Chapter 5 of 32
Episode♡4
More Than Love::TK::{Completed}1,863 words~10 min read
"ဟွန့် ​​ထော်ဘူး တွား"
ဂျီမင်း​လေးက ​လက်​လေးပိုက်ပြီး ​ခေါင်း​လေး​မော့ကာ စိတ်​ကောက်ပြ​တော့ ​ယောင်းငယ်က ကလိထိုးသည်။
"ခစ်ခစ် ထယ်ထယ်ရားဒယ်ရို့"
"ခစ်ခစ်....ခစ် ရားရင် ချိတ်​တောက်နဲ့​ဒေါ့"
"အင်း အင်း ဟဟခစ်"
က​လေးငယ်နှစ်​ယောက်က စ​နောက်​နေကြတာ ​ဂျောင်ဂုကိုပါ​​မေ့​နေပုံ.....
"သားငယ်​လေး အရမ်းညဥ့်နက်​နေပြီ ပြန်ရ​အောင်"
"ဟွန့် ပြန်ချင်ပူးးး"
​ပြောပြီး သူ့ကိုကို ကိုဖက်တွယ်ထားတဲ့က​လေးငယ်​လေး
​မယ်မယ်ကို​တောင် မကြည့်ဘဲ သူ့ကိုကို ရင်ခွင်ထဲ ​ခေါင်း​လေးအပ်ထားများ ​ပေါက်စီး​လေးလို လုံး​ေန​ကော.....။
"သားငယ် မယ်မယ်တို့ဒီကိုမလာခင် ဘာကတိ​ပေးခဲ့လဲ"
​ယောင်းငယ်က ​ဂျောင်ဂုကိုပို၍ဖက်တွယ်ကာ ​ခေါင်းခါပြသည်....။ဂျီဂျီ​လေးက​တော့ မျက်နှာငယ်​လေးနဲ့.....
"ထယ်ထယ့်တို ပြန်​ခေါ်တွားပါနဲ့"
ဒူး​လေးနှစ်ဖက်​ကွေးကာ ​ပြောလာ​သော က​လေးငယ်​လေးကိုကြည့်ပြီး သူမသက်ပြင်းချလိုက်သည်.....သူမကနန်းတွင်းကို အိပ်​ငွေ့ချခဲ့တာ အချိန်အတိုင်းအတာတစ်ခုထိသာ သက်​ရောက်တာမို့ သတိပြန်၀င်လာတဲ့ချိန် သူမတို့ပြန်မ​ရောက်​သေးရင် ဒုက္ခ​ရောက်မှာပင်......
"သားငယ်​လေး မင်းခမည်း​တော်သိရင် အပြစ်​ပေးခံရမှာသိတယ်မို့လား"
​လေသံကိုမာထန်စွာ​ပြောလိုက်​တော့ ထယ်ထယ်​လေးခန္ဓာကိုယ်​လေးမှ တုန်တက်သွားသည်....။သူ့ကိုကိုလည်ပင်းမှာ ဖက်တွယ်ထားတဲ့ လက်​လေးကိုဖယ်ကာ...
"တိုတို ​ယောင်းတို​ရာတွေ့​နော်"
"အင်းလာ​တွေ့မှာ​​ပေါ့ ​ယောင်းရဲ့"
"​ယောင်းတို ​ပြစ်မတားရပူး​နော်"
"ပြစ်ထားစရာလား က​လေး​လေးရဲ့"
"​ယောင်း ပြန်​​​ဒေါ့မယ်​နော်"
"ကိုကိုလိုက်ပို့​ပေးမယ်"
"ဟုတ်"ဆိုကာ နှုတ်ခမ်းကို လာနမ်း​သော က​လေးငယ်
ဒီက​လေး​လေးဟာ​လေ သေး​သေး​လေးနဲ့.သူ့ကိုပြုစားလွန်းတယ်......ဒီလိုလုပ်​နေရင် ကိုကိုကမခွဲနိုင် မခွာနိုင်​တွေဖြစ်ရပြီ​ပေါ့ ​ယောင်းရယ်......​ယောင်းရဲ့မိခင်ဆိုသူက သူတို့အပြုအမူ​​လေးတွေကိုလိုက်ကြည့်​နေဟန်.....
က​လေးငယ်ကသူ့​ပေါ်မှ ဆင်းကာဂျီမင်း​လေး​ရှေ့သွားပြီး သူ့လက်​သေး​သေး​လေး​တွေနဲ့ ဖက်တွယ်ကာ....
"ဂျီဂျီ ​​ထယ်​ထယ်ပြန်​​ဒေါ့မယ်​နော်"
"ဟင့် ပြန်ရို့မရပူးရားးး ဂျီဂျီနဲ့ ဒူဒူ​နေ​ရေ"
"​နေရို့မရပူး ဂျီဂျီရဲ့  ထယ်ထယ့်ခမည်း​ထော်က ချိတ်ချိုးလိမ့်မယ်"
သူငယ်ချင်းနှစ်​ယောက် နှုတ်ဆက်ပြီး ​ယောင်းကိုသူ့မိခင်က ချီလိုက်ကာ နန်း​တော်ကိုပြန်ဖို့ရာ ထွက်သွား​တော့ ​ဂျောင်ဂုမှာ စိတ်မချနိုင် လိုက်ပို့ပါမယ် ​ပြောတာကို ​ယောင်းမိခင်ကလိုက်ပို့မခံ.....​ယောင်းငယ်ကလဲ သူနဲ့ခွဲချင်တာမဟုတ်ပါလား....ခု​တောင်မျက်နှာ​လေးကငိုမဲ့မဲ့နဲ့.....အိမ်​စောင့်ကို​ခေါ်ကာ မီးအိမ်​လေးဖြင့် အ​နောက်မှ ​ပြေးလိုက်သွားလိုက်သည်.....
"​ယောင်း!!!"
​တော်​တော်လှမ်းလှမ်းတွင် ​တွေ့လိုက်ပါ​သော ​ယောင်းငယ်နဲ့ သူ့ရဲ့မိခင်......အ​ပြေးလိုက်သွားရန်ပြင်​တော့ အမဲ​ရောင်အ​ငွေ့တို့က သူ့​ရှေ့တွင် ပိတ်ကာလိုက်ကာ ဘာမှမမြင်ရ​တော့ အ​ငွေ့​တွေကြားမှ ရုန်းကန်ကာ ​က​လေးငယ်ဒုက္ခ​ရောက်မှာဆိုး၍ အိမ်​စောင့်ကြီးကို မ​စောင့်​တော့ဘဲ ​ရှေ့တည့်တည့်​ပြေး​တော့ အ​ငွေ့​တွေကြားမှလည်ပင်းကိုဆုပ်ကိုင်ခံလိုက်ရ​သော လက်တစ်စုံ....
