Chapter 25 of 32
Episode♡24
More Than Love::TK::{Completed}1,055 words~6 min read
ညအချိန်လ​ရောင်​၏အရိပ်သည် နန်း​တော်ထဲလင်းထိန်လို့......​လေ​ပြေတစ်ချက်အ​ဝှေ့အရိုးထဲထိ​အေးစက်သွား​စေသည်အထိ ​ဆောင်းရာသီသည်​အေးပါသည်။
ဒီ​လောက်အ​အေးဒဏ်ကိုမမှုကာ ၀တ်ရုံအပါးအစုတ်အပျက်များဖြင့် အရပ်သားတို့သည် တိုင်ပြည်၏​နေရာအနှံ့သို့လည်ပတ်​နေကြသည်။တစ်ချို့က နန်း​တော်ဆီသို့သုတ်​ခြေတင်သွား​နေကြသည်။သူတို့ဘုရင်ရဲ့မိဖုရားက ဒီ​နေ့ပွဲမှာ ဓါးသိုင်းအကကိုကပြမည်ဆိုသည်​ကြောင့်ပင်။
နန်း​တော်ထဲတွင်လဲ အကြီးအကျယ်ဆုံးနဲ့ အလှပဆုံးပွဲ​တော်တစ်ခုကိုကျင်းပ​နေပြီး ဗုံသံအကျယ်ကြီး​တွေကိုလဲကြား​နေရသည်။
ညီလာခံအ​ပေါက်၀တွင်ခုံများခင်းကျင်းထားကာ ဘုရင်နဲ့မိဖုရားက​ဘေးချင်းကပ်ထိုင်​နေကြသည်။​ဘေးတွင်လဲတရုတ်နိုင်ငံဘုရင်နှင့် အိမ်နီးချင်းနိုင်ငံမှဘုရင်တစ်ချို့ကိုလဲဖိတ်ကြားထားတာ​ကြောင့် ​ရောက်ရှိ​နေသည်။
​လျှောက်လမ်းအကျယ်ကြီးရဲ့​ဘေးတစ်ဖက်တစ်ချက်တွင် အမတ်​တွေနဲ့သူတို့ရဲ့သားသမီးအမျိုး​တွေလဲပါ၀င်တက်​ရောက်ကြသည်။အမတ်​တွေထိုင်​နေတဲ့အ​နောက်ဘက်မှာ​တော့ တိုင်းသူပြည်သားများ တိုးကြိတ်လို့။
အရပ်သား​တွေကိုကြည့်​နေတဲ့​ယောင်းက ပြူုးရယ်လို့ တစ်ခြားသူ​တွေသ​ဘော​တွေ့သွားမှာကိုစိုးရိမ်ပြီးသ၀န်​တွေတို​နေတဲ့ ​ဂျောင်ဂုမှာ​တော့မျက်နှာကြီးဆူပုတ်လျက်။
"​ယောင်း​ပျော်လား"
"အင်း"
မကြာလိုက်ထယ်​ယောင်းလည်ပင်း​ပေါ်​ရောက်လာသည့် ဆွဲကြိုး​လေး.....ဒါ​လေးက​ခမည်း​တော်သူ့ကို​ပေးထားတဲ့ဆွဲကြိုး​လေး။ဒီဆွဲကြိုးကို ကိုကို့ဆီ​ပေးလိုက်​တော့ခမည်း​တော်နဲ့ရန်ဖြစ်ခဲ့​သေးတာမှတ်မိပါ့။
"ဒါကိုကို့ကို​ပေးထားတာ​လေ"
"​ယောင်းရဲ့ခမည်း​တော်​က​ယောင်းကို ပေးထားတာ​​လေ ပိုင်ရှင်အစစ်အမှန်ကိုပြန်​ပေးတာ​နော် မငြင်းနဲ့"
"ဟုတ် ချစ်တယ်ကိုကို"
​လေသံတိုးတိုး​လေးနဲ့​ပြောတဲ့​ပေါက်စ​လေးကို သူ့မှာအသဲတယားယား......
"​ယောင်း​အေးတယ်မို့လား"
၀တ်ရုံစ​လေးကိုကိုင်ကာ​လက်​ချောင်းလှလှ​လေး​တွေနဲ့ခြေ​နေသည့်​ယောင်းက စိတ်လှုပ်ရှား​နေပုံ။ဟုတ်ပါတယ် သူ့​ယောင်း​လေးက အမတ်​တွေ​ရှေ့ လူလုံးထွက်ပြတာမှမဟုတ်တာ......လက်​လေး​တွေကိုဆုပ်ကိုင်ကာ ခါး​လေးမှဆွဲပြီးရင်ခွင်ထဲထည့်ထားလိုက်သည်။ နှဖူးထက်အနမ်းတစ်ပွင့်​ခြွေတမ်းမိ​တော့ မျက်နှာ​လေးကမက်မွန်သီး​လေးလိုပန်း​ရောင်​လေးသန်းလို့......
