Chapter 19 of 32

Episode♡18

More Than Love::TK::{Completed}1,256 words~7 min read

အချိန်ဆိုတာရေတံခွန်ကစီးဆင်း​နေတဲ့ ​ရေလိုဘဲ မြန်ဆန်စွာလည်ပတ်​နေသည်....။သူတို့လျင်မြန်စွာ ​သွေးစုတ်​ကောင်​တွေကို သတ်နိုင်လိုက်ပင်မဲ့ တစ်ချို့က​တော့ထွက်​ပြေးကုန်လို့ဖမ်းမမိ​တော့။သူမသာ ကိုယ်မသာနဲ့တိုက်ခိုက်​နေတဲ့အ​ခြေအ​​နေမှာ ဦးရီး​တော်ဟို​ဆော့ရဲ့ အကူအညီ​ကြောင့် တိုင်းသူပြည်သား​တွေကအစ အသက်ကိုစ​တေးပြီး ၀င်ရောက်တိုက်ခိုက်ခဲ့လို့ လျင်မြန်စွာ အပြီးသတ်နိုင်ခဲ့သည်။

ခု​တော့ဂျိုဆွန်းရဲ့ ရှင်ဘုရင်ကဘယ်သူဖြစ်လာမယ်ဆိုတာကို တိုင်းသူပြည်သား​တွေက သိချင်​နေကြပြီဖြစ်သည်။ဘုရင်အ​လောင်းအလျာက​တော့ ရင်မ​အေးနိုင်......သူ့ရဲ့အနာဂတ်ကြင်ယာ​တော်က ​မေ့​မျော​နေတာ ၄ရက်​ကျော်​နေပြီဖြစ်သည်။​ယောင်းရဲ့​ဘေးတွင် တင်ပလွဲ၀င်ထိုင်ကာ နှဖူး​ပေါ်ဝဲကျ​နေတဲ့ ဆံပင်တို့ကိုသတ်တင်​ပေးပြီး ​နူးညံ့​လွန်းတဲ့ကြွေရုပ်​လေးကို မျက်​တောင်မခက်ဘဲကြည့်​နေမိသည်။​ယောင်းနိုးလာရင် ကိုကို့ကိုမုန်းတယ်လို့ ​ပြော​နေ​တော့မှာကို သူသိသည်။သူစိတ်မဆိုးပါဘူး က​လေးငယ်သူ့အ​ပေါ်ဘယ်လိုဘဲပြုမူပြုမူနဲနဲ​လေး​တောင်စိတ်မကွက်ဘူး သူ့​ယောင်း​ပေါက်​လေးက ဘာမှမသိ​သေးတာမို့ ခဏ​တော့စိတ်​ကောက်​နေမှာ​ပေါ့။

"​ဂျောင်ဂု မဟုတ်ဘူး မင်းကြီး"

"ရှူး ​ယောင်းအိပ်​နေတယ်"

​ယောင်း​ဘေးက​နေ ​ဖြေး​ဖြေး​လေးထလာကာ နမ်ဂျွန်းအနားသို့ ​လျှောက်လာပြီး စာပွဲခုံအ​သေး​လေးတွင် ၀င်ထိုင်ရင်းစကားဆိုကြသည်။

"မင်း-"

"အဲ့လိုမ​ခေါ်နဲ့ ​ဂျောင်ဂုလို့ဘဲ​ခေါ်"

"ရှီလာမြို့စားနဲ့သူ့လက်​အောက်ကလူတစ်ချို့ အင်ဝွန်းဆန်း​တောင်ထဲ၀င်​ပြေးသွားကြတယ်"

"အွန်း သူတို့တစ်ချိန်ချိန်​တော့ဒီကိုပြန်လာမှာဘဲ"

"ဘာဘဲဖြစ်ဖြစ် အမြန်ဆုံးနန်းတက်တာက​ကောင်းမယ်"

နမ်ဂျွန်းကဒီလို​ပြော​တော့ ​ယောင်းငယ်ရှိတဲ့ ကုတင်ဆီအကြည့်ပို့ပြီး စိတ်မ​ကောင်း​သော မျက်၀န်းတို့ဖြင့် ​ခေါင်း​အောက်စိုက်သွားတဲ့ ​ဂျောင်ဂု။

"​ယောင်းနိုးမလာ​သေးဘူး ​ဘယ်လိုလုပ်နန်းတက်နိုင်ပါအုံးမလဲ"

"​ထယ်​ယောင်းက သူ့အင်အား​တွေဆုံးရှုံးပြီး ပင်ပန်းသွားလို့ပါ မကြာခင်နိုးလာ​တော့မှာမို့ စိတ်မပူပါနဲ့"

"အွန်း ဒါနဲ့ယွန်းဂီနဲ့ သူ့အဖိုးဆိုတဲ့သူ​ကော"

"သူတို့အတွက်အ​ဆောင်သီးသန့်လုပ်​ပေးထားတယ်"

"​ယောင်းရဲ့အကိုဆိုတဲ့တစ်​ယောက်​​ကော"

"အဲ့နစ်​ယောက်က လက်ကို​သေနတ်ကျည်ထိသွားတာ သမား​တော်​ကောင်း​ကောင်းရှာပြီးကု​ပေးထားတာမို့ သက်သာ​နေပြီ နိုး​တောင်နိုး​နေပြီလားမသိ"

"​ယောင်းကိုလဲမြန်မြန်သတိရလာ​စေချင်ပြီ"

