Chapter 2 of 32
Episode♡1
More Than Love::TK::{Completed}1,577 words~8 min read
မိုး​လေဟာ​ပြောင်းလဲလာသလို မိုးရာသီဖြစ်တာ​ကြောင့်
​အေးချမ်းမှုနဲ့ စိုစွတ်မှုကို ခံစား​နေရသည်။​မြေနံ့သင်းသင်း​လေးက ရှူရိုက်လိုက်တိုင်း ရင်ထဲ​အေးမြ​စေသည်။ခုဆို သူမဒီနန်း​တော်ရဲ့ မိဖုရား​ခေါင်ကြီးအဖြစ်တည်ရှိ​နေတာ 6နှစ်ရှိခဲ့ပြီ......သား​တော်ကြီး ကင်​ဆော့ဂျင်ဟာ12နှစ်အရွယ်ရှိပြီး ယခုဆိုလျှင် တတ်​မြောက်သင့်သည့် အတတ်ပညာတို့ကို သင်ယူ​နေပြီဖြစ်သည်။ဒီနန်း​တော်ထဲမှာရှိတဲ့ သူ​တွေအကုန်လုံးက ​သွေးစုတ်ဖုတ်​ကောင်​တွေဖြစ်ပြီး လူ​တွေလိုသာပုံစံနဲ့ ​နေထိုင်​နေကြတာ.....မိဖုရား​ခေါင်ဆိုတဲ့ ပါဝါ​ကြောင့်သာ ဘယ်သူမှ သူမနဲ့သား​တော်​ဆော့ဂျင်ကိုမထိပါးရဲ့....ကြားထဲက ​သွေးစုတ်ဖုတ်​ကောင်နဲ့၀ံပု​လွေ​ရော​နေတဲ့ ​သွေး​နှောသား​တော်​လေး ကိုလဲ ဘယ်သူမှမထိရဲ.....သူ​လေးက6နှစ်အရွယ် ​ချစ်စရာ​က​လေး​လေးဖြစ်​တဲ့ ကင်ထယ်​ယောင်းမှာ သူ့ဖခမည်း​တော်ရဲ့ အသည်းညှာပင်ဖြစ်သည်......ဟန်မျိုးရိုးကိုဆက်ခံရမှာဖြစ်ပင်မဲ့ ထိုသူသည် သူမရဲ့စကားအတိုင်းသားငယ်ကိုပါ ကင်မျိုးရိုးတပ်ခွင့်​ပေးခဲ့သည်။ထိုကိစ္စတုန်းကဆိုလျှင် အမတ်​တွေရဲ့ ​အပြစ်တင်သံ​တွေကြားခဲ့ရပင်မဲ့ ဟန်အွန်းဂျာဆိုသူက သူ့ရဲ့မိဘုရားနဲ့ သား​တော်​တွေကို ထိလျှင် ချက်ချင်းသတ်ပစ်လိုက်တာပင်......​ဆော့ဂျင်​လေးကို​တော့ သားအဖြစ်သတ်မှတ်မထားပင်မဲ့ မ​ကောင်းတဲ့သူလဲမဟုတ်....
"ဖား​လေး တစ်​​တောင် နှစ်​တောင်"
မိုးရာသီမို့ မင်းသားငယ်​လေးရဲ့ နန်း​ဆောင်အ​ရှေ့က ကန်​ရေပြင်တွင် ဖား​လေးများတန်းစီ​နေသည်ကို လက်ပိစိ​လေး​တွေဖြင့် လိုက်​ရေတွက်​နေခြင်းပင်.....ထိုချိန် သူ့ရဲ့ဖင်အ​နောက်​လေးက​နေ အမြှီး​သေး​သေး​လေးထွက်လာ​တော့ ဖား​လေး​တွေကလန့်ကာ​ပြေးသည်....
"ဟိတ် ဟိတ် ​ပြေးနဲ့​ယေ ဟာ​ပြေးပါနဲ့ချို"
ဖား​လေး​တွေကခုန်စွ ခုန်စွ​ပြေး​တော့ သူပါ​မြေ​ပေါ်လက်​ထောက်ပြီး ခုန်စွခုန်စွဖြစ်​နေတာ အမြှီးတစ်ယမ်းယမ်းနဲ့......
"သား​တော်​လေး မယ်​တော့ဆီလာပါအုံး"
ထိုအခါ ဒီပုပု​သေး​သေး​ဖောင်း​ဖောင်းအစ်အစ်​လေးက မတ်တပ်ရပ်ကာ လက်က​ပေ​ရေ​နေတဲ့ ​မြေမှုန်​တွေကို ခါချကာ သူမဆီအ​ပြေး​လေး​ရောက်လာသည်။
"မယ်မယ် ဒီအ​မွှေးရီး​တွေ ထွက်လာပြီ"
က​လေးကငယ်​သေးတာ​ကြောင့် ရုပ်ပိုင်းဆိုင်ရာ အ​ပြောင်းအလဲ ​တွေကိုထိန်းချုပ်ရန် ခက်ခဲသည်။
"ဒီအမြှီး​လေး​တွေကို မယ်မယ်က ​ကျောက်စိမ်းဘီး​လေးနဲ့ ​သေချာ ဖြီးသင်း​ပေးမယ်​လေ"
"ရဝူး ရဝူး အဲ့ခါတားတားဖင်​ပေါ်​နေတာ ​ဟိုမမ​ဒွေကြည့်​နေကြမှာ​ပေါ့"
အပျိုး​တော်​တွေကိုလက်ညိုးထိုး​ပြော​တော့ ​ကောင်မ​လေး​တွေက ပြုံးစိစိ ဒီ​သေး​သေး​လေးက စကားအတတ်​လေး ဒါ​ကြောင့်လဲဟန်အွန်းဂျာက အချစ်​တွေပို​နေတာ.....