"ဟားဟား ဂျွန်ဘုရင်တို့က​တော့ မိဖုရားကင်ကို​တော်​တော်နှစ်ခြိုက်တာဘဲ"
သူတို့နဲ့နှစ်​ယောက်​ကျော်​လောက်က သူက​ပြော​တော့ ​ယောင်းမျက်နှာ​လေးက ​ဂျောင်ဂုရင်ခွင်ထဲတွင်​ပျောက်လုမတက်......
"​ဟုတ်တာ​ပေါ့ ယောင်းကဒီဘုရင်ရဲ့အမြတ်နိုးရဆုံး​"
"ကိုကိုကွာ"
ရင်ဘက်ကိုလက်​လေးထုကာ​ပြော​နေ​သော ​ပေါက်စ​လေးက ရှက်လွန်း၍ နားရွက်​လေး​တွေပါရဲတွတ်လို့။ရှက်လဲရှက်ချင်စရာ သူဖက်ထားလွန်းလို့ ရင်ခွင်ထဲ​ရောက်နေတာကို ​အောက်ကအမတ်​တွေနဲ့ အရပ်သား​တွေကမျက်​တောင်မခပ်လိုက်ကြည့်​နေကြတာကို.......
မကြာပွဲ​တော်စတင်ပြီဖြစ်တာ​ကြောင့် သူတို့ရဲ့ရိုးရာအကတို့ဖြင့်ဖွင့်ပွဲကိုစတင်ခဲ့သည်။
မင်းကြီးက​မိဖုရားကင်ကို ​ရှေ့ကမုန့်​တွေခွံ့​​ကျွေးပြီး စား​တော်ပွဲကိုစတင်လိုက်​တော့မှ ​အောက်ကတ​ရေတမြမြနဲ့စားဖို့​စောင့်​နေတဲ့အမတ်​တွေမှာ အားရပါးရစားကြ​တော့သည်။တစ်ချို့ကလဲသူတို့အ​ရှေ့မှာကပြ​ဖျော်​ဖြေ​နေတဲ့ အကမယ်​တွေကိုကြည့်ပြီးစားဖို့​သောက်ဖို့​မေ့​နေပုံ။
"ဂျီဂျီ ငါဒီမှာ"
​အောက်ကဂျီဂျီမှာသူနဲ့တူတူထိုင်ပါ​ပြောတာကို အ​ကြောက်အကန်ငြင်းဆန်သည်။ခုလဲ ​ဖျော်​ဖြေပွဲကိုမကြည့် ပတ်၀န်းကျင်ကိုသာကြည့်​နေတာ​ကြောင့် လက်ရမ်းကာသူ့ကိုကြည့်လိုကြည့်ငြား​ခေါ်​သော်လဲ ဂျီဂျီကသူ့ကိုနဲနဲ​တောင်မကြည့်။
"ဟွန့်"
"​ယောင်း ဗိုက်မ၀​သေးဘူးမို့လား ဒါ​လေးထပ်စား"
"​ကြည့်ဦး ​ယောင်းပါး​တွေ​ဖောင်းလာပြီ"
သူ့ပါး​လေးကိုလက်​လေးနဲ့ ကိုင်ပြ​တော့ ​​ဂျောင်ဂုလဲပါး​ဖောင်း​ဖောင်း​လေးကို လက်နှစ်ဖက်ဖြင့်ဖြစ်ညစ်လိုက်​တော့"အ့"ဆိုပြီး အသံ​လေးထွက်လာသည်။
"​​တွေ့လား ​ယောင်းဗိုက်လဲပူ​နေပြီ အဲ့တာကိုကိုကမုန့်​တွေဘဲ​ကျွေး​နေလို့​လေ"
​ရှေ့ကကပြ​နေတဲ့ အကမယ်​တွေဆီလဲစိတ်မ​ရောက်သလို ​ဘေးမှာရှိ​နေတဲ့အမတ်​တွေကိုလဲသတိမရ​တော့...သူအခု သူ့​ရှေ့က​​ပေါက်စီလုံး​လေးကို ကိုက်စားချင်​နေပြီဖြစ်သည်။အ​တွေးထက် လူကမြန်ကာပါး​ဖောင်း​ဖောင်း​လေး​တွေကို ကိုက်ပစ်လိုက်​တော့ သူ့ကိုတွန်းဖယ်လာသည့်လက်အစုံ......
"ဟင့် ကိုကိုနာတယ်"
ထိုအခါမှ ကိုက်ထားတာ​လေးကိုခွာ​ပေးလိုက်​တော့ သူသ​​ဘောကျတဲ့မျက်၀န်းတွင် မျက်ရည်​​လေး​တွေကရစ်သိုင်း​နေလို့......ကိုယ်မှ​​ပေါက်စီလုံး​လေးကိုမြင်ရင် စိတ်မထိန်းနိုင်တာ။
"ကိုကိုဗိုက်ဆာရင် ​ရှေ့ကမုန့်​တွေစားပါလား ဘာလို့​ယောင်းပါးကိုစားမို့ကြံ​နေရတာလဲ"
ဆူပုတ်ပုတ်​လေး​ပြောလာတဲ့က​လေးကို အသဲယားလို့မဆုံး။ဒီဘုရင်နဲ့ ဒီမိဖုရားကို ပါးစပ်​ဟောင်း​လောင်းနဲ့ ရှပါပြီဟယ်ဆိုပြီး ကြည့်​နေကြတဲ့ ​အောက်ကအမတ်သမီး​တွေ.......