♡
♡
♡             More  Than  Love
♡
♡
​ဆောင်းဟွာ ​ထယ်​ယောင်းငယ်ကို ချီကာ အမြန်ပြန်လာပြီး နန်း​တော်ဂိတ်၀​ရောက်​တော့ ဂိတ်​စောင့်​တွေက​မေ့လဲ​နေတုန်း ဒီချိန်ကအပြင်မထွက်ရအချိန်ဖြစ်တာမို့ ဘယ်သူမှ နန်း​​တော်ထဲခိုးမ၀င်နိုင်ပါ.....​ဆောင်းဟွာတစ်​ယောက် သားငယ်ကို ​သေချာ​ပွေ့ချီကာ နန်း​တော်ထဲ၀င်လာ​တော့ အကုန်လုံး အိပ်​ပျော်​နေပြီး လက်ထဲကသားငယ်ကလဲ အိပ်​ပျော်​နေပြီ......သားငယ်အ​ဆောင်ကို လာကာ ​သေချာ အိပ်​ဆောင်သွင်းပြီး ​စောင်​​သေချာခြုံ​ပေးကာ အခန်းပြင်ထွက်လာ​တော့ ​စောင့်ဆွဲခံလိုက်ရ​သော လက်တစ်စုံ......
"အ့"
တစ်ရွတ်တိုက်ဆွဲခံထားရ​သော လက်သည်နာကျင်စွာ အသံပင်မထွက်နိုင်​လောက်​အောင် ဆွဲ​ခေါ်သွား​သော လူ​နောက်ပါသွားသည်.....။ဆွဲ​​ခေါ်လာရာ အ​ရှေ့သို့ ကြည့်လိုက်​တော့ ဘုရင်းအိပ်​ဆောင်​တော်ဆီ.....
"လွှတ်စမ်း"
"ငါကိုယ်​တော်ကို ​အော်ရဲ​သေးတာလား!!!"
ထိုအခါမှ မင်းကြီးမှန်းသိကာ အထိတ်ထိတ်အလန့်လန့်ဖြင့် မင်းကြီးဆွဲ​ခေါ်ရာ နန်း​ဆောင်သို့ပါလာခဲ့သည်။အိပ်​ဆောင်​တော်ထဲ​ရောက်​တော့ လက်ကို​စောင့်ချလိုက်​သော မင်းကြီး......သူမအိပ်​ငွေ့ချခဲ့ပါရက်နဲ့ ဘာ​ကြောင့်မင်းကြီးက ဘာမှမဖြစ်ရတာလဲ.....
"မိဖုရားကို ကိုယ်​တော်က ဒီလိုလုပ်ရက်​တွေလုပ်မယ်လို့ထင်မထားခဲ့ဘူး"
မာထန်စွာ ​ပြောလာ​သော ​လေသံ​အောက် သူမမင်းကြီးရဲ့မျက်နှာကိုမကြည့်ရဲ.....
"လူသား​တွေနဲ့မပတ်သက်ဖို့​ပြောထားရဲ့နဲ့  သား​တော်ကိုနန်းဆောင်ပြင်​ခေါ်ထုတ်တာ နန်းတွင်းစည်းကမ်းကိုချိုး​ဖောက်တာဘဲ!!!!.....နန်းတွင်းထဲ အိပ်​ငွေ့ချတာဟာလဲ နန်းတွင်းစည်းကမ်းကိုချိုးဖောက်တာဘဲ ဒါဘယ်လိုမှ ခွင့်လွှတ်လို့မရဘူးဆိုတာ မိဖုရားမသိဘူးလား"
"....."
"မင်းရဲ့အိပ်​ငွေ့ချတဲ့ပညာရပ်က ငါကိုယ်​တော်​ပေါ်မသက်​ရောက်ဘူးဆိုတာ နဲနဲ​လေး​တောင်မ​တွေး​တောခဲ့ဘူးလား ငါကိုယ်​တော်က ဒီဟန်းဂုရဲ့ အကြီးမြတ်ဆုံး ဘုရင် ဘယ်သူမှငါကိုယ်​တော်​ပေါ်  ယုတ်မာလို့မရသလို ဘာပညာရပ်ဘဲသုံးသုံးမထိ​ရောက်ဘူး"
၀တ်ရုံလက်ရှည်ကို ခါချကာ ​ပြော​သောမင်းကြီးသည် အလွန်တရာမှ ​ဒေါသရိပ်တို့ဖုံးလွှမ်း​နေဟန်......
"ဝန်ဟီး!!!!!"
ချက်ချင်းမင်းကြီးအ​တောင်တော်ထဲ​ ရောက်လာ​သော မင်းကြီးရဲ့ ကိုယ်ရံ​​တော်.....
"မိဖုရားကြီးကို အကျဥ်း​ထောင်ထဲ ပို့လိုက် မနက်ဖန်မနက်ကျအပြစ်ဒဏ်စီရင်မယ် မင်းသားငယ်ကိုအ​ဆောင်တွင်းက​နေ အပြင်ကိုတစ်​လှမ်း​တောင်မ​ရွှေ့စေနဲ့ နန်း​​ဆောင်နားသူစိမ်း​တောင်မကပ်​စေနဲ့ ပြီး​တော့ မိဖုရားရဲ့ သား​တော်ကင်​​ဆော့ဂျင်ကိုပါ နယ်စပ်ကတိုက်ပွဲကိုလွှတ်လိုက်"
"မဖြစ်ဘူး ကျွန်​တော်မျိုးမကို ကြိုက်သလိုအပြစ်​ပေးပါ သား​တော်ကြီးနဲ့ သား​တော်ငယ်ကို အပြစ်​ပေးစရာမလိုပါဘူး"
"ဘာလို့မလိုရမှာလဲ မိဖုရားအပြစ်ကို မိဖုရားရဲ့သားကြီးလဲအပြစ်ခံရမယ် သား​တော်ငယ်က လူသားနဲ့ပတ်သက်လို့ ဒီနန်း​​တော် ဒီနန်းဆောင်က​နေ တစ်သက်လုံးထွက်ခွင့်မရှိဘူး!!!!!"
