Chapter 6 of 32

Episode♡5

More Than Love::TK::{Completed}1,758 words~9 min read

"​ဂျောင်ဂု ဦးရီးတော်ရဲ့မိတ်​ဆွေဆီ မနက်ဖန် သွားဖို့ပြင်ထား"

"ဘာလို့သွားရမှာလဲ မသွားပါဘူး"

"မရှည်နဲ့ နမ်ဂျွန်းတို့ ယွန်းဂီတို့မိဘ​တွေနဲ့လဲ ​ဆွေး​နွေးပြီးကြပြီ အတူတူ ပညာသင်လွှတ်မှာမို့ မသွားလို့မရဘူး ဂျီမင်း​လေးကိုပါ သွားခိုင်းမှာ"

"ဟာ ဦးရီး​ထော်​နော် ဂျီဂျီတွားချင်ပါပူး"

"မရဘူး ၂​ယောက်လုံး မနက်ဖန် မနက်​နေမထွက်ခင် သွားဖို့ပြင်ထား ဦးရီး​တော်ရဲ့မိတ်​ဆွေက မင်းတို့ကို ​ခေါ်ဖို့ လာ​နေကြပြီ"

"ကျွန်​တော်မသွားဘူး"

"ဘာလို့လဲ ဟိုက​လေး​ကြောင့်လား"

"ဂျီဂျီလဲ တွားဝူးးး ထယ်ထယ့်တိုပါ ​​ထော်ရို့ရရင်​ဒေါ့ တွားမယ်"

"အဲ့က​လေးနဲ့ပတ်သက်ဖို့ တစ်​ယောက်မှမစဥ်းစားနဲ့ ဦးရီး​တော်က သွားဆိုသွား​ပေါ့ မင်းတို့​တွေငါ့ကိုဘယ်တုန်းက အာခံရဲသွားကြတာလဲ!!!!"

"ဟင့် ဂျီဂျီမှမတွားချင်တာတို"

ဂျီမင်း​လေးကငို​တော့ ​ဦးရီး​တော် ဟို​ဆော့က​ချော့ရပြန်​ကော စိတ်​ကောက်ရင်​တော်ရုံနဲ့မ​ပြေတတ်တဲ့ ဂျီဂျီ​လေးက ​အော်ငို​နေတာ ​မောသွားမှ တိတ်သွားပြီး တစ်ချိုးထဲအိပ်​ပျော်သွားတယ်.......

"​ဂျောင်ဂု မင်းအဲ့က​လေးကို လိုချင်တယ်ဆို မင်းမှာသူတို့ထက်သာတဲ့ အင်အားရှိမှဖြစ်မှာ ဦးရီး​တော်​ပြောတာနားလည်မယ်လို့ထင်တယ် ပြီး​တော့ မင်းမ​မေ့နဲ့ မင်းမိဘ​တွေအ​ကြောင်းကို"

​ပြောပြီး အပြင်ထွက်သွားတဲ့ ဦးရီး​တော်ကိုကြည့်ပြီး တစ်ငူငူတစ်ငိုင်ငိုင်နဲ့ ကျန်ခဲ့တာက ​ဂျောင်ဂုပင်.....သူ့မိဘတွေ​သေဆုံး​တော့ သူက၄နှစ်သားသာရှိ​သေးပြီး ခမည်း​တော်နဲ့ မယ်​တော်က ဂျီမင်းနဲ့သူ့ကို ဦးရီး​တော်ဆီထားခဲ့ပြီး လွတ်​မြောက်နိုင်​သော ​မြေ​အောက်လမ်းမှ ဂျိုဆွန်းရဲ့ အလှဆုံးဖြစ်သည့် ​ချောင်းအွန်းမြစ်ကမ်း​ဘေးက ဂူ​ပေါက်ဆီ ထွက်​ပြေးခိုင်းသည်....။ဂျိုဆွန်းနန်း​တော်​အောက်တွင် ​မြေ​အောက်လမ်း​ဖောက်ထားပြီး ထို​ချောင်းအွန်းဂူကြီးနှင့် ဆက်နွယ်ထားတာကို မည်သူမှမသိကြ......ဦးရီး​တော်က သူတို့နှစ်​ယောက်ကို ​ခေါ်လာပြီး ပြုစုပျိုး​ထောင်​ပေးသည် မိဘ​တွေရဲ့ ​သေဆုံးမှုနဲ့ သူတို့ကဘုရင့်သား​တော်​တွေဖြစ်​​ကြောင်းလဲ အကြီးဖြစ်တဲ့​ဂျောင်ဂုကို ​ပြောပြထား၍ အကုန်သိသည်.....။

သူတစ်​နေ့ မ​ကောင်းဆိုးဝါး​တွေကို ရှင်းပစ်ရန်​တွေးထားပင်မဲ့ လက်​တွေ့အ​ကောင်ထည်​ဖော်ရန်​တောင်မစဥ်းစားခဲ့ဘူး​သေး.....ခု​တော့ သူ့ရဲ့ပထမဆုံးနှလုံးသားငယ်သည် မိမိရဲ့မိဘ​တွေကိုသတ်ခဲ့တဲ့ သူရဲ့သား​တော်တဲ့​လေ ဒါပင်မဲ့လဲ သူ​ယောင်းငယ်နဲ့ မခွဲနိုင်ပါ....ဒီ​သေး​သေး​လေးကို ငယ်ငယ်​လေးနဲ့စွဲလမ်းမိတာလဲ ဘိန်းစွဲ​နေ​သော လူလိုပင်...ဦးရီး​တော် ​ပြောတာလဲမှန်သည်....​ယောင်းငယ်ကိုလိုချင်လျှင် ဟန်းဂုရဲ့ဘုရင်ထက် အင်းအား​ကော လက်ရုံးရည်ပါပြည့်၀​နေမှ ဖြစ်မည်။​'ကိုကိုယောင်းကိုထားခဲ့ရမှာ စိတ်မချဘူး နှစ်အနည်း​လောက်ပါဘဲ ကိုကို့ကို ​စောင့်​နေ​ပေးပါ​ယောင်းငယ် ပြန်​ရောက်တာနဲ့ ချက်ချင်းလာ​ခေါ်ပါ့မယ်' စိတ်ထဲတွင် ​ယောင်းငယ်ကို​ပြောချင်တဲ့ စကား​တွေကိုတစ်​ယောက်ထဲ​ပြောရင်း ဦးရီး​တော်ပို့မည့်​နေရာသည် မည့်သည့်​နေရာပင်ဖြစ်ပ​စေ ​ဂျောင်ဂုသည် ဘုရင့်ထက် သာကိုသာရမည်ဟု​တွေးကာ သွားရန်ဆုံးဖြတ်လိုက်သည်။

♡

♡

♡         More Than Love

♡

♡

မနက်​​ဝေလီ​ဝေလင်း ကြက်ဖတွန်သံ​ကြောင့် ​ဂျောင်ဂုနိုးလာခဲ့သည်။မ​နေ့ကဦးရီ​တော်ရဲ့ မိတ်​​ဆွေဆိုသူက ည​နေဘက်ကြီး​ရောက်လာပြီး မနက်​နေမထွက်ခင် ပြန်မည်ဆို​သောကြောင့် သူတို့ပါ တစ်ခါထဲပြင်ဆင်ထားရသည်.....။ဂျီဂျီ​လေးက ငိုယိုပြီး မလိုက်ချင်ဘူးဆိုပြီး ဂျီကျ​နေ​သော်လည်း ဦးရီး​တော်က မ​နေခဲ့ခိုင်း ဒီမှာဆက်​နေရင် ဘာဖြစ်မည်ဆိုတာ မည်သူမှ ကြိုမခန့်မှန်းနိုင်ပါ

"​ဂျောင်ဂု​ရေ သွားမယ်"

ကျွန်​တော့ထက်၁နှစ်ကြီးတဲ့ နမ်ဂျွန်းနဲ့ယွန်းဂီက အိမ်​တော်​ရှေ့က​နေ ​အော်​ခေါ်​နေပြီ....​ဂျောင်ဂု သူ့ရဲ့အထုပ်​လေးလွယ်ကာ အပြင်ထွက်လာ​တော့ ယွန်းဂီလက်ကိုဆွဲထားတဲ့ ဂျီဂျီ​လေး သူ​လေးကမလိုက်ဘူးဆိုပြီး ခု​တော့ကျွန်​တော့ထက်​တောင်​စောပြီး ပြီး​စီးနေပြီ.....အထုတ်အပိုး​တွေကို  လှည်း​ပေါ်တင်ကာ ဦးရီး​တော်ရဲ့ မိတ်​ဆွေဆိုသူက လှည်း​ပေါ်တက်သွားသည်.....သူတို့က​တော့ ​ဘေးကလမ်း​လျှောက်လိုက်ရ​သည်....

"​ဂျောင်ဂု ​အရာရာကို သည်းခံပြီး လိုချင်တဲ့ပညာ​တွေကို အရယူခဲ့ တစ်​နေ့ဟန်းဂုရဲ့ ဘုရင်ဖြစ်လာမဲ့သူက ပညာစုံတတ်​မြှောက်​နေမှဖြစ်မယ် ပြီး​တော့ စိတ်ထား​ကောင်း​ကောင်းနဲ့ လူကြီးမင်း​တွေရဲ့ဆိုဆုံးမ​တွေကိုနာခံ အဲ့တာမှ မင်းရဲ့​နွေး​​ထွေးမှုနဲ့ တိုင်းသူပြည်သား​တွေကလုံခြုံမှာ"

ဦးရီး​တော်မှာတမ်း​ခြွေတာတွေ နား​ထောင်ပြီးခရီးစတင်နှင်ကြ​​တော့သည်.....။​ယောင်းကိုတစ်ခါ​တော့ သွား​တွေ့ချင်သည်။ ဒါ့ပင်မဲ့ အခွင့်အခါမ​ပေးတာ​ကြောင့် သူသွား​တွေ့ခွင့်မရခဲ့.....​ယောင်း​ကော ကိုကို့ကို လွမ်း​နေမလား

♡

♡

♡               Mote Than Love

♡

♡

"ဟင့် ရွှတ်....."

အခန်းထဲမှ က​လေးငယ်​လေးရဲ့ ငိုသံသည် ​နေ့စဥ်မပြတ်ခဲ့......ဘာမှမစားသလို အပြင်လဲလုံး၀မထွက်​တော့တာ ​တော်​တော်ပင်ကြာလှပြီ.....ချက်ချင်းဆိုသလို နန်း​ဆောင်ထဲ၀င်လာတဲ့ ဘုရင်မင်းမြတ်.....​ခေါင်းငုတ် ခါးကိုင်း၍ အရိုအ​သေ​ပေး​တော့ အ​စေခံတို့ကို အ​ရေးမလုပ်စွာ အိပ်​ဆောင်တံခါးကိုတွန်းဖွင့်သည်.....အထဲမှ ဖျင်ရွက်လိုပါးလွှာ​သော တံခါးကိုချက်ချထားတာ​ကြောင့် ​ဒေါသ​တွေ​ရှေ့တန်းတင်​နေ​သော မင်းကြီးသည် ​ခြေဖြင့်ကန်ကာဖွင့်လိုက်​တော့ တံခါးစတို့ကျိုးပျက်ကာ ပွင့်သွားခဲ့သည်။

"ဟန်ထယ်​ယောင်း!!!!!"

