရင် ခဏ​လေးနဲ့အသက်​ပျောက်သွားနိုင်သလို ​ခြေသုတ်ခုံလဲဖြစ်သွားနိုင်တာမို့ အားတင်းထားပါသားငယ်​လေး သားငယ်​လေးအတွက် မယ်မယ့်အိပ်​ဆောင်မှာ ဝံပု​လွေ​တွေနဲ့ပတ်သက်တဲ့စာအုပ်​လေးရှိတယ်"
​ဖက်တွယ်ထား​သော ခန္ဓာကိုယ်သည် ​မြူမှုန်သဖွယ်ပြန်​ပျောက်ကွယ်သွားကာ ​ကောင်းကင်​ပေါ်သို့ လွှင့်ပြယ်သွားသည်။
"မယ်မယ့်က​လေး​လေးနားမှာ ကာကွယ်​ပေး​နေမယ်"
အသံသာကြားရ​တော့​သော မယ်မယ့်ရဲ့ အစိတ်အပိုင်းအမှုန်အမွှား​လေး​တွေကို သူရနိုင်သမျှ ​ပြေးလွှားပြီး စုပ်ဖမ်းထားပင်မဲ့ လက်ထဲ​ရောက်လာလဲ​ပျောက်ကွယ်သွားတာ​ကြောင့် ​မြေပြင်​ပေါ်ထိုင်ချကာ ငို​ကြွေး​တော့သည်။
"မယ်မယ်"
♡
♡
♡More Than Love🌸🍃
♡
♡
နိုးထလာချိန် မျက်စိတို့မဖွင့်နိုင်။​တစ်​ယောက်​ယောက်က သူ့လက်ကိုကိုင်ထားတယ်လို့ခံစားရပြီး မကြာ သူတို့စကား​ပြောသံတို့ကိုကြား​နေရသည်။
"သူဘာဖြစ်လဲ ဘာလို့သတိမရ​သေးတာလဲ မြန်မြန်​ပြောအဖိုးကြီး သက်ပြင်းဘဲချမ​နေနဲ့"
"မင်းသားငယ်က...."
"​ပြော​လေ ဘာ​တွေ​ကြောင်​နေတာလဲ"
"မင်းသားငယ်​လေးက ရင်​သွေးငယ်​လေးလွယ်ထားရတာပါ"
"ဘယ်လို ဟက် ရင်​သွေးတဲ့လား ဖျက်ချလိုက်"
"ဗျာ!!!!"
ရင်​သွေး ဘယ်သူ့ရင်​သွေးလဲ။မဟုတ်မှလွဲ​ရော......
"ခင်ဗျားက သမား​တော်​လေ ​ဆေးဝါး​တွေရှိမှာ​ပေါ့ ခုချက်ချင်းတိုက်လိုက်"
"ဒါကမင်းသား​လေးကိုယ်တိုင်လက်ခံ-"
"ငါကတိုက်လိုက်လို့​ပြောရင် တိုက်လိုက်​"
ထယ်​ယောင်းဘယ်လိုမှသည်းမခံနိုင်သည့်အဆုံး တစ်ခုခုလုပ်ရန်ဆုံးဖြတ်လိုက်သည်။သူချက်ချင်းထလိုက်လို့မဖြစ်နိုင်တာ​ကြောင့် ​အိမ်မက်ဆိုးမက်ချင်​ယောင်​ဆောင်ကာ လန့်နိုးပြလိုက်သည်။
"အားးးး ​ယောင်း​ကြောက်တယ်"
နားနှစ်ဖက်ကို လက်​လေး​တွေဖြင့် အုပ်ကာ ​ကြောက်ရွံ့​နေ​သောမျက်လုံးများဖြင့်.....​ဘေးမှာရှိတဲ့ ရှီလာမြို့စားဟန်ဆိုသူရဲ့ ခါးကိုဖက်တွယ်လိုက်သည်။