"ကိုကို​ယောင်းအလှည့်​ရောက်​တော့မယ် သွားလိုက်အုံးမယ်​နော်"
"​ယောင်းအလှည့်​ရောက်မို့လိုပါ​သေးတယ် ကို့အနားမှာဘဲ​နေ"
"​ယောင်း အ၀တ်လည်းရအုံးမှာကိုကိုရဲ့"
မင်းကြီးက သူ့ဝံပု​လွေဖြူ​ပေါက်စီ​လေးကို သူ့နားက​နေမခွဲခွာနိုင်သည်ထိ စွဲလန်းစွာချစ်မြတ်နိုးသည်။
​အောက်ကိုဆင်းကာ ဂျီမင်းကို​ခေါ်ပြီး အ၀တ်လဲမည့်အ​ဆောင်ဆီသို့.....
♡
♡
♡More Than Love🌸🍃
♡
♡
"ထယ်ထယ်ဒီ​နေ့ရာသီဥတုက​ကျောချမ်းစရာကြီး"
"​အေးလို့လား ဒီမှာကဒီလိုဘဲ​လေ ​နှင်းကျတဲ့ရာသီကအရမ်း​အေးတာ ဒါနဲ့တန်တန်​​ကော"
"တန်တန်ကအ၀တ်လဲမဲ့အ​ဆောင်မှာရှိတယ်"
"သူငါ့ကိုလွမ်း​နေ​တော့မှာဘဲ"
"အင်း ဒီညဓါးသိုင်းကပြမှာဆို​တော့ ဘယ်တုန်းကသင်လိုက်တာလဲ ငါ့ကို​တောင်မ​ပြောပြဘူး​နော်"
"ဟီးး ဒါကလျို့ဝှက်ချက်​လေ"
အမှန်​တော့ သူ့အကို​ဆော့ဂျင်ဆီက​နေ အားရင်အားသလိုသင်ကြားပြီး ပွဲ​တော်အတွက် ဓါးသိုင်းကိုတီးလုံးနဲ့တွဲဖက်သင်​ပေးသည့်ဆရာဆီတွင်တက်​ရောက်ခဲ့သည်။
ဒါ​တောင်ဘယ်ကသတင်း​တွေ​ပေါက်သွားလဲမသိ တိုင်းသူပြည်သား​တွေအကုန်သိလို့......အဆုံး​ပြောရရင်ကိုကိုပါသိသွားလို့ ဆူခံလိုက်ရ​သေးသည်။
၀တ်ရုံအဖြူလွှလွှ​လေးကို၀တ်ကာ အ​ပေါ်မှ ​ငွေ​ရောင်ဇာထည်​လေးကိုပါတစ်ထပ်ခြုံလိုက်​တော့ ဖြူလွင်သည့်အသားအ​ရေ​လေးက​ပေါ်လွင်လို့။​အောက်ကတန်တန်မှာလျှာ​လေးထွက်ပြီး သူ့ကို​မော့ကြည့်​နေတာ.......မကြာလိုက် အပြင်ဘက်ကိုအကြည့်​ရောက်သွားတဲ့တန်တန်။
*ဝုတ် ဝုတ်*
"တန်တန်ဘာဖြစ်လို့လဲ"
တန်တန်ကြည့်ပြီး​ဟောင်​နေတဲ့အပြင်ကိုကြည့်လိုက်​တော့လဲ ဘယ်သူမှမရှိတာ​ကြောင့် ​ကျော​​တော့ချမ်းမိသား။တန်တန်ကို​ပွေ့လိုက်​တော့ သူ့လက်​ပေါ်ကခုန်ဆင်းပြီး အပြင်ကို​ပြေးထွက်သွားသည်။​ဘာကိုသဲကြီးမဲကြီးကြည့်ပြီး ​ဟောင်၍လိုက်​နေမှန်းမသိ။ထယ်​ယောင်း ဓါးအိမ်ကိုဆွဲကိုင်ကာ ဂျီမင်းနဲ့အတူအမြန်​ပြေးလိုက်သွားတာကို ဘယ်သူမှမသိလိုက်။
​ပြေးလိုက်လာတာ နန်းဥယျာဥ်​ရေကန်ပြင်ကြီး​ဘေးက ​မေဟွာပန်းပင်ကြီး​​အောက်ကို​ရောက်လာခဲ့သည်။
*ဝုတ် ဝူးးးအူးးး*
ဂျီမင်းနဲ့သူ့မှာကြက်သီး​တစ်ဖြန်းဖြန်း.......
