Chapter 26 of 32

Episode♡25

More Than Love::TK::{Completed}927 words~5 min read

​ယောင်းသလွန်​တော်​ပေါ် အိပ်​ပျော်​နေတာ ၃ရက်ကြာ​နေပြီ.....နန်းတွင်းထဲကအ​ခြေအ​နေက​တော့ ​တိုင်းသူပြည်သား​တွေကိုအထိနာ​စေခဲ့သည်။​သွေးစုတ်​ကောင်​တွေကိုရှင်းလင်း​အောင် သုတ်သင်နိုင်ခဲ့​သော်လဲ အရပ်သားတို့ကဒါဟာ ကြင်ယာ​တော်ကင်​ကြောင့်ဟုဆွဲချက်တင်ကြသည်။

​ဂျောင်ဂုကိုယ်တိုင်လဲ ညီလာခံမတက်ဖြစ်သလို အရပ်သား​တွေအ​ပေါ်​ဖြေရှင်းချက်ပြန်မထုတ်ပြန်မိ။

သူ့​ယောင်း​ပေါက်စ​လေးက နိုးမှနိုးမလာ​သေးတာ ဘယ်လိုလုပ်စိတ်ချရပါ့မလဲ။သလွန်​တော်​ပေါ်က​ယောင်း ဆံနွယ်​တွေကဖြူစွတ်​နေတာ သူသ​ဘောကျရတဲ့အနက်​ရောင်ဆံနွယ်​တွေမဟုတ်​ချေ........

"​ဂျောင်ဂု ဒီ​နေ့​တော့ ညီလာခံကိုတပ်လိုက်ပါ ဒီလို​နေ​နေမယ်ဆို တိုင်းသူပြည်သား​တွေပုန်ကန်ကြလိမ့်မယ်"

"​ယောင်း သတိမရ​သေးဘူး​လေ"

နမ်ဂျွန်းကို အ​ဖြေပြန်ထုတ်မိ​တော့ သူလဲဆက်မ​ပြောဖြစ်​တော့။

"ယွန်းဂီ"

"အင်း"

​နမ်ဂျွန်း​ဘေးမှယွန်းဂီပါလိုက်လာမှန်းသူသိသည်။

"မင်းလဲ ဝံပု​လွေတစ်​ကောင်ဘဲဆိုတာငါသိတယ်"

"အွန်း"

ယွန်းဂီကဘယ်လိုလူလဲဆိုတာသူသိပါတယ်။သူတို့ထက်​အေးတိ​အေးစက်နိုင်ပြီး သူ့မှာလဲမျက်၀န်းနီ​တွေရှိ​နေတာကို ​ဂျောင်ဂု​တွေ့ဖူးသည်။​နန်းတွင်းကို ​မြေ​အောက်လှိုင်ဂူကလာတုန်းကလဲ အနံ့တစ်မျိုးရပြီးမကြာဘူး ​ကျောက်တံခါးကြီးပွင့်လာခဲ့တာ အစထဲကသိပါတယ် ယွန်းဂီကလဲ​ယောင်းလိုဘဲဆိုတာကို.......

"ဘာလို့အဲ့​နေ့ကမဆွဲခဲ့တာလဲ ​ယောင်းကိုမင်းအ​နေနဲ့ဆွဲရင် ရရဲ့သားနဲ့ ​ဆွဲချင်​ယောင်ဘဲ​ဆောင်ခဲ့တာလဲ"

"​သေသင့်တဲ့သူကိုသတ်​နေတာကို ငါက၀င်ဆွဲလိုက်ရင် ထယ်​ယောင်း​သေသွားမှာ​ပေါ့"

"ခု​ယောင်းပုံစံက​ကော ​သေလူနဲ့ခြား​နေလို့လား"

သလွန်​ပေါ်က​ယောင်းက​လေ ​သွေးမရှိ​တော့​လောက်တဲ့အထိ ဖြူစွတ်​နေပြီ.......သူမြတ်နိုးရတဲ့နှုတ်ခမ်း​လေး​တွေကလဲ ဖြူဖက်လာပြီး အသက်ကလဲမျှင်မျှင်​လေးသာ ရှုရှိုက်​နေတာ.......သမား​တော်​တွေ​​တောင် ဘာလုပ်လို့လုပ်ရမှန်းမသိတာ သူကဘယ်လိုလုပ်​ယောင်းအနားကခွာနိုင်ပါ့မလဲ.......ပြီး​တော့ ​ယောင်းမှာကသ​န္ဓေသား​လေးစတည်​နေပြီလို့ သမား​တော်က​ပြောသွား​သေးတယ်။အမြန်နိုးမထလာရင် သ​န္ဓေသား​လေးက​သေဆုံးသွားနိုင်တယ်လို့လဲ ​ပြောသည်။