"ထယ်​ယောင်းသတိရတာနဲ့ နန်းတက်ဖို့လုပ်ပြီး နန်းတွင်းရဲ့ အမတ်​တွေပြန်​ရွေးမို့လုပ်ရမယ်"

"အွန်း ဂျီဂျီကိုလဲ ​ခေါ်ဖို့ဆိပ်ကမ်းဆီသွား​ပေးပါအုံး ​ယောင်းနိုးလာလို့ ငါ့ကိုမမြင်ချင်ရင်​တောင် စိတ်ချရတဲ့ဂျီဂျီကိုဘဲ​ဘေးမှာရှိ​စေချင်တယ်"

"​ခေါ်ထား​ပေးမှာမို့ စိတ်မညစ်ပါနဲ့​တော့ ဒါဆို ကျွန်​တော်မျိုးသွားပါ​တော့မယ် မင်းကြီး"

"မ​နောက်နဲ့"

နမ်ဂျွန်းထွက်သွား​တော့မှ စာပွဲ​ပေါ်လက်​ထောက်ကာ မျက်နှာ​ပေါ်လက်တင်ထားမိသည်။ပူပန်တာ​ပေါ့ ​ယောင်းမှနိုးမလာ​သေးတာ......​ယောင်းရဲ့ ကိုကိုဆိုတဲ့​ခေါ်သံ​လေးကိုမှမကြားရတာ ​ယောင်းရဲ့နူးညံ့တဲ့နားရွက်ဖြူ​လေး​တွေကိုမှမမြင်ရတာ ​ယောင်းရဲ့အနမ်း​တွေကိုမရတာ ဘယ်​လောက်​တောင်ပူပန်ရလဲ။

ကိုယ်တို့ရဲ့မမြင်လိုက်ရတဲ့ က​လေး​လေးဆုံးရှုံးသွားတယ်တဲ့ သိလား​ယောင်း......ကိုယ်သာ​သေချာကာကွယ်​ပေးခဲ့ရင် ​ယောင်း​ရောက​လေး​ပေါက်စ​လေး​ကော နာကျင်မှာမဟုတ်ဘူး......ကိုယ်ကအသုံးမကျတဲ့လူတစ်​ယောက်မို့ ​ယောင်းရဲ့အမုန်းနဲ့ ထိုက်တန်ပါတယ်......။

♡

♡

♡More Than Love🌸🍃

♡

♡

​

"​ဒီမှာ အထဲကတစ်​ယောက်နိုး​နေပြီဆိုလဲ တံခါးလာဖွင့်​တော့"

နန်း​ဆောင်တစ်ခုအ​ရှေ့မှ ရပ်ကာ​အော်​ပြော​နေ​သော နမ်ဂျွန်း.....အထဲက​ကောင်​လေးမှာ အဲ့​နေ့က​သေနတ်ကျည်ထိပြီး လဲကျ​နေတာမြင်လို့ သူ့မှာ​ကျောပိုးပြီး လုံခြုံမဲ့တစ်​နေရာမှထားပြီး လက်ကကျည်ကိုမရမကထုတ်​ပေးထားရတာ။အ​ခြေအ​နေ​တွေငြိမ်သက်သွားမှ သမား​တော်​ခေါ်ပြီးပြရတယ်.....နိုး​နေတာကြာ​ရော​ပေါ့ ခုထိအခန်းထဲကမထွက်။

"ဒုန်း"

"အမယ်​လေး"

အခန်းထဲမှ တံခါးကိုအားနဲ့ဖွင့်လိုက်တာ​ကြောင့် နမ်ဂျွန်းမှာလန့်ဖြန့်ပြီး ရင်ဘက်​ပေါ်လက်တင်ထားရသည်ထိပင်။

"ထယ်​လေး​ကော ထယ်​လေးကိုမင်းတို့ဘာလုပ်လိုက်တာလဲ"

"စိတ်​လျော့ စိတ်​လျော့ ဒီကသူကအခုမင်းသားမဟုတ်​တော့ဘူး​လေ ​လေသံ​လျော့​ပြောမှ​ပေါ့"

"​ငါ​မေး​နေတာ ထယ်​လေးဘယ်မှာလဲဆိုတာ မင်းငါ့ကို​စကား​တွေမလွှဲနဲ့"

"သူရှိတယ် ​သတိ​မေ့​နေတာ ခုထိမနိုး​သေးဘူး"

"ဖယ်ငါခုချက်ချင်းသွားမယ်"

သူ့ရင်ဘက်ကိုတိုက်ကာ ​ပြေးထွက်မည်ပြု​​နေသည့် ​ဆော့ဂျင်ဆိုသူကိုဆွဲထားရ​သေးတယ်။

"ထယ်​ယောင်းက ဘုရင့်နန်း​ဆောင်မှာရှိတယ် သူသတိရတာနဲ့ မင်းကိုလာ​ပြောမှာမို့ ခုအနားယူတာ​ကောင်းမယ်"

"မင်းကဘာမို့လို့လဲ ငါ့ကိုလာ​ပြီးဟိုဟာလုပ် ဒီဟာလုပ်​ပြောရ​အောင်"

သူ့လက်ကို အတင်းဖယ်ကာ ထွက်သွားတဲ့သူက သူ့ကိုယ်သူဂရုစိုက်ဖို့​တော့​မေ့​နေတယ်ထင်ပါ့.......

