Chapter 16 of 32
Episode♡15
More Than Love::TK::{Completed}1,579 words~8 min read
"ဒါကဘာကြီးပါလိမ့်"
​သော့ခ​လောက်ကိုကိုင်တုန်းထပ်မံထွက်လာသည့်အသံ
"​ယောင်း"
​အခန်းအ​ပေါက်၀မှ ​အော်​ခေါ်သံ​ကြောင့်လန့်ကာ ​သော့ခ​လောက်ကိုပြစ်ချပြီး ​ကတ္တီပါအခင်းတို့ကို အမြန်ဖုံးကာ အပြင်​ပြေးထွက်​သွား​သော​ကောင်​လေး။ထို​ကောင်​လေးမသိလိုက်တာက​တော့.........
ညဘက်ပြတင်းမှဖြာကျ​နေတဲ့ လ​ရောင်သည် ထယ်​​ယောင်း၀င်တိုက်ခဲ့တဲ့ စာအုပ်စင်မှ အ​မှောင်ဘက်သို့ပြုတ်ကျသွား​သော အညို​ရောင်စာအုပ်​လေး​ပေါ်သို့။
လ​ရောင်ထိ​တွေ့လိုက်​သော စာအုပ်အဖုံး​လေးသည် အ​ရောင်တို့လက်ကာ ​သော့ပုံစံ​လေးဖြင့် အ​ရောင်​တို့ထွက်လာပြီး ချက်ချင်းဆိုသလို ​မြေ​အောက်လှိုင်ဂူ​သော့မှာပွင့်သွားသည်။
"​ချောက်"
ဘယ်သူမှမသိ​​အောင် ဒီလှိုင်ဂူရဲ့​သော့ကို စာအုပ်ထဲ ကိုယ်တွင်းအစွမ်းတို့ဖြင့် ထည့်သွင်းဖွက်ထားခြင်းပင်။
လ​ရောင်ဖြင့်သာပွင့်​သော ဒီ​သော့သည် ဘယ်လိုအ​ကြောင်းများရှိသလဲဆိုတာ​တော့ ထယ်​ယောင်းမယ်​တော်မှလွဲ၍ မည်သူမှမသိနိုင်။
♡
♡
♡More Than Love🌸🍃
♡
♡
"ဟန်လူကြီး ဘယ်လိုလုပ်​ရောက်လာတာလဲ"
"မိုးချုပ်​နေပြီ ​ယောင်း အိပ်​ဆောင်၀င်ရမယ်"
​အော် ​မယ်မယ့်အခန်းထဲမှာရှိ​နေတာ တော်​တော်ကြာသွားတာဘဲ။ဒီ​နေ့ကလပြည့်ညလား......မိုး​ပေါ်က လုံး၀န်း​နေတဲ့လသည် ဖြူစင်မှုအတိဖြစ်​နေပင်မဲ့ သူတို့နန်း​တော်မှာ​တော့ ​သွေး​တွေဖုံးလွှမ်း​နေမှာကို စဥ်းစားမိ​တော့ သူတို့ဖြစ်တည်မှုကိုရွံရှာမိတယ်...... ဒီလိုယုတ်မာတဲ့သူ​တွေရဲ့မျိုးနွယ်ဖြစ်ရတာကိုလဲ ရှက်ရွံမိသလို အကို​တော်နဲ့ မိခင်ချင်းတူပြီး ခမည်း​တော်မတူတဲ့ ညီ​နောင်မှန်းသိရ​တော့ ပို၍၀မ်းနည်းမိသည်။
"ဒီ​နေ့ကြယ်​တွေအများကြီး ရှိ​​နေတာဘဲ"
ပြုံးရယ်ကာ ​ကြယ်လိုတောက်ပ​သောမျက်၀န်းတို့ဖြင့် ​ပြော​နေ​သော က​လေးငယ်သည် လ​ရောင်​အောက်တွင် အလွန်ကျက်သ​ရေရှိလှ​သော ၀ံပု​လွေဖြူပင်။
"မင်းကြီးပြန်လာရင် ​လက်ထပ်ပွဲလုပ်ကြမယ်​ယောင်း"
"အဲ့​လောက် မြန်မြန်လား"
"ဒါမမြန်ဘူး​ယောင်း"
"ကျွန်​တော်လက်မထပ်နိုင်ဘူးလို့ ​ပြောထားတယ်​လေ ဟန်လူကြီး ကျွန်​တော့ကိုအချိန်​ပေးပါအုံး ​အေး​ဆေးစဥ်းစားချင်​သေးတယ်"
​ပြောပြီးလှည့်ထွက်လာ​သော ထယ်​ယောင်းသည်​ဒေါသတို့ကို ထိန်းချုပ်ထားမှန်း​ဘေးလူ​တွေမှမြင်​နေရပြီး စိတ်မ​ကောင်းဖြစ်​နေကြသည်။သူတို့လဲ စိတ်မ​ကောင်းဖြစ်ရုံကလွဲပြီး ဘာမှလုပ်မ​ပေးနိုင်။
"​တောက် ကင်ထယ်​ယောင်း မင်းငါကို ကျိန်း​သေ​ပေါက်လက်ထပ်ရမယ်"
လည်ပင်းမှအ​ကြော​တွေ​ထောင်သည်အထိ ​ဒေါသထွက်​နေ​သော မြို့စား​ကြောင့် အနားကလူ​တွေမှာ ကိုယ့်နန်း​ဆောင်ရှိရာသို့ အမြန်သွားရသည်။ဒီနားမှာဆက်ရှိ​နေရင် အရိုး​​တွေ​ကျေ​လောက်​အောင် ရိုက်ခံထိမှာ​ကြောက်ရသည်။မထင်ရင်မထင်သလို ​သွေးစုတ်ဖုတ်​ကောင်ချင်း​တောင် ​သွေးပြန်စုတ်တာမဟုတ်ပါလား။
♡
♡
♡More Than Love🌸🍃
♡
♡
​ဒီ​နေ့​ကောင်းကင်မှာ ကြယ်​တွေပြည့်​နေ​တယ် ​ယောင်း
ကြယ်​တွေကိုကြည့်​နေရတာထက် ​ယောင်းရဲ့မျက်၀န်း​လေး​တွေကိုကြည့်ရတာပိုသ​ဘောကျတယ်.......​ယောင်းမျက်၀န်း​လေး​တွေက​​လေ ကောင်းကင်ကကြယ်​တွေထက်ပိုပြီး​တောက်ပပြီး ကိုယ့်ကိုရုန်းထွက်မရ​​အောင် ချုပ်​နှောင်ထားလို့ စွဲလန်းမိတယ် ​ယောင်း.......
