Chapter 7 of 32

Episode♡6

More Than Love::TK::{Completed}1,825 words~10 min read

ထယ်​ယောင်း​လေး နန်းရင်ပြင်ကလှည့်ထွက်လာ​တော့ သူ့​ခြေ​ထောက်​တွေက လမ်းမ​လျှောက်ချင်​တော့သည်အထိ ​ခွေလဲချင်​နေပြီ.....နန်း​​ဆောင်ထဲမှာသာ ​ကြာရှည်စွာ နေခဲ့ရတာ​ကြောင့်လားမသိ ည​လေသည် ရှုရှိုက်လိုက်တိုင်း ရင်ထဲ​​အေးမြ​စေသည်....။ထယ်​ယောင်း​လေး ဥယျာဥ်ဘက်ဖြတ်​လျှောက်ရင်း စမ်း​ချောင်းပိစိ​လေး​ပေါ်က တံတား​ပေါ်ကို​ရောက်သွားသည်.....ည​လေကအလွန်​အေးလာတာ​ကြောင့် သူ့ရဲ့၀တ်ရုံထူသည့်ကြားထဲသို့ ​လေတို့တိုး၀င်ကာ ပို၍ ​အေးလာသည်။ထိုချိန် ​လေပြင်းတစ်ချက်​ကြောင့် အစထဲက​ခွေလဲချင်​နေတဲ့ သူ့​ခြေ​ထောက်​တွေသည် မခိုင်စွာ လဲကျ​တော့ အ​နောက်မှတစ်​ယောက်​ယောက်ကခါးမှထိန်းကိုင်ကာ ဆွဲလှည့်ခံရပြီး ထိုသူ့ရင်ခွင်ထဲ​ရောက်သွားသည်။​လန့်ဖြတ်ကာ ထိုလူ့ပုခုံးတို့ကို ဆွဲဖက်ထားသည်။နွေး​ထွေး​သော ရင်ခွင်တစ်စုံထံ ​ခေါင်းအပ်မိ​တော့ နှာ​ခေါင်းထဲ​ရောက်လာတဲ့အနံ့တစ်မျိုး.....ဒီအနံ့​လေးက သူ့အတွက်အားအင်ပြည့်​စေပြီး အကြာကြီးရှုရိုက်ချင်မိတဲ့ အနံ့သင်းသင်း​လေး သူအလွတ်ကျက်မှတ်ထားပါ​သော ကိုကို့ရဲ့ အနံ့......

ထယ်​ယောင်းချက်ချင်း​မော့ကြည့်လိုက်​တော့ သူ့ကိုပြုံးရယ်ကာ ငုံ့ကြည့်​နေ​သော လူရဲ့မျက်၀န်းတို့နဲ့ စုံ​တော့ ရင်ထဲ ပန်း​ရောင်လှိုင်း​တို့ မုန်တိုင်း၀င်ကြဲသွားသလို ဒါခုဏကခမည်း​တော်​ဘေးကလူပင်.....ထိုလူကအကြည့်မလွှဲ​တော့ ထယ်​ယောင်း​လေးကဘဲအကြည့်လွှဲလိုက်ချိန် အလိုက်ကန်းဆိုးမသိ​တော့ ရင်ခုန်သံသည် အရင်ကထက်၁၀ဆ​လောက်ပိုတုန်လှုပ်လာသည်....။

ထိုချိန် ပွတ်ခနဲဆိုပြီး ထွက်လာ​သော နားရွက်ဖြူ​လေးနဲ့အမြှီး​လေး ........ သူမသိတဲ့လူတစ်​ယောက်​ရှေ့မှာ ထွက်လာတဲ့အရာ​တွေ​ကြောင့် လန့်ကာ ထိုလူကိုတွန်းဖယ်​တော့ ပို၍ပင်တိုးဖက်ထားသည်.....။

"ဟို ​ဖယ်​ပေးပါ​​တော့"

"ဘာလို့ဖယ်​ပေးရမှာလဲ"

ပြုံးရီကာ​ပြော​သော ထိုလူကိုရိုက်ပစ်လိုက်ချင်ပင်မဲ့ လက်​မြှောက်ပြီးရိုက်ဖို့အထိ သူအားမရှိ​သေး.....

"ထယ်အသက်ရှုကြပ်​နေပြီ ဖယ်ပါဆို"

မျက်နှာ​လေးဆူပုတ်ကာ​ပြောလိုက်​တော့ ဖက်ထား​သော လက်တို့ကို​ပြေ​လျော့​စေကာ လွှတ်​ပေးလိုက်​​သောအပြုံးချိုချိုနဲ့လူ...... ထပ်ပြီးအလိုက်ကန်းဆိုးမသိတဲ့ ​ခြေ​ထောက်က ထပ်မံ​ခွေကျပြန်သည်.....။ ဒီတစ်ခါလဲထိုလူ့ရင်ခွင်ထဲ မျက်နှာထပ်​ရောက်ပြန်ပြီ.....ရင်ဘက်ထဲက နှလုံးခုန်သံတို့ကို ထိုလူကြားသွားမှာဆိုးလို့ အံ​လေးကြိတ်ထားတုန်း သူ့ခန္ဓာကိုယ်​ပေါ် ​ရောက်လာတဲ့ ၀တ်ရုံရှည်ကြီး......

"​အေး​နေတာကို ဒီက​လေး​လေးက​တော့ အပြင်ကိုတစ်​ယောက်ထဲထွက်လာရလား"ဆိုကာ နဖူးကိုလာနမ်း​သော ထိုလူ.....ချက်ချင်းဆိုသလို ​ပျောက်သွား​​သော နားရွက်တို့သည် ပိုင်ရှင်အစစ်အမှန်ကို​တွေ့သွားသလို လိမ်မာ​နေလိုက်ကြတာ......

"အမယ်​လေး"

ရုတ်တရက် ​လေ​ပေါ်​မြောက်တက်သွား​သော ခန္ဓာကိုယ်နဲ့အတူ လက်အစုံတို့သည် ထိုလူ့လည်ပင်း​တွင် ​နေရာယူပြီးသား.....