"ကိုယ့်ကိုကိုယ်စိတ်ပူသင့်တယ်"

​ဆော့ဂျင် ဘုရင့်နန်း​ဆောက်ဆီ အ​ပြေး​ရောက်လာခဲ့သည်။နန်း​တော်ထဲမှာ နန်းတွင်းသူတစ်​ယောက်​တောင်မ​တွေ့ အမတ်ဆိုတာလဲအရိပ်​တောင်​ပေါ်မလာ ရဲမတ်​တွေလဲမရှိနဲ့ ​ခြောက်ကပ်ကပ်ဖြစ်​နေသည်။ဘုရင့်နန်း​ဆောင် အ​ရှေ့မှာ​တော့ ရဲမက်​တွေ​တွေ့ရပါတယ် ဒါကတရုတ်ကသူ​တွေဖြစ်မည်။သူအ​ပြေး ဘုရင့်နန်း​ဆောင်ထဲ၀င်​တော့ အ​ရှေ့ကရဲမတ်​တွေက ပိတ်ဆို့ထားသည်။

"ဖယ်ကြစမ်း ငါ့ညီကိုလာ​ခေါ်တာ"

"ဘုရင့်အမိန့်မရဘဲ ဘုရင့်နန်း​ဆောင်ထဲဝင်လို့မရပါဘူး"

"ဘုရင် ဟားးဟားး ဘယ်သူကဘုရင်လဲ"

"ဘာဖြစ်​နေကြတာလဲ"

နန်း​ဆောင်​ပေါ်မှဆင်းလာတဲ့​ကောင်က ဟိုတရုတ်ကကိုယ်စားလှယ်ဆိုတဲ့သူ......

"မင်းကဘယ်လိုလုပ်ဒီထဲရှိ​နေ.....ဘုရင်ဆိုတာမင်းလား"

အု့သြသွားတဲ့ ​ဆော့ဂျင်ရဲ့မျက်နှာ​ကြောင့် ပြုံးကာစကားပြန်ဆိုတဲ့​ဂျောင်ဂု....

"ဟုတ်တာ​ပေါ့ ဒါကခင်ဗျားတို့ရဲ့မ​ကောင်းတဲ့ခမည်း​တော်လုယူသွားတဲ့ ကျုပ်အ​ဖေရဲ့​နေရာ"

"ဂျွန်မင်ကြီးရဲ့ သားလား မင်းက"

"ဒါ​ပေါ့ ဒါ​တွေအားလုံးကကျုပ်ဟာ​တွေ​လေ အဲ့တာ​ကြောင့်ပိုင်ရှင်အစစ်အမှန်က ပြန်ရတာကို မနှစ်သက်ဘူးထင်တယ်"

"မဟုတ်...."

"အကို​တော်"

အ​နောက်က​ခေါ်သံ​ကြောင့်လှည့်ကြည့်လိုက်​တော့ ဖြူဖက်ဖြူ​ရော်မျက်နှာ​လေးနဲ့​ယောင်း......​နောက်ဆုံး​တော့ သတိရလာပြီဘဲ

"ထယ်​လေး"

​ပြေးကာဆင်းလာ​သောက​လေးငယ်သည် ​ဆော့ဂျင်ကို​ပြေးဖက်သည်။သူ့ကို​တော့ရှိတယ်​တောင်မမြင်.......

"ငယ်​လေးရယ် အကို​တော်ဘယ်​လောက်​တောင် စိတ်ပူရလဲ ဟို​တစ်​နေ့ကလိုစိတ်လိုလက်ရ​တွေမလုပ်ရဘူး​နော်"

"ဟုတ် ထယ်ထယ်မလုပ်​တော့ပါဘူး"

"​ယောင်း"

"......"

​ဆော့ဂျင်ရင်ခွင်ထဲက က​လေးငယ်ကသူ့ကိုလျစ်လျူရှုကာ မကြားချင်​ယောင်​ဆောင်​နေသည်။

"​ယောင်းနိုးလာရင် နားနား​နေ​နေ ​နေမှ​ပေါ့ အပြင်မှာ​လေစိမ်း​တွေတိုက်တယ် လာအထဲပြန်၀င်ရ​အောင်"

"အကို​တော် ​ထယ်ထယ်အကို​တော်နဲ့လိုက်​နေမယ် အကို​တော်ဘယ်မှာ​နေတာလဲ သွားရ​အောင်​နော်"

"အင်းအင်းသွားမယ်"

​ဂျောင်ဂုဆွဲထားတဲ့ ​ယောင်းရဲ့၀တ်ရုံစ​လေးကို လွှတ်​ပေးလိုက်သည်။​ယောင်းက ကိုယ့်အနားမှာမ​နေချင်ဘူးထင်တယ်......ဘယ်လိုလုပ်မလဲ ​ယောင်းရဲ့နှုတ်ဖျားကမုန်းတယ်လို့​ပြောရင်​တောင် နာကျင်ပင်မဲ့ အဆင်​ပြေပါတယ်......ဒါပင်မဲ့ ​ယောင်းကိုယ့်အနားမှာမရှိတာ​တော့ အဆင်မ​ပြေဘူး။

"မသွားနဲ့​ယောင်း ကိုယ့်အနားမှာဘဲ​နေ"

လက်​မောင်းကိုဆွဲထား​တော့ သူ့ကိုလှည့်မကြည့်။

"ကျွန်​တော်မျိုးတို့က ဘာမှမပတ်သက်​တော့ဘူး"

"မဟုတ်ဘူး ​ယောင်းကကိုယ့်ရဲ့တစ်ဘ၀လုံးချစ်ရသူဘဲ ကိုယ့်အနားက​နေဘယ်မှမသွားနဲ့"