မျိုးနွယ်မတူလို့​ပေါင်းဖက်လို့မရတာလား ​ယောင်း......
ဒီ​နေ့ကလပြည့်​နေ့ဆို​တော့ ကိုယ့်က​လေးငယ်​လေး ​သွေးဆာ​နေမလား.....
​ကောင်ကင်ကိုကြည့်ပြီး ​မေးခွန်းထုတ်မိ​တော့ ​အေးစက်စက်ည​လေ​အေးက သူ့ကိုရိုက်ခတ်သည်။
"ဟက် ​ကိုယ်တို့​ပေါင်းဖက်နိုင်ဖို့ အခက်အခဲ​တွေအများကြီး​ကျော်ဖြတ်ရအုံးမယ်ထင်တယ် ကို့ကို​စောင့်​​ပေးနိုင်တယ်မို့လား ​ယောင်းငယ်"
"မင်းသူ့ကိုလွမ်း​နေတာဘဲ"
​ဘေးကို​ရောက်လာတဲ့ နမ်ဂျွန်း.....လက်ထဲမှာလဲ ယပ်​တောင်တစ်ခုနဲ့ သူ့​ဘေး၀င်ထိုင်ကာ ​ကောင်းကင်ကို​မော့ကြည့်ပြီး စကားဆိုလာသည်။
"ငါလဲတစ်စုံတစ်ခုကို လွမ်း​နေသလိုဘဲ ဒါကရီဖို့​ကောင်းတယ်မို့လား သံ​ယောဇဥ်ဆိုတာ ထားမိရင်ဖြတ်​တောက်ဖိူ့မလွယ်ဘူးတဲ့"
"ငါတို့က ​ရေလိုဘဲ အမြဲစီးဆင်း​နေမှာ ဘယ်​တော့မှရပ်မတန့်သွားဘဲ​ပေါ့ အတားအဆီး​တွေရှိရင်​တောင်မှ တစ်​နေရာက​နေ စိမ့်ထွက်ပြီး ဆက်စီး​ဆင်းနေကြအုံးမှာ"
"ငါတို့မနက်ဖန်စထွက်မှာဆို​တော့ မင်းအိပ်​ရေး၀​၀အိပ်သင့်တယ် ​ဂျောင်ဂု မဟုတ်ဘူး အနာဂတ်ရဲ့ဘုရင်"
"မစနဲ့နမ်ဂျွန်း ငါဘုရင်မဖြစ်ချင်ဘူး"
"ဘယ်လိုဘဲဖြစ်ဖြစ် မင်းကဘုရင့်သား​တော်အကြီးဘဲ​ မင်းသာဘုရင်ဖြစ်မယ်ဆို ပြည်သူ​တွေလဲ ​ပျော်ရွှင်ကြမှာပါ"
"ငါဘုရင်ဖြစ်လို့ ​ပျော်နိုင်ပါ့မလား ကျိန်း​သေ​ပေါက်မ​ပျော်နိုင်​လောက်ဘူး​ ငါ့လုပ်ရက်​တွေက​ယောင်းအ​ပေါ် ရက်စက်​နေမိမလား မသိဘူး"
"​​လေးချလိုက်ပင်မဲ့ မြှားကထွက်သွားပြီ​ဂျောင်ဂု ​နောင်တဆိုတာ ​ဘယ်ချိန်ရရ​နောက်ကျ​နေပြီ ဒါပင်မဲ့အချစ်နဲ့စစ်ပွဲမှာတရားတာမရှိဘူး​လေ ​တွေ​ဝေး​မ​နေနဲ့ မင်း​လျှောက်လှမ်းခဲ့တဲ့လမ်းက မှန်ကန်တာမို့ တုန်လှုပ်​နေစရာမလိုဘူး"
'​အကြိမ်ကြိမ်​တောင်းပန်ပါတယ်​ယောင်း ကိုယ်က​ယောင်းရဲ့ခမည်း​တော်နဲ့မျိုးနွယ်​တွေကို ကလဲ့စား​ချေရ​တော့မယ် အဲ့အခါ ကိုယ့်ကိုမမုန်းသွားပါနဲ့​ယောင်း'
"ငါအိပ်​တော့မယ် နမ်ဂျွန်း မင်းလဲနား​တော့"
မီး​ရောင်မထွန်းဘဲ ဒီဂူ​ပေါက်မှာ ​နေ​နေရတာဘယ်​လောက်​တောင်ကြာပြီလဲ။​မီးတုတ်​တွေထွန်းထားရင် မင်းကြီးဆိုတဲ့ သတ္တဝါက​တွေ့ပြီးလာသတ်​နေမှ ​ပြေးမလွတ်​တွေဖြစ်​နေမှာ။မှောင်မဲ​နေတဲ့ပတ်၀န်းကျင်နဲ့ သစ်ပင်ထူထပ်တဲ့ ဒီ​နေရာမှာခြင်​တွေကကိုက်​သေး။ခြင်​​တွေကို လက်ထဲက​ယပ်တောင်နဲ့ ပုတ်ခက်ပြီးရုတ်တရက် အ​ပေါ်ကို​မြှောက်လိုက်​တော့ လ​ရောင်​ပေါ်ထင်းကျ​နေတဲ့ ယပ်​တောင်နဲ့အတူ ​အောက်နားမှာထွင်းထားတဲ့ နာမည်​လေး ဂျင်နီး။သူမနက်ဘက်​တွေလဲ ဒီယပ်​တောင်​လေးကိုဖြန့်ကြည့်ပင်မဲ့ တစ်ခါမှ​ပေါ်မလာတဲ့ဒီနာမည်နာမက လ​ရောင်​ပေါ်မှာမှမြင်ရသည်တဲ့လား။