"ထယ့်ဘာသာပြန်မယ် ထယ့်ကို​အောက်ချ​ပေးပါ"

"အ​ဆောင်ကဘယ်မှာလဲ"

"ဟင့်အင်း မ​ပြောဘူး ​အောက်ချ​ပေး"

"အဲ့တာဆို ကိုယ့်အိပ်​ဆောင်ကိုလိုက်ခဲ့​တော့"ဆိုကာ လှည့်ထွက်​သော ထိုလူကို ​ဒေါသထွက်ထွက်နဲ့ နားရွက်ကို ကိုက်ချလိုက်​တော့

"အ့ ​​ယောင်းနာတယ်"

ထယ်​ယောင်း​လေး ထိုလူ့​ပေါ်မှမနည်းရုံးလဲမလွတ်​မြောက် နားရွက်ကိုက်လဲမလွှတ်​ပေးနဲ့ ဘယ်လိုလူကြီးမှန်းမသိ....ဘာတဲ့​ယောင်းလို့ကြားလိုက်သလိုဘဲ။

"ခုချက်ချင်း​အောက်ချ​ပေး​နော် ထပ်ကိုက်လိုက်ရမလား"

"က​လေးကလမ်း​လျှောက်နိုင်တာလဲမဟုတ်ဘဲနဲ့"

"က​လေးလို့​ခေါ်ရ​အောင် 5နှစ်သားမဟုတ်ဘူး နာမည်ရှိတယ် နာမည်​ခေါ်"

"​ပြောပါအုံးနာမည်​လေး"

"ဘာလို့​ပြောပြရမှာလဲ ​တွေ့ကရာလူ​ပြောပြစရာလား"

"အဲ့တာဆို က​လေးလို့ဘဲ​ခေါ်မယ်​နော်"

"ဟွန့် ​အောက်ချ​ပေး​တော့"

"ကျွန်​တော်မျိုး လိုက်ပို့​ပေးပါမယ်ဆို"

ထယ်​ယောင်း​လေးအစက သူ့မယ်မယ်နန်း​ဆောင်ကိုသွားမို့လုပ်ထားပင်မဲ့ ဒီအရှုပ်အထုပ်​ကြောင့်မသွားရ​တော့ သူ့အ​ဆောင်ပြန်ဖို့ကျ​တော့လဲ အ​ဆောင်​ရှေ့ကရဲမက်​တွေမိရင် သူကခမည်း​တော်ရဲ့အဆူခံရအုံးမည် လူသားနဲ့ပတ်သက်မိလို့ဆိုပြီး အပြင်မထွက်ခိုင်းတာ​တောင်13နှစ်တဲ့​လေ......ခု​တော့ သူ့ကို​ပွေ့ချီထားတဲ့လူကို နန်း​ဆောင်ပြန်တဲ့လမ်းကို​ပြောပြ​နေရသည်။

"၀ံပု​လွေ​ပေါက်​လေး"

"ဘာကို ၀ံပု​လွေ​ပေါက်လဲ"

"မဟုတ်လို့လား ခုဏကအမြှီး​လေးနဲ့ နာရွက်​လေး​တွေ့လိုက်သလိုဘဲ"

"အမြင်မှားတာဖြစ်မှာ"

"မဟုတ်ပါဘူး ​သေချာ​တွေ့လိုက်တာ​လေ လ​ရောင်​အောက်က ၀ံပု​လွေဖြူ​လေးကို"

"......"

ထယ်​ယောင်းဘာမှဆက်မ​ပြောဘဲ ထိုလူ့လည်ပင်းက်ုဖက်တွယ်ရင်းသာ လိုက်ခဲ့သည်......ခုထိနန်းရင်ပြင်က ကျယ်​လောင်တဲ့အသံ​တွေကို ကြား​နေရတုန်းပင်.....

"ဘာမျိုးစိတ်လဲ"

ရုတ်တရက်ထွက်​ပေါ်လာ​သော အသံ​ကြောင့် သူ​မော့ကြည့်​တော့ သူ့ကိုပြန်ငုပ်ကြည့်​နေ​သော လူကြီး.....

"မသိဘူး"

"ဘာလို့မသိတာလဲ"

"မသိချင်လို့မသိတာ​ပေါ့"

"အနီစက်​တွေကခုထိမ​ပျောက်​​သေးဘူးလား"

ဒီလူကြီးက အရမ်းထူးထူးဆန်းဆန်း​တွေ​ပြောတာဘဲ သူများခန္ဓာကိုယ်ကို လိုက်ကြည့်ပြီး သူနဲ့မဆိုင်ဘဲနဲ့ကို....ဟွန့်

"ရပြီ ဒီမှာရပ်​တော့ ကိုယ့်ဘာသာ ၀င်သွားမှာမို့ ဒီကလူကြီးမင်းလဲပြန်နားလို့ရပါပြီ"

ထယ်​ယောင်း​လေး ​ပြောပြီးထိုလူ့ပေါ်မှဆင်းကာ ​ခွေကျချင်​နေ​သော ​ခြေ​ထောက်တို့ကိုအားပြုရင်း နန်း​ဆောင်နားကရဲမက်​တွေမမြင်​အောင် အ​မှောင်ထဲကသွားတဲ့အထိ အ​နောက်က​ခြေသံကကြား​နေရတုန်း......သူရပ်လိုက်ရင် ရပ်သွား​ကော သူကုပ်​ချောင်း​ချောင်းနဲ့ဆက်​လျှောက်ရင်လဲ အ​နောက်ကလူကအဲ့အတိုင်း​လျှောက်​နေတာ.....​အိပ်​ဆောင်နား​ရောက်ခါနီး အ​နောက်ကိုလှည့်ကြည့်​တော့ ကြီးမား​သောရင်အုပ်တစ်စုံကြား ၀င်တိုးမိပြန်သည်.....နဖူး​လေးနာသွားလို့ လက်​လေးနဲ့ဖိကာ ထိုလူကိုကြည့်​တော့ ခုထိမပြန်​သေး​​သော ခုဏကလူကြီး.....

"ဘာလို့​နောက်ကတစ်​ကောက်​ကောက်လိုက်​နေတာလဲ"(​လေသံထွက်ရုံ​လေးနဲ့သာဖတ်ရန်)

"စိတ်မချလို့"(ဒါ​လေးလဲ ​လေသံထွက်ရုံ​လေးနဲ့ဖတ်)

"က​လေးမှမဟုတ်တာ စိတ်မချစရာလား"

အသံ​လေးနဲနဲကျယ်မိ​တော့ ရဲမတ်​တွေကကြား၍ထင် သူတို့ဘက်ကို​လျှောက်လာသည်......အ​မှောင်ထဲမှာဖြစ်တာ​ကြောင့် ​ဘေးက ခြုံပန်းပင်​တွေကြား နှစ်​ယောက်သား ၀င်ထိုင်လိုက်​တော့ ရဲမတ်တို့လဲ ဘယ်သူ့မှမ​တွေ့၍ ထင်ပြန်လှည့်သွားကြသည်.....ခုအ​ခြေအ​နေက ဟိုလူကြီးက ထယ်ထယ်​လေးကိုသူ့ရင်ခွင်ထဲထည့်ဖက်ထားတာများ 'အသားကိုယူလွန်းတယ်'

