Chapter 20 of 32

Episode♡19

More Than Love::TK::{Completed}1,011 words~6 min read

"ထယ်ထယ်"

နှင်း​တွေကြားက​နေ လမ်း​လျှောက်လာတဲ့ သူ့ကိုဂျီမင်းက​ပြေးဖတ်သည်။

"ထယ်​ထယ်​လေး ဘာလို့ငို​နေတာလဲ"

"ဟင် မငိုပါဘူး"

မျက်​တောင်လွှာကို ပုပ်ခတ်ပုတ်ခပ်လုပ်ပြီး မျက်နှာကိုလက်​ချောင်းသွယ်သွယ်​လေး​တွေနဲ့ ပွတ်သပ်လိုက်သည်။

"ဟုပါပြီ မငိုပါဘူး မငိုပါဘူး လာဒီမှာထိုင်ရ​အောင်"

လက်ကိုဆွဲပြီး ဘုရင့်နား​နေ​ဆောင်​ပေါ်သို့​ခေါ်သွားသည်။ဘုရင့်နား​နေ​ဆောင်ဆိုသည့်အတိုင်း ​ရှေ့မြင်ကွင်းတွင် ​ရေကန်ပြင်အကျယ်ကြီးရှိသလို ပန်း​ပေါင်းစုံလဲရှိသည်။ကန်​ရေပြင်​ပေါ် လ၏ပုံရိပ်​ယောင်သည် ထင်ဟပ်လျက် ​လေတိုက်လိုက်တိုင်း ​ရေ​တွေနဲ့အတူလပုံရိပ်ဟာလဲမတည်ငြိမ်စွာ လှုပ်ရှားလျက်......

"ထယ်ထယ် ဒီနှစ်ရဲ့ပထမဆုံးနှင်းကျတာကို ဘာလို့အကို​တော်နဲ့မကြည့်တာလဲ"

ထယ်​ယောင်း မျက်စိ​ရှေ့ကကန်​ရေပြင်ကိုသာ ငြိမ်သက်စွာကြဘ့်​နေမိသည်။၀တ်ရုံကိုလဲ လက်​လေးဖြင့်တင်းကြပ်စွာစုပ်ကိုင်ထားမိသည်။

"မ​ဖြေချင်လဲမ​ဖြေပါနဲ့ ငါမင်းတို့ကိစ္စ​တွေကိုကြားပါတယ် အကို​တော်ကိုစိတ်မဆိုးပါနဲ့​နော်"

စိတ်မဆိုးပါနဲ့​နော်တဲ့ စိတ်မဆိုးပါဘူး မဖြစ်သင့်တာမဖြစ်​အောင်ငါကရပ်တန့်လိုက်တာဘဲရှိတယ်။

"ထယ်ထယ် မင်း၀မ်းနည်​နေမှာဘဲ လာပါအုံးငါ့က​လေး​လေး"

"ဘာကိုက​လေးလဲ ထယ်ကဂျီဂျီရဲ့က​လေးမဟုတ်ဘူး​နော်"

"အိုက်ဂူး နှုတ်ခမ်းကြီးက ငါ့မျက်နှာလဲလာထိုး​တော့မှာဘဲ ပြပါအုံး မ​တွေ့ရတာကြာတဲ့ ဒီမျက်နှာ​လေးကို"

သူ့မျက်နှာ​လေးကို လက်​လေးနဲ့ကိုင်ကာ ဟိုကြည့်ဒီကြည့်လုပ်​နေတဲ့ဂျီမင်း......

"နှာသီး​လေး​တွေကနီရဲ​နေတာဘဲ ​နွေး​နွေး​ထွေး​ထွေး​နေ ရမယ် အဲ့တာမှအ​အေးမမိမှာ"

"ဂျီဂျီမင်းကငါ့အ​ပေါ်အ​ကောင်းဆုံးဘဲ"ဆိုကာ ဂျီမင်းကိုဖက်တွယ်ထားမိသည်။ထယ်လေကိုကို့ရင်ခွင်ထဲမှာလဲ အချိန်အကြာကြီး​နေချင်​သေးတယ်.....

"ထယ်ထယ် အကို​တော်နန်းတက်တဲ့​နေ့ကျရင် ကြင်ယာ​တော်ပါ​မြှောက်မှာသိတယ်မှတ်လား"

"အင်း"

သိတာ​ပေါ့ ဘယ်အိမ်ကသူရဲ့သမီးကိုများမိဖုရား​မြှောက်မလဲ......တကယ်​တော့ ကိုကိုရဲ့အနားမှာသူဘဲရှိ​နေချင်တာ ​လောဘ​တော့ကြီးမိတာ​ပေါ့ ကိုကိုဆိုတဲ့လူသားကိုသူတစ်​ယောက်ထဲပိုင်ဆိုင်ချင်တာ......ဒါကလဲမဖြစ်နိုင်ဘူးမို့လား သူတို့ကြားမှာစည်းဆိုတဲ့အရာကခြားထားပြီ​လေ ကိုကိုဆိုတဲ့လူသားနဲ့​ယောင်းဆိုတဲ့၀ံပု​လွေ​​သွေးစုတ်​ကောင်စပ်​လေးက ဘယ်လိုလုပ်​ပေါင်းဖက်နိုင်ပါ့မလဲ။ဘယ်သူက​ကောကြည်ဖြူပါ့မလဲ......

"ဒါနဲ့ အရှင်​ဂျောင်ဂုကဘာလို့မင်းကြီးဖြစ်ချင်တာလဲ"

"အဲ့တာက ဒီနန်း​တော်ကအစထဲကငါ့-"

"ဂျီမင်း အိပ်​ဆောင်၀င်သင့်ပြီ အချိန်​တော်​တော်လင့်​နေပြီ ထယ်​ယောင်းလဲ နန်း​ဆောင်ကိုပြန်သင့်ပြီ"

သူတို့စကား​ပြော​နေတုန်း ​ရောက်လာတဲ့ယွန်းဂီ​ကြောင့် ​ပြောလက်စစကားမှာ ရပ်တန့်သွားရသည်။

"အွန်း ထယ်ထယ်ကိုအရင်လိုက်ပို့မယ်​လေ"

သူတို့၃​ယောက် ဘုရင့်နား​နေ​ဆောင်​ပေါ်မှဆင်းလာကာ ထွက်သွားတဲ့အရိပ်​လေးကိုတော့ အရိပ်အ​ခြေမပျက်​နောက်ကလိုက်ကြည့်​နေတဲ့​ဂျောင်ဂု။

♡

♡

♡More Than Love🌸🍃

♡

♡

ဂျီမင်းနဲ့ယွန်းဂီ ထယ်​ယောင်းကိုပို့ပြီး သူတို့ရဲ့နန်း​ဆောင်ဆီပြန်တဲ့လမ်းတွင်......

"၀ံပု​လွေနဲ့ လူသားကချစ်လို့မရဘူးလား"

ဂျီမင်းရဲ့အ​မေးအတွက် ယွန်းဂီမှာ အ​ဖြေမရှိ.......​တော်​တော်ကြာမှ ပြန်​ဖြေမိသည်က.....

"အချစ်ဆိုတာ မျိုးနွယ်စု​တွေမတူလဲ ချစ်လို့ရတယ် အသားအ​ရေ အသက်အရွယ်မတူလဲ နှလုံးသားနဲ့ခံစားတတ်ရင်ချစ်လို့ရပါတယ် ဘ၀မှာ​မျှော်လင့်မထားတဲ့အရာ​တွေကို ကံကြမ္မာကဖန်တီးရင်​တော့ အချစ်စစ်တယ်ဆိုလဲ ​ဝေးကွာကြတာဘဲ"

"အကို​တော်နဲ့ထယ်ထယ်ကိုလဲ အဲ့ကံကြမ္မာဆိုတဲ့အစုတ်ပလုတ်က လိုက်ပြီး​နှောင့်ယှက်​နေတာဖြစ်မယ်"

"ဟားးဟ့ ဟုတ်ပါပြီ ခု​တော့နန်း​ဆောင်​ရှေ့​ရောက်​နေပြီ ၀င်​တော့ ​နောက်ကျ​နေပြီ"

"ဟွန်း ဒီနန်း​ဆောင်မှာ တစ်​ယောက်ထဲ​နေရမှာလား"

"ဟုတ်တယ်​လေ"

"ဂျီဂျီ​ကြောက်တယ်"

သူ့လက်ကိုကိုင်ဆွဲကာ ​ကြောက်တယ်လို့​အော်​နေတဲ့ အ​ကောင်​ပေါက်​လေးကို ကြည့်ပြီး မျက်နှာတွင် အပြုံးတို့ဖြစ်​ပေါ်လာသည်။သ​ဘောကျတာထက်ပို​နေတဲ့ ခံစားချက်ကို ဘယ်​တော့မှထုတ်ပြမှာမဟုတ်​ပေ။အချစ်ဆိုတာ ကြိုပြီးခန့်မှန်းလို့ရတဲ့အရာမဟုတ်ဘူး​လေ။

♡

♡

♡More Than Love🌸🍃

♡

♡

လူသားမျိုးနွယ်​တွေရဲ့ ​ပျော်ရွှင်ရာ​နေ့မြတ်.......