မင်းကြီး၏တစ်ချက်လွှတ်အမိန့်ကို သူမကိုယ်တိုင်လဲ အာမခံရဲပါ.....သက်ညှာ​ပေးပါလို့လဲမ​ပြော​တော့ ဒါသူမအပြစ်​ကြောင့်အပြစ်ခံရတာဆိုပင်မဲ့ သားကြီး​​ဆော့ဂျင်က ယခုမှ၁၂ရွယ် ငယ်ရွယ်​သောက​လေးကို တိုက်ပွဲ​စေလွှတ်တာ​တော့ လွန်စွာမှ တရားလွန်ပါသည်....။မ​ကျေနပ်ရင်​တောင် မ​ကျေနပ်​ကြောင်း​ပြောခွင့်မရှိ မင်းပြစ်မင်းဒဏ်တိုင်းပြည်မှာ​နေတာ​ကြောင့် မင်းကြီးမျက်စိစကား​မွှေးစူးလျှင် ခုချက်ချင်း​ခေါင်းပြတ်သွားနိုင်သည်.....။
"၀န်ဟီး ခုချက်ချင်း ငါကိုယ်​တော်​ပေးတဲ့အမိန့်​တွေအကုန်လုပ်"
မင်းကြီးရဲ့ကိုယ်ရံ​တော်က လဲကျ​နေ​သော ​ဆောင်းဟွာမိဖုရားကိုဆွဲထူ​တော့ လက်ကိုပုတ်ချကာ သူမကိုယ်တိုင်ရပ်ပြီး အပြင်ထွက်သွားသည်....။
"၀န်ဟီး ​နေဦး....."
♡
♡
♡         More  Than  Love
♡
♡
မင်းကြီးဟန်အွန်းဂျာတစ်​ယောက် အမတ်​တွေ ​လျှောက်တင်တဲ့ သဝဏ်လွှာ​တွေကိုဖတ်ပြီး​တော့ အချိန်သည် လွန်လင့်ကစား အ​တော်မှညဥ့်နက်​နေပြီ ဖြစ်သည်။ အိပ်​ဆောင်၀င်ရန် အထိန်း​တော်ကြီးကို​ခေါ်​တော့ ​ရောက်မလာ​သော​ကြောင့် တံခါးချပ်တို့ကို တွန်းကာ ထွက်ကြည့်​တော့ နန်း​တော်ကသူ​တွေအကုန် လဲကျ​နေကြသည်။နှာ​ခေါင်းထဲ ရလာ​သော အ​ငွေ့​ကြောင့် မိုက်ခနဲဖြစ်သွားပင်မဲ့ ​ဘုန်းတန်းခိုးကြီး​သော ရေ​မြေ့သခင်ရှင်ဘုရင်သည် မူမပျက်စွာ နန်း​တော်ထဲလှည့်ပတ်ကြည့်​တော့ နန်း​တော်အပြင်ထွက်တဲ့ဂိတ်ကို ​လျှောက်သွား​သော အရိပ်ကိုမြင်လိုက်ရ၍ အ​နောက်မှလိုက်ကြည့်​တော့ ​ခေါင်း​မ​ပေါ်​အောင်ပါ၀တ်ရုံစွတ်ထား​​သော အမျိုးသမီးတစ်​ယောက် လက်ထဲတစ်ခုခုပိုက်ထားဟန်......
နန်းတွင်းကိုအိပ်​ငွေ့ချကာ အပြင်ခိုးထွက်ရန် လုပ်​နေသည့် စည်းကမ်း​ဖောက်​သော နန်းတွင်းသူကို ​သေဒဏ်ထိ​ပေးအပ်ရန် ဆုံးဖြတ်၍ အ​နောက်မှထပ်ကျပ်မခွာလိုက်သွား​တော့ သူမလည်ပင်းကို ဖက်တွယ်လာတဲ့ လက်သေး​သေး​ေလး.....နန်းတွင်းမှာက က​လေးငယ်ဆိုလို့ မိဖုရားရဲ့သားကြီး​ဆော့ဂျင်နဲ့သူ့သားငယ်သာရှိသည်....။
မင်းကြီးသည် အ​နောက်မှထပ်ကျပ်မခွာ လိုက်သွား​တော့ ထိုအမျိုးသမီးက အိမ်​တော်တစ်ခု​ရှေ့ရပ်ကာ တံခါး​ခေါက်သည်.....တံခါးလာဖွင့်​ပေးတဲ့လူနဲ့စကား​ပြော​နေ​သော အမျိုးသမီးက သူ့ရဲ့မိဖုရားကြီးပင်....လက်ထဲက  က​​လေးက ​ကော့လန်ထိုးစွာ လက်​ပေါ်မှဆင်း​ပြေးပြီး အိမ်ထဲ​ပြေး၀င်သွားတာ ..... အမြင်မမှားဘူးဆိုလျှင် သူ့ရဲ့သားငယ်ထယ်​ယောင်း​လေးပင်
လူသား​တွေနဲ့မပတ်သက်ရန် ​ပြောထားရက်နဲ့ သူ့အမိန့်ကိုလွန်ဆန်​သော မိဖုရားနဲ့ သားငယ်ကို လွန်စွာ​​ဒေါသထွက်မိသည်.....။အိမ်အ​နောက်မှ ခုန်တက်ကာခြံထဲက မိဖုရားအ​ခြေအ​နေကိုကြည့်ကာ သားငယ်ရှိမည့် အခန်းနား​ကပ်ကာ နားစွင့်​တော့ စကားသံ​တွေကြား​နေရသည်.....​ကောင်​လေးတစ်​ယောက်နဲ့​ပြော​နေတာ.....
ခဏ​နေ​တော့ ​ကောင်​လေးက မီးခွက်ထွန်းကာ
"စားလို့ရပါပြီဗျ"
ဘာကိုစားခိုင်းမှန်းမသိပင်မဲ့ သားငယ်ရဲ့ အမြှီး​လေး​တွေကို သ​ဘောကျတယ်ဆိုတဲ့ စကား​ကြောင့် ​​ဒေါသတို့ ငယ်ထိပ်ထိ​ရောက်ကုန်သည်.....သားငယ်ရဲ့ မူလပုံစံအစစ်ကို လူသား​တွေမ​ပြောနဲ့ နန်း​တော်ထဲက​သွေးစုတ်ဖုတ်​ကောင်တွေကို​တောင် အမြင်မခံချင်......ဒီလူသားကဘာအ​ကြောင်း​ကြောင့် သားငယ်ကိုစွဲလန်း​စေမှန်းမသိပင်မဲ့ သူတို့ကို​တွေ့ခွင့်​ပေးလို့မရ​တော့ ကြာလျှင် သားငယ်ကိုလူသား​တွေက ဒုက္ခ​ပေးလာကြ​တော့မည်.....။မိဖုရားကို အကဲခတ်မိ​တော့ လူတစ်​ယောက်နဲ့ စကား​ပြော​နေဟန်.....မိဖုရားက သူနဲ့လက်ဆပ်ပြီးထဲက နန်း​တော်အပြင်ထွက်တာမဟုတ် ခု​တော့အပြင်ထွက်ကာ လူစိမ်း​တွေနဲ့ပါစကား​ပြော​နေပြီ......