"ဘယ်လို​တွေဖြစ်ခဲ့တာလဲ"

♡

♡

♡More Than Love🌸🍃

♡

♡

*ဗွမ်း*

​ရေထဲ​ရောက်သွားတဲ့ ထယ်​ယောင်းနဲ့လူယုတ်မာ....... ချက်ချင်းအ​​ငွေ့​တွေ​ပြေကာ ပတ်၀န်းကျင်ကိုရှင်းရှင်းလင်းလင်းမြင်ရတဲ့အချိန် ရေကန်ထဲကြည့်မိ​တော့ ​​ပုတ်သတ်​နေကျတဲ့ ထယ်​ယောင်းနဲ့ဟိုလူ။

၂​ယောက်လုံး လူပုံစံ​တွေနဲ့ပုတ်သတ်​နေရင်းမှ ထယ်​ယောင်းရဲ့လည်ပင်းကိုညစ်ကာ လည်ဂုတ်သားကိုကိုက်လိုက်တဲ့ ​ကောင်.......

*အ့*

"ထယ်​ယောင်း"

ယွန်းဂီ​ရေထဲ​ပြေးဆင်းကာ ဟိုလူမျက်နှာကိုဆွဲထိုးလိုက်​တော့ ယိုင်လဲသွားတဲ့​ကောင်......သူ့လက်​ပေါ်​ရောက်လာတဲ့ထယ်​ယောင်းက ​လည်ပင်းမှာ​သွေး​တွေမဟားတရားထွက်​နေသည်။

"ဟားးး ​ယောင်းရဲ့ခန္ဓာက​ရေစိုထား​တော့ အရမ်းလှတာဘဲ ​သွေးကလဲအရမ်းချိုတယ်"

ယွန်းဂီ ဘာမှဆက်မ​ပြောဘဲ ထယ်​ယောင်းကို​ပွေ့ချီကာ အ​ပေါ်ကိုတက်လာ​တော့ ဟိုလူဆက်​ပြောလိုက်တဲ့စကား​ကြောင့် လက်ထဲမှထယ်​ယောင်းရဲ့မျက်၀န်းတို့မှာ ​ဒေါသ​ကြောင့် အနီ​ရောင်မှ မဲနက်လာသည်အထိပင်.......

"မင်းငါ့​အောက်မှာ မကြာခင်​အော်ငြီးရမဲ့အချိန်ကို​ရောက်​တော့မှာ​နော် ​ကင် ထယ် ​ယောင်း"

"ဒီ​ခွေး​ပါးစပ်နဲ့​ကောင်က​တော့"

​ရေးထဲ​ပြေးဆင်းကာ သူ့အစွယ်ချွန်ချွန်တို့နဲ့ လက်​မောင်းကိုကိုက်​နေသည့် ထယ်​ယောင်း။

"အာ့ဟ့ ဖယ်စမ်းမင်း!"

သူ့လက်မှ အ​တောင်ပံနဲ့ရိုက်ချလိုက်သည့် လူယုတ်မာ။

ယွန်းဂီ၀င်မဆွဲ​တော့ ဘာလို့ဆိုထယ်​ယောင်းကကျိန်း​သေ​ပေါက် ဟိုလူကိုအနိုင်ရ​အောင်သတ်မှာသူသိတာမို့​လေ........

"ထယ်​ယောင်း"

​ဂျောင်ဂုကိုယ်တိုင်ထယ်​ယောင်းအတွက် လုပ်​ပေးထားတဲ့ဓါးအိမ်ကို ​ရေထဲက၀ံပု​လွေဖြူဆီပစ်​ပေးလိုက်​တော့ ချက်ချင်းဖမ်းကာ ဓါးအိမ်မှဓါးကိုဆွဲထုတ်ပြီး ဟိုလူရဲ့ရင်၀တည့်တည့်ကိုထိုးစိုက်လိုက်သည့်​ ၀ံပု​လွေဖြူ.....

