Chapter 18 of 32
Episode♡17
More Than Love::TK::{Completed}1,955 words~10 min read
"​ဂျောင်ဂု ဒီလမ်းကမှန်ရဲ့လား"
"သံလိုင်အိမ်​မြှောင်က​တော့ မလိမ်​လောက်ပါဘူး"
သူတို့ ​တောင်အရပ်က လမ်းကို​ရွေးချယ်ပြီး ​လျှောက်လာခဲ့တာ​တောင် ​တော်​တော်ကြာ​နေပြီ ခုထိမ​ရောက်​သေးဘူး။
တစ်​ဖြေး​ဖြေး လမ်း​ပေါက်ကကျဥ်းလာကာ တစ်​ယောက်သာ၀င်ဆန့်​သော လမ်းကျဥ်း​လေးဖြစ်လာသည်။
"သတိထား ​ဂျောင်ဂုငါတို့နန်း​တော်နဲ့ နီးလာပြီထင်တယ်"
"အင်း"
ယွန်းဂီရဲ့ သတိ​ပေးစကားကို ​​ခေါင်းငြိမ့်ကာ​ပြန်​ဖြေပြီး လက်ထဲကမီးတုတ်ကို ပို၍တင်းကျပ်စွာကိုင်ပြီး ​ရှေ့ဆက်လာခဲ့ကြသည်။မကြာ လမ်း​ပေါက်ကအဆုံးသတ်သွားပင်မဲ့ လှိုင်ဂူရဲ့ထွက်​ပေါက်ကရှိမ​နေ။
"ငါတို့လမ်းမှားပြီး ​ရောက်လာပြီထင်တယ်"
"ပြန်လှည့်ထွက်မို့ကလဲ အ​ေ၀းကြီးဘဲ ငါတို့​တော်​တော်ခရီး​ရောက်​နေပြီကို"
"မတက်နိုင်ဘူး ပြန်လှည့်ရမှာ​ပေါ့ ငါတို့မြန်မြန်​ရောက်မှဖြစ်မှာ"
ပြန်လှည့်ထွက်ရန်လုပ်​နေတဲ့နမ်ဂျွန်းနဲ့ ယွန်းဂီမှာ အ​နောက်မှာကျန်ခဲ့တဲ့​ဂျောင်ဂုကို သတိထားမိပုံမ​ပေါ်.....
"ငါတို့လမ်းမမှားဘူး"
"ဟမ်"
"ဟမ်"
နှစ်​ယောက်သားအ​နောက်လှည့်ကြည့်လိုက်​တော့ ​ကျောက်သားနံရံ​တွေကို လက်ထဲကမီးတုတ်ဖြင့် ​​သေချာကြည့်​နေ​သော သူတို့ရဲ့စစ်မှန်တဲ့ဘုရင်။
"ဘာကို​ပြောချင်တာလဲ"
အမြန်​ဂျောင်ဂုနား ​ရောက်လာကာ သူတို့လဲကြည့်​တော့
​ကျောက်နံရံ​ပေါ်မှာ ထွင်းထားတဲ့ ရုပ်ပြဂါထာမန္ထာန်း​တွေ......
"ဒါကဘာ​တွေလဲ"
"ဂါထာတွေ​လေ"
"ဒါကိုငါတို့ကဘာလုပ်ရမှာ​လဲ ဒီစာ​တွေမှငါတို့မဖတ်တတ်တာ"(​ရှေး​ခေတ်အလွန်ကျတဲ့ ဗျည်းအက္ခရာ​တွေပါ​နော်)
​​ကျောက်သား​ပေါ်မှ ထွင်းထား​သောစာသားများကိုလက်ဖြင့် ပွတ်သက်ကြည့်​နေ​သော နမ်ဂျွန်း။
"ငါတို့လမ်းမမှားရင် ဘယ်လို​ရှေ့ဆက်မှာလဲဂါထှာကိုလဲနားမလည်နဲ့ လှည့်ထွက်ပြီး ဟိုဘက်လမ်းကသွားမလား"
"အချိန်မရှိ​တော့ဘူး ခုဆို၀မ်လူကြီးတို့က​ရောက်​နေ​လောက်ပြီ"
"အဲ့တာဆို ဘယ်လိုလုပ်မှာလဲ"
ယွန်းဂီအ​မေးကို ​ဂျောင်ဂုအနည်းငယ်​ခေါင်းရှုတ်စွာ သက်ပြင်းချလိုက်သည်။သူဒီစာသား​တွေ​အကုန်နားမလည် တစ်လုံးစနှစ်လုံးစသာသိသည်။နန်း​သွေးဆက်ဖြစ်ပြီး ဘာလို့မသိတာလဲဆိုရင်​တော့ ကျွန်​တော်ကိုဦးရီး​တော်ကငယ်ငယ်ထဲက တရုတ်ကိုပညာသင်လွှတ်ခဲ့တာ​လေ အဲ့​တော့ ဟန်းဂုရဲ့ ​ရှေးစာသား​တွေကို​မ​လေ့လာခဲ့ရဘူး။ဒါပင်မဲ့ သူတစ်ခြားအရာ​တွေကို ပြည့်စုံစွာတတ်​မြှောက်​နေပါပြီ။
သူတို့ နန်း​တော်ဆီ​ရောက်မို့ တံခါး​ပေါက်ကိုရှာဖို့လုပ်ပင်မဲ့ နံရံ​ကျောက်သား​တွေသာရှိပြီး တံခါးချပ်တစ်ခု​တောင်မရှိ.......
ထိုချိန်သူတို့သတိမထားမိခင်မှာဘဲ ထို​ကောင်​လေး၃​ယောက်ထဲမှ တစ်​ယောက်ရဲ့ လက်မှ အ​ငွေ့​အနည်းငယ်ထွက်လာကာ ​ကျောက်သားတို့ဆီ ရိုက်ခတ်သည်။ပါးစပ်မှလဲ နှုတ်ခမ်းလှုပ်ရုံသာ တစ်ခုခုကိုရွတ်ဆို​နေသည်။
"အနံ့တစ်ခုရသလိုဘဲ"
​ဂျောင်ဂု သူ့နှာ​ခေါင်းထဲ အနံ့တစ်ခုခုရတာမို့ ​ပြောလိုက်ခြင်းပင်။ပတ်ပတ်လည်လှည့်ပတ်ပြီး အနံ့ခံ​တော့ ​ကျောက်သား​တွေဆီက......မကြာ သူလက်​ထောက်ပြီး အနံ့ခံ​နေတဲ့​ကျောက်သားက
*ကျွီဂျီ့......*
​ကျောက်တုံးကြီးကသူ့ဟာသူ လည်ကာလမ်း​ပေါက်တစ်ခုဖြစ်သွားသည်။
"ဒါဘယ်လိုဖြစ်ပြီး"
၃​ယောက်လုံး အံ့သြကာ စကားဆိုပြီး ထို​ကျောက်သားကွယ်မှ လမ်း​ပေါက်ထဲကို၀င်လိုက်​တော့ ​လှေကားတစ်ခု...လက်ထဲကမီးတုတ်ကိုမြှင့်ကာ အ​ပေါ်ကိုကြည့်လိုက်​တော့ သစ်သားပြားလိုအဖုံး။
သူတို့သတိမထားမိခင်မှာဘဲ အ​နောက်က​ကျောက်ပြားကြီးသည် ပြန်ပိတ်သွားကာ အ​​ပေါက်အဖြစ်တစ်စိုးတစ်စိ​တောင်မကျန်ခဲ့။
"ဒါက​တောင်ဘက်နန်း​ဆောင်ဖြစ်မယ်ထင်တယ်"
ယွန်းဂီကဆို​တော့ နမ်ဂျွန်းက ​ခေါင်းငြိမ့်သည်။
မ​ပြောမဆိုနဲ့ ​လှေကား​ပေါ်ကိုတက်သွားတဲ့ ​ဂျောင်ဂု....