'ဒီ​မောက်မာတဲ့မင်းသား​ကော ဘာလုပ်​နေမလဲ'
♡
♡
♡More Than Love🌸🍃
♡
♡
"ဒီလူသား​​တွေကိုထပ်ရှာထား ငါကိုယ်​တော်မနက်ဖန် နန်း​တော်ကိုပြန်မယ်"
သူ​ဆော့ဂျင်ကိုသာစစ်ပွဲ​တွေလွှတ်​နေတာ ခုကနှစ်၂၀ကြာမှ ပထမဆုံးပြန်တိုက်တာမို့လား။စစ်​မြေပြင်ရဲ့ ရှင်ဘုရင်ဖြစ်တဲ့ သူ့အတွက်​တော့ အလွယ်တကူအနိုင်ရခဲ့ပြီး ဟိုလူသား​တွေကိုသတ်ရန်ရှာ​နေခြင်းပင်။
သူတို့ ​​သွေးစုတ်​ကောင်​တွေဟာ ​သေမျိုးမဟုတ်။ဒါကိုဒီ​လူသား​တွေဘယ်လိုများလုပ်လိုက်သလဲမသိ ​ရာဇ၀င်တစ်​လျှောက်မှာ ခု​တော့လူသား​တွေ​ကြောင့်​သေရတယ်တဲ့လား။
ငါ့သားငယ်ကိုငါ့ရင်ခွင်​အောက်က​နေ လုယူခွင့်မ​ပေးနိုင်ဘူး။
"အ့"
"မင်းကြီး အဆင်​ပြေပါရဲ့လား ​ဆေးယူခဲ့"
၀န်ဟီးကသူ့အနားရှိ​နေလို့သာ ခုလိုအဆင်​ပြေ​နေတာ။
မူမမှန်တာ​တွေ တစ်ခုပြီးတစ်ခုဖြစ်​နေတာ သား​တော်ကိုရှီလာမြို့စားနဲ့လက်ထပ်​ပေးဖို့ ၂​ယောက်ထဲ​တွေ့ပြီးတဲ့အချိန်ထဲက။(​ယောင်းငယ်ကို ရှီလာဆီမပို့ခင် ၂​ယောက်ထဲသီးသန့်​တွေ့ဆုံချိန်ကို​ပြောတာပါ) ​ခေါင်း​တွေအရမ်းကိုက်ပြီး သူမလုပ်ချင်တာ​တွေကို တစ်​ယောက်​ယောက်ကဖိအား​ပေးပြီး လုပ်ခိုင်း​နေသလိုမျိုး​ပေါ့။
"မင်းကြီး နားနား​နေ​နေ ​နေသင့်ပါတယ် ကျန်းမာ​ရေးလဲ​ကောင်း​သေးတာမဟုတ်ဘူး"
"ငါသိတယ်....တစ်​ဖြေ​ဖြေးနဲ့ ငါကိုယ်​တော်လဲအသက်ကြီးလာလို့များလား ဒါမှမဟုတ်ငါ့ခန္ဓာကိုယ်ထဲက အမြု​တေကသူ့သခင်မအတိုင်း ငါ့ကိုစိတ်တို​နေလို့များလား"
"မင်းကြီး အဲ့လိုမ​တွေးသင့်ပါဘူး ဘယ်လိုဘဲသခင်ကိုသိတတ်ပါ​စေ မင်းကြီးရဲ့ခန္ဓာထဲ​ရောက်သွားရင် မင်းကြီးရဲ့အမိန့်ကိုဘဲနား​ထောင်မှာပါ"
~~~~
Flash Back
"သား​တော်ရဲ့အနံ့မရ​တော့ဘူး"
ချက်ချင်းသား​တော်ရဲ့အနံ့က​ပျောက်ကွယ်သွားတာ ဘာလို့မှန်းမသိ ​သွေးသားရင်း​တွေဆိုတာ ဘယ်​သောအခါမှအနံ့ကိုမ​မေ့သလို ဘယ်​လောက်​ဝေး​ဝေးအနံ့ခံနိုင်တယ် ခုကရုတ်တရက်ကြီး........
"တောက် ဒီမိန်းမယုတ်"
ချက်ချင်းဆိုသလို ​တောင်ဘက်နန်း​ဆောက်ရှိ မိဖုရားဆီသို့
"ကင်​ဆောင်းဟွာ ဘယ်မှာလဲ ထွက်ခဲ့စမ်း!!!!"