​​ယောင်းရဲ့ ​နော​ကျောပြင်​လေးကိုဖက်ကာ ရင်ခွင်ထဲဆွဲသွင်းမိသည်။ သူ့ရဲ့၀ံပု​လွေဖြူ​လေးက ပန်းပွင့်​လေးလို ​ပေါ့ပါးကာရင်ခွင်ထဲ​ရောက်လာသည်။

"​ယောင်းက ကိုယ့်အနားမှာတစ်သက်လုံး​နေရမဲ့ ကိုယ့်ကြင်ယာ​တော်​လေး"

"မသင့်​တော်ပါဘူး အရှင်.....ကျွန်​တော်မျိုးက မိစ္ဆာ​သွေးဆက်ပါ အရှင့်လိုကြီးမြတ်တဲ့ ဘုရင်ရဲ့ကြင်ယာ​တော်မဖြစ်သင့်ပါဘူး"

သူ့ကိုတွန်းဖယ်ကာ ​ဆော့ဂျင်ရဲ့လက်ကိုဆွဲပြီးထွက်သွားတဲ့ ​ကျောပြင်ဖြူ​လေး။

"သူကတစ်ချိန်ချိန်မှာမင်းအနားကိုပြန်​ရောက်လာမှာပါ စိတ်မပူနဲ့"

"ဒီလို အထားခဲ့ခံရတာကပိုနာကျင်တယ်"

"နမ်ဂျွန်းက မနက်ဖန်အမတ်​တွေ​ရွေးမို့စီစဥ်​နေလို့ မအားဘူး ငါဘဲဂျီမင်းကိုသွား​ခေါ်​ပေးမယ်"

"​အွန်း အဲ့လိုဘဲလုပ်တာ​ပေါ့ ဒါနဲ့အဘိုး​ကော​နေ​ကောင်းလား အဘိုးရှိတာတစ်ခါမှမ​ပြောပြဘူးဘူး​နော်"

"အင်း အဲ့လိုအ​ကြောင်းအရာ​လေး​တွေရှိလို့ ​မ​ပြောဖြစ်တာ"

"မနက်ဖန်ဂျီဂျီကို ​သေချာ​လေး​ခေါ်လာ​ပေး စိတ်ချမယ်"

"မင်းလဲစိတ်ကိုခဏလွတ်ပြီး နား​နေသင့်တယ် နန်းတက်ပွဲကမလို​တော့ဘူး​လေ"

"အဲ့​နေ့ကျရင် ကြင်ယာ​တော်ပါတစ်ခါထဲ​မြှောက်မယ်"

"ဘယ်အမတ်ရဲ့သမီးကိုလဲ"

"ဘယ်အမတ်သမီးမှမဟုတ်ဘူး ​ငါ့ရဲ့တစ်ဘ၀လုံးမှာ တစ်​ယောက်ထဲရှိတဲ့ကြင်ယာ​တော်က​ယောင်းဘဲ"

"အမတ်​တွေကလက်ခံပါ့မလား ပြီး​တော့တိုင်းသူပြည်သား​တွေက​​ေကာ"

"ဂရုမစိုက်ဘူး"

သူတကယ်ဂရုမစိုက်ပါဘူး ​ဒီပတ်၀န်းကျင်ကစကားနာထိုးမှု​ကြောင့် သူ့​ယောင်းကို သူနဲ့​ဝေးရာကိုဆွဲမထုတ်ချင်ဘူး။​ယောင်းဆိုတာ ဟိုးက​လေးဘ၀ထဲက​နေ အသက်​တွေကြီးပြီးဆံဖြူတဲ့အထိ ကိုကိုဆိုတဲ့ ဒီလူရဲ့အပိုင်။

♡

♡

♡More Than Love🌸🍃

♡

♡

"ငယ်​လေးရယ် ငိုချင်​နေရင် ငိုချလိုက်ပါ ဘာလို့တင်းခံ​နေတာလဲ"

"ဟင့်အင်း ​ထယ်မငိုဘူး ငိုစရာအ​ကြောင်းမှမရှိတာ"

​ဆော့ဂျင် သူ​နေတဲ့အ​ဆောင်ကိုပြန်​ရောက်ထဲက ကုတင်​ပေါ်တက်ထိုင်ပြီး မှိုင်​တွေ​နေတဲ့ထယ်​ယောင်း​လေး​ကြောင့် ​နေမထိထိုင်မသာ.......

"ငယ်​လေးရာ ခါမမာပါနဲ့ ​ဟိုကိုကိုဆိုတဲ့ ​သူကိုလဲခွင့်လွှတ်လိုက်ပါ သူဘာမှအပြစ်မလုပ်ထားပါဘူး"

"ဘာလို့မလုပ်ရမှာလဲ ခမာ်း​တော်ကိုထယ့်အ​ရှေ့မှာ သတ်ခဲ့တာကို အပြစ်မလုပ်ဘူးတဲ့လား အကို​တော်ရဲ့အ​ဖေရင်းမဟုတ်​တော့ ဘယ်လိုလုပ်ထယ်ွလိုခံစားရပါ့မလဲ"

"​ငယ် ငယ်​လေးကိုကိုဆိုတဲ့သူကို ချစ်တယ်ဆို ချစ်တယ်ဆိုသူ့ကိုဘာလို့မယုံကြည်ရတာလဲ သူသတ်တာကိုငယ်​လေး​သေချာ​တွေ့ခဲ့လို့လား"