အ​ပေါ်က သစ်သားပြားကို အနဲငယ်မကြည့်လိုက်​တော့ ပွင့်ဟ​နေသည်။ဒါလွယ်လွယ်နဲ့ပွင့်​နေမှန်းသိပင်မဲ့ တစ်ခုခုနဲ့ဖုံးအုပ်ထားဟန်.......အားကုန်သုံးကာ ဖွင့်လိုက်​တော့ ချက်ချင်း ဂူထဲကို၀င်လာတဲ့ အလင်း​ရောင်များ။အ​ပေါ်ကို ​ဖြေး​ဖြေးချင်းတက်ကာ ပတ်၀န်းကျင်ကို ကြည့်​တော့ ဘယ်သူမှမရှိ။ဒါက​တောင်ဘက်နန်း​ဆောင်ဆို မိဖုရားကြီးအ​ဆောင်ပါ ဘာလို့လူမရှိရတာပါလိမ့်။
သုံး​ယောက်သား အခန်းထဲ​ရောက်လာကာ လက်ထဲကမီးတုတ်​တွေကို မီးငြိမ်းပြီး ​မြေ​အောက်ဂူ အဖုံးကို ပိတ်လိုက်ကာ အခင်း​တွေနဲ့​သေချာဖုံးပြီး အ​ဆောင်ထဲပတ်ကြည့်လိုက်​တော့ လူမရှိတာကြာလို့ထင် ဖုန်​တွေနဲ့။
"ဒါကမိဖုရားကြီးအ​ဆောင်ဆိုရင် ဘာလို့မိဖုရားကမရှိတာလဲ"
"ငါလဲမသိဘူး​လေ"
"ရှူးးး"
မိဖုရားအခန်းထဲမှ ပြတင်း​ပေါက်အ​သေး​လေးက ပွင့်ဟ​နေသည်။ပြီး​တော့ ခိုဖြူ​လေးတစ်​ကောင်။ချက်ချင်း ခိုဖြူဆီသွားကာ ​ေခြ​ထောက်တွင်ကုတ်တွယ်ထား​သော စာကိုယူဖတ်လိုက်​တော့......၀မ်လူကြီးတို့က ​မြို့ထဲအနှံ့​ရောက်​နေပြီး နန်း​တော်ကိုဝိုင်းထားပြီတဲ့​လေ။
"သူတို့လဲ မအိပ်မနားဘဲလာတာထင်တယ်"
"ရှူးးး တိုးတိုး​ပြော"
​ဂျောင်ဂုကလက်ဖြင့်ဟန့်တားကာ နန်း​ဆောင်အပြင်မှအသံ​တွေကြားရ​တာ​ကြောင့် အ​ရှေ့ဘက်တံခါးဆီအမြန်သွားကာ တံခါးကို ဟကြည့်လိုက်​တော့ မြင်​နေရပါ​သော ​​မြေပြင်​ပေါ်မှာထိုင်ရက်ဖြစ်​နေတဲ့ယောင်းနဲ့လူတစ်​ယောက်။ပြီး​တော့ အမတ်​တွေ​.....
"ပညာရှိအမတ်ကြီးကဘယ်လိုလုပ်...."
"သူကအစထဲက ဘုရင်ကိုအနိုင်စားလိုချင်​နေမှန်း ဟိုတစ်​ခေါက်လာထဲက သိသာ​နေတာကို"
နမ်ဂျွန်းနဲ့ယွန်းဂီစကား​တွေက သူ့နားထဲမ​ရောက်​တော့ ခုသူ့​ရှေ့မှာ​တွေ့​နေရတဲ့ မြင်ကွင်းက သူ့စိတ်ကိုဆွ​နေသည်။ဘယ်နှယ်ကိုယ်​တောင် နူးနူးညံ့ညံ့​လေး ကိုင်တွယ်တဲ့ ပန်း​လေးကို ဘယ်လို​တောင်ကြမ်းတမ်းရသလဲ။
"မင်း ငါနဲ့ သဘက်ခါလက်ထပ်ရမယ် ဒီကအမတ်​တွေက​ပြောပြီးသားမို့ သိတယ် ပြီး​တော့ အခြားအမတ်​တွေကို အ​ကြောင်းကြားလိုက်"
"ဘယ်သူက လက်ထပ်မယ် ​ပြောလို့လဲ ဘယ်သူ့သ​ဘောနဲ့လဲ"
"ငါကလက်ထပ်မယ်ဆို မင်းမှာငြင်းဆန်ပိုင်ခွင့်မရှိဘူး"
"မလုပ်နိုင်ဘူး ငါ့မှာကိုကိုရှိတယ် ကိုကိုရဲ့က​လေးလဲရှိတယ်"
"အဲ့က​လေး​တွေဘာ​တွေ ငါဂရုမစိုက်ဘူး မင်းငါ့ကိုလက်ထပ်ရမယ်"
"မလုပ်နိုင်ဘူး"
အပြင်က​ပြောသမျှကို ကြားရသ​လောက်က​တော့ ​ယောင်းကိုလက်ထပ်မို့​ပြော​နေတာ ဒါဆို ဒီလူကရှီလာမြို့စားဆိုတာလား ပြီး​တော့ က​လေးဆိုတာ ဘာလဲ။မဟုတ်မှ.......ချက်ချင်း မျက်၀န်းတို့တွင်မျက်ရည်စတို့စို့တက်လာသည်။ကိုယ်ထင်သလို​များလား ​ယောင်း......
"မင်းငါ့ကိုကိုက်အုံးမို့လား ဒီတစ်ခါ​တော့မင်းကိုသက်ညှာမှာမဟုတ်ဘူး ထယ်​ယောင်း"
​"ခင်ဗျားကိုလဲ အရှင်မထားဘူး"
တံခါးအ​ပေါက်​သေး​သေး​လေးမှ မြင်​နေရပါ​သော ​ယောင်းသည် ၀ံပု​လွေ​ပုံ​ပြောင်းကာ ဟိုလူနဲ့တိုက်ခိုက်​နေသည်။သူ့​ယောင်း​ပေါက်​လေးတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ.....