မကြာမိဖုရားတို့ ပြန်သွား​တော့ မင်းကြီးကမပြန်​သေးဘဲ အိမ်​တော်ကလူ​တွေကို အ​မှောင်ထဲမှ အရိပ်အကဲ​တွေလိုက်ကြည့်​နေမိသည်.....မကြာ ​ကောင်​လေးတစ်​ယောက်ကထွက်လာပြီး မီးအိမ်ယူကာ အိမ်​စောင့်ကို​ခေါ်၍ ​ပြေးထွက်သွားသည်.....။မင်းကြီးလဲ သူတို့​နောက်ထပ်လိုက်သွားကာ မိဖုရား​တို့နား​ရောက်ခါနီး​ကောင်​ငယ်​လေးကိုတားရန် အ​မှောင်ထုအ​ငွေ့​တွေကို ထုတ်လွှတ်​တော့ ဘာမှမမြင်ရတဲ့ကြားက ​ယောင်းဆိုကာ ရုန်းထွက်​နေ​သော က​လေးငယ်.....မင်းအရွယ်က ငယ်လွန်း​သေးတယ် ထို့​နောက် ​ကောင်​လေးရဲ့ လည်ပင်းကိုစုပ်ကိုင်ကာ အ​ပေါ်​မြှောက်လိုက်​တော့ ​မြေကြီးနဲ့ ​ခြေ​ထောက်ကင်းလွှတ်သွား​သော ​ကောင်​လေး......
"မင်းဘယ်သူဖြစ်ဖြစ် ငါသတ်ရဖို့ ၀န်မ​လေးဘူး ငါ့သားငယ်ကိုထိဖို့မကြိုးစားနဲ့"
"အ့"
လည်ပင်းကိုဆွဲ​မြှောက်ထားတဲ့ မင်းကြီးရဲ့လက်​တွေကို ရိုက်​နေ​သော က​လေးငယ်ကို သူ​သေချာစိုက်ကြည့်ကာ အစွယ်​တွေထုတ်ပြ​တော့ ​ကောင်​လေးက ​ခြေ​ထောက်ကိုအ​သကုန်ဆွဲရမ်းသည်။
"မင်းကငယ်​သေးလို့ ငါကအလွတ်​ပေးလိုက်မယ် ​နောက်ခါငါအုပ်ချုပ်​နေတဲ့တိုင်းပြည်မှာ​နေပြီး ငါကိုယ်​တော်ရဲ့သား​တော်ကို မျက်လုံးနဲ့ကြည့်ဖို့​တောင်မစဥ်းစားနဲ့"
လည်ပင်းကိုဆုပ်ကိုင်ထား​သော လက်တို့ကို လွှတ်ချ​ပေးလိုက်​တော့ ​​မြေပြင်​ပေါ် ပြုတ်ကျကာ လည်ပင်းကိုကိုင်၍ ​မျက်ရည်​တွေဝဲကာ ​ချောင်း​တွေဆိုး​နေ​သော က​လေးငယ်.......မကြာ သူ့ကို​မော့ကြည့်လာ​သော ခပ်ရဲရဲအကြည့်​တွေနဲ့ ​ဒေါသရိပ်တို့သန်း​နေ​သော ​ကောင်​လေး
ဒီမျက်၀န်း​တွေကို သူရင်းနှီး​နေဟန်.....
"လူကြီးမင်းက ဘုရင်မကလို့ မိုးနတ်မင်းဘဲဖြစ်​နေပ​စေ ​ယောင်းနဲ့ ကျွန်​တော်မျိုးကို​တော့ ဒီလိုခွဲခွာနိုင်မယ်မထင်ဘူး ဘာလို့ဆို ​ယောင်းက ကျွန်​တော်မျိုးကို သိပ် ချစ် တာ ​ယောင်းရဲ့ဖခမည်း​တော်ရဲ့"
အသံကိုဖိ​ပြော​တော့ မျက်၀န်းနီတို့ဖြင့် ငုံ့ကြည့်လာ​သော တိုင်းပြည်ကိုအုပ်ချုပ်​နေတယ်ဆိုတဲ့ မင်းကြီး.....
​ယောင်းရဲ့ခမည်း​တော်သာ​ပြောတယ် ​ယောင်းလိုနူးညံ့မှုတစ်စိုးတစ်စိမျှမရှိ......
"မင်းလိုက​လေးကို သတ်ဖို့မခက်ခဲဘူး ဒါပင်မဲ့ ဒီတိုင်းသတ်လိုက်ရင် ​ပျော်ဖို့​ကောင်း​တော့မှာမဟုတ်ဘူး အဲ့​တော့ မနက်ဖန်မင်း​မ​သေရင် သား​တော်ကို ငါ့လက်ထဲကဆွဲထုတ်နိုင်ပါ့မလားလို့ ​ကြည့်​နေမယ်"
​ပြောပြီး ​လေတစ်ချက်အ​ဝှေ့တွင်​ပျောက်သွား​သော မင်းကြီးဆိုသူ.....ချက်ချင်းဆိုသလို အ​ငွေ့တန်းတို့ပါ​ပျောက်ကွယ်သွားပြီး မြို့​တော်ရဲ့လမ်းမထက် မီးအိမ်​လေးမှာလဲ ​မြေ​ပေါ်တွင်ခစားရတော့သည်။မီးအိမ်ကို​ကောက်ဆွဲကာ အိမ်​တော်ပြန်​ရောက်လာ​တော့ မီး​တွေလင်းထိန်ကာ အိမ်​တော်ထဲလူ​တွေရှုပ်ရှပ်ခက်​နေကြသည်......​ဂျောင်ဂု တံခါးကိုတွန်းကာ ၀င်သွား​တော့....
"​​​ဂျောင်ဂု!!!!"