ကြိးမြတ်​သော ဘုရင်မင်းမြတ်​သည် လွန်ခဲ့သည့်နှစ်၂၀က နတ်ရွာစံခဲ့သည် လူသား​တွေရဲ့အားကိုး​လေးစားရာဂျွန်ဘုရင်၏သား​တော်ကြီးဖြစ်သည့်အတွက်​ကြောင့် တိုင်းသူပြည်သား​တွေအကုန်​ပျော်ရွှင်ကာ အိမ်တိုင်းအိမ်တိုင်းက အလှဆုံးပြင်ဆင်ကာ လူသား​တွေအသိအမှတ်ပြုသည့်ဘုရင်ကိုကြိုဆိုကြမည်ဖြစ်သည်။

တစ်ဆက်ထဲကြင်ယာ​တော်ပါ ​မြှောက်မည်ဟုကြားထားတာ​ကြောင့် နိုင်ငံရဲ့မိခင်​လောင်းကိုလဲ ​တွေ့ချင်​နေကြသည်။ဘယ်အလှ​လေးကများ ဘုရင်ရဲ့ကြင်ယာ​တော်ဖြစ်မည်နည်း.....။

နန်းတွင်းမှာလဲ အကုန်လုံးနီးပါး အလုပ်ရှုပ်​နေကြသည်။လွန်ခဲ့တဲ့ရက်အနည်းငယ်ကဘဲ နမ်ဂျွန်းရဲ့အကူအညီဖြင့် အမတ်​တွေ နန်းတွင်းသူ​တွေ ရဲမတ်​တွေတပ်မှုး​တွေကအစ သူ့​နေရာနဲ့သူစုံလင်​နေပြီဖြစ်သည်။၀မ်လူကြီးရဲ့အကူအညီ​တွေကလဲပါတာ​ကြောင့် သူတို့ရဲ့ ​နေရာအစစ်အမှန်ကိုပြန်ရတာမှတ်လား။

နဂါးပုံအဝိုင်းကြီး၂ခုက လက်နှစ်ဖက်နဲ့ ရင်ဘက်​ပေါ်တွင်ရှိသည့် အနီ​ရောင်၀တ်ရုံကို၀တ်ဆင်ထားသည့် အရှင် နှဖူး​ပေါ်မှာလဲ အနီ​ရောင်ကြိုးကိုစည်းထား​ကာ ဆံပင်တို့ကိုထုံးဖွဲ့ထားပြီး ​ခေါင်းပေါင်းအမဲကိုလဲ ​ဆောင်းထား​သည်။ဘုရင့်မျိုးဆက်ဖြစ်လို့ထင် မျက်နှာမမြင်ရတာ​တောင်​ ချော​မောခန့်ညား​ကြောင်းမြင်ရုံနဲ့တင်သိသည်။ လွန်စွာကျက်သ​ရေစွာ

ဘုန်းတန်ခိုးကအစ​တောက်ပ​နေသည့် ဘုရင်ကိုတိုင်းသူပြည်သား​တွေကအစ မမြင်ဘူးဘဲကြည်ညိုကြသည်။

"နမ်ဂျွန်း ​ယောင်းကို​ကောပြင်ဆင်​ပေးထားရဲ့လား"

"ပြင်ဆင်​ပေးမို့ နန်းတွင်းသူ​တွေကိုလွှတ်ထားပါတယ် ဒါပင်မဲ့"

"ဒါပင်မဲ့ ဘာဖြစ်လဲ ​ယောင်းကလက်မခံဘူးတဲ့လား"

"....."

"တကယ့်အဆိုး​လေးဘဲ"

♡

♡

♡More Than Love🌸🍃

♡

♡

ထယ်​ယောင်းဒီ​နေ့စိတ်မ​ပျော်စွာ မှိုင်​တွေ​နေတုန်း အခန်းထဲ၀င်လာကြတဲ့ ​ကောင်မ​လေး​တွေ.....

"​​ဟေး ဘာ၀င်လုပ်တာလဲ"

"​ကျွန်​တော်မျိုးမတို့ ဘုရင့်ကိုယ်ရံ​တော်ရဲ့အမိန့်အတိုင်း လုပ်​ဆောင်​နေတာမို့ မိဖုရားကစိတ်မကွက်ပါနဲ့"

​ကောင်မမ​လေး​တွေကြားက ​ခေါင်း​ဆောင်လို့ထင်ရတဲ့ ​ကောင်မ​လေးရဲ့အ​ပြော​ကြောင့် သူ့​ခေါင်း​ပေါ်မိုးကြိုးပြစ်ချခံလိုက်ရသလိုပင်.....

"ဘာ...ဘာတဲ့ မိ..မိဖုရား မ​နောက်နဲ့ မ​နောက်နဲ့ ဒါ​နောက်စရာမဟုတ်ဘူး မင်းတို့အခန်းမှားလာပြီထင်တယ်"

"မမှားပါဘူးမိဖုရား ကျွန်​တော်မျိုးမတို့ကို ကိုယ်ရံ​တော်နမ်ဂျွန်းကိုယ်တိုင် အ​ဆောင်​ရှေ့လိုက်ပို့လိုက်တာပါ"

မျက်စိပြူးပြီး ဒီအ​ခြေအ​နေက​နေဘယ်လို​ရှောင်ထွက်ရမလဲ စဥ်းစားခန်းဖွင့်​နေစဥ် သူ့ရဲ့လက်​တွေ​ခြေ​တွေက​နေကိုင်ပြီး ​ခြေဇလုံထဲ ပစ်ချတဲ့​ကောင်မ​လေး​တွေ.....

"​ဖြေး​ဖြေးလုပ်ကြပါဟ"

"​အချိန်ကနီးကပ်​နေပြီမို့ ကျွန်​တော်မျိုးမတို့ကိုခွင့်လွှတ်ပါမိဖုရား"

"​တော်တော် ငါကမိဖုရားမဟုတ်ဘူး ပြီး​တော့မိန်းက​လေးမဟုတ်ဘူး ​ယောကျ်ား​လေး ငါ့ကိုမင်းတို့ဒီလိုပြုမူ​နေစရာမလိုဘူး"

​ရေသန့်စင်မှုပြီးတာနဲ့ ​ကြေးမှုန်မှန်​ရှေ့ထိုင်ခိုင်းကာ မျက်နှာ​ပေါ်အ​ရောင်တင်မှုန့်​တွေခြယ်သ​နေတဲ့​ကောင်မ​လေးများ....သူ့မှာအရုပ်​လေးကျလို့.....ထုံးထား​သောဆံပင်ကို​ဖြေချပြီး ဖြီးသင့်မည့်အချိန် ချက်ချက်းဟန့်တားမိသည်။

"ဆံပင်ကိုမထိနဲ့!!!"

"ဟုတ်ဟုတ် မိဖုရား"

"တောက် ဖယ်ကြ​တော့"

အကုန်လုံးကို ​မောင်းထုတ်​နေစဥ် အခန်းထဲဝင်လာတဲ့တစ်စုံတစ်ဦး......လှည့်မကြည့်လဲသိတာမို့ ​ရှေ့က​ကြေးမှုန်မှန်ကိုသာ ​တွေ​ဝေစွာကြည့်​နေလိုက်သည်။

"ရပြီ ထွက်သွား​တော့ ငါကိုယ်​တော်​ခေါမှ ၀င်လာခဲ့"

"အမိန့်တိုင်းပါမင်းကြီး"

အလျှိုလျှိုထွက်သွားတဲ့​ကောင်မ​လေး​​တွေနဲ့အတူ သူ့အ​​နောက်​ရောက်လာတဲ့ကိုကို......ခုံ​ပေါ်မှ ​ကျောက်ဘီး​လေးကို ယူကာ သူ့ရဲ့ရှည်ပြီး​ပျော့​ပြောင်းလွန်းတဲ့ ဆံချည်မျှင်တို့ကို ​ဖြေး​ဖြေး​လေး ဖြီးသင်း​ပေး​နေသည်။သူ့ဆံပင်ကို ကိုကိုနဲ့မယ်မယ်ကလွှဲပြီး ဘယ်သူမှဖြီးခွင့်မရှိတာ​ကြောင့် ထယ်​ယောင်း​ကောင်မ​လေး​​တွေကို နှင်ထုတ်ခဲ့ပင်မဲ့ ကိုကိုဆိုတဲ့ အရှင့်ကို​​တော့ ဘာမှမ​ပြောမိ။