"မဖြစ်ဘူး"
တံခါးကိုဆွဲဖွင့်ဟန်လုပ်​နေတဲ့ ​ဂျောင်ဂုကို ယွန်းဂီနဲ့နမ်ဂျွန်းမှဆွဲထားရသည်။
"ဖယ်ကြစမ်း ​ယောင်းထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ"
​ပြောလို့မှမဆုံး​သေး မျက်စိ​ရှေ့မှာတင် ​သွေး​တွေနဲ့​မြေပြင်​ပေါ်လဲကျသွားတဲ့လူ​ပေါ် ခုန်အုပ်လိုက်တဲ့ က​လေးငယ်......​အောက်ကလူမှာ ​ယောင်းပါးစပ်ထဲ ​ဆေးအမှုန့်​တွေထည့်ကာ သူ့လက်​မောင်းနဲ့က​လေးငယ်ရဲ့ လည်ပင်းကိုညှစ်ထားတာ။
ဘယ်​လောက်​တောင်နာ​နေမလဲ ကိုယ့်ရဲ့၀ံပုလွေဖြူ​လေး........
"မြင်ကြလား ​ယောင်းကို နာကျင်​​အောင်လုပ်​နေတာငါသွားမယ်"
"မဖြစ်ဘူး ​ဂျောင်ဂု ခုကမင်းထွက်သွားလို့မရဘူး အချိန်မကျ​သေးဘူး"
"မင်းလူလုံးထွက်ပြရင် ငါတို့​သေသွားလိမ့်မယ် အချိန်တစ်ခုထိ​စောင့်ရ​အောင်"
"ဘယ်ချိန်လဲ ​ယောင်းနာကျင်​နေတာကို ငါကဒီတိုင်းရပ်ကြည့်​နေရမှာလား"
​ဒေါသထွက်စွာ​​ပြောပြီး ​ယောင်းကိုလှည့်ကြည့်​တော့ က​လေးက​သွေး​တွေနဲ့ ​​မြေပြင်​ပေါ်မှာ လဲ​လျောင်း​နေသည်။​သွေးဆက်လက်ကျ​နေသည့် ဓါးကိုကိုင်ထားသည့် ရဲမတ်​တွေနဲ့ ဟိုလူရဲ့ အလယ်မှာ​ယောင်းက​သွေး​တွေနဲ့ သူတစ်​ယောက်လုံးရှိ​နေပါရက်နဲ့ မကာကွယ်နိုင်ပြန်ဘူး......
"​ယောင်း!.....အွန့်"
"ဒါဘာဖြစ်​နေကြတာလဲ"
သူ့ပါးစပ်ကို လာအုပ်တဲ့ နမ်ဂျွန်း.....
"မဖြစ်ဘူး​ဂျောင်ဂု ငါတို့ရည်ရွယ်ချက်ကို မှတ်မိတယ်မို့လား စိတ်လိုလက်ရလုပ်လို့မဖြစ်ဘူး"
ရင်​တွေကွဲပါပြီး ကိုယ့်က​လေးရယ်........
♡
♡
♡More Than Love🌸🍃
♡
♡
"ဒါဘာဖြစ်​နေကြတာလဲ"
"မင်းကြီး"
မျက်စိမျက်နှာ ပျက်​နေတဲ့ အမတ်​တွေနဲ့ ရှီလာမြို့စား....
"ငါ​မောင်မင်းကို ယုံကြည်ပြီးထားခဲ့တာ ယုံကြည်လို့သား​တော်ကိုအပ်နှံခဲ့တာ ခုလို​သွေးထွက်သံယို ဖြစ်​စေခဲ့လို့လား"
"ဟက် မင်းကြီးက​သေရွာနီး​နေပြီဘဲ​လေ ခု​တော့​ပြောထားအုန်း"
​မြေပြင်မှာ လဲ​​နေတဲ့ထယ်​ယောင်းကို ​​ပွေ့ဖက်ကာ ထွက်သွားမည် ပြု​နေသည့် မြို့စားကိုလက်ဆန့်တန်းကာတားလိုက်ပြီး သား​တော်ကို သူ့ရင်ခွင်ထဲ​ရောက်​အောင် ​ပွေ့​တော့ မြို့စားဟန်ကလွှတ်မ​ပေး......
"​မြို့စားဟန်က ခုငါကိုယ်​တော်ကို​အထင်​သေးနေတာဘဲ
ငါကသား​တော်ရဲ့ဖခမည်း​တော်ပါ ငါ့သားကိုချီနိုင်ပါတယ် ဒီဘုရင်ကကျန်းမာတယ်"
"ဟုတ်လို့လား ကျွန်​တော်ကြည့်ရ​တာ​တော့ ခုချက်ချင်း​တောင် ​နတ်ရွာစံတော့မဲ့ရုပ်နဲ့ကို"
"မင်း!!!"
ဘုရင်ရဲ့​အော်သံ​ကြောင့် လန့်သွားတဲ့ အမတ်​တွေ သူတို့လဲဘယ်ချိန် ​ခေါင်းဖြတ်ခံရမယ်မသိ.......
"မင်းကြီး"
ဘုရင့်ကိုယ်ရံ​တော် ဝန်ဟီးက သူ၏နားနားကပ်​ကာပြော​သော စကား​ကြောင့် စိတ်လှုပ်ရှားသွားတာအမှန်ပင်.......
"မင်းကြီး အဆင်​ပြေပါရဲ့လား"
"ဝန်ဟီး သား​တော်ကို ​ခေါ်သွားပြီး ငါကိုယ်​တော်ရဲ့အ​ဆောင်နားကို ​သေချာ​လေးပို့ထားလိုက် ပြီး​တော့မင်းသား​ဆော့ဂျင်ကိုပါ အကျဥ်း​ထောင်က​နေအမြန်ထုတ်ပြီး မင်းသားငယ်နဲ့တူတူထားလိုက်"
သူတို့​ပြောတဲ့စကားက အမတ်​တွေ အထိန်း​တော်​တွေ နန်းတွင်းသူ​တွေရဲ့ကြားမှာရှင်းရှင်း​လေးပင်မဲ့ တစ်ကယ့်​ပြောချင်တဲ့ဆိုလိုရင်းကို ဘုရင်နဲ့ဝန်ဟီးသာသိသည်။
"အမိန့်အတိုင်းပါ မင်းကြီး"
ရှီလာမြို့စားလက်ထဲက မင်းသားငယ်ကို မရရ​အောင်ဆွဲထုတ်ပြီး အလျင်မြန်ဘုရင့်​နန်း​ဆောင်ဘက်ထွက်သွားတဲ့ ဘုရင့်ကိုယ်ရံ​တော်၀န်ဟီး။ဒါကိုလိုက်ကြည့်​နေတဲ့ မြို့စားဟန်......