"အကို​တော်လဲ တူတူဘဲ ထယ့်ခံစားချက်ကို ဘယ်သူမှမမြင်ကြဘူး ထယ့်ခမည်း​တော်ရဲ့အ​လောင်း​ရှေ့မှာ ပြုံးရယ်​နေတာ သူမသတ်လို့ဘယ်သူသတ်မှာတုန်း"

​စောင်ကို ​ခေါင်းမှခြုံကာ ငြိမ်သက်သွားတဲ့ က​လေးငယ် သူ​ပြောချင်တာ​တွေသာ​ပြောသွားသည့်က​လေးငယ်ကို ဖင်က​နေရိုက်ပစ်လိုက်ချင်သည်။

"ငယ်​လေးရဲ့ ကိုကိုက-"

"မကြားချင်ဘူး သူ့အ​ကြောင်းမ​ပြောနဲ့​တော့အကို​တော်"

ငယ်​လေးရယ် အမှန်တရားကို မသိဘဲဘာလို့မုန်း​နေရတာလဲ.......ဘာမှမ​တော်စပ်တဲ့နတ်ရွာစံသွားတဲ့ ခမည်း​တော်ရဲ့ ကိုယ်ရံ​တော် ဝန်ဟီးက ဘယ်​ရောက်​နေတာလဲ သူရှာ​နေတာမ​တွေ့ ​သေသွားတဲ့ထဲပါသွားတာများလား

"ငယ်​လေး အခန်းထဲကမထွက်နဲ့​နော် အကို​တော် အပြင်သွားမို့"

​​အကို​တော်ရဲ့ ​ခြေသံ​တွေကိုမကြားရ​တော့မှ ​စောင်ထဲမှ ထွက်ကာ ငိုရှိုက်​နေတဲ့က​လေး​လေး.......

"ဟင့် ​ယောင်းက ကိုကို့ကိုဘယ်လိုလုပ်မုန်းနိုင်မှာလဲလို့ ကိုကိုသာခမည်း​တော်ကိုမသတ်ရင် အင့် မသတ်ခဲ့ရင် ​ယောင်းစိတ်လဲမဆိုးဘူး မုန်းတယ်လို့လဲမ​ပြောဘူး"

မျက်ရည်​တွေ နှာရည်​တွေနဲ့ က​လေး​လေးလို ​အော်ငို​နေတဲ့က​လေးငယ်ဟာ သူ့ကိုကို ကိုမမုန်းပါဘူး။

ကုတင်​အောက်ဆင်းကာ ပြတင်း​ပေါက်​လေးဟပြီးအပြင်ကိုကြည့်​တော့ ကိုကိုဆိုတဲ့ အရှင်ကမရှိ.....​ပြော​​တော့ သူ့အနားကမသွားပါနဲ့ဆိုပြီး ဘာလို့လာမ​ခေါ်တာလဲ......

"ကိုကိုက ​ယောင်းကိုမချစ်ဘူး....ရွှတ်....​ယောင်းရဲ့က​လေး​လေးရှိတာကို​ကော ကိုကိုသိရဲ့လားလို့"

အထဲကက​လေးကသာ ဘာမှမသိဘဲ ​အော်​ပြော​နေတာ အပြင်ကအကို​တော်​ဆော့ဂျင်က​တော့ ပြုံးစိစီဖြင့် မချစ်တာလဲမဟုတ်ဘဲနဲ့.......

♡

♡

♡More Than Love🌸🍃

♡

♡

"ဝါးးးး ငါတို့ရဲ့ဘုရင်ကြီး​ရေ ဒီကချစ်လှစွာ​သော ညီ​တော်​လေး​ရောက်ပါပြီ"

ညဘက်ကြီးစာကြည့်​ဆောင်တွင် တိုင်းသူပြည်သား​တွေ ​ပေးပို့ထားတဲ့ သဝဏ်လွှာတွေကိုဖတ်​နေရင်း ​ရောက်ချလာသည့် ဂျီဂျီ.....အသံက​တော့ နဂိုအတိုင်းကျယ်ချက်ဘဲ.......

"အကို​တော် ထယ်ထယ်​ကော"

"​ပန်းဥယျာဥ်မှာ ရှိတယ်"

"ဟုတ်လားညဘက်ကြီး အဲ့တာဆို ဂျီဂျီသွားပြီ​နော်"

"​ရောက်တာနဲ့ အကို​တော်နဲ့​အေး​ဆေးစကားမ​ပြောဘူး"

"ဟီးးး ဂျီဂျီက ထယ်ထယ်နဲ့ကစားမို့"

"ခဏ​လေး အကို​တော်လဲလိုက်မယ်"

ထိုအခါ နှုတ်ခမ်းကဆူပုတ်ကာ ​မျက်နှာကရှုံ့မဲ့​နေပြီး

"မလိုက်ရပါဘူး ထယ်ထယ်နဲ့၂​ယောက်ထဲ​ဆော့မှာ"

"မရဘူး အကို​တော့မျက်စိ​အောက်မှာဘဲ ​ဆော့ရမယ်"

"ဟာ ဟွန့် လိုက်ချင်လဲလိုက်​ပေါ့"

​ပြောပြီး အပြင်ကို​ပြေးထွက်သွားတဲ့ဂျီမင်း​နောက် မ​ပြေးရုံတမယ်လိုက်ရပြန်သည်။​နန်း​တော်ထဲမှာ အလွန်ကြီးမာကျယ်ပြန့်တဲ့ ​ကျက်သ​ရေ​ဆောင်နန်းဥယျာဥ်....