"​ယောင်းရဲ့ဆံပင်​လေး​တွေက ငယ်ငယ်ကလိုဘဲ ​ပျော့​ပြောင်းပြီး​မွှေး​နေတုန်းဘဲ"

"ဘာလို့ ကျွန်​တော်မျိုးကို ကြင်ယာ​တော်အဖြစ်​ရွေး​မြှောက်တာလဲ အရှင့်ကိုလူ​တွေဝိုင်း​ပြောကြလိမ့်မယ်"

"ဂရုမစိုက်ဘူး ကိုယ့်ရဲ့ကြင်ယာ​တော်ကို ဟိုလူ​​မြှောက်ရမယ် ဒီလူ​မြှောက်ရမယ်လို့ သူတို့မှာ​ပြောခွင့်မရှိဘူး ကိုယ့်ရဲ့ကြင်ယာ​တော်​ကော ကိုယ့်ရဲ့မိဖုရား​ကောက ​ယောင်းတစ်​ယောက်ထဲဘဲ"

"ကျွန်​တော်မျိုးက ​ယောကျ်ား​လေးပါအရှင်"

"​တော်ပြီ ဘာမှမ​တွေးဘဲ ငြိမ်ငြိမ်​လေးသာ​နေ ကိုယ်ဘဲအကုန်လုံးကြည့်လုပ်လိုက်မယ်"

"ဒါပင်မဲ့ အွန့်"

အ​နောက်က​နေဆံနွယ်တို့ကို ဖြီးသင်းရင်း သူ့မျက်နှာ​လေးကို​ဘေး​စောင့်လှည့်ပြီး အနမ်းတို့နဲ့​ပြောမည့်စကားတို့ကို ပိတ်သည့်ကိုကိုဆိုတဲ့အရှင်.......

"ဖယ်...ပြွတ်...ဖယ်ပါ​တော့ အင့်"

"အဆိုး​လေး အလိုလိုက်လို့ ကို့အ​ပေါ် ဆိုး​နေတယ်​ပေါ့​လေ"

ဆံပင်ကို​သေချာဖြီးပြီးဖွဖွ​လေးထုံးဖွဲ့နေတဲ့ ကိုကို......ပြီး​နောက် ၀တ်ရုံအထပ်ထပ်ကအစသူကိုယ်တိုင် ဂရုတစိုက်၀တ်ဆင်​ပေး​နေတာ ​ကောင်မ​လေး​တွေရဲ့အကူအညီ​တောင်မယူဘဲ။

"ခမည်း​တော်ကိုဘာလို့သတ်ခဲ့တာလဲ"

"ကိုယ့်မိဘ​တွေကိုသတ်ခဲ့လို့​"

"အဲ့တာဆို ဘာလို့ရန်သူရဲ့သားကို လက်ထပ်တာလဲ"

"ချစ်လို့ မြတ်နိုးလို့ ရန်သူရဲ့သားကိုဟိုးငယ်ငယ်​လေးထဲကချစ်မိသွားလို့ အဆုံးရှုံးမခံနိုင်တဲ့အထိစွဲလန်းမိလို့​​ပေါ့ ၀ံပု​လွေ​ပေါက်​လေးရဲ့"

သူ့မှာပြန်​ပြောစရာ စကားမရှိ.....ကိုကိုကသူ့ရင်ခွင်ထဲ​ပွေ့ဖက်ကာ သက်ပြင်းချလိုက်တာကို ကြားလိုက်ပါတယ်....သူကအရမ်းဆိုး​နေလို့ ကိုကိုကစိတ်ကွက်နေပြီလားမသိ။

"ကိုယ့်က​လေး​လေးကို အလှဆုံးပြင်ဆင်​ပေးမယ်"

ဖွဖွ​လေးထုံးထားတဲ့ဆံနွယ်ကို ​ဖြေချကာကျစ်ဆံမြှီးကအစ​သေချာကျစ်ပြီး ထုံးဖွဲ့​ပေး​နေသည့် သူ့ရဲ့ကိုကို.....

ဆံနွယ်​တွေကရှည်တာမို့ ကျစ်ဆံမြှီးအရှည်ကြီးနဲ့ဆံသားတို့ကထူသည့်အတွက် ဆံနွယ်အတု​တောင်တက်စရာမလို.......ဆံပင်ကိုထုံးဖွဲ့ပြီး​နောက် ခုံ​ပေါ်မှရိုးရိုးရှင်းရှင်း ဆံထိုး​လေးတစ်ခုကိုသာယူပြီး သူ့ဆံနွယ်​​တွေကြားထည့်ပြီး ပြုံးရယ်​နေသည်။

"ကိုယ့်က​လေး​လေးအရမ်းလှတာဘဲ"

"ဘာလိုဆံထိုးကတစ်ခုထဲလည်း"

"ကိုယ့်​ယောင်း​ပေါက်​လေးက ချယ်ရီပန်း​တွေလို နူးညံ့ပြီး ဇာမဏီငှက်ပုံနဲ့ဆံထိုး​တွေထက် ချယ်ရီပန်းကဘဲပိုပြီးလိုက်ဖက်လို့​လေ ဒီအဖိုးတန်အလှ​လေးကို တိုင်းသူပြည်သား​တွေမြင်ပြီး နှစ်ခြိုက်သွားရင် ဒီကိုယ်​​တော်ဘယ်လိုလုပ်ရပါ့"

"အွန်း"

"ကဲကြည့်ပါအုံး ဘယ်​လောက်​တောင် မဟာဆန်တဲ့ အလှ​လေးလဲ"

​ကြေးမှုံမှန်​ပေါ်မှ သူ့ပုံရိပ်ကိုကြည့်ရင်း ပုခုံးမှကိုင်ထားတဲ့ ကိုကို့ကို မှန်ထဲက​နေခိုးကြည့်မိ​တော့ အကြည့်ချင်းဆုံမိသွား၍ ချက်ချင်းအကြည့်လွှဲမိသည်။

"မင်းကြီးနန်းတက်ပွဲစတင်မို့ အချိန်​ရောက်​နေပါပြီ"

အပြင်မှယွန်းဂီအသံ​ကြောင့် နန်းတက်မို့အချိန်​ရောက်လာမှန်းသိလိုက်သည်။

"ကိုယ့်ကိုမသွားခင်း နားရွက်​ဖြူလေး​တွေထုတ်မပြချင်ဘူးလား"

"အမ် ဟင့်အင်း မပြပါဘူး"

"အဲ့တာဆို ညကျရင်ပြမှာလား"

ထယ်​ယောင်းရှက်ကာ မျက်နှာ​လေးမှာပန်း​ရောင်သန်းသွားသည်။

"ထယ်ထယ် သွားမယ်​လေ"

​အော်ပြီး၀င်လာတဲ့ ဂျီမင်း​ပေါက်.....

"​အော်​ဟော ဂျီဂျီကပွဲမှာရှိ​နေရမှာ​လေ"

"မ​နေချင်ပါဘူး ထယ်ထယ့်ကိုလာ​ခေါ်တာ"

"​ယောင်းကအကို​တော်နဲ့လက်ထပ်မှာ အကို​တော်နဲ့တူတူသွားရမှာ​ပေါ့"

"ဟာ မရပါဘူး အကို​တော်ကပလ္လင်​ပေါ်အရင်သွားနှင့် ဂျီဂျီ​ခေါ်ခဲ့မယ်"

"မရပါဘူး"

"​တော် ​တော်ကြပါ​တော့ ထယ်ကဂျီဂျီနဲ့တူတူသွားရင် အကုန်လုံးကဂျီဂျီနဲ့လက်ထပ်တယ်လို့ထင်သွားမှာ​ပေါ့"

"ထင်ထင်​ပေါ့ လာပါငါလဲအဲ့လို​လျှောက်ရတဲ့ခံစားချက်သိချင်လို့ပါ"

"ယွန်းဂီဂျီမင်းကို မင်းထိန်းထား​​​​တော့ လာကိုယ်​့​ယောင်း​ပေါက်​လေ က်ုယ့်လက်ကိုလာတွဲ"

ကိုကို့ရဲ့​လက်​မောင်ထဲ သူ့လက်​လေးလျှိုသွင်းကာကျန်လက်တစ်ဖက်ဖြင့်၀တ်ရုံကို မပြီးအပြင်ထွက်လာခဲ့သည်။နန်းတွင်းသူ​တွေ အမတ်​တွေကသူနဲ့အလွန်စိမ်းပြီး သူ့ကိုမကြည်ဖြူကြတာသိသာတာ​သည်။အကြည့်​တွေကအစ ​ဘေးကကိုကိုရှိ​နေလို့သာ သူတို့ဘာမှမ​ပြောရဲတာ.........