အရမ်း​ဒေါသထွက်​နေပုံရ​သော မင်းကြီးသည် ကင်ဆို​သောမျိုးရိုးနာမည်မှ သူ၏ဟန်ဆို​သော မျိုးရိုးနာမည်ကို​ပြောင်း၍ ​အော်ကာ​ခေါ်သည်.....။

အိပ်ရာထက် ​စောင်​တွေထဲ၀င်ပုန်းကာ ငိုယို​နေ​​သောက​လေးသည် မင်းကြီး၏အသံ​ကြောင့် ငိုသံ​လေးရပ်သွားကာ ကိုယ်​လေးတုန်လှုပ်သွားသည်.....။

"ခုချက်ချင်းထွက်လာခဲ့"

​​ခေါင်းမူးခြုံထား​သော ​စောင်​လေးကိုဖယ်ကာ ဆံပင်ရှည်​လေးတို့ရှုပ်ပွပြီး ညအိပ်၀တ်ရုံအဖြူ​လေးဟာလဲ တွန့်​ကြေပြီး အ​နောက်မှ အမြှီး​လေးဟာလဲ ရှည်ထွက်လာသည်။ခန္ဓာကိုယ်ထက် အနီ​ရောင်အကွက်တို့ဟာလဲ ​​ဆေးမရှိသည့် ​ရောဂါလို မ​ပျောက်​တော့.....လပြည့်ညတိုင်း အစွယ်​လေး​တွေထွက်လာတတ်ပြီး တစ်ယောက်​သောသူရဲ့​သွေးကိုဆာ​လောင်ကာ အိပ်ရာထက်​စောင်ကိုကိုက်ပြီး ငိုယိုခဲ့သည့် က​လေးငယ်......

"ဒါ​တွေကဘယ်လိုဖြစ်တာလဲ ဘာလို့ခမည်း​တော်ကို​ကော အထိန်း​တော်​တွေကို​ကော ​ပြောမပြခဲ့တာလဲ"

လက်မှဆွဲကာ ​သား​တော်ကို ​ပေါင်​ပေါ်ထင်ပြီး ဆံပင်​လေး​တွေကိုသပ်ချကာ​မေး​တော့ ​နှာရည်​တွေရွှဲ​နေတဲ့ ညစ်ပတ်အိုး​လေးက ​ခေါင်းခါပြသည်.....။တစ်​နေရာကို အကြည့်​ရောင်မိ​တော့ အလိုမကျစွာ ​မျက်​မှောင်ကုပ်မိလျက်.....

"ခမည်း​တော်​ပေးထားတဲ့ လည်ဆွဲ​ကော ဘယ်မှာလဲသား​တော်"

မျက်လုံးတို့ထဲ၌ မျက်ရည်များရွှဲကာ ​ခေါင်း​မော့၍ ကြည့်လာ​သောသားငယ်သည် လွန်စွာသနားစရာ​ကောင်း​သော က​လေးငယ်လိုပင်.....

"ခမည်း​တော်​မေး​နေတယ်​လေ ဘယ်​ရောက်သွားတာလဲ"

"ဟင့် ချိ​ထော့ပူး အင့်"

"ဘယ်နားကျ​ပျောက်သွားတာလဲ ခမည်း​တော်ပြန်ရှာ​ပေးမယ်"

"တိဝူး ​ပျောက်တွားပြီ"

"မလိမ်နဲ့!!!! ဟိုလူသားကို​ပေးလိုက်တာမဟုတ်ဘူးလား"

သူသိတာ​ပေါ့ ဟိုလူသား​ကောင်ရဲ့ လည်ပင်းမှာဆွဲထားတာကို သူမြင်ခဲ့တာ​ပေါ့ တစ်ခါမှ မလိမ်ဘူးတဲ့က​လေးငယ်က ခု​တော့လူသား​ကောင်​ကြောင့် လိမ်တတ်​နေပြီ

"ရွှတ် အဲ့တာဆိုရဲ ဘာရို့ရာ​မေး​နေ​သေးရဲ!!!"

ကင်ထယ်ပိစိတို့ကို ဘာများမှတ်​နေလဲ ဒီလက်​တောက်​လောက်​လေးကသူ့ကိုလာ​အော်ရင် ခမည်း​တော်​တွေဘာ​တွေနားမလည်​တော့ဘူး ပြန်​အော်လိုက်ရမှ.....

"ဟန်ထယ်​ယောင်း!!!! ခမည်း​တော်ကို ခုပြန်​အော်လိုက်တာလား"

"ဟန်ထယ်​​ရောင်း ဟုတ်ပူးးး ကင်ထယ်​ရောင်း"

က​လေးပုစိ​လေးဟာ​လေ သူ့အ​ပေါ် ​သေး​သေးတင်​တောင်အတင်မခံဘဲ ပြန်ကို​အော်​နေတာ.....အစွာ​လေးကိုကြည့်ပြီး အ​စေခံ​​ကောင်မ​လေး​တွေမှာ ပြုံးစိပြုံးစိဖြင့်သာ.....

"အထိန်း​တော် ဒီ​နေ့ကစပြီး ဟန်ထယ်​ယောင်းကို ​နေမ​ကောင်းဖြစ်ရင်​တောင် သမား​တော်​ခေါ်မ​ပေးနဲ့"

"​ထော်နဲ့​ပေါ့"

"ပြန်မ​ပြောနဲ့!!!!ငါကိုယ်​တော်က မင်းသားငယ်ရဲ့ခမည်း​တော်"

"မယ်မယ်နဲ့​​ဒွေ့ချင်ဒယ်"

သူ့ကိုမကြည့်ပါဘဲ ဟိုဘက်လှည့်ကာ မျက်နှာ​ဘေးတည်တည်နဲ့ ​ပြော​နေ​သော က​လေး​ပေါက်က ၆နှစ်ဆိုတာ ဘယ်သူကယုံပါ့မလဲ.....

"မ​တွေ့ရဘူး ဘယ်သူနဲ့မှမ​တွေ့ရဘူး ဒါအပြစ်ဘဲ"

"အထိန်း​တော် သားငယ်ကိုစားပွဲတည်တဲ့အခါ မုန့်ချို​တွေ တစ်ခုမှဒီအ​ဆောင်ကိုမသယ်လာခိုင်းနဲ့ ​ကျွေးလဲမ​ကျွေးနဲ့ "

ထိုအခါအသံပြဲကြီးနဲ့ ထ​အော်ပါ​သော ထယ်ထယ်​လေး

"အူးးဝါးးး ခမည်း​​ထော်က ဂျင့်​တောင်းပူးး မယ်မယ်နဲ့ရဲ​တွေ့ခိုင်းပူး အတို​တော်နဲ့ရဲ ​တွေ့ခိုင်းပူးး ခမည်း​ထော်က တစ်ပါ​ပေါ်မှာ အဂျင့်ရုတ်စုံးးးး"

"​တောက် ဟန်ထယ်​ယောင်း!!!!!"

​ဒေါသတစ်ကြီး ပြန်ထွက်သွားတဲ့ မင်းကြီးကို အ​ပေါက်၀ထိ အ​နောက်က တစ်​တောက်​တောက်နဲ့လိုက်ကြည့်ပြီး ​အော်ငိုတဲ့ ထယ်ထယ်​လေး.....သူ​လေးက၀ံပု​လွေ​​သွေးကော ​သွေးဖုတ်စုတ်​ကောင်​သွေး​ကော ​ရော​နေတာ​ကြောင့် အမြှီးဖြူ​​လေးကလဲ ငိုတဲ့ချိန်ဆို ထွက်လာတတ်​သေး......

"တိုတို​ရေ ​ယောင်းတိုလာ​ထော်ပါ ​ယောင်းကိုဒီကအူ​ဒွေက အနိုင်ဂျင့်ဒယ် ဟင့်"

♡

♡

♡        More Than Love

♡

♡

၁၃နှစ်ကြာ​သော်~~~

"မင်းကြီး တရုတ်နိုင်ငံနဲ့ချစ်ကြည်​ရေး အတွက် ကိုယ်စားလှယ် ​စေလွှတ်မယ်လို့ သိရပါတယ်"

"သူတို့ဘယ်​ရောက်​နေပြီလဲ"

"မ​နေ့ကမှစထွက်ခွာလာတာမို့  နယ်စပ်​လောက်မှာဘဲရှိပါ​သေးတယ် မင်းကြီး ​နောက်နှစ်ရက်​လောက်​နေရင် ​ရောက်လာ​လောက်ပါတယ်"

"လူသားမျိုးနွယ်​တွေနဲ့ မပတ်သက်ချင်ရတဲ့ကြားထဲ ချစ်ကြည်​ရေး​တွေဘာ​တွေယူရအုံးမှာလား"

အမတ်​တွေတင်ပြထားတဲ့ သဝဋ်လွှာ​တွေဖတ်​နေရင်း ကိုယ်ရံ​တော်၀န်ဟီးစကား​ကြောင့် စိတ်ကမကြည်​တော့......လူသား​တွေနဲ့မပတ်သက်ချင်တာ​ကြောင့် နန်း​တော်ထဲ​တောင် လူသား​တွေကိုမ၀င်ခိုင်းသည့်အပြင် ဘုရင်ဖြစ်တဲ့သူကိုယ်တိုင်လဲ လူသား​တွေ​နေတဲ့ မြို့​တော်ထဲမသွား ဒါပင်မဲ့ သူ့အာဏာစက်က​တော့ ဟန်းဂုတစ်နိုင်ငံ​လုံးဖိတ်ဖိတ်တုန်​အောင် ​ကြောက်ရသည်။

"ခုကချစ်ကြည်​ရေးကို ငြင်းဆိုမယ်ဆို စစ်ပွဲဖြစ်လာနိုင်ပါတယ် မင်းကြီး"

"ဖြစ်​လာတော့​ကော ဘာအ​ရေးလဲ ငါတို့ကသူတို့ကို​သွေးတစ်ချက်စုပ်လိုက်ရုံနဲ့ ​ချက်ချင်း​သေသွားကြမှာဘဲ

ငါကိုယ်​တော်တိုက်ပွဲတိုင်းနိုင်လာခဲ့တာ ​မောင်မင်းက ကိုယ်​တော့ကို​လျော့တွက်တာလား"

"မဟုတ်ရပါဘူး မင်းကြီး"

"အဲ့တာဆို ​မောင်​မင်းနား​တော့"

"​​​လျှောက်တင်စရာကျန်ပါ​သေးတယ်မင်းကြီး"

"​မြန်မြန်​လျှောက်တင်"

စိတ်မရှည်​တော့​သော မင်းကြီး၏အသံသည် မာစက်စက်

"တရုတ်ကိုယ်စားလှယ်ကို ကြိုဆိုတဲ့အ​နေနဲ့ ပွဲ​တော်ခင်းကျင်း​ပေးရပါမယ်"

"ဘာ!!!!ငါကိုယ်​တော် အုပ်စိုးတဲ့ သက်တမ်းတစ်​လျှောက်မှာ ဘာပွဲ​တော်မှမလုပ်ခဲ့တာ ဒီဘာမဟုတ်တဲ့ ကိုယ်စားလှယ်အတွက် ပွဲ​တော်တည်​ပေးရအုံးမယ်​ပေါ့"

"ကျွန်​တော်မျိုးမတို့ဘက်က တာ၀န်​ကျေပွန်​အောင် ဧည့်ခံသင့်ပါတယ်မင်းကြီး"

"​မောင်မင်းဘဲ ဦး​ဆောင်ပြီးလုပ်လိုက်"

၀န်ဟီး​ခေါင်းငြိမ့်ကာ လှည့်ထွက်မာည်ပြု​တော့ထပ်ကြားလိုက်ရ​သော အသံက......

"မင်းသားငယ်ရဲ့ နန်း​ဆောင်နား ​ရဲမတ်​တွေထပ်တိုးထားလိုက်"

♡

♡

♡      More Than Love

♡

♡

နန်း​တော်ထဲ တစ်ခါမှမလုပ်ဘူးပါ​သော ပွဲ​တော်​ကိုတည်ခင်း​နေရ​သော​ကြောင့် နန်းတွင်းသူ နန်းတွင်းသားတို့မှာ အ​ပျော်လွန်ကာ တက်ကြွ​နေကြသည်.....။ကိုယ်စားလှယ်​တွေထဲ ​ချော​ချော​လေး​တွေပါတယ်ဆိုတာ​ကြောင့် ​တွေ့ဘူးချင်​နေကြသည်။နန်းတွင်းထဲ အစားအ​သောက်ပြင်ဆင်သူကပြင် နန်းရင်ပြင်ကျယ်တွင် ခုံပု​လေး​တွေစီကာ ပြင်ဆင်သူကပြင်ဆင်ဖြင့်.....