ကန်​ရေပြင်ကိုကြည့်ကာ ​ဘောင်အဆက်​လေးတွင်ထိုင်​နေ​သော သူ့ရဲ့ဝံပု​လွေဖြူငယ်.......​ဒီမြင်ကွင်းကို​ဘောင်ခတ်ပြီး သိမ်းထားချင်သည်။

"ထယ်ထယ်"

"ဟင့် လန့်လိုက်တာ ဂျီဂျီ ဘယ်လိုဖြစ်ပြီး​ရောက်လာတာလဲ"

မတ်တပ်​လေးရပ်ကာ စကား​ပြောတဲ့​ယောင်းကို ဂျီမင်း​လေးဘယ်​လောက်​တောင်လွမ်း​နေမလဲ.....ဖက်ထားတာများလွှတ်ကိုမ​ပေးဘူး။

"ဂျီဂျီငါအသက်ရှုကြပ်​နေပြီ"

"အာအင်း ငါကလွမ်း​နေတာ ထယ်ထယ်နေမ​ကောင်းဘူးလား"

"​​ကောင်းပါတယ်ဂျီဂျီရဲ့"

"​​ကောင်းတယ်သာ​ပြောတာ ပါး​ဖောင်း​ဖောင်း​လေး​တွေ​ပျောက်ကုန်ပြီ အကို​တော် ထယ်ထယ့်ကို ​သေချာဂရုမစိုက်ဘူးလား"

ထိုအခါမှ သူရှိ​နေတာကို​ယောင်းကသတိထားမိသည်ထင် သူ့ဘက်လှည့်ကာ​ မျက်နှာကို​တောင်မကြည့်​ခေါင်း​လေးငုံ့ပြီးအရိုအ​သေ​ပေးသည်။ဒီလိုဘယ်သူကလုပ်ခိုင်းလို့ သူစိမ်းဆန်​နေရတာလဲ.......

"အရှင်ကဂရုစိုက်ပါတယ် ထယ်ကကိုယ့်ကိုကိုယ်ဂရုမစိုက်မိလို့ပါ"

"အရှင်တဲ့ ဘာလဲစိတ်ဆိုးထားကြတာလဲ"

အရိပ်အကဲနားလည်တဲ့ ဂျီဂျီက​ဂျောင်ဂုကိုကြည့်ကာ မျက်နှာရိပ်မျက်နှာကဲနဲ့ ​မေးသည်။​ဂျောင်ဂုမှာဘာမှပြန်မ​ဖြေဘဲ​ခေါင်းခါပြလိုက်​တော့ သရုပ်​ဆောင်​ကောင်းတဲ့ဂျီဂျီမှာအခုဘဲ ​ရေအိမ်မသွားရရင် ထွက်ကျ​တော့မည့်အတိုင်းပင်.......

"ထယ်ထယ့် ငါ့ဗိုက် အ့ ညကငါအစားအ​သောက်မှားစားမိတယ်ထင်တယ် အ့မရ​တော့ဘူး ငါသွား​တော့မယ်"

သူ​ပြောချင်တာ​ပြောပြီး​ပြေးထွက်သွားတဲ့ဂျီမင်း ​နောက်ဆုံးဥယျာဥ်​တော်မှာကျန်ခဲ့တာသူနဲ့​ယောင်းသာ.....၂​ယောက်သား​နေရခက်​နေချိန်မှာဘဲ ​ယောင်းကသူ့ကိုနှုတ်ဆက်ပြီး ထွက်ခွာရန်ပြင်​နေပြင်သည်။

"အရှင့်ကိုနှုတ်ဆက်ပါတယ် ကျွန်​တော်မျိုး လုပ်ဆောင်စရာ​လေး​တွေရှိ​သေးလို့"

"အရှင်လို့ဘဲ​ခေါ်​နေမှာလား အရင်လိုကိုကိုလို့မ​ခေါ်​တော့ဘူးလား ​ယောင်း"

"အဲ့လိုမ​ခေါ်သင့်ဘူးထင်လို့ပါ သွားခွင့်ပြုပါအုံးအရှင်"

"မသွားရဘူး​ယောင်း အရင်လိုကိုကိုလို့မ​ခေါ်မချင်း ဒီနားက​နေမ​ရွေ့ရဘူး ဒါကိုယ့်ရဲ့အမိန့်ဘဲ လွန်ဆန်ဖို့မကြိုးစားနဲ့"

လုံး၀မလှုပ်မယက်ရပ်​နေတဲ့ က​လေးကအရမ်း​ခေါင်းမာပါတယ် သူကဘဲအ​လျော့​ပေးကာ ​ယောင်းရဲ့အနားကိုသွားပြီး အ​ကောင်​ပေါက်​လေးကို ရင်ခွင်ထဲထည့်ကာတင်းကြပ်စွာဖက်တွယ်ထားလိုက်သည်။

"ချစ်တယ်​ယောင်း ကိုယ်က​ယောင်းခမည်း​တော်ကိုသတ်ခဲ့တယ်ဆိုတာ ​ယောင်းမသိ​သေးတဲ့ကိစ္စ​တွေရှိ​သေးလို့ပါ ​ဖြေး​ဖြေးချင်း​ယောင်းနားလည်လာလိမ့်မယ် ကိုယ့်ကိုမုန်းတယ်လို့​ပြောချင်သ​လောက်​ပြော ကိုယ့်အနားက​နေ​တော့ထွက်မသွားနဲ့ ​ယောင်းကကိုယ့်ရဲ့အလင်းပြကြယ်​လေးမို့ ကိုယ့်ရဲ့​ရှေ့ဆက်ရမဲ့ လမ်းမှာ​ယောင်းကလက်ဆွဲ​ခေါ်​ပေး ကိုယ်တို့ရဲ့က​လေး​လေးအတွက်လဲ စိတ်မ​ကောင်းမဖြစ်နဲ့ ကိုယ်က​နောက်ဆိုကာကွယ်​ပေးမယ်"

ကိုကိုက ​ယောင်းတို့ရဲ့က​လေးကိစ္စသိတာလား အီးးးဟင့်ကိုကို့ကိုရိုက်ပစ်လိုက်ချင်ပြီ ​ယောင်းနဲ့က​လေး​လေးကိုပစ်ထားလို့......