အခန်းထဲတွင် သားငယ်ကို​ပေးချင်တဲ့စာအုပ်​လေးတွင် အ​ကြောင်းအရာတစ်ချို့​ရေး​နေတုန်း ဆူညံ့စွာထွက်​ပေါ်လာတဲ့အသံ။​အေးချမ်းတဲ့ သူမအ​ဆောင်ကို ဘယ်လိုများမင်းကြီးက......ချက်ချင်းစာအုပ်​လေးကိုပိတ်ကာ စာအုပ်​တွေထားတဲ့ စင်​ပေါ်တင်ထားပြီး စာအုပ်တစ်အုပ်ကိုအမြန်ယူကာ ရင်ဘက်၀တ်ရုံထဲမှ​သော့​ချောင်းကို စာအုပ်ကြားညှပ်ကာ ဂါထာတစ်ခုရွတ်ဆိုလိုက်သည်။ဂါထာဆုံးသည်နှင့် ​သော့သည်လဲစာအုပ်ထဲမှ​ပျောက်ကွယ်ပြီး စာအုပ်အဖုံးတွင်စွဲကျန်ခဲ့သည်။
"မင်းကြီး ကျွန်​တော်မျိုးကိုအ​လောတကြီး ဘာများ-"
*​ဖြောင်း*
"ဟ့"
"မင်းကြီး"
​ဘေးကအထိန်း​တော်​တွေ​ကော ၀န်ဟီးပါရုတ်တရက်ဖြစ်ပျက်သွားတဲ့ အ​ခြေအ​နေ​ကြောင့် လန့်သွားကြပြီး အံ့သြ​နေကြသည်။မင်းကြီးကိုယ်တိုင်လည်း အံ့သြ၍မဆုံး သူသည်ဒီအမျိုးသမီးကို ဘတ်ဂျယ်နဲ့ရှီလာနယ်​မြေစပ်ကြားမှာ​တွေ့ပြီး ရူးမူးစွာချစ်မိ၍ အပိုင်သိမ်းခဲ့တာမဟုတ်လား ခုချိန်ထိလက်မပါခဲ့ဘူးတဲ့သူက ပထမဆုံးသူမကို ရိုက်ဘူးချင်းပင်။
"မင်းကြီး ဘာ​ကြောင့်များ ကျွန်​တော်မျိုးမကို"
'​တော်တယ်'
ဦး​နှောက်ထဲဖြတ်​ပြေး၀င်လာတဲ့ စကားသံ......ဘယ်သူကများ သူ့ကိုခိုင်း​နေသလဲ။
'ကင်ထယ်​ယောင်းကို ရှာချင်တယ်ဆိုရင် စိတ်​ပျော့သွားလို့မဖြစ်ဘူး သူ့ကိုခုချက်ချင်းရိုက်ပြီး ​မေး အမှန်တိုင်းမ​ပြောမချင်း'
သူ့စိတ်၀ိညာဏ်သည် တစ်​ယောက်​ယောက်ရဲ့ စိုးမိုးမှု​အောက်​ရောက်​နေသလို။​အသိစိတ်တို့​ပျောက်ကာ ​ရှေ့က မိဖုရားကို ဆံပင်မှဆွဲကာနောက်လှန်ချပြီး နတ်ဆိုးတစ်​ကောင်လို ပြုမူမိ​တော့သည်။
"မင်းသား​တော်ကိုဖွက်ထားတာမှတ်လား ဘယ်မှာလဲ ခုချက်ချင်း​ပြောစမ်း"
"ဟင့်အင်း ကျွန်​တော်မျိုး သားငယ်​လေးကိုမဖွက်ပါဘူး"
"အ့အ့ မင်းကြီး ကျွန်​တော်မျိုး ဦး​ခေါင်းနာတယ်"
"​ဖြေစမ်း ငါ​မေး​နေတာကို အမှန်တိုင်း​ဖြေစမ်း ဘယ်မှာလဲ"
"ကျွန်​တော်မျိုးမသိပါဘူး မင်းကြီး"
​ဘေးကသူ​တွေက မကြည့်ရက်​သော်လဲ ၀င်မဆွဲရဲ။ခုချိန်မှာ ၀င်ဆွဲရင် ​ခေါင်းပြတ်မှာကျိန်း​သေသည်။
"မင်းကြီး စိတ်​လျော့ပါ"
"ဖယ်စမ်း!!!"
အသံနက်ကြီးဖြင့် ​အော်လိုက်တာ​ကြောင့် အကုန်ထိတ်လန့်ကုန်သည်။မိဖုရားမှာလဲ ​ကြောက့်လန့်မှု​ကြောင့် မျက်ရည်များစွာဖြင့် ဒီမြင်ကွင်းကတအား​ကြောက်ဖို့​ကောင်းသလို သနားဖို့လဲ​ကောင်းသည်။
"ခုချက်ချင်း မိဖုရားရဲ့ အ​စေခံ​တွေတစ်​ယောက်မကျန် ကွပ်မျက်လိုက်"
"မင်းကြီး"
အ​စေခံ​တွေအကုန် ဒူး​ထောက်ကာ ​တောင်းပန်​သော်လဲ မင်းကြီးရဲ့​ဒေါသတို့သည် လက်တစ်ဆစ်​တောင်မကျ။
"ခုချက်ချင်း​ခေါ်သွားပြီး သင်းကွင်းမှာကွပ်မျက်"
"မင်းကြီး ကျွန်​တော်မျိုးမ​တောင်းပန်ပါတယ် ဘာဘဲလုပ်ရလုပ်ရ လုပ်ပါ့မယ် ဒီအ​စေခံမိန်းက​လေး​တွေကအပြစ်မရှိပါဘူး"
လက်အုပ်ချီကာ ​တောင်းပန်​နေ​သော သူမသည် မိဖုရားဆိုတဲ့ဂုဏ်ကိုခဝါချကာ အ​စေခံ​တွေအတွက် ​တောင်းဆို​နေ​လေရဲ့.....။
"မာမားးး ကျွန်​တော်မျိုးတို့​တွေအပြစ်ကိုခံယူပါ့မယ်"
"မင်းတို့မှာဘာအပြစ်မှမရှိဘူး"
မင်းကြီးဟာ ပြုံးရယ်ကာ မိဖုရားကိုကြည့်ပြီး ဆိုလာသည့် စကားသည် အကုန်လုံးကိုထိတ်လန့်​စေသည်။
'သူ့ရဲ့အမြု​တေကို​တောင်းလိုက်'
အသိစိတ်၀င်လိုက် မ၀င်လိုက်ဖြစ်​နေ​သောမင်းကြီးသည် ​နောက်ဆုံး​တွင်မ​ကောင်းသည့်အ​ကောင်ကစိုးမိုးကာ သူပြုသမျှတို့ကိုလုပ်​နေမိသည်။
"မိဖုရားရဲ့အမြု​တေငါ့ကို​ပေး အဲ့တာဆိုဒီအ​စေခံ​တွေကိုမသတ်ဘူး"
ကင်​ဆောင်းဟွာ ​ရွေးချယ်မှုနှစ်ခုကြား ဗျာများရပြီ။အမြု​တေ​ပေးရင် သားငယ်ကိုရှာ​တွေ့မှာ မ​ပေးရင်လဲအပြစ်မရှိတဲ့သူ​တွေ​သေရမည်။
"မင်းကြီး ဒါကမဖြစ်နိုင်-"
"ဘာဘဲလုပ်ရလုပ်ရဆို ငါအခုချက်ချင်းအမြု​တေလိုချင်တယ်!!!"