ဦးရီး​တော်ဟို​ဆော့ အသံကြောင့် အ​စေခံတွေအကုန် သူ့ကို၀ိုင်းကြည့်ပြီး အိမ်​စောင့်ကသု့​ရှေ့​ပြေးလာကာ တစ်ခုခုဖြစ်သွားသလားဆိုသည့် မျက်၀န်းတို့ဖြင့် လှည့်ပတ်ကြည့်သည်။
"ဦးရီး​တော်တို့ကို စိတ်ပူ​စေမိလို့ ကျွန်​တော်မျိုး​တောင်းပန်ပါတယ်"
"ဘယ်လိုဖြစ်တာလဲ ​ဂျောင်ဂု တစ်ခုခုထိခိုက်မိ​သေးလား အဲ့အ​ကောင်ကမင်းကိုဘာလုပ်လိုက်လဲ"
"ဘာမှမလုပ်ပါဘူး ဦးရီး​တော်ရဲ့"
ဦးရီ​းတော်က ​ဂျောင်ဂုလည်ပင်းက လက်ရာကို​တွေ့​တော့ မျက်လုံးပြူးကာ ​ဒေါသ​တွေထွက်၍.....
"အဲ့ ဘုရင်ဆိုတဲ့အ​ကောင်ကိုငါသွားသတ်မယ်"
အပြင်ထွက်ရန် ပြင်နေတဲ့ ဦးရီး​တော်ကို လက်မှဆွဲထားကာ အိမ်​တော်ထဲ​ခေါ်လာပြီး အ​ကြောင်းစုံ​ပြောပြ​တော့ ပို၍​ဒေါသထွက်​နေပုံ.....
"အဲ့က​လေးနဲ့ ဘယ်​တော့မှမပတ်သတ်ရဘူး ​ဂျောင်ဂု ဒါငါ့ရဲ့ အိမ်​တော်ကထုတ်တဲ့ အမိန့်ဘဲ အမိန့်ကိုလွန်ဆန်ဖို့မကြိုးစားနဲ့ မင်းမိဘ​တွေလိုဖြစ်မယ်"
ဦးရီး​တော်က ​ပြောပြီး ခြံထဲဆင်းသွားကာ အ​စေခံတို့ကို မှားတမ်း​ခြွေ​နေသည်......မင်းကြီးဆိုတဲ့ ​သွေးစုတ်ဖုတ်​ကောင်က သူတို့အိမ်​တော်ကို တစ်နည်းမဟုတ် တစ်နည်းနဲ့ ဒုက္ခလာ​ပေးမှာမလွဲ​ပေ.....မိဘ​တွေလိုဖြစ်မယ်လို့​ပြောတာကို သူနားမလည်ပါ ဒါပင်မဲ့ ​ခေါင်းထဲအဲ့တာကမရှိဘဲ ​ယောင်းကိုသူ့နား​ခေါ်ထားဖို့ရန်သာ ​တွေး​နေသည်။
'မနက်ဖန်ကျွန်​တော်မ​သေခဲ့ရင် မင်းကြီးရဲ့ချစ်လှစွာ​​သော ​သား​တော်က ကျွန်​တော်ဆီ​ရောက်လာ​စေရမယ်
ဘယ်လိုမှ က​လေးငယ်ရဲ့အ​ဝေးကို ထွက်သွားမှာမဟုတ်ဘူး ​ဘာလို့ဆို ယောင်းကကိုကို့နှလုံးသားရဲ့ ချယ်ရီငယ်ဖြစ်​နေလို့  ​တောင်းပန်ပါတယ်ဦးရီး​တော် ကျွန်​တော်အမိန့်ကိုမနာခံနိုင်ဘူး ထင်တယ်'
စိတ်ထဲမှ ​​တွေးကာ မနက်ဖန်အတွက်သူလဲ ပြင်ဆင်ရမည် သူ​သေလို့မဖြစ်​သေး​ပေ......​ယောင်းလဲ ကိုကို့ကိုဘဲအမြဲချစ်မယ်လို့ ယုံကြည်​နေလို့..... ညီငယ်​လေး အခန်းထဲ၀င်ကာ အထုပ်​လေးတစ်ထုပ်ပြင်ဆင်​ပေးလိုက်​သေးသည်......။ညီငယ်​လေးရဲ့ ဆံပင်တို့ကိုသက်တင်​ပေးကာ....
"ဂျီဂျီသူငယ်ချင်း​လေးနဲ့ အကို​တော်တို့​တွေက ဘ၀ချင်းခြားနားလွန်းလိုက်တာ ဒါပင်မဲ့ ဂျီဂျီလဲ ​ယောင်းကိုခင်တယ်မှတ်လား"
အိပ်​ပျော်​နေ​သော က​လေးငယ်ကို တစ်​ယောက်ထဲ စကား​တွေ​ပြော​နေမိသည်.....။
♡
♡
♡                More Than Love
♡
♡
ထယ်​ယောင်း​လေးတစ်​​ယောက်နှိုးလာ​တော့ မိုးပင်လင်း​နေပြီ ဖြစ်သည်......။ အိပ်ရာမှထကာ လက်​သေး​သေး​လေး​တွေနဲ့ တံခါးချပ်ကိုဖွင့်​တော့ အထိန်း​တော်နဲ့ ​ချော​​ချောမော​မောနန်းတွင်းသူ​တွေက အိပ်​ဆောင်ထဲ၀င်ကာ ​ထယ်​ယောင်း​လေးကို သန့်စင်​ပေးကြသည်။အဖြူ​ရောင်အပါးလွှာ​ပေါ်က အပြာနု​ရောင် ၀တ်ရုံ​လေးကို လက်လျှိုသွင်းကာ ၀တ်ပြီး ​ကြေးမုံမှန်ကို ကြည့်​တော့..
"ဟဲဟဲ ​ယောင်းကချစ်ပို့​တောင်း​ဒေါ့ တိုတိုက များချီးချစ်​ဒါပြစ်မယ် ခစ်ခစ်"
​ကြေးမုံမှန်​ရှေ့ ရပ်ပြီး တစ်ပတ်လှည့်ကာ ကြည့်ပြီး ​ပျော်မြူး​နေ​သော က​လေးငယ်ကို အထိန်း​တော်ကြီးက
မနက်စား​တော်ပွဲတည်ရန် ​ပြောရတာလဲ​မောလှပြီ.....
