Chapter 9 of 32

Episode♡8

More Than Love::TK::{Completed}1,645 words~9 min read

ထယ်​ယောင်းငယ်​လေး အိပ်​ဆောင်ထဲက အပြင်မထွက်တာ တစ်ပတ်ပင်ပြည့်ပြီ.....Heatကာလကကြာတာလဲပါပြီး ကိုကိုနှိပ်စက်ထားတဲ့ ဒဏ်​တွေ​ကြောင့်​ပါ မထနိုင်ဖြစ်သွားရသည်......။ဒီတစ်ပတ်အတွင်း ကိုကိုကသူ့ဆီ​ပေါ်မလာ အပြင်ကိုပြတင်း​ပေါက်ချပ်မှ လှမ်းကြည့်​တော့ ရဲမက်​တွေကပိုများလာသလိုပင်.....

"ဟင့် ဘာလို့အဲ့​လောက်များ​နေရတာလဲ သိဘူးး ကိုကိုကလဲ မလာဘူး သူများကိုစားတုန်းကစားပြီး"

မျက်နှာ​လေးဆူပုတ်ကာ အပြင်သို့ထွက်လာခဲ့သည်.....ခုသူလမ်း​သေချာလျှောက်လို့ရ​နေပြီပင်.....

"အထိန်း​တော်ကြီး ​​ယောင်းဆီ မဟုတ်ဘူး ထယ့်ဆီ အကို​တော်ကို​ခေါ်​ပေး"

​ယောင်းဆိုတဲ့သူ၏အမည်နာမသည် ကိုကို့အတွက်သာ....

"အမိန့်တိုင်းပါ မင်းသား​လေး"

အထိန်း​​တော်ကြီးက အ​​စေခံ​ကောင်မ​လေးနားကပ်ကာ  စကားကပ်​ပြောပြီး မကြာ​ကောင်မ​လေးက ထွက်သွားတယ်....သူလဲ ​ရေကန်နားက ဖား​​သေး​သေးလေး​တွေကို​တွေ့တာ​ကြောင့် ငယ်ဘ၀ကိုပင် သတိရသွားသည်။သူငယ်ငယ်က ဖား​လေး​တွေလို ကုန်းကွကွနဲ့လိုက်ဖမ်းတာမဟုတ်ပါလား......ထိုအခါ အမြှီး​လေးထွက်လာလို့ ဖား​လေး​တွေကလန့်ပြီး​ပြေးကြ​ကော....ခုလဲ ထိုဖား​လေး​တွေနားသွားပြီး ကုန်းကွကွနှင့်။

"ခစ်ခစ် အထိန်း​တော်ကြီး သူတို့ကို​ ဖမ်း​ပေး"

"မင်းသား​လေး ဖား​တွေကိုမဖမ်းသင့်ပါဘူး"

"ဘာဖြစ်လို့လဲ ထယ်သူတို့ကို အခန်းထဲက မှန်​ဘောင်ထဲထည့်ထားချင်တယ်"

"မင်းသား​လေး သူများမိသားစုကို မခွဲသင့်ပါဘူး"

"ခွဲ​တော့ဘာဖြစ်လဲ"

"မင်းသား​လေးကို သူတို့က လူဆိုးကြီးလို့ မြင်ကုန်ကြပါလိမ့်မယ်"

"အဲ့တာဆို သူများမိသားစုကိုခွဲရင် လူဆိုးကြီး​ပေါ့"

"မှန်ပါတယ်မင်းသား​လေး"

"အဲ့တာဆို ထယ်နဲ့မယ်မယ့်ကိုခွဲတာ​ကော ဘယ်သူလဲ အဲ့လူဆိုးကို သွားအစွယ်​တွေနဲ့ကိုက်ပစ်မယ်"

သူ့သွားအစွယ်​လေး​တွေကို ပြကာ ကြုံးဝါး​နေ​သော က​လေးငယ်ကို မိဖုရားနဲ့မင်းသား​လေးကို ခွဲတာဘုရင်မင်းမြတ်ပါလို့ ​ပြောလိုက်ရင် ငြိမ်ကုပ်သွားမလား......

"ငယ်​လေး"

"ဟာ အကို​တော်"

ဖား​လေး​တွေကို ကုန်းကုန်းကွကွကြည့်​နေရင်း အကို​တော်​ဆော့ဂျင်ရဲ့​ခေါ်သံ​ကြောင့် အ​ပြေးထကာ အကို​တော်လက်​မောင်းကို​ပြေးဖက်တွယ်ပြီး ​ခေါင်း​လေးနဲ့ပွတ်သပ်ကာ ချွဲသည်......။

"ဘာလိုချင်လို့ အကို​တော်ကိုချွဲ​နေရတာလဲ ​ပြောပါအုံး"

သွားတန်းဖြူဖြူ​လေး​တွေကိုစီရီကာ ပြုံးပြလာ​သောက​လေးငယ်​လေးသည် သူ၏ချစ်ရစွာ​သော အသဲအသက်​လေးပင်......

"ထယ့်ကို မယ်မယ်ဆီ​ခေါ်သွားပါ​နော်"

"ခမည်း​တော်က အပြင်မထွက်ရဘူးလို့ အမိန့်​ပေးထားတယ်​လေ ငယ်​လေးရဲ့"

"ဟင့်အင်း ဟင့်အင်း ခမည်း​တော်ကထယ့်ကိုဆူမှာမဟုတ်ပါဘူး တစ်ခါ​လောက်ဘဲ မယ်မယ့်ဆီ​ခေါ်သွားပါ​နော် ထယ်လွမ်း​နေပြီ"

"အင်းအင်း"

​ဆော့ဂျင်တစ်​ယောက် သူ့ရဲ့ညီငယ်​လေးကို မနိုင်.....

ဒီက​လေးချွဲရင်လဲ သူ့မှာအလိုလိုက်မိပြန်​ကော မျက်နှာတစ်ချက်မဲ့​အောင် မထား​ မှည့်တစ်​ပေါက်​တောင် အစွန်းမခံနိုင်ပါ......ဒါ​လေးက သူတို့ရဲ့ ၀ံပု​​လွေနောက်ဆုံး မျိုးဆက်​လေးမဟုတ်လား ပြီး​တော့​ယောကျ်ား​လေးရှားပါး၀ံပု​လွေဖြူပင် ဒါ​ကြောင့်စိတ်မချပါ....

ထယ်​ယောင်း​လေး လက်ကိုဆွဲကာ အပြင်ထွက်​​တော့ အ​နောက်ကအထိန်း​တော်ကြီးက အ​ပြေးလိုက်သည်။

ငယ်​လေးရဲ့ နန်း​ဆောင်အထွက်​ပေါက်​ရောက်​တော့ လှံ​တွေနဲ့ ကာရံကာ ထွက်ခွင့်မ​ပေး​သော ရဲမတ်များ.....

"ဖယ်"

"မင်းကြီးအမိန့်အရ မင်းသား​လေးကအပြင်ထွက်ခွင့်မရှိပါဘူး"

"မင်းသားရဲ့အကိုဖြစ်တဲ့ ငါကိုယ်တိုင်ပါတာမို့ ခမည်း​တော်က စိတ်ချလို့ရတယ်"

"​တောင်းပန်ပါတယ် မင်းသား"

လုံး၀မဖယ်​ပေး​သော ရဲမတ်တို့ကိုင်ထားသည့် လှံကို သူလွယ်ထားတဲ့ ဓါးအိမ်ထဲမှဓါးကိုဆွဲထုတ်ကာ ​ဝှေ့ရမခးပြီး ဖယ်လိုက်​တော့မှ လှံအစုံသည် ​မြေ​ပေါ်ကျ​ရောက်သွားသလို ​ဆော့ဂျင်လည်း ထယ်​လေးလက်ကိုဆွဲကာ ​မယ်​တော့အ​ဆောင်ဆီ ​ပြေးထွက်လာကြသည်။

♡

♡

♡           More Than Love

♡

♡

ခုဆို မြို့ပြင်ကိုထွက်လာနေကြ​သော တရုတ်ပြည်မှလာ​သည့် ကိုယ်စားလှယ်တို့......သူတို့အတွက်ဒီ​နေရာ ဒီ​ဒေသက အကုန်​ရောက်ဘူးပြီးသားပင်......ခု​သူတို့ ​လျှောက်လာတာက​တော့ ဦးရီး​တော်ဆီပင်......ဦးရီး​တော်နဲ့ စာနဲ့တစ်ဆင့်သာအဆက်အသွယ်ရှိခဲ့တာ မ​တွေ့တာဘယ်​လောက်ကြာပြီလဲ......အိမ်​တော်​ရှေ့​ရောက်​တော့ တံခါးချပ်ကိုတွန်းဖွင့်ကာ ၀င်လာ​သော ​ဂျောင်ဂုနဲ့ ဂျီမင်း​လေး......နမ်ဂျွန်းတို့ ယွန်းဂီတို့က သူတို့အိမ်​တော်ဆီပြန်သွားသည်။မြို့​တော်ထဲ လိုက်ပြ​ပေးမယ်ဆိုတဲ့ လူကိုလဲ ​ငွေစအနည်းငယ်​ပေးပြီး သူတို့ကိုလိုက်ပြ​ပေးစရာမလို​ကြောင်း​ပြောခဲ့သည်။

"ဦးရီး​တော်"

​​ဂျီမင်း​လေး အိမ်​တော်ထဲ​ပြေးလွှားကာ ​အော်​ခေါ်​​တော့ အိမ်အ​နောက်မှ ထွက်လာ​သော ဦးရီး​တော်....အသက်​တွေ ကြီးလာတာ​တောင် ဆံချည်မျှင်တစ်မွှေး​တောင်မဖြူ  မသိလျှင် လူငယ်ပုံစံအတိုင်းသာ.....တူ​တော်​မောင်​တွေနဲ့ သူငယ်ချင်းလို့​တောင် ထင်ရ​အောင် နုပျို​နေတာ

"​ဂုဂုနဲ့ ဂျီဂျီ​လေး"

​ဂျီမင်း​လေးက ​ပြေးဖက်တွယ်ကာ မျက်နှာအနှံ့လိုက်နမ်း​နေတာ ခုထိက​လေးစိတ်မကုန်​သေးဘူး......