ညီလာခံ​ရှေ့က နန်းရင်ပြင်ကျယ်ကို​ရောက်လာ​တော့ ဒူး​ထောက်ပြီး​မြေကြီးနဲ့ဦး​ခေါင်းထိကပ်ကာဦးညွှတ်​နေကြတဲ့ အမတ်​တွေ.......ထယ်​ယောင်းမှာ ထိုလူ​တွေကိုမကြည့်ရဲ သူ့ကိုမနှစ်မြို့တဲ့မျက်လုံး​တွေနဲ့ကြည့်​နေကြမှာ.....

"မင်းကြီးကိုဂါ၀ရြပုပါတယ် မင်းကြီးသက်​တော်ရာ​ကျော်ရှည်ပါ​တော်"

အကုန်လုံးရဲ့အသံကိုနန်းပလ္လင်ထက်​ရောက်သည်အထိ အဆက်မပြတ်ကြား​နေရသည်။ကိုကို့ကို မင်းရာထူးအပ်နှံပြီး ကြင်ယာ​တော်​တင်​မြှောက်ပွဲပါလုပ်​တော့ အမတ်​တွေကမျက်နှာအပျက်ပျက်.......

"မ​ကြောက်နဲ့ ဒီအမတ်​တွေကကိုယ်ရဲ့ လက်​အောက်မှာရှိတာ မ​နေ့တစ်​နေ့ကမှအမတ်ဖြစ်လာတာမို့ သူတို့​ယောင်းကိုဘာမှမ​ပြောရဲဘူး"

​ဂျောင်ဂုထယ်​ယောင်းရဲ့ လက်လေးကိုကိုင်ထားပြီး နားနားကပ်ကာစကားဆိုလိုက်​တော့ သူ့က​လေးမျက်၀န်းတို့မှာ မျက်ရည်​လေး​တွေ​ဝေ့သီလို့......

လက်ထပ်ထိမ်းမြှားခြင်းအစဥ်ပြီး​နောက် မြို့​တော်ထဲသို့ တိုင်းခန်းလှည့်လည်မည့် အချိန်​ရောက်လာသည်။

"ငယ်​လေး"

"အကို​တော် ဘာလို့ထယ့်ဆီခုမှလာရတာလဲ မနက်ထဲကဘယ်​ရောက်​နေတာလဲ"

"အကို​တော့က​လေး​လေးက လက်ထက်​တော့မယ်ဆို​တော့ ​​ပျော်လို့ပါ ကဲခုမင်းကြီးနဲ့လိုက်သွား​တော့ အကို​တော်ကစိတ်ချတာမို့ သွား"

"အီးဟင့် အကို​တော်​ယောင်းကို သူများလက်ထဲထည့်ရက်တယ်​ပေါ့"

"အကို​တော်တို့က ဒီနန်းတွင်းထဲမှာ တူတူရှိ​နေမှာဘဲ​လေ ငယ်​လေးရဲ့ ဟိုမှာ မင်းကြီးကမျက်နှာဆူပုတ်​နေပြီ"

"ဟုတ် ထယ်သွား​တော့မယ်​နော်"

ထယ်​ယောင်းကိုကို့နားသွားကာ မတ်တပ်ရပ်လိုက်​တော့ လူထန်း​ဝေါယာဥ်​ပေါ် သူ့ကိုအရင်ချီမိုးကာတင်​ပေးသည်။​ဘေးမှ တံခါးချက်မပါ​သော​ကြောင့် သူ့ကိုလူ​တွေကမြင်​နေရမှာ​ပေါ့ နန်း​တော်ကစထွက်တာနဲ့ လမ်းတစ်​လျှောက်လုံး ပြည်သူပြည်သားတိုင်းဦးညွှတ်ပြီးအရိုအ​သေ​ပေးကြသည်။သူတို့ရဲ့​ဝေါယာဥွ်​ကျော်လွန်သွားမှ ​ခေါင်း​ထောင်ပြီးကြည့်ကာချီးမွမ်းခန်းဖွင့်ကြသည်။

"ဟဲ့ ကြင်ယာ​တော်ကတကယ်​ယောကျ်ား​လေး​ကောဟုတ်ရဲ့လား ငါ​ဘေးတစ်​​စောင်းမြင်တာ​တောင်​ချောလိုက်တာ"

"အဲ့တာ အရင်ဟိုမိစ္ဆာဘုရင်ရဲ့သား​လေ"

"ဟယ် တကယ်ကြီးလား ငါတို့ဘုရင်​ချော​ချောက ဘာလို့မိစ္ဆာကိုယူတာလဲ လူမျိုးနွယ်​တွေရဲ့ရန်သူကို"

ထယ်​ယောင်းထိုမိန်းက​လေးတစ်စု​​ပြောတာကို ကြား​​တော့ ၀မ်းနည်း​တာ​တော့အမှန်ပင်။သူ့ကိုလပ်မခံ​ပေးကြတာ ဘယ်လိုလုပ်​ရှေ့ဆက်မဲ့ရက်​တွေကို ​ကျော်ဖြတ်နိုင်ပါ့မလဲ။

"​ယောင်းကိုဘယ်သူ​တွေဘာ​ပြော​ပြော ကိုယ်ကကာကွယ်​ပေးမှာမို့ စိတ်ပူမ​နေနဲ့ ကိုယ့်၀ံပု​လွေ​ပေါက်​လေး"

သူ့လက်​လေး​တွေကိုကိုင်ကာ ​ပြောလာတဲ့ကိုကိုရဲ့စကား​တွေက သူ့ကို​ပျော်​စေပင်မဲ့ ရင်ထဲက​ကြောက်ရွံ့မှုကို​တော့ မ​ဖျောက်ဖျက်နိုင်......

#TBC

#MoreThanLove🌸🍃

Yung(김영챌)

ဒီအပိုင်း​လေးတိုသွားတယ် ကျွန်မအချိန်ရရင် နဲနဲထပ်​ရေး​ပေးပါ့မယ် Examလဲ​ဖြေနိုင်ခဲ့ပါတယ်ရှင်🤸‍♂️ ​ပျင်း​နေ​တော့ ဇာတ်ကို​သေချာ​လေးမ​ရေးနိုင်ဖြစ်​နေတယ်

ဖတ်ရှု​ပေးတဲ့တစ်ဦးတစ်​ယောက်ချင်းစီတိုင်းကို​ကျေးဇူးတင်ပါတယ်🙆🏻‍♀️💜💜💜💜

♡Zawgyi♡

"ထယ္ထယ္"

ႏွင္း​ေတြၾကားက​ေန လမ္း​ေလွ်ာက္လာတဲ့ သူ႕ကိုဂ်ီမင္းက​ေျပးဖတ္သည္။

"ထယ္​ထယ္​ေလး ဘာလို႔ငို​ေနတာလဲ"

"ဟင္ မငိုပါဘူး"

မ်က္​ေတာင္လႊာကို ပုပ္ခတ္ပုတ္ခပ္လုပ္ၿပီး မ်က္ႏွာကိုလက္​ေခ်ာင္းသြယ္သြယ္​ေလး​ေတြနဲ႔ ပြတ္သပ္လိုက္သည္။

"ဟုပါၿပီ မငိုပါဘူး မငိုပါဘူး လာဒီမွာထိုင္ရ​ေအာင္"

လက္ကိုဆြဲၿပီး ဘုရင့္နား​ေန​ေဆာင္​ေပၚသို႔​ေခၚသြားသည္။ဘုရင့္နား​ေန​ေဆာင္ဆိုသည့္အတိုင္း ​ေ႐ွ႕ျမင္ကြင္းတြင္ ​ေရကန္ျပင္အက်ယ္ႀကီး႐ွိသလို ပန္း​ေပါင္းစုံလဲ႐ွိသည္။ကန္​ေရျပင္​ေပၚ လ၏ပုံရိပ္​ေယာင္သည္ ထင္ဟပ္လ်က္ ​ေလတိုက္လိုက္တိုင္း ​ေရ​ေတြနဲ႔အတူလပုံရိပ္ဟာလဲမတည္ၿငိမ္စြာ လႈပ္႐ွားလ်က္......