"မင်းသား​လေး စား​တော်ပွဲတည်ရဖို့ အချိန်အ​တော်လင့်​နေပါပြီ"
"ဟွန့် ​ယောင်း...ဟင့်အင်း ထယ်ထယ်ဗိုက်၀​​နေဘာပီဆို"
သူ့ကိုသူ​ယောင်းလို့​ခေါ်ပြီး ​ခေါင်း​လေးခါကာ ထယ်ထယ်လို့ပြန်ပြင်​ပြော​သော က​လေးငယ်က တစ်​ယောက်​သောသူ​ရှေ့တွင်သာ သူ၏နာမည်​လေးကို ​​ယောင်းလို့​ခေါ်မယ်ထင်တယ်......
စား​တော်ပွဲအတွက် သစ်သီးတို့နှင့် မုန့်ချို​လေး​တွေချ​ပေး​တော့.....
"ဂျီဂျီနဲ့ဒူဒူချားချင်ရိုက်တာ"
​ပြောပြီး မုန့်တစ်ချို့ကို စာရွက်အ​ဟောင်း​လေးထဲ​သေချာထည့်ပြီး ၀တ်ရုံရင်ဘတ်ထဲထည့်ကာ သိမ်းထားလိုက်သည်.....။
"မယ်မယ့်ချီ ရိုက်ပို့​ပေးပါ အထိန်း​​ထော်ချီး'
"မင်းသားငယ်​လေးကို အ​ဆောင်ကထွက်ခွင့်ပိတ်ထားပါတယ်"
"ဘယ်တူကရဲ ထယ်ထယ့်ကို ဘယ်တူကအ​ဆောင်ဂတွက်ခွင့်ဖိတ်ဒါရဲ"
"မင်းကြီးကပိတ်ထားတာပါ"
"မတိဝူးး မတိဝူးးး အတို​တော်ဆီရဲရိုက်ပို့"
နှုတ်​ခမ်း​လေး​​​ထော်ကာ ​ပြော​နေ​သော ​​သေး​သေး​လေးကို အထိန်း​တော်ကြီး လွန်စွာမှ ချစ်လှပါသည်....သို့​သော် မင်းကြီးအမိန့်အရမို့ ငိုယို​နေလဲ ထွက်ခွင့်​​ပေးလို့မဖြစ်ပါ......
"မင်းသား​ဆော့ဂျင်ဆီလဲ သွားခွင့်မရှိပါဘူး မင်းသား​လေး နန်း​ဆောင်က​နေအပြင်ထွက်ခွင့် ပိတ်ခံထားရပါတယ်"
"အီးးး ဟင့် ​ထယ်ထယ့်​ပေါ် တျောက်မှတောင်းဘူး တိုတို​ဂျောင်တုနဲ့ ​တွေ့ချင်ဒယ် တိုတို့တို လွမ်းဒယ် အဟင့်"
အထိန်း​တော်ကြီးမှာ တံခါးချပ်ကို​သေချာပိတ်ကာ အပြင်မှရပ်​စောင့်​နေရသည်။အထဲက မင်းသားငယ်ရဲ့ ​အော်ငိုသံတို့ကို လျစ်လျူရှာကာ မင်းကြီးအမိန့်တိုင်း အပြင်မထွက်ရန်သာ ​စောင့်ကြည့်ရ​တော့မည်။
♡
♡
♡              More Than Love
♡
♡
အကျဥ်း​ထောင်ရဲ့ ​အေးစက်လှ​သော ​မြေကြီး​တွေ​ပေါ် ထိုင်​နေ​သော အမျိုးသမီး.....တစ်နည်း​ဆို​သော် ဟန်းဂုရဲ့ အရှင်မ.....လှပနုနယ်​​သော အမျိုးသမီးနှင့် အကျဥ်း​ထောင်သည် လွန်စွာမှ အကျည်းတန်ပါသည်။မျက်စိတို့ကို မှိတ်ကာ သူမတို့ ၀ံပု​လွေ​တွေနဲ့ အာရုံခံပုံကို ​သေချာအာရုံစိုက်၍ နားထာင်​နေလိုက်သည်......
အကျဥ်း​ထောင်က ​ရေအိုးမှ ​ရေကျသံ....'​တောက်!....​တောက်!'
အပြင်မှ ရဲမတ်​တွေရဲ့ လမ်း​လျှောက်သံ'ရှပ်....ရှပ်'
ပိုး​ဟပ်ပျံတို့ ပျံ့လွင့်​နေသံ'ဖြတ်....ဖြတ်'
အသံ​တွေကို အာရုံစိုက်ရင်း ဝါးတံခါးကို ဖွင့်ပြီး ၀င်လာ​သော လူတစ်​ယောက်.....သူမမျက်စိဖွင့်မကြည့်ဘဲ ​ခြေသံနား​ထောင်ရုံနှင့်သိသည်....ဒါက မင်းကြီးရဲ့ ​ခြေသံ....
"မိဖုရားကြီး အပြစ်ဒဏ်ခံယူဖို့ အသင့်ဖြစ်ပြီလား"
"....."
"ကိုယ်​တော်အများကြီး မ​တောင်းဆိုပါဘူး ကိုယ်​တော်မင်းရဲ့​သွေးကို ​သောက်လို့ရမလား"
သူမမျက်လုံးမှိတ်ထားရက်နဲ့ မျက်ခွံလေး​တွေ​ရွှေ့လျားသွားသည်.....သူမကတစ်ခါမှ ​သွေးမ​သောက်သလို ဘယ်သူ့ကိုမှလဲ ​သွေးမတိုက်ခဲ့ဘူး.....​သွေးတစ်ခါစုပ်လျှင် အသက်​သေဆုံးသည်အထိ အားအင်​လျော့နည်းသည်.....မ​​သေလျှင်​တောင် အိပ်ရာထဲ လဲ​နေရသည်အထိ အား​လျော့​စေသည်။
"မိဖုရားက အားကြီး၀ံပု​လွေဘဲ​လေ ကိုယ်​တော် ​သွေး​သောက်ရုံနဲ့ အိပ်ရာထဲမလဲပါဘူး"
သူ​ပြောချင်တာ​တွေ​ပြောပြီး သူမရဲ့ အကျီစကိုဖြဲကာ လည်ပင်းသားတို့အ​ပေါ်​ရောက်လာ​သော အချွန်တို့သည် အနက်ဆုံးအထိ ကိုက်ချခံလိုက်ရပြီး ​သွေးစုပ်ယူချင်းခံရသည်.....ဘယ်​လောက်ဘဲ အား​ကောင်းတဲ့Alphaမိန်းက​လေးဖြစ်ဖြစ် ​သွေးစုပ်ခံရရင် အနည်းနဲ့အများ​တော့ အား​လျော့တာချည်းပင်......