​​ဝေခွဲမရဖြစ်​နေတဲ့သူမကို မင်းကြီးက အကျီမှဆွဲကိုင်ကာ သူ၏အစွမ်းတို့ဖြင့်အ​ငွေ့တို့ကိုထုတ်ကာ ​ဆောင်းဟွာရဲ့  ကိုယ်တွင်းမှ အမြု​တေကိုမရရ​အောင်ထုတ်ယူ​နေသည်။ခုမင်းကြီးသည် လွန်ခဲ့တဲ့နှစ်၂၀ကထက်​ကြောက်ဖို့​ကောင်းလွန်းသည်။
သူမကိုလက်ထပ်ချင်လို့ ကာမပိုင်​ယောကျ်ားနဲ့ သူမရဲ့ခမည်း​တော်ကိုသတ်ခဲ့သည်။ ခုသားငယ်​လေးအတွက်သူမကိုသတ်သည်။'ငါတို့ကခဏတာ အသုံး​တော်ခံလား။ထယ်​ယောင်း​လေး မင်း​ပြေးနိုင်သ​လောက်​ပြေးပါ နန်း​တော်ကအရမ်းအန္တာရာယ်​တွေများပြီး ​လောဘသား​တွေစု​ဝေး​နေတဲ့​နေရာမို့ မင်းခမည်း​တော်ဆီပြန်​ရောက်လာလို့မဖြစ်ဘူး သား​တော်လဲတစ်​နေ့ မယ်မယ့်လို စွန့်ပစ်ခံရလိမ့်မယ်။အကို​တော်နဲ့နှစ်​ယောက်ထဲတူတူ တစ်​နေရာရာမှ​နေကြပါမယ့်မယ့်က​လေး​လေး နှစ်​ယောက်'
ကိုယ်ထဲမှ အမြု​တေကို မင်းကြီးသည်တစ်ဆင့်ယူ​ဆောင်သွားသည်နှင့် မှိတ်ကျသွား​သော မျက်လုံးများ။
'ဒါကငါ့ရဲ့အဆုံးသတ်လား ​တောင်းပန်ပါတယ် အဆုံးစွန်ထိ မ​စောင့်​ရှောက်​ပေးနိုင်လို့ ချစ်တယ်သား​တော်၂​ယောက်'
ကြမ်းပြင်​ပေါ် ပြုတ်ကျသွား​သော ခန္ဓာငယ်သည် အသက်မဲ့လျက်။
"မာမားးးး"
​ဘေးကအ​စေခံ​တွေက ​အော်ဟစ်ကာ ငိုယိုမှ အသိစိတ်ပြန်၀င်လာတဲ့မင်းကြီး။ကြမ်းပြင်​ပေါ်မှ ခန္ဓာငယ်ကို ကြည့်ကာ ဒူး​ထောက်ပြီး ငို​​ကြွေးမိသည်။
"မိဖုရား.....​ဆောင်းဟွား ထပါအုံး"
'​​ပျော့ညံ့လိုက်တာ အဓိကက ကင်ထယ်​ယောင်းကိုရှာဖို့​လေ ​​မေ့​နေပြီလား ကျန်တဲ့သူ​တွေကိုသတ်ပြီး အမြန်ရှာ​တော့'
ရုတ်ချည်း​ပြောင်းလဲသွား​သော မင်းကြီးသည် ရူး​နေ​လေပြီသလား။
"မိဖုရားရဲ့ အ​စေခံ​​တွေကိုသတ်လိုက်"
အ​ဆောင်​တော်အတွင်း ​အော်ဟစ်သံတို့နဲ့အတူ ​အေးချမ်းစွာအနားယူသွား​သော မိဖုရား။အသက်​ပျောက်ဆုံးသွားတာ​တောင် လှတဲ့အမျိုးသမီး......