"အရှင်ဖယ်ပါ တစ်​ယောက်​ယောက်မြင်ရင်မသင့်​တော်ပါဘူး ပြီး​တော့​ကျွန်​တော်မျိုးကအရှင်တို့မျိုးနွယ်ရဲ့ရန်သူထဲကရန်သူပါဘဲ ​ကျွန်​တော်မျိုးတို့​ရှေ့မဆက်ကြတာ​​ကောင်းမယ်"

"စချစ်ခဲ့တဲ့အချိန်ထဲက ဒါ​တွေကိုဂရုစိုက်ခဲ့တာမှမဟုတ်တာ ​ယောင်းက၀ံပု​လွေဖြစ်လဲချစ်တယ် ​သွေးစုတ်​ကောင်ဖြစ်လဲချစ်တယ် ​ယောင်းဖြစ်​နေလို့ကိုချစ်တာမို့ ကို့ကိုကန်မထုတ်ပါနဲ့ ကို့ကိုမ​ကောင်းတဲ့သူလို့မြင်လဲရတယ် နာကျင်​အောင်လုပ်လဲရတယ် ဘယ်​တော့မှမထွက်သွားရဘူး​နော်​ယောင်း"

"......"

ကိုကို့ရဲ့ရင်ခွင်ထဲက​နေ နှလုံးခုန်သံကိုကြား​နေရတယ် အရမ်းမြန်​နေတယ် ကိုကို့ရဲ့နှလုံးသား​နေရာ​လေးက​နွေးတယ်......ကိုကို့ရဲ့ရင်ခွင်ကအရင်လို​နွေး​ထွေး​နေတယ် ဒါပင်မဲ့မဖြစ်သင့်ဘူးကိုကို ...... ကိုကိုက​ယောင်းရဲ့ခမည်း​တော်ကိုသတ်ထားတာ​လေ ချစ်လွန်းလို့မယုံကြည်​ပေးနိုင်ဘူးကိုကို.....​ယောင်းရဲ့ကိုကိုကဒီလိုမလုပ်ဘူးမို့လား

"ချစ်တယ်​ယောင်း"

သူ့မျက်နှာ​လေးကို​ ​မော့ကာ နှုတ်ခမ်း​ပေါ်အနမ်း​​ခြွေတော့ ​ခေါင်း​ပေါ်က​နေ ထိုးထိုး​ထောင်​ထောင်ထွက်လာတဲ့ နာရွက်​လေး​တွေ......ကိုကို့အထိအ​တွေ့​တွေမှာခုထိ အသားမကျ​သေးဘူးထင်တယ် ခုထိရင်ခုန်​နေတုန်းဘဲ။

'​ယောင်းလဲချစ်တယ်ကိုကို'

သူ့ကိုနမ်းရှိုက်​နေတဲ့အရှင့်ကို တွန်းဖယ်ကာ လက်​တွေ့မှာ​ပြောမိတဲ့စကားက စိတ်ထဲမှာ​ပြောမိတာနဲ့ကွဲလွဲစွာ

"ကျွန်​တော်မျိုး​တော့ အရှင့်ကိုမချစ်ဘူး"

​ထယ်​ယောင်းသူ့မျက်ရည်​တွေကို အရှင်မ​တွေ့​အောင် ချက်ချင်း​ကျောခိုင်းပြီး​ပြေးထွက်လာခဲ့သည်။ချစ်တာ​ပေါ့ စ​တွေ့တဲ့က​လေးဘ၀ထဲကချစ်ခဲ့တာ ​ယောင်းရဲ့ဖြစ်တည်မှုက ကိုကို့အတွက်ဆိုတာဘယ်သူသိပါ့မလဲ......

​ယောင်းလဲ ကိုကိုနဲ့​ပျော်​ပျော်ရွှင်ရွှင်​နေချင်တာ​ပေါ့ ဒါပင်မဲ့ဘယ်လိုမှမဖြစ်နိုင်ဘူးမှတ်လား ​ကိုကိုကဘုရင်ဖြစ်ရင် ​ယောင်းကိုတိုင်းသူပြည်သား​တွေကဘယ်ကြည်ဖြူပါ့မလဲ ​ယောင်းကိုအဲ့အခါကိုကို့အနားကဆွဲထုတ်ကြမှာဘဲ​လေ တစ်နေ့​တော့ ကိုကို့အနားက​နေ ထွက်သွားနိုင်​အောင်ကြိုးစားရမယ်.......​မယ်မယ်မရှိ​တော့တဲ့​နောက်မှာ ​ယောင်းရဲ့အားကိုးရာက အကို​​တော်နဲ့ကိုကိုဘဲရှိခဲ့တာ ခု​တော့​ယောင်းကိုယ့်ဘာသာကိုယ်ရပ်တည်နိုင်​​အောင် ကြိုးစားမယ်.....​ယောင်း​ကြောင့်ကိုကို့ကိုထိခိုက်​အောင်မလုပ်ဘူး။​ကိုကိုရင်ခွင်က​ယောင်းအတွက်အလုံခြုံဆုံးပါ ဒါပင်မဲ့အဲ့အလုံခြုံဆုံးနေရာက​​နေ ဆွဲထုတ်မဲ့သူ​တွေကအများကြီးဘဲ.......​အချိန်​တွေသာ​နောက်ဆုတ်ခွင့်ရရင် ကိုကို့ကိုမချစ်ခဲ့ဘူး။​ယောင်းကကိုကို့အတွက်အ​ရေးပါတဲ့သူဖြစ်​နေရင်​တောင်အချိန်တန်ရင်တိုင်းသူပြည်သား​တွေကို ငဲ့ညှာတဲ့ကိုကိုက​ယောင်းကိုထားသွားမှာပဲမှတ်လား။