♡
♡
♡            More  Than  Love
♡
♡
မနက် ​​ဝေလီ​​ဝေလင်း ​​ဂျောင်ဂုတစ်​ယောက် သူ့ညီငယ်​လေးကို အကျီ​လေး​သေချာ၀တ်​ပေးကာ အထုတ်​လေးကိုဆွဲ​စေပြီး အ​စေခံတစ်​ယောက်နဲ့ တစ်​နေရာသို့ သွားခိုင်း​စေလိုက်သည်......ဒီ​နေရာမှာ ဂျီမင်း​လေးကို​ခေါ်ထားရင် အန္တာရာယ်ရှိသည်.....သူသည်၁၀နှစ်သားက​လေးသာသာဆိုပင်မဲ့ သူ့ညီ​လေးကပို၍ငယ်ရွယ်သည်ပင်.......
"ဂျီဂျီတွားပူးးး အတို​တော်ရဲ ရိုက်ခဲ့"
"ဂျီဂျီကလိမ်မာတယ်ဟုတ် အကို​တော်စကားနား​ထောင်​နော် အကို​တော်အမြန်လာ​ခေါ်မယ်"
"တွားဘူး ဟွန့်"
"ဂျီဂျီ မဆိုးနဲ့"
ဂျီမင်း​လေးကို ​ကျောခိုင်းကာ ယွန်းဂီနဲ့ နမ်ဂျွန်းဆီထွက်လာကာ.....
"ညီငယ်​လေးကို ​သေချာ​ခေါ်ထား​ပေးပါ ယွန်းဂီနဲ့ နမ်ဂျွန်း ငါက​နောက်မှလာ​ခေါ်ပါ့မယ်"
"မင်းက​နေခဲ့မို့အဆင်​ပြေပါ့မလား"
"အင်း​ပြေတယ်"
ညီငယ်ကို ယွန်းဂီနဲ့ နမ်ဂျွန်းဆီ​အ​စောကြီး လိုက်သွား​စေလိုက်သည်....။သူတို့နဲ့ရှိ​နေတာက အန္တာရယ်များသည်မဟုတ်ပါလား.....ဘုရင်ဆိုတဲ့လူက သူ့ကိုဘယ်ချိန်လာသတ်မလဲမသိ မမြင်ရတဲ့အန္တာရယ်အတွက် ကြိုတင်ပြင်ဆင်ထားတာက ပိုအန္တာရယ်ကင်းမည်။သူ့သား​တော်နဲ့ ပတ်သက်မိတာက ဘာအမှားအယွင်းမှ မပါပါဘဲ သက်သက်မဲ့လူစိတ်မရှိ ဖြစ်​နေ​သောဘုရင်ပင်......
*ဝုန်း*
"အားးးးး"
​တွေးလို့မှမဆုံး ခြံထဲမှ အသံ​တွေကြားတာ​ကြောင့် ထွက်ကြည့်​တော့ အမဲ​ရောင် ၀တ်ရုံ​တွေ၀တ်ထားတဲ့လူ​တွေ...
ဒါကကျိန်း​သေ​ပေါက် ဘုရင့်လူ​တွေပင်......မိုး​တောင်မလင်း​သေးဘူး ​ရောက်ချလာတာ ​တော်​တော်သတ်ချင်​နေပြီထင်တယ်......
အ​စေခံ​တွေက ပြန်ခုခံ​နေ​​သော်လဲ အရာမ​ရောက်....
​ဂျောင်ဂုတစ်​ယောက် ​ဘေးမှာ​တွေ့တဲ့ ဓါးအရှည်ကိုဆွဲကာ ခြံထဲဆင်းပြီး ကိုယ်တိုင်တိုက်​တော့သည်......ဦးရီး​တော်ကမြင်​တော့ သူ့ကို​​ပြေးဖို့​အော်သည်.....ဒါပင်မဲ့ သူမ​ပြေးနိုင်ပါ သူက​ယောင်းငယ်အတွက် သန်မာချင်သည် ဒါ​ကြောင့်သူ​ပြေးရင် သူရှုံးရာကျမည်......၁၀နှစ်သာသာက​လေးငယ်က ဓါးဆွဲပြီးလိုက်ခုတ်ထစ်နေတာက နဲနဲကြည့်ရတာတစ်မျိုးဖြစ်​နေပင်မဲ့ ​ဂျောင်ဂုက​တော့ ​ယောင်းအတွက်ဟူ၍ နှလုံးသွင်းကာ အမဲ​ရောင်၀တ်ရုံနဲ့လူ​တွေကို ဓါးဖြင့်ထိုး​တော့ သူ့ခန္ဓာကိုယ်​ပေါ် ​သွေးတို့ပြန့်ကျဲလျက်......
"​ဂျောင်ဂု သူတို့ကမ​သေဘူး"
ဦးရီး​တော်ရဲ့​အော်​ပြောသံကိုကြားတစ်ချက်မကြားတစ်ချက်.......
​အချိန်ကကြာလာသည်နဲ့အမျှ မိုးလဲလင်းလာပြီ မြို့​တော်လမ်းမ​ပေါ် လူ​တွေလဲ စီကားလာပြီး သူတို့ရဲ့တိုက်ခိုက်သံ​တွေ​ကြောင့် လူ​တွေကအိမ်​တော်​ရှေ့​ရောက်လာကြသည်.....ဒါကိုမြင်တဲ့ အမဲ​ရောင်၀တ်ရုံခြုံထားတဲ့သု​တွေထဲက ​ခေါင်း​ဆောင်ဖြစ်သူက မျက်နှာရိပ် မျက်နှာကဲပြကာ ​ပြေးမည်ပြု​တော့ ​ဂျောင်ဂုကသူ့ရဲ့ လက်​မောင်းကို ဓါးဖြင့်ထိုးလိုက်​သော်လဲ အာရုံ​ကောင်း​သော ထိုသူက အ​ရှောင်မြန်ကာ လက်​မောင်း​လေးဘဲရှပ်ထိပြီး ​ဂျောင်ဂုရဲ့ လက်​မောင်းကိုပါ ပြန်ထိုးခံလိုက်ရသည်.....။ဓါးသည် အဆုံးထိ၀င်ပြီး​ပေါက်ထွက်သွားတာမျိုးမဟုတ်ဘဲ လက်​မောင်း​ကိုနစ်ရုံလေးသာ ဖြစ်သည်။
ထို့​နောက် ​ခေါင်မိုး​ပေါ်ခုန်တက်သွား​သော သူများ......
စံအိမ်​ရှေ့ ရပ်ကြည့်​နေကြ​သော လူများနှင့် ပျက်စီးသွားသောခြံ၀င်းကြီး....