"အမယ်​လေး ဂျီဂျီရယ် ​တော်ပါ​တော့ ဦးရီး​တော်ကိုဖက်ထားတာ အရိုး​တွေကျိုး​တော့မယ်"

"ဂျီဂျီက လွမ်း​နေလို့ကို ဦးရီး​တော်ကလဲ"

"ကဲလာလာ အိမ်ထဲ၀င်ကြ ​ဟေးးး မင်းတို့အကို​လေး​တွေအတွက် တစ်ခုခုပြင်လာ​ပေးကြအုံး"

"ဟုတ်ကဲ့ပါ သခင်ကြီး"

အိမ်ထဲ၀င်ကာ ၃​ယောက်သားစုထိုင်ရင်း တရုတ်မှာဘယ်လို​တွေ​နေခဲ့ရတဲ့ အ​ကြောင်း​ပြောပြသည်.....ပြီး​နောက် ဘုရင့်နန်း​တော်ထဲတွင်​နေ​နေပြီး မကြာခင်ပြန်​တော့မည့်အ​ကြောင်းပါ ​ပြောပြ​တော့ ဦးရီး​တော်ဟို​ဆော့က ပြုံးရယ်သည်.....။

"ငါ့တူ​တော်​တွေက တစ်အား​ချောလာပြီး ငယ်ငယ်ကလို ​သေး​သေး​လေး​တွေမဟုတ်​တော့ပါလား"

"ဂျီဂျီက ​သေး​သေး​လေးဘဲရှိ​သေးတာ​လေ ဦးရီး​တော်ရဲ့"

"ဘာ​သေးတာလဲ ဂျီဂျီရဲ့ ဦးရီး​တော်ကို​ပြောပါအုံး"

"ဟာ လူ​ကောင်​သေးတယ်​ပြောတာ ဘာထင်​နေကြတာလဲ"

"ဟားးးဟားးး ဟုတ်ပါပြီဗျာ"

ည​နေ​ရောက်မှ ပြန်မည်ဖြစ်တာ​ကြောင့် ​အေး​ဆေးစကား​တွေ​ပြောဖြစ်ကြသည်.....ဦးရီး​တော်ကို သူပညာ​တွေအများကြီးသင်ယူ​နေပြီး ဓါး​ရေးလှန်​ရေးတင်မက တရုတ်ရဲ့ လက်နက်​တွေကိုပါကိုင်ခွင့်ရှိသူဖြစ်​ကြောင်းနှင့် ထိုလက်နက်ကိုင်ပုံကိုက်နည်း​တွေကအစတတ်​မြှောက်​ကြောင်း ရှင်းပြသည်.....။

"ကျွန်​​တော်ပြန်ရင် ​ယောင်းကိုပါ​ခေါ်သွားမှာ"

ထိုအခါ ဦးရီး​တော်၏ပြုံးရယ်​နေ​သော မျက်နှာ​သည်အနည်းငယ်ပျက်ယွင်းသွားတာ ​ဂျောင်ဂုမြင်လိုက်ပါသည်။

"​အဲ့က​လေးငယ်ကို ခုထိမ​မေ့​သေးဘူးလား"

"ဘယ်လိုလုပ်​မေ့နိုင်မှာလဲ"

"၁၃နှစ်ကြာခဲ့တာ​တောင်​လေ"

"ကျွန်​တော်တို့ တူတူ​နေခဲ့ကြတယ်"

"ဘယ်လို!!!"

အလန့်တကြားဖြစ်သွား​သော ဦးရီး​တော်သည် တအံ့တသြဖြစ်​နေသည်။

"ဟုတ်တယ် ​ယောင်းနဲ့ကျွန်​တော်တူတူ​နေခဲ့ကြပြီးပြီ အဲ့တာ​ကြောင့် ​ယောင်းကကျွန်​တော့ရဲ့  လက်တွဲ​ဖော်ဘဲ ပြန်တဲ့အခါ မရရ​အောင်​ခေါ်သွားမယ်"

"သူ့နန်း​ဆောင်က​နေ​တောင်မထွက်ရဘူးလို့ သတင်း​တွေထွက်​နေတဲ့ က​လေးကို မင်းဘယ်လိုများ အမယ်​လေး ငါ​ခေါင်းကိုက်လာပြီး"

"​ယောင်းအ​ဆောင်ဆို ခိုးသွားတာ​ပေါ့ ရဲမက်​တွေကအများကြီး​လေ"

"မင်း​တော့ ​သွေးအစုတ်ခံရ​တော့မှာဘဲ လူသားမဟုတ်တဲ့ မ​ကောင်းဆိုးဝါးရဲ့ သားနဲ့မှ တူတူ​နေရတယ်လို့"

"ကျွန်​တော်​ယောင်းကိုချစ်တာမို့ လက်လွှတ်မှာမဟုတ်ဘူး ပြီး​တော့ ကျွန်​တော့ခမည်း​တော်နဲ့ မယ်​တော်​သေရတာ ​ယောင်းခမည်းတော်ကြောင့် ​ယောင်းနဲ့မှမဆိုင်တာ"

​ယောင်းဆိုတဲ့ နာမည်​လေးကို အထပ်ထပ်​ခေါ်ကာ ​ပြော​နေမိသည်.....​ယောင်းနဲ့အတူတူ​နေပြီး ​နောက်ရက်​တွေသွား​သော်လဲ ရဲမက်​တွေက ​နေရာ​ထောင့်​စေ့မချန် ​စောင့်​နေတာ​ကြောင့် အခွင့်မသာ......ဒါပင်မဲ့ သူပြန်လျှင်​တော့ ရ​အောင်​ခေါ်ထုတ်သွားမည်ပင်......ည​နေ​စောင်း နန်း​တော်ထဲ ပြန်လာ​တော့ လမ်းတွင် ​စျေးတန်း​လေး​တွေကိုဖြတ်ရတာ​ကြောင့် ဂျီဂျီက ဟိုကြည့်ဒီကြည့်ဖြင့် ​​သူကိုယ်တိုင်လဲ ​ယောင်းနဲ့လိုက်မဲ့အရာ​လေးကိုရှာ​နေတုန်း ဆိုင်တစ်ဆိုင်တွင် ​ရောင်စုံချိတ်ဆွဲထား​သော ​ပုံစံမျိုးစုံ ၀တ်ရုံ​လေး​တွေ......သူလည်း ရပ်ကြည့်​နေရင်း ယောင်းအတွက် ၀တ်ရုံ​လေး​​ပေးချင်မိလာသည်။

"ယွန်းဂီ ဂျီဂျီ နမ်ဂျွန်း ခဏ​စောင့်အုံး"

"ဘာဖြစ်လို့လဲ"

သူတို့၃​ယောက်အ​နောက်လှည့်ကြည့်​တော့ ၀တ်ရုံ​တွေနဲ့ ပိတ်စစုံ​ရောင်းသည့်ဆိုင်ထဲ ၀င်သွား​သော ​ဂျောင်ဂု.....

​ဂျောင်ဂု ​ယောင်းနဲ့လိုက်မည့် အ​ရောင်​လေး​တွေကို လိုက်ရှာ​နေမိသည်.....

"အ​ကောင်းဆုံး ၀တ်ရုံထဲကပြ​ပေး"

​ဆိုင်ရှင်ကို​ပြောလိုက်​တော့ ချက်ချင်း အ​ကောင်းဆုံး ၀တ်ရုံတို့ကိုထုတ်ပြသည်......​ဂျောင်ဂုထယ့်အတွက်ရှာ​ပေး​​နေရင်း အပြာ​ရောင်နဲ့ ပန်း​ရောင်စပ်ထား​သော ပိုးသားပမာ နူးညံ့​သော၀တ်ရုံ​လေး ပိုးသား​လေးလိုနူးညံ့တဲ့​ယောင်းနဲ့ ဒီ၀တ်ရုံက လိုက်ဖက်လွန်းမှာ ဧကန်ပင်....

"ဒါ​လေးထည့်​ပေးပါ"

၀တ်ရုံထုပ်ပိုးထားသည့် အထုပ်​လေးပိုက်ကာ အပြင်ထွက်လာ​တော့ ဆိုင်​ရှေ့ရပ်​စောင့်​နေ​သော ဂျီဂျီတို့.....

"အကို​တော် ဒါကဂျီဂျီအတွက်လား"

မျက်လုံး​တောက်​တောက်​လေး​တွေနဲ့ ​ပြောလာ​သော ဂျီမင်းကို ဘုဆက်ဆက်ပြန်ကြည့်လိုက်ပြီး....

"​ယောင်းအတွက်"

ထိုအခါ နှုတ်ခမ်းဆူသွား​သော ညီ​တော်​မောင်

"ဟွန့် အကို​တော်က ​ထယ့်ထယ့်အတွက်ဆိုတာကြီးဘဲ ခုထိလဲထယ်ထယ်နဲ့မ​တွေ့ရဘူး အကိုတော်ဘဲ​တွေ့​နေတယ် အကျင့်ကိုမ​ကောင်းဘူး"

"လိုချင်ရင် ယွန်းဂီ ၀ယ်​ပေးလိုက် ငါ့ညီ​တော်​လေးနဲ့လိုက်မယ့်အ​ရောင်​ရွေး၀ယ်​ပေးလိုက်​နော်"

"မ၀ယ်​ပေးပါဘူး ​ငွေကအလကားရတာမဟုတ်ဘူး"

"ဟွန့် တစ်​ယောက်မှအကျင့်မ​ကောင်းဘူး"

ပန်း​ရောင်၀တ်ရုံ​လေးနဲ့ ​ဂျီမင်း​လေးက​တော့ ​ကောက်သွားပါပြီ....​ရှေ့က​နေတစ်​ယောက်ထဲ​လျှောက်သွား​သော ပုတုတု​လေးကိုကြည့်ကာ အ​နောက်က အကို​တော်​တွေကရီကြသည်.....သူတို့ကို မလှမ်းမကမ်းမှ လူတစ်​ယောက်လိုက်ကြည့်​​နေတာ​တော့ သူတို့မသိ.....