"ဟက် ဒါကဘာလဲ ဧကန္တ ကျွန်​တော်မျိုး သိထားသလိုဘဲ ​မြေ​အောက်ဂူ​တွေဘာ​တွေထဲသွားထည့်ထားတာများလား"
မင်းကြီးမှာ မသိချင်​ယောင်​ဆောင်ကာ အထိန်း​တော်အား စကားတစ်ခွန်း​ပြောလိုက်သည်။
"ရဲမတ်စစ်သည်​တွေကို အမြန်အသင့်ပြင်ထားခိုင်းလိုက်​တော့"
ထွက်ခွာသွားတဲ့ ​ကျောပြင်ကိုကြည့်ပြီး မြို့စားဟန်ကခနဲ့ပြုံးပြုံးလိုက်သည်။
"ဘာလဲ တိုက်ပွဲဖြစ်မှာလို့​တော့မ​ပြောနဲ့​နော်"
"​​တိုက်ပွဲဖြစ်မှာမဟုတ်ဘူး မောင်မင်းရဲ့ ​သေလမ်းကိုမကြာခင် ​ရောက်​တော့မှာ"
"ဟဟ ငါတို့က​သေမျိုးမှမဟုတ်တာ"
"​အေး ခဏ​နေ​မောင်မင်းဒီစကားဆိုနိုင်မလားဆက်ကြည့်​နေမယ်"
*​တောက်*
♡
♡
♡More Than Love🌸🍃
♡
♡
​​ဆော့ဂျင် အကျဥ်း​ထောင်ထဲတွင် ထိုင်​နေတုန်း တံခါးလာဖွင့်တဲ့ ခမည်း​တော်ရဲ့ မဟုတ်ဘူး ဘုရင့်ကိုယ်ရံ​တော်
"မင်းသားထွက်ပါ"
"ဘာလို့လာထုတ်တာလဲ"
"မင်းကြီးအမိန့်ပါ"
"ငါမထွက်ဘူး"
"မင်းကြီးအမိန့်ကိုမလွန်ဆန်ပါနဲ့ မင်းသား"
​ပေကပ်ကပ်နဲ့မထွက်ဘူးလုပ်နေ​သော မင်းသား​ဆော့ဂျင်ကို ဝန်ဟီးဘယ်လိုထုတ်ရမလဲ......ခုအ​ခြေအ​နေက ​ကောင်းမွန်​နေတာမဟုတ်ဘူး
"လိုက်သွားလိုက်ပါ ​​​ကောင်​လေး မင်းအသက်ရှင်မှဖြစ်မယ် ပြီးရင်ရှီလာကိုပြန်တည်​ထောင်ပါ"
ထူးထူးဆန်းဆန်းဒီ​နေ့မှသူ့ကိုစပြီး စကားလာ​ပြောတဲ့အဘိုးကြီး......​ဆော့ဂျင်လဲ မငြင်းချင်​တော့တာ​ကြောင့် ထွက်လာလိုက်သည်။၀န်ဟီး​နောက်လိုက်လာတဲ့ လမ်းတစ်​လျှောက် ဟိုတစ်စုဒီတစ်စုဖြင့် ရဲမတ်​တွေက ပြည့်​နေသည်။
"ဘာဖြစ်တာလဲ"
​ရှေ့ကလူကို​မေး​တော့ ဘာမှပြန်မ​ဖြေတာ​ကြောင့် သူဟိုကြည့်ဒီကြည့်ဖြင့်သာ အ​ခြေအ​နေကကြည့်ရုံနဲ့ သိသည် တိုက်ပွဲဖြစ်​တော့မည်ဆိုတာ။​နောက်ဆုံး​ရောက်ရှိလာတာက မိုး​မြေနဲ့ ဘိုးဘွား​တွေကိုကန်​တော့တဲ့​နန်း​ဆောင်ဆီကို.....
"ဒီကိုဘာလာလုပ်တာလဲ"
ဘိုးဘွားရဲ့အုတ်ဂူကို ၀န်ဟီးကသူ့အစွမ်း​တွေဖြင့်​ရွှေ့​စေတာ​ကြောင့် အံ့သြကာ ​ဒေါသထွက်၍ ​အော်လိုက်ပြန်သည်။
"မင်းဘိုးဘွားအုတ်ဂူကို ဘာလို့ဖျက်ဆီး​နေတာလဲ"
ချက်ချင်းပွင့်ထွက်သွား​သော အုတ်ဂူနဲ့အတူ ​မြေ​အောက်ခန်းလို​နေရာသို့ သူ့ကိုတွန်းပို့သည်။​မှောင်မည်းမ​နေဘဲ အထဲမှာမီးထွန်းတာတာ​ကြောင့် ​လှေကားမှ ​ဖြေးညှင်းစွာဆင်းလာလိုက်​တော့ ​​ကျောက်နံရံကိုမှီကာ ​​​သွေး​တွေစွန်းထင်း​နေတဲ့၀တ်ရုံနဲ့ လဲ​လျောင်း​နေတဲ့ ညီ​တော်​လေးကို ​တွေ့​တော့သူ့မှာအ​ပြေးသွားကာ ရင်ခွင်ထဲထည့်ထားမိပြန်သည်။
"ဘယ်လိုဖြစ်တာလဲ အကို​တော့်ရဲ့က​လေးကိုဘယ်သူကဒီလိုထိခိုက်​အောင်လုပ်တာလဲ ဟိုမြို့စားလား"
ပိုးလိုဥထားတဲ့ ဒီက​လေးကို ထိခိုက်​အောင်လုပ်တဲ့​ကောင်ကိုသူခွင့်လွှတ်မည်မဟုတ် ​ဒေါသမျက်ရည်နဲ့ဆို​​နေတဲ့ သူ့ကိုဝန်ဟီးကကြည့်ပြီး ပြုံးပြသည်။ဒီလူကရီတတ်တာလား.......
"ဒီထဲက​နေလုံး၀ထွက်လာလို့ မဖြစ်ပါဘူး မင်းသား​ဆော့ဂျင် ဘာဘဲဖြစ်ဖြစ် ထွက်မလာပါနဲ့"
အ​ပေါ်ကိုပြန်တက်သွားပြီး အထုတ်တစ်ခုဆွဲကာ ပြန်ဆင်းလာတဲ့ ၀န်ဟီး.....
"ဒါကမင်းသား​လေးတို့အတွက် လိုရမယ်ရပါ ဘယ်အ​ခြေအ​နေဘဲဖြစ်ဖြစ် လုံး၀အ​ပေါ်ကိုတက်မလာပါနဲ့"
သတိ​ပေးတာမဟုတ်ဘဲ အမိန့်​ဆောင်ကာ​ပြောသွားသည့် လူရဲ့​ကျောပြင်ကိုကြည့်ပြီး တစ်ခုခုကိုနားလည်သွားသည့်​​ဆော့ဂျင်.....
"ဒါနဲ့ ဟိုအကျဥ်း​ထောင်ထဲက အဘိုးကြီးက​ကော"
"သူတို့ကအစထဲက အပြစ်သား​တွေပါ သူတို့ကိုလွှတ်​ပေးလို့မရပါဘူး"
ရင်ခွင်ထဲက ညီငယ်ကိုကြည့်ကာ ထိခိုက်မှုမရှိရန်သာ ဆု​တောင်း​နေမိသည်။သူ့မှာ ဒီညီ​လေးဘဲရှိတာမို့ ထိခိုက်မှုတစ်ခုမရှိရ​အောင်ကို ကာကွယ်​ပေးမည်။
♡
♡
♡More Than Love🌸🍃
♡
♡
"​ဂျောင်ဂု ငါ့တို့​နောက်ကလိုက်သွားကြမလား"
"မလိုက်နဲ့ ခုနန်းတွင်းထဲကလူ​တွေတစ်​ယောက်ချင်းစီရှင်းမယ်"
အပြင်မှာ၀မ်လူကြီးမင်းတို့ နန်း​တော်ကိုဝိုင်းထား​ရော​ပေါ့.......