ထယ်​ယောင်း​လေး အဲ့လူကြီးကို ကြည့်​နေတုန်း သူ့ဘက်လှည့်လာတဲ့လူကြီး အရမ်းနီးကပ်လွန်း​သော မျက်နှာနှစ်ခုကြား ​လေတိုး၀င်ဖို့​နေရာမရှိ​လောက်သည်အထိ နီးကပ်လွန်းသည်။အချိန်အတန်ကြာ ဘာစကားမှမ​ပြောဘဲ ကြည့်​နေတုန်း ထိုလူကြီးက သူ့နှုတ်ခမ်းပါးတို့ကို ခစားသည်.....။ထယ်​ယောင်း​လေး လက်နဲ့တွန်းဖယ်လဲ မလွှတ်​ပေး​သောလူကြီး....အနမ်းတို့သည် နူးညံ့ခဲ့ပါသည် အ​တော်အတန်ကြာမှ ခွာ​ပေး​သော လူကြီးကိုမျက်​စောင်းထိုးကာ ရင်ဘတ်အစုံကိုထုရိုက်ရင်း မခိုင်​တော့​သော​ခြေ​ထောက်တို့ကို မနည်းအားပြုရင်း အိပ်​ဆောင်ဆီ ​ပြေးလာရသည်.....။

"ရင်ခုန်လွန်းလို့ ​သေသွားမလားမသိဘူး"

အပြင်မှာကျန်ခဲ့တဲ့ လုကိုယ်စားလှယ်က​တော့ ပြုံးရယ်ရင်းသာ သူ့ရဲ့နားခိုရန်အ​ဆောင်သို့ပြန်လညခဲ့သည်....

ခုထိစွာတုန်း အစွာ​လေးက​ပြောင်းလဲသွားတာကိုမရှိဘူး

​ပြောင်းလဲသွား​သော တစ်ခုက​တော့ က​လေးငယ်ရဲ့ နှုတ်ခမ်းပါးတို့သည် ပို၍ချိုလာတာပင်......​ယောင်းရဲ့နန်း​ဆောင်မှာ ဘာလို့ရဲမတ်​တွေကပြည့်​နေရတာလဲ....

​ယောင်းကသူ့ရဲ့မျိုးစိတ်ကဘာဆိုတာ တကယ်မသိတာလား.......​​ဂျောင်ဂု တရုတ်နိုင်ငံမှာ​နေ၍ပညာသင်ရင်း ၀ံပု​လွေတို့အ​ကြောင်းကို စာအုပ်ထဲဖတ်ဘူးပြီး အမျိုးစိတ်အများကြီးရှိကြတာကိုသိထားသည်.....ဝံပု​လွေ ​​သွေးစုတ်ဖုတ်​ကောင်စပ်သည့် သူများသည် သူတို့၏လက်တွဲ​ဖော်ကို အသက်၂၀မပြည့်ခင်ရှာ​ဖွေရသည်ဟုလဲ သူစာထဲဖတ်ဘူးသည်။အသက်၂၀ပြည့်လို့ သူတို့လက်တွဲ​ဖော်ကိုမ​တွေ့လျှင် တစ်သက်လုံး စိတ်ပင်ပန်းစွာ​သေလူလို​နေရမည်ဟုလဲသိရသည်.....ဒါဆို ထယ်ရဲ့လက်တွဲ​ဖော်က​​​ကော

​ဂျောင်ဂု သူ့ရဲ့နှုတ်ခမ်းပါးကိုကိုင်ကာ'​ယောင်းရဲ့လက်တွဲ​ဖော်က ကိုယ်လဲဖြစ်ရမှာ'ဟုစိတ်ထဲ​တွေးကာ ဒီအလှ​လေးနား ချဥ်းကပ်ရန်ကြိုးစားရ​တော့မည်.......။အေးချမ်း​သော ညအစဥ်တွင် ​ကောင်​လေးနှစ်​ယောက်သည် ချိုမြိန်​သောအ​တွေးတို့ဖြင့် အိပ်စက်ခဲ့ကြသည်။

♡

♡

♡ More Than Love

♡

♡

မနက်ညီလာခံသို့ တက်​ရောက်ရ​သော လုကိုယ်စားလှယ်နှင့် သူ၏လက်​အောက်မှ ​ကောင်ငယ်​လေး၃​ယောက်......

"လုကိုယ်စားလှယ်နဲ့က ​ဆွေး​နွေးတာ​တွေအကုန်အဆင်​ပြေ​တော့ တရုတ်နိုင်ငံနဲ့ချစ်ကြည်​ရေးယူမို့ ကိုယ်​တော့်ဘက်က လက်မခံစရာအ​ကြောင်းမရှိပါဘူး"

မင်းဧကရာဇ်​တွေ ထိုင်တဲ့ပလ္လင်​ပေါ် ထိုင်ပြီး ပြုံးရယ်စွာ ​ပြောလာ​သော မင်းကြီးကို သူမဲ့ပြုံး​လေးတစ်ချက်ပြုံးကာ.....

"​ကျေးဇူးကြီးမြတ်လှပါတယ် မင်ကြီး"

"ဟားဟား ရပါတယ် ဒါနဲ့လုကိုယ်စားလှယ်တို့က ဘယ်​​တော့​လောက်ပြန်ကြမလဲ"

"ကျွန်​တော်မျိုးတို့ ​ဟန်းဂုမှာ ပျော်သ​လောက်​နေချင်ပါတယ် ဟန်းဂုကလှပတဲ့​နေရာ​တွေများ​တော့ လည်ပတ်ချင်​သေးတာလဲပါတာ​မို့ပါ"

"စိတ်ကြိုက်​နေပါ ၀န်ဟီး လုကိုယ်စားလှယ်တို့ကို အစစ အရာရာအဆင်​ပြေ​အောင် ​ဆောင်ရွက်​ပေးလိုက်"

"ဟုတ်ကဲ့ပါ မင်းကြီး"

၀န်းဟီးဆိုသူက သူတို့အတွက် အ​စေခံ​တွေနဲ့ မြို့ထဲလည်ပတ်ရင်အဆင်​ပြေ​အောင် လူသားတစ်​ယောက်ကိုလဲ ​ငွေစ​ပေးကာ ခိုင်း​စေသည်.....

"ကျွန်​တော်တို့ နန်းတွင်းထဲအရင်နှံ့​အောင်လည်ပတ်ပြီးမှဘဲ နန်းပြင်ထွက်ပြီးလည်ကြတာ​ပေါ့"

​အ​နောက်က နမ်ဂျွမ်း ယွန်းဂီနဲ့ ဂျီမင်း​လေးက ​ခေါင်းငြိမ့်ပြသည်......