"​ယောင်း​ကြောက်လို့ပါ ​​ယောင်းကိုဖက်ထား​ပေး"
ထိုအခါ မြို့စားဟန်ကသူ့ပုံစံကိုကြည့်ပြီး ပြုံးရယ်ကာ ပုခုံးတို့ကို ပြန်လည်ဖက်လာသည်။
"ဟန်လူကြီး ​ယောင်းကိုအခြားသူ​တွေမမြင်​အောင်ဖွက်ထား​ပေးပါ​နော်"
♡
♡
♡More Than Love🌸🍃
♡
♡
​ဝေါ~~~~(​ရေတံခွန်မှ​ရေစီးသံ)
​တောင်တန်း​တွေကြားမှ ​ရေကျသံ​တွေနဲ့အတူ ​လေတိုက်လျှင်လှုပ်ခပ်သွား​သော သစ်ရွက်များနှင့် ဝါးပင်ချင်း ရိုက်ခတ်သံ​တွေ။တိတ်ဆိတ်​နေချိန် ဂူ​​၏အ​ပေါ် ​ကျောက်စက်ပန်းဆွဲတို့ဆီမှ တစ်​တောက်​တောက်​ဖြင့်ရေကျသံများ​ကြောင့် ဒီရပ်၀န်းသည် ​အေးချမ်းရာ​နေရာ​လေးတစ်ခုပင်။
"​ကျေးဇူးထပ်တင်ရပြန်ပြီ ၀မ်လူကြီးမင်း"
"ဟက်ဟက် ရပါတယ်ကွာ ဒါကငါလုပ်သင့်လုပ်ထိုက်တဲ့အရာဘဲ​လေ"
"ဒီ​ကျေးဇူး​တွေကို ဘယ်​တော့မှမ​မေ့ပါဘူး"
​ရေတံခွန်ဘက်မျက်နှာမူထားသည့် ဆံပင်းများထုံးဖွဲ့ထားသည့်သူက သူ့ဘက်ကိုလှည့်လာကာ လက်ထဲမှာ ယပ်​တောကိုဖြန့်ချ၍ မျက်နှာတစ်၀က်ကိုအုပ်ကာ စကားဆိုသည်။
"ဒီ​နေရာက ​ချောင်းအွန်းမြစ်ကမ်း​လေ လွန်ခဲ့တဲ့ နှစ်၂၀ကဒီ​နေရာမှာ က​လေး၂​ယောက်နဲ့ ဘုရင့်​ယောက်ဖ​တော်ကို​တွေ့ခဲ့ဘူးတယ် အဲ့က​လေး​တွေကခု​တော်​တော်ကြီး​​နေ​ရော​ပေါ့ ပြီး​တော့ အဲ့က​လေး​တွေကငါ့​ရှေ့မှာအ​ကောင်းမွန်ဆုံးရပ်တည်​​နေကြပြီး ခွန်အားကြီးတဲ့ ​ခြင်္သေ့တွေဖြစ်​နေ​ရော​ပေါ့"
♡
♡
♡ More Than Love🌸🍃
♡
♡
​အေးစက်စက်ကြမ်းပြင်​ပေါ် အိပ်​ပျော်​နေ​သော နိုင်ငံမင်းသားကြီး​ဆော့ဂျင်။​ကောက်ရိုး​တွေသာခင်းထားပြီး ​စောင်မရှိဘာမရှိ ​ဆောင်းဦးမှာဘယ်​လောက်​အေး​နေမလဲ။ပိုး​ကောင်​တွေက ​​ကောက်ရိုး​တွေကြား ​လျှောက်သွားပြီး ပိုးဟပ်တို့မှာလဲ ​ဆော့ဂျင့်ရဲ့ ခန္ဓာကိုယ်​ပေါ်သို့.....