"ငယ်​လေး"
သားငယ်​လေးရဲ့ နန်း​ဆောင်းထဲ၀င်လာတဲ့ သား​တော်ကြီးကင်​ဆော့ဂျင်သည် ယခုဆိုလျှင် ​ချော​မောစွာ လွန်စွာမှ လူပျို​ပေါက်ဖြစ်​နေ​လေပြီ.....
"ဟာအတို​တော် ထယ်ထယ်နဲ့လာ​ဆော့​တာလား"
"ဒါ​ပေါ့ ဒီကအသဲအသက်​လေးပျင်း​နေမှာဆိုးလို့​လေ"
"ဟီး အတို​တော် ထယ်ထယ့်ဖင်ကဒါကြီးကိုဘယ်ယို ​​ဖောက်ပစ်ရမယဲဟင်"
"ဟားဟား လာဒီမှာထိုင်"
မယ်​တော့​ဘေးနား သွားထိုင်ပြီး ငယ်​လေးကို ​ပေါင်​ပေါ်တင်ကာ ပါး​လေး​တွေကို​မွှေးကြူပစ်လိုက်သည်.....ဒီ​သေး​သေး​လေးက ​သူနဲ့အ​မေတူဖ​အေကွဲ​တွေဆိုပင်မဲ့ ညီအကိုအရင်း​တွေလို အရမ်းဂရုစိုက်ပြီးချစ်ကြသည်.....။ဒါ​ကြောင့်လဲ ဘာမှမ​တော်စပ်တဲ့ ခမည်း​တော်က သူ့ကိုမျက်နှာသာမ​ပေးဘူးဆိုပင်မဲ့ ​နေရာတကာ လိုက်မပိတ်ပင်.....
"အဲ့တာက ထယ်ထယ်​လေးစိတ်လှုပ်ရှားလို့ ​ပေါ်လာတာ ​နောက်ဆို ​ပျောက်​အောင်လုပ်နည်း အကို​တော်ကသင်​ပေးမယ်​နော်"
"ဟွန့် ခုသင်​ပေး ခု"
"သား​တော်​လေး"
အ​နောက်ဘက်မှ ​သြဇာပြည့်၀​နေ​သော အသံ​ကြောင့် လှည့်ကြည့်လိုက်​တော့ ဇာမဏီငှက်ပါ အနီ​ရောင်၀တ်ရုံ၀တ်ဆင်ထားတဲ့ ဟန်းဂုတစ်နိုင်ငံလုံးရဲ့ ဘုရင်.......​ဆော့ဂျင်တို့သားအမိလဲ မတ်တပ်ရပ်ကာ ဂါရ၀ပြု​ကြရသည်.....။
"ခမည်း​တော်"
အကို​တော်​​ပေါင်​ပေါ်က ​ပြေးဆင်းကာ ခမည်း​တော် ​ပေါ်ခုန်တက်ပြီး လည်ပင်းကို ဖက်တွယ်ထားတဲ့​သေး​သေး​လေး.....
"ဟား ဒီ​ကောင်​လေးကဘာ​တွေလိုချင်လို့ ခမည်း​တော်ကို ကပ်ချွဲ​နေရတာလဲ ​ပြောပါအုံး"
ခမည်း​တော်ရဲ့ ရင်ဘတ်ကို ​ခေါင်း​လေးတင်ကာ ပွတ်သက်ပြီး ဆို​တော့ ဒီဘုရင်မင်းမြတ်က အလိုမလိုက်ဘဲ မ​နေနိုင်။
"တား​တော်ကို မုန့်ချို​လေး​​​ဒွေ​ကျွေးပါလား ပိစိ​လေးဘဲ​ကျွေးပါ​နော် မယ်မယ်က​ကျွေးပု"
သူ့လက်ပိစိ​လေးနှစ်ခုကို​ကွေးကာ ​သေး​သေး​လေး​ကျွေးပါ​ပေါ့.....စားပြီးလို့မှ ​ချောင်းဆိုးရင် ဒီကမယ်​တော်ကဘဲအဆူခံရတာ.....အချစ်မပါဘဲ အတင်းအဓမ္မသိမ်းယူထားတဲ့ အိမ်​ထောင်​ရေးက ဒီက​လေးငယ်​လေး​ကြောင့်သာ တည်မြဲ​နေတာပင်......