လူသားတို့သည် အသီးအနှံ​တွေစားကြသည်ဆိုတာ​ကြောင့် အသီးအနှံ​တွေလဲ ထွက်၀ယ်ကြဖြင့်ပွဲကျ​နေကြသည်ပင်......

"ဒီ​နေ့ ဘာပွဲရှိလို့လဲ"

တိုက်ပွဲ​ပေါင်း​မြှောက်များစွာတွင် ၀င်​ရောက်တိုက်ခိုက်ပြီး ပြန်​ရောက်လာပါ​သော ​ဆော့ဂျင်......

"အ...အကို​လေး​ဆော့ဂျင်မှတ်လား"

အ​စေခံတစ်​ယောက်က သူ့ကိုကြည့်ကာ လန့်ဖြတ်၍ဆို​တော့ ပြုံးပြလိုက်ကာ ​ရှေ့ကလူ​တွေကို​မေး​ငေါ့ပြလိုက်သည်.....။

"ဟို...ဟို တရုတ်ကကိုယ်စားလှယ်အတွက် ပွဲ​တော်တည်​ပေးမို့ပါ"

"​အော်"တစ်လုံးသာ​ပြောပြီး မယ်​တော်ရဲ့နန်း​ဆောင်ဘက်ကို အ​ပြေးထွက်လာခဲ့သည်....နန်း​ဆောင်သည် တိတ်ဆိတ်လျက် မယ်​တော်အရမ်းသ​ဘောကျ​သော ရွင်းဆန်ဟွန်း ပန်းပွင့်တို့သည်လဲ ​ခြောက်​သွေ့လျက် နဂိုကြား​နေကျဖြစ်​သော ​ကျေးငှက်တို့ အသံကိုလဲမကြားရ​တော့​ပေ......

"မယ်​တော်.....မယ်​တော်"

အိပ်​ဆောင်ထဲ၀င်လာ​တော့ မယ်​တော့ရဲ့​နောက်လိုက် အ​စေခံ၂​ယောက် ၃​ယောက်သာရှိသည်။

"မယ်​တော်အထဲမှာလား"

"ဟုတ်ပါတယ်ရှင့်"

တံခါးချပ်ကို လှပ်ကာ၀င်လာ​တော့ အိပ်ရာ​ပေါ် ​ဘေးတစ်​စောင်းလှဲ​နေ​သော မယ်​တော်.....ဆံပင်ရှည်တို့ကိုမချည်​နှောင်ပါဘဲ ဒီတိုင်းအရှင်းချထားသည်မှာ ကြည့်ရသူအဖို့ ပြည့်စုံလွန်း​​နေပြီ......အနားသွားကာ ပိုးဖ​ယောင်းတို့ခင်းကျင်းထား​သော အ​မွှေးပွ​ပေါ် တင်ပလွဲထိုင်​တော့ လှည့်ကြည့်ကာ ထလာပြီး ဖက်တွယ်သည်....

"သား​တော်ကြီး ပြန်လာပြီလား"

တည်ငြိမ်​သောအသံဖြင့်​ပြောလာ​သော မယ်​တော်သည် အရင်အတိုင်းနုပျိုဆဲပင်.....

"မယ်​တော် မျက်နှာ​လေး​ချောင်ချသွားသလိုဘဲ ​နေမ​ကောင်းဘူးလား"

"မယ်​တော်က​နေ​ကောင်းပါတယ် သားကြီးနဲ့သားငယ်​လေးကိုလွမ်း​နေတာ"

"ဟင် ထယ်ထယ်​လေးနဲ့ နန်း​ဆောင်မှာတူတူ​နေပြီး မ​တွေ့ရတာလဲမဟုတ်ဘဲ"

"ဘုရင်မင်းမြတ်က မင်းညီငယ်​လေးကို နန်း​ဆောင်အပြင်မထွက်ခိုင်း​တော့က သားကြီးထွက်သွားတဲ့​နေ့ထဲက"

​ဆော့ဂျင်အံ့သြသွားရသည်....သူထွက်သွားတဲ့​နေ့ကစပြီးပိတ်​ထားသည်ဆိုလျှင် ၁၃နှစ်​တောင်ရှိပြီ.....မယ်​တော်နဲ့ စကား​ပြောကာ ငယ်​လေးရဲ့အ​ဆောင်ဘက်​ခြေဦးလှည့်လာလိုက်သည်.....နန်း​ဆောင်နား​ရောက်​တော့ ရဲမတ်​တွေနဲ့ပြည့်နက်​နေ​လေသည်....အထဲ၀င်ရန်လုပ်​တော့ သူတို့လက်ထဲကလှံဖြင့် ကာကာ မ၀င်ခိုင်း......

"ငါကမင်းသားကင်​ဆော့ဂျင် အဲ့တာ​ကြောင့်ငါ့ညီ​တော်ကိုလာကြည့်တာ ​ဘေးဖယ်"

"မင်းကြီးအမိန့်အရ ဘယ်သူမှ ၀င်လို့မရပါဘူး"

"ငါကတစ်စိမ်းမဟုတ်ဘူး သူ့အကို ဖယ်စမ်း"

ဘယ်လို​ပြော​ပြော မဖယ်​ပေး​သော သူ​တွေကို ဓါးဆွဲထုတ်ပြလိုက်​တော့မှ  ​ကြောက်​ကြောက်နဲ့ ဖယ်​ပေးလာသည်......နန်း​ဆောင်ထဲ၀င်လာ​တော့ ထယ်​လေးကို​စောင့်​ရှောက်ရတဲ့ နန်းတွင်းသူ​တွေကသူ့ကိုကြည့်ကာ အရိုအ​သေ​ပေးကြသည်.......။

"မင်းသားကြီး ဘယ်တုန်းကပြန်​ရောက်တာပါလဲ"

"မနက်ကဘဲ ငယ်​လေး​ကော"

"အခန်းထဲမှာ စာအုပ်ဖတ်​နေပါတယ်"

အထိန်း​တော်ကြီးရဲ့စကားအဆုံး အိပ်​ဆောင်ထဲ၀င်လာကာ ထယ်​လေးကိုရှာ​တော့ ​တွေ့ပါပြီ.....အိပ်ရာ​လေး​ဘေးက စာအုပ်​တွေထားတဲ့ ခုံပု​လေးမှာထိုင်ပြီး အ၀င်တံခါးကိုကျော​ပေးကာ ထိုင်ပြီးစာဖတ်​နေ​သော က​လေးငယ်......

"ထယ်ထယ်"

"ဟင် အကို​တော်"

လှည့်ကြည့်လာ​သော က​လေးငယ်က သူ့ဆီအ​ပြေး​လေးလာရင်း ​ခွေကျသွားသည်.....

"ထယ်​လေး"

"ဟင့် အကို​တော် ထယ်အရမ်းလွမ်း​နေတာ"

က​လေးငယ်ကို ​ပွေ့ဖက်ကာ ​ခေါင်းလေးပုတ်​ပေး​တော့  မျက်ရည်​တွေဗူးသီး​လောက်ကျလာ​လေသည်......ခန္ဓာကိုယ်က ပိန်ပိန်သွယ်သွယ်​လေးဖြင့် အသားအ​ရေသည် ဖြူစွတ်​နေကာ အနီစက်တို့က အကွက်လိုက်.....​လေတိုက်ရင် လဲကျ​တော့မည့်ပုံနဲ့ က​လေးငယ်ကို မင်းကြီးကဘယ်လို​တောင်နှိပ်စက်ရက်တာပါလိမ့်.......

"ထယ်​လေး ​အကို​တော်ကို တွဲ"

"ဟုတ်"

အကို​တော်ကိုတွဲခိုကာ ကုတင်​ခြေရင်းနားထိုင်ရင်း ဘယ်​လောက်လွမ်း​ကြောင်း ​ပြောဖြစ်ကြသည်.....။

"ထယ်ထယ်​လေးကွာ အရမ်းပိန်သွားတာဘဲ"

"ထယ်ထယ်ပိန်သွား​တော့ ချစ်ဖို့မ​ကောင်း​တော့လို့လား ဟွန့်"

"ထယ်​လေးက ငယ်ငယ်ကအတိုင်းချစ်ဖို့​ကောင်းတုန်းပါဘဲဗျာ"

"ဟီးးး"

ခဏကြာ​တော့ အကို​တော်လဲ ခရီးပန်း​နေတာ​ကြောင့် ပြန်ပြီးနား​စေလိုက်သည်.....။

♡

♡

♡     More Than Love

♡

♡

တရုတ်နိုင်ငံမှ လာ​သော လုကိုယ်စားလှယ်နှင့် သူ၏အ​ခြွေအရံတို့လဲပါကာ ​ကောင်​လေး၃​ယောက်လဲအပိုပါလာသည်......ညဘက်​ရောက်​တော့ ဘုရင်မင်းမြတ်က ဧည့်၀တ်​ကျေပွန်ရန် ​ဘေးကတစ်ဖွဖွ​ပြော​နေ​သော ၀န်ဟီး​ကြောင်း နန်းရင်ပြင်ကိုလာကာ ဧည့်ခံပြီး စကား​တွေ​ပြောဖြစ်ကြသည်.....။

"လုကိုယ်စားလှယ်က ငယ်ငယ်ရွယ်ရွယ်နဲ့ ထက်မြတ်တာဘဲ"

"မင်းကြီးကအလွန်​မြှောက်စားလွန်း​နေပါပြီ ကျွန်​​တော်မျိုးထက် မင်းကြီးကပိုပြီး ညဏ်ပညာထက်မြတ်ပါတယ်"

လုကိုယ်စားလှယ်သည် အသက်ငယ်ရွယ်စွာ ဟန်းဂုဘာသာစကားကိုလဲ အ​​တော်အတန်တတ်​မြောက်ပြီး ​ပေါ့​သေး​သေးလူငယ်တစ်​ယောက်မဟုတ်​ပေ.....အလွန်မှပါးနပ်လှပြီး စကား​တောင်အမှားမခံဘဲ ၀င်​ထောက်တတ်သည့် သူပင်.....ဒါ​ကြောင့်လဲ တရုတ်နိုင်ငံဘုရင်ရဲ့ ကိုယ်စားလှယ်အဖြစ်​တောင် လာ​ရောက်ခဲ့သည်မဟုတ်ပါလား........

♡

♡

♡     More Than Love

♡

♡

ထယ်​ယောင်း​လေးတစ်​ယောက် ဒီ​နေ့ နန်း​တော်ထဲ ပွဲ​တော်ရှိသည်ဟု ကြားထား၍ သွားကြည့်ချင်​နေသည်....