♡

♡

♡               More Than Love

♡

♡

"မယ်မယ့်ရဲ့ က​လေး​လေးက အများကြီး​ပြောင်းလဲ သွားတာဘဲ ကြည့်ပါအုံး"

မယ်မယ်​က​ထယ်​ယောင်းရဲ့ ပါးနုနု​လေး​တွေကိုကိုင်ကာ စကားဆို​တော့ က​လေးငယ်က ​လေး​ထောင့်ဆန်ဆန်အပြုံး​လေးတို့ဖြင့် ရီ​မောသည်။

"ထယ်ထယ်​လေ မယ်မယ့်ကိုလွမ်း​နေတာ..... ​ပြော ဘယ်လူဆိုးက ထယ်တို့ကိုခွဲတာလဲ"

"ဘယ်လူဆိုးမှမခွဲပါဘူး သား​တော်​လေးရဲ့"

"ဟွန်း မယ်မယ်ကသားကိုပစ်ထားတယ် လာ​တောင်​တွေ့ဘူး"

"​နောက်ဆို အမြဲလာ​တွေ့ပြီး ရှည်လာတဲ့ဆံပင်​လေး​တွေကိုဖြီး​ပေးမယ်နော်"

"ဟီးးး မယ်မယ် သား​တော်​လေ နားရွက်​လေး​တွေထွက်​နေပြီသိလား"

"ဟင်"

သူတို့ ၀ံပု​လွေ​တွေက ​မွေးဖွားပြီးကာလမှစ၍ အသက်၁၅အရွယ်ထိ အမြှီးကိုသာ ထုတ်လို့ရပြီး ၁၅​နောက်ပိုင်းတွင် နားရွက်​လေး​တွေထွက်လာပြီ.....ဒီထဲတွင်တော့ ၀ံပု​လွေဖြူတို့မပါ.....ဝံပု​လွေဖြူတို့သည် သူတို့၏ချစ်ရသူကို​တွေ့မှသာ ပထမဆုံးထွက်​ပေါ်လာခြင်းပင်.......ဝံပု​​လွေလုံးလုံး​ပြောင်းလဲလို့ရ​သောအချိန်သည် အသက်၂၀ပြည့်လျှင်ပင်.....(ficအရပါ​နော် အပြင်မှာ​တော့ မဟုတ်ဘူးလို့)

"သား​တော်​လေးက ချစ်ရမဲ့သူရှိ​နေပြီလား"

"ဟင် အာ"

မျက်လုံးတို့ ​တောင်​ရောက်​မြောက်​ရောက်နဲ့ မလှိမ့်တစ်ပတ်လုပ်ချင်​နေ​သော ၀ံပု​လွေဖြူ​လေး

"ငယ်​လေး ဘယ်သူလဲ"

"ဟမ် ဟို.....ဟို"

"ဒီ​လောက် နန်း​ဆောင်ထဲကမထွက်ရတာ ဘယ်လိုလုပ်ချစ်ရသူကရှိ​နေတာလဲ"

"ဟင့် ထယ်ထယ့်ကိုမဆူပါနဲ့ ထယ်ထယ်က ကိုကို့ကိုဘဲချစ်တာငယ်ငယ်ထဲက ခုထိ ကိုကို့တစ်​ယောက်ထဲ-"

"တိတ်စမ်း!!!!!"

အ​နောက်မှ အသံကြား၍ အကုန်လှည့်ကြည့်လိုက်​တော့......

"ခမည်း​တော်"

ထယ်​ယောင်း​လေး သူအပြင်ထွက်လာတာ ခမည်း​တော်သိသွား၍ မယ်မယ် ၀တ်ရုံစ​လေးကို ဆုပ်ကိုင်ကာ မယ်မယ့်​နောက်၀င်ပုန်း​တော့သည်.......

"မင်းကြီးကိုဂါရ၀ပြုပါတယ်"

အခန်းထဲကလူ​တွေအကုန် အရိုအ​​သေး​ပေးမှ သတိတရ သူပါကိုယ်​လေးညွန့်ပြီးအရိုအ​သေ​ပေးကာ သီးခြားထွက်လာ​သောအသံ​လေး

"ဂါရ၀ပြုပါတယ်"

"ဟန်ထယ်​ယောင်း အပြင်ကိုဘယ်သူ့အမိန့်ရလို့ ထွက်လာတာလဲ"

ထိုအခါ အကို​တော်က ​ရှေ့မှကာကာ ၀င်​ပြောသည်...။

"ကျွန်​တော်မျိုး​ခေါ်လာတာပါ မယ်​တော်နဲ့မ​တွေ့ရတာကြာလို့ က​လေးကို​ခေါ်ထုတ်မိတဲ့ ကျွန်​တော်မျိုးကအပြစ်ရှိတာပါ"

"ဟန်ထယ်​ယောင်း မင်းအ​ရှေ့က ကာကွယ်​ပေးမဲ့လူ​တွေများ​နေလို့ လွတ်ထွက်ချင်မ​နေနဲ့ ပြီး​တော့ ငါကိုယ်​တော်ခုဏကကြားလိုက်ပါတယ် နားရွက်​တွေထွက်​နေပြီဆို ​ပြောစမ်း ဘယ်​ကောင်နဲ့လဲ"

ဒူး​ထောက်​နေ​သော ​ဆော့ဂျင်ကို ​ကျော်ကာ ထယ်​ယောင်းရဲ့ လက်​မောင်းကိုဆုပ်ကိုင်​တော့ က​လေးငယ်ကနာလို့ မျက်ရည်​တွေ၀ဲကာ အံကြိတ်ထားသည်....။

"ငါ့သား​တော်ဆိုပြီး ငါကိုယ်​တော်ကိုမခန့်​လေးစားလုပ်​နေတာလား ဟမ် ငါကဘုရင် ငါ​မေးရင်​ဖြေ ဘယ်​ကောင်ကမင်းနှလုံးသားထဲရှိ​နေတာလဲ ​ပြောစမ်း!!!"

"မ.....မရှိပါဘူး အင့်"

"လိမ်​နေတာ မင်းနားရွက်​တွေထွက်လာတာ မင်းချစ်ရမဲ့သူရှိ​နေလို့​ပေါ့ မ​ပြောဘူးလား"

ထယ်​ယောင်း​လေး သူ့ခမည်း​တော်ရဲ့ ယခုလို​​ဒေါသထွက်​နေပုံကို မ​တွေ့ဘူး ​​ကြောက်လွန်း၍ မျက်ရည်များကျကာ နှုတ်ခမ်းဖျားတို့တုန်ရီ​နေသည်.....။

"ကို.......ကိုကို့ကို သတိရမိသွားလို့ပါ"

"၀န်ဟီး ငါ့ကိုဓါး​ပေးစမ်း သား​တော်ရဲ့ နှလုံးသားထဲရှိတဲ့အ​ကောင်ကိုခွဲထုတ်ပစ်မယ်"

ထိုအခါမယ်​မယ်က  ခမည်း​တော်လက်ထဲကသူ့လက်​မောင်းကိုဆွဲယူကာ သူမ​နောက်ပို့လိုက်သည်.....။

"မင်းကြီးက​လေးကိုဆုံးမချင်ရင် ပါးစပ်နဲ့ဆုံးမပါ အခုလိုလုပ်​တော့ သား​တော်​လေး ဘယ်​လောက်​​ကြောက်​နေမလဲ"

"​အေး မိဖုရားတို့ ဒီသားငယ်ကို ကျပ်ကျပ်အလိုလိုက်ပြီး ​ရှေ့က​နေကာကွယ်​​ပေး​နေကြ ​တောက်"

​ဒေါသတို့ထွက်ကာ ထွက်သွား​​သော မင်းကြီးသည် သားငယ်ကိုတကယ်ရင်ခွဲပြီးနှလုံး​ဖောက်မည့်ပုံ......

"အီးးး မယ်မယ် ထယ်ဘာအမှားလုပ်လို့ ခမည်း​တော်ကစိတ်ဆိုး​နေတာလဲဟင် ထယ်ကကိုကို့ကို ငယ်ငယ်ထဲကချစ်မိ​နေတာကအပြစ်လားဟင်"

"မဟုတ်ပါဘူးသား​တော်​လေးကို ခမည်း​တော်​ကော မယ်​တော်​ကော အကို​တော်​ကောက အရမ်းချစ်တာ​လေ မယ်​တော်နဲ့ အကို​တော်က ထယ့်အ​ရှေ့မှာ အမြဲရှိတယ်​နော် မငို​တော့နဲ့"

"ငယ်​လေး ဖြစ်နိုင်ရင်အဲ့ကိုကိုဆိုတဲ့​ကောင်ကို​မေ့လိုက်​တော့"

"ဟင် ​မေ့ဘူး"

မျက်​စောင်းထိုး​သော က​လေးငယ်သည် ခုဏက​ကြောက်၍ ငို​နေ​သော က​လေး​ကော ဟုတ်ပါ​လေစွ......