လပြည့်ညရဲ့ လ​ရောင်ထင်ဟပ်​နေသည့် ​ရေကန်ထဲ​သွေး​ရောင်​တွေလွှမ်းမိုးလာကာ သတ်ဖြတ်​နေသည့်သူနှစ်​ယောက်​ကြောင့် လှပ​သောဒီ​နေရာနဲ့​မေဟွာပင်ကြီးသည် အကြည်းတန်စွာ။

"အင့်"

ဟိုလူရဲ့ လက်သည်းချွန်တို့က ထယ်​ယောင်းရဲ့ဗိုက်ကိုကုတ်ခြစ်လိုက်တာ​ကြောင့် ဗိုက်မှ​သွေးတို့ကအဆက်မပြတ်ကျလာသည်။

"​သေရင်​တောင် ငါတစ်​ယောက်ထဲမ​သေနိုင်ဘူး မင်းကိုပါ​ခေါ်သွားမယ် ​ယောင်း"

သူ့ဗိုက်ကိုကုတ်ခြစ်လိုက်တဲ့လက်ကို ဓါးဖြင့်ခုတ်လိုက်မိ​တော့ မျက်နှာ​ပေါ်စင်ကျလာတဲ့ ​သွေး​တွေ......

"အားးးးး မင်း မင်းဘာလုပ်တာလဲ"

"မြင်တဲ့အတိုင်းဘဲ အ့ ခင်ဗျားက​သေသင့်တယ်"

ထိုလူကို ဆံပင်မှဆွဲကာ ​မေဟွာပင်​အောက်ခေါ်လာလိုက်သည်။​လည်ပင်းကိုဓါးဖြင့်​ထောက်ကာ သူကျိန်ဆိုမိသည်။

"ငါ၀ံပု​လွေဖြူက မင်းကိုကျိန်စာတိုက်တယ် ဘယ်​တော့မှရှင်သန်ခြင်းဘ၀ကိုမရဘဲ ပူ​လောင်တဲ့​နေရာမှာဘဲ ဘ၀ကိုချိတ်ပိတ်​နေရပါ​စေ"

ရင်ဘက်​ပေါ်ထိုးလိုက်လိုက်တဲ့ ​သွေး​ရောင်လွှမ်း​နေတဲ့ဓါးသွား.......ရုတ်ချည်း​ပြောင်းလဲသွားတဲ့ဆံနွယ်အ​ရောင်​တွေ။

"ဒါကငါ့အ​ဖေကိုသတ်ခဲ့လို့"

"မင်းအပြုံးကိုသ​ဘောကျတယ်"

*အ့*

"ဒါကငါနဲ့ကိုကို့ရဲ့က​လေးကိုသတ်ခဲ့လို့"

"မင်းကိုငါဘဲပိုင်ဆိုင်ချင်တယ်"

*ဟ့*

"ဒါကငါနဲ့ကိုကို့ကို ခွဲလို့"

"မင်းကို ချစ်လို့ ငါအ​လျော့​ပေးလိုက်တာ က​လေး"

ထယ်​ယောင်း အသိစိတ်လွတ်ကာ ​အောက်ကအသက်မရှိ​တော့တဲ့လူကိုသာ အဆက်မပြတ်ဓါးဖြင့်ထိုးသတ်​နေမိသည်။လာဆွဲတဲ့ ယွန်းဂီကိုလဲ ကန်​ကြောက်ပြီး သူ့​ဒေါသ​တွေကိုထိန်းမရခဲ့.........

♡

♡

♡More Than Love🌸🍃

♡

♡

သူဒီတိုင်းဆက်​နေရင် ​ယောင်း​ကောသူ့ကိုပါ နန်းချမို့လုပ်ကြမည်ကို သိတာမို့ မူမပျက်စွာ ညီလာခံကိုပြန်တက်​ရောက်ခဲ့သည်။​ယောင်းကိုစိတ်မချ​သော်လဲ ဂျီဂျီ​ကော ၀န်ဟီးဆိုသူကပါ​စောင့်​ပေးမည်ဆိုတာ​ကြောင့် ထားခဲ့ရသည်။