"အထိန်း​ေတာ်ကြီး သားငယ်​လေးအတွက် ချိုချဥ်​တွေ ယူလာခဲ့ ပြီးရင် သမား​တော်ဆီက ​ဆေး​တွေပါ​တောင်းခဲ့"
"မှန်လှပါမင်းကြီး"
"​ယေးးး ခမည်း​တော်ကိုအာ့​ကြောင့်ချိ​နေရဒါ မွ"
ဒီအချွဲ​လေးက ချွဲတတ်လွန်းလို့ အချစ်​တွေပို​နေတဲ့ သားအဖကိုကြည့်ပြီး ​ဆော့ဂျင်​လေးမျက်နှာငယ်​နေမှာကို သိသူကင်​ဆောင်းဟွား​ခေါ် ဟန်းဂုရဲ့မိခင်သည် သားကြီးလက်​လေးကို ဆုပ်ကိုင်ထား​ပေးသည်။
"​မိဖုရားကြီးလဲ ​နေ​​ကောင်းရဲ့လား မျက်နှာက ဖြူ​ဖျော့​နေတယ်"
"​ကောင်းပါတယ် အရှင်"
ထိုအခါ ဘုရင်ကသူ့ကိုယ်ရံ​တော်ကို​ခေါ်ကာ
"သမား​တော်ကို​ပြောလိုက် ချက်ချင်း မိဖုရား​ဆောင်ကိုလာပြီး မိဖုရားကြီးရဲ့ ကျန်းမာ​ရေးကို လာစစ်​ပေးဖို့​ခေါ်လိုက်"
​ခေါင်းငြိမ့်ပြကာ ထွက်သွား​သော ကိုယ်ရံ​တော်ကို သားငယ်ကမျက်စိတစ်စုံး သူ့လက်​ပေါ်က​နေလိုက်ကြည့်​နေတာ....
"ကဲ သား​တော်​လေးက ​နေခဲ့အုံး ခမည်း​တော် ချိုချဥ်​တွေပို့ခိုင်းထားတာ အများကြီးမစားရဘူး​နော် အကိုကြီးနဲ့ တူတူစားရမယ်​နော်"
"ဟုတ်"
"သားငယ်ကို ​ချောင်းဆိုး​အောင်ထိမ​ကျွေးနဲ့"
​ဆော့ဂျင်ကို ကြည့်ပြီး ထိုမျှသာ​ပြော၍ မိဖုရားကိုပုခုံးမှကိုင်၍ သားငယ်ရဲ့ နန်း​ဆောင်ဆီက​နေ ထွက်သွားသည်......
"အတို​တော် ထယ်ထယ်တို့ ငါးဖမ်းကြမယား"
"ဖမ်းကြတာ​ပေါ့"
နန်း​ဆောင်ထဲမှာ ဥယျာဥ်​ကော ​ရေကန်​လေးပါ ပါရှိတာ​ကြောင့် ငါ​ဖမ်းရန်နှစ်​ယောက်သား ​ရေပုံး​လေး​ဘေးချကာ ငါးမျှားတံ​လေးတွင် အစာချိတ်၍ ​ရေထဲပစ်ချလိုက်သည်......
♡
♡
♡ More Than Love......
♡
♡
​နွေနဲ့မိုးကို ဖြတ်​ကျော်ကာ ​ဆောင်းဦးကို​ရောက်​တော့မည် ဖြစ်တာ​ကြောင့် ဟန်းဂုတစ်ခွင် တိုင်းပြည်တိုင်းတွင် ပွဲ​တော်များကျင်းပရန် လူတိုင်း​တက်ကြွ​နေကြသည်......ဘတ်ဂျယ်ဘုရင်သည် ဟန်းဂုတစ်နိုင်ငံလုံးတွင် သူမသိမ်းပိုက်ရ​သေးတဲ့ နယ်​မြေမရှိ.....ထို့​ကြောင့် တစ်နိုင်ငံလုံးရဲ့ ဘုရင်သည် ကိစ္စအများအပြားကိုကိုင်တွယ်ကာ အချိန်တိုင်း တိုင်းပြည်​ရေးကိုသာ ဦးစား​ပေး​နေရသည်.....သူတို့ကမ​ကောင်းဆိုးဝါးပင်မဲ့ လူမျိုးနွယ်​တွေကို အရင်တိုင်း ဂိုဂူ​လျောနဲ့ ဂျိုဆွန်းတိုင်ပြည်တို့တွင်​ပေး​နေကြသည်......တစ်လတစ်ခါ သူတို့ရဲ့ ​သွေး​သောက်ပွဲကို လူသား​တွေကအမြဲယစ်ပူ​ဇော်ခံရသည်။
(​ပြောချင်တာကလပြည့်ညမှာ လူသား​တွေကသူတို့​သွေး​သောက်ဖို့အတွက် လာ​ပေးရတာကိုပါ ဘုရင့်အမိန့်ဖြစ်တာမို့ ဘယ်သူမှလဲ မလွန်ဆန်ရဲပါဘူး)
ဒီ​​ကောက်သစ်စပါးရိတ်ပွဲ​တော်က 6နှစ်ကြာမှ ပြန်လုပ်​သော ပွဲပင်ဖြစ်သည်....ဒါဟာလူသားတို့ရဲ့အယူအဆဖြစ်တာ​ကြောင့် လူသားတိုင်းက ထိုပွဲ​တော်ကိုလုပ်ရန်တက်ကြွ​နေသလို ​သွေးစုတ်ဖုတ်​ကောင်မိစ္ဆာတို့ကလဲ စိတ်၀င်စား​နေကြသည်.....ဒါကသူတို့လို မိစ္ဆာ​တွေနဲ့ လားလားမှမဆိုင်။ မိုးနတ်မင်းကို တိုင်တည်ပြီးပူ​ဇော်တာ သူတို့ကမိုးနတ်မင်းကိုးကွယ်သူ​တွေမဟုတ် သူတို့သာဘုရား သူတို့သာဘုရင် သူတို့သာအစွမ်းထက်သူဟု ယုံကြည်ကြသူများပင်....