"အားးးး ဒီ​ကောင်​​တွေ"
​ဒေါသစိတ်တို့ ​ရောယှက်ကာ ပိုးဟပ်​တွေကိုခပ်ကြမ်းကြမ်းပုတ်ခွာပြီး အကျင့်အတိုင်း တစ်ရဆက်​အော်ဟစ်​နေမိသည်။
"ဟက်ဟက်"
​ဝါး​တွေကြားမှ မြင်​နေရ​သော ​ဘေးအခန်းမှ အဘိုးကြီး
သူ့ကိုကြည့်ကာ ပြုံးရယ်​နေ​သော အဘိုးကြီးကို တစ်ချက်ကြည့်ကာ အကြည့်ကိုချက်ချင်းလွှဲလိုက်သည်။သူဟာဘယ်​တော့မှ လူကြီးသူမအ​ပေါ် ​ဒေါသအလျင်းမရှိ​အောင်​နေခဲ့သည်မို့ ခုချိန်ထိုအဘိုးကြီးထံဒေါသတို့ပုံမကျချင်။
"Alpha မင်းကအားသန်တဲ့ဝံပု​လွေတစ်​ကောင်ဘဲ"
ခပ်တိုးတိုး​ရေရွတ်တဲ့ စကားသံကို ကြားဖြစ်​အောင်ကြားလိုက်ပါတယ်
"လွန်ခဲ့တဲ့ အချိန်ကာလ​တွေတုန်းက ငါ့မှာမင်းလိုAlpha​မြေးတစ်​ယောက်ရှိတယ် သူကခုလူ့​လောကထဲမှာရှင်သန်​နေ​ရော​ပေါ့ ဒါကိုတစ်​ယောက်မှမသိကြဘူး မင်းကဘုရင်ကြီး​​ယောင်းဟွာရဲ့ ​မြေးမို့​ပြောပြတာ စိတ်မပျက်ပါနဲ့ ငါတို့ဝံပု​လွေမျိုးစပ်က ဘယ်​တော့မှပျက်သုဥ်းမသွားဘူး"
"စကားမများကြနဲ့"
အပြင်ကရဲမတ်ကချက်ချင်း​ရောက်လာပြီး အော်​ငေါက်သံ​ကြောင့် ထိုအဘိုးကြီးမှာချက်ချင်းအသံတိတ်သွားသည်။ရဲမတ်ပြန်ထွက်သွားမှ တစ်တွတ်တွတ်နဲ့ စကားထပ်ဆိုသည်။
"တ​စ်​နေ့ကျ အကုန်လုံး​သေရမှာဘဲ"
သူ့ကို​ကျောခိုင်းကာ နံရံဘက်မျက်နှာမူသွား​သော အဖိုးကြီး၏စကားတို့ကို နားမလည်စွာဖြစ်၍ ကျန်ခဲ့သူမှာ​ဆော့ဂျင်ပင်။အသက်ကြီးတဲ့ လူ​တွေရဲ့​ပြောစကားဟာ မှန်ကန်ဖို့​သေချာတာ​ကြောင့် ထိုအဖိုးကြီး​ပြော​သော စကားတို့ကို အသဲအသန်​တွေး​တော​နေရသည်။
"အကို​တော်"
အ​တွေးတို့ကို ဖြတ်​တောက်​စေ​သော အသံချိုချို​လေးသည် ညီငယ်​လေးရဲ့အသံပင်။အ​ပြေး၀င်လာ​သော က​လေးငယ်​လေး မ​တွေ့ရတာဘယ်​လောက်​တောင်ကြာပြီလဲ။
"အကို​တော် ဘယ်လိုဖြစ်ပြီးတော့ ဟင့်"
"ဘာမှမဖြစ်ပါဘူး ငယ်​လေးရဲ့  ငယ်​လေးကဒီကိုဘယ်လိုလုပ်​ရောက်လာတာလဲ ဒီ​နေရာကို​နောက်မလာရဘူး​နော် ဒါမ​ကောင်းတဲ့သူ​တွေ​နေရတဲ့​နေရာငယ်​လေးရဲ့"
"ဟားဟား ​ကောင်းတဲ့သူ​တွေ၀င်ရတဲ့ မ​ကောင်းတဲ့​နေရာ"
အဘိုးကြီးဟာ သူတို့​ပြောတာ​တွေကိုနား​ထောင်ပြီး တုန်ရီကာစကားဆိုသည်။အဘိုးကြီးကို စကားပြန်​ပြောရန် ပြင်တုန်း အကျဥ်း​ထောင်ထဲသို့ထပ်၀င်လာတဲ့ လူတစ်ဦး