စိတ်ကမကြည်တာ​ကြောင့် ညီလာခံတွင် အမတ်​တွေ​လျှောက်တင်တာကိုနားမ​ထောင်နိုင် သူကသာအကုန်တန်းစီပြီး​ပြောကာ ညီလာခံသည်အချိန်ခဏ​လေးအတွင်း ပြီး​မြှောက်ခဲ့သည်။

"​မောင်မင်းတို့ကစိတ်မပူဘဲ ကိုယ်လုပ်​ဆောင်ရမှာကိုဘဲလုပ်ကြပါ တိုင်းသူပြည်သား​တွေထဲက ဒဏ်ရာရရှိတဲ့သူ​တွေအတွက် ​ဆေးဝါး​တွေ​ကောမိသားစု​တွေကိုပါ ငါကိုယ်​တော်က​ထောက်ပံ့​ပေးမှာမို့ ဆက်မ​ပြောကြနဲ့​တော့ ပြီး​တော့ ​ယောင်းကငါကိုယ်​တော်ရဲ့ တစ်ဦးတည်းသောကြင်ယာ​တော်လဲဟုတ်တယ် မိဖု​ခေါင်ကြီးလဲဟုတ်တာမို့ စကား​ပြောဆင်​ခြေ အပုတ်ချသံကြားလို့က​တော့ အမတ်​တွေရဲ့အသတ်ကိုအာမမခံဘူး ဒါဆိုဒီ​နေ့ညီလာခံကိုဒီမှာအဆုံးသတ်ကြတာ​ပေါ့"

​​ပြောပြီးတာနဲ့ ပလ္လင်​ပေါ်ကချက်ချင်းဆင်းကာ သူ့အိပ်​ဆောင်ဆီသို့ ​အမြန်ပြန်သွားသည့်ဘုရင်ဂျွန်.....အမတ်​တွေမှာ သူတို့​တစ်ခွန်းမှမဟလိုက်ရ​တာ​ကြောင့် ပါးစပ်​ဟောင်း​လောင်းဖြင့်သာ။

♡

♡

♡More Than Love🌸🍃

♡

♡

"အကိုတော် မြန်လိုက်တာ"

"အင်း ဂျီဂျီပြန်နားရင်နား​တော့ ​အကို​တော်​ယောင်းနားမှာ​နေလိုက်မယ်"

"ဟုတ် အကို​တော်ကြည့်ရတာ ​နေမ​ကောင်းသလိုဘဲ သမား​တော်​ခေါ်​ပေးမယ်​လေ"

"ရတယ်ဂျီဂျီ အကို​တော်အဆင်​ပြေတယ်​နော်"

"အင်း ​ယောင်းနိုးရင်ဂျီဂျီကိုအရင်​ပြော​နော်"

​ခေါင်း​လေးကိုပုတ်ပြီး ​ချော့ကာပြန်လွှတ်လိုက်ရသည်။

"ဒါ​လေး မင်းသား​လေးကိုယ်ထဲကိုပြန်ထည့်လိုက်ပါ"

"ဒါကဘာကြီး"

၀န်ဟီးထုတ်​ပေးလာတဲ့ ညစ်​ထေး​ထေးနွမ်းလျ​နေသည့် အိတ်​လေးတစ်ခု......ဖွင့်ကြည့်လိုက်​တော့အစိမ်း​ရောင်အလုံး​လေး.....

"အဲ့တာ မင်းသား​လေးအဖိုးရဲ့အမြု​တေပါ မိဖုရားကြီးက​ပေးခဲ့ပင်မဲ့ မင်းကြီးကမင်းသား​လေးကိုယ်ထဲကထုတ်ယူခဲ့တာ ခုပြန်​ပေးရမဲ့အချိန်​ရောက်ပြီထင်လို့ပါ"

"ဒါ​ယောင်းကိုယ်ထဲပြန်​ရောက်ရင် အသက်ရှင်မှာလား"

"ကျိန်း​သေ​ပေါက်​တော့မ​ပြောနိုင်ပင်မဲ့ မင်းသား​လေးရဲ့ကိုယ်ပိုင်အမြု​တေနဲ့​ပေါင်းစည်းသွားရင်​တော့ ရှင်သန်မို့ဖြစ်နိုင်ပါတယ်"

"ဖြစ်နိုင်ပါတယ်လား"

"....."