"ထယ္ထယ္ ဒီႏွစ္ရဲ႕ပထမဆုံးႏွင္းက်တာကို ဘာလို႔အကို​ေတာ္နဲ႔မၾကည့္တာလဲ"

ထယ္​ေယာင္း မ်က္စိ​ေ႐ွ႕ကကန္​ေရျပင္ကိုသာ ၿငိမ္သက္စြာၾကဘ့္​ေနမိသည္။၀တ္႐ုံကိုလဲ လက္​ေလးျဖင့္တင္းၾကပ္စြာစုပ္ကိုင္ထားမိသည္။

"မ​ေျဖခ်င္လဲမ​ေျဖပါနဲ႔ ငါမင္းတို႔ကိစၥ​ေတြကိုၾကားပါတယ္ အကို​ေတာ္ကိုစိတ္မဆိုးပါနဲ႔​ေနာ္"

စိတ္မဆိုးပါနဲ႔​ေနာ္တဲ့ စိတ္မဆိုးပါဘူး မျဖစ္သင့္တာမျဖစ္​ေအာင္ငါကရပ္တန္႔လိုက္တာဘဲ႐ွိတယ္။

"ထယ္ထယ္ မင္း၀မ္းနည္​ေနမွာဘဲ လာပါအုံးငါ့က​ေလး​ေလး"

"ဘာကိုက​ေလးလဲ ထယ္ကဂ်ီဂ်ီရဲ႕က​ေလးမဟုတ္ဘူး​ေနာ္"

"အိုက္ဂူး ႏႈတ္ခမ္းႀကီးက ငါ့မ်က္ႏွာလဲလာထိုး​ေတာ့မွာဘဲ ျပပါအုံး မ​ေတြ႕ရတာၾကာတဲ့ ဒီမ်က္ႏွာ​ေလးကို"

သူ႕မ်က္ႏွာ​ေလးကို လက္​ေလးနဲ႔ကိုင္ကာ ဟိုၾကည့္ဒီၾကည့္လုပ္​ေနတဲ့ဂ်ီမင္း......

"ႏွာသီး​ေလး​ေတြကနီရဲ​ေနတာဘဲ ​ေႏြး​ေႏြး​ေထြး​ေထြး​ေန ရမယ္ အဲ့တာမွအ​ေအးမမိမွာ"

"ဂ်ီဂ်ီမင္းကငါ့အ​ေပၚအ​ေကာင္းဆုံးဘဲ"ဆိုကာ ဂ်ီမင္းကိုဖက္တြယ္ထားမိသည္။ထယ္ေလကိုကို႔ရင္ခြင္ထဲမွာလဲ အခ်ိန္အၾကာႀကီး​ေနခ်င္​ေသးတယ္.....

"ထယ္ထယ္ အကို​ေတာ္နန္းတက္တဲ့​ေန႔က်ရင္ ၾကင္ယာ​ေတာ္ပါ​ေျမႇာက္မွာသိတယ္မွတ္လား"

"အင္း"

သိတာ​ေပါ့ ဘယ္အိမ္ကသူရဲ႕သမီးကိုမ်ားမိဖုရား​ေျမႇာက္မလဲ......တကယ္​ေတာ့ ကိုကိုရဲ႕အနားမွာသူဘဲ႐ွိ​ေနခ်င္တာ ​ေလာဘ​ေတာ့ႀကီးမိတာ​ေပါ့ ကိုကိုဆိုတဲ့လူသားကိုသူတစ္​ေယာက္ထဲပိုင္ဆိုင္ခ်င္တာ......ဒါကလဲမျဖစ္ႏိုင္ဘူးမို႔လား သူတို႔ၾကားမွာစည္းဆိုတဲ့အရာကျခားထားၿပီ​ေလ ကိုကိုဆိုတဲ့လူသားနဲ႔​ေယာင္းဆိုတဲ့၀ံပု​ေလြ​​ေသြးစုတ္​ေကာင္စပ္​ေလးက ဘယ္လိုလုပ္​ေပါင္းဖက္ႏိုင္ပါ့မလဲ။ဘယ္သူက​ေကာၾကည္ျဖဴပါ့မလဲ......

"ဒါနဲ႔ အ႐ွင္​ေဂ်ာင္ဂုကဘာလို႔မင္းႀကီးျဖစ္ခ်င္တာလဲ"

"အဲ့တာက ဒီနန္း​ေတာ္ကအစထဲကငါ့-"

"ဂ်ီမင္း အိပ္​ေဆာင္၀င္သင့္ၿပီ အခ်ိန္​ေတာ္​ေတာ္လင့္​ေနၿပီ ထယ္​ေယာင္းလဲ နန္း​ေဆာင္ကိုျပန္သင့္ၿပီ"

သူတို႔စကား​ေျပာ​ေနတုန္း ​ေရာက္လာတဲ့ယြန္းဂီ​ေၾကာင့္ ​ေျပာလက္စစကားမွာ ရပ္တန္႔သြားရသည္။

"အြန္း ထယ္ထယ္ကိုအရင္လိုက္ပို႔မယ္​ေလ"

သူတို႔၃​ေယာက္ ဘုရင့္နား​ေန​ေဆာင္​ေပၚမွဆင္းလာကာ ထြက္သြားတဲ့အရိပ္​ေလးကိုေတာ့ အရိပ္အ​ေျခမပ်က္​ေနာက္ကလိုက္ၾကည့္​ေနတဲ့​ေဂ်ာင္ဂု။

♡

♡

♡More Than Love🌸🍃

♡

♡

ဂ်ီမင္းနဲ႔ယြန္းဂီ ထယ္​ေယာင္းကိုပို႔ၿပီး သူတို႔ရဲ႕နန္း​ေဆာင္ဆီျပန္တဲ့လမ္းတြင္......

"၀ံပု​ေလြနဲ႔ လူသားကခ်စ္လို႔မရဘူးလား"

ဂ်ီမင္းရဲ႕အ​ေမးအတြက္ ယြန္းဂီမွာ အ​ေျဖမ႐ွိ.......​ေတာ္​ေတာ္ၾကာမွ ျပန္​ေျဖမိသည္က.....

"အခ်စ္ဆိုတာ မ်ိဳးႏြယ္စု​ေတြမတူလဲ ခ်စ္လို႔ရတယ္ အသားအ​ေရ အသက္အ႐ြယ္မတူလဲ ႏွလုံးသားနဲ႔ခံစားတတ္ရင္ခ်စ္လို႔ရပါတယ္ ဘ၀မွာ​ေမွ်ာ္လင့္မထားတဲ့အရာ​ေတြကို ကံၾကမၼာကဖန္တီးရင္​ေတာ့ အခ်စ္စစ္တယ္ဆိုလဲ ​ေဝးကြာၾကတာဘဲ"

"အကို​ေတာ္နဲ႔ထယ္ထယ္ကိုလဲ အဲ့ကံၾကမၼာဆိုတဲ့အစုတ္ပလုတ္က လိုက္ၿပီး​ေႏွာင့္ယွက္​ေနတာျဖစ္မယ္"

"ဟားးဟ့ ဟုတ္ပါၿပီ ခု​ေတာ့နန္း​ေဆာင္​ေ႐ွ႕​ေရာက္​ေနၿပီ ၀င္​ေတာ့ ​ေနာက္က်​ေနၿပီ"

"ဟြန္း ဒီနန္း​ေဆာင္မွာ တစ္​ေယာက္ထဲ​ေနရမွာလား"

"ဟုတ္တယ္​ေလ"

"ဂ်ီဂ်ီ​ေၾကာက္တယ္"

သူ႕လက္ကိုကိုင္ဆြဲကာ ​ေၾကာက္တယ္လို႔​ေအာ္​ေနတဲ့ အ​ေကာင္​ေပါက္​ေလးကို ၾကည့္ၿပီး မ်က္ႏွာတြင္ အျပဳံးတို႔ျဖစ္​ေပၚလာသည္။သ​ေဘာက်တာထက္ပို​ေနတဲ့ ခံစားခ်က္ကို ဘယ္​ေတာ့မွထုတ္ျပမွာမဟုတ္​ေပ။အခ်စ္ဆိုတာ ႀကိဳၿပီးခန္႔မွန္းလို႔ရတဲ့အရာမဟုတ္ဘူး​ေလ။

♡

♡

♡More Than Love🌸🍃

♡

♡

လူသားမ်ိဳးႏြယ္​ေတြရဲ႕ ​ေပ်ာ္႐ႊင္ရာ​ေန႔ျမတ္.......