"​ယောင်းပြန်ရ​အောင် ဒီလို​နေရာက​ယောင်းနဲ့မအပ်စက်ဘူး"
"ဟင့်အင်းအကို​တော်ကိုထုတ်​ပေးပါ​နော် ဟန်လူကြီး ​မထုတ်​ပေးဘူးဆိုရင်​ယောင်းမပြန်ဘူး"
"​ယောက်ဖ​တော်က ​အပြစ်ရှိလို့ခဏ​လေး​နေရတာပါ​ယောင်းရဲ့ မကြာခင်ထွက်လာ​တော့မှာ​ ခုပြန်ရ​အောင်ဒီ​နေရာက"
"မပြန်ဘူး အကို​တော့ကိုထုတ်​ပေး"
"ထယ်​ယောင်း ​ပြောစကားနား​ထောင်စမ်း! ခုပြန်မယ်"
မြို့စားဟန်က​အော်​တော့ က​လေးငယ်မှာခန္ဓာကိုယ်​လေးတုန်တက်သည်အထိ လန့်ဖြတ်သွားကာ မျက်နှာ​လေးမှာ ငိုမဲ့မဲ့ဖြင့်။
"အကို​တော် ​အမြန်ထွက်လာပြီး​ယောင်းကိုလာ​တွေ့ပါ​နော်"
"အွန်း အငယ်​လေးကို အကို​တော်ကအမြန်လာ​တွေ့မယ်​နော်
ပြီး​တော့မြို့စားဟန် ငယ်​လေးကိုမ​အော်နဲ့ ငါတို့​တောင်​အော်ဘူးတာမဟုတ်ဘူး"
"လာ​ယောင်း ဒီမှာ​လေထုကမသန့်ဘူး"
"အ့"
သူ့လက်ကြမ်းကြီး​တွေနဲ့ ဆွဲ​ခေါ်သွားတာများ ​ရွှေလိုဥထားရတဲ့က​လေး​​လေး​တော့ ပွန်းပဲ့ကုန်​တော့မှာဘဲ။
"သူကဟန်းဂုရဲ့မိခင်​လောင်း​လေးဘဲ"
"ဒီမှာ တစ်ခုခု​ပြောချင်ရင် ကျွန်​တော့ကို​သေချာလာ​ပြောပါ တိုးတိုး တိုးတိုးနဲ့ ​ရေရွတ်န​နေနဲ့"
စိတ်ရှုပ်ဖို့အလွန်​ကောင်းတဲ့အဖိုးကြီး သူ​ပြောတာကိုလဲမကြားချင်​ယောင်​ဆောင်ကာ နံရံဘက်မျက်နှာမူရင်း ​ကျောက်ခဲဖြင့် နံရံသားတို့ကိုကုတ်ခြစ်​နေသည်။
"ဟင့် ဟန်လူကြီး ​ယောင်းနာ​နေပြီ"
"မင်းကို မင်းအကို​တော်ဆီဘဲသွားခွင့်ပြုတာ ခုလို​တောင်းဆိုချက်​​တွေ ​ပြောခိုင်းမို့မဟုတ်ဘူး"
"ဟင့်အင်း အကို​တော့ကိုလွှတ်​ပေး ​ယောင်းအကို​တော်ကို အဲ့ထဲမှာမထားရက်ဘူး"
"ထယ်​ယောင်း!!ငါ့စကားကိုနားမ​ထောင်ရင် ခုချက်ချင်း အ​မှောင်ခန်းထဲထည့်ထားရမလား"
ဒါဟာသူ့ကို ခြိမ်း​ခြောက်​နေတာမို့လား အမိန့်​ပေးသံ​တွေပါရ​​အောင်သူက မြို့စားအဆင့်နဲ့များ.....'သည်းခံ သည်းခံ"
"မထည့်ပါနဲ့ ​ယောင်း​ကြောက်လို့ပါ"
ရင်ဘတ်နားကိုပွတ်သက်ကာ ရင်ခွင်ထဲ​ခေါင်း​လေးတိုး၀င်ကာ ပွတ်သီးပွတ်သက်ဆို​တော့ ထိုလူက ရီသည်။'ဟက် ​ပျော်ထားအုံး'
"ဟန်လူကြီး ​ယောင်းမယ်မယ့်အ​ဆောင်ဆီသွားချင်တယ်"
"​မိဖုရားက ​တမလွန်ကို​ဘ၀ရောက်သွားပြီ​လေ"
ရင်ထဲစိုးထိန့်ကာ လန့်သွား​တာ​တော့ အမှန်ပင်။မယ်မယ်က မဖြစ်နိုင်တာ.....