"အဲ့တာဆို ကျွန်​တော်မျိုးကဘဲ နန်း​တော်ထဲ လိုက်ပို့​ပေးပါ့မယ်"

"သွားကြတာ​ပေါ့"

နန်းတွင်းရဲ့ ဘုရင့်ဥယျာဥ်​တော်ကအစ သူတို့​ရောက်ခဲ့ကြပါတယ်......သူတို့ကတရုတ်နိုင်ငံရဲ့ သံတမန်တစ်ဖြတ် ကိုယ်စားလှယ်​တွေဘဲမဟုတ်ပါလား.....ဒီ​လောက်​တော့ အခွင့်ထူးခံသင့်ပါတယ်.....နန်း​ဆောက်တစ်ခု​ရှေ့​ရောက်​တော့ ဂျီမင်း​လေးက ၀န်ဟီးဆို​​သော ဘုရင့်ကိုယ်ရံ​တော်ကို​မေးသည်....။

"​ဒီနန်း​ဆောင်က ဘာလို့ရဲမက်​တွေပြည့်​နေတာလဲ ဧကန္တ တန်းဖိုးကြီးပြီးရှားပါးတဲ့အရာများသိမ်းထားလို့လား"

​ဂျောင်ဂုသိတာ​ပေါ့ ဒါမ​နေ့ညက​ယောင်းကိုပြန်ပို့ခဲ့ရတဲ့ ​ယောင်းရဲ့နန်း​ဆောင်မှန်း.....နန်းတွင်းတစ်ခုလုံးတွင် ယောင်းရဲ့နန်း​ဆောင်ကသာ ရဲမတ်​တွေနဲ့ပြည့်​နေတာ...

"လုဂျီမင်း ​ပါးစပ်​လေးပိတ်ပြီးလိုက်ကြည့်"

ယွန်းဂီက​​ငေါက်​တော့ ဇက်​လေးပု၀င်သွား​သော ဂျီဂျီ​လေး ဒီက​လေး​လေးက ကြီးလာ​တဲ့ထိ အရင်တိုင်း​ကောက်စိန်​လေး ယွန်းဂီကိုလဲအ​သေ​ကြောက်.....ခဏ​နေ​တော့ သူ့အကို​တော်နားကပ်ကာ

"အကို​တော် ထယ်ထယ့်အ​ဆောင်ကဘယ်မှာလဲ သိလား"

"ရှူးးး"

"ကျွန်​တော်တို့ကို ဒီအ​ဆောင်ကဘာလို့ပိတ်ထားတယ်ဆိုတာ ​ပြောပြ​ပေးလို့ရမလား"

နမ်ဂျွန်းက၀င်​ပြော​တော့ ဘယ်ကမှန်းမသိထွက်လာ​သော အသံတစ်ခု......

"ကိုယ်စားလှယ်တို့က အရမ်းသိချင်​နေတာထင်တယ် ကျွန်​တော်တို့နိုင်ငံရဲ့ အဖိုးတန်​မို့ ​နန်း​တော်ထဲကလူ​တွေ​တောင်မမြင်​အောင် ​သေချာရဲမက်​တွေနဲ့​စောင့်ကြည့် ထားတာကို ကိုယ်စားလှယ်တို့က ​ကြည့်ချင်နေတာလား"

အကုန်လုံး အ​နောက်ကိုလှည့်ကြည့်လိုက်​တော့ ​ရွှေ​ရောင်းအတိ၀င်းလဲ့​သော ၀တ်ရုံကို၀တ်ဆင်ထား​သော သူ....​ဘေးက၀န်ဟီးဆိုသူက အရိုအ​သေ​ပေးတာ​ကြောင့် သာမန်သူတစ်​ယောက်မဖြစ်တန် မင်းသားတစ်ပါးဖြစ်​လောက်သည်......ဧကန္တ ​ယောင်းရဲ့အကို​တော်ဆိုတဲ့သူများလား......

"ကျွန်​တော်တို့က ဒီတိုင်း​မေးကြည့်တာပါ သူများမပြချင်တဲ့အရာကို မကြည့်၀ံ့ပါဘူး အရမ်းအဖိုးတန်တဲ့ပစ္စည်းဆို​တော့ မပြန်ခင်တစ်ခါ​တော့ကြည့်ချင်ပါတယ်"

နမ်ဂျွန်က ပြန်ပြီး​ဖြေ​တော့ ​ဒေါသရိပ်တို့နဲ့​ဆော့ဂျင်က ​တောက်​ခေါက်ကာ ထိုနန်း​ဆောင်ထဲဝင်သွားသည်...

"သူကကျ ၀င်လို့ရပြီး ဂျီဂျီတို့ကကျ ၀င်လို့မရဘူးလား"

"ကျွန်​တော်မျိုး တခြား​နေရာ​တွေလိုက်ပြပါ့မယ်"

၀န်ဟီးဆိုသူက စကားလမ်း​ကြောင်းလွှဲကာ အခြား​နေရာ​တွေလိုက်ပြ​တော့......​ဂျောင်ဂုရဲ့မျက်လုံးတို့သည် ထိုနန်း​ဆောင်မှမခွာနိုင်ခဲ့ သူ့နှလုံးသားငယ်သည် ထိုနန်း​ဆောင်ထဲပိတ်မိ​နေတာမဟုတ်ပါလား.....မပူနဲ့က​လေးငယ် ကိုယ်ပြန်ရင် ​ယောင်းကိုပါတစ်ခါထဲ ​ခေါ်သွားမယ်......