"မင်းကိုစ​တွေ့ခဲ့တုန်းက ​သစ္စာပန်း​တွေကိုင်ပြီး ငှက်​လေး​တွေကိုလိုက်ဖမ်း​နေခဲ့တာမင်းသိလား။အဲ့အချိန်​​တွေထဲက မင်းကိုချစ်တယ်လို့ ၀န်ခံခဲ့ရင် ဒီလို​တွေဖြစ်လာနိုင်ပါ့မလား။မင်းက​လေ ငါမဟုတ်တဲ့ အခြားတစ်​ယောက်ကိုလက်ထပ်ပြီး က​လေး​တောင်​မွေး​ပေးခဲ့တယ်တဲ့ ငါ့ကိုနတ်ဆိုးဖြစ်​အောင် မင်းဘဲလုပ်ခဲ့တာသိလား မင်းကို​လောဘတတ်မိလို့ ဒီလို​တွေဖြစ်​နေခဲ့တာသိလား ​ဆောင်းဟွာ"
အသိစိတ်တို့ ၀င်လိုက် ​ပျောက်လိုက်ဖြစ်​နေတဲ့မင်းကြီးသည် ကြမ်းပြင်​ပေါ်လဲကျ​နေ​သော မိဖုရားကိုဖက်တွယ်ကာ ငိုပြီးစကား​တွေအများကြီး​ပြော​နေသည်။မင်းကြီးမသိတာက​တော့ မင်းသား​လေးကင်ထယ်​ယောင်းကို ချစ်လို့အမှား​တွေဆက်လုပ်​နေတယ်ဆိုတာကိုဘဲ။
♡
♡
♡More Than Love🌸🍃
♡
♡
လပြည့်ညဆို​တော့ နန်း​ဆောင်တိုင်းဆီမှာ ​​လူရဲ့​သွေးကို​ဖောက်​သောက်​နေတဲ့ ​သွေးစုတ်​ကောင်​တွေနဲ့ ​အော်ဟစ်​နေတဲ့လူသံကိုကြားရမှာ ကျိန်း​သေသည်။
ညသန်း​ခေါင်ယံ​ရောက်လာ​လေ ထယ်​ယောင်း​သွေးကိုလိုအပ်လာ​လေဖြစ်သည်။
"အားးး ငါ့သွား​တွေကဘာလို့အဲ့​လောက်ယား​နေရတာလဲ"
​စောင်ပုံထဲကထွက်လာတဲ့ ထယ်​ယောင်းသည် အမြှီး​လေး တစ်ယမ်းယမ်းနဲ့။
"ယားးး ငြိမ်ငြိမ်​နေစမ်း"
ရှည်ထွက်​နေတဲ့ အမြှီးရှည်ရှည် လုံးလုံး​လေးကို ကိုင်ကာရိုက်ပစ်လိုက်တဲ့မင်းသားငယ်​လေး။
"အထိန်း​တော် ငါ့ကိုအစားအ​သောက်​တွေမဆပ်သ​တော့ဘူးလား"
ဒီချိန်ဆို အနီ​ရောင်အရည်​တွေဘာ​တွေကို လာထား​နေကြ သူမ​သောက်ဘူးဆို​တောင်အတင်းလာထားကြတာ ခု​တော့ သူ့ဘက်က​ခေါ်ရတဲ့အဖြစ်။
"ဟို....ဟို မြို့စားကြီးက ဒီညအတွက်ဘာမှမပြင်ဆင်ရဘူးဆိုလို့ပါ"
"ဘာ! သူကဘာမို့လို့"
​"​ယောင်းက သိပ်ကိုစွာ​နေတာဘဲ အမြှီးဖြူ​လေးကလှလိုက်တာ"
အ​ဆောင်ထဲ၀င်လာပြီး သူ့နားနားကပ်ကာ ​​ပြောလာသည့်အပြင် သူ့ရဲ့အမြှီး​တွေကိုပါ လာကိုင်ထိ​နေတာ​ကြောင့် ကိုယ်​လေးကိုအ​နောက်ဆုတ်မိသည်။ခုချိန်သူ​ဒေါသ​တွေထွက်​နေတာ​ကြောင့် လူသတ်မိမလား​တောင် မသိဘူး ဒီလူ့မျက်နှာကိုမြင်ရင် ပို​ဒေါသထွက်သည်။သူ့ကိုဂရုမစိုက်စွာ အထိန်း​တော်ကိုသာ စကားဆို​တော့.....
"ဒီမှာ ငါ့ကိုခုချက်ချင်းအစားအ​သောက်​တွေပြင်ဆင်လာခဲ့"
"ကင်ထယ်​ယောင်း ငါကမစားခိုင်းရင် မစားနဲ့"
"ခင်ဗျားကဘာမို့လို့ ငါ့ကိုအမိန့်​ပေး​နေရတာလဲ"
"မင်းအချိုး မင်းပြင်စမ်း"
"ငါကမင်းသား ခင်ဗျားကမြို့စား ကိုယ့်အဆင့်အတန်းကိုယ်သိ"
"​အေး ငါ့အဆင်းအတန်းကမကြာခင် မင်းအ​ပေါ်ကလူဖြစ်လာမှာ လာခဲ့စမ်း!!"
"အားးး ဖယ်"
"အကုန်အပြင်ထွက်!"
အခန်းထဲက သူ​တွေကို​အော်လိုက်ကာ ထယ်​ယောင်းကိုချီကာ အိပ်ရာ​ပေါ် ပစ်တင်လိုက်​သော လူယုတ်မာ.....
"ဖယ်စမ်း ခင်ဗျားမ​သေချင်ရင် ​ဘေးဖယ်"
"အလိုလိုက်ထားလို့ ငါ့ကိုအာခံ​နေတဲ့မင်းကို ဒီတိုင်းထားလို့ မဖြစ်​တော့ဘူး"
အကျီ၀တ်ရုံကို လာဆွဲဖြဲတဲ့ ထိုလူ့လက်​တွေကိုဆွဲဖယ်​တော့ ​တော်ရုံမ​ရွေ့.....ထယ်​ယောင်း လည်ပင်း​ပေါ်​ရောက်လာတဲ့ ထိုလူရဲ့အနမ်းနဲ့အတူ ထယ်​ယောင်းမျက်နှာ​ပေါ်ကျ​ရောက်လာတဲ့ လ​ရောင်။
"မယ်မယ်"
ချက်ချင်းဆိုသလို ​ပြောင်းလဲသွားတဲ့ မျက်လုံးအ​ရောင်သည် သားရဲသဖွယ် ချစ်စရာomegaတစ်​ကောင်မဟုတ်ဘဲ အားသန်တဲ့Alphaတစ်​ကောင်လို။အစွယ်တို့ပိုရှည်ထွက်လာကာ သွားတို့အလွန်ယားလာတာ​ကြောင့် သူ့ကိုနမ်း​နေတဲ့လူကို တွန်းလိုက်ကာ လည်ပင်းသားတို့ကို ကိုက်ချပစ်လိုက်သည်။
"အားးးး မင်း"
လည်ပင်းမှ​သွေးတို့ကို စုတ်ယူကာ ထိုလူ၏လည်ပင်း ကိုညစ်ပြီး အ​ပေါ်​မြှောက်လိုက်ကာ ပြုံးပြလိုက်တဲ့ ထယ်​ယောင်း။ဒီအားနည်းတဲ့ Omegaတစ်​ကောင်က သူ့ကိုပြန်ပြီးယှဥ်နိုင်သည်တဲ့လား။
"ဖယ်စမ်း မင်း"
"ဟားးး နာလား ​​​အာ မနာဘူးဘဲ"
လည်ပင်းကို ပိုစုပ်ကိုင်ကာ နံရံဘက် ဆွဲလှည့်ပြီးပြစ်ချလိုက်​တော့ ထယ်​ယောင်းနန်း​ဆောင်ရှိ ပစ္စည်း​တွေအကုန် ပျက်စီးကုန်သည်။အသံ​တွေ​ကြောင့် အခန်းထဲ​ပြေး၀င်လာတဲ့ ရဲမတ်​တွေနဲ့ အထိန်း​တော်​တွေ။
"သူ့...ကို ချက်ချင်းဖမ်းစမ်း"
ထယ်​ယောင်း သူ့​ရှေ့​ရောက်လာတဲ့တစ်​ယောက်ချင်းစီကို ကိုက်ဖျက်ပစ်​တော့သည်။ငါဘယ်​တော့မှ​ပျော့ညံ့​နေမှာမဟုတ်ဘူး
"မင်းဒီလိုလုပ်​နေတာ မင်းချစ်ရတဲ့​ကောင်ရဲ့ က​လေး​ကိုထိခိုက်​စေနိုင်တာသိလား"
က​လေး သူ့က​လေး.......ကိုကိုလိုချင်တဲ့က​လေး​​လေး
"အ့"
သူ့ကိုအ​​တွေး​တွေနဲ့ချုပ်​နှောင်ပြီး လက်​တွေကိုလာချုပ်တဲ့​ရဲမတ်​တွေ သူအားသုံးကာ ကြိုး​တွေကို ​ဖြေစေ​တော့
ပြုတ်ထွက်ကုန်တဲ့ကြိုးစ​တွေ.......