"ဟင့်အင်း မယ်မယ့်အ​ဆောင်ဆီသွားခွင့်ပြုပါ​နော် ဟင့်​ယောင်း​မယ်မယ့်ရဲ့ အ​ငွေ့အသက်​တွေရှိတဲ့​နေရာ​လေးမှာ ​ခဏ​နေချင်လို့ပါ"
အခြားအချိန်ဆို ဒီလူဟာခွင့်ပြုမှာမဟုတ် ခု​တော့ မျက်ရည်များဖြင့် ချွဲနွှဲ့စွာ​ပြော​တော့ နုနုယွယွကြိုက်တဲ့ဒီလူက ခွင့်ပြု​ပေးမှာမလွဲမ​သွေ။
"အင်း လိုက်ပို့မယ်"
"မဟုတ်တာ ​ယောင်းဘာသာ အထိန်း​​တော်ကြီးနဲ့ သွားလိုက်ပါ့မယ် ဟန်လူကြီးက တာ၀န်​တွေနဲ့လုပ်​ဆောင်ရမှာများနေတာကို ​ယောင်း​ကြောင့်အချိန်ကုန်မခံပါနဲ့"
​မနဲချွဲနွှဲ့ကာ​ပြောမှ လွှတ်​ပေးတဲ့လူ ဒီလူဘာအကွက်​ရွှေ့​နေလဲ ထယ်​ယောင်းသိတာ​ပေါ့။ခင်ဗျားက ဘယ်နည်းနဲ့မှ ကိုကို့​နေရာကို၀င်လာလို့လဲမရသလို နိုင်ငံရှင်ဘုရင်လဲမဖြစ်ရဘူး။
♡
♡
♡More Than Love🌸🍃
♡
♡
"ဒီ​နေရာက​နေ နန်း​​တော်ထဲကိုသွားလို့ရတယ်"
"ဒီထဲက​နေလား"
ဂူထဲကို လက်ညှိုးထိုးကာ ​ပြောလိုက်​သော ​ကောင်လေး၄​ယောက်။
"ဂျွန်ဘုရင်အုပ်စိုးတုန်းက​နန်း​တော်ကို​ရောက်ခဲ့တယ် အဲ့ချိန်ကဘုရင်က​ပြောပြခဲ့တာ ဒီ​နေရာက ​တောင်နန်း​ဆောင်နဲ့ဆက်သွယ်ထားပြီး ဘယ်သူမှမသိတဲ့ တစ်ခုတည်း​သော လျှို့ဝှက် ထွက်​ပေါက်"
"အ​ဝေးကြီးကို​လေ ​မှောင်​မှောင်မဲမဲ ဒီက​နေသွားမို့အဆင်​ပြေပါ့မလား"
နမ်ဂျွန်းရဲ့စကားကို ၀မ်လူကြီး တစ်နည်းအားဖြင့် တရုတ်ရဲ့ဘုရင်၀မ်လန်အာကရီ​မောကာ ပြန်​ဖြေကြားသည်။
"ဒီ​နေရာ​က​နေ တစ်ချိန်က က​လေး​တွေ​ပွေ့ဖက်ပြီး ထွက်လာတဲ့ သူ​တောင်ရှိတာဘဲ​လေ ဘာလို့ သွားလို့မရပါ့မလဲ ရက်အနည်းငယ်​တော့ကြာတာ​ပေါ့"
"ဖြစ်ပါ့မလား အကို​တော်"
"ဖြစ်ပါတယ်ဂျီဂျီရဲ့ ဂျီဂျီကတရုတ်မှာခဏအနားယူ​နေ​နော် ပြီးတာနဲ့အကို​တော်ကလာ​ခေါ်မယ်"
"ဟင့်အင်းဂျီဂျီလဲလိုက်မယ်"
"ဂျီဂျီ​နေမ​ကောင်းဘူ​း​လေ သမား​တော်နဲ့​သေခိာကုမှရမှာ​ပေါ့ လိမ်မာတယ်​နော်"
ဂျီမင်း​လေးသည် လိုက်ချင်​သော်လဲ ​နေမ​ကောင်း၍ မလိုက်ရ​ပေ။
"ထယ်ထယ့်ကို ​အမြန်​ခေါ်​ပေး​နော် ဂျီဂျီကလွမ်း​နေတယ်လို့လဲ​ပြော​ပေး"
"ဟုတ်ပါပြီဗျ"
Flash back
အဲ့​နေ့က​ယောင်းကသူ့ကိုမမှတ်မိခဲ့ဘူး ဒါပင်မဲ့သူတို့ကိုကာကွယ်​ပေးခဲ့တယ်။​ယောင်းကို ဆွဲ​ခေါ်သွားတဲ့သူ​တွေ သူ့လှည့်ကြည့်ခဲ့တဲ့အချိန် အကြည့်ချင်းဆုံခဲ့ပါရဲ့ ချစ်ရတဲ့သူရဲ့ မျက်၀န်းနီ​လေး​တွေနဲ့.......သူ့ကိုမမှတ်မိပင်မဲ့အဲ့အချိန်အခါ​လေးမှာ​တောင် နှလုံးသားထဲက​နေမှတ်မိ​နေမှာ ကျိန်း​သေတယ်။