တန်တန်က​မေဟွာပင်ကြီးကို​မော့ကြည့်ပြီး​ဟောင်ရုံတင်မက​တော့ဘူး အူပါအူ​နေတာ​ကြောင့်ပင်......
"တန်တန်​ ဘာမှမရှိဘူး​နော် ပြန်မယ်လို့"
အသံတို့ကတုံရီလျက်........ကန်​ရေပြင်ဘက်ကိုကြည့်မယ်ဆို​မှောင်မည်း​နေပြီး ပွဲ​တော်​နေ့မို့ စစ်သည်ရဲမက်​တွေကမရှိ​သောထို​နေရာတွင် သူတို့၂​ယောက်ထဲနဲ့တန်တန်သာရှိတာ​ကြောင့် ​မ​ကြောက်ဘဲ​နေပါ့မလား။
ထယ်​ယောင်း​တန်တန်အနား​ပြေးကာဆွဲချီပြီး ​ဂျီမင်းဆီပြေးလာလိုက်သည်။
"ဒီကမြန်မြန်သွားရ​အောင်"
"မြန်နိုင်သမျှမြန်"
*ဝုတ်ဝုတ်အူးးးးး*
"အ့"
♡
♡
♡More Than Love🌸🍃
♡
♡
ပွဲ​တော်ရဲ့ပိတ်ပွဲက ​ယောင်းရဲ့ဓါးသိုင်းတဲ့​​လေ......စစသိသိချင်းက လုံး၀လက်မခံ​ပေးနိုင်ဘူး။သူ့ရဲ့နူးနူးညံ့ညံ့က​လေး​လေးက ဓါးကိုမကိုင်သင့်တာ ဓါးကိုင်မဲ့အစားနူးညံ့တဲ့အရာ​လေး​တွေနဲ့ဘဲရှိ​နေရမှာကို။
ဆူ​တော့လဲငိုလိုက်တာမှ မနက်က​နေညအထိ။စိတ်က​လဲ​လောက်​တောက်​လောက်​လေး ​နောက်ဆုံးသူဘဲအ​လျော့​ပေးလိုက်ရတာပါဘဲ.......ခုလဲက​လေး​ပေါက်စက ၀တ်ရုံသွားလဲတာပြန်မလာ​သေးဘူး။စိတ်မချလို့ လိုက်သွားချင်ပင်မဲ့ ​ဘေးကတစ်ခြားဘုရင်​တွေနဲ့လဲ လိုက်​လျောညီ​ထွေရှိ​နေ​ပေးအုံးမှ​လေ။ဒါ​ကြောင့် သူ့အစားယွန်းဂီကိုလိုက်သွားမို့​ မျက်နှာရိပ်မျက်နှာကဲဖြင့် ပြောလိုက်ရသည်။
​"ဂျွန်ဘုရင်က တကယ်​တော်ပြီး တိုင်းသူပြဘ်သား​တွေကိုကြည့်​ပေးတယ်လို့သိရတာ အခု​တော့လက်​တွေ့ကို​တွေ့ရတာဘဲ တကယ်​လေးစားထိုက်ပါတယ်"
"ဒီရုဘုရင် အရမ်း​မြှောက်ပင့်လွန်း​နေပါပြီ"
​ဘေးကသူ​တွေနဲ့သာစကား​ပြော​နေတာ စိတ်က​ယောင်းဆီမှာပင်......​ယောင်းရဲ့အလှည့်ကို​ရောက်​တော့မည် ခုထိအရိပ်​တောင်​ပေါ်မလာ​သေး.....။
မျက်လုံးထဲ၀င်လာတဲ့အရိပ်​လေး ပုပု​သေး​သေးနဲ့သူညီ​တော်​လေး.....​ပြေးလာတာ တစ်​ယောက်ထဲ ​ယောင်း​ကော......
♡
♡
♡More Than Love🌸🍃
♡
♡
"အ့"
အ​နောက်က​နေ၀တ်ရုံကို​ဆောင့်ဆွဲခံလိုက်ရပြီး လက်ထဲကဓါးအိမ်​ကော တန်တန်​ကော ​မြေပြင်​ပေါ်သို့ပြုတ်ကျသွားပြီးသူက​တော့ အ​နောက်ကသူရဲ့လက်ထဲမှာ။
​သေချာအ​နောက်ကိုလှည့်ကြည့်လိုက်မှ မျက်နှာ​ကောလက်​တွေမှာပါ​သွေး​တွေနဲ့​ပေ​နေတဲ့ ရှီလာမြို့စားဟန်​...
"လူယုတ်မာ​ကောင် ဖယ်ရမ်း"
"ဒီထိ​ရောက်လာပြီး အဖိုးတန်​လေးလက်ထဲ​ရောက်လာ​နေပြီကို လက်လွှတ်​ပေးရ​အောင် ငါမညံ့​သေးဘူး ​ယောင်း"
နားနားကပ်ကာ​လေသံထွင်ရုံလာ​ပြောတဲ့ဒီလူက ရွံဖို့အရမ်း​ကောင်းတယ်.......ဂျီမင်းမှာ​ကြောင်​တောင်​တောင်​လေးဖြစ်ကာ လန့်​နေပုံ.....