သူအပြင်မထွက်တာ အ​တော်ကြာ​နေပြီမို့ နန်းတွင်းထဲ ဘာ​တွေ​ပြောင်းလဲသွားလဲဆိုတာလဲသိချင်ပြီး မယ်မယ်နဲ့လဲ ​တွေ့ချင်​နေသည်......အကို​တော်က မယ်မယ့်အ​ကြောင်း​ပြောသွားပင်မဲ့ သူကိုယ်တိုင်​တွေ့ချင်ပါသည်...။

နန်း​တော်ထဲ ပွဲ​တော်တည်တာ​ကြောင့် အဆင်အယင်အထုံးအဖွဲ့​တွေအပြင် ဟန်းဂုရဲ့ အက အနုပညာတို့ကလဲမပါမဖြစ်ဆိုတာ​ကြောင့် ဗုံအကြီးကြီးကိုတီးခတ်သံ​တွေက ထယ်​ယောင်း​လေးအ​ဆောင်ထိပင် ကြား​နေရသည်.....ဗုံတစ်ခါတီးသံကြားတိုင်း နှလုံးရပ်မတန့် တစ်ခါလန့်ရသည်....အသံ​တွေကကျယ်လာ​သော သွားချင်စိတ်တို့ကပိုများလာ​လေပင်....သို့​သော် ထယ်​ယောင်း​လေး လမ်းမ​လျှောက်တာအ​တော်ကြာပြီဖြစ်တာ​ကြောင့် ​ခြေ​ထောက်​တွေကလမ်း​လျှောက်တိုင်း​ခွေကျခြင်​နေသည်...။(ထယ်က အခန်းထဲက​နေအပဘင်မထွက်ရတာမို့ လမ်းလဲအများကြီးမ​လျှောက်ရဘူး​ပေါ့​နော် နှစ်​တွေအ​တော်ကြာလာလို့ လမ်း​လျှောက်တဲ့အခါမှာ အခက်​​တွေ့လာတာပါ)

ထယ်​ယောင်း​လေး နန်း​ဆောင်အပြင်ကို ကုပ်​ချောင်း ကုပ်​ချောင်းထွက်ကြည့်​တော့ ရဲမတ်​တွေ​ကော အ​စေခံ​ကောက်မ​လေး​တွေ​ကော မနည်းမ​နော.....အချိန်က ညမိုးချုပ်​နေပြီဖြစ်တာ​ကြောင့် မကြာခင် သူ့အိပ်ချိန်​ရောက်​တော့မည်.....

"အထိန်း​တော်ကြီး"

အထိန်း​တော်ကြီးက အ​ဆောင်ထဲအမြန်​ပြေးလာကာ...

"ဘာအလိုရှိလို့ပါလဲ မင်းသား​လေး"

"ထယ်အိပ်​တော့မယ် အဲ့တာအ​ဆောင်တံခါး​သေချာပိတ်​ပေး ဟိုအသံ​တွေ​ကြောင့်ထယ်အိပ်မရဖြစ်ရင် အထိန်း​တော်ကြီးကို ဒီတိုင်းမထားဘူး"

ခြိမ်း​ခြောက်သံ​​လေး ​နှောကာ​ပြောလိုက်​တော့ အထိန်း​တော်ကြီးက အခန်းတံခါး​တွေက​သေချာပိတ်​ပေးပြီး ထွက်သွားသည်....​သေချာပိတ်​ပေးပင်မဲ့လဲ ထို​ဖျော်​ဖြေသံ​တွေ ​​စောင်းတီးသံ​တွေကို သူကြား​နေရ​သေးသည်....မထူးသည့်အဆုံး ၀တ်ရုံအထူ​လေး ထပ်၀တ်ကာ ပါးလွှာ​သော ပြတင်း​ပေါက်​လေးကိုလှန်တင်ကာ အပြင်သို့ကုပ်​ချောင်းကုပ်​ချောင်းထွက်လာကာ အ​မှောင်​တွေဘက်မှ သွား၍ ​နောက်ဆုံး နန်း​ဆောက်ထဲမှထွက်လာနိုင်ခဲ့သည်။

နန်း​​ဆောင်ထဲဘဲ​နေရ​တော့ နန်းတွင်း၏​ပြောင်းလဲသွား​သောအရာများ​ကြောင့် တအံ့တသြလိုက်ကြည့်​နေမိသည်....။​နောက်ဆုံး နန်းရင်ပြင်နား​ရောက်​တော့ အုတ်တိုင်​လေးတစ်ခုနားကပ်ကာ ကြည့်လိုက်မိသည်....

တကယ်အရမ်းမိုက်တဲ့ ပွဲ​တော်ပါ မီး​ရောင်စုံတို့ ထွန်းညှိကာ နန်းရင်ပြင်၌ အပျိုမယ်တို့က အ​ကောင်းဆုံး​ဖျော်​ဖြေ​ပေး​နေကြတာ.....ဒါကို နန်း​ဆောင်​ပေါ်မှကြည့်​နေ​သော ခမည်း​တော်က ပြုံးရယ်လို့ ​ဘေးကလူ​တွေကလဲရယ်​မော​နေကြလို့.....ခမည်း​တော်​ဘေးကလူကိုကြည့်မိချိန်တွင် အသက်ရှုသံတို့ရပ်တန့်သွားသလိုပင်.....အရမ်း​ချောပြီး လွန်ခဲ့တဲ့၁၃နှစ်က​တွေ့ခဲ့တဲ့ ကိုကိုနဲ့အလွန်တူပါသည်......ထိုချိန် သူနဲ့​ဝေးကွာလွန်းပါ​သော နန်း​ဆောင်​ပေါ်မှ လူသည် သူနဲ့မျက်လုံးချင်းဆုံလိုက်သည်ဟုထင်ကာ ထို​နေရာမှ အမြန်​လှည့်ထွက်လာလိုက်သည်.......

♡

♡

♡        More Than Love

♡

♡

လုကိုယ်စားလှယ်တစ်​ယောက် နန်းရင်ပြင်က အကမယ်​တွေကိုကြည့်ပြီး သ​​ဘောကျ​နေတုန်း မျက်လုံးထဲ၀င်လာ​သော ​နေရာတစ်ခုမှ​ကောင်​လေးလား ​ကောင်မ​လေးလားမသိ​သော ၀တ်ရုံအပြာ​လေးနဲ့ တစ်​ယောက်...

သူ့ကိုကြည့်မိလိုက်​တော့ ချက်ချင်းလှည့်ကာ ထွက်သွားသည်.....သူမသိခင်မှာဘဲ သူ့နှလုံးသားသည် ထို​သူ​နောက်လိုက်ရန် အချက်ပြ​နေပြီ......

"မင်းကြီးကို အားနာပင်မဲ့ ကျွန်​​တော်မျိုး ခရီးပန်းလာတာ​ကြောင့် အိပ်​ဆောင်၀င်လို့ရမလား"

​ဘေးကမင်းကြီးကို ရိုကျိုးစွာ​ပြော​တော့ ​ခေါင်းငြိမ့်ပြကာ ​ဘေးကအ​စေရံကို လိုက်ပို့ခိုင်းသည်.....သူနဲ့အတူပါလာတဲ့ သူ​တွေကိုထားခဲ့ကာ အ​စေခံ​နောက်မှအမြန်လိုက်လာပြီး.....

"ဒီကမိန်းက​လေးက ပြန်ရင်ရပါပြီး ကျွန်​တော့ကို ​နေရာ​လေးဘဲပြောပြလိုက်ပါ"

ကောင်မ​လေးက ​ခေါင်း​လေးငုပ်ကာ လမွးညွှန်ပြပြီး ထွက်သွား​တော့ ခုဏက​တွေ့ခဲ့ရတဲ့ အရိပ်ပြာ​လေးကိုရှာမိသည်....​တွေ့ပါပြီ စမ်း​ချောင်း​လေး​ပေါ်က တံတားနားလမ်း​လျှောက်​နေတာ......လုကိုယ်စားလှယ်လဲ အမြန်​အ​ပြေး​လေးသွားကာ အ​နောက်မှ ​လျှောက်ပြီးလိုက်​နေတာ​တောင် အ​ရှေ့ကအပြာ​ရောင်​လေးက သတိမထားမိ.....​ည​လေသည်​အေးချမ်းသလို လ​ရောင်​အောက်လမ်း​လျှောက်​နေ​သော ​ကျောပြင်ငယ်​လေးဟာလဲ ​အေးချမ်းသည်......​လေတစ်ချက်အ​ဝှေ့ ယိုင်နဲ့သွား​သော ခန္ဓာကိုယ်​လေးကို အ​နောက်မှ ၀င်ထိန်း​ပေး​တော့ လန့်ကာ သူ့ကိုပြန်ဖက်တွယ်လာ​သော ​ကောင်​လေး....

လ​ရောင်​အောက်မှ မျက်၀န်းတို့သည် ပင်လယ်ပြင်လို စိမ်းပြာ​ရောင်ဖြစ်ပြီး မျက်လုံး​လေးမှ ​ဝေ့သီလာ​သော မျက်ရည်​လေးတို့သည် ​ကောင်းကင်မှကြယ်​လေး​တွေလို ကြည်​တောက်​နေသည်.....ရုတ်တရက်​ခေါင်း​ပေါ်မှထွက်လာ​သော အဖြူ​ရောင်နားရွက်​လေး​တွေ.....ဒါကျိန်း​သေ​ပေါက် သူ့က​လေးငယ်​​လေး ​ယောင်းပင်....

TBC

#More Than Love

#Yung(김영챌)

အပျင်းတစ်​နေရို့ပါ🥺🥺 ကျယ်မ​ပေပီ​လေး​တွေ ကြီးလာပြီ......

More Than Love​လေးကို ဖတ်​ပေးကြတဲ့စာဖတ်သူ​တွေကို ချစ်ခင်​လေးစားလျက် ​ကျေးဇူးတင်ပါတယ်🙆🏻‍♀️💜💜💜💜💜💜

[Zawgyi]

ေဂ်ာင္ဂု ဦးရီးေတာ္ရဲ႕မိတ္​ေဆြဆီ မနက္ဖန္ သြားဖို႔ျပင္ထား"

"ဘာလို႔သြားရမွာလဲ မသြားပါဘူး"

"မ႐ွည္နဲ႔ နမ္ဂြၽန္းတို႔ ယြန္းဂီတို႔မိဘ​ေတြနဲ႔လဲ ​ေဆြး​ေႏြးၿပီးၾကၿပီ အတူတူ ပညာသင္လႊတ္မွာမို႔ မသြားလို႔မရဘူး ဂ်ီမင္း​ေလးကိုပါ သြားခိုင္းမွာ"

"ဟာ ဦးရီး​ေထာ္​ေနာ္ ဂ်ီဂ်ီတြားခ်င္ပါပူး"

"မရဘူး ၂​ေယာက္လုံး မနက္ဖန္ မနက္​ေနမထြက္ခင္ သြားဖို႔ျပင္ထား ဦးရီး​ေတာ္ရဲ႕မိတ္​ေဆြက မင္းတို႔ကို ​ေခၚဖို႔ လာ​ေနၾကၿပီ"

"ကြၽန္​ေတာ္မသြားဘူး"

"ဘာလို႔လဲ ဟိုက​ေလး​ေၾကာင့္လား"

"ဂ်ီဂ်ီလဲ တြားဝူးးး ထယ္ထယ့္တိုပါ ​​ေထာ္႐ို႕ရရင္​ေဒါ့ တြားမယ္"

"အဲ့က​ေလးနဲ႔ပတ္သက္ဖို႔ တစ္​ေယာက္မွမစဥ္းစားနဲ႔ ဦးရီး​ေတာ္က သြားဆိုသြား​ေပါ့ မင္းတို႔​ေတြငါ့ကိုဘယ္တုန္းက အာခံရဲသြားၾကတာလဲ!!!!"

"ဟင့္ ဂ်ီဂ်ီမွမတြားခ်င္တာတို"

ဂ်ီမင္း​ေလးကငို​ေတာ့ ​ဦးရီး​ေတာ္ ဟို​ေဆာ့က​ေခ်ာ့ရျပန္​ေကာ စိတ္​ေကာက္ရင္​ေတာ္႐ုံနဲ႔မ​ေျပတတ္တဲ့ ဂ်ီဂ်ီ​ေလးက ​ေအာ္ငို​ေနတာ ​ေမာသြားမွ တိတ္သြားၿပီး တစ္ခ်ိဳးထဲအိပ္​ေပ်ာ္သြားတယ္.......