"​ယောင်းရဲ့ဆံနွယ်​တွေက​ကော ဒီတိုင်းဘဲရှိ​နေမှာလား"

ဘာမှမ​ပြောဘဲ​ခေါင်းသာငြိမ့်ပြကာ အရိုအ​သေ​ပေးပြီးထွက်သွားတဲ့သူ......လက်ထဲကအစိမ်း​ရောင်အမြု​တေကို အိတ်ထဲပြန်ထည့်ကာ ​ယောင်းအိပ်​နေတဲ့သလွန်​တော်​ပေါ်ဆီသို့.......​ယောင်းကိုခြုံ​ပေးထားတဲ့ ​စောင်ထဲသူပါ၀င်ကာ လှဲလိုက်သည်။

"​ကိုယ့်​ယောင်း​ပေါက်​လေး အိပ်တာကြာလှပြီ ကိုယ့်ကိုချစ်ရင်နိုးလာ​တော့​နော်"

နိုးမလာတာကြာ​တော့ သူကိုက်ခဲ့တဲ့ပါး​ဖောင်း​ဖောင်း​လေး​တွေ​တောင်​ပျောက်လို့.......​စောင်ထဲကဗိုက်​လေးကိုပွတ်သတ်​တော့လဲ အနဲငယ်သာပူပူ​လေးဖြစ်​နေသည်။အထဲထဲက က​လေး​လေး​ကော အပြင်က​ယောင်း​ပေါက်​လေး​ကော နာ​နေမှာဘဲ ဗိုက်မှာလဲကုတ်ခြစ်ခံထားရတဲ့ ဒဏ်ရာရှိ​နေတာ......လည်ပင်းဆီအကြည့်​ရောက်​တော့ အစွယ်နှစ်ဖက်အရာကြီးကထင်းလို့ ​​ဒေါသထွက်မိပင်မဲ့ ထိန်းချုပ်၍သာ​နေလိုက်သည်။

​ယောင်းရဲ့ပါးစပ်​လေးကိုဟကာ အစိမ်း​ရောင်အလုံးလေးကိုထည့်​ပေးလိုက်ကာ ရေအနည်းငယ်ပါတိုက်လိုက်​သေးသည်။သူ့က​လေးက​မကြာခင်နိုးထလာ​တော့မှာ.......နှုတ်ခမ်းပါးကိုဖွဖွ​လေးငုပ်နမ်း​တော့ အရင်လိုတုံ့ပြန်မှုကိုမရ​တော့။

"​ယောင်းနိုးလာရင် ဒီနှုတ်ခမ်း​လေးကိုပြတ်ထွက်တဲ့အထိ ကိုက်ပစ်မယ်"

သူ​ပြော​နေတာ​တွေကို​တော့ လဲ​လျောင်းပြီးအိပ်​ပျော်​နေတဲ့​ကောင်​လေးဟာမကြားခဲ့။

"ချစ်တယ်​ယောင်း တစ်ဘ၀လုံးမှာဒီတစ်​ယောက်ထဲကိုဘဲချစ်တာမို့ ​ယောင်းရဲ့စိတ်ဝိညာဥ်ကအစ ကိုယ့်အနားက​နေထွက်သွားခွင့်မပြုဘူး ကိုယ်တို့က​လေးကို​ရောဘဲ"

ဘုရင်ဂျွန်ကအတ္တကြီးပါတယ်.....သူ့​၀ံပု​​လွေဖြူ​လေးအ​ပေါ်တွင်သာ ဒါဟာလဲချစ်လွန်းလို့ဖြစ်တာမို့ ​ယောင်းကကျိန်း​သေ​ပေါက်နားလည်​ပေးမှာပင်။

♡

♡

♡More Than Love🌸🍃

♡

♡

"ညီငယ်​လေးက​ ငယ်ငယ်ထဲက​ဂျောင်ဂုကိုအရမ်းခင်တွယ်တာ"

"အွန်းသိတယ်"

နန်းအပြင်ဘက်မှ ဘို့ဆွန်းနားရွာ​လေး၏အစွန်အဖျားရှိ အုတ်ဂူ​လေး၂ခု​ရှေ့တွင် ထိုင်​နေကြသည့် နမ်ဂျွန်းနဲ့ ​ဆော့ဂျင်.......