"လူသား​တွေ လုပ်တဲ့ပွဲကို သွားကြည့်ကြမလား"
"ဟုတ်မှလည်းလုပ်ပါဟယ် ရှင်ဘုရင်သိရင် လည်စင်း​ခံနေရအုံးမယ်"
"ညဘက်​စျေးတန်းဘဲ သွားကြမယ်​လေ မသိပါဘူး ခိုးထွက်ကြတာ​ပေါ့"
"ငါ​တော့မလိုက်ရဲဘူး"
နန်းတွင်းသူ​လေး​တွေလမ်း​လျှောက်ရင်း ​ပြောသွားတာကို ချုံပုတ်နားတွင် ပုန်း၍​နေ​သော ထယ်ထယ်​လေးမှာ ကြားသွား​တော့သည်.....သူဒီည မယ်မယ်နဲ့လာအိပ်ဖို့ နန်း​ဆောင်က​နေဘယ်သူမှ မသိခင် လစ်ထွက်လာရင်း စိတ်လှုပ်ရှားစရာ စကား​ကြောင့် စူးစမ်းချင်​နေ​လေသည်.....။မယ်မယ့်အ​ဆောင်​ရှေ့ ကုတ်​ချောင်းကုတ်​ချောင်းသွားပြီး ဘယ်သူမှမမြင်​အောင် ဟို​ကျော်ခွ ဒီ​ကျော်ခွလုပ်​နေတဲ့ ​မျောက်​လောင်း​လေး.....​နောက်ဆုံး ​ချော့​ချော့​မွေ့​မွေ့နဲ့ မယ်​တော့ အခန်း​ရှေ့ ​ရောက်သွားပြီး တံခါးဖွင့်လိုက်​တော့ မအိပ်​သေးဘဲ ချည်သား​ပေါ်မှာ ပန်းခက်ပုံ​လေးထိုး​နေ​သော မယ်မယ်....
"မယ်မယ်"
"သား​​တော်​လေး ဘယ်လို​ရောက်လာတာလဲ တစ်​ယောက်ထဲလား အထိန်း​တော်ကြီးတို့​ကော"
"သူတို့ကိုရှုပ်ရို့ တားခဲ့ဒယ်"
"​အလည်​လေး လုပ်​နေတာ​ပေါ့​လေ မယ့်မယ့်အသဲ​လေးက"
"မယ်မယ်နဲ့ ဒီညတူတူအိပ်မယ်​နော်"
"အိပ်ပါ အိပ်ပါ မနိုင်စိန်​လေးရယ်"
နူးနူးညံ့ညံ့ အိပ်ရာ​ပေါ် ချီတင်​ပေး​တော့ လူးလိမ့်​နေတဲ့ အဆိုး​လေး....အိပ်ခါနီးဆို ရစ်တတ်တဲ့ ဒီအဆိုး​လေးကို မယ်မယ်ကလဲ အချစ်​တွေပို​နေရသည်။
"မယ်မယ် အူသား​​​ဒွေက ဘယ်ရို​နေကြတာယဲဟင်"
"ဘယ်ကအူလဲ သား​တော်​လေးရဲ့"
"အူ​လေ အူ"
"အူ....သား​တော်​လေးကဘာအူစားချင်လို့လဲ"
"ဟာ မယ်မယ်ကယဲ တုံးရိုက်ဒါ ထယ်ထယ်တို့လို အူ​တွေ​လေ"
ထိုအခါမှ နားလည်တဲ့ မယ်မယ်က ရီ​မောကာ.......​​ရွှေ​ရောင်​ခေါင်းအုံး​ပေါ် လှဲချကာ သား​တော်​လေးကို ဖက်၍
"လူလို့​ခေါ်တယ် သား​တော်​လေးရဲ့ သူတို့က မယ်​တော်တို့လို လူမျိုး​တွေနဲ့ မပတ်သက်တာ အ​ကောင်းဆုံးဘဲ မယ်မယ်တို့က မိစ္ဆာ​တွေ​လေ သူတို့က မယ်မယ်တို့ကို သတ်ပစ်ချင်​နေကြတာ"
က​လေးကိုဒါမျိုးမ​ပြောသင့်ပင်မဲ့ ဒီက​လေးကအခြားက​လေး​တွေလိုမဟုတ် စူးစမ်းချင်တာလဲ သူ့အပြင်မရှိ ​တော်ကြာ လူ​တွေကြားသွား​နေမှ သည်းသည်းလှုပ်ဘုရင်နဲ့ ​တွေ့​တော့မယ်.......