"​ေဂ်ာင္ဂု မင္းအဲ့က​ေလးကို လိုခ်င္တယ္ဆို မင္းမွာသူတို႔ထက္သာတဲ့ အင္အား႐ွိမွျဖစ္မွာ ဦးရီး​ေတာ္​ေျပာတာနားလည္မယ္လို႔ထင္တယ္ ၿပီး​ေတာ့ မင္းမ​ေမ့နဲ႔ မင္းမိဘ​ေတြအ​ေၾကာင္းကို"

​ေျပာၿပီး အျပင္ထြက္သြားတဲ့ ဦးရီး​ေတာ္ကိုၾကည့္ၿပီး တစ္ငူငူတစ္ငိုင္ငိုင္နဲ႔ က်န္ခဲ့တာက ​ေဂ်ာင္ဂုပင္.....သူ႕မိဘေတြ​ေသဆုံး​ေတာ့ သူက၄ႏွစ္သားသာ႐ွိ​ေသးၿပီး ခမည္း​ေတာ္နဲ႔ မယ္​ေတာ္က ဂ်ီမင္းနဲ႔သူ႕ကို ဦးရီး​ေတာ္ဆီထားခဲ့ၿပီး လြတ္​ေျမာက္ႏိုင္​ေသာ ​ေျမ​ေအာက္လမ္းမွ ဂ်ိဳဆြန္းရဲ႕ အလွဆုံးျဖစ္သည့္ ​ေခ်ာင္းအြန္းျမစ္ကမ္း​ေဘးက ဂူ​ေပါက္ဆီ ထြက္​ေျပးခိုင္းသည္....။ဂ်ိဳဆြန္းနန္း​ေတာ္​ေအာက္တြင္ ​ေျမ​ေအာက္လမ္း​ေဖာက္ထားၿပီး ထို​ေခ်ာင္းအြန္းဂူႀကီးႏွင့္ ဆက္ႏြယ္ထားတာကို မည္သူမွမသိၾက......ဦးရီး​ေတာ္က သူတို႔ႏွစ္​ေယာက္ကို ​ေခၚလာၿပီး ျပဳစုပ်ိဳး​ေထာင္​ေပးသည္ မိဘ​ေတြရဲ႕ ​ေသဆုံးမႈနဲ႔ သူတို႔ကဘုရင့္သား​ေတာ္​ေတြျဖစ္​​ေၾကာင္းလဲ အႀကီးျဖစ္တဲ့​ေဂ်ာင္ဂုကို ​ေျပာျပထား၍ အကုန္သိသည္.....။

သူတစ္​ေန႔ မ​ေကာင္းဆိုးဝါး​ေတြကို ႐ွင္းပစ္ရန္​ေတြးထားပင္မဲ့ လက္​ေတြ႕အ​ေကာင္ထည္​ေဖာ္ရန္​ေတာင္မစဥ္းစားခဲ့ဘူး​ေသး.....ခု​ေတာ့ သူ႕ရဲ႕ပထမဆုံးႏွလုံးသားငယ္သည္ မိမိရဲ႕မိဘ​ေတြကိုသတ္ခဲ့တဲ့ သူရဲ႕သား​ေတာ္တဲ့​ေလ ဒါပင္မဲ့လဲ သူ​ေယာင္းငယ္နဲ႔ မခြဲႏိုင္ပါ....ဒီ​ေသး​ေသး​ေလးကို ငယ္ငယ္​ေလးနဲ႔စြဲလမ္းမိတာလဲ ဘိန္းစြဲ​ေန​ေသာ လူလိုပင္...ဦးရီး​ေတာ္ ​ေျပာတာလဲမွန္သည္....​ေယာင္းငယ္ကိုလိုခ်င္လွ်င္ ဟန္းဂုရဲ႕ဘုရင္ထက္ အင္းအား​ေကာ လက္႐ုံးရည္ပါျပည့္၀​ေနမွ ျဖစ္မည္။​'ကိုကိုေယာင္းကိုထားခဲ့ရမွာ စိတ္မခ်ဘူး ႏွစ္အနည္း​ေလာက္ပါဘဲ ကိုကို႔ကို ​ေစာင့္​ေန​ေပးပါ​ေယာင္းငယ္ ျပန္​ေရာက္တာနဲ႔ ခ်က္ခ်င္းလာ​ေခၚပါ့မယ္' စိတ္ထဲတြင္ ​ေယာင္းငယ္ကို​ေျပာခ်င္တဲ့ စကား​ေတြကိုတစ္​ေယာက္ထဲ​ေျပာရင္း ဦးရီး​ေတာ္ပို႔မည့္​ေနရာသည္ မည့္သည့္​ေနရာပင္ျဖစ္ပ​ေစ ​ေဂ်ာင္ဂုသည္ ဘုရင့္ထက္ သာကိုသာရမည္ဟု​ေတြးကာ သြားရန္ဆုံးျဖတ္လိုက္သည္။

♡

♡

♡         More Than Love

♡

♡

မနက္​​ေဝလီ​ေဝလင္း ၾကက္ဖတြန္သံ​ေၾကာင့္ ​ေဂ်ာင္ဂုႏိုးလာခဲ့သည္။မ​ေန႔ကဦးရီ​ေတာ္ရဲ႕ မိတ္​​ေဆြဆိုသူက ည​ေနဘက္ႀကီး​ေရာက္လာၿပီး မနက္​ေနမထြက္ခင္ ျပန္မည္ဆို​ေသာေၾကာင့္ သူတို႔ပါ တစ္ခါထဲျပင္ဆင္ထားရသည္.....။ဂ်ီဂ်ီ​ေလးက ငိုယိုၿပီး မလိုက္ခ်င္ဘူးဆိုၿပီး ဂ်ီက်​ေန​ေသာ္လည္း ဦးရီး​ေတာ္က မ​ေနခဲ့ခိုင္း ဒီမွာဆက္​ေနရင္ ဘာျဖစ္မည္ဆိုတာ မည္သူမွ ႀကိဳမခန္႔မွန္းႏိုင္ပါ

"​ေဂ်ာင္ဂု​ေရ သြားမယ္"

ကြၽန္​ေတာ့ထက္၁ႏွစ္ႀကီးတဲ့ နမ္ဂြၽန္းနဲ႔ယြန္းဂီက အိမ္​ေတာ္​ေ႐ွ႕က​ေန ​ေအာ္​ေခၚ​ေနၿပီ....​ေဂ်ာင္ဂု သူ႕ရဲ႕အထုပ္​ေလးလြယ္ကာ အျပင္ထြက္လာ​ေတာ့ ယြန္းဂီလက္ကိုဆြဲထားတဲ့ ဂ်ီဂ်ီ​ေလး သူ​ေလးကမလိုက္ဘူးဆိုၿပီး ခု​ေတာ့ကြၽန္​ေတာ့ထက္​ေတာင္​ေစာၿပီး ၿပီး​စီးေနၿပီ.....အထုတ္အပိုး​ေတြကို  လွည္း​ေပၚတင္ကာ ဦးရီး​ေတာ္ရဲ႕ မိတ္​ေဆြဆိုသူက လွည္း​ေပၚတက္သြားသည္.....သူတို႔က​ေတာ့ ​ေဘးကလမ္း​ေလွ်ာက္လိုက္ရ​သည္....

"​ေဂ်ာင္ဂု ​အရာရာကို သည္းခံၿပီး လိုခ်င္တဲ့ပညာ​ေတြကို အရယူခဲ့ တစ္​ေန႔ဟန္းဂုရဲ႕ ဘုရင္ျဖစ္လာမဲ့သူက ပညာစုံတတ္​ေျမႇာက္​ေနမွျဖစ္မယ္ ၿပီး​ေတာ့ စိတ္ထား​ေကာင္း​ေကာင္းနဲ႔ လူႀကီးမင္း​ေတြရဲ႕ဆိုဆုံးမ​ေတြကိုနာခံ အဲ့တာမွ မင္းရဲ႕​ေႏြး​​ေထြးမႈနဲ႔ တိုင္းသူျပည္သား​ေတြကလုံျခဳံမွာ"

ဦးရီး​ေတာ္မွာတမ္း​ေႁခြတာေတြ နား​ေထာင္ၿပီးခရီးစတင္ႏွင္ၾက​​ေတာ့သည္.....။​ေယာင္းကိုတစ္ခါ​ေတာ့ သြား​ေတြ႕ခ်င္သည္။ ဒါ့ပင္မဲ့ အခြင့္အခါမ​ေပးတာ​ေၾကာင့္ သူသြား​ေတြ႕ခြင့္မရခဲ့.....​ေယာင္း​ေကာ ကိုကို႔ကို လြမ္း​ေနမလား

♡

♡

♡               Mote Than Love

♡

♡

"ဟင့္ ႐ႊတ္....."

အခန္းထဲမွ က​ေလးငယ္​ေလးရဲ႕ ငိုသံသည္ ​ေန႔စဥ္မျပတ္ခဲ့......ဘာမွမစားသလို အျပင္လဲလုံး၀မထြက္​ေတာ့တာ ​ေတာ္​ေတာ္ပင္ၾကာလွၿပီ.....ခ်က္ခ်င္းဆိုသလို နန္း​ေဆာင္ထဲ၀င္လာတဲ့ ဘုရင္မင္းျမတ္.....​ေခါင္းငုတ္ ခါးကိုင္း၍ အ႐ိုအ​ေသ​ေပး​ေတာ့ အ​ေစခံတို႔ကို အ​ေရးမလုပ္စြာ အိပ္​ေဆာင္တံခါးကိုတြန္းဖြင့္သည္.....အထဲမွ ဖ်င္႐ြက္လိုပါးလႊာ​ေသာ တံခါးကိုခ်က္ခ်ထားတာ​ေၾကာင့္ ​ေဒါသ​ေတြ​ေ႐ွ႕တန္းတင္​ေန​ေသာ မင္းႀကီးသည္ ​ေျချဖင့္ကန္ကာဖြင့္လိုက္​ေတာ့ တံခါးစတို႔က်ိဳးပ်က္ကာ ပြင့္သြားခဲ့သည္။

"ဟန္ထယ္​ေယာင္း!!!!!"

အရမ္း​ေဒါသထြက္​ေနပုံရ​ေသာ မင္းႀကီးသည္ ကင္ဆို​ေသာမ်ိဳး႐ိုးနာမည္မွ သူ၏ဟန္ဆို​ေသာ မ်ိဳး႐ိုးနာမည္ကို​ေျပာင္း၍ ​ေအာ္ကာ​ေခၚသည္.....။

အိပ္ရာထက္ ​ေစာင္​ေတြထဲ၀င္ပုန္းကာ ငိုယို​ေန​​ေသာက​ေလးသည္ မင္းႀကီး၏အသံ​ေၾကာင့္ ငိုသံ​ေလးရပ္သြားကာ ကိုယ္​ေလးတုန္လႈပ္သြားသည္.....။

"ခုခ်က္ခ်င္းထြက္လာခဲ့"

​​ေခါင္းမူးျခဳံထား​ေသာ ​ေစာင္​ေလးကိုဖယ္ကာ ဆံပင္႐ွည္​ေလးတို႔႐ႈပ္ပြၿပီး ညအိပ္၀တ္႐ုံအျဖဴ​ေလးဟာလဲ တြန္႔​ေၾကၿပီး အ​ေနာက္မွ အၿမႇီး​ေလးဟာလဲ ႐ွည္ထြက္လာသည္။ခႏၶာကိုယ္ထက္ အနီ​ေရာင္အကြက္တို႔ဟာလဲ ​​ေဆးမ႐ွိသည့္ ​ေရာဂါလို မ​ေပ်ာက္​ေတာ့.....လျပည့္ညတိုင္း အစြယ္​ေလး​ေတြထြက္လာတတ္ၿပီး တစ္ေယာက္​ေသာသူရဲ႕​ေသြးကိုဆာ​ေလာင္ကာ အိပ္ရာထက္​ေစာင္ကိုကိုက္ၿပီး ငိုယိုခဲ့သည့္ က​ေလးငယ္......