"ငါတို့ဒီကဘဲ လှုပ်ရှားရ​အောင်"
နင်းရင်ပြင်​ပေါ်မှာ ​သွေးစုတ်​​ကောင်​တွေကစု​ေ၀းလို့ အမတ်​တွေ​ကော ရဲမတ်တစ်ချို့​ကော မင်းကြီးက ဘာ​​တွေပြော​နေလဲမသိဘူး ​သေရမှာဘဲကို မှာ​နေ​သေးတယ်။
နမ်ဂျွန်းမှာနန်းတွင်းက အ​စေခံ​တွေကိုသုတ်သင်ရန် တိတ်တဆိတ်ထွက်သွားသည်။ယွန်းဂီမှာလဲ ကျန်ရှိ​နေတဲ့ ရဲမတ်​တွေဆီသို့......​ဂျောင်ဂုမှာ​တော့ နန်းရင်ပြင်နားက အ​ဆောင်တစ်ခုတွင် အသီးသီးရှိ​နေကြသည်။တိုက်ပွဲအတွက် သူတို့အပြင်ကိုအာရုံ​ရောက်​နေချိန် ​ဂျောင်ဂုတို့က နန်း​တွေင်းထဲက အ​စေခံတစ်​ယောက်မကျန်အရင်သတ်ဖျက်ရန်လုပ်ပြီး တစ်ချို့အမတ်​တွေ စစ်သည်တစ်ချို့ကို သတ်ရန်လုပ်ထားသည်။​သွေးစုတ်​​ကောင်ဆို တစ်​ယောက်​တောင်အရှင်မထားဘဲ သတ်ရန်ဖြစ်သည်။
"အရှင်မထားဘူး ခင်ဗျားကို ကျွန်​တော့မိဘ​တွေခံစားရသလို ခံစား​စေရမယ် ခင်ဗျား"
♡
♡
♡More Than Love🌸🍃
♡
♡
(ပုံ​လေးကို တိုက်ပွဲအတွက် စစ်​ကြောင်း​တွေချီတက်လာတယ်လို့ မြင်​ပေး​နော်)
"ငါတို့ လွန်ခဲ့တဲ့ နှစ်၂၀ကလိုဘဲ ဘယ်အရာကိုမှ မ​ကြောက်ဘဲ ​အေး​ဆေးတိုက်ရမယ် လူသား​တွေကိုငါတို့သတ်နိုင်တယ်ဆိုတာ မင်းတို့မြဲမြဲမှတ်ထားရမယ် အဲ့တာ​ကြောင့် အတတ်နိုင်ဆုံး ကိုယ့်ကိုကိုယ်ကာကွယ်ပြီးတိုက်ကြ"
တရုတ်ကလာတိုက်တာ သူတို့ကို​သေ​စေနိုင်တဲ့ လက်နက်​တွေပါတယ်ဆိုတဲ့အ​ကြောင်း​တော့ မ​ပြောဖြစ်​တော့ ငါတို့မျိုးနွယ်​တွေ​ကြောက်​နေလို့မဖြစ်ဘူး.....
"မင်းကြီး မင်းသား​လေး​တွေနဲ့ တူတူ-"
"​နေပါ​စေ ငါဘုရင်က​ကြောက်တတ်တဲ့သူမဟုတ်ဘူး အဲ့တာ​ကြောင့်ပုန်းကွယ်မ​နေဘူး ငါ့ထီးနန်းကိုငါ​စောင့်​ရှောက်ရမယ် ဒီပွဲကိုနိုင်မှဖြစ်မယ် အဟွတ် အဟွတ်"
"မင်းကြီး"
"စိတ်မပူနဲ့ ၀န်ဟီး သား​တော်၂ပါး အန္တာရာယ်ကင်းဖို့လိုတယ် မင်းက​သေ​ချာ​စောင့်​ရှောက်​"
*ဝူးးးးးးးးး*
အ​ရှေ့နန်းမြို့ရိုးမှ သတိ​ပေး​သောအသံပင်......ဒါဆို ပထမစည်းပြတ်သွားပြီဆိုတဲ့သ​ဘော​ပေါ့
"၀န်ဟီး အထဲမှာ စစ်သည်​တွေကျန်​သေးတယ်မှတ်လား"
"ကျန်ပါ​သေးတယ် မင်းကြီး"
"တိုက်!!!!"
မင်းကြီးရဲ့အမိန့်ရတာနဲ့ လက်နက်​တောင်မယူဘဲ ​ပြေးထွက်သွားကြတဲ့ စစ်သည်တို့.......သူတို့မကြာ​သေးခင်ရက်ကမှ တိုက်ပွဲဖြစ်ပြီး ပြန်လာတာ ခု​ရောက်​ရောက်ချင်း မနားရဘဲ တိုက်ပွဲ​ဖြစ်တာ ဘယ်​လောက်​တောင် စစ်သည်​တွေ​လျော့နည်း​နေသလဲ။
နန်း​ရင်ပြင်မှ မတ်တပ်ရပ်ပြီးကြည့်​နေတဲ့ မင်းကြီး
*ဝူးးးးးးးး*
"ဒုတိယစည်းလဲ ပြတ်သွားပြီ"
ပြုံးရယ်ကာ​ပြောတဲ့မင်းကြီး။မင်းကြီးက မပြုံးတာဘယ်​လောက်တာကြာပြီလဲ........
ချက်ချင်းဆိုသလို နန်း​ရင်ပြင်ထဲ​ရောက်လာတဲ့ ​သေနတ်​တွေ ဓါး​တွေကိုင်ဆွဲထားတဲ့ လူ​တွေ.......ဘာလဲ ဒီလူသား​တွေကိုမနိုင်ဘူးလား။ချက်ချင်း ​သွေးစုတ်​ကောင်ပုံ​ပြောင်းကာ စစ်သည်ရဲမတ်​တွေရှိတဲ့ နန်းရင်ပြင်​အောက်​ပြေးဆင်းမယ်ပြု​တော့ လက်ကလှမ်းဆွဲထားတဲ့ မြို့စားဟန်.....
"မင်း!!!"
"မင်းကြီး အဲ့ထဲသွားရင် ​သေသွားလိမ့်မယ်"
"ဟက် ငါဆိုတဲ့ ဘုရင်က မ​သေဘူး"
နန်းတွင်းတစ်ခုလုံး ​သွေး​တွေဖုံးလွှမ်းလာကာ ​သေနတ်သံ​တွေကကျယ်​လောင်လျက်........​သွေးစုတ်​ကောင်​တွေလဲ ​သေသလို လူသား​တွေရဲ့အသက်​တွေလဲ​ပေးဆပ်ထားရသည်။နန်း​ဆောင်အကွယ်တစ်​နေရာက ​ဂျောင်ဂုမှာ လက်ထဲက​သေနတ်ကို ​မောင်းတင်ပြီး ဘုရင်ရဲ့ နှလုံး၀တည့်တည့်ကို ချိန်ရွယ်ထားလိုက်သည်။
ပစ်ရန် လက်ညှိုးကို ​ကွေးလိုက်​တော့ ကျယ်​​လောင်တဲ့အသံနဲ့အတူ အရှိန်နဲ့ထွက်သွားတဲ့ ​ကျည်ဆန်း။မြို့စားဆိုသူနဲ့ စကားများ​နေချိန်ချက်ချင်း ပစ်လဲသွား​သော မင်းကြီး........​ဂျောင်ဂု ပြုံးမိသည်။
"ခင်ဗျား ​သေသင့်တယ်"
​ပြောပြီး နန်း​ဆောင်ကထွက်လာ​တော့ သူ့ကိုသတ်ရန်​ပြေးလာတဲ့ ​​သွေးစုတ်​ကောင်​တွေ သူ့အနား​ရောက်တာနဲ့ လွင့်ထွက်သွားတဲ့​ကောင်​တွေ......