"မင်းတို့ကိုယ်​ပေါကအ​ဆောင်​တွေက ငါ့ကိုတုတ်တုတ်​ကောင် မလှုပ်​စေဘူး"
ခနဲ့တဲ့တဲ့​ပြောလာတဲ့လူကို သူအရမ်းအမြင်ကပ်ပါသည်။
"ဂျီဂျီ ​ပြေး​တော့"
သူမလွတ်နိုင်ရင်​တောင် ကိုကို့ဆီ​တော့ ဂျီမင်းကိုအ​ရောက်ပို့ရမည်။ဂျီမင်းကလဲ ကိုကို့ကိုအသိ​ပေးရမည်ကိုသိတာ​ကြောင့် ​တွေ​ဝေ​နေ​သော်ဌား ​ပြေးထွက်သွားခဲ့သည်။
အ​ေနာက်ကသူ့ကိုဆွဲထားတဲ့လူရဲ့ ​ခြေ​ထောက်ကိုတက်နင်းပြီး လက်​မောင်းကိုကိုက်ချကာ​ပြေး​တော့ လျင်မြန်တဲ့အရှိန်နဲ့သူ့ဆံပင်​တွေကိုဆွဲ​ဆောင့်လိုက်တဲ့လူ။ဥယျာဥ်ထဲက​ပြေးထွက်​နေတဲ့ဂျီမင်းဆီသို့ သူ့လက်ကိုဆန့်တန်းက ​အ​​ငွေ့တန်းတစ်ချို့တို့ကိုပါထုတ်လွှတ်လိုက်သည်။အ​ငွေ့​တွေကြား ​ရှေ့ဆက်မရ​တော့တဲ့ဂျီမင်း......
*ဝုတ် ဂါးးးး*
"အ့ ​စောက်​ခွေး"
သူ့လက်​မောင်းကို​ပြေးကိုက်တဲ့တန်တန်ကိုလဲ ရစရာမရှိ​အောင် ကိုင်​ပေါက်လိုက်​သေးသည်။သူ့လက်​မောင်းကိုကိုက်လိုက်တာ​ကြောင့် အ​ငွေ့တန်း​တွေက​ပျောက်သွားပြီး ဂျီမင်းမှာ နားပိတ်ပြီးထိုင်​နေတာက်ု​တွေ့လိုက်ရသည်။မဖြစ်ဘူး ဒီလူကိုအာရုံလွဲမှရ​မည်။
"နာတယ် လွှတ်​စမ်းလို့​ပြော​နေတယ် ဘုရင့်မိဖုရားကိုဒီလိုလုပ်တာ​သေဒဏ်​နော်"
"ဟားဟားရယ်ချင်လိုက်တာ ကြည့်မယ်​လေမင်းရဲ့အ​ကောင်ဘယ်ချိန်ထိဘုရင်ဖြစ်မလဲဆိုတာ ငါဘုရင်ဖြစ်ရင်မင်းကငါ့ကြင်ယာ​တော်ထပ်ဖြစ်လာမှာ​ ဘယ်လိုသ​ဘောရလဲ ဟမ် အချစ်​လေး"
"မျိုးမစစ်​​ကောင် ငါ့ဆံပင်တစ်​မွှေးကျွတ်တာနဲ့ ကိုကိုကမင်းကိုအလွတ်​ပေးမယ် ထင်​နေလား"
"ကျိန်း​သေ​ပေါက် ငါ့ကိုသတ်မှာ​ပေါ့"
♡
♡
♡More Than Love🌸🍃
♡
♡
ထယ်​ယောင်းနဲ့ဂျီမင်းထွက်သွားတာနဲ့ ဂျောင်ဂုရဲ့မျက်နှာရိပ်ကိုနားလည်စွာဖြင့် အ​နောက်ကလိုက်ခဲ့သည်။မကြာ​ပြေးထွက်သွားတဲ့ အရိပ်၂ခုကိုမြင်လိုက်၍ အ၀တ်လဲတဲ့အ​ဆောင်ထဲကြည့်လိုက်​တော့ က​လေး၂​ယောက်ကရှိမ​နေ​တော့......
ခုဏက​ပြေးသွားတာ​တွေ့လိုက်လို့ သူလဲအမြန်​ပြေးလိုက်​တော့ ထယ်​ယောင်တို့ကဘဲလျင်တာလားမသိ အရိပ်​တောင်မ​တွေ့​တော့။အနီးအနားကိုလိုက်ပတ်ရှာတာလဲမ​တွေ့.......​နောက်ဆုံး​တွေ့လိုက်ရတာက
​မြေပြင်​ပေါ်ထိုင်ပြီး လက်နှစ်ဖက်ကိုနားတွင်ပိတ်ပြီး​ကြောက်​နေတဲ့ဂျီမင်းရယ်......ဟိုမြို့စားလို့​ပြောရမဲ့လူလက်ထဲက ထယ်​ယောင်းရယ် ဆံပင်​တွေကပါဆွဲထားတာ​ကြောင့် နာကျင်​နေဟန်......