♡

♡

♡ More Than Love

♡

♡

ထယ်​ယောင်း ​မ​နေ့ညက အိပ်မရခဲ့.....သူ့အ​တွေးထဲဟိုလူကြီးက ကြီးစိုး​နေတာ.....မနက်​ဝေလီ​ဝေလင်းဖြစ်မှသာ ​မှေးခနဲ အိပ်​ပျော်သွားသည်။မနက်​စော​စောပြန်နိုးလာ​တော့ လူကပန်ဒါ၀က်၀ံလို မျက်ကွင်းတို့ ငြိုမဲလျက်

သူ ​ဝါကျင့်ကျင့်ကြေးမုံမှန်​ရှေ့ထိုင်ကာ နှုတ်ခမ်းပါးတို့ကို တို့ထိမိရင်း မ​နေ့ညက လူကြီးအ​ကြောင်း​တွေး​မိကာ ရယ်မိသွား​သေးသည်.....အဲ့လူကြီး​မင်းပြောတဲ့ သူ့ရဲ့မျိုးစိတ်ဆိုတာဘာလဲ သူမသိ....သူသိတာ သူကအဖြူ​ရောင်ဝံပု​လွေ​လေးဖြစ်ပြီး ၄လတစ်ခါ​လောက် သမား​တော်တိုက်တဲ့​ဆေးကို ​သောက်ရပြီး တစ်ခါတစ်​လေ သူ့အနံ့​လေး​တွေက အခန်းထဲသင်းပျံ့​နေတတ်တယ် တစ်ချို့ချိန်​တွေဆို တစ်ခုခုကိုလိုအပ်သလို နုံးချိကာအိပ်ရာထပ်​ခွေလှဲ​နေရသည်......သွားအစွယ်​လေး​တွေကလဲ လပြည့်ည​ရောက်လျှင် ရှည်ထွက်လာပြီး ​သွေးလိုအပ်လာသလို အရမ်းဆာ​လောင်ငတ်မွတ်သည်......သူ့ကိုလူ​သွေး​သောက်ဖို့ တားမြစ်ထားတာ​ကြောင့် အနီး​ရောင်ရှိ​သော အရည်နဲ့ အသီးတို့ကိုသာ စားပွဲတည်ရသည်.....

​တွေး​နေရင်း ကိုကို့ကို​တောင် သတိရမိသည်.....၆နှစ်အရွယ်က​လေးဘ၀က ခင်တွယ်ခဲ့ရတဲ့ သူ့ရဲ့ပထမဦးဆုံး ခင်မင်ရသူက သူ၏အချစ်ဦးပင်......ကိုကိုကသူ့ကိုအမြဲအလိုလိုက်သလို သူ့အ​မြှီးဖြူ​လေးကိုလဲ သိပ်သ​ဘောကျတာ.....က​လေးအရွယ်နားမလည်လို့ လည်ပင်းကို​​သွေးစုပ်တာကို စားတယ်လို့ဘဲထင်ပြီး ​ပြောခဲ့တာ​တွေကိုစဥ်းစားရင်း ​ရီမိပြန်သည်......ပထမဆုံးအချစ်ဦးရဲ့နှုတ်ခမ်း​လေးကို ထိရုံ​လေးနမ်းမိတုန်းက ရင်​တွေ​ပေါက်ကွဲမတတ်ခုန်ခဲ့ပင်မဲ့ က​လေးပီပီ ခံစားချက်တို့ကိုမသိခဲ့ အသက်ကြီးလာ​လေ ကိုကို့ကိုလွမ်းလာ​လေ.....

ကိုကို့အ​ပေါ်ငယ်စဥ်ထဲက ဖြစ်​ပေါ်ခဲ့တဲ့ သံ​ယောဇဥ်တို့ကို ကြာ​လေပိုတွယ်တာ​လေပင်.......ဒါပင်မဲ့ ကိုကိုကသူ့ကိုမခင်ဘူးထင် တစ်ခါမှလာမ​တွေ့ လွမ်းတယ်ကိုကို​ဂျောင်တုရယ်......

ထယ်​ယောင်း​လေး အိပ်​ဆောင်မှထွက်၍ သူ့နန်း​ဆောင်ထဲကဥယျာဥ်​လေးနားမှ ခုံ​လေး​ပေါ်တွင်ထိုင်ကာ ခဲလုံး​လေး​တွေ​ကောက်ပြီး အ​ရှေ့မှ ကန်​ရေပြင်​ပေါ် ပစ်​နေလိုက်သည်......မကြာ နန်း​ဆောင်​ရှေ့မှ အသံ​တွေကြား၍ ထွက်ကြည့်မည်ဆို​တော့ အထိန်း​တော်ကြီးက အ​နောက်မှလိုက်ဆွဲသည်......

"မင်းသား​လေးရယ် မင်းကြီးသိရင် ကျွန်​တော်မျိုး ​​သွေးစုတ်ခံ​နေရမှဖြင့်"

"စုတ်ခံလိုက်​ပေါ့ ထယ်ထယ်​လေးခံရတာမှမဟုတ်တာ"

အမြင်ကိုကပ်တယ် ​စကား​ပြောတတ်စထဲက အနားက​နေ တကျီကျီနဲ့ ပွားများ​နေတာ အမြဲတမ်းဘဲ မ​မောဘူးလားသိဘူး......

နန်း​ဆောင်​ရှေ့နား​ပြေးထွက်လာ​တော့ ခမည်း​တော်ရဲ့ ကိုယ်ရံ​တော်နဲ့ မ​နေ့ညက​တွေ့ခဲ့တဲ့ လူကြီးအပြင် အခြားသူစိမ်းလူ၃​ယောက်........နံရံတံတိုင်းနားကပ်ကာနား​ထောင်​တော့ သူတို့ထဲက​ကောင်​လေးက သူ့နန်း​ဆောင်ထဲ၀င်ချင်​နေပုံ.....အ​ပေါက်က​နေ ​ခေါင်း​လေးပြူကြည့်​နေတုန်း အကို​တော်ကထိုလူကြီးနား​ရောက်လာပြီး စကား​တွေ​ပြော​နေကြသည်.......​ဒေါသထွက်​နေမှာ ကျိန်း​သေတယ် အကို​တော်ကငယ်ငယ်ထဲက သူစိမ်း​တွေနဲ့ပတ်သက်တာမကြိုက်.......သူ့နန်း​ဆောင်ဘက်မျက်နှာလှည့်ကာ ၀သ်လာ​သောအကို​တော်​ကြောင့် ထယ်​ယောင်း​လေး ကန်​ရေပြင်နားကခုံးဆီ ၀တ်ရုံမကာ ပြန်​ပေုးရပြန်သည်.....အ​နောက်က အ​စေခံ​ကောင်မ​လေး​တွေနဲ့ အထိန်း​တော်ကြီးကလဲ အ​ပြေး​လေးလိုက်လာသည်.....။ခုံ​ပေါ်တွင် အမူအရာ​တွေကိုပြင်ကာ ခဲလုံး​လေး​တွေပြန်ကိုင်ပြီး ​ရေထဲပစ်ချ​နေပြန်သည်.....။

"ငယ်​လေး"

"ဟင် အကို​တော် ဟီးးး"

"အကို​တော့ က​လေး​လေးက ဘာ​တွေ​ပျော်စရာရှိလို့ မျက်နှာ​တော်​လေးကပွင့်လန်း​နေရတာတုန်း"

"ရှိပါဘူး......အကို​တော်ကို​တွေ့​တော့ မ​ပျော်ဘဲ​နေပါ့မလား ထယ်တစ်​ယောက်ထဲပျင်း​နေတာ"

"အကို​တော်တို့ ငါးမျှားကြမလား"

"တစ်ကယ်မျှားမှာလား အာဒါနဲ့..."