"ဘာလဲငါလဲဘာမှမလုပ်ဘဲ"
သူ့နားကိုကပ်လို့မရတာ​ကြောင့် သူ့မှာထိုတိုက်ခိုက်​နေတဲ့လူ​တွေကြား ​အေး​ဆေး​တောင်လမ်း​လျှောက်နိုင်သည်။
♡
♡
♡More Than Love🌸🍃
♡
♡
အကျဥ်း​ထောင်ရဲ့ တစ်​နေရာမှာ တိုက်ခိုက်​နေတဲ့ အမဲ​ရောင်အ​မွှေး​တွေနဲ့ ဝံပု​လွေတစ်​ကောင်။မဲနက်​နေတဲ့ အ​မွှေး​တွေ​ပေါ်မှာ ​သွေး​နီနီတွေက​ပေလို့ မျက်လုံးတို့က​အေးစက်စွာ ​​ဒေါသရိပ်တို့စွဲထင်​နေသည်.......အကျဥ်း​ထောင်ကရဲမတ်​တွေကို သတ်ပြီး ​ထောင်ထဲကို ၀င်လာ​တော့ အကျဥ်းသား​တွေကလန့်​နေကြသည်။အခန်းတစ်ခန်းအ​ရှေ့​ရောက်​တော့ ချက်ချင်းလူအသွင်​ပြောင်းသွားတဲ့ ​ကောင်​လေး.......
"အဖိုး ကျွန်​တော်လာတယ်"
"ယွန်းဂီလား"
နံရံဘက်လှည့်ကာ ထိုင်​နေ​သော အဖိုးက နှစ်​တွေအများကြီးကြာတာ​တောင် သူ့ကိုမှတ်မိ​နေတာမို့ ​​နွေး​ထွေး​သော အပြုံးတစ်ခုကို ပြုံးရယ်မိသည်။
"ဟုတ် ကျွန်​တော်ပါ အဖိုး"
"ငါ့​မြေး​လေး ​တော်​တော်ကြီးလာပြီဘဲ ​တစ်ကိုယ်လုံးလဲ ​သွေး​တွေနဲ့ လာလာအဖိုးနဲ့လာ​နေ အပြင်မှာ ​သွေး​တွေနဲ့ နန်း​တော်တစ်ခုလုံး ပြည့်​နေပြီ"
"ကျွန်​တော် အဖိုးကို လာ​ခေါ်တာပါ"
အကျဥ်း​ထောင်ထဲမှာက အကျဥ်းသားဆိုလို့ နည်းနည်း​လေးရယ် ကျန်တဲ့အကျဥ်းသား​တွေကို ​သော့​တွေဖျက်​ပေးလိုက်တယ် ထွက်ရင်လဲ​သေမှာ ​ဒီတိုင်း​နေလဲ​သေရမှာဘဲ.......အဖိုးကို တွဲကာ အပြင်ထွက်လာပြီး လုံခြုံမည့်​နေရာတွင် ထားခဲ့ရသည်။ဒါ​တောင် ​သွေးစုတ်​ကောင်​တွေကလာလာကိုက်လို့ သူ့မှာ ဝံပု​လွေဖြစ်လိုက်လူဖြစ်လိုက်နဲ့တိုက်ခိုက်ရ​သေးတာ။
'တစ်​ယောက်မှအရှင်မထားဘူး'
♡
♡
♡More Than Love🌸🍃
♡
♡
ထယ်​ယောင်း ​ခေါင်းများကိုက်ခဲစွာနိုးလာ​တော့ အကို​တော်ကငိုကာ သူ့ကိုဖက်ထားသည်။
"အကို​တော် ဘာလို့ငို​နေတာလဲဟင်"
"ငယ်​လေး ဘာမှမဖြစ်လို့​တော်​သေးတာ​ပေါ့"
"အကို​တော် ထယ်တို့ဘယ်​ရောက်​နေတာလဲ"
​​​ကျောက်သား​တွေအ​ပေါ်မှာ ထိုင်​နေရတာမို့ သူ​မေးမိသည်။​ဘေးမှာလဲ မီးတုတ်နဲ့ သူတို့နား​လေးဘဲ လင်းထင်းပြီး တစ်ခြား​နေရာ​တွေက​မှောင်မဲလို့။
"ထယ်တို့ဘယ်​ရောက်​နေတာလဲလို့"
"အ့"
"ငယ်​လေး အဆင်​ပြေရဲ့လား အရမ်းမလှုပ်နဲ့"
ထယ်​ယောင်းလှုပ်ရွမိ​တော့ ဗိုက်ကထိုး​အောင့်ကာ လှုပ်ရှားလို့မရ......
​၀တ်ရုံကို မပြီးကြည့်လိုက်​တော့ ​ခြေ​ထောက်မှာ​သွေး​တွေ......
"ဘာ​တွေလဲ ဟင့် အကို​တော် ​သွေး​တွေ"
"အင်း ငယ်​လေး အစက​တောင်မရှိဘူး ခုဏကမှ အများကြီးကျလာတာ"
"မဟုတ်မှထယ့်က​လေး မဖြစ်ဘူး အကို​တော် ထယ့်က​လေးတစ်ခုခုဖြစ်ပြီထင်တယ် ကယ်ပါအုံး ထယ့်က​လေး​သေပြီလားမသိဘူး အကို​တော်လို့ အားးးး ကယ်ပါ ကိုကို့က​လေးကို"
​ဆော့ဂျင်ရင်ခွင်ထဲ ၀င်ကာရင်ဘက်ကိုထုပြီး ငို​နေတဲ့ ငယ်​လေးကအရမ်းသနားဖို့​ကောင်းတယ်....ကိုကို့ရဲ့က​လေးတဲ့လား ငယ်​လေးက ​ယောကျ်ားတစ်​ယောက်အတွက် ရင်​သွေးကိုလွယ်ခဲ့တာလား.......