"ငယ်​လေးက ငါနဲ့အ​မေတူအ​ဖေကွဲပင်မဲ့ ငါ့ညီ​လေးအရင်းလိုဘဲ ချစ်ရတဲ့တစ်ဦးတည်း​သောသူ......

ငယ်ငယ်ထဲကငါ့ထက် ​ဂျောင်ဂုကိုပိုခင်တွယ်ပြီး အရမ်းသ​ဘောကျခဲ့တယ်ထင်တယ် ခမည်း​တော်နဲ့​တောင် ရန်ဖြစ်စကားများတဲ့အထိတဲ့​လေ"

"ငယ်ငယ်က​တော်​တော်ချစ်ဖို့​ကောင်းမှာဘဲ"

"ကျိန်း​သေ​ပေါက်​ပေါ့ ငယ်​လေးကအဆိုး​လေး​လေ အရမ်းလဲနူးညံ့တာ မယ်​တော်ကအရမ်းချစ်သလို ခမည်း​တော်ကလဲအရမ်းချစ်တယ် ဒါပင်မဲ့ငယ်​လေးက​ဂျောင်ဂုကိုပိုပြီးသံ​ယောစဥ်ဖြစ်ခဲ့တာ ကွဲကွာသွားတဲ့အချိန်​တွေမှာ​တောင် ကိုကိုဆိုတဲ့လူသားကိုမ​မေ့ခဲ့ဘူး​တဲ့​လေ"

"အွန်း"

"ငယ်​လေးကိုစိတ်ချမ်းသာ​စေချင်ခဲ့တယ် က​လေးကငယ်​သေး​တော့ တစ်ခုခုဆိုစိတ်ထိခိုက်မှာလဲ​ကြောက်ပြီး ပိုးလိုဥထားခဲ့ရတာ ခုလိုမျိုးလူယုတ်မာ​ကောင်ကိုသတ်မယ်လို့​တောင်မထင်ဘူး"

"ဒါနဲ့ ဆံပင်​တွေကဘယ်​တော့မှအနက်​ရောင်​ပြောင်းမှာလဲ"

​ဆော့ဂျင်ဆီမှ စကားပြန်​တော်​တော်နဲ့မရ......

"မ​ပြောချင်လဲရပါတယ်"

"အဲ့တာက ​ငယ်​လေးကကျိန်စာတိုက်လိုက်​လို့​လေ"

"ဟမ်"

"ဟုတ်တယ် ငယ်​လေးတို့လို့ ​ယောကျ်ား​လေး၀ံပု​လွေဖြူ​တွေကရှားတယ် သူတို့မှာ​ဒေါသထွက်ပြီး ​သေ​စေချင်​လောက်​အောင် မုန်းတဲ့သူကိုကျိန်စာတိုက်တဲ့အခါ သူတို့ရဲ့ဆံနွယ်​အ​ရောင်တွေကိုစ​တေးရတယ် ငယ်ကအဲ့တာမို့ဆံနွယ်​တွေအ​ရောင်း​ပြောင်းသွားတာ"

"ပြန်ပြီးအမဲ​ရောင်မရနိုင်​တော့ဘူးလား"

"အင်း"

"ငိုချင်​နေရင် ငါ့ရင်ခွင်ထဲလာငိုလိုက်ပါ ခုလိုရင်ဖွင့်​နေပြီးမှ​တော့ ငါ့ရင်ခွင်ဆီကိုလာခဲ့ပါ ငါကမင်းနဲ့တူတူမျှ​​ဝေ​ပေးမယ်"

ချက်ချင်းနမ်ဂျွန်းရင်ခွင်ထဲပစ်၀င်လာတဲ့ ​ဆော့ဂျင်......

"ငယ်​လေးပြန်မနိုးလာရင်ဘယ်လ်ုလုပ်မလဲ"

ဆံပင်​လေးကိုပုတ်​ပေးကာ နှစ်သိမ့်စကားသာဆိုမိသည်။

"ပြန်နိုးလာမှာပါ ​ဂျောင်ဂုကိုတစ်​ယောက်ထဲထားခဲ့မှာမဟုတ်ဘူး​လေ သူချစ်ရတဲ့ချစ်ရသူရယ် သူချစ်ရတဲ့အကို​တော်ရယ် သူ့သူငယ်ချင်း​တွေဆီကို ထယ်​ယောင်းကအမြန်ပြန်လာမှာပါ"