သူအမြန်​ပြေးကာဂျီမင်းကိုထူပြီး.....
"ဂျီဂျီ မ​ကြောက်နဲ့​တော့ ခုဘာမှမ​တွေးဘဲအမြန်​ပြေးပြီး
​ဂျောင်ဂုကိုသွား​ပြော"
"အင်း အင်း"
အ​ယောင်​ယောင်အနနနဲ့​ပြေးသွားတဲ့ ဂျီမင်းကိုကြည့်ပြီး လက်ထဲကဓါးကိုဓါးအိမ်မှဆွဲချွတ်ကာ လူယုတ်​မာ​ကောင်ဆီသို့.......
*ချွင်*
အာရုံ​ကောင်းတဲ့ လူကချက်ချင်း​မြေပြင်​ပေါ်ကဓါးကို​ခြေတစ်ဖက်နဲ့​မြှောက်ယူပြီးကာလိုက်သည်။လက်ထဲကထယ်​ယောင်းဆံပင်​တွေကိုလဲအဆွဲမပြတ်......
"ဒါကဘုရင့်​နောက်လိုက်​ခွေးဘဲလား"
သူ့လက်ထဲကဓါးကိုပစ်ချကာ ယွန်းဂီရဲ့ဓါးကို သူ့လက်​တွေနဲ့လိမ်ယှက်ပြလိုက်​တော့ အာရုံများသွားတဲ့ယွန်းဂီ​ကြောင့် မဲ့ပြုံးပြုံးကာ လည်ပင်းကိုဆွဲညစ်လိုက်သည်။
"အာ့ မင်း"
"ဒီလိုတုံး​နေရင် ဘယ်လိုလုပ် ဘုရင့်အနား​နေ​နေကြတာလဲ"
"ခင်ဗျား ​စော်ကားတာများ​နေပြီ"
ထယ်​ယောင်းကလဲဓါးသိုင်းကို​သေချာတတ်​မြှောက်​နေပြီဖြစ်တာ​ကြောင့် ထိုလူဆွဲထားတဲ့ဆံပင်ကိုဖြည်ချကာ နှစ်ပတ်​လောက်လှည့်ပြပြီး ​မြေပြင်ကဓါးကိုယူကာ သူ့လည်ပင်းတွင်ချိန်ရွယ်လိုက်သည်။
"သူ့ကိုလွှတ်​ပေးလိုက်"
"ဟက် ​ယောင်း မင်းအရမ်းတိုးတက်ပြီးရဲတင်းလာတာဘဲ"
"ချက်ချင်းသူ့လည်ပင်းကိုလွှတ်လိုက်​နော် ငါမင်းကိုသတ်ရလိမ့်မယ်"
"အာ ဒီညကလပြည့်ည​လေ ငါ​သွေးဆာ​နေပြီ ဘယ်သူ့သွေးကပိုချို​လောက်လဲ"
ဆိုကာယွန်းဂီရဲ့လည်ပင်းနားနှာ​ခေါင်းရှုံ့​နေတဲ့ လူယုတ်မာ.......
သူညစ်ထားတဲ့လက်ကို ယွန်းဂီကကိုင်ကာ အားနဲ့လှည့်လိုက်​တော့ "အ့"ဆိုပြီး နာကျင်သွားသံထွက်လာ​သော်လဲ ချက်ချင်းပြန်တည်သွားတဲ့မျက်နှာနဲ့အတူ သူ့အစွမ်း​တွေကိုထုတ်​နေတဲ့အ​ကောင်.........
မီးခိုး​ရောင် အ​ငွေ့​တွေကိုရှုရိုက်လိုက်စဥ် မူး​မေ့မတက်အရမ်းဆိုးဝါးလွန်းပြီးပတ်၀န်းကျင်ကိုမမြင်ရ​တော့.....
"​ယောင်း"
မီးခိုး​တွေကြားသူ့အ​နောက်က​နေထွက်​ပေါ်လာတဲ့အသံ
"မင်းရဲ့​သွေးကပိုချိုမယ်ထင်တယ်"
ဓါးကိုဦးတည်ရာမဲ့ ချိန်ရွယ်ပြီးလူပါပတ်ချာလည်​နေစဥ်သူ့ခါးကိုလာဖက်သည့်လူယုတ်မာ.....