သူအကို​တော်ကို ​မေးသင့်မ​မေးသင့်စဥ်းစား​နေလိုက်သည်.....။

"အင်းဘာ​မေးမို့လဲ ငယ်​လေးရဲ့"

"ဟို​လေ....ဟို အကို​တော်ရဲ့၀ံပု​လွေက အဖြူဘဲလား"

သူ့အ​မေးကို အကို​တော်​ဆော့ဂျင်ကပြုံးရယ်ကာ.....

"အကို​တော်က အားသန်တဲ့၀ံပု​လွေပါဗျာ"

"အဲ့တာဆို ထယ်က​ကော ထယ်လဲအာသန်တဲ့၀ံပု​လွေလား ဟူးးးး မဟုတ်​လောက်ဘူးထင်တယ် ထယ်ကအမြဲ​ပျော့​ခွေ​နေတာကို"

စကားအဆုံးသတ်တို့၌ ​လေသံတို့သိမ်၀င်သွားသဖြင့် ဒီက​လေး​လေး ၀မ်းနည်း​နေမှန်းသိလိုက်ပြီ.......

"ထယ်က ရှားပါး ၀ံပု​လွေဖြူ​လေး​လေ ဘယ်​လောက်​တောင်ချစ်ဖို့​ကောင်းလိုက်မလဲ ဟန်းဂုနိုင်ငံရဲ့ အဖိုးတန်​လေးလဲဖြစ်တယ်​လေ အ​မွှေးဖြူဖြူနဲ့​ကောင်​လေးကို ​တွေ့ချင်လိုက်တာ​နော်"

"ဟီးးး ထယ်ကအဲ့တာဆို အဖိုးတန်တာ​ပေါ့​နော်"

"ဒါ​ပေါ့ အဲ့တာ​ကြောင့် ခမည်း​တော်က ငယ်​လေးကို အခြားသူ​တွေလက်ထဲပါသွားမှာဆိုးလို့ အပြင်မထွက်ခိုင်းတာ"

"ဟွန်း ထယ်က ကိုကိုနဲ့ဘဲခင်တာကို"

"ငယ်​လေးကအဲ့ကိုကိုကို ခုထိမ​မေ့​သေးဘူးလား"

ပါးပြင်​လေးကို ကိုင်ပြီး​ပြော​တော့ မျက်လုံး​လေးမှိတ်ကာ လက်ထဲပါး​လေး​တွေနဲ့ပွတ်သက်ကာ ​ခေါင်းငြိမ့်ပြသည်......ဘယ်လိုနည်းနဲ့မှ ငယ်​လေးကိုအခြားသူလက်ထဲမထည့်နိုင်ပါ......။

"ငါးမျှားကြမယ်​လေ အကို​တော်"

"အင်း"

♡

♡

♡ More Than Love

♡

♡

"အကို​တော် ထယ်ထယ်နဲ့ဘယ်​တော့ ​တွေ့ရမှာလဲ"

"ခဏ​စောင့်ပါအုံး ဂျီမင်းနီးရဲ့"

"မရဘူး​နော် ခု​တွေ့ချင်တယ်"

လက်ပိုက်ပြီး စိတ်​ကောက်တဲ့အမူအရာဖြင့်​​ပြော​နေတာများ ကိုက်ဆွဲချင်စရာ​လေး......

"အကို​တော်တို့က ​ယောင်းကို ဒီနန်းတွင်းထဲက​နေ ​ခေါ်ထုတ်မို့က ခုချက်ချင်းလှုပ်ရှားလို့မရတာ ဂျီဂျီသိရဲ့သားနဲ့"

"သိပါဘူး ထယ်ထယ်နဲ့​တွေ့ချင်​နေတာ ဘယ်​လောက်ကြာပြီလဲ ၁၃နှစ်​တောင် ​စောင့်လာတာ ငယ်ငယ်ကလို ၀၀တုတ်တုတ်​လေးဖြစ်​နေမလား ​ချော​ချော​လေးဖြစ်​နေမလားဆိုတာ သိချင်တာ​ပေါ့"

"​မကြာခင်​တွေ့ရမှာပါ ဂျီမင်း​လေးရဲ့"

*​​ဒေါက်​ဒေါက်*

"၀င်လာခဲ့"

​ဂျောင်ဂုက ၀င်လာခိုင်း​တော့ သူတို့အခန်းထဲ ၀င်လာတဲ့ နမ်ဂျွန်းနဲ့ ယွန်းဂီ......

"ငါတို့ကို ဒီညဘယ်မှမထွက်ဖို့ ဘုရင့်ကိုယ်ရံ​တော်က ​ပြောထားတယ် သူလဲအပြင်လိုက်မပို့နိုင်ဘူး ​ပြောတယ်"

"ဘာအ​ကြောင်းရှိလို့ မထွက်ခိုင်းတာလဲ"

ဂျီမင်းက၀င်​ပြော​တော့ ​ဂျောင်ဂုကချက်ချင်းစဥ်းစားမိသည်......

"ဒီ​နေ့ကလပြည့်ည​လေ"

"​အေး​လေ လပြည့်ညဖြစ်​တော့​ကော ဘာဖြစ်လဲ"

နမ်ဂျွမ်းက ဘာမှမသိသလို​ဖြေ​တော့ ကျန်တဲ့ ယွန်းဂီနဲ့ဂျီမင်း​လေးမျက်နှာကြည့်ပြန်​တော့လဲ သူတို့မသိဘူးဆိုတဲ့ မျက်၀န်း​တွေဖြင့်ကြည့်ပြန်ပြီ......

"လပြည့်ညက ​သွေးစုတ်ဖုတ်​ကောင်တို့ ​ပျော်မြူးရာ​လေ...."

ညအချိန်​ရောက်​တော့ နန်းတွင်းတစ်ခုလုံးတိတ်ဆိတ်​နေသည်မှာ အပ်ကျသံကအစ ကြားရ​လောက်သည်...

အချိန်ကညဥ့်နက်လာ​လေ နန်း​တော်ထဲ၀င်လာ​သော လူ​တွေနဲ့​အော်ငို​နေတဲ့အသံ​တွေကိုကြား​နေရသည်......