မယ်​တော်နဲ့စကား​တွေ​ပြောပြီး ထယ်​ယောင်း​လေး နန်း​ဆောင်သို့လိုက်ပို့​သော လမ်းတွင် ဟိုနေ့ကငယ်​လေးအ​ဆောင်နား​တွေ့လိုက်ပါ​သော စပ်စုစိန် တရုတ်ကိုယ်စားလှယ်တို့နဲ့​တွေ့သည်.......​ဘေးကငယ်​လေးက ထိုထဲမှအဓိကကျ​သော ကိုယ်စားလှယ်​ကောင်ကိုကြည့်ပြီး ပြုံးပြကာ အနားသို့သွားရန်လုပ်​တော့ ​ဆော့ဂျင်လက်မှကိုင်ဆွဲလိုက်သည်။

♡

♡

♡           More Than Love

♡

♡

​ဂျောင်ဂုတို့ နန်း​တော်သို့ပြန်​ရောက်ပြီး နန်း​ဆောင်ဆီအသွားတွင် ​ယောင်းနဲ့သူ့အကိုဆိုသူကို​တွေ့သည်.....​ယောင်းအကိုကအရင်တိုင်း မျက်နှာကစူပုတ်လျက် ​ယောင်းရဲ့မျက်နှာ​လေးကလဲ နီရဲ​နေတာ စ​တော်ဘယ်ရီသီး​လေးလို မျက်လုံး​လေး​တွေက မို့အစ်​နေ၍ စိတ်ပူသွားရသည်။က​လေးငယ်ကသူ့ကိုမြင်​တော့ ပြုံးရယ်ပြီး ​ပြေးလာရန်လုပ်​တော့ အကို​တော်ဆိုသူကဆွဲထားသည်

က​လေးငယ်ကလာမရ​တော့ သူကိုယ်တိုင်သာ ​လျှောက်သွားလိုက်သည်။​နောက်ကဂျီဂျီတို့ကလဲ လိုက်လာသည်။

"ဒီကမင်းသားနဲ့ မ​တွေ့တာ​တောင်ကြာပြီ"

"ငါတို့ဆက်ဆံ​ရေးက ခုလိုစကားရပ်​ပြောရ​လောက်တဲ့ထိမခင်ဘူးထင်တယ်"

"အာ ဟုတ်သားဘဲ မင်းသားနဲ့မခင်ဘူးကို ဒါနဲ့ဒီအလှ​လေးကို မ​တွေ့ဘူးဘူး​ရော"

မသိသလို​မေးလိုက်​တော့ ​ယောင်းကိုသူ့​နောက်ပို့ကာ မျက်လုံးကျွတ်ကျမတတ် သူ့ကိုစူးစိုက်ကြည့်လာ​သော ​အနာဂတ်မှယောက်ဖ​တော်......

"ထယ်ထယ်"

ဂျီဂျီ​လေးက ​ယောင်းကိုကြည့်ပြီးထ​အော်​တော့ အကုန်လုံးရဲ့အာရုံက သူ့ဆီသို့.......

"ထယ် အွန့် ဝါးးး"

ပါးစပ်ကိုအမြန်လှမ်းပိတ်ကာ ဆွဲ​ခေါ်သွား​သော ယွန်းဂီ

အရိပ်အ​ခြေနားမလည်​သော ဂျီမင်း​လေးဟာ ခုထိနန်းတွင်းအ​ကြောင်းလဲဘာမှမသိ.....

"ကျွန်​တော်မျိုးညီက လူမှားတာဖြစ်မှာပါ"

"ရပါတယ် ငယ်​လေး လာသွားမယ်"

​ယောင်းလက်ကို ကိုင်ကာ ထွက်သွား​တော့မည့်လူကို ​ရှေ့မှထပ်ကာပိတ်၍တားလိုက်သည်။

"ဘာထပ်ဖြစ်ပြန်ပြီလဲ"

"ဟိုအ​နောက်က က​လေး​ရော့ ကိုယ်လက်​ဆောင်​ပေးတာ"

"ဟီးးး ​ကျေးဇူးတင်ပါတယ်"

ကိုကို့လက်ထဲက အထုပ်​လေးကို လှမ်းယူ​တော့ အကို​တော်က​မျက်​စောင်းထိုးသည်။

"မယူနဲ့ပြန်​ပေးလိုက်"

"မ​ပေးပါဘူး လက်​ဆောင်​ပေးရင် ယူရတယ်"

"အကို​တော်ကဒီထက်​ကောင်းတာ၀ယ်​ပေးမယ် ပြန်​ပေးလိုက်"

"ဟင့်အင်း မ​ပေးပါဘူးဆို"

"ငယ်​လေး!!"

ရုတ်တရက် ထ​အော်​သော အကို​တော်​ဆိုသူကြောင့် ​ယောင်းရဲ့ခန္ဓာကိုယ်​လေး တုန်တက်သွားသည်။

"ဒီမှာ က​လေးကိုမ​အော်နဲ့ ခင်လို့လက်​ဆောင်​ပေးတာ ဘဲ​လေ လမ်း​ဘေးက​ကောက်လာတာမှမဟုတ်တာ လူမှု​ရေးနားမလည်ဘူးလား"

နမ်ဂျွန်းက၀င်​ပြော​တော့ ​ဒေါသတို့သည် သူ့​ပေါ်ပုံကျလာသည်......

"မင်း ငါ့ကိုခုလို​ပြော​နေတာ ​သေဒဏ်ကျနိုင်တာသိလား"

"အမှန်တိုင်း​ပြောတာက ​သေဒဏ်ကျနိုင်တဲ့အထိလား"

သူတို့၂​ယောက်ကစကားများလို့​ကောင်း​နေတာ ​ဘေးက ​ဂျောင်ဂုနဲ့​ထယ်​ယောင်း​လေးက အကြည့်ချင်းဆုံကာ ပြုံးရယ်​နေကြသည်.....။

"ငယ်​လေး လာပြန်မယ် ဒီဘာမဟုတဲ့ ကိုယ်စားလှယ်​တွေနဲ့ အ​ပေါက်အလမ်းကိုမတည့်ဘူး"

​ယောင်းရဲ့လက်ကိုဆွဲကာထွက်သွား​သော မင်းသား​ဆော့ဂျင်သည် ​ဂျောင်ဂု​ပေးလိုက်တဲ့ လက်​ဆောင်ကိုသတိမရသည့်ပုံပင်......က​လေးငယ်က​တော့ သူ့ကိုလှည့်ကြည့် လှည့်ကြည့်နဲ့။

♡

♡

♡             More Than Love

♡

♡

"အူးးး ဝါးးး ဂျီဂျီ့ပါးစပ်ကို ဘာလို့ပိတ်တာတုန်း"

"အ​ရိပ်အကဲမှမသိတာ မင်းက"

"ထယ်ထယ့်ကို​တွေ့တာ ဘယ်လိုလုပ် အရိပ်အကဲ​တွေနားလည်ပါ​တော့မလဲ အူးးးဝါးးး အကို​တော်ယွန်းဂီက ကျင့်မ​ကောင်းဘူး သူများသူငယ်ချင်း​လေးနဲ့ ​တွေ့ရတာကို"

"​အေးငါကအကျင့်မ​ကောင်းဘူး"

​ပြောပြီး လှည့်ထွက်သွား​​သော ​ရေခဲတုံးကြီး.....ဂျီမင်း​လေး ​​ဒေါသ​တွေထွက်ကာ လက်နဲ့ရွယ်ပြီး ရိုက်မည်ပြု​တော့ ချက်ချင်းလှည့်လာသည့် လူ့ဂွစာ.....

"ဘာဖြစ်​နေတာလဲ"

"ဟို...ဟိုအကို​တော်ယွန်းဂီ​ခေါင်း​ပေါ်မှာ အမှိုက်စ​တွေ့လို့​လေ"

"​အေး​အေး ကျပ်ကျပ်သတိထား​နေ​နော် အ​ကောင်​ပေါက်"

"ဟီးးးး ဂျီဂျီ ဘာမှလုပ်ဘူး​လေ"

♡

♡

♡                More Than Love

♡

♡

မင်းကြီးသည် လွန်စွာ​ ​ဒေါသတို့ထွက်​နေ​လေပြီ.....

သားငယ်ကိုအမြဲ​စောင့်ကြည့်​နေပါလျက် နားရွက်ကထွက်လာတယ်ဆို​တော့ ဘယ်​လောက်စိုးထိတ်သွားရသလဲ.....ဒါဟို​နေ့က​တွေ့တဲ့ လုကိုယ်စားလှယ်​ကြောင့်ဟုသာ စိတ်ထဲစွဲ​နေသည် ကိုကိုဆိုတဲ့အ​​ကောင်ကိုလဲအမှုန့်ကြိတ်ရင်ကြိတ်မကြိတ်ရင် ​သွေးစုတ်ချင်​နေ​လေပြီ......

​မြေလှန်ရှာတာ​တောင် မ​တွေ့ ဘယ်များအပုန်း​ကောင်း​နေပြီလဲမသိ ​တွေ့တဲ့​နေ့​တော့ အလွတ်မ​ပေးဘူး ငါ့သားရဲ့နှလုံးသားကိုခိုးသွားတဲ့အ​ကောင်.....

"၀န်ဟီး သား​တော်ကို ​နောက်အပတ်ထဲ လက်တွဲ​ဖော်​တွေ့မို့ ပြင်ဆင်ထားလိုက်"

"အမိန့်အတိုင်းပါ မင်းကြီး"

TBC

#More Than Love

#Yung(김영챌)

ကဲ မုန်စတိုင်းပိစိ​လေး​တွေ လာ​တော့မယ်​နော် အချိုကြီးဘဲ​ကျွေး​နေ​တော့ အီ​နေ​ရော​ပေါ့😚

More Than Love​လေးက်ုဖတ်ရှု​ပေးကြတဲ့ တစ်ဦးတစ်​ယောက်ချင်းစီတိုင်းကို​​ချစ်ခင်​လေးစားလျက်ကျေးဇူးတင်ပါတယ်🙆🏻‍♀️💜💜💜💜💜

♡Zawgyi♡

ထယ္​ေယာင္းငယ္​ေလး အိပ္​ေဆာင္ထဲက အျပင္မထြက္တာ တစ္ပတ္ပင္ျပည့္ၿပီ.....Heatကာလကၾကာတာလဲပါၿပီး ကိုကိုႏွိပ္စက္ထားတဲ့ ဒဏ္​ေတြ​ေၾကာင့္​ပါ မထႏိုင္ျဖစ္သြားရသည္......။ဒီတစ္ပတ္အတြင္း ကိုကိုကသူ႕ဆီ​ေပၚမလာ အျပင္ကိုျပတင္း​ေပါက္ခ်ပ္မွ လွမ္းၾကည့္​ေတာ့ ရဲမက္​ေတြကပိုမ်ားလာသလိုပင္.....

"ဟင့္ ဘာလို႔အဲ့​ေလာက္မ်ား​ေနရတာလဲ သိဘူးး ကိုကိုကလဲ မလာဘူး သူမ်ားကိုစားတုန္းကစားၿပီး"

မ်က္ႏွာ​ေလးဆူပုတ္ကာ အျပင္သို႔ထြက္လာခဲ့သည္.....ခုသူလမ္း​ေသခ်ာေလွ်ာက္လို႔ရ​ေနၿပီပင္.....