"မိပြီ ကိုယ့်ကိုမင်း​သွေးတိုက်မယ်မို့လား အချစ်​လေး"
"​အေးမင်းငါ့​သွေးမ​သောက်ခင် ​သေလမ်းကိုအရင်သွားလိုက်"
ဓါး​ကို​သေချာကိုင်ကာ သူ့ကိုကန်ထုတ်ပြီး နှလုံးသား​နေရာကိုထိုးစိုက်မယ်လုပ်​တော့ ချက်ချင်း​ပျောက်သွားတဲ့​ကောင်။
"ထယ်​ယောင်း အဆင်​ပြေရဲ့လား ဘယ်နားမှာလဲ"
ယွန်းဂီရဲ့အသံကိုကြား​နေ​သော်လဲ ဘယ်နားမှာလဲသူလဲမသိ။
"​အချစ်​လေး​ယောင်း ငါမင်းကိုဘယ်​လောက်ချစ်လဲသိလား မင်းအ​ကောင်ထက်​တောင်ပိုချစ်​သေးတယ်"
"ခင်ဗျားဟာခင်ဗျားဘယ်​လောက်ချစ်ချစ်စိတ်မ၀င်စားဘူး"
"ငါမင်းကိုအရမ်းချစ်တာ အချစ်​လေးရဲ့  အဲ့တာ​ကြောင့်ပိုင်ဆိုင်ဖို့ကြိုးစားခဲ့တာ​ပေါ့ မင်းဆံနွယ်​တွေကိုငါထိချင်တယ် ဒါပင်မဲ့မင်းကလက်မခံ​တော့ ငါကကြမ်းတမ်းမိတာ​​ပေါ့ ငါ့စကားနား​ထောင်မလား​ယောင်း မင်းအ​ကောင်ထက် ပိုအလိုလိုက်မယ်​လေ"
"အဲ့လို​ပြော​နေမဲ့အစား ငါ့အ​ရှေ့ကိုချက်ချင်းလာခဲ့"
"ကိုယ်ဒီမှာ"
မျက်လုံးတို့မှာ နီရဲလျက် ထိုလူ့မျက်နှာကိုမြင်လျင်သတ်ပစ်ချင်​လောက်သည်အထိ မုန်းသည်။
"ဒီထဲမှာ ခုဆိုဟို​ကောင့်က​လေးရှိ​လောက်လား မှန်းစမ်း"
ဗိုက်​ကိုလက်ညိုးထိုးပြီး​ပြော​နေတဲ့လူက ခုလဲဘာမှမရှိ​သေးတဲ့ အရာကို ထိခိုက်​စေချင်​နေဟန်.....
"ခင်ဗျား"
ချက်ချင်းဝံပု​လွေပုံစံ​ပြောင်းကာ မီးခိုး​တွေကြားတိုက်ခိုက်​နေကြသည့် သူတို့၂​ယောက်.......တိုက်ခိုက်သံ​တွေကြား​နေ​သော်လဲ ဘယ်နားမှာမှန်းမသိ၍၀င်မကူနိုင်သည့် ယွန်းဂီ.......
*ဗွမ်း*
"ဟာ ထယ်​ယောင်း"
♡
♡
♡More Than Love🌸🍃
♡
♡
ငိုကြီးချက်မ​ပြေးလာတဲ့ ဂျီဂျီ​ကြောင့်​ဘေးကသူ​တွေမှာလဲ အလန့်တကြား......
"အကို​တော် ထယ်ထယ်​လေ ထယ်ထယ်ဟင့်"
*အားးးး*
အရပ်သား​တွေကြား​ပြေး၀င်လာတဲ့ ​သွေးစုတ်​ကောင်​တွေ......
"မဖြစ်ဘူး"
"နမ်ဂျွန်း​ ဆော့ဂျင် သူတို့ကိုထိန်းထား​ပေး"
"ဂျီဂျီ ဒီကဘုရင်​တွေကိုလုံခြုံမဲ့​နေရာကို​ခေါ်သွား ​ယောင်းကဘယ်မှာလဲ"
"နန်း​တော်ဥယျာဥ်ထဲမှာ"
နန်းရင်ပြင်​အောက် အကမယ်​တွေအမတ်​တွေနဲ့ အရပ်သား​တွေမှာသူတို့လွတ်ကျွတ်ရာကို​​ပြေးလွှား​နေကြသည်မှာ ၀ရုန်းသုန်းကား.......
နမ်ဂျွန်းနဲ့ ​ဆော့ဂျင်ဆီဒီအ​ခြေ​အ​နေကိုအပ်ကာ ​ယောင်းရှိမဲ့​နေရာဆီ သူ​ပြေးသွားရ​တော့သည်။ဥယျာဥ်ထဲ​ရောက်​တော့ ​သွေးအလိမ်းလိမ်းနဲ့​မြေပြင်​ပေါ်လဲ​လျောင်း​နေတဲ့သူရယ် အ​ပေါ်က​နေခွထိုင်ကာ ဓါးကိုအချက်​ပေါင်းများစွာထိုးစိုက်​နေတဲ့​ယောင်းရယ်.....​ယောင်းရဲ့ဆံနွယ်​တွေကအဖြူ​ရောင်ဖြစ်​နေတယ်။
၀တ်ရုံဖြူ​လေးက​သွေး​တွေစွန်းထင်းလို့ ....ရေစို​နေတာ​ကြောင့် နားရွက်ဖြူ​လေးနဲ့ အမြှီး​လေးကလဲဖွာမ​နေဘဲစိုကပ်​နေသည်။......ယွန်းဂီဆွဲ​နေ​သော်လဲ အတင်းရုန်းကန်ကာ ​အောက်ကလူကိုသာအဆက်မပြတ်ထိုးသတ်​နေ​တော့သည်။
"​ယောင်း!"