"ဘာရို့ သတ်ပစ်ချင်ဒါယဲ"
"ဒါကအ​ကြောင်းရှိလို့​ပေါ့ သား​တော်​လေးရယ် ခုအိပ်​တော့​နော်"
ထယ်ထယ်​လေး​တစ်​ယောက် မယ်မယ့်ရင်ခွင်ထဲက​နေ စဥ်းစား​နေ​တော့သည် လူသား​တွေကဘယ်လို​နေထိုင်လဲ သိချင်​နေသည်.....ထယ်ထယ်က ခုချိန်ထိ နန်း​တော်ထဲက အ​ဆောင်​အ​ယောင်​တွေနဲ့ ကြီးမြတ်တဲ့ အ​ဆောင်ကြီး​တွေကြား​နေရတာမို့ အပြင်လူ​တွေ ​နေထိုင်ပုံကိုကြည့်ချင်ပြီး ခုဏက မမ​တွေ​ပြောသွားတဲ့ ည​စျေးတန်းလဲ သွားကြည့်ချင်​နေသည်....။သူ့အတို​တော်ကိုသာ မနက်​ရောက်လျှင်ပူဆာ​တော့မည်။
♡
♡
♡ More Than Love
♡
♡
"​နော် ​နော်"
"မရဘူး ထယ်ထယ် ခမည်း​တော် သိရင် သတ်လိမ့်မယ်"
"သတ်ပူးရို့ ထယ်ထယ့်တို ခမည်း​တော်ကသတ်ပူး"
"ငယ်​လေး မဆိုးနဲ့ လူသား​တွေနဲ့ အကို​တော်တို့က မ​ရောတာအ​ကောင်းဆုံးဘဲ"
"တကယ်လိုက်ပို့ဘူးယား"
"လိုက်မပို့ဘူး"
"ဟွန့်"
နှာတစ်ချက် မှုတ်ကာ အိပ်​ဆောင်ထဲ ​ပြေး၀င်သွားတဲ့ အဆိုး​လေး အရမ်းအလိုလိုက်လွန်းတာ​ကြောင့် အလွန်မှ ဆိုးလွန်း​နေသည်.....ယ​နေ့ညက လပြည့်ညဖြစ်ပြီး ​သွေးစုတ်ဖုတ်​ကောင်​တို့ ကိုယ်ထဲမှ သွေးများနိုးထရာ အချိန်ခါဖြစ်သည်.....။
ညဘက်၇နာရီ ​ကျော်​တော့ နန်းတွင်းအမတ်များကလဲ အိမ်ကိုယ်စီပြန်ကြသည်.....ဒီလိုလပြည့်ညကိုအရမ်း မုန်းပါသည်....နန်း​တော်ထဲ ​သွေးစုတ်ဖုတ်​​ကောင်တို့ ​အော်ဟစ်ရာ အသံများသည် လွန်စွာမှ ကြက်သီးထဖို့​ကောင်းသည်......
နန်း​တော်မှ အိမ်အသီးသီးသို့ ပြန်ရန် ထွက်ခွာ​သော အမတ်များသည် ၁၀​ယောက်နီးပါးရှိသည်.....ဒါကို မြင်​သောထယ်ထယ်​လေးသည် ထိုလူအုပ်ကြား ​​ပြေးသွားကာ နန်း​တော်ဂိတ်မှ ဘယ်သူမှမရိပ်မိအောင် ထွက်လာနိုင်ခဲ့သည်....သူက​သေး​သေး​လေးမို့ ထိုလူ​တွေကလဲသတိမထားမိသလို့ နန်း​တော်ဂိတ်​စောင့်​တွေကလဲမမြင်ကြ......
ထိုလူကြီး​တွေနဲ့ဆက်မလိုက်​တော့ဘဲ လမ်း​ပေါ်က လူအများသွားရာဘက်သို့ စူးစမ်းချင်စိတ်ဖြင့် ဟို​ငေးဒီ​ငေး ​လျှောက်လာ​တော့ မြို့​တော်တစ်ခု​သို့​ရောက်လာကာ အလွန်စည်းကားလှသည်.....လူ​တွေကအများကြီး မုန့်ဆိုင်​တွေလဲအများကြီး.....အရုပ်တန်း​တွေမြင်​တော့ က​လေးပီပီလိုချင်ပြန်သည်.....တုတ်တွင် အနီ​ရောင် အလုံး​လေး​တွေထိုးထားတဲ့ စားစရာမြင်​တော့ စားချင်ပြန်သည်.....။သူ​နေတဲ့ ​နေရာကနတ်ဗ္မိာန်လို့ နန်း​တော်ကလူကြီး​တွေ​ပြောပင်မဲ့ ဒီ​နေရာကမှသူ့ရဲ့ ဘုံဗ္မိာန်အစစ်.....သူစား​နေကြ အစားစာ​တွေနဲ့ တစ်ခုမှမတူ အသစ်အဆန်း​တွေကြီးသာ.....
သူ​လျှောက်လာရင်း လူတစ်စုကို ဆွဲ​ခေါ်လာတဲ့ နန်း​တော်ထဲ​တွေ့​နေကြ သံချပ်ကာ​တွေနဲ့ လူ​တွေ​ကြောင့် တစ်နေရာ၀င်ပုန်းကာ ခိုးကြည့်​နေလိုက်သည် လူ​တွေကိုရိုက်နှပ်ကာ ဆွဲ​ခေါ်​နေကြတာ ​ကြောက်စရာကြီး....သူ့ကို​တွေ့ရင် အဲ့လူ​တွေလိုပြန်​ခေါ်သွားရင် ဒုက္ခ......