"အထိန္း​ေတာ္ႀကီး ​​ေယာင္းဆီ မဟုတ္ဘူး ထယ့္ဆီ အကို​ေတာ္ကို​ေခၚ​ေပး"

​ေယာင္းဆိုတဲ့သူ၏အမည္နာမသည္ ကိုကို႔အတြက္သာ....

"အမိန္႔တိုင္းပါ မင္းသား​ေလး"

အထိန္း​​ေတာ္ႀကီးက အ​​ေစခံ​ေကာင္မ​ေလးနားကပ္ကာ  စကားကပ္​ေျပာၿပီး မၾကာ​ေကာင္မ​ေလးက ထြက္သြားတယ္....သူလဲ ​ေရကန္နားက ဖား​​ေသး​ေသးေလး​ေတြကို​ေတြ႕တာ​ေၾကာင့္ ငယ္ဘ၀ကိုပင္ သတိရသြားသည္။သူငယ္ငယ္က ဖား​ေလး​ေတြလို ကုန္းကြကြနဲ႔လိုက္ဖမ္းတာမဟုတ္ပါလား......ထိုအခါ အၿမႇီး​ေလးထြက္လာလို႔ ဖား​ေလး​ေတြကလန္႔ၿပီး​ေျပးၾက​ေကာ....ခုလဲ ထိုဖား​ေလး​ေတြနားသြားၿပီး ကုန္းကြကြႏွင့္။

"ခစ္ခစ္ အထိန္း​ေတာ္ႀကီး သူတို႔ကို​ ဖမ္း​ေပး"

"မင္းသား​ေလး ဖား​ေတြကိုမဖမ္းသင့္ပါဘူး"

"ဘာျဖစ္လို႔လဲ ထယ္သူတို႔ကို အခန္းထဲက မွန္​ေဘာင္ထဲထည့္ထားခ်င္တယ္"

"မင္းသား​ေလး သူမ်ားမိသားစုကို မခြဲသင့္ပါဘူး"

"ခြဲ​ေတာ့ဘာျဖစ္လဲ"

"မင္းသား​ေလးကို သူတို႔က လူဆိုးႀကီးလို႔ ျမင္ကုန္ၾကပါလိမ့္မယ္"

"အဲ့တာဆို သူမ်ားမိသားစုကိုခြဲရင္ လူဆိုးႀကီး​ေပါ့"

"မွန္ပါတယ္မင္းသား​ေလး"

"အဲ့တာဆို ထယ္နဲ႔မယ္မယ့္ကိုခြဲတာ​ေကာ ဘယ္သူလဲ အဲ့လူဆိုးကို သြားအစြယ္​ေတြနဲ႔ကိုက္ပစ္မယ္"

သူ႕သြားအစြယ္​ေလး​ေတြကို ျပကာ ၾကဳံးဝါး​ေန​ေသာ က​ေလးငယ္ကို မိဖုရားနဲ႔မင္းသား​ေလးကို ခြဲတာဘုရင္မင္းျမတ္ပါလို႔ ​ေျပာလိုက္ရင္ ၿငိမ္ကုပ္သြားမလား......

"ငယ္​ေလး"

"ဟာ အကို​ေတာ္"

ဖား​ေလး​ေတြကို ကုန္းကုန္းကြကြၾကည့္​ေနရင္း အကို​ေတာ္​ေဆာ့ဂ်င္ရဲ႕​ေခၚသံ​ေၾကာင့္ အ​ေျပးထကာ အကို​ေတာ္လက္​ေမာင္းကို​ေျပးဖက္တြယ္ၿပီး ​ေခါင္း​ေလးနဲ႔ပြတ္သပ္ကာ ခြၽဲသည္......။

"ဘာလိုခ်င္လို႔ အကို​ေတာ္ကိုခြၽဲ​ေနရတာလဲ ​ေျပာပါအုံး"

သြားတန္းျဖဴျဖဴ​ေလး​ေတြကိုစီရီကာ ျပဳံးျပလာ​ေသာက​ေလးငယ္​ေလးသည္ သူ၏ခ်စ္ရစြာ​ေသာ အသဲအသက္​ေလးပင္......

"ထယ့္ကို မယ္မယ္ဆီ​ေခၚသြားပါ​ေနာ္"

"ခမည္း​ေတာ္က အျပင္မထြက္ရဘူးလို႔ အမိန္႔​ေပးထားတယ္​ေလ ငယ္​ေလးရဲ႕"

"ဟင့္အင္း ဟင့္အင္း ခမည္း​ေတာ္ကထယ့္ကိုဆူမွာမဟုတ္ပါဘူး တစ္ခါ​ေလာက္ဘဲ မယ္မယ့္ဆီ​ေခၚသြားပါ​ေနာ္ ထယ္လြမ္း​ေနၿပီ"

"အင္းအင္း"

​ေဆာ့ဂ်င္တစ္​ေယာက္ သူ႕ရဲ႕ညီငယ္​ေလးကို မႏိုင္.....

ဒီက​ေလးခြၽဲရင္လဲ သူ႕မွာအလိုလိုက္မိျပန္​ေကာ မ်က္ႏွာတစ္ခ်က္မဲ့​ေအာင္ မထား​ မွည့္တစ္​ေပါက္​ေတာင္ အစြန္းမခံႏိုင္ပါ......ဒါ​ေလးက သူတို႔ရဲ႕ ၀ံပု​​ေလြေနာက္ဆုံး မ်ိဳးဆက္​ေလးမဟုတ္လား ၿပီး​ေတာ့​ေယာက်္ား​ေလး႐ွားပါး၀ံပု​ေလြျဖဴပင္ ဒါ​ေၾကာင့္စိတ္မခ်ပါ....

ထယ္​ေယာင္း​ေလး လက္ကိုဆြဲကာ အျပင္ထြက္​​ေတာ့ အ​ေနာက္ကအထိန္း​ေတာ္ႀကီးက အ​ေျပးလိုက္သည္။

ငယ္​ေလးရဲ႕ နန္း​ေဆာင္အထြက္​ေပါက္​ေရာက္​ေတာ့ လွံ​ေတြနဲ႔ ကာရံကာ ထြက္ခြင့္မ​ေပး​ေသာ ရဲမတ္မ်ား.....

"ဖယ္"

"မင္းႀကီးအမိန္႔အရ မင္းသား​ေလးကအျပင္ထြက္ခြင့္မ႐ွိပါဘူး"

"မင္းသားရဲ႕အကိုျဖစ္တဲ့ ငါကိုယ္တိုင္ပါတာမို႔ ခမည္း​ေတာ္က စိတ္ခ်လို႔ရတယ္"

"​ေတာင္းပန္ပါတယ္ မင္းသား"

လုံး၀မဖယ္​ေပး​ေသာ ရဲမတ္တို႔ကိုင္ထားသည့္ လွံကို သူလြယ္ထားတဲ့ ဓါးအိမ္ထဲမွဓါးကိုဆြဲထုတ္ကာ ​ေဝွ႔ရမခးၿပီး ဖယ္လိုက္​ေတာ့မွ လွံအစုံသည္ ​ေျမ​ေပၚက်​ေရာက္သြားသလို ​ေဆာ့ဂ်င္လည္း ထယ္​ေလးလက္ကိုဆြဲကာ ​မယ္​ေတာ့အ​ေဆာင္ဆီ ​ေျပးထြက္လာၾကသည္။

♡

♡

♡           More Than Love

♡

♡

ခုဆို ၿမိဳ႕ျပင္ကိုထြက္လာေနၾက​ေသာ တ႐ုတ္ျပည္မွလာ​သည့္ ကိုယ္စားလွယ္တို႔......သူတို႔အတြက္ဒီ​ေနရာ ဒီ​ေဒသက အကုန္​ေရာက္ဘူးၿပီးသားပင္......ခု​သူတို႔ ​ေလွ်ာက္လာတာက​ေတာ့ ဦးရီး​ေတာ္ဆီပင္......ဦးရီး​ေတာ္နဲ႔ စာနဲ႔တစ္ဆင့္သာအဆက္အသြယ္႐ွိခဲ့တာ မ​ေတြ႕တာဘယ္​ေလာက္ၾကာၿပီလဲ......အိမ္​ေတာ္​ေ႐ွ႕​ေရာက္​ေတာ့ တံခါးခ်ပ္ကိုတြန္းဖြင့္ကာ ၀င္လာ​ေသာ ​ေဂ်ာင္ဂုနဲ႔ ဂ်ီမင္း​ေလး......နမ္ဂြၽန္းတို႔ ယြန္းဂီတို႔က သူတို႔အိမ္​ေတာ္ဆီျပန္သြားသည္။ၿမိဳ႕​ေတာ္ထဲ လိုက္ျပ​ေပးမယ္ဆိုတဲ့ လူကိုလဲ ​ေငြစအနည္းငယ္​ေပးၿပီး သူတို႔ကိုလိုက္ျပ​ေပးစရာမလို​ေၾကာင္း​ေျပာခဲ့သည္။

"ဦးရီး​ေတာ္"

​​ဂ်ီမင္း​ေလး အိမ္​ေတာ္ထဲ​ေျပးလႊားကာ ​ေအာ္​ေခၚ​​ေတာ့ အိမ္အ​ေနာက္မွ ထြက္လာ​ေသာ ဦးရီး​ေတာ္....အသက္​ေတြ ႀကီးလာတာ​ေတာင္ ဆံခ်ည္မွ်င္တစ္ေမႊး​ေတာင္မျဖဴ  မသိလွ်င္ လူငယ္ပုံစံအတိုင္းသာ.....တူ​ေတာ္​ေမာင္​ေတြနဲ႔ သူငယ္ခ်င္းလို႔​ေတာင္ ထင္ရ​ေအာင္ ႏုပ်ိဳ​ေနတာ

"​ဂုဂုနဲ႔ ဂ်ီဂ်ီ​ေလး"

​ဂ်ီမင္း​ေလးက ​ေျပးဖက္တြယ္ကာ မ်က္ႏွာအႏွံ႔လိုက္နမ္း​ေနတာ ခုထိက​ေလးစိတ္မကုန္​ေသးဘူး......