ႀကိးျမတ္​ေသာ ဘုရင္မင္းျမတ္​သည္ လြန္ခဲ့သည့္ႏွစ္၂၀က နတ္႐ြာစံခဲ့သည္ လူသား​ေတြရဲ႕အားကိုး​ေလးစားရာဂြၽန္ဘုရင္၏သား​ေတာ္ႀကီးျဖစ္သည့္အတြက္​ေၾကာင့္ တိုင္းသူျပည္သား​ေတြအကုန္​ေပ်ာ္႐ႊင္ကာ အိမ္တိုင္းအိမ္တိုင္းက အလွဆုံးျပင္ဆင္ကာ လူသား​ေတြအသိအမွတ္ျပဳသည့္ဘုရင္ကိုႀကိဳဆိုၾကမည္ျဖစ္သည္။

တစ္ဆက္ထဲၾကင္ယာ​ေတာ္ပါ ​ေျမႇာက္မည္ဟုၾကားထားတာ​ေၾကာင့္ ႏိုင္ငံရဲ႕မိခင္​ေလာင္းကိုလဲ ​ေတြ႕ခ်င္​ေနၾကသည္။ဘယ္အလွ​ေလးကမ်ား ဘုရင္ရဲ႕ၾကင္ယာ​ေတာ္ျဖစ္မည္နည္း.....။

နန္းတြင္းမွာလဲ အကုန္လုံးနီးပါး အလုပ္႐ႈပ္​ေနၾကသည္။လြန္ခဲ့တဲ့ရက္အနည္းငယ္ကဘဲ နမ္ဂြၽန္းရဲ႕အကူအညီျဖင့္ အမတ္​ေတြ နန္းတြင္းသူ​ေတြ ရဲမတ္​ေတြတပ္မႈး​ေတြကအစ သူ႕​ေနရာနဲ႔သူစုံလင္​ေနၿပီျဖစ္သည္။၀မ္လူႀကီးရဲ႕အကူအညီ​ေတြကလဲပါတာ​ေၾကာင့္ သူတို႔ရဲ႕ ​ေနရာအစစ္အမွန္ကိုျပန္ရတာမွတ္လား။

နဂါးပုံအဝိုင္းႀကီး၂ခုက လက္ႏွစ္ဖက္နဲ႔ ရင္ဘက္​ေပၚတြင္႐ွိသည့္ အနီ​ေရာင္၀တ္႐ုံကို၀တ္ဆင္ထားသည့္ အ႐ွင္ ႏွဖူး​ေပၚမွာလဲ အနီ​ေရာင္ႀကိဳးကိုစည္းထား​ကာ ဆံပင္တို႔ကိုထုံးဖြဲ႕ထားၿပီး ​ေခါင္းေပါင္းအမဲကိုလဲ ​ေဆာင္းထား​သည္။ဘုရင့္မ်ိဳးဆက္ျဖစ္လို႔ထင္ မ်က္ႏွာမျမင္ရတာ​ေတာင္​ ေခ်ာ​ေမာခန္႔ညား​ေၾကာင္းျမင္႐ုံနဲ႔တင္သိသည္။ လြန္စြာက်က္သ​ေရစြာ

ဘုန္းတန္ခိုးကအစ​ေတာက္ပ​ေနသည့္ ဘုရင္ကိုတိုင္းသူျပည္သား​ေတြကအစ မျမင္ဘူးဘဲၾကည္ညိဳၾကသည္။

"နမ္ဂြၽန္း ​ေယာင္းကို​ေကာျပင္ဆင္​ေပးထားရဲ႕လား"

"ျပင္ဆင္​ေပးမို႔ နန္းတြင္းသူ​ေတြကိုလႊတ္ထားပါတယ္ ဒါပင္မဲ့"

"ဒါပင္မဲ့ ဘာျဖစ္လဲ ​ေယာင္းကလက္မခံဘူးတဲ့လား"

"....."

"တကယ့္အဆိုး​ေလးဘဲ"

♡

♡

♡More Than Love🌸🍃

♡

♡

ထယ္​ေယာင္းဒီ​ေန႔စိတ္မ​ေပ်ာ္စြာ မိႈင္​ေတြ​ေနတုန္း အခန္းထဲ၀င္လာၾကတဲ့ ​ေကာင္မ​ေလး​ေတြ.....

"​​ေဟး ဘာ၀င္လုပ္တာလဲ"

"​ကြၽန္​ေတာ္မ်ိဳးမတို႔ ဘုရင့္ကိုယ္ရံ​ေတာ္ရဲ႕အမိန္႔အတိုင္း လုပ္​ေဆာင္​ေနတာမို႔ မိဖုရားကစိတ္မကြက္ပါနဲ႔"

​ေကာင္မမ​ေလး​ေတြၾကားက ​ေခါင္း​ေဆာင္လို႔ထင္ရတဲ့ ​ေကာင္မ​ေလးရဲ႕အ​ေျပာ​ေၾကာင့္ သူ႕​ေခါင္း​ေပၚမိုးႀကိဳးျပစ္ခ်ခံလိုက္ရသလိုပင္.....

"ဘာ...ဘာတဲ့ မိ..မိဖုရား မ​ေနာက္နဲ႔ မ​ေနာက္နဲ႔ ဒါ​ေနာက္စရာမဟုတ္ဘူး မင္းတို႔အခန္းမွားလာၿပီထင္တယ္"

"မမွားပါဘူးမိဖုရား ကြၽန္​ေတာ္မ်ိဳးမတို႔ကို ကိုယ္ရံ​ေတာ္နမ္ဂြၽန္းကိုယ္တိုင္ အ​ေဆာင္​ေ႐ွ႕လိုက္ပို႔လိုက္တာပါ"

မ်က္စိျပဴးၿပီး ဒီအ​ေျခအ​ေနက​ေနဘယ္လို​ေ႐ွာင္ထြက္ရမလဲ စဥ္းစားခန္းဖြင့္​ေနစဥ္ သူ႕ရဲ႕လက္​ေတြ​ေျခ​ေတြက​ေနကိုင္ၿပီး ​ေျခဇလုံထဲ ပစ္ခ်တဲ့​ေကာင္မ​ေလး​ေတြ.....

"​ေျဖး​ေျဖးလုပ္ၾကပါဟ"

"​အခ်ိန္ကနီးကပ္​ေနၿပီမို႔ ကြၽန္​ေတာ္မ်ိဳးမတို႔ကိုခြင့္လႊတ္ပါမိဖုရား"

"​ေတာ္ေတာ္ ငါကမိဖုရားမဟုတ္ဘူး ၿပီး​ေတာ့မိန္းက​ေလးမဟုတ္ဘူး ​ေယာက်္ား​ေလး ငါ့ကိုမင္းတို႔ဒီလိုျပဳမူ​ေနစရာမလိုဘူး"

​ေရသန္႔စင္မႈၿပီးတာနဲ႔ ​ေၾကးမႈန္မွန္​ေ႐ွ႕ထိုင္ခိုင္းကာ မ်က္ႏွာ​ေပၚအ​ေရာင္တင္မႈန္႔​ေတြျခယ္သ​ေနတဲ့​ေကာင္မ​ေလးမ်ား....သူ႕မွာအ႐ုပ္​ေလးက်လို႔.....ထုံးထား​ေသာဆံပင္ကို​ေျဖခ်ၿပီး ၿဖီးသင့္မည့္အခ်ိန္ ခ်က္ခ်က္းဟန္႔တားမိသည္။

"ဆံပင္ကိုမထိနဲ႔!!!"

"ဟုတ္ဟုတ္ မိဖုရား"

"ေတာက္ ဖယ္ၾက​ေတာ့"

အကုန္လုံးကို ​ေမာင္းထုတ္​ေနစဥ္ အခန္းထဲဝင္လာတဲ့တစ္စုံတစ္ဦး......လွည့္မၾကည့္လဲသိတာမို႔ ​ေ႐ွ႕က​ေၾကးမႈန္မွန္ကိုသာ ​ေတြ​ေဝစြာၾကည့္​ေနလိုက္သည္။

"ရၿပီ ထြက္သြား​ေတာ့ ငါကိုယ္​ေတာ္​ေခါမွ ၀င္လာခဲ့"

"အမိန္႔တိုင္းပါမင္းႀကီး"

အလွ်ိဳလွ်ိဳထြက္သြားတဲ့​ေကာင္မ​ေလး​​ေတြနဲ႔အတူ သူ႕အ​​ေနာက္​ေရာက္လာတဲ့ကိုကို......ခုံ​ေပၚမွ ​ေက်ာက္ဘီး​ေလးကို ယူကာ သူ႕ရဲ႕႐ွည္ၿပီး​ေပ်ာ့​ေျပာင္းလြန္းတဲ့ ဆံခ်ည္မွ်င္တို႔ကို ​ေျဖး​ေျဖး​ေလး ၿဖီးသင္း​ေပး​ေနသည္။သူ႕ဆံပင္ကို ကိုကိုနဲ႔မယ္မယ္ကလႊဲၿပီး ဘယ္သူမွၿဖီးခြင့္မ႐ွိတာ​ေၾကာင့္ ထယ္​ေယာင္း​ေကာင္မ​ေလး​​ေတြကို ႏွင္ထုတ္ခဲ့ပင္မဲ့ ကိုကိုဆိုတဲ့ အ႐ွင့္ကို​​ေတာ့ ဘာမွမ​ေျပာမိ။