ဆံပင်ကိုလာဆွဲတဲ့​ကောင်......အဲ့​လောက်ကိုက်ပြီး​သွေးစုပ်ထားတာ​​တောင် မ​သေဘူးလားဒီသူတောင်းစားက။
"မင်း ဒီလိုဆက်လုပ်​နေရင် က​လေးကိုထိ​ခိုက်​အောင်လုပ်ပြစ်လိုက်မယ် အဲ့တာမှတ်ထား"
"သူ့ကို ​ခေါ်သွားစမ်း"
ကိုကိုနဲ့ပတ်သက်ရင် ​ပျော့ညံ့​နေတုန်းဘဲ.......ကိုကို့ရဲ့ က​လေးကို​တော့ ​စောင့်​ရှောက်​ပေးရမယ်မှတ်လား။
သူ့လက်ကို ချုပ်ကာ​ခေါ်သွားတဲ့သူ​တွေကိုလဲ ရန်မမူ​ဖြစ်​တော့။ကျွန်​တော်တို့ရဲ့ က​လေးကို​တော့ အထိအခိုက်မခံနိုင်ဘူး ကိုကို။
♡
♡
♡More Than Love🌸🍃
♡
♡
"​သွေး​ချောင်းစီးအုံးမှာဘဲ"
ညသန်း​ခေါင်ကြီး အဲ့စကားကိုသာ အထပ်ထပ်​ပြော​နေတဲ့ ​ဘေးအခန်းက အဘိုးကြီး​ကြောင့် ​ဆော့ဂျင်လဲအိပ်မ​ပျော် လူ​အော်သံ​တွေကြားရင် ကြပ်သီးကတစ်ဖြန်းဖြန်း။သူခုချိန်ထိ တစ်ခါမှလူ​သွေးမ​ပြောနဲ့ လူ​တွေနဲ့​တောင် အ​ရော၀င်တာမဟုတ်​ပေ။
"​သွေး​ချောင်းစီးအုံးမှာဘဲ"
"အဘိုး ဘာလို့အဲ့တာဘဲခဏခဏ​ပြော​နေတာလဲ"
"​လွန်ခဲ့တဲ့နှစ်၂၀ကလို ​သွေး​ချောင်းစီးအုံးမယ် ပိုင်ရှင်အစစ်အမှန်​တွေ​ပေါ်လာ​တော့မယ် မ​ကောင်းသူ​တွေအပ္ပါယ်သွားရ​တော့မယ် ​သွေး​ချောင်းစီး​တော့မယ်"
လွန်ခဲ့တဲ့နှစ်၂၀ဆိုတာ သူအသက်၆နှစ်​လောက်ကများလား......အဲ့ချိန်က အချိန်​တွေကိုသူ မမှတ်မိ။မျက်လုံးထဲဖြတ်ခနဲ ၀င်လာတဲ့ အဖြစ်အပျက်ဟာ ​သွေးရပ်​စေသည်အထိပင်။သူ့​ရှေ့ကလူကို သတ်လိုက်တဲ့သူ သူ့​ရှေ့မှာရပ်ပြီး​တောင်းပန်​နေတဲ့ မယ်​တော်။
"အားးးးး ဘာ​တွေလဲ"
​​ခေါင်း​ပေါ်လက်တင်ကာ စိတ်ရှုပ်လွန်း၍​အော်မိပင်မဲ့လဲ မွန်းကြပ်​နေစဲ။
♡
♡
♡More Than Love🌸🍃
♡
♡
နန်း​ဆောင်တစ်ခုထဲ ​ခြောက်ကပ်ကပ် ​ခေါင်း​လောင်းဆွဲသံက ညသန်း​ခေါင်​ကျော်ကြီးတွင် လှုပ်ခတ်၍ဆူညံသံကိုကြား​နေရမည်ဖြစ်သည်။အခန်းထဲဝယ် ဖ​ယောင်းတိုင်အဝါ​ရောင်တို့ဖြင့် တစ်ခန်းလုံး အစီရင်စာရွက်​တွေပြည့်နှက်​နေသည့် ​​နေရာ......နန်းတွင်းနတ်ဆရာမကြီးရဲ့ အခန်းပင်။​သွေးစုပ်​ကောင်​တွေက နတ်ဆရာ​တွေဘာ​တွေမယုံကြည်ပင်မဲ့ လူသား​တွေက ပုန်ကန်တာ​ကြောင့်ထားရှိထားခြင်း။
ထို​ခြောက်ကပ်ထိတ်လန့်ဖွယ် အခန်းထဲဝင်လာတဲ့ အနက်​ရောင်ခ​မောက်​စောင်းထားတဲ့လူ။နတ်​တွေအ​ရှေ့ထိုင်ပြီး တရားထိုင်​နေတဲ့ နတ်ဆရာမ​ရှေ့သွားကာ လက်ထဲက စက္ကူအိတ်ကို​ပေးလိုက်သည်။
"ဒီထဲမှာ သူ့ရဲ့ဆံပင်​တွေနဲ့ ငါ့ရဲ့အံ့သွားတစ်ခုလဲပါတယ် အရင်တစ်​ခေါက်ကထက် ပိုပြီးထိ​ရောက်​အောင်လုပ်​ပေး"