​မြေဖို့ထားတဲ့အုတ်ဂူ​လေး​ရှေ့ငို​နေတဲ့​ကောင်​လေး​ကြောင့် တမလွန်မှမိဘ​တွေလဲ စိတ်မ​ကောင်းဖြစ်ကြမည်ဖြစ်သည်။

♡

♡

♡More Than Love🌸🍃

♡

♡

"​လက်သည်း​လေး​တွေရှည်လာတာ​ကော သိရဲ့လားကိုယ့်​၀ံပု​လွေဖြူ​လေးရဲ့"

ကုတက်​ပေါ်မှ​ကောင်​လေးရဲ့လက်တစ်ဖက်ကိုယူကာ လက်သည်းတိုက်သည့်အ​ကြမ်းအတံ​လေးဖြင့်တိုက်​​ပေး​နေသည့် ဘုရင်ဂျွန်​ဂျောင်ဂု......

"ကဲလက်သည်း​တွေညှိပြီးပြီဆို​တော့ကာ ​ရေချိုးကြမလား"

ပြန်​ဖြေသံမရှိပါသည့် ​ယောင်းကိုကြည့်ပြီးစကား​တွေ​ပြော​နေသည့် ​ဂျောင်ဂု.......​ယောင်းကို​ပွေ့ချီကာ ​ရေစည်ထဲ​ခေါ်လာသည်။ခုထိထွက်​နေ​သေးသည့်အမြှီး​လေးနဲ့ နားရွက်​လေးကချစ်စရာအတိ.......

​ရေစည်ထဲချကာ အ​ပေါ်၀တ်ရုံ​တွေအကုန်ချွတ်​ပေးပြီး မိ​မွေးတိုင်းဖြစ်​နေသည့်​ပေါက်စ​လေးကို ​ရေထဲ​ဖြေးငြင်းစွာချပြီးသူပါ၀င်စိမ်​နေလိုက်သည်။​ရေအပူစပ်ထားတာ​ကြောင့် ​နွေး​နွေး​လေးဖြစ်​နေပြီး ​ယောင်း​ချမ်း​နေ​တော့မည်မဟုတ်​ပေ။

"​ယောင်းမျက်နှာသန့်စင်​ပေးမယ်​နော်"

လက်​လေးကိုခွက်ကာ ​ရေ​လေးကိုယူပြီး ​ဖြေးငြင်းစွာမျက်နှာအနှံ့ပွတ်သတ်​ပေးမိသည်။​တင်ပါး​လေးမှအမြှီး​လေးကို​လေ အ​မွှေးဆီဖြင့်​သေချာသန့်စင်​ပေး​နေသည့် ဘုရင်ဂျွန်။သေချာရေချိုးသန့်စင်ပြီးတာနဲ့ ခြုံလွှာ​လေးတစ်ခုခြုံ​ပေးကာ သလွန်​​တော်ပေါ်ဆီသို့အမြန်​ခေါ်လာရသည်။

"​ယောင်း​အေး​နေပြီထင်တယ် ခဏ​နော်​ယောင်း ကိုယ်​ယောင်းအတွက်၀တ်ရုံ​ရွေး​ပေးမယ်"

​ယောင်းကိုသူ၀ယ်​ပေးထားသည့်အပြာနု​ရောင်၀တ်ရုံ​လေးကို ဆွဲထုတ်ကာ ​သေချာ​လေး၀တ်ဆင်​ပေးလိုက်​တော့ အိပ်​ပျော်​နေတာ​တောင်လှ​နေ​သေးသည်။

"ဆံနွယ်တွေဖြီး​ပေးမယ်​နော်"

ဖြီး​လေးကိုယူကာ ​ယောင်းကိုသူ့ရင်ခွင်ထဲထည့်ပြီးဆံနွယ်​တွေကိုရသ​လောက်ဖြီး​ပေး​နေသည်။​ယောင်းမျက်နှာ​လေးက ဘာမှလိမ်းခြယ်စရာမလို​လောက်​အောင် ကြည်လင်သန့်စင်​နေလို့.....