ထို့​လူ​တွေနဲ့​​ဝေးသွားမှ ထယ်ထယ်​လေးတစ်ယောက် လမ်းမ​လေးအတိုင်း ​စျေးဆိုင်​တွေပတ်ကြည့်​နေ​တော့သည်...က​လေး​ပီပီ မမြင်ဘူးတာ​တွေမြင်​တော့ စိတ်၀င်စား​နေခြင်းပင်......​နောက်ဆုံး ​ရောက်လာတာက မျက်နှာဖုံးအစုံ ချိတ်ထားတဲ့ ဆိုင်မဟုတ်တဲ့ လမ်း​ေဘးဆိုင်​လေး.....၀ံပု​လွေ အဖြူ​ရောင်​မျက်နှာဖုံးက သူ့ကိုအလွန်မှ စွဲ​ဆောင်​နေသည်.....
"ဦးဦး"
မျက်နှာဖုံး​တွေ​ဘေးက ဦး​လေးကြီး အ၀တ်စကိုစွဲလိုက်​တော့ ငုံ့ကြည့်လာသည်။
"ဟိုမျက်နှာဖုံး​​ယေး ​ပေးပါရား"
၀ံပု​လေဖြူ​လေးကို လက်ညှိုးထိုး​တော့ ယူ​ပေးပြီး သူ့လက်ထဲတန်းမထည့်.....
"​ငွေစအရင်​ပေး"
ထိုအခါ က​လေးငယ်က ​ငွေစဆိုတာ မြင်​တောင်မမြင်ဘူး သူ့ခမည်း​တော်နဲ့မယ်​တော်ကသူလိုချင်သမျှ သူ့​ရှေ့​ရောက်​အောင် ပို့​ပေးကြ​တော့ တစ်ခါမှ ကိုယ်တိုင်​ငွေစကိုင်ပြီး မ၀ယ်ဘူး​ပေ.....​ငွေစဆိုတာမြင်​တောင်မမြင်ဘူးဘူး........
"တားတားဆီမှာ ​နွေစချိဘူး"
"မရှိရင် မ၀ယ်နဲ့​လေ"
"တားတားလိုချင်ရို့ပါ"
"​ငွေစမ​​တောင်းဘဲ အလကား​ပေးရင်ငါမွဲသွားမှာ​ပေါ့ နားမလည်ဘူးလား"
ထိုအခါ ထယ်ထယ်​လေးမှာ ၀ံပု​လွေဖြူမျက်နှာဖုံးသာ လိုချင်တာ​ကြောင့် ခမည်း​တော်​ပေးထားတဲ့ လည်ဆွဲကိုချွတ်​ပေးလိုက်​တော့ ထိုလူကတန်းဖိုးကြီးမှန်းသိ၍ မျက်စိက တစ်လှုပ်လှုပ် ထိုလူကြီးလက်ထဲ ဆွဲကြိုး​​လေး ကမ်း​ပေးတုန်း ဆွဲလုသွား​သော လက်တစ်စုံ.....
"က​လေးကို ညှပ်ချဖို့လုပ်မ​နေနဲ့"
"အံမယ် မ​လောက်​လေးမ​​လောက်စား ​နောက်တစ်​ကောင် ​ရောက်လာပြန်ပြီ"
"ဒီမှာ စကားကို ကြည့်​ပြော ​ရော့"
​ငွေစဆစ်ချို့ကို ထုတ်​ပေးပြီး ထိုလူကြီး လက်ထဲက ၀ံပု​လွေဖြူမျက်နှာဖုံးရယ် အဝါ​ရောင် ကြက်ပိစိ​လေးပုံရယ်နှစ်ခုယူကာ ထယ်ထယ်​လေး​ရှေ့​ရောက်လာတဲ့ ခပ်​ချော​ချောတိုတို......
"လာသွားမယ်"
လက်မှဆွဲကာ ​ခေါ်သွား​သော သူ့ထက်အနည်းငယ်ကြီးပုံ​ပေါ်သည့်အကိုကြီးလက်ကိုတွဲကာ လိုက်လာ​တော့ ကန်​ရေပြင်တစ်ခုနား​ရောက်လာသည်......ထိုအခါ လက်ထဲထည့်​ပေးလာတဲ့ ၀ံပု​လွေဖြူမျက်နှာဖုံးနဲ့ ဓါးသွားမမာ ချွန်ထက်​သော အတံ​သေး​သေး​လေးနဲ့ဆွဲကြိုး.....