"အမယ္​ေလး ဂ်ီဂ်ီရယ္ ​ေတာ္ပါ​ေတာ့ ဦးရီး​ေတာ္ကိုဖက္ထားတာ အ႐ိုး​ေတြက်ိဳး​ေတာ့မယ္"

"ဂ်ီဂ်ီက လြမ္း​ေနလို႔ကို ဦးရီး​ေတာ္ကလဲ"

"ကဲလာလာ အိမ္ထဲ၀င္ၾက ​ေဟးးး မင္းတို႔အကို​ေလး​ေတြအတြက္ တစ္ခုခုျပင္လာ​ေပးၾကအုံး"

"ဟုတ္ကဲ့ပါ သခင္ႀကီး"

အိမ္ထဲ၀င္ကာ ၃​ေယာက္သားစုထိုင္ရင္း တ႐ုတ္မွာဘယ္လို​ေတြ​ေနခဲ့ရတဲ့ အ​ေၾကာင္း​ေျပာျပသည္.....ၿပီး​ေနာက္ ဘုရင့္နန္း​ေတာ္ထဲတြင္​ေန​ေနၿပီး မၾကာခင္ျပန္​ေတာ့မည့္အ​ေၾကာင္းပါ ​ေျပာျပ​ေတာ့ ဦးရီး​ေတာ္ဟို​ေဆာ့က ျပဳံးရယ္သည္.....။

"ငါ့တူ​ေတာ္​ေတြက တစ္အား​ေခ်ာလာၿပီး ငယ္ငယ္ကလို ​ေသး​ေသး​ေလး​ေတြမဟုတ္​ေတာ့ပါလား"

"ဂ်ီဂ်ီက ​ေသး​ေသး​ေလးဘဲ႐ွိ​ေသးတာ​ေလ ဦးရီး​ေတာ္ရဲ႕"

"ဘာ​ေသးတာလဲ ဂ်ီဂ်ီရဲ႕ ဦးရီး​ေတာ္ကို​ေျပာပါအုံး"

"ဟာ လူ​ေကာင္​ေသးတယ္​ေျပာတာ ဘာထင္​ေနၾကတာလဲ"

"ဟားးးဟားးး ဟုတ္ပါၿပီဗ်ာ"

ည​ေန​ေရာက္မွ ျပန္မည္ျဖစ္တာ​ေၾကာင့္ ​ေအး​ေဆးစကား​ေတြ​ေျပာျဖစ္ၾကသည္.....ဦးရီး​ေတာ္ကို သူပညာ​ေတြအမ်ားႀကီးသင္ယူ​ေနၿပီး ဓါး​ေရးလွန္​ေရးတင္မက တ႐ုတ္ရဲ႕ လက္နက္​ေတြကိုပါကိုင္ခြင့္႐ွိသူျဖစ္​ေၾကာင္းႏွင့္ ထိုလက္နက္ကိုင္ပုံကိုက္နည္း​ေတြကအစတတ္​ေျမႇာက္​ေၾကာင္း ႐ွင္းျပသည္.....။

"ကြၽန္​​ေတာ္ျပန္ရင္ ​ေယာင္းကိုပါ​ေခၚသြားမွာ"

ထိုအခါ ဦးရီး​ေတာ္၏ျပဳံးရယ္​ေန​ေသာ မ်က္ႏွာ​သည္အနည္းငယ္ပ်က္ယြင္းသြားတာ ​ေဂ်ာင္ဂုျမင္လိုက္ပါသည္။

"​အဲ့က​ေလးငယ္ကို ခုထိမ​ေမ့​ေသးဘူးလား"

"ဘယ္လိုလုပ္​ေမ့ႏိုင္မွာလဲ"

"၁၃ႏွစ္ၾကာခဲ့တာ​ေတာင္​ေလ"

"ကြၽန္​ေတာ္တို႔ တူတူ​ေနခဲ့ၾကတယ္"

"ဘယ္လို!!!"

အလန္႔တၾကားျဖစ္သြား​ေသာ ဦးရီး​ေတာ္သည္ တအံ့တၾသျဖစ္​ေနသည္။

"ဟုတ္တယ္ ​ေယာင္းနဲ႔ကြၽန္​ေတာ္တူတူ​ေနခဲ့ၾကၿပီးၿပီ အဲ့တာ​ေၾကာင့္ ​ေယာင္းကကြၽန္​ေတာ့ရဲ႕  လက္တြဲ​ေဖာ္ဘဲ ျပန္တဲ့အခါ မရရ​ေအာင္​ေခၚသြားမယ္"

"သူ႕နန္း​ေဆာင္က​ေန​ေတာင္မထြက္ရဘူးလို႔ သတင္း​ေတြထြက္​ေနတဲ့ က​ေလးကို မင္းဘယ္လိုမ်ား အမယ္​ေလး ငါ​ေခါင္းကိုက္လာၿပီး"

"​ေယာင္းအ​ေဆာင္ဆို ခိုးသြားတာ​ေပါ့ ရဲမက္​ေတြကအမ်ားႀကီး​ေလ"

"မင္း​ေတာ့ ​ေသြးအစုတ္ခံရ​ေတာ့မွာဘဲ လူသားမဟုတ္တဲ့ မ​ေကာင္းဆိုးဝါးရဲ႕ သားနဲ႔မွ တူတူ​ေနရတယ္လို႔"

"ကြၽန္​ေတာ္​ေယာင္းကိုခ်စ္တာမို႔ လက္လႊတ္မွာမဟုတ္ဘူး ၿပီး​ေတာ့ ကြၽန္​ေတာ့ခမည္း​ေတာ္နဲ႔ မယ္​ေတာ္​ေသရတာ ​ေယာင္းခမည္းေတာ္ေၾကာင့္ ​ေယာင္းနဲ႔မွမဆိုင္တာ"

​ေယာင္းဆိုတဲ့ နာမည္​ေလးကို အထပ္ထပ္​ေခၚကာ ​ေျပာ​ေနမိသည္.....​ေယာင္းနဲ႔အတူတူ​ေနၿပီး ​ေနာက္ရက္​ေတြသြား​ေသာ္လဲ ရဲမက္​ေတြက ​ေနရာ​ေထာင့္​ေစ့မခ်န္ ​ေစာင့္​ေနတာ​ေၾကာင့္ အခြင့္မသာ......ဒါပင္မဲ့ သူျပန္လွ်င္​ေတာ့ ရ​ေအာင္​ေခၚထုတ္သြားမည္ပင္......ည​ေန​ေစာင္း နန္း​ေတာ္ထဲ ျပန္လာ​ေတာ့ လမ္းတြင္ ​ေစ်းတန္း​ေလး​ေတြကိုျဖတ္ရတာ​ေၾကာင့္ ဂ်ီဂ်ီက ဟိုၾကည့္ဒီၾကည့္ျဖင့္ ​​သူကိုယ္တိုင္လဲ ​ေယာင္းနဲ႔လိုက္မဲ့အရာ​ေလးကို႐ွာ​ေနတုန္း ဆိုင္တစ္ဆိုင္တြင္ ​ေရာင္စုံခ်ိတ္ဆြဲထား​ေသာ ​ပုံစံမ်ိဳးစုံ ၀တ္႐ုံ​ေလး​ေတြ......သူလည္း ရပ္ၾကည့္​ေနရင္း ေယာင္းအတြက္ ၀တ္႐ုံ​ေလး​​ေပးခ်င္မိလာသည္။

"ယြန္းဂီ ဂ်ီဂ်ီ နမ္ဂြၽန္း ခဏ​ေစာင့္အုံး"

"ဘာျဖစ္လို႔လဲ"

သူတို႔၃​ေယာက္အ​ေနာက္လွည့္ၾကည့္​ေတာ့ ၀တ္႐ုံ​ေတြနဲ႔ ပိတ္စစုံ​ေရာင္းသည့္ဆိုင္ထဲ ၀င္သြား​ေသာ ​ေဂ်ာင္ဂု.....

​ေဂ်ာင္ဂု ​ေယာင္းနဲ႔လိုက္မည့္ အ​ေရာင္​ေလး​ေတြကို လိုက္႐ွာ​ေနမိသည္.....

"အ​ေကာင္းဆုံး ၀တ္႐ုံထဲကျပ​ေပး"

​ဆိုင္႐ွင္ကို​ေျပာလိုက္​ေတာ့ ခ်က္ခ်င္း အ​ေကာင္းဆုံး ၀တ္႐ုံတို႔ကိုထုတ္ျပသည္......​ေဂ်ာင္ဂုထယ့္အတြက္႐ွာ​ေပး​​ေနရင္း အျပာ​ေရာင္နဲ႔ ပန္း​ေရာင္စပ္ထား​ေသာ ပိုးသားပမာ ႏူးညံ့​ေသာ၀တ္႐ုံ​ေလး ပိုးသား​ေလးလိုႏူးညံ့တဲ့​ေယာင္းနဲ႔ ဒီ၀တ္႐ုံက လိုက္ဖက္လြန္းမွာ ဧကန္ပင္....

"ဒါ​ေလးထည့္​ေပးပါ"

၀တ္႐ုံထုပ္ပိုးထားသည့္ အထုပ္​ေလးပိုက္ကာ အျပင္ထြက္လာ​ေတာ့ ဆိုင္​ေ႐ွ႕ရပ္​ေစာင့္​ေန​ေသာ ဂ်ီဂ်ီတို႔.....

"အကို​ေတာ္ ဒါကဂ်ီဂ်ီအတြက္လား"

မ်က္လုံး​ေတာက္​ေတာက္​ေလး​ေတြနဲ႔ ​ေျပာလာ​ေသာ ဂ်ီမင္းကို ဘုဆက္ဆက္ျပန္ၾကည့္လိုက္ၿပီး....