"အမိန့်အတိုင်းပါ သခင်ကြီး"
စာ​ခြောက်ရုပ်တစ်ရုပ်ကိုယူကာ စက္ကူအိတ်ထဲက ဆံပင်တို့ကို စာ​ခြောက်ရုပ်နဲ့အတူချည်​နှောင်ပြီး သခင်ကြီးဆိုသူရဲ့ သွားကိုပါထိုအရုပ်ထဲ​​သေချာညှပ်ထည့်ကာ အ​ပေါ်က​နေဆံပင်ပိုင်ရှင်ရဲ့ နာမည်စာရွက်ကို​ကပ်ပြီး နတ်ကွန်း​ပေါ်တင်ကာ အ​မွှေးတိုင်ထွန်း​နေသည့် နတ်ဆရာမ။ သခင်းကြီးရဲ့ လက်မထိပ်ကိုအပ်ဖြင့်​ဖောက်ကာ ကျလာတဲ့ ​သွေးအနည်းငယ်ကို စာရုပ်ရုပ်​ပေါ်ဖြန်းလိုက်ပြီး ဂါထာ​တော်ကိုရွတ်ဆို​တော့သည်။
စာရွက်​ပေါ်ကနာမည်​လေးက​တော့ ​သွေး​ရောင်​တွေဖုံးလွှမ်း​နေသည်မှာ မြင်မ​ကောင်း မကြာခင်မှာရုပ်​သေးရုပ်ဖြစ်​တော့မည်။
"မင်းကိုယ်မင်းမပိုင်​တော့ဘူး
မင်းဟာမင်းမဟုတ်​တော့ဘူး
မင်းဟာသခင်ကြီးရဲ့ အမိန့်ကိုနာခံရမယ်
မင်းဟာသခင်ကြီးရဲ့ အမိန့်ကိုနာခံရမယ်
မင်းဟာသခင်ကြီးရဲ့ အမိန့်ကိုနား​ထောင်ရမယိ"
김태영(ကင်ထယ်​ယောင်း)
"ဟားးးဟားးးဟားးးးး ဒီနိုင်ငံ ဒိလူသားကငါ့အပိုင်ဖြစ်​တော့မှာ"
TBC
#Yung(김영챌)
#More Than Love🌸🍃
ထယ်ထယ့်မိခင် ​သေဆုံးတဲ့ကိစ္စ​ကို​ဖော်ထားပင်မဲ့ ​​ဖော်ပြစရာကိစ္စ​တွေကကျန်​နေ​သေးတယ်​ရော ကျွန်မအလုပ်ရှုပ်​နေလို့updateကကြာ​နေတာပါ ​နောက်ရက်​တွေDaily up​ပေးပါမယ်ရှင့်
စာဖတ်သူတစ်ဦးတစ်​ယောက်ချင်းစီတိုင်းကို ချစ်ခင်​လေးစားလျက်​ကျေးဇူးတင်ပါတယ်🙆🏻‍♀️💜💜💜💜
♡Zawgyi♡
"ဒါကဘာကြီးပါလိမ့်"
"​ယောင်း"
"​ချောက်"
♡
♡
♡More Than Love🌸🍃
♡
♡
"အဲ့​လောက် မြန်မြန်လား"
"ဒါမမြန်ဘူး​ယောင်း"
♡
♡
♡More Than Love🌸🍃
♡
♡
"ငါလဲတစ်စုံတစ်ခုကို လွမ်း​နေသလိုဘဲ ဒါကရီဖို့​ကောင်းတယ်မို့လား သံ​ယောဇဉ်ဆိုတာ ထားမိရင်ဖြတ်​တောက်ဖို့မလွယ်ဘူးတဲ့"
♡
♡
♡More Than Love🌸🍃
♡
♡
"အ့"
~~~~
Flash Back
"တောက် ဒီမိန်းမယုတ်"
*​ဖြောင်း*
"ဟ့"
"မင်းကြီး"
'​တော်တယ်'
"မင်းကြီး စိတ်​လျော့ပါ"
"ဖယ်စမ်း!!!"
"မင်းကြီး"
"မာမားးးး"
♡
♡
♡More Than Love🌸🍃
♡
♡
"ဘာ! သူကဘာမို့လို့"
"အားးး ဖယ်"
"အကုန်အပြင်ထွက်!"
"မယ်မယ်"
"အားးးး မင်း"
"ဖယ်စမ်း မင်း"
"အ့"
"သူ့ကို ​ခေါ်သွားစမ်း"
♡
♡
♡More Than Love🌸🍃
♡
♡
"အားးးးး ဘာ​တွေလဲ"
♡
♡
♡More Than Love🌸🍃
♡
♡
김태영(ကင်ထယ်​ယောင်း)
TBC
#Yung(김영챌)
#More Than Love🌸🍃
Contents
Contents
Comments(0)
Join the discussion — sign in to leave a comment
Sign In to Comment
No comments yet. Be the first to share your thoughts!