"​ေယာင္းရဲ႕ဆံပင္​ေလး​ေတြက ငယ္ငယ္ကလိုဘဲ ​ေပ်ာ့​ေျပာင္းၿပီး​ေမႊး​ေနတုန္းဘဲ"

"ဘာလို႔ ကြၽန္​ေတာ္မ်ိဳးကို ၾကင္ယာ​ေတာ္အျဖစ္​ေ႐ြး​ေျမႇာက္တာလဲ အ႐ွင့္ကိုလူ​ေတြဝိုင္း​ေျပာၾကလိမ့္မယ္"

"ဂ႐ုမစိုက္ဘူး ကိုယ့္ရဲ႕ၾကင္ယာ​ေတာ္ကို ဟိုလူ​​ေျမႇာက္ရမယ္ ဒီလူ​ေျမႇာက္ရမယ္လို႔ သူတို႔မွာ​ေျပာခြင့္မ႐ွိဘူး ကိုယ့္ရဲ႕ၾကင္ယာ​ေတာ္​ေကာ ကိုယ့္ရဲ႕မိဖုရား​ေကာက ​ေယာင္းတစ္​ေယာက္ထဲဘဲ"

"ကြၽန္​ေတာ္မ်ိဳးက ​ေယာက်္ား​ေလးပါအ႐ွင္"

"​ေတာ္ၿပီ ဘာမွမ​ေတြးဘဲ ၿငိမ္ၿငိမ္​ေလးသာ​ေန ကိုယ္ဘဲအကုန္လုံးၾကည့္လုပ္လိုက္မယ္"

"ဒါပင္မဲ့ အြန္႔"

အ​ေနာက္က​ေနဆံႏြယ္တို႔ကို ၿဖီးသင္းရင္း သူ႕မ်က္ႏွာ​ေလးကို​ေဘး​ေစာင့္လွည့္ၿပီး အနမ္းတို႔နဲ႔​ေျပာမည့္စကားတို႔ကို ပိတ္သည့္ကိုကိုဆိုတဲ့အ႐ွင္.......

"ဖယ္...ႁပြတ္...ဖယ္ပါ​ေတာ့ အင့္"

"အဆိုး​ေလး အလိုလိုက္လို႔ ကို႔အ​ေပၚ ဆိုး​ေနတယ္​ေပါ့​ေလ"

ဆံပင္ကို​ေသခ်ာၿဖီးၿပီးဖြဖြ​ေလးထုံးဖြဲ႕ေနတဲ့ ကိုကို......ၿပီး​ေနာက္ ၀တ္႐ုံအထပ္ထပ္ကအစသူကိုယ္တိုင္ ဂ႐ုတစိုက္၀တ္ဆင္​ေပး​ေနတာ ​ေကာင္မ​ေလး​ေတြရဲ႕အကူအညီ​ေတာင္မယူဘဲ။

"ခမည္း​ေတာ္ကိုဘာလို႔သတ္ခဲ့တာလဲ"

"ကိုယ့္မိဘ​ေတြကိုသတ္ခဲ့လို႔​"

"အဲ့တာဆို ဘာလို႔ရန္သူရဲ႕သားကို လက္ထပ္တာလဲ"

"ခ်စ္လို႔ ျမတ္ႏိုးလို႔ ရန္သူရဲ႕သားကိုဟိုးငယ္ငယ္​ေလးထဲကခ်စ္မိသြားလို႔ အဆုံး႐ႈံးမခံႏိုင္တဲ့အထိစြဲလန္းမိလို႔​​ေပါ့ ၀ံပု​ေလြ​ေပါက္​ေလးရဲ႕"

သူ႕မွာျပန္​ေျပာစရာ စကားမ႐ွိ.....ကိုကိုကသူ႕ရင္ခြင္ထဲ​ေပြ႕ဖက္ကာ သက္ျပင္းခ်လိုက္တာကို ၾကားလိုက္ပါတယ္....သူကအရမ္းဆိုး​ေနလို႔ ကိုကိုကစိတ္ကြက္ေနၿပီလားမသိ။

"ကိုယ့္က​ေလး​ေလးကို အလွဆုံးျပင္ဆင္​ေပးမယ္"

ဖြဖြ​ေလးထုံးထားတဲ့ဆံႏြယ္ကို ​ေျဖခ်ကာက်စ္ဆံၿမႇီးကအစ​ေသခ်ာက်စ္ၿပီး ထုံးဖြဲ႕​ေပး​ေနသည့္ သူ႕ရဲ႕ကိုကို.....

ဆံႏြယ္​ေတြက႐ွည္တာမို႔ က်စ္ဆံၿမႇီးအ႐ွည္ႀကီးနဲ႔ဆံသားတို႔ကထူသည့္အတြက္ ဆံႏြယ္အတု​ေတာင္တက္စရာမလို.......ဆံပင္ကိုထုံးဖြဲ႕ၿပီး​ေနာက္ ခုံ​ေပၚမွ႐ိုး႐ိုး႐ွင္း႐ွင္း ဆံထိုး​ေလးတစ္ခုကိုသာယူၿပီး သူ႕ဆံႏြယ္​​ေတြၾကားထည့္ၿပီး ျပဳံးရယ္​ေနသည္။

"ကိုယ့္က​ေလး​ေလးအရမ္းလွတာဘဲ"

"ဘာလိုဆံထိုးကတစ္ခုထဲလည္း"

"ကိုယ့္​ေယာင္း​ေပါက္​ေလးက ခ်ယ္ရီပန္း​ေတြလို ႏူးညံ့ၿပီး ဇာမဏီငွက္ပုံနဲ႔ဆံထိုး​ေတြထက္ ခ်ယ္ရီပန္းကဘဲပိုၿပီးလိုက္ဖက္လို႔​ေလ ဒီအဖိုးတန္အလွ​ေလးကို တိုင္းသူျပည္သား​ေတြျမင္ၿပီး ႏွစ္ၿခိဳက္သြားရင္ ဒီကိုယ္​​ေတာ္ဘယ္လိုလုပ္ရပါ့"

"အြန္း"

"ကဲၾကည့္ပါအုံး ဘယ္​ေလာက္​ေတာင္ မဟာဆန္တဲ့ အလွ​ေလးလဲ"

​ေၾကးမႈံမွန္​ေပၚမွ သူ႕ပုံရိပ္ကိုၾကည့္ရင္း ပုခုံးမွကိုင္ထားတဲ့ ကိုကို႔ကို မွန္ထဲက​ေနခိုးၾကည့္မိ​ေတာ့ အၾကည့္ခ်င္းဆုံမိသြား၍ ခ်က္ခ်င္းအၾကည့္လႊဲမိသည္။

"မင္းႀကီးနန္းတက္ပြဲစတင္မို႔ အခ်ိန္​ေရာက္​ေနပါၿပီ"

အျပင္မွယြန္းဂီအသံ​ေၾကာင့္ နန္းတက္မို႔အခ်ိန္​ေရာက္လာမွန္းသိလိုက္သည္။

"ကိုယ့္ကိုမသြားခင္း နား႐ြက္​ျဖဴေလး​ေတြထုတ္မျပခ်င္ဘူးလား"

"အမ္ ဟင့္အင္း မျပပါဘူး"

"အဲ့တာဆို ညက်ရင္ျပမွာလား"

ထယ္​ေယာင္း႐ွက္ကာ မ်က္ႏွာ​ေလးမွာပန္း​ေရာင္သန္းသြားသည္။

"ထယ္ထယ္ သြားမယ္​ေလ"

​ေအာ္ၿပီး၀င္လာတဲ့ ဂ်ီမင္း​ေပါက္.....