"​ေယာင္းအတြက္"

ထိုအခါ ႏႈတ္ခမ္းဆူသြား​ေသာ ညီ​ေတာ္​ေမာင္

"ဟြန္႔ အကို​ေတာ္က ​ထယ့္ထယ့္အတြက္ဆိုတာႀကီးဘဲ ခုထိလဲထယ္ထယ္နဲ႔မ​ေတြ႕ရဘူး အကိုေတာ္ဘဲ​ေတြ႕​ေနတယ္ အက်င့္ကိုမ​ေကာင္းဘူး"

"လိုခ်င္ရင္ ယြန္းဂီ ၀ယ္​ေပးလိုက္ ငါ့ညီ​ေတာ္​ေလးနဲ႔လိုက္မယ့္အ​ေရာင္​ေ႐ြး၀ယ္​ေပးလိုက္​ေနာ္"

"မ၀ယ္​ေပးပါဘူး ​ေငြကအလကားရတာမဟုတ္ဘူး"

"ဟြန္႔ တစ္​ေယာက္မွအက်င့္မ​ေကာင္းဘူး"

ပန္း​ေရာင္၀တ္႐ုံ​ေလးနဲ႔ ​ဂ်ီမင္း​ေလးက​ေတာ့ ​ေကာက္သြားပါၿပီ....​ေ႐ွ႕က​ေနတစ္​ေယာက္ထဲ​ေလွ်ာက္သြား​ေသာ ပုတုတု​ေလးကိုၾကည့္ကာ အ​ေနာက္က အကို​ေတာ္​ေတြကရီၾကသည္.....သူတို႔ကို မလွမ္းမကမ္းမွ လူတစ္​ေယာက္လိုက္ၾကည့္​​ေနတာ​ေတာ့ သူတို႔မသိ.....

♡

♡

♡               More Than Love

♡

♡

"မယ္မယ့္ရဲ႕ က​ေလး​ေလးက အမ်ားႀကီး​ေျပာင္းလဲ သြားတာဘဲ ၾကည့္ပါအုံး"

မယ္မယ္​က​ထယ္​ေယာင္းရဲ႕ ပါးႏုႏု​ေလး​ေတြကိုကိုင္ကာ စကားဆို​ေတာ့ က​ေလးငယ္က ​ေလး​ေထာင့္ဆန္ဆန္အျပဳံး​ေလးတို႔ျဖင့္ ရီ​ေမာသည္။

"ထယ္ထယ္​ေလ မယ္မယ့္ကိုလြမ္း​ေနတာ..... ​ေျပာ ဘယ္လူဆိုးက ထယ္တို႔ကိုခြဲတာလဲ"

"ဘယ္လူဆိုးမွမခြဲပါဘူး သား​ေတာ္​ေလးရဲ႕"

"ဟြန္း မယ္မယ္ကသားကိုပစ္ထားတယ္ လာ​ေတာင္​ေတြ႕ဘူး"

"​ေနာက္ဆို အၿမဲလာ​ေတြ႕ၿပီး ႐ွည္လာတဲ့ဆံပင္​ေလး​ေတြကိုၿဖီး​ေပးမယ္ေနာ္"

"ဟီးးး မယ္မယ္ သား​ေတာ္​ေလ နား႐ြက္​ေလး​ေတြထြက္​ေနၿပီသိလား"

"ဟင္"

သူတို႔ ၀ံပု​ေလြ​ေတြက ​ေမြးဖြားၿပီးကာလမွစ၍ အသက္၁၅အ႐ြယ္ထိ အၿမႇီးကိုသာ ထုတ္လို႔ရၿပီး ၁၅​ေနာက္ပိုင္းတြင္ နား႐ြက္​ေလး​ေတြထြက္လာၿပီ.....ဒီထဲတြင္ေတာ့ ၀ံပု​ေလြျဖဴတို႔မပါ.....ဝံပု​ေလြျဖဴတို႔သည္ သူတို႔၏ခ်စ္ရသူကို​ေတြ႕မွသာ ပထမဆုံးထြက္​ေပၚလာျခင္းပင္.......ဝံပု​​ေလြလုံးလုံး​ေျပာင္းလဲလို႔ရ​ေသာအခ်ိန္သည္ အသက္၂၀ျပည့္လွ်င္ပင္.....(ficအရပါ​ေနာ္ အျပင္မွာ​ေတာ့ မဟုတ္ဘူးလို႔)

"သား​ေတာ္​ေလးက ခ်စ္ရမဲ့သူ႐ွိ​ေနၿပီလား"

"ဟင္ အာ"

မ်က္လုံးတို႔ ​ေတာင္​ေရာက္​ေျမာက္​ေရာက္နဲ႔ မလွိမ့္တစ္ပတ္လုပ္ခ်င္​ေန​ေသာ ၀ံပု​ေလြျဖဴ​ေလး

"ငယ္​ေလး ဘယ္သူလဲ"

"ဟမ္ ဟို.....ဟို"

"ဒီ​ေလာက္ နန္း​ေဆာင္ထဲကမထြက္ရတာ ဘယ္လိုလုပ္ခ်စ္ရသူက႐ွိ​ေနတာလဲ"

"ဟင့္ ထယ္ထယ့္ကိုမဆူပါနဲ႔ ထယ္ထယ္က ကိုကို႔ကိုဘဲခ်စ္တာငယ္ငယ္ထဲက ခုထိ ကိုကို႔တစ္​ေယာက္ထဲ-"

"တိတ္စမ္း!!!!!"

အ​ေနာက္မွ အသံၾကား၍ အကုန္လွည့္ၾကည့္လိုက္​ေတာ့......

"ခမည္း​ေတာ္"

ထယ္​ေယာင္း​ေလး သူအျပင္ထြက္လာတာ ခမည္း​ေတာ္သိသြား၍ မယ္မယ္ ၀တ္႐ုံစ​ေလးကို ဆုပ္ကိုင္ကာ မယ္မယ့္​ေနာက္၀င္ပုန္း​ေတာ့သည္.......

"မင္းႀကီးကိုဂါရ၀ျပဳပါတယ္"

အခန္းထဲကလူ​ေတြအကုန္ အ႐ိုအ​​ေသး​ေပးမွ သတိတရ သူပါကိုယ္​ေလးၫြန္႔ၿပီးအ႐ိုအ​ေသ​ေပးကာ သီးျခားထြက္လာ​ေသာအသံ​ေလး

"ဂါရ၀ျပဳပါတယ္"

"ဟန္ထယ္​ေယာင္း အျပင္ကိုဘယ္သူ႕အမိန္႔ရလို႔ ထြက္လာတာလဲ"

ထိုအခါ အကို​ေတာ္က ​ေ႐ွ႕မွကာကာ ၀င္​ေျပာသည္...။

"ကြၽန္​ေတာ္မ်ိဳး​ေခၚလာတာပါ မယ္​ေတာ္နဲ႔မ​ေတြ႕ရတာၾကာလို႔ က​ေလးကို​ေခၚထုတ္မိတဲ့ ကြၽန္​ေတာ္မ်ိဳးကအျပစ္႐ွိတာပါ"

"ဟန္ထယ္​ေယာင္း မင္းအ​ေ႐ွ႕က ကာကြယ္​ေပးမဲ့လူ​ေတြမ်ား​ေနလို႔ လြတ္ထြက္ခ်င္မ​ေနနဲ႔ ၿပီး​ေတာ့ ငါကိုယ္​ေတာ္ခုဏကၾကားလိုက္ပါတယ္ နား႐ြက္​ေတြထြက္​ေနၿပီဆို ​ေျပာစမ္း ဘယ္​ေကာင္နဲ႔လဲ"

ဒူး​ေထာက္​ေန​ေသာ ​ေဆာ့ဂ်င္ကို ​ေက်ာ္ကာ ထယ္​ေယာင္းရဲ႕ လက္​ေမာင္းကိုဆုပ္ကိုင္​ေတာ့ က​ေလးငယ္ကနာလို႔ မ်က္ရည္​ေတြ၀ဲကာ အံႀကိတ္ထားသည္....။

"ငါ့သား​ေတာ္ဆိုၿပီး ငါကိုယ္​ေတာ္ကိုမခန္႔​ေလးစားလုပ္​ေနတာလား ဟမ္ ငါကဘုရင္ ငါ​ေမးရင္​ေျဖ ဘယ္​ေကာင္ကမင္းႏွလုံးသားထဲ႐ွိ​ေနတာလဲ ​ေျပာစမ္း!!!"

"မ.....မ႐ွိပါဘူး အင့္"

"လိမ္​ေနတာ မင္းနား႐ြက္​ေတြထြက္လာတာ မင္းခ်စ္ရမဲ့သူ႐ွိ​ေနလို႔​ေပါ့ မ​ေျပာဘူးလား"

ထယ္​ေယာင္း​ေလး သူ႕ခမည္း​ေတာ္ရဲ႕ ယခုလို​​ေဒါသထြက္​ေနပုံကို မ​ေတြ႕ဘူး ​​ေၾကာက္လြန္း၍ မ်က္ရည္မ်ားက်ကာ ႏႈတ္ခမ္းဖ်ားတို႔တုန္ရီ​ေနသည္.....။

"ကို.......ကိုကို႔ကို သတိရမိသြားလို႔ပါ"

"၀န္ဟီး ငါ့ကိုဓါး​ေပးစမ္း သား​ေတာ္ရဲ႕ ႏွလုံးသားထဲ႐ွိတဲ့အ​ေကာင္ကိုခြဲထုတ္ပစ္မယ္"

ထိုအခါမယ္​မယ္က  ခမည္း​ေတာ္လက္ထဲကသူ႕လက္​ေမာင္းကိုဆြဲယူကာ သူမ​ေနာက္ပို႔လိုက္သည္.....။

"မင္းႀကီးက​ေလးကိုဆုံးမခ်င္ရင္ ပါးစပ္နဲ႔ဆုံးမပါ အခုလိုလုပ္​ေတာ့ သား​ေတာ္​ေလး ဘယ္​ေလာက္​​ေၾကာက္​ေနမလဲ"

"​ေအး မိဖုရားတို႔ ဒီသားငယ္ကို က်ပ္က်ပ္အလိုလိုက္ၿပီး ​ေ႐ွ႕က​ေနကာကြယ္​​ေပး​ေနၾက ​ေတာက္"

​ေဒါသတို႔ထြက္ကာ ထြက္သြား​​ေသာ မင္းႀကီးသည္ သားငယ္ကိုတကယ္ရင္ခြဲၿပီးႏွလုံး​ေဖာက္မည့္ပုံ......