"​​​ဂျောင်ဂုအဆင်​ပြေရဲ့လား"
"အင်း​ပြေပါတယ် ဦးရီး​တော်...အ​စေခံ​တွေကိုသာ သမား​တော်​ခေါ်​ပေးလိုက်ပါ"
ဟို​ဆော့တစ်​ယောက် စဥ်းစားစရာတို့ ထပ်ကာ ထပ်ကာတိုးလာရသည်......သူလွန်ခဲ့တဲ့6နှစ်ကကြုံခဲ့ဘူး​သော တိုက်ပွဲတွင် ယခုမင်းကြီးက ​လူသားတို့ကို လက်နက်ထက် သွေးစုပ်ပြီးသာ သတ်ပြစ်ခဲ့တာမဟုတ်ပါလား....
ယခုကျ ဓါးကိုသာအသုံးပြုခဲ့သည်......။
TBC
#More Than love🧝‍♂️🧝‍♀️
#Yung(김영챌)
စာလုံး​ပေါင်3​ထောင်​ကျော်​ရေးပြီးcopyနဲ့cutမှားနှိပ်မိလို့ အသစ်ပြန်​ရေးပြီးupရတာ အဆင်​တွေ​ပြေမ​နေဘူး
​ရေးရတာ ​ပေါ့သွားပြန်​ကော🤧
ယူတို့ဒါ​လေးကို​မျှော်​နေကြရဲ့လား ​နောက်အပိုင်းဆို ​ပေပီ​လေးတို့က ကြီး​တော့မယ်ရို့🥺🥺
More Than Love​လေးကိုဖတ်ရှု​ပေးကြတဲ့ စာဖတ်သူတို့ကိုချစ်ခင်​လေးစားလျက်​ကျေးဇူးတင်ပါတယ်🙆🏻‍♀️💜💜💜💜💜
[Zawgyi]
"ဟွန့် ​​ထော်ဘူး တွား"
"အင်း အင်း ဟဟခစ်"
"ဟွန့် ပြန်ချင်ပူးးး"
မယ်မယ်ကို​တောင် မကြည့်ဘဲ သူ့ကိုကို ရင်ခွင်ထဲ ​ခေါင်း​လေးအပ်ထားများ ​ပေါက်စီး​လေးလို လုံျးန​ကော.....။
"​ယောင်း!!!"
♡
♡
♡             More  Than  Love
♡
♡
"အ့"
"လွှတ်စမ်း"
"....."
"ဝန်ဟီး!!!!!"
"မိဖုရားကြီးကို အကျဉ်း​ထောင်ထဲ ပို့လိုက် မနက်ဖန်မနက်ကျအပြစ်ဒဏ်စီရင်မယ် မင်းသားငယ်ကိုအ​ဆောင်တွင်းက​နေ အပြင်ကိုတစ်​လျှမ်း​တောင်မ​ရွှေ့စေနဲ့ နန်း​​ဆောင်နားသူစိမ်း​တောင်မကပ်​စေနဲ့ ပြီး​တော့ မိဖုရားရဲ့ သား​တော်ကင်​​ဆော့ဂျင်ကိုပါ နယ်စပ်ကတိုက်ပွဲကိုလွှတ်လိုက်"
"၀န်ဟီး ​နေဦး....."
♡
♡
♡         More  Than  Love
♡
♡
နန်းတွင်းကိုအိပ်​ငွေ့ချကာ အပြင်ခိုးထွက်ရန် လုပ်​နေသည့် စည်းကမ်း​ဖောက်​သော နန်းတွင်းသူကို ​သေဒဏ်ထိ​ပေးအပ်ရန် ဆုံးဖြတ်၍ အ​နောက်မှထပ်ကျပ်မခွာလိုက်သွား​တော့ သူမလည်ပင်းကို ဖက်တွယ်လာတဲ့ လက်သေး​သေး​လေး.....နန်းတွင်းမှာက က​လေးငယ်ဆိုလို့ မိဖုရားရဲ့သားကြီး​ဆော့ဂျင်နဲ့သူ့သားငယ်သာရှိသည်....။
"စားလို့ရပါပြီဗျ"
"အ့"
"​​​ဂျောင်ဂု!!!!"
♡
♡
♡                More Than Love
♡
♡
သူ့ကိုသူ​ယောင်းလို့​ခေါ်ပြီး ​ခေါင်း​လေးခါကာ ထယ်ထယ်လို့ပြန်ပြင်​ပြော​သော က​လေးငယ်က တစ်​ယောက်​သောသူ​ရှေ့တွင်သာသာ သူ၏နာမည်​လေးကို ​​ယောင်းလို့​ခေါ်မယ်ထင်တယ်......
"မင်းသားငယ်​လေးက အ​ဆောင်ကထွက်ခွင့်ပိတ်ထားပါတယ်"
♡
♡
♡              More Than Love
♡
♡
"....."
သူမမျက်လုံးမှိတ်ထားရက်နဲ့ မျက်ခွဲ​လေး​တွေ​ရွှေ့လျားသွားသည်.....သူမကတစ်ခါမှ ​သွေးမ​သောက်သလို ဘယ်သူ့ကိုမှလဲ ​သွေးမတိုက်ခဲ့ဘူး.....​သွေးတသ်ခါစုပ်လျှင် အသက်​သေဆုံးသည်အထိ အားအင်​လျော့နဘ်းသည်.....မ​​သေလျှင်​တောင် အိပ်ရာထဲ လဲ​နေရသည်အထိ အား​လျော့​စေသည်။
♡
♡
♡            More  Than  Love
♡
♡
"ဂျီဂျီကလိမ်မာတယ်ဟုတ် အကို​တော့စကားနား​ထောင်​နော် အကို​တော်အမြန်လာ​ခေါ်မယ်"
"တွားဘူး ဟွန့်"
"ဂျီဂျီ မဆိုးနဲ့"
"အင်း​ပြေတယ်"
*ဝုန်း*
"အားးးးး"
TBC
#More Than love🧝‍♂️🧝‍♀️
#Yung(김영챌)
စာလုံး​ပေါင်3​ထောင်​ကျော်​ရေးပြီးcopyနဲ့cutမှားနှိပ်မိလို့ အသစ်ပြန်​ရေးပြီuးpရတာ အဆင်​တွေ​ပြေမ​နေဘူး
Contents
Contents
Comments(0)
Join the discussion — sign in to leave a comment
Sign In to Comment
No comments yet. Be the first to share your thoughts!