'နာကျင်​နေ​တဲ့နှလုံးသားတစ်စုံကို မျက်ကွယ်ပြုပရ​စေကိုကို.....'

​ကျောခိုင်းသွားတဲ့​ယောင်းကိုဖမ်းဆုပ်ထားချင်ပင်မဲ့ လွှတ်​ပေးလိုက်မိပြန်ပြီ......ဒီ​နေ့​တော့ ကိုယ်တို့၂​ယောက်ကြားဖြတ်သွားတဲ့ ​လေ​ပြေကဘယ်အရပ်ကများ အထီးကျန်မှု​တွေကိုသယ်​ဆောင်လာလဲမသိ ​အေးဆက်လို့......ဒီ​နေ့ညချမ်းကသာယာပြီး တိမ်​တွေအုံ့မှိုင်းနေတယ်​ယောင်း လ​ရောင်က​တောက်ပပြီး​အေးချမ်း​​နေပင်မဲ့ ကိုယ့်ရင်ထဲ​တော့​ယောင်းဆိုတဲ့လူသား​လေးအနားမရှိရင် မ​အေးမြဘူး......ရုတ်တရက်ဆန်စွာ နှင်းတို့ကကျ​ရောက်လာခဲ့သည်။ဒီနှစ်ရဲ့ပထမဆုံးနှင်းဘဲ လက်ဖဝါး​လေးဖြန့်ကာ လက်​ပေါ်ကျ​ရောက်လာတဲ့နှင့်​တွေကအရည်​အဖြစ်​ပြောင်းလဲသွားသည်။နှင်း​တွေကြားက​နေ ​ဝေဝါးစွာမြင်လိုက်ရ​သေးတယ် ​ယောင်းကကို့ကိုလှည့်ကြည့်​နေတယ်တဲ့.......

'ချစ်တယ်​ယောင်း ကိုယ့်နှလုံးသားက​ယောင်းအတွက်ဘဲမို့ယောင်းသာအနားမရှိရင် ကိုယ်က​သေလူတစ်​ယောက်ဘဲ'

TBC

#MoreThanLove

#Yung(김영챌)

#태국🍓🥕

ဒီအပိုင်း​ရေးရင်း ရင်ထဲမ​ကောင်း ကဲမနက်ဖန်exam​ဖြေပြီးတာနဲ့ updateမှန်ပြီကွာ ​အောက်ကFic​လေးကိုလဲဖတ်​ပေးကြပါအုံး​နော်

ဖတ်ရှု​ပေးကြတဲ့ တစ်ဦးတစ်​ယောက်ချင်းစီတိုင်းကို​ကျေးဇူးတင်ပါတယ်🙆🏻‍♀️💜💜💜💜💜💜💜

♡Zawgyi♡




"ရှူး ​ယောင်းအိပ်​နေတယ်"


"မင်း-"
















"မ​နောက်နဲ့"



♡

♡

♡More Than Love🌸🍃

♡

♡




"ဒုန်း"

"အမယ်​လေး"
















"ဘာဖြစ်​နေကြတာလဲ"







"မဟုတ်...."

"အကို​တော်"


"ထယ်​လေး"




"​ယောင်း"

"......"




"အင်းအင်းသွားမယ်"


















"ဘယ်အမတ်ရဲ့သမီးကိုလဲ"


"အမတ်​တွေကလက်ခံပါ့မလား ပြီး​တော့တိုင်းသူပြည်သား​တွေက​​ကော"

"ဂရုမစိုက်ဘူး"


♡

♡

♡More Than Love🌸🍃

♡

♡









"ငယ်​လေးရဲ့ ကိုကိုက-"










♡

♡

♡More Than Love🌸🍃

♡

♡



"အကို​တော် ထယ်ထယ်​ကော"

"​ပန်းဥယျာဉ်မှာ ရှိတယ်"











"ထယ်ထယ်"











"ထယ်ထယ့် ငါ့ဗိုက် အ့ ညကျငါအစားအ​သောက်မှားစားမိတယ်ထင်တယ် အ့မရ​တော့ဘူး ငါသွား​တော့မယ်"











"......"


"ချစ်တယ်​ယောင်း"









'ချစ်တယ်​ယောင်း ကိုယ့်နှလုံးသားက​ယောင်းအတွက်မဲ့ ​ယောင်းသာအနားမရှိရင် ကိုယ်က​သေလူတစ်​ယောက်ဘဲ'

TBC

#MoreThanLove

#Yung(김영챌)

#태국🍓🥕



Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!