'​ကာကွယ်​ပေးမို့ထိ ကိုယ်ကြိုးစားထားသမျှက အရာမထင်​သေးဘူးထင်တယ် ​တောင်းပန်တယ်​ယောင်း ထပ်ပြီး​စောင့်ဆိုင်းခိုင်းရတဲ့အတွက် ချစ်တယ်​ေယာင်း ကို့ကိုယုံကြည်​ပြီးအရာရာပုံအပ်ပေးခဲ့လို့'
သူတို့ရဲ့မြင်း​တွေမရှိ​တော့တာ​ကြောင့် ​​ခြေလျင်​ပြေးလွှား​နေတဲ့ သူတို့​နောက်ကိုထပ်လိုက်လာတဲ့ ​သွေးစုတ်​ကောင်​တွေ။ဒီတစ်ခါ​တော့ တကယ်​သေပြီလို့ထင်ခဲ့ပင်မဲ့ မထင်မှတ်စွာ ​​သေနတ်သံကိုကြားလိုက်ရပြီး ​သွေးစုတ်​ကောင်ရဲ့နှလုံးတို့ကိုထိမှန်ကာ ​လဲကျသွားကြသည်။
"၀မ်လူကြီးမင်းလား"
​​တောတွင်း ​သေနတ်သံတို့ကျယ်​လောင်စွာ သူတို့​နောက်က​သွေးစုတ်​ကောင်တို့မရှိ​တော့မှ သတ်ပြင်းချနိုင်​တော့သည်။
"လိုက်လာမိလို့​ပေါ့"
"၀မ်လူကြီးမင်း"
သူတို့​တွေအရိုအ​သေ​ပေးကာ ဆို​တော့ ၀မ်လူကြီးက ဂျီမင်းနားသွားကာ လည်ပင်းမှ​သွေးတို့ကိုတိတ်​အောင်လုပ်​ပေးပြီး နီးစပ်ရာ​နေရာသို့အမြန်သွားရန် ​​ပြောလာခဲ့သည်။ထို​နေရာမှ တစ်ညတာ​နားခိုပြီး မနက်မိုး​သောက်တာနဲ့ ခရီးဆက်ရသည်။​ဂျောင်ဂု ​ယောင်းကိုမထားခဲ့ရက်နိုင်ဘဲ ထားခဲ့ရပြန်ပြီ။
​နောက်သူတို့​ရောက်လာတဲ့​နေရာက ​ချောင်းအွန်းမြစ်ကမ်း​ဘေးက ဂူဆီသို့.........မင်းကြီးဆိုတဲ့သူ​တော့ အခု​လောက်ဆိုအလုပ်ရှုပ်​နေ​လောက်​ရော​ပေါ့ သူတို့​သွေးစုတ်ဖုတ်​ကောင်​တွေကိုမ​သေမျိုးလို့ သတ်မှတ်ထားတာ........ခုချိန် သူတို့ကိုလိုက်ရှာ​နေမှာမလွဲမ​သွေ
Flash End
•​ တောင်​တွေကမြင့်မားပြီး ​ရေပြင်ကကျယ်ပြန့်တယ်
• ပင်လယ်ဟာ ​တောင်းတန်း​တွေရဲ့ အရှင်ဘုရင်ဖြစ်
တယ်
• ဘာလို့ဆို ​ပင်လယ်က တောင်တန်း​တွေဖုံးလွှမ်းသွား
မှာကိုမ​ကြောက်ဘူး
• သူတို့ကို ပင်လယ်​ရေဖုံးလွှမ်းသွားမှာဘဲ​ကြောက်ကြ
တာ
ခုချိန်ဆို ခင်ဗျားလဲ ​ကြောက်​နေ​ရော​ပေါ့.....
'လာ​ခေါ်မှာ​မို့ ဒီတစ်ခါလဲယုံကြည့်စွာ​စောင့်​နေ​ပေးပါ​ယောင်း'
​ဂျောင်ဂုဟာလဲ ရေတံခွန်ကိုကြည့်ကာ ​တွေး​တော​နေသလို အခြားသူ​တွေရဲ့ စိတ်ထဲတွင်လဲ အ​တွေးကိုယ်စီဖြင့်
'ကျွန်​တော်တို့ကိုသတ်ခဲ့တဲ့သူကိုလက်စား​ချေပြီး လာ​ခေါ်မယ်အဖိုး ​စောင့်​နေ​ပေးပါ'
♡
♡
♡More Than Love
♡
♡
ထယ်​ယောင်းခု​ရောက်​နေတာ သူ့မယ်မယ်ရဲ့နန်း​ဆောင်ဆီကို......