"​ေအာ္​ေဟာ ဂ်ီဂ်ီကပြဲမွာ႐ွိ​ေနရမွာ​ေလ"

"မ​ေနခ်င္ပါဘူး ထယ္ထယ့္ကိုလာ​ေခၚတာ"

"​ေယာင္းကအကို​ေတာ္နဲ႔လက္ထပ္မွာ အကို​ေတာ္နဲ႔တူတူသြားရမွာ​ေပါ့"

"ဟာ မရပါဘူး အကို​ေတာ္ကပလႅင္​ေပၚအရင္သြားႏွင့္ ဂ်ီဂ်ီ​ေခၚခဲ့မယ္"

"မရပါဘူး"

"​ေတာ္ ​ေတာ္ၾကပါ​ေတာ့ ထယ္ကဂ်ီဂ်ီနဲ႔တူတူသြားရင္ အကုန္လုံးကဂ်ီဂ်ီနဲ႔လက္ထပ္တယ္လို႔ထင္သြားမွာ​ေပါ့"

"ထင္ထင္​ေပါ့ လာပါငါလဲအဲ့လို​ေလွ်ာက္ရတဲ့ခံစားခ်က္သိခ်င္လို႔ပါ"

"ယြန္းဂီဂ်ီမင္းကို မင္းထိန္းထား​​​​ေတာ့ လာကိုယ္​့​ေယာင္း​ေပါက္​ေလ က္ုယ့္လက္ကိုလာတြဲ"

ကိုကို႔ရဲ႕​လက္​ေမာင္ထဲ သူ႕လက္​ေလးလွ်ိဳသြင္းကာက်န္လက္တစ္ဖက္ျဖင့္၀တ္႐ုံကို မၿပီးအျပင္ထြက္လာခဲ့သည္။နန္းတြင္းသူ​ေတြ အမတ္​ေတြကသူနဲ႔အလြန္စိမ္းၿပီး သူ႕ကိုမၾကည္ျဖဴၾကတာသိသာတာ​သည္။အၾကည့္​ေတြကအစ ​ေဘးကကိုကို႐ွိ​ေနလို႔သာ သူတို႔ဘာမွမ​ေျပာရဲတာ.........

ညီလာခံ​ေ႐ွ႕က နန္းရင္ျပင္က်ယ္ကို​ေရာက္လာ​ေတာ့ ဒူး​ေထာက္ၿပီး​ေျမႀကီးနဲ႔ဦး​ေခါင္းထိကပ္ကာဦးၫႊတ္​ေနၾကတဲ့ အမတ္​ေတြ.......ထယ္​ေယာင္းမွာ ထိုလူ​ေတြကိုမၾကည့္ရဲ သူ႕ကိုမႏွစ္ၿမိဳ႕တဲ့မ်က္လုံး​ေတြနဲ႔ၾကည့္​ေနၾကမွာ.....

"မင္းႀကီးကိုဂါ၀ျ႐ပုပါတယ္ မင္းႀကီးသက္​ေတာ္ရာ​ေက်ာ္႐ွည္ပါ​ေတာ္"

အကုန္လုံးရဲ႕အသံကိုနန္းပလႅင္ထက္​ေရာက္သည္အထိ အဆက္မျပတ္ၾကား​ေနရသည္။ကိုကို႔ကို မင္းရာထူးအပ္ႏွံၿပီး ၾကင္ယာ​ေတာ္​တင္​ေျမႇာက္ပြဲပါလုပ္​ေတာ့ အမတ္​ေတြကမ်က္ႏွာအပ်က္ပ်က္.......

"မ​ေၾကာက္နဲ႔ ဒီအမတ္​ေတြကကိုယ္ရဲ႕ လက္​ေအာက္မွာ႐ွိတာ မ​ေန႔တစ္​ေန႔ကမွအမတ္ျဖစ္လာတာမို႔ သူတို႔​ေယာင္းကိုဘာမွမ​ေျပာရဲဘူး"

​ေဂ်ာင္ဂုထယ္​ေယာင္းရဲ႕ လက္ေလးကိုကိုင္ထားၿပီး နားနားကပ္ကာစကားဆိုလိုက္​ေတာ့ သူ႕က​ေလးမ်က္၀န္းတို႔မွာ မ်က္ရည္​ေလး​ေတြ​ေဝ့သီလို႔......

လက္ထပ္ထိမ္းျမႇားျခင္းအစဥ္ၿပီး​ေနာက္ ၿမိဳ႕​ေတာ္ထဲသို႔ တိုင္းခန္းလွည့္လည္မည့္ အခ်ိန္​ေရာက္လာသည္။

"ငယ္​ေလး"

"အကို​ေတာ္ ဘာလို႔ထယ့္ဆီခုမွလာရတာလဲ မနက္ထဲကဘယ္​ေရာက္​ေနတာလဲ"

"အကို​ေတာ့က​ေလး​ေလးက လက္ထက္​ေတာ့မယ္ဆို​ေတာ့ ​​ေပ်ာ္လို႔ပါ ကဲခုမင္းႀကီးနဲ႔လိုက္သြား​ေတာ့ အကို​ေတာ္ကစိတ္ခ်တာမို႔ သြား"

"အီးဟင့္ အကို​ေတာ္​ေယာင္းကို သူမ်ားလက္ထဲထည့္ရက္တယ္​ေပါ့"

"အကို​ေတာ္တို႔က ဒီနန္းတြင္းထဲမွာ တူတူ႐ွိ​ေနမွာဘဲ​ေလ ငယ္​ေလးရဲ႕ ဟိုမွာ မင္းႀကီးကမ်က္ႏွာဆူပုတ္​ေနၿပီ"

"ဟုတ္ ထယ္သြား​ေတာ့မယ္​ေနာ္"

ထယ္​ေယာင္းကိုကို႔နားသြားကာ မတ္တပ္ရပ္လိုက္​ေတာ့ လူထန္း​ေဝါယာဥ္​ေပၚ သူ႕ကိုအရင္ခ်ီမိုးကာတင္​ေပးသည္။​ေဘးမွ တံခါးခ်က္မပါ​ေသာ​ေၾကာင့္ သူ႕ကိုလူ​ေတြကျမင္​ေနရမွာ​ေပါ့ နန္း​ေတာ္ကစထြက္တာနဲ႔ လမ္းတစ္​ေလွ်ာက္လုံး ျပည္သူျပည္သားတိုင္းဦးၫႊတ္ၿပီးအ႐ိုအ​ေသ​ေပးၾကသည္။သူတို႔ရဲ႕​ေဝါယာၪြ္​ေက်ာ္လြန္သြားမွ ​ေခါင္း​ေထာင္ၿပီးၾကည့္ကာခ်ီးမြမ္းခန္းဖြင့္ၾကသည္။

"ဟဲ့ ၾကင္ယာ​ေတာ္ကတကယ္​ေယာက်္ား​ေလး​ေကာဟုတ္ရဲ႕လား ငါ​ေဘးတစ္​​ေစာင္းျမင္တာ​ေတာင္​ေခ်ာလိုက္တာ"

"အဲ့တာ အရင္ဟိုမိစၧာဘုရင္ရဲ႕သား​ေလ"

"ဟယ္ တကယ္ႀကီးလား ငါတို႔ဘုရင္​ေခ်ာ​ေခ်ာက ဘာလို႔မိစၧာကိုယူတာလဲ လူမ်ိဳးႏြယ္​ေတြရဲ႕ရန္သူကို"

ထယ္​ေယာင္းထိုမိန္းက​ေလးတစ္စု​​ေျပာတာကို ၾကား​​ေတာ့ ၀မ္းနည္း​တာ​ေတာ့အမွန္ပင္။သူ႕ကိုလပ္မခံ​ေပးၾကတာ ဘယ္လိုလုပ္​ေ႐ွ႕ဆက္မဲ့ရက္​ေတြကို ​ေက်ာ္ျဖတ္ႏိုင္ပါ့မလဲ။

"​ေယာင္းကိုဘယ္သူ​ေတြဘာ​ေျပာ​ေျပာ ကိုယ္ကကာကြယ္​ေပးမွာမို႔ စိတ္ပူမ​ေနနဲ႔ ကိုယ့္၀ံပု​ေလြ​ေပါက္​ေလး"

သူ႕လက္​ေလး​ေတြကိုကိုင္ကာ ​ေျပာလာတဲ့ကိုကိုရဲ႕စကား​ေတြက သူ႕ကို​ေပ်ာ္​ေစပင္မဲ့ ရင္ထဲက​ေၾကာက္႐ြံ႕မႈကို​ေတာ့ မ​ေဖ်ာက္ဖ်က္ႏိုင္......

#TBC

#MoreThanLove🌸🍃

Yung(김영챌)

ဒီအပိုင္း​ေလးတိုသြားတယ္ ကြၽန္မအခ်ိန္ရရင္ နဲနဲထပ္​ေရး​ေပးပါ့မယ္ Examလဲ​ေျဖႏိုင္ခဲ့ပါတယ္႐ွင္🤸‍♂️ ​ပ်င္း​ေန​ေတာ့ ဇာတ္ကို​ေသခ်ာ​ေလးမ​ေရးႏိုင္ျဖစ္​ေနတယ္

ဖတ္႐ႈ​ေပးတဲ့တစ္ဦးတစ္​ေယာက္ခ်င္းစီတိုင္းကို​ေက်းဇူးတင္ပါတယ္🙆🏻‍♀️💜💜💜💜

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!