"ဒါ​ေတြကဘယ္လိုျဖစ္တာလဲ ဘာလို႔ခမည္း​ေတာ္ကို​ေကာ အထိန္း​ေတာ္​ေတြကို​ေကာ ​ေျပာမျပခဲ့တာလဲ"

လက္မွဆြဲကာ ​သား​ေတာ္ကို ​ေပါင္​ေပၚထင္ၿပီး ဆံပင္​ေလး​ေတြကိုသပ္ခ်ကာ​ေမး​ေတာ့ ​ႏွာရည္​ေတြ႐ႊဲ​ေနတဲ့ ညစ္ပတ္အိုး​ေလးက ​ေခါင္းခါျပသည္.....။တစ္​ေနရာကို အၾကည့္​ေရာင္မိ​ေတာ့ အလိုမက်စြာ ​မ်က္​ေမွာင္ကုပ္မိလ်က္.....

"ခမည္း​ေတာ္​ေပးထားတဲ့ လည္ဆြဲ​ေကာ ဘယ္မွာလဲသား​ေတာ္"

မ်က္လုံးတို႔ထဲ၌ မ်က္ရည္မ်ား႐ႊဲကာ ​ေခါင္း​ေမာ့၍ ၾကည့္လာ​ေသာသားငယ္သည္ လြန္စြာသနားစရာ​ေကာင္း​ေသာ က​ေလးငယ္လိုပင္.....

"ခမည္း​ေတာ္​ေမး​ေနတယ္​ေလ ဘယ္​ေရာက္သြားတာလဲ"

"ဟင့္ ခ်ိ​ေထာ့ပူး အင့္"

"ဘယ္နားက်​ေပ်ာက္သြားတာလဲ ခမည္း​ေတာ္ျပန္႐ွာ​ေပးမယ္"

"တိဝူး ​ေပ်ာက္တြားၿပီ"

"မလိမ္နဲ႔!!!! ဟိုလူသားကို​ေပးလိုက္တာမဟုတ္ဘူးလား"

သူသိတာ​ေပါ့ ဟိုလူသား​ေကာင္ရဲ႕ လည္ပင္းမွာဆြဲထားတာကို သူျမင္ခဲ့တာ​ေပါ့ တစ္ခါမွ မလိမ္ဘူးတဲ့က​ေလးငယ္က ခု​ေတာ့လူသား​ေကာင္​ေၾကာင့္ လိမ္တတ္​ေနၿပီ

"႐ႊတ္ အဲ့တာဆိုရဲ ဘာ႐ို႕ရာ​ေမး​ေန​ေသးရဲ!!!"

ကင္ထယ္ပိစိတို႔ကို ဘာမ်ားမွတ္​ေနလဲ ဒီလက္​ေတာက္​ေလာက္​ေလးကသူ႕ကိုလာ​ေအာ္ရင္ ခမည္း​ေတာ္​ေတြဘာ​ေတြနားမလည္​ေတာ့ဘူး ျပန္​ေအာ္လိုက္ရမွ.....

"ဟန္ထယ္​ေယာင္း!!!! ခမည္း​ေတာ္ကို ခုျပန္​ေအာ္လိုက္တာလား"

"ဟန္ထယ္​​ေရာင္း ဟုတ္ပူးးး ကင္ထယ္​ေရာင္း"

က​ေလးပုစိ​ေလးဟာ​ေလ သူ႕အ​ေပၚ ​ေသး​ေသးတင္​ေတာင္အတင္မခံဘဲ ျပန္ကို​ေအာ္​ေနတာ.....အစြာ​ေလးကိုၾကည့္ၿပီး အ​ေစခံ​​ေကာင္မ​ေလး​ေတြမွာ ျပဳံးစိျပဳံးစိျဖင့္သာ.....

"အထိန္း​ေတာ္ ဒီ​ေန႔ကစၿပီး ဟန္ထယ္​ေယာင္းကို ​ေနမ​ေကာင္းျဖစ္ရင္​ေတာင္ သမား​ေတာ္​ေခၚမ​ေပးနဲ႔"

"​ေထာ္နဲ႔​ေပါ့"

"ျပန္မ​ေျပာနဲ႔!!!!ငါကိုယ္​ေတာ္က မင္းသားငယ္ရဲ႕ခမည္း​ေတာ္"

"မယ္မယ္နဲ႔​​ေဒြ႕ခ်င္ဒယ္"

သူ႕ကိုမၾကည့္ပါဘဲ ဟိုဘက္လွည့္ကာ မ်က္ႏွာ​ေဘးတည္တည္နဲ႔ ​ေျပာ​ေန​ေသာ က​ေလး​ေပါက္က ၆ႏွစ္ဆိုတာ ဘယ္သူကယုံပါ့မလဲ.....

"မ​ေတြ႕ရဘူး ဘယ္သူနဲ႔မွမ​ေတြ႕ရဘူး ဒါအျပစ္ဘဲ"

"အထိန္း​ေတာ္ သားငယ္ကိုစားပြဲတည္တဲ့အခါ မုန္႔ခ်ိဳ​ေတြ တစ္ခုမွဒီအ​ေဆာင္ကိုမသယ္လာခိုင္းနဲ႔ ​ေကြၽးလဲမ​ေကြၽးနဲ႔ "

ထိုအခါအသံၿပဲႀကီးနဲ႔ ထ​ေအာ္ပါ​ေသာ ထယ္ထယ္​ေလး

"အူးးဝါးးး ခမည္း​​ေထာ္က ဂ်င့္​ေတာင္းပူးး မယ္မယ္နဲ႔ရဲ​ေတြ႕ခိုင္းပူး အတို​ေတာ္နဲ႔ရဲ ​ေတြ႕ခိုင္းပူးး ခမည္း​ေထာ္က တစ္ပါ​ေပၚမွာ အဂ်င့္႐ုတ္စုံးးးး"

"​ေတာက္ ဟန္ထယ္​ေယာင္း!!!!!"

​ေဒါသတစ္ႀကီး ျပန္ထြက္သြားတဲ့ မင္းႀကီးကို အ​ေပါက္၀ထိ အ​ေနာက္က တစ္​ေတာက္​ေတာက္နဲ႔လိုက္ၾကည့္ၿပီး ​ေအာ္ငိုတဲ့ ထယ္ထယ္​ေလး.....သူ​ေလးက၀ံပု​ေလြ​​ေသြးေကာ ​ေသြးဖုတ္စုတ္​ေကာင္​ေသြး​ေကာ ​ေရာ​ေနတာ​ေၾကာင့္ အၿမႇီးျဖဴ​​ေလးကလဲ ငိုတဲ့ခ်ိန္ဆို ထြက္လာတတ္​ေသး......

"တိုတို​ေရ ​ေယာင္းတိုလာ​ေထာ္ပါ ​ေယာင္းကိုဒီကအူ​ေဒြက အႏိုင္ဂ်င့္ဒယ္ ဟင့္"

♡

♡

♡        More Than Love

♡

♡

၁၃ႏွစ္ၾကာ​ေသာ္~~~

"မင္းႀကီး တ႐ုတ္ႏိုင္ငံနဲ႔ခ်စ္ၾကည္​ေရး အတြက္ ကိုယ္စားလွယ္ ​ေစလႊတ္မယ္လို႔ သိရပါတယ္"

"သူတို႔ဘယ္​ေရာက္​ေနၿပီလဲ"

"မ​ေန႔ကမွစထြက္ခြာလာတာမို႔  နယ္စပ္​ေလာက္မွာဘဲ႐ွိပါ​ေသးတယ္ မင္းႀကီး ​ေနာက္ႏွစ္ရက္​ေလာက္​ေနရင္ ​ေရာက္လာ​ေလာက္ပါတယ္"

"လူသားမ်ိဳးႏြယ္​ေတြနဲ႔ မပတ္သက္ခ်င္ရတဲ့ၾကားထဲ ခ်စ္ၾကည္​ေရး​ေတြဘာ​ေတြယူရအုံးမွာလား"

အမတ္​ေတြတင္ျပထားတဲ့ သဝဋ္လႊာ​ေတြဖတ္​ေနရင္း ကိုယ္ရံ​ေတာ္၀န္ဟီးစကား​ေၾကာင့္ စိတ္ကမၾကည္​ေတာ့......လူသား​ေတြနဲ႔မပတ္သက္ခ်င္တာ​ေၾကာင့္ နန္း​ေတာ္ထဲ​ေတာင္ လူသား​ေတြကိုမ၀င္ခိုင္းသည့္အျပင္ ဘုရင္ျဖစ္တဲ့သူကိုယ္တိုင္လဲ လူသား​ေတြ​ေနတဲ့ ၿမိဳ႕​ေတာ္ထဲမသြား ဒါပင္မဲ့ သူ႕အာဏာစက္က​ေတာ့ ဟန္းဂုတစ္ႏိုင္ငံ​လုံးဖိတ္ဖိတ္တုန္​ေအာင္ ​ေၾကာက္ရသည္။

"ခုကခ်စ္ၾကည္​ေရးကို ျငင္းဆိုမယ္ဆို စစ္ပြဲျဖစ္လာႏိုင္ပါတယ္ မင္းႀကီး"

"ျဖစ္​လာေတာ့​ေကာ ဘာအ​ေရးလဲ ငါတို႔ကသူတို႔ကို​ေသြးတစ္ခ်က္စုပ္လိုက္႐ုံနဲ႔ ​ခ်က္ခ်င္း​ေသသြားၾကမွာဘဲ

ငါကိုယ္​ေတာ္တိုက္ပြဲတိုင္းႏိုင္လာခဲ့တာ ​ေမာင္မင္းက ကိုယ္​ေတာ့ကို​ေလ်ာ့တြက္တာလား"

"မဟုတ္ရပါဘူး မင္းႀကီး"

"အဲ့တာဆို ​ေမာင္​မင္းနား​ေတာ့"

"​​​ေလွ်ာက္တင္စရာက်န္ပါ​ေသးတယ္မင္းႀကီး"

"​ျမန္ျမန္​ေလွ်ာက္တင္"

စိတ္မ႐ွည္​ေတာ့​ေသာ မင္းႀကီး၏အသံသည္ မာစက္စက္

"တ႐ုတ္ကိုယ္စားလွယ္ကို ႀကိဳဆိုတဲ့အ​ေနနဲ႔ ပြဲ​ေတာ္ခင္းက်င္း​ေပးရပါမယ္"

"ဘာ!!!!ငါကိုယ္​ေတာ္ အုပ္စိုးတဲ့ သက္တမ္းတစ္​ေလွ်ာက္မွာ ဘာပြဲ​ေတာ္မွမလုပ္ခဲ့တာ ဒီဘာမဟုတ္တဲ့ ကိုယ္စားလွယ္အတြက္ ပြဲ​ေတာ္တည္​ေပးရအုံးမယ္​ေပါ့"

"ကြၽန္​ေတာ္မ်ိဳးမတို႔ဘက္က တာ၀န္​ေက်ပြန္​ေအာင္ ဧည့္ခံသင့္ပါတယ္မင္းႀကီး"

"​ေမာင္မင္းဘဲ ဦး​ေဆာင္ၿပီးလုပ္လိုက္"

၀န္ဟီး​ေခါင္းၿငိမ့္ကာ လွည့္ထြက္မာည္ျပဳ​ေတာ့ထပ္ၾကားလိုက္ရ​ေသာ အသံက......

"မင္းသားငယ္ရဲ႕ နန္း​ေဆာင္နား ​ရဲမတ္​ေတြထပ္တိုးထားလိုက္"

♡

♡

♡      More Than Love

♡

♡

နန္း​ေတာ္ထဲ တစ္ခါမွမလုပ္ဘူးပါ​ေသာ ပြဲ​ေတာ္​ကိုတည္ခင္း​ေနရ​ေသာ​ေၾကာင့္ နန္းတြင္းသူ နန္းတြင္းသားတို႔မွာ အ​ေပ်ာ္လြန္ကာ တက္ႂကြ​ေနၾကသည္.....။ကိုယ္စားလွယ္​ေတြထဲ ​ေခ်ာ​ေခ်ာ​ေလး​ေတြပါတယ္ဆိုတာ​ေၾကာင့္ ​ေတြ႕ဘူးခ်င္​ေနၾကသည္။နန္းတြင္းထဲ အစားအ​ေသာက္ျပင္ဆင္သူကျပင္ နန္းရင္ျပင္က်ယ္တြင္ ခုံပု​ေလး​ေတြစီကာ ျပင္ဆင္သူကျပင္ဆင္ျဖင့္.....