သူ့​​ခေါ်သံကြား​တော့ လှည့်ကြည့်လာတဲ့​ယောင်းမျက်၀န်း​တွေနီရဲပြီး မျက်နှာမှာလဲ​သွေး​တွေကစိုးမိုးလို့....
"ကိုကို ဒီမှာကြည့် လူယုတ်မာရဲ့​သွေး​တွေ ​ယောင်းသူ့ကိုသတ်လိုက်တာ ​ယောင်း​တော်တယ်မှတ်လား သူ​သေသွားပြီကိုကိုရဲ့"
"​ယောင်းစိတ်ထိန်းစမ်း!!"
"ဟင့် မ​အော်နဲ့ ​ယောင်းကိုမ​အော်နဲ့ သူက​ယောင်းရဲ့​သွေးကိုစုတ်တယ် ပြီး​တော့​ယောင်းတို့ရဲ့အနာဂတ်​လေးကိုလဲထိခိုက်​အောင်​ပြောတယ် ​ယောင်းရဲ့ခမည်း​တော်ကိုလဲသတ်ခဲ့တယ်​လေ အဲ့တာ​ကြောင့်သတ်လိုက်တာအပြစ်လား"
"​ယောင်း ဘယ်လိုလုပ်"
"သိတယ် ​ယောင်းသိတယ် ခမည်း​တော်ရဲ့ကိုယ်ရံ​တော်နဲ့ ​ပြောခဲ့တာ​တွေအကုန်ကြားတာမို့ ​ယောင်းသိတယ် ခုသူ​သေသွားပြီ ​ယောင်းတို့ကိုဒုက္ခ​ပေးမဲ့သူမရှိ​တော့ဘူး"
"​ကိုယ့်က​လေး​လေး လည်ပင်းအရမ်းနာ​နေလား ဆံပင်ကဘယ်လိုဖြစ်လို့"
"​ယောင်းဘယ်​လောက်​ကြောက်​နေလဲ ကိုကိုသိလား ​ယောင်းအရမ်းနာတယ်"
လက်ထဲတင်​ပျော့​ခွေသွားတဲ့​ယောင်းက ကျိန်း​သေ​ပေါက်သတိလစ်သွားတာပင်။
TBC
#MoreThan Love🌸🍃
#Yung(김영챌)
ဇာတ်အိမ်မခိုင်မှန်းသိတာမို့ သည်းခံပြီးဖတ်​ပေးတဲ့စာဖတ်သူ​တွေကို​ကျေးဇူးတင်ပါတယ်​နော်🙆🏻‍♀️
မအားတဲ့ကြားက​နေ ​ရေးတာမို့update​ကမစိုသ​လောက်​လေးကြာ​နေတာပါချန်🤸🏻‍♀️
Zawgyi
"​ယောင်း​ပျော်လား"
"အင်း"
"ဟုတ် ချစ်တယ်ကိုကို"
"​ယောင်း​အေးတယ်မို့လား"
"ကိုကိုကွာ"
"ဂျီဂျီ ငါဒီမှာ"
"ဟွန့်"
"ဟင့် ကိုကိုနာတယ်"
♡
♡
♡More Than Love🌸🍃
♡
♡
*ဝုတ် ဝုတ်*
"တန်တန်ဘာဖြစ်လို့လဲ"
*ဝုတ် ဝူးးးအူးးး*
"မြန်နိုင်သမျှမြန်"
*ဝုတ်ဝုတ်အူးးးးး*
"အ့"
♡
♡
♡More Than Love🌸🍃
♡
♡
♡
♡
♡More Than Love🌸🍃
♡
♡
"အ့"
"ဂျီဂျီ ​ပြေး​တော့"
*ဝုတ် ဂါးးးး*
"အ့ ​စောက်​ခွေး"
♡
♡
♡More Than Love🌸🍃
♡
♡
ဂျောင်ဂုကိုသွား​ပြော"
"အင်း အင်း"
*ချွင်*
"အာ့ မင်း"
"သူ့ကိုလွှတ်​ပေးလိုက်"
"​ယောင်း"
"ကိုယ်ဒီမှာ"
"ခင်ဗျား"
*ဗွမ်း*
"ဟာ ထယ်​ယောင်း"
♡
♡
♡More Than Love🌸🍃
♡
♡
*အားးးး*
"မဖြစ်ဘူး"
"နန်း​တော်ဥယျာဉ်ထဲမှာ"
"​ယောင်း!"
"​ယောင်းစိတ်ထိန်းစမ်း!!"
"​ယောင်း ဘယ်လိုလုပ်"
TBC
#MoreThan Love🌸🍃
#Yung(김영챌)
Contents
Contents
Comments(0)
Join the discussion — sign in to leave a comment
Sign In to Comment
No comments yet. Be the first to share your thoughts!