"တကယ်မဟုတ်ဘူးမို့လား ထယ့်ကိုမ​နောက်ပါနဲ့ ထယ့်ကိုမထားခဲ့ပါနဲ့ မယ်မယ် စ​နေတာမို့လား ထွက်လာ​ပေးပါ​​တော့"
နန်း​ဆောင်ပြင်က အရိုးပြာအိုးကိုမြင်​ခဲ့​သော်လဲ မယုံကြည်နိုင်စွာ လှည့်ပတ်ရှာ​ဖွေ​နေမိသည်။
"မဟုတ်ဘူးမို့လား ထယ့်ကို​နောက်​နေကြတာမှတ်လား"
မျက်ရည်များစွာနဲ့ တစ်ရှုပ်ရှုပ်ငိုမိသည်။အရင်ကပန်း​ပေါင်းစုံ အ​မွှေးနံ့သာ​ပေါင်းစုံနဲ့ အရမ်းလှခဲ့တဲ့ နန်း​ဆောင်ကခု​တော့​ခြောက်​သွေ့လျက် ဘယ်သူမှမရှိ​သဖြင့်  ဖုန်​တွေ​တောင်တက်​နေ​လေရဲ့........
"ငို​နေပြန်ပြီ"
ထပ်ပြီးကြားရပြန်ပြီ မယ်မယ့်အသံ မျက်လုံးကိုပွတ်သက်ကာ ​ဘေးဘက်ကို ​ဝေ့ဝှဲရှာမိသည်။သူ့​ရှေ့ကို​ရောက်လာတဲ့ အဝါ​ရောင်အမှုန်စ​လေး​တွေ........
"မယ်မယ်လား"
ပြန်​ဖြေသံမကြားရဘဲ အမှုန်​တွေလွှင့်သွားတဲ့​နောက်ကို ​ပြေးလိုက်မိပြန်သည်။
"အ့"
သတိမထားမိစွာ ​နောက်ဆုံးရပ်တန့်သွားတာက စာအုပ်စင်​လေးနားမှာ အဝါ​ရောင်အမှုန်​လေး​တွေကပ်​နေတဲ့ စာအုပ်​လေးကိုဆွဲထုတ်လိုက်​တော့ လက်ရာ​မြှောက်တဲ့ ၀ံပု​လွေပန်းချီအဖုံး​လေးနဲ့ စာအုပ်​လေး......
​ဟောင်းနွမ်းချင်​ယောင်ဖြစ်​နေပြီဖြစ်တဲ့ စာအုပ်​လေးကိုလှန်ကာ ပထမတစ်ရွက်ကိုဖတ်မိ​တော့ ကိုယ်တိုင်​ရေးဖွဲ့ထားတဲ့ စာအုပ်​လေး......အချိန်ယူကာ စာအုပ်​လေးကိုဖတ်​နေမိ​တော့ သိလိုက်ရတာက ဝံပု​လွေရဲ့ အစွမ်းကိုသုံးနည်း။ဒါကသူ့အတွက်အ​ထောက်အကူပြုတာမို့ ဆက်ဖတ်​နေ​တော့ ​နောက်ပိုင်း​ရေးထားတာ​တွေက လွန်ခဲ့တဲ့ အချိန်ကာလကအ​ကြောင်းအရာ​တွေ......
လက်ထဲကစာအုပ်​လေးကကြမ်းပြင်​ပေါ်ပြုတ်ကျကာ ပါးစပ်​လေးကိုလက်တို့အုပ်၍ ငို​မိပြန်ပြီ......တကယ်ခမည်း​တော်က အဲ့လိုလုပ်ခဲ့တာလား......မယ်မယ့်ရဲ့မျိုးနွယ်စု​တွေ​ကော လူသား​တွေကိုပါသတ်ခဲ့တာလား.......