"ငယ်​လေးမငိုနဲ့​တော့ ငယ်​လေးငိုရင် ငယ်​လေးရဲ့က​လေးကစိတ်ဆိုး​ပြီး ပြန်မလာရင်ဘယ်လိုလုပ်မလဲ"
"ဟင့်အင်း ထယ့်က​လေးကို သူတို့တစ်ခုခုလုပ်လိုက်တာ ဟင့်ကိုကိုက​လေးကို​လေ သူတို့ကသတ်လိုက်ပြီ သူ့ကိုပြန်သတ်မယ်"
*ဝုန်း*
အ​ပေါ်က​နေ အသံမျိုးစုံကြား​နေရတာ​ကြောင့် လန့်သွားကာ အသံတိတ်​နေရသည်။​သေနတ်သံ​တစ်ချက်က သူတို့ရဲ့နှလုံး​ ခုန်ပေါက်ထွက်မတက်လန့်ရသည်။
"အ​ပေါ်မှာဘာဖြစ်​နေတာလဲ အကို​တော် မဟုတ်မှလွဲ​ရော တိုက်ပွဲဖြစ်​နေတာလား"
"ဘာမှမဖြစ်ဘူးငယ်​လေး ဘာမှမဖြစ်ဘူး ဒီတိုင်းငြိမ်ငြိမ်​လေး​နေ​နော်"
သူ့နားနှစ်ဖက်ကို အုပ်ကာ​ပြော​နေ​သောအကို​တော်က မျက်ရည်များစွာဖြင့်။
"မဖြစ်ဘူး ဒီတိုင်းထားလို့မဖြစ်ဘူး ခမည်း​တော်​ကော ခမည်း​တော်တစ်ခုခုဖြစ်​နေပြီထင်တယ်"
"ဘာမှမဖြစ်ပါဘူး ငယ်​လေးရယ် ဒီတိုင်းမကြားချင်​ယောင်​ဆောင်ရ​အောင်"
"အကို​တော်!!! ဒါထယ်တို့ခမည်း​တော်နဲ့ ထယ်တို့ရဲ့နန်း​တော်ဘဲ​လေ အကို​တော်အ​ဖေကိုသတ်ခဲ့လို့ ထယ့်ခမည်း​တော်ကို ​သေ​စေချင်တာလား"
"မဟုတ်ဘူးငယ် ငယ်​လေးမှား​နေပြီ"
အကို​တော်ရဲ့ရင်ခွင်ထဲမှ ရုန်းထွက်ကာအ​ပေါ်ကိုတက်မည်ပြု​နေတဲ့ ထယ့်ကိုဆွဲထားပြန်သည်။အတင်းရုန်းကန်ကာ အ​ပေါ်သို့တက်ပြီးတံခါးဖွင့်မရတာ​ကြောင့် ​မေ​မေငယ်ငယ်က​ပြောပြတဲ့ဂါထှာတစ်ခုကိုရွတ်ဆိုလိုက်​တော့ သူ့ဟာသူပွင့်သွားတဲ့ တံခါးချက်.....အမြန်​ပြေးထွက်သွားတဲ့ ငယ်​လေး​နောက်​ပြေးလိုက်သွားတဲ့ ​ဆော့ဂျင်......မသိခင်အချိန်မှာတင် သူ့​လက်​မောင်းကို လာမှန်တဲ့ ကျည်ဆန်......
"အ့ ငယ်​လေး!!!"
ချက်ချင်း လဲကျကာ လက်​မောင်းမှ​သွေး​တွေထွက်ကာ လဲကျသွား​သော ​ဆော့ဂျင်။
♡
♡
♡More Than Love🌸🍃
♡
♡
"အော် ​ကံကြမ္မာကိုငါပိုင်တယ်ထင်ခဲ့တာ ခု​တော့ငါ့ကိုကံကြမ္မာဆိုတဲ့​ကောင်ကလှည့်စားသွားပြီဘဲ"
​​ဂျောင်ဂု မင်းကြီးအနား​ရောက်​တော့ မြို့စားဆိုသူကရှိမ​နေ​တော့ မင်းကြီးရဲ့ရင်၀မှာ​တော့အကျီက​ပေါက်လို့ ပြုံးရယ်လိုက်သည်။ခင်ဗျားကိုကျွန်​တော့ လက်နဲ့ပြန်သတ်ခွင့်ရလို့​လေ.......
"ဘယ်လိုခံစားရလဲ မ​သေမျိုးမင်းကြီးက​သေရ​တော့မယ်ဆို​တော့ ခင်ဗျားသိလား လွန်ခဲ့တဲ့နှစ်၂၀ကခင်ဗျားကျွန်​တော့မိဘ​တွေကိုသတ်ပြီး ဂျိုဆွန်းကိုယူခဲ့တာ​လေ"
"အဲ့တာ.....မင်းလား.....မင်းက​တော်​တော် အသက်ရှည်တာဘဲ"
"ခင်ဗျားကိုလက်စားမ​ချေရမချင်း မ​သေနိုင်ဘူး"
"ငါ့သားငယ်ကို​စောင့်​ရှောက်​ပေးပါ"
"ဒါကခင်ဗျား​ပြောစရာကို မလိုတာ"
"ပြီး​တော့ ​တောင်း....ပန်...."
​ပြောရင်းတန်းလန်းနဲ့ မျက်စိ​တွေမှိတ်ကျသွားတဲ့ လူ.....
"ခမည်း​တော်!!!"
အ​နောက်က​နေ သူ့ချစ်ရသူရဲ့​အော်သံကြားလို့ လှည့်ကြည့်လိုက်​တော့ က​လေးငယ်​လေးကမျက်နှာ​လေးဖြူဖက်ဖြူ​ရော်နဲ့ ၀တ်ရုံတစ်ခုလုံး​သွေး​တွေ​ပေကာ ​ပြေးလာပြီး သူ့ကိုတွန်းဖယ်ကာ သူ့ခမည်း​တော်ကို​အော်နှိုး​နေသည်။
"ခမည်း​တော် ခမည်း​တော် ထပါအုံး ထယ်ထယ့်ကိုထကြည့်ပါအုံး မ​သေပါနဲ့ ထယ့်မှာ ခမည်း​​တော်ကို မယ်မယ့်အတွက်​တောင် အပြစ်မ​ပေးရ​သေးဘူး​လေ မ​သေပါနဲ့ဆို အင့်"
သူ့ကိုဖက်တွယ်လာတဲ့ ကိုကို့ကို ​ဒေါသရိပ်တို့ဖြင့် ကြည့်လိုက်သည်။
"ကိုကိုသတ်လိုက်တာမှတ်လား ဘာလို့သတ်တာလဲ ကိုကို့ကို ခမည်း​တော်ကဘာလုပ်လို့သတ်ရတာလဲ ဘာလဲ​နန်း​တော်နဲ့ ဘုရင့်​နေရာက်ုလိုချင်လို့ ​ယောင်းအနားကိုကပ်ခဲ့တာလား ​ယောင်းကိုမချစ်ဘဲ ဘုရင့်​နေရာကိုတပ်မက်လို့ ​ယောင်းကိုချစ်ချင်​ယောင်​ဆောင်ခဲ့တာလား"
"မဟုတ်ဘူး ​ယောင်း ​ယောင်းထင်သလိုမဟုတ်ဘူး"
"ဘာလို့မဟုတ်ရမှာလဲ ခင်ဗျားပြုံး​နေခဲ့တယ် ခမည်း​တော်​သေတာက်ုခင်ဗျား​ပျော်​နေတာ ​တွေ့တယ် ဘာလို့လဲမချစ်ဘဲ​​ကျွန်ကိုအသုံးချရတာလဲ ​ကျွန်​တော့ကိုဘာလို့လဲ ခင်ဗျားကိုဘယ်​လောက်​တောင်ချစ်ခဲ့လဲ ဘာလို့​ကျွန်​တော့အ​ပေါ်ကိုမှ ဒီလိုလုပ်ရတာလဲ ခမည်း​တော်ကိုသတ်တဲ့ ခင်ဗျားကိုအရမ်းမုန်းတာဘဲ မုန်းတယ် မုန်းတယ်လို့"
"​ယောင်း!!!! က​လေးကိုယ့်က​လေး​​လေး"
လက်​ပေါ်မှာ ​မေ့လဲသွားတဲ့ က​လေးရဲ့ပါး​လေး​တွေကိုဖွဖွလေးပုတ်ကာနှိုး​တော့ နိုးမလာ......​​တစ်ချိန်ချိန်မှာ ​ယောင်းမုန်းလာမယ်ဆိုတာ သိတာမို့ ကိုယ်က​ကျေနပ်စွာခံယူပါမယ်။မုန်းတယ်ဆိုရင်​တောင် ကိုယ့်အနားက​နေ​တော့ ထွက်မသွားပါနဲ့ ကိုယ့်ရဲ့က​လေးငယ်......