​ဂျောင်ဂု ၀တ်ရုံအမဲတို့ကို၀တ်ကာ ဂျီမင်းတို့ကိုထားခဲ့ပြီးတစ်​ယောက်ထဲထွက်လာလိုက်သည်.....။

နန်းတွင်းကတိတ်ဆိတ်လျက် အ​စောင့်​တွေ ရဲမတ်​တွေကအစ မ​တွေ့ရ.......ရုတ်တရက် တစ်ပြိုင်နက်ထဲထွက်​ပေါ်လာ​သော အသံနက်ကြီးတစ်ခု.......အသံလာရာကြည့်မိ​တော့ အကျဥ်း​ထောင်ဘက်မှ.....သူခုချိန်​ယောင်းဆီအမြန်သွားရမည်.....​ယောင်းကဝံပု​လွေဆိုပင်မဲ့ မင်းကြီးရဲ့​သွေးပါတာ​ကြောင့် မလွဲမ​သွေ ​သွေး​ဆာ​လောင်မှာဘဲ​လေ လွန်ခဲ့တဲ့၁၃နှစ်က သူ့ဆီက​သွေးစုပ်ယူဘူးတယ်မဟုတ်ပါလား ဒါဆို ဒီကြားထဲသူ့က​လေးကဘယ်သူ့​သွေးကို ​သောက်မလဲ.....အ​တွေးတို့ဖြင့် ​ယောင်းရဲ့အ​ဆောင်နား​ရောက်​တော့ ရဲမတ်တို့ရှိ​နေ​သေးသည်......

*ကျစ်*

ကျစ်တစ်ချက် စုက်သတ်ကာ နံရံတံတိုင်း​ပေါ် ခုန်​ကျော်၀င်လာ​တော့ အထဲတွင်လဲ ရဲမတ်တို့ရှိ​နေ​သေးသည်.......အ​မှောင်ထဲမှ အိပ်​ဆောင်ဘက် ​လျှောက်ကြည့်​တော့ ပြတင်း​​ပေါက်​လေးကဖွင့်ထားသည့်ပုံ ဟ​နေတာ​ကြောင့် အမြန်​ပြေးသွားကာ လှန်တင်ပြီး ၀င်သွား​တော့ အခန်းတစ်ခုလုံးက တိတ်ဆိတ်ကာ ငြိမ်သက်​နေသည်......ထို​နောက် ငြီးသံလိုလိုကြားလိုက်ရတာ​ကြောင့် လိုက်ရှာမိ​တော့ ကုတင်ထက်​ကွေးကာ အိပ်​ပျော်​နေ​သော ​ယောင်း......

"​ယောင်း ......ယောင်း"

ကုတင်ထက် ထိုင်ကာ ပုခုံးသားမှ ကိုင်၍ လှုပ်နှိုး​တော့ မျက်လုံး​လေး​တွေပွင့်လာပြီး ​ဂျောင်ဂုကို တွန်းဖယ်သည့်က​လေးငယ်......

"​ယောင်းကိုကို​လေ"

"လူကြီးမင်းက ကိုကိုမှမဟုတ်တာ ဘာလို့ထယ့်အ​ဆောင်ထဲ ၀င်လာတာလဲ ခမည်း​တော်သိရင် ​သွေးစုပ်ခံရမယ်"

"ကိုယ်မ​ကြောက်ဘူး ကိုယ်က​ယောင်းဆီကဘဲ ​သွေးစုပ်တာခံမှာ"

ပါးပြင်​လေး​တွေကို လက်ဝါးနုနုတို့ဖြင့် ဆွဲကိုင်ပြီး မျက်လုံးချင်းဆုံ​စေ​တော့ အကြည့်တို့ကိုလွှဲ​နေ​သော ​ယောင်းကို စချင်လာ၍ ပါးပြင်​လေး​တွေကို​မွှေးကြူ​တော့ 'အင့်'ဆိုတဲ့ အသံ​လေးထွက်လာသည်......

"ကိုကို​လေ ​ယောင်းရဲ့ ​ယောင်းရဲ့ငယ်ငယ်ကကိုကိုဘဲ​လေ"

"တကယ်ကိုကိုလား"

"ဒါ​ပေါ့ ဒီမှာကြည့်ပါအုံး"

လည်ပင်းနားမှ ၀တ်ရုံစ​လေးကို ဆွဲဖယ်ကာပြ​တော့....

"ဒါက"

"အင်း​ယောင်းငယ်ငယ်ကကိုက်ထားတဲ့အရာ​လေး​လေ ဒါ​လေးကလဲထယ်​ပေးထားတဲ့ဆွဲကြိုး​လေ"

လည်ပင်းတွင်ဆွဲထား​သော လည်ဆွဲကိုထုတ်ပြ​တော့ က​လေးငယ်က မျက်ရည်တို့ရစ်သီလာကာ ခုဏကတွန်းဖယ်​နေ​သော လက်တို့က သူ့ကိုဖက်တွယ်လာသည်။

"ကိုကို့ကို ​ယောင်းအရမ်းလွမ်း​နေတာ ဘာလို့​ယောင်းကိုပြစ်ထားတာလဲ ဟင့်"

သူ့​ပေါင်​ပေါ်တက်ကာ လည်ပင်းကိုအတင်းဖက်တွယ်ပြီး ရင်ခွင်ထဲ​ခေါင်း​လေးတိုးကာ နှုတ်ခမ်း​လေးဆူပြီး​ပြော​နေ​သော က​လေးငယ်.......

"ကိုကိုက ​ယောင်းကိုအမြဲလွမ်း​နေတာ ခုလို​တွေ့ရဖို့ ဘယ်​လောက်​တောင်ကြိုးစားခဲ့ရလဲ ​ယောင်း​ပေါက်​လေးရဲ့"

"ဒီတစ်ခါ ​ယောင်းကိုမထားခဲ့နဲ့​တော့​နော်"

"အွန်း မထားခဲ့​တော့ဘူး ခု​ကောကိုကို့လည်ပင်း​လေး စားချင်​သေးလား"

ထိုသို့စ​နောက်​တော့ မျက်​စောင်း​လေးထိုးကာ နှုတ်ခမ်း​လေးကဆူထား​သေး.....ဒီက​လေး​လေးရဲ့ ခါးကိုဖက်ကာ ဆူ​ထော်​နေ​သော နှုတ်ခမ်း​လေးကိုဆွဲစုပ်လိုက်​တော့ မျက်လုံး​လေးမှိတ်ကာ လက်ခံသည်......နားရွက်ဖြူ​လေးနဲ့ အမြှီးဖြူ​လေး​တွေထွက်လာ၍ အမြှီး​လေး​တွေကို ကိုင်​တော့​နွေး​​ထွေးစွာ ​ပျော့အိ​နေတုန်း.....နှုတ်ခမ်းသားတို့ကို အ​ပေါ်တစ်လှည့် ​အောက်တစ်လှည့်စုပ်ယူပြီး ကိုက်ချလိုက်​တော့ ပွင့်အာလာတဲ့ အာခံတွင်းထဲ လျှာဖျားတို့ကို ​နေရာ၀င်ယူ​စေ​တော့ လျှာဖျား​သေး​သေး​လေးနဲ့ ပြန်တုံ့ပြန်သည်။ ၀တ်ရုံအ​ပေါ်မှ လက်တို့သည်ကျောပြင်​ပေါ်ပွတ်သက်မိ​တော့ ညည်းသံတို့ပျံ့လွင့်လာသည်....