လူသားတို႔သည္ အသီးအႏွံ​ေတြစားၾကသည္ဆိုတာ​ေၾကာင့္ အသီးအႏွံ​ေတြလဲ ထြက္၀ယ္ၾကျဖင့္ပြဲက်​ေနၾကသည္ပင္......

"ဒီ​ေန႔ ဘာပြဲ႐ွိလို႔လဲ"

တိုက္ပြဲ​ေပါင္း​ေျမႇာက္မ်ားစြာတြင္ ၀င္​ေရာက္တိုက္ခိုက္ၿပီး ျပန္​ေရာက္လာပါ​ေသာ ​ေဆာ့ဂ်င္......

"အ...အကို​ေလး​ေဆာ့ဂ်င္မွတ္လား"

အ​ေစခံတစ္​ေယာက္က သူ႕ကိုၾကည့္ကာ လန္႔ျဖတ္၍ဆို​ေတာ့ ျပဳံးျပလိုက္ကာ ​ေ႐ွ႕ကလူ​ေတြကို​ေမး​ေငါ့ျပလိုက္သည္.....။

"ဟို...ဟို တ႐ုတ္ကကိုယ္စားလွယ္အတြက္ ပြဲ​ေတာ္တည္​ေပးမို႔ပါ"

"​ေအာ္"တစ္လုံးသာ​ေျပာၿပီး မယ္​ေတာ္ရဲ႕နန္း​ေဆာင္ဘက္ကို အ​ေျပးထြက္လာခဲ့သည္....နန္း​ေဆာင္သည္ တိတ္ဆိတ္လ်က္ မယ္​ေတာ္အရမ္းသ​ေဘာက်​ေသာ ႐ြင္းဆန္ဟြန္း ပန္းပြင့္တို႔သည္လဲ ​ေျခာက္​ေသြ႕လ်က္ နဂိုၾကား​ေနက်ျဖစ္​ေသာ ​ေက်းငွက္တို႔ အသံကိုလဲမၾကားရ​ေတာ့​ေပ......

"မယ္​ေတာ္.....မယ္​ေတာ္"

အိပ္​ေဆာင္ထဲ၀င္လာ​ေတာ့ မယ္​ေတာ့ရဲ႕​ေနာက္လိုက္ အ​ေစခံ၂​ေယာက္ ၃​ေယာက္သာ႐ွိသည္။

"မယ္​ေတာ္အထဲမွာလား"

"ဟုတ္ပါတယ္႐ွင့္"

တံခါးခ်ပ္ကို လွပ္ကာ၀င္လာ​ေတာ့ အိပ္ရာ​ေပၚ ​ေဘးတစ္​ေစာင္းလွဲ​ေန​ေသာ မယ္​ေတာ္.....ဆံပင္႐ွည္တို႔ကိုမခ်ည္​ေႏွာင္ပါဘဲ ဒီတိုင္းအ႐ွင္းခ်ထားသည္မွာ ၾကည့္ရသူအဖို႔ ျပည့္စုံလြန္း​​ေနၿပီ......အနားသြားကာ ပိုးဖ​ေယာင္းတို႔ခင္းက်င္းထား​ေသာ အ​ေမႊးပြ​ေပၚ တင္ပလြဲထိုင္​ေတာ့ လွည့္ၾကည့္ကာ ထလာၿပီး ဖက္တြယ္သည္....

"သား​ေတာ္ႀကီး ျပန္လာၿပီလား"

တည္ၿငိမ္​ေသာအသံျဖင့္​ေျပာလာ​ေသာ မယ္​ေတာ္သည္ အရင္အတိုင္းႏုပ်ိဳဆဲပင္.....

"မယ္​ေတာ္ မ်က္ႏွာ​ေလး​ေခ်ာင္ခ်သြားသလိုဘဲ ​ေနမ​ေကာင္းဘူးလား"

"မယ္​ေတာ္က​ေန​ေကာင္းပါတယ္ သားႀကီးနဲ႔သားငယ္​ေလးကိုလြမ္း​ေနတာ"

"ဟင္ ထယ္ထယ္​ေလးနဲ႔ နန္း​ေဆာင္မွာတူတူ​ေနၿပီး မ​ေတြ႕ရတာလဲမဟုတ္ဘဲ"

"ဘုရင္မင္းျမတ္က မင္းညီငယ္​ေလးကို နန္း​ေဆာင္အျပင္မထြက္ခိုင္း​ေတာ့က သားႀကီးထြက္သြားတဲ့​ေန႔ထဲက"

​ေဆာ့ဂ်င္အံ့ၾသသြားရသည္....သူထြက္သြားတဲ့​ေန႔ကစၿပီးပိတ္​ထားသည္ဆိုလွ်င္ ၁၃ႏွစ္​ေတာင္႐ွိၿပီ.....မယ္​ေတာ္နဲ႔ စကား​ေျပာကာ ငယ္​ေလးရဲ႕အ​ေဆာင္ဘက္​ေျခဦးလွည့္လာလိုက္သည္.....နန္း​ေဆာင္နား​ေရာက္​ေတာ့ ရဲမတ္​ေတြနဲ႔ျပည့္နက္​ေန​ေလသည္....အထဲ၀င္ရန္လုပ္​ေတာ့ သူတို႔လက္ထဲကလွံျဖင့္ ကာကာ မ၀င္ခိုင္း......

"ငါကမင္းသားကင္​ေဆာ့ဂ်င္ အဲ့တာ​ေၾကာင့္ငါ့ညီ​ေတာ္ကိုလာၾကည့္တာ ​ေဘးဖယ္"

"မင္းႀကီးအမိန္႔အရ ဘယ္သူမွ ၀င္လို႔မရပါဘူး"

"ငါကတစ္စိမ္းမဟုတ္ဘူး သူ႕အကို ဖယ္စမ္း"

ဘယ္လို​ေျပာ​ေျပာ မဖယ္​ေပး​ေသာ သူ​ေတြကို ဓါးဆြဲထုတ္ျပလိုက္​ေတာ့မွ  ​ေၾကာက္​ေၾကာက္နဲ႔ ဖယ္​ေပးလာသည္......နန္း​ေဆာင္ထဲ၀င္လာ​ေတာ့ ထယ္​ေလးကို​ေစာင့္​ေ႐ွာက္ရတဲ့ နန္းတြင္းသူ​ေတြကသူ႕ကိုၾကည့္ကာ အ႐ိုအ​ေသ​ေပးၾကသည္.......။

"မင္းသားႀကီး ဘယ္တုန္းကျပန္​ေရာက္တာပါလဲ"

"မနက္ကဘဲ ငယ္​ေလး​ေကာ"

"အခန္းထဲမွာ စာအုပ္ဖတ္​ေနပါတယ္"

အထိန္း​ေတာ္ႀကီးရဲ႕စကားအဆုံး အိပ္​ေဆာင္ထဲ၀င္လာကာ ထယ္​ေလးကို႐ွာ​ေတာ့ ​ေတြ႕ပါၿပီ.....အိပ္ရာ​ေလး​ေဘးက စာအုပ္​ေတြထားတဲ့ ခုံပု​ေလးမွာထိုင္ၿပီး အ၀င္တံခါးကိုေက်ာ​ေပးကာ ထိုင္ၿပီးစာဖတ္​ေန​ေသာ က​ေလးငယ္......

"ထယ္ထယ္"

"ဟင္ အကို​ေတာ္"

လွည့္ၾကည့္လာ​ေသာ က​ေလးငယ္က သူ႕ဆီအ​ေျပး​ေလးလာရင္း ​ေခြက်သြားသည္.....

"ထယ္​ေလး"

"ဟင့္ အကို​ေတာ္ ထယ္အရမ္းလြမ္း​ေနတာ"

က​ေလးငယ္ကို ​ေပြ႕ဖက္ကာ ​ေခါင္းေလးပုတ္​ေပး​ေတာ့  မ်က္ရည္​ေတြဗူးသီး​ေလာက္က်လာ​ေလသည္......ခႏၶာကိုယ္က ပိန္ပိန္သြယ္သြယ္​ေလးျဖင့္ အသားအ​ေရသည္ ျဖဴစြတ္​ေနကာ အနီစက္တို႔က အကြက္လိုက္.....​ေလတိုက္ရင္ လဲက်​ေတာ့မည့္ပုံနဲ႔ က​ေလးငယ္ကို မင္းႀကီးကဘယ္လို​ေတာင္ႏွိပ္စက္ရက္တာပါလိမ့္.......

"ထယ္​ေလး ​အကို​ေတာ္ကို တြဲ"

"ဟုတ္"

အကို​ေတာ္ကိုတြဲခိုကာ ကုတင္​ေျခရင္းနားထိုင္ရင္း ဘယ္​ေလာက္လြမ္း​ေၾကာင္း ​ေျပာျဖစ္ၾကသည္.....။

"ထယ္ထယ္​ေလးကြာ အရမ္းပိန္သြားတာဘဲ"

"ထယ္ထယ္ပိန္သြား​ေတာ့ ခ်စ္ဖို႔မ​ေကာင္း​ေတာ့လို႔လား ဟြန္႔"

"ထယ္​ေလးက ငယ္ငယ္ကအတိုင္းခ်စ္ဖို႔​ေကာင္းတုန္းပါဘဲဗ်ာ"

"ဟီးးး"

ခဏၾကာ​ေတာ့ အကို​ေတာ္လဲ ခရီးပန္း​ေနတာ​ေၾကာင့္ ျပန္ၿပီးနား​ေစလိုက္သည္.....။

♡

♡

♡     More Than Love

♡

♡

တ႐ုတ္ႏိုင္ငံမွ လာ​ေသာ လုကိုယ္စားလွယ္ႏွင့္ သူ၏အ​ေႁခြအရံတို႔လဲပါကာ ​ေကာင္​ေလး၃​ေယာက္လဲအပိုပါလာသည္......ညဘက္​ေရာက္​ေတာ့ ဘုရင္မင္းျမတ္က ဧည့္၀တ္​ေက်ပြန္ရန္ ​ေဘးကတစ္ဖြဖြ​ေျပာ​ေန​ေသာ ၀န္ဟီး​ေၾကာင္း နန္းရင္ျပင္ကိုလာကာ ဧည့္ခံၿပီး စကား​ေတြ​ေျပာျဖစ္ၾကသည္.....။

"လုကိုယ္စားလွယ္က ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ထက္ျမတ္တာဘဲ"

"မင္းႀကီးကအလြန္​ေျမႇာက္စားလြန္း​ေနပါၿပီ ကြၽန္​​ေတာ္မ်ိဳးထက္ မင္းႀကီးကပိုၿပီး ညဏ္ပညာထက္ျမတ္ပါတယ္"

လုကိုယ္စားလွယ္သည္ အသက္ငယ္႐ြယ္စြာ ဟန္းဂုဘာသာစကားကိုလဲ အ​​ေတာ္အတန္တတ္​ေျမာက္ၿပီး ​ေပါ့​ေသး​ေသးလူငယ္တစ္​ေယာက္မဟုတ္​ေပ.....အလြန္မွပါးနပ္လွၿပီး စကား​ေတာင္အမွားမခံဘဲ ၀င္​ေထာက္တတ္သည့္ သူပင္.....ဒါ​ေၾကာင့္လဲ တ႐ုတ္ႏိုင္ငံဘုရင္ရဲ႕ ကိုယ္စားလွယ္အျဖစ္​ေတာင္ လာ​ေရာက္ခဲ့သည္မဟုတ္ပါလား........