နန်းရင်ပြင်မှာ သတ်ပုတ်​နေကြတဲ့သူ​တွေနဲ့ ​သွေး​တွေကမြင်မ​ကောင်း.......ကိုယ့်ရဲ့အမုန်းတရားတစ်ခုအတွက်နဲ့ လူ့အသက်​တွေ​ပေးဆပ်လိုက်ရပြီ......​ယောင်းထင်ချင်သလိုထင်လို့ရပါတယ် ဒါပင်မဲ့ ကိုယ်​ယောင်း​ပေါ်ထားခဲ့တဲ့ အချစ်​တွေက​တော့တကယ်ပါ။
​ယောင်းမယုံရင် ကိုယ်ကယုံကြည်​အောင်ပြမှာမို့ ကိုယ့်နားက​နေ​တော့မထွက်သွားပါနဲ့ ​ယောင်းအမုန်း​တွေနဲ့ထိုက်တန်တာမို့ မုန်းလို့ရတယ်​ယောင်း.........
ရုတ်တရက်ဆန်စွာ ရွာချလာတဲ့မိုးက နန်းရင်ပြင်​က​သွေး​တွေကို​ဆေး​ကြော​ပေး​နေဟန်......ပြာလဲ့လဲ့ထင်းရှူးရနံ့​လေးကလဲ သူ့ကိုအထီးကျန်​စေသည်။သူစခဲ့တဲ့ဇာတ်လမ်းက​ ​အောင်မြင်ခဲ့ပင်မဲ့ ချစ်ရသူနဲ့နှလုံးသားက အမုန်းတရား​တွေကြားစ​တေးခံ​မြေစာပင်ဖြစ်ခဲ့တယ်။
#TBC
#MoreThanLove🌸🍃
#Yumg(김영챌)
#태국
ဒီFic​လေးကလိုအပ်ချက်​တွေရှိပြီး မ​ကောင်းမှန်းသိပါတယ် သည်းခံပြီးဖတ်​ပေးကြတဲ့ သူ​တွေကို​ကျေးဇူးအများကြီးတင်ပါတယ်🥺
ကျွန်မအမှန်​တော့Examရှိလို့ စာ​တွေလုပ်​နေရတာပါ daily upဖို့လဲမအားနဲ့ကတိမတည်သလိုဖြစ်​နေတာ အတတ်နိုင်ဆုံး​တော့ ​ရေးပြီးup​ပေးပါတယ်​နော်🙆🏻‍♀️
♡Zawgyi♡
"အင်း"
"ပြန်လှည့်ထွက်မို့ကလဲ အ​ဝေးကြီးဘဲ ငါတို့​တော်​တော်ခရီး​ရောက်​နေပြီကို"
"ငါတို့လမ်းမမှားဘူး"
"ဟမ်"
"ဟမ်"
"ဘာကို​ပြောချင်တာလဲ"
"ဒါကဘာ​တွေလဲ"
"ဂါထာတွေ​လေ"
"အနံ့တစ်ခုရသလိုဘဲ"
*ကျွီဂျီ့......*
"ဒါဘယ်လိုဖြစ်ပြီး"
"ငါလဲမသိဘူး​လေ"
"ရှူးးး"
"ရှူးးး တိုးတိုး​ပြော"
"မလုပ်နိုင်ဘူး"
"မဖြစ်ဘူး"
"​ယောင်း!.....အွန့်"
"ဒါဘာဖြစ်​နေကြတာလဲ"
♡
♡
♡More Than Love🌸🍃
♡
♡
"ဒါဘာဖြစ်​နေကြတာလဲ"
"မင်းကြီး"
"မင်း!!!"
"မင်းကြီး"
*​တောက်*
♡
♡
♡More Than Love🌸🍃
♡
♡
"မင်းသားထွက်ပါ"
"ဘာလို့လာထုတ်တာလဲ"
"မင်းကြီးအမိန့်ပါ"
"ငါမထွက်ဘူး"
"ဘာဖြစ်တာလဲ"
"ဒီကိုဘာလာလုပ်တာလဲ"
♡
♡
♡More Than Love🌸🍃
♡
♡
နင်းရင်ပြင်​ပေါ်မှာ ​သွေးစုတ်​​ကောင်​တွေကစု​ဝေးလို့ အမတ်​တွေ​ကော ရဲမတ်တစ်ချို့​ကော မင်းကြီးက ဘာ​​တွေပြော​နေလဲမသိဘူး ​သေရမှာဘဲကို မှာ​နေ​သေးတယ်။
♡
♡
♡More Than Love🌸🍃
♡
♡
"မင်းကြီး"
*ဝူးးးးးးးးး*
"တိုက်!!!!"
*ဝူးးးးးးးး*
"မင်း!!!"
"ခင်ဗျား ​သေသင့်တယ်"
"ဘာလဲငါလဲဘာမှမလုပ်ဘဲ"
♡
♡
♡More Than Love🌸🍃
♡
♡
"အဖိုး ကျွန်​တော်လာတယ်"
"ယွန်းဂီလား"
♡
♡
♡More Than Love🌸🍃
♡
♡
"အ့"
ဆော့ဂျင်ရင်ခွင်ထဲ ၀င်ကာရင်ဘက်ကိုထုပြီး ငို​နေတဲ့ ငယ်​လေးကအရမ်းသနားဖို့​ကောင်းတယ်....ကိုကို့ရဲ့က​လေးတဲ့လား ငယ်​လေးက ​ယောက်ျားတစ်​ယောက်အတွက် ရင်​သွေးကိုလွယ်ခဲ့တာလား.......
*ဝုန်း*
"အ့ ငယ်​လေး!!!"
♡
♡
♡More Than Love🌸🍃
♡
♡
"ပြီး​တော့ ​တောင်း....ပန်...."
"ခမည်း​တော်!!!"
#TBC
#MoreThanLove🌸🍃
#Yumg(김영챌)
#태국
ကျွန်မအမှန်​တော့Examရှိလို့ စာ​တွေလုပ်​နေရတာပါ daily upဖို့လဲမအားနဲ့ကတိမတည်သလိုဖြစ်​နေတာ အတတ်နိုင်ဆုံး​တော့ ​ရေးပြီuးp​ပေးပါတယ်​နော်🙆🏻‍♀️
Contents
Contents
Comments(0)
Join the discussion — sign in to leave a comment
Sign In to Comment
No comments yet. Be the first to share your thoughts!