​"​ယောင်းနိုးလာရင် ကိုယ်ကဒီကမ္ဘာ​ပေါ်မှာအ​ပျော်ဆုံးလူဖြစ်မယ်ထင်တယ် ကိုယ်ရယ်​ ၀ံပု​​လွေဖြူ​လေးရယ် ဒီဗိုက်​လေးထဲကလူတစ်၀က်၀ံပု​လွေတစ်၀က်​လေးရယ် ​ပျော်​ပျော်ရွှင်ရွှင်နဲ့ ​နေကြမယ်​နော်"

ပြန်​ဖြေသံမရှိပါ​သော အခန်းတွင်း၀ယ် သူကသာစကား​တွေတစ်တွတ်တွတ်​ပြော​နေသည်။

"​ကိုယ်ကမကာကွယ်နိုင်ဘူး ပထမတစ်ခါ​ကော ဒုတိယတစ်ခါ​ကော ကိုယ့်လိုလူကိုအရာရာ​ပေးဆပ်ပြီး ချစ်​ပေးတဲ့​ယောင်းကို ကိုယ်ဘယ်လိုမှလက်မလွတ်ဘူး သိလား

​ယောင်းက​လေ ဆံနွယ်အဖြူ​လေး​တွေနဲ့လဲလှပြီး ချစ်ဖို့​ကောင်း​နေတုန်းဘဲ ​ယောင်းနိုးမလာရင် ကိုယ်ရူး​သွားမှာ အဲ့တာ​ကြောင့်မြန်မြန်ထ​တော့​နော်"

လှပလွန်းတဲ့ဒီမျက်လုံး​လေး​တွေကိုစိုက်ကြည့်ချင်​နေပြီ

ဒီနှုတ်ခမ်းပါး​လေးက ​ပြောလာမဲ့စကားလုံး​လေးက်ုကြာချင်ပြီး ဒီခန္ဓာကိုယ်​လေးကပြန်ပြီး​ပွေ့ဖက်လာတာကိုလိုချင်​နေသည်။

"ချစ်တယ်​ကိုယ့်ဝံပု​လွေဖြူ​လေး"

♡TBC

♡MoreThanLove🌸🍃

♡Yung(김영챌)

ဒီ​နေ့စကွက်ဂိမ်း၀တ်စုံနဲ့ ကိုကြီး​ကြောင့်အကြိမ်ကြိမ်​သေချင်စိတ်​တွေ​ပေါက်🤸🏻‍♀️

🧟‍♀️ဝါးးဟားးဟားးးvote နဲ့cmt​တွေ​ပေးကြလို့ ​ကျေးဇူးပါချန် RLထဲထည့်​ပေးလို့လဲ အာဘွားပါရှန်😙

♡Zawgyi♡





"​ယောင်း သတိမရ​သေးဘူး​လေ"


"ယွန်းဂီ"

"အင်း"



"အွန်း"







♡

♡

♡More Than Love🌸🍃

♡

♡

*ဗွမ်း*



*အ့*

"ထယ်​ယောင်း"







"အာ့ဟ့ ဖယ်စမ်းမင်း!"



"ထယ်​ယောင်း"



"အင့်"











*အ့*



*ဟ့*




♡

♡

♡More Than Love🌸🍃

♡

♡





♡

♡

♡More Than Love🌸🍃

♡

♡

"အကိုတော် မြန်လိုက်တာ"







"ဒါကဘာကြီး"





"ဖြစ်နိုင်ပါတယ်လား"

"....."










♡

♡

♡More Than Love🌸🍃

♡

♡


"အွန်းသိတယ်"






"အွန်း"




"မ​ပြောချင်လဲရပါတယ်"


"ဟမ်"

"ဟုတ်တယ် ငယ်​လေးတို့လို့ ​ယောက်ျား​လေးဝံပု​လွေဖြူ​တွေကရှားတယ် သူတို့မှာ​ဒေါသထွက်ပြီး ​သေ​စေချင်​လောက်​အောင် မုန်းတဲ့သူကိုကျိန်စာတိုက်တဲ့အခါ သူတို့ရဲ့ဆံနွယ်​အ​ရောင်တွေကိုစ​တေးရတယ် ငယ်ကအဲ့တာမို့ဆံနွယ်​တွေအ​ရောင်း​ပြောင်းသွားတာ"


"အင်း"







♡

♡

♡More Than Love🌸🍃

♡

♡



















♡TBC

♡MoreThanLove🌸🍃

♡Yung(김영챌)



Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!