♡

♡

♡     More Than Love

♡

♡

ထယ္​ေယာင္း​ေလးတစ္​ေယာက္ ဒီ​ေန႔ နန္း​ေတာ္ထဲ ပြဲ​ေတာ္႐ွိသည္ဟု ၾကားထား၍ သြားၾကည့္ခ်င္​ေနသည္....

သူအျပင္မထြက္တာ အ​ေတာ္ၾကာ​ေနၿပီမို႔ နန္းတြင္းထဲ ဘာ​ေတြ​ေျပာင္းလဲသြားလဲဆိုတာလဲသိခ်င္ၿပီး မယ္မယ္နဲ႔လဲ ​ေတြ႕ခ်င္​ေနသည္......အကို​ေတာ္က မယ္မယ့္အ​ေၾကာင္း​ေျပာသြားပင္မဲ့ သူကိုယ္တိုင္​ေတြ႕ခ်င္ပါသည္...။

နန္း​ေတာ္ထဲ ပြဲ​ေတာ္တည္တာ​ေၾကာင့္ အဆင္အယင္အထုံးအဖြဲ႕​ေတြအျပင္ ဟန္းဂုရဲ႕ အက အႏုပညာတို႔ကလဲမပါမျဖစ္ဆိုတာ​ေၾကာင့္ ဗုံအႀကီးႀကီးကိုတီးခတ္သံ​ေတြက ထယ္​ေယာင္း​ေလးအ​ေဆာင္ထိပင္ ၾကား​ေနရသည္.....ဗုံတစ္ခါတီးသံၾကားတိုင္း ႏွလုံးရပ္မတန္႔ တစ္ခါလန္႔ရသည္....အသံ​ေတြကက်ယ္လာ​ေသာ သြားခ်င္စိတ္တို႔ကပိုမ်ားလာ​ေလပင္....သို႔​ေသာ္ ထယ္​ေယာင္း​ေလး လမ္းမ​ေလွ်ာက္တာအ​ေတာ္ၾကာၿပီျဖစ္တာ​ေၾကာင့္ ​ေျခ​ေထာက္​ေတြကလမ္း​ေလွ်ာက္တိုင္း​ေခြက်ျခင္​ေနသည္...။(ထယ္က အခန္းထဲက​ေနအပဘင္မထြက္ရတာမို႔ လမ္းလဲအမ်ားႀကီးမ​ေလွ်ာက္ရဘူး​ေပါ့​ေနာ္ ႏွစ္​ေတြအ​ေတာ္ၾကာလာလို႔ လမ္း​ေလွ်ာက္တဲ့အခါမွာ အခက္​​ေတြ႕လာတာပါ)

ထယ္​ေယာင္း​ေလး နန္း​ေဆာင္အျပင္ကို ကုပ္​ေခ်ာင္း ကုပ္​ေခ်ာင္းထြက္ၾကည့္​ေတာ့ ရဲမတ္​ေတြ​ေကာ အ​ေစခံ​ေကာက္မ​ေလး​ေတြ​ေကာ မနည္းမ​ေနာ.....အခ်ိန္က ညမိုးခ်ဳပ္​ေနၿပီျဖစ္တာ​ေၾကာင့္ မၾကာခင္ သူ႕အိပ္ခ်ိန္​ေရာက္​ေတာ့မည္.....

"အထိန္း​ေတာ္ႀကီး"

အထိန္း​ေတာ္ႀကီးက အ​ေဆာင္ထဲအျမန္​ေျပးလာကာ...

"ဘာအလို႐ွိလို႔ပါလဲ မင္းသား​ေလး"

"ထယ္အိပ္​ေတာ့မယ္ အဲ့တာအ​ေဆာင္တံခါး​ေသခ်ာပိတ္​ေပး ဟိုအသံ​ေတြ​ေၾကာင့္ထယ္အိပ္မရျဖစ္ရင္ အထိန္း​ေတာ္ႀကီးကို ဒီတိုင္းမထားဘူး"

ၿခိမ္း​ေျခာက္သံ​​ေလး ​ေႏွာကာ​ေျပာလိုက္​ေတာ့ အထိန္း​ေတာ္ႀကီးက အခန္းတံခါး​ေတြက​ေသခ်ာပိတ္​ေပးၿပီး ထြက္သြားသည္....​ေသခ်ာပိတ္​ေပးပင္မဲ့လဲ ထို​ေဖ်ာ္​ေျဖသံ​ေတြ ​​ေစာင္းတီးသံ​ေတြကို သူၾကား​ေနရ​ေသးသည္....မထူးသည့္အဆုံး ၀တ္႐ုံအထူ​ေလး ထပ္၀တ္ကာ ပါးလႊာ​ေသာ ျပတင္း​ေပါက္​ေလးကိုလွန္တင္ကာ အျပင္သို႔ကုပ္​ေခ်ာင္းကုပ္​ေခ်ာင္းထြက္လာကာ အ​ေမွာင္​ေတြဘက္မွ သြား၍ ​ေနာက္ဆုံး နန္း​ေဆာက္ထဲမွထြက္လာႏိုင္ခဲ့သည္။

နန္း​​ေဆာင္ထဲဘဲ​ေနရ​ေတာ့ နန္းတြင္း၏​ေျပာင္းလဲသြား​ေသာအရာမ်ား​ေၾကာင့္ တအံ့တၾသလိုက္ၾကည့္​ေနမိသည္....။​ေနာက္ဆုံး နန္းရင္ျပင္နား​ေရာက္​ေတာ့ အုတ္တိုင္​ေလးတစ္ခုနားကပ္ကာ ၾကည့္လိုက္မိသည္....

တကယ္အရမ္းမိုက္တဲ့ ပြဲ​ေတာ္ပါ မီး​ေရာင္စုံတို႔ ထြန္းညႇိကာ နန္းရင္ျပင္၌ အပ်ိဳမယ္တို႔က အ​ေကာင္းဆုံး​ေဖ်ာ္​ေျဖ​ေပး​ေနၾကတာ.....ဒါကို နန္း​ေဆာင္​ေပၚမွၾကည့္​ေန​ေသာ ခမည္း​ေတာ္က ျပဳံးရယ္လို႔ ​ေဘးကလူ​ေတြကလဲရယ္​ေမာ​ေနၾကလို႔.....ခမည္း​ေတာ္​ေဘးကလူကိုၾကည့္မိခ်ိန္တြင္ အသက္႐ႈသံတို႔ရပ္တန္႔သြားသလိုပင္.....အရမ္း​ေခ်ာၿပီး လြန္ခဲ့တဲ့၁၃ႏွစ္က​ေတြ႕ခဲ့တဲ့ ကိုကိုနဲ႔အလြန္တူပါသည္......ထိုခ်ိန္ သူနဲ႔​ေဝးကြာလြန္းပါ​ေသာ နန္း​ေဆာင္​ေပၚမွ လူသည္ သူနဲ႔မ်က္လုံးခ်င္းဆုံလိုက္သည္ဟုထင္ကာ ထို​ေနရာမွ အျမန္​လွည့္ထြက္လာလိုက္သည္.......

♡

♡

♡             More Than Love

♡

♡

လုကိုယ္စားလွယ္တစ္​ေယာက္ နန္းရင္ျပင္က အကမယ္​ေတြကိုၾကည့္ၿပီး သ​​ေဘာက်​ေနတုန္း မ်က္လုံးထဲ၀င္လာ​ေသာ ​ေနရာတစ္ခုမွ​ေကာင္​ေလးလား ​ေကာင္မ​ေလးလားမသိ​ေသာ ၀တ္႐ုံအျပာ​ေလးနဲ႔ တစ္​ေယာက္...

သူ႕ကိုၾကည့္မိလိုက္​ေတာ့ ခ်က္ခ်င္းလွည့္ကာ ထြက္သြားသည္.....သူမသိခင္မွာဘဲ သူ႕ႏွလုံးသားသည္ ထို​သူ​ေနာက္လိုက္ရန္ အခ်က္ျပ​ေနၿပီ......

"မင္းႀကီးကို အားနာပင္မဲ့ ကြၽန္​​ေတာ္မ်ိဳး ခရီးပန္းလာတာ​ေၾကာင့္ အိပ္​ေဆာင္၀င္လို႔ရမလား"

​ေဘးကမင္းႀကီးကို ႐ိုက်ိဳးစြာ​ေျပာ​ေတာ့ ​ေခါင္းၿငိမ့္ျပကာ ​ေဘးကအ​ေစရံကို လိုက္ပို႔ခိုင္းသည္.....သူနဲ႔အတူပါလာတဲ့ သူ​ေတြကိုထားခဲ့ကာ အ​ေစခံ​ေနာက္မွအျမန္လိုက္လာၿပီး.....

"ဒီကမိန္းက​ေလးက ျပန္ရင္ရပါၿပီး ကြၽန္​ေတာ့ကို ​ေနရာ​ေလးဘံဲ​ေျပာျပလိုက္ပါ"

ေကာင္မ​ေလးက ​ေခါင္း​ေလးငုပ္ကာ လမြးၫႊန္ျပၿပီး ထြက္သြား​ေတာ့ ခုဏက​ေတြ႕ခဲ့ရတဲ့ အရိပ္ျပာ​ေလးကို႐ွာမိသည္....​ေတြ႕ပါၿပီ စမ္း​ေခ်ာင္း​ေလး​ေပၚက တံတားနားလမ္း​ေလွ်ာက္​ေနတာ......လုကိုယ္စားလွယ္လဲ အျမန္​အ​ေျပး​ေလးသြားကာ အ​ေနာက္မွ ​ေလွ်ာက္ၿပီးလိုက္​ေနတာ​ေတာင္ အ​ေ႐ွ႕ကအျပာ​ေရာင္​ေလးက သတိမထားမိ.....​ည​ေလသည္​ေအးခ်မ္းသလို လ​ေရာင္​ေအာက္လမ္း​ေလွ်ာက္​ေန​ေသာ ​ေက်ာျပင္ငယ္​ေလးဟာလဲ ​ေအးခ်မ္းသည္......​ေလတစ္ခ်က္အ​ေဝွ႔ ယိုင္နဲ႔သြား​ေသာ ခႏၶာကိုယ္​ေလးကို အ​ေနာက္မွ ၀င္ထိန္း​ေပး​ေတာ့ လန္႔ကာ သူ႕ကိုျပန္ဖက္တြယ္လာ​ေသာ ​ေကာင္​ေလး....

လ​ေရာင္​ေအာက္မွ မ်က္၀န္းတို႔သည္ ပင္လယ္ျပင္လို စိမ္းျပာ​ေရာင္ျဖစ္ၿပီး မ်က္လုံး​ေလးမွ ​ေဝ့သီလာ​ေသာ မ်က္ရည္​ေလးတို႔သည္ ​ေကာင္းကင္မွၾကယ္​ေလး​ေတြလို ၾကည္​ေတာက္​ေနသည္.....႐ုတ္တရက္​ေခါင္း​ေပၚထြက္လာ​ေသာ အျဖဴ​ေရာင္နား႐ြက္​ေလး​ေတြ.....ဒါက်ိန္း​ေသ​ေပါက္ သူ႕က​ေလးငယ္​​ေလး ​ေယာင္းပင္....

TBC

#More Than Love

#Yung(김영챌)

အပ်င္းတစ္​ေန႐ို႕ပါ🥺🥺 က်ယ္မ​ေပပီ​ေလး​ေတြ ႀကီးလာၿပီ......

More Than Love​ေလးကို ဖတ္​ေပးၾကတဲ့စာဖတ္သူ​ေတြကို ခ်စ္ခင္​ေလးစားလ်က္ ​ေက်းဇူးတင္ပါတယ္🙆🏻‍♀️💜💜💜💜💜💜

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!