လက်​လေးထဲ​သေချာထည့်ပြီး သူ့ကိုကြည့်လာတဲ့ မျက်၀န်းစူးရှရှတစ်စုံကို ​တွေ့​တော့ ဆက်မကြည့်ရဲစွာ မျက်နှာငုပ်လိုက်​တော့ ချက်ချင်းဆိုသလို ပွတ်ဆိုပြီးထွက်လာတဲ့ အမြှီး​သေး​သေး​လေး.....ဒါကိုမြင်တဲ့ တိုတိုက အံ့သြကာ သူ့အ​ပေါ်ထပ် ၀တ်ရုံချွတ်ပြီး အ​ပေါ်မှထပ်ခြုံ​ပေးသည်.....​တော်​သေးသည်က အ​မှောင်ရိပ်ကျ​နေလို့ ဘယ်သူမှမမြင်ချင်းပင်
"တစ်​ယောက်ထဲလား မိဘ​တွေ​ကော"
"ခမည်း.....မိဘ​​​ဒွေက ပါဘူး ထယ်တစ်ယောက်တဲထွက်လာဒါပါ"
"ဒီလိုပွဲကိုတစ်ယောက်ထဲလာရဲတဲ့ သတ္တိကိုတကယ်​လေးစားတယ်"
"ဟီးးး ထယ့်ကိုအိမ်လိုက်ပို့မှာလား ဟင်"
"အင်း ​အရမ်း​ဝေးလို့လား"
"ဟုတ်ဒယ် ​ဝေးကြီးဘဲ ဒီည တိုတို့အိမ်လျုက်အိပ်ရို့ရမလား"
"မင်းမိဘ​တွေ စိတ်ပူ​နေလိမ့်မယ်​လေ က​လေးရဲ့"
"ပူဘူးပူဘူး သူဒို့ကသိ​ဒေါင်​သိဝူး"
"ဟုတ်ပါပြီ မနက်ကျပြန်လိုက်ပို့​ပေးမယ်"
"ဟုတ်"
​ခေါင်း​လေးငြိမ့်ကာ ​ပြော​နေ​သော အ​ကောင်ပေါက်​လေးက အသဲယားစွာ ​ပေါင်း​ဖောင်း​လေး​တွေကို ငုံစွဲထားချင်သည်ထိပင်.....
"နာမည်က"
"ထယ်​ယောင်းပါ"
"​ယောင်း"
ဘာရယ်မဟုတ် ပါးစပ်ဖျားမှ လွှတ်ခနဲထွက်သွားတဲ့နာမ်စား​လေး.....
"​တိုတို့နာမည်က​ရော"
"​ဂျောင်ဂု"
"​အော်"
ထိုချိန် တိမ်ကင်းစင်စွာထွက်လာ​သော လမင်းသည် အလွန်မှလှပပါသည်......ဟန်းဂုရဲ့ ဒီပွဲ​တော်တွင် လ​ရောင်သည် အ​တောက်ပဆုံးလို့ ​ပြောပင်မဲ့ ​ရှေ့ကက​လေး​လောက်​တောင် မ​တောက်ပ......
"အီးး ယားဒယ်"
ရုတ်တရက် ထပြီး ယားတယ်​အော်​နေ​သော အ​​ကောင်​ပေါက်​ကြောင့် ကြည့်မိ​တော့ သွားအစွယ်​လေး နှစ်​ချောင်းကထွက်​ပေါ်​နေသည်.....
"ဟင် ဘယ်နားယားလို့လဲ ​ယောင်း"
"နာဒယ် ဟင့်.....​သွား​​ဒွေနာဒယ် ယားလဲယားဒယ်"
"အရင်က​ကော ဖြစ်ဘူးလား"
"ဟင့်အင်း ဒစ်ခါမှဖြစ်ဘူးဘူး အီးးး ဟင့် နာဒယ် တိုတို​​ရေ"
အ​ရှေ့က​ က​လေးငယ်က ​အော်ငို​တော့ သူ့မှာ ပြာပြာသလဲ မဖြစ်​တော့တဲ့အဆုံး.....
"ကိုကို့​ပေါ်တက်"
​"ဟင့်"
"ခဏ​လေးသည်းခံ​နော်"
က​လေးငယ်ကို ဂုန်းပိုးကာ အိမ်​တော်ဆီအမြန်ပြန်လာခဲ့သည်.....အိမ်​တော်​ရောက်​တော့ မီး​တွေကပိတ်ပြီး တစ်အိမ်လုံး လူမရှိဟန်.....ဒီ​နေ့ကအ​​စေခံ​တွေကိုနားရက်​ပေးထားတာ​ကြောင့် ဦးရီး​တော်ကလဲဒီ​နေ့ အ​ပေါင်းအ​ဖော်တွနဲ့ သွား​တွေ့မှာ ညီငယ်​လေးကလဲ ​ဘေးအိမ်ကသူ့သူငယ်ချင်းနဲ့ အိပ်မှာမို့ အိမ်​တော်ထဲ သူတို့နှစ်​ယောက်သာရှိသည်။ က​လေးငယ်ကို သူ့အခန်းထဲ​ခေါ်လာကာ ပြတင်း​ပေါက်ဖွင့်လိုက်​တော့ လ​ရောင်ရဲ့ ​အောက်မှ ​ကောင်ငယ်​လေးရဲ့ မျက်လုံးတို့သည်.....အနီတစ်လှည့် အပြာတစ်လှည့်ဖြစ်​နေခဲ့သည်....
"ယောင်း တိုတို့ရဲ့ လည်ပင်း​လေး စားလို့ရမလားဟင်"
"ဟင် ကိုကို့လည်ပင်းကိုစားရင် ​သေသွားမှာ​ပေါ့ ​ယောင်းရဲ့"
"​သေဝူး​လေ ​သေး​သေး​လေးဘဲ စားမှာ"
​ဒီက​လေး​လေး ​ရှေ့က​နေ အမြှီးတစ်လှုပ်လှုပ်နဲ့ သူ့ကို​မျှော်ကြည့်​နေတာမို့ က​လေးကိုက်တာ​လောက်ကမနာ​လောက်ပါဘူး ဆိုကာ.....