"​မင်းသား​လေး နန်း​ဆောင်ကိုပြန်ဖို့အချိန်​ရောက်ပါပြီ"
အပြင်က ​ကောင်မ​လေးအသံကြားမှ သတိ၀င်ကာ ကြမ်းပြင်​ပေါ်ကစာအုပ်​လေးကို အကျီထဲ​သေချာထည့်ကာ ထွက်မယ်ပြု​တော့ မယ်မယ့်ပန်းချီကား​ရှေ့တွင်ရပ်ကာ ဂါရ၀ပြုမိပြန်သည်။
ဘာအ​ဆောင်အ​ယောင်မှမပါတဲ့ ထယ့်​မေ​မေကအရမ်းလှတယ်။
"ထယ်က​မယ်မယ်မလုပ်ခဲ့ရတဲ့ အရာ​တွေတစ်ခုမကျန်ထယ့်ခက်နဲ့ကိုယ်တိုင်ဖျက်ဆီးပြစ်မယ်"
လှည့်ထွက်လာ​တော့ ​ခြေလှမ်း​အောက်မှ အိခနဲဖြစ်သွားသလိုခံစားလိုက်ရတာ​ကြောင့် လှည့်ကြည့်ကာ ​ထို​နေရာကို​ခြေ​ထောက်ဖြင့်ဖိကြည့်လိုက်ပြန်သည်။တစ်ခြား​နေရာ​တွေနဲ့မတူစွာ ဖြစ်​နေတဲ့​နေရာ​ကြောင့် ​​အောက်ကအခင်းကိုလှန်ကာ ကြည့်​တော့ အထပ်ထပ်ဖြစ်​နေတဲ့​နေရာ။​တစ်ခုပြီးတစ်ခုအမြန်လှန်​လောလိုက်​တော့ ​နောက်ဆုံး​ပေါ်လာသည်က ​သော့ခတ်ထားသည့် ​နေရာ။
"ဒါကဘာကြီးပါလိမ့်"
​သော့ခ​လောက်ကိုကိုင်တုန်းထပ်မံထွက်လာသည့်အသံ
"​ယောင်း"
TBC
#Yung(김영챌)
#More Than Love🌸🍃
မရှင်းတာ​တွေကို တစ်​ဖြေး​ဖြေးရှင်းပြသွားပါ့မယ် နဲနဲ​တော့ရှုပ်​နေလိမ့်မယ် ကျွန်မအတတ်နိုင်ဆုံး အဓိပ္ပါယ်​ပေါ်လွင်​အောင် ​သေချာ​လေး​ရေး​ပေးပါ့မယ်။
ဒီရက်ထဲအတန်း​တွေ​ကောရှိ​နေလို့ စာ​ရေးမို့ကြန့်ကြာ​နေတာပါ ​နောက်​တော့ ပုံမှန်​ရေး​ပေးပါ့မယ်။
♡Zawgyi♡
"မယ်မယ်လား"
"ဟင်....ဘယ်ကက​လေးလဲ"
"မယ်မယ်"
♡
♡
♡More Than Love🌸🍃
♡
♡
"မင်းသားငယ်က...."
"ဗျာ!!!!"
♡
♡
♡More Than Love🌸🍃
♡
♡
♡
♡
♡ More Than Love🌸🍃
♡
♡
"အားးးး ဒီ​ကောင်​​တွေ"
"ဟက်ဟက်"
"စကားမများကြနဲ့"
"အကို​တော်"
"အ့"
"အင်း လိုက်ပို့မယ်"
♡
♡
♡More Than Love🌸🍃
♡
♡
"ဒီထဲက​နေလား"
ဂူထဲကို လက်ညှိုးထိုးကာ ​ပြောလိုက်​သော ​ကောင်လေး၎​ယောက်။
"ဖြစ်ပါ့မလား အကို​တော်"
"ဟုတ်ပါပြီဗျ"
Flash back
'​ကာကွယ်​ပေးမို့ထိ ကိုယ်ကြိုးစားထားသမျှက အရာမထင်​သေးဘူးထင်တယ် ​တောင်းပန်တယ်​ယောင်း ထပ်ပြီး​စောင့်ဆိုင်းခိုင်းရတဲ့အတွက် ချစ်တယ်​ယောင်း ကို့ကိုယုံကြည်​ပြီးအရာရာပုံအပ်ပေးခဲ့လို့'
"၀မ်လူကြီးမင်းလား"
"လိုက်လာမိလို့​ပေါ့"
"၀မ်လူကြီးမင်း"
Flash End
တယ်
မှာကိုမ​ကြောက်ဘူး
တာ
♡
♡
♡More Than Love
♡
♡
"ငို​နေပြန်ပြီ"
"မယ်မယ်လား"
"အ့"
"ဒါကဘာကြီးပါလိမ့်"
"​ယောင်း"
TBC
#Yung(김영챌)
#More Than Love🌸🍃
Contents
Contents
Comments(0)
Join the discussion — sign in to leave a comment
Sign In to Comment
No comments yet. Be the first to share your thoughts!