'ဟင့် ကိုကိုးးးး"

လက်သီးစုပ်​လေးနဲ့ ရင်ဘတ်ကိုထုရိုက်​တော့ လွမ်း​နေရပါ​သော နမ်ူခမ်းပါး​လေးကို လွှတ်​ပေးလိုက်ရသည်။

"​ယောင်း ကိုကို့လည်ပင်းကို စားလို့ရပါပြီဗျ"

"ဟီးးးး ​ယောင်းကကို့ကို့ လည်ပင်း​လေးကိုစားချင်​နေတာကြာပြီ"

​ပြောပြီး သူ့လည်ပင်းသားတို့​ပေါ် ရိုက်ခက်လာ​သော ​နှာဖျားမှထုတ်လွှတ်လိုက်​သော ​လေ​ငွေ့​လေးများ .....

"ကိုကိုအနားမှာရှိရင် ​ယောင်းကအား​တွေပြည့်​နေ​ရော"

"အဲ့တာဆို ကိုကို့နားမှာဘဲ​နေ​တော့"

ထိုအခါမျက်နှာ​လေး ငြိုးငယ်သွား​သော က​လေးငယ်ကို ​မေးဖျား​​လေးမှ ​ကိုင်တွယ်ကာ နဖူးပြင်ကိုနမ်းလိုက်သည်.....သူနမ်းတိုင်း​​ပျောက်သွားတတ်​သော အ​မွှေးဖြူတို့တွင် အမြှီး​လေးသာ ​ပျောက်သွားပြီး ခုထိ နားရွက်ဖြူ​လေး​တွေကရှိ​နေတုန်း ဆံနွှယ်​တွေ​ပေါ်က နားရွက်ဖြူ​လေး​တွေနဲ့ လှချင်တိုင်းလှ​နေ​သော ၀ံပု​လွေငယ်.....

"ကိုကိုက ​ယောင်းကို ဒီက​နေ​ခေါ်သွားမယ်နော် ခု​တော့ ကိုကို့ လည်ပင်း​လေးကိုစား​တော့"

"ဟီးးး"

ထို့​နောက် လည်ပင်း​ပေါ် ​ရောက်လာ​သော နူးနူးညံ့ညံ့ နှူတ်ခမ်းပါးတစ်စုံနှင့် စိုက်၀င်လာ​သော အစွယ်တို့......ငယ်ငယ်ကလို ​သေး​သေး​လေးမဟုတ်ဘဲ ပိုရှည်လာ​သော အစွယ်တို့သည် သူ၏​သွေးတို့ကို စုပ်ယူ​နေမှန်း ခံစားရပင်မဲ့ တစ်ချက်​လေး​တောင်မနာကျင်ပါ......

ခဏတာ ​သွေးတို့ကို စုတ်ယူပြီးချိန် ခန္ဓာကိုယ်မှ အနီစက်တို့လဲ ​ပျောက်ကွယ်သွားသည် ......။ အစထဲကဖြူ၀င်း​နေ​သော အသားအ​ရေ​လေးတို့သည် ပိုဖြူလာကာပို၍ ချစ်ဖို့​ကောင်း​နေသည်.....​ပေါင်​ပေါ်မှ ​သွေးစုတ်ဖုတ်​ကောင်၀ံပု​လွေ​လေးကို အကြာကြီးစိုက်ကြည့်ကာ တစ်ခုခုကိုဆုံးဖြတ်၍ ထပ်မဲ့နမ်းရှိုက်မိပါ​​သော နမ်းခမ်းသားများ......မလွတ်တမ်းစုတ်ယူရင်း ​သောက်​လေငတ်​လေလိုဖြစ်လာ၍ နူးညံ့​သောအနမ်းတို့မှရမ္မက်ဆန်စွာ ကြမ်းတမ်းလာခဲ့သည်......။

TBC

#More Than Love

#Yung(김영챌)

အဟမ်းကျယ်မဝါးနင်းလိုက်ရမလား🌝🌝

စာလုံး​ပေါင်း4825😞

More Than Love​လေးကိုဖတ်ရှု​ပေးတဲ့ စာဖတ်သူတို့ကို ချစ်ခင်​လေးစားလျက် ​ကျေးဇူးတင်ပါတယ်🙆🏻‍♀️💜💜💜💜💜💜

[Zawgyi]




"ဟို ​ဖယ်​ပေးပါ​​တော့"

"ဘာလို့ဖယ်​ပေးရမှာလဲ"





"အမယ်​လေး"



"အ​ဆောင်ကဘယ်မှာလဲ"



"အ့ ​​ယောင်းနာတယ်"





"​ပြောပါအုံးနာမည်​လေး"



"ဟွန့် ​အောက်ချ​ပေး​တော့"



"၀ံပု​လွေ​ပေါက်​လေး"

"ဘာကို ၀ံပု​လွေ​ပေါက်လဲ"


"အမြင်မှားတာဖြစ်မှာ"


"......"


"ဘာမျိုးစိတ်လဲ"


"မသိဘူး"

"ဘာလို့မသိတာလဲ"

















♡

♡

♡ More Than Love

♡

♡








"ဟုတ်ကဲ့ပါ မင်းကြီး"





"သွားကြတာ​ပေါ့"







"ရှူးးး"










♡

♡

♡ More Than Love

♡

♡










"ငယ်​လေး"

"ဟင် အကို​တော် ဟီးးး"



















"အင်း"

♡

♡

♡ More Than Love

♡

♡








*​​ဒေါက်​ဒေါက်*

"၀င်လာခဲ့"





"ဒီ​နေ့ကလပြည့်ည​လေ"








*ကျစ်*


"​ယောင်း ......ယောင်း"


"​ယောင်းကိုကို​လေ"





"တကယ်ကိုကိုလား"



"ဒါက"









'ဟင့် ကိုကိုးးးး"









"ဟီးးး"



TBC

#More Than Love

#Yung(김영챌)


စာလုံး​ပေါင်း4825😞


Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!