"လာခဲ့ ကိုကိုဆီ"
လက်ကမ်း​ပေး​တော့ ​ပေါင်​ပေါ် ကုတ်ချစ်တက်ကာ သူ့ရဲ့အနံ့ကို လိုက်ရှု​နေ​သော အ​ကောင်​ပေါက်​လေး....လည်ပင်းကို နှာဖျားထိပ်နဲ့ ပွတ်တိုက်ကာ ကျီစယ်​တော့ လူကယားကျိကျိနဲ့.....
"​ယောင်း စား​တော့မယ်နော်"
"အင်း"
သူ့ဆီကခွင့်ပြုချက်ရတာနဲ့ လည်ပင်း​ပေါ်ကျ​ရောက်လာတဲ့ အစွယ်​လေးနှစ်ခု......အနက်ကြီးမဟုတ်ဘဲ ​သေး​သေး​လေးသာ အကိုက်ခံပြီး ​သွေးအစုတ်ခံ​နေရပင်မဲ့ တုန်​တောင်မတုန်လှုပ်.....က​လေးငယ်က လိုသ​လောက် ​သွေး​တွေယူ​သောက်ပြီး​တော့ သူ့ကိုဖက်တွယ်ကာ အိပ်​ပျော်သွားသည်.....က​လေးငယ်ကို ဝါဂွမ်းနုနု​ပေါ်ချပြီးသိပ်ကာ နှဖူး​လေးကို နမ်းမိ​တော့ အမြှီး​လေး​တွေက ​ပျောက်ကွယ်သွားသည်.......ဒါ​လေးကလူမဟုတ်မှန်းသူသိပင်မဲ့ စွဲလမ်းမိသည်.....။
TBC
♡More Than Love
♡Yung(김영챌)
ဘယ်လိုလဲကြိုက်ကြရဲ့လား😚
[Zawgyi]
"ငယ်​လေး"
"ဟားဟား လာဒီမှာထိုင်"
"ဟွန့် ခုသင်​ပေး ခု"
"သား​တော်​လေး"
"ခမည်း​တော်"
"အထိန်း​တော်ကြီး သားငယ်​လေးအတွက် ချိုချဉ်​တွေ ယူလာခဲ့ ပြီးရင် သမား​တော်ဆီက ​ဆေး​တွေပါ​တောင်းခဲ့"
"မှန်လှပါမင်းကြီး"
"​ကောင်းပါတယ် အရှင်"
"ဟုတ်"
"ဖမ်းကြတာ​ပေါ့"
♡
♡
♡ More Than Love......
♡
♡
"ညဘက်​ဈေးတန်းဘဲ သွားကြမယ်​လေ မသိပါဘူး ခိုးထွက်ကြတာ​ပေါ့"
"ငါ​တော့မလိုက်ရဲဘူး"
"မယ်မယ်"
"အူ​လေ အူ"
♡
♡
♡ More Than Love
♡
♡
"​နော် ​နော်"
"တကယ်လိုက်ပို့ဘူးယား"
"လိုက်မပို့ဘူး"
"ဟွန့်"
ထို့​လူ​တွေနဲ့​​ဝေးသွားမှ ထယ်ထယ်​လေးတစ်ယောက် လမ်းမ​လေးအတိုင်း ​ဈေးဆိုင်​တွေပတ်ကြည့်​နေ​တော့သည်...က​လေး​ပီပီ မမြင်ဘူးတာ​တွေမြင်​တော့ စိတ်ဝင်စား​နေခြင်းပင်......​နောက်ဆုံး ​ရောက်လာတာက မျက်နှာဖုံးအစုံ ချိတ်ထားတဲ့ ဆိုင်မဟုတ်တဲ့ လမ်း​ဘေးဆိုင်​လေး.....၀ံပု​လွေ အဖြူ​ရောင်​မျက်နှာဖုံးက သူ့ကိုအလွန်မှ စွဲ​ဆောင်​နေသည်.....
"ဦးဦး"
"​ငွေစအရင်​ပေး"
"မရှိရင် မ၀ယ်နဲ့​လေ"
"တားတားလိုချင်ရို့ပါ"
"လာသွားမယ်"
"အင်း ​အရမ်း​ဝေးလို့လား"
"ဟုတ်"
"နာမည်က"
"ထယ်​ယောင်းပါ"
"​ယောင်း"
"​တိုတို့နာမည်က​ရော"
"​ဂျောင်ဂု"
"​အော်"
"အီးး ယားဒယ်"
"အရင်က​ကော ဖြစ်ဘူးလား"
"ကိုကို့​ပေါ်တက်"
"ဟင့်"
"ခဏ​လေးသည်းခံ​နော်"
"လာခဲ့ ကိုကိုဆီ"
"အင်း"
TBC
♡More Than Love
♡Yung(김영챌)
Contents
Contents
Comments(0)
Join the discussion — sign in to leave a comment
Sign In to Comment
No comments yet. Be the first to share your thoughts!