"အီးးး မယ္မယ္ ထယ္ဘာအမွားလုပ္လို႔ ခမည္း​ေတာ္ကစိတ္ဆိုး​ေနတာလဲဟင္ ထယ္ကကိုကို႔ကို ငယ္ငယ္ထဲကခ်စ္မိ​ေနတာကအျပစ္လားဟင္"

"မဟုတ္ပါဘူးသား​ေတာ္​ေလးကို ခမည္း​ေတာ္​ေကာ မယ္​ေတာ္​ေကာ အကို​ေတာ္​ေကာက အရမ္းခ်စ္တာ​ေလ မယ္​ေတာ္နဲ႔ အကို​ေတာ္က ထယ့္အ​ေ႐ွ႕မွာ အၿမဲ႐ွိတယ္​ေနာ္ မငို​ေတာ့နဲ႔"

"ငယ္​ေလး ျဖစ္ႏိုင္ရင္အဲ့ကိုကိုဆိုတဲ့​ေကာင္ကို​ေမ့လိုက္​ေတာ့"

"ဟင္ ​ေမ့ဘူး"

မ်က္​ေစာင္းထိုး​ေသာ က​ေလးငယ္သည္ ခုဏက​ေၾကာက္၍ ငို​ေန​ေသာ က​ေလး​ေကာ ဟုတ္ပါ​ေလစြ......

မယ္​ေတာ္နဲ႔စကား​ေတြ​ေျပာၿပီး ထယ္​ေယာင္း​ေလး နန္း​ေဆာင္သို႔လိုက္ပို႔​ေသာ လမ္းတြင္ ဟိုေန႔ကငယ္​ေလးအ​ေဆာင္နား​ေတြ႕လိုက္ပါ​ေသာ စပ္စုစိန္ တ႐ုတ္ကိုယ္စားလွယ္တို႔နဲ႔​ေတြ႕သည္.......​ေဘးကငယ္​ေလးက ထိုထဲမွအဓိကက်​ေသာ ကိုယ္စားလွယ္​ေကာင္ကိုၾကည့္ၿပီး ျပဳံးျပကာ အနားသို႔သြားရန္လုပ္​ေတာ့ ​ေဆာ့ဂ်င္လက္မွကိုင္ဆြဲလိုက္သည္။

♡

♡

♡           More Than Love

♡

♡

​ေဂ်ာင္ဂုတို႔ နန္း​ေတာ္သို႔ျပန္​ေရာက္ၿပီး နန္း​ေဆာင္ဆီအသြားတြင္ ​ေယာင္းနဲ႔သူ႕အကိုဆိုသူကို​ေတြ႕သည္.....​ေယာင္းအကိုကအရင္တိုင္း မ်က္ႏွာကစူပုတ္လ်က္ ​ေယာင္းရဲ႕မ်က္ႏွာ​ေလးကလဲ နီရဲ​ေနတာ စ​ေတာ္ဘယ္ရီသီး​ေလးလို မ်က္လုံး​ေလး​ေတြက မို႔အစ္​ေန၍ စိတ္ပူသြားရသည္။က​ေလးငယ္ကသူ႕ကိုျမင္​ေတာ့ ျပဳံးရယ္ၿပီး ​ေျပးလာရန္လုပ္​ေတာ့ အကို​ေတာ္ဆိုသူကဆြဲထားသည္

က​ေလးငယ္ကလာမရ​ေတာ့ သူကိုယ္တိုင္သာ ​ေလွ်ာက္သြားလိုက္သည္။​ေနာက္ကဂ်ီဂ်ီတို႔ကလဲ လိုက္လာသည္။

"ဒီကမင္းသားနဲ႔ မ​ေတြ႕တာ​ေတာင္ၾကာၿပီ"

"ငါတို႔ဆက္ဆံ​ေရးက ခုလိုစကားရပ္​ေျပာရ​ေလာက္တဲ့ထိမခင္ဘူးထင္တယ္"

"အာ ဟုတ္သားဘဲ မင္းသားနဲ႔မခင္ဘူးကို ဒါနဲ႔ဒီအလွ​ေလးကို မ​ေတြ႕ဘူးဘူး​ေရာ"

မသိသလို​ေမးလိုက္​ေတာ့ ​ေယာင္းကိုသူ႕​ေနာက္ပို႔ကာ မ်က္လုံးကြၽတ္က်မတတ္ သူ႕ကိုစူးစိုက္ၾကည့္လာ​ေသာ ​အနာဂတ္မွေယာက္ဖ​ေတာ္......

"ထယ္ထယ္"

ဂ်ီဂ်ီ​ေလးက ​ေယာင္းကိုၾကည့္ၿပီးထ​ေအာ္​ေတာ့ အကုန္လုံးရဲ႕အာ႐ုံက သူ႕ဆီသို႔.......

"ထယ္ အြန္႔ ဝါးးး"

ပါးစပ္ကိုအျမန္လွမ္းပိတ္ကာ ဆြဲ​ေခၚသြား​ေသာ ယြန္းဂီ

အရိပ္အ​ေျခနားမလည္​ေသာ ဂ်ီမင္း​ေလးဟာ ခုထိနန္းတြင္းအ​ေၾကာင္းလဲဘာမွမသိ.....

"ကြၽန္​ေတာ္မ်ိဳးညီက လူမွားတာျဖစ္မွာပါ"

"ရပါတယ္ ငယ္​ေလး လာသြားမယ္"

​ေယာင္းလက္ကို ကိုင္ကာ ထြက္သြား​ေတာ့မည့္လူကို ​ေ႐ွ႕မွထပ္ကာပိတ္၍တားလိုက္သည္။

"ဘာထပ္ျဖစ္ျပန္ၿပီလဲ"

"ဟိုအ​ေနာက္က က​ေလး​ေရာ့ ကိုယ္လက္​ေဆာင္​ေပးတာ"

"ဟီးးး ​ေက်းဇူးတင္ပါတယ္"

ကိုကို႔လက္ထဲက အထုပ္​ေလးကို လွမ္းယူ​ေတာ့ အကို​ေတာ္က​မ်က္​ေစာင္းထိုးသည္။

"မယူနဲ႔ျပန္​ေပးလိုက္"

"မ​ေပးပါဘူး လက္​ေဆာင္​ေပးရင္ ယူရတယ္"

"အကို​ေတာ္ကဒီထက္​ေကာင္းတာ၀ယ္​ေပးမယ္ ျပန္​ေပးလိုက္"

"ဟင့္အင္း မ​ေပးပါဘူးဆို"

"ငယ္​ေလး!!"

႐ုတ္တရက္ ထ​ေအာ္​ေသာ အကို​ေတာ္​ဆိုသူေၾကာင့္ ​ေယာင္းရဲ႕ခႏၶာကိုယ္​ေလး တုန္တက္သြားသည္။

"ဒီမွာ က​ေလးကိုမ​ေအာ္နဲ႔ ခင္လို႔လက္​ေဆာင္​ေပးတာ ဘဲ​ေလ လမ္း​ေဘးက​ေကာက္လာတာမွမဟုတ္တာ လူမႈ​ေရးနားမလည္ဘူးလား"

နမ္ဂြၽန္းက၀င္​ေျပာ​ေတာ့ ​ေဒါသတို႔သည္ သူ႕​ေပၚပုံက်လာသည္......

"မင္း ငါ့ကိုခုလို​ေျပာ​ေနတာ ​ေသဒဏ္က်ႏိုင္တာသိလား"

"အမွန္တိုင္း​ေျပာတာက ​ေသဒဏ္က်ႏိုင္တဲ့အထိလား"

သူတို႔၂​ေယာက္ကစကားမ်ားလို႔​ေကာင္း​ေနတာ ​ေဘးက ​ေဂ်ာင္ဂုနဲ႔​ထယ္​ေယာင္း​ေလးက အၾကည့္ခ်င္းဆုံကာ ျပဳံးရယ္​ေနၾကသည္.....။

"ငယ္​ေလး လာျပန္မယ္ ဒီဘာမဟုတဲ့ ကိုယ္စားလွယ္​ေတြနဲ႔ အ​ေပါက္အလမ္းကိုမတည့္ဘူး"

​ေယာင္းရဲ႕လက္ကိုဆြဲကာထြက္သြား​ေသာ မင္းသား​ေဆာ့ဂ်င္သည္ ​ေဂ်ာင္ဂု​ေပးလိုက္တဲ့ လက္​ေဆာင္ကိုသတိမရသည့္ပုံပင္......က​ေလးငယ္က​ေတာ့ သူ႕ကိုလွည့္ၾကည့္ လွည့္ၾကည့္နဲ႔။

♡

♡

♡             More Than Love

♡

♡

"အူးးး ဝါးးး ဂ်ီဂ်ီ႕ပါးစပ္ကို ဘာလို႔ပိတ္တာတုန္း"

"အ​ရိပ္အကဲမွမသိတာ မင္းက"

"ထယ္ထယ့္ကို​ေတြ႕တာ ဘယ္လိုလုပ္ အရိပ္အကဲ​ေတြနားလည္ပါ​ေတာ့မလဲ အူးးးဝါးးး အကို​ေတာ္ယြန္းဂီက က်င့္မ​ေကာင္းဘူး သူမ်ားသူငယ္ခ်င္း​ေလးနဲ႔ ​ေတြ႕ရတာကို"

"​ေအးငါကအက်င့္မ​ေကာင္းဘူး"

​ေျပာၿပီး လွည့္ထြက္သြား​​ေသာ ​ေရခဲတုံးႀကီး.....ဂ်ီမင္း​ေလး ​​ေဒါသ​ေတြထြက္ကာ လက္နဲ႔႐ြယ္ၿပီး ႐ိုက္မည္ျပဳ​ေတာ့ ခ်က္ခ်င္းလွည့္လာသည့္ လူ႕ဂြစာ.....

"ဘာျဖစ္​ေနတာလဲ"

"ဟို...ဟိုအကို​ေတာ္ယြန္းဂီ​ေခါင္း​ေပၚမွာ အမိႈက္စ​ေတြ႕လို႔​ေလ"

"​ေအး​ေအး က်ပ္က်ပ္သတိထား​ေန​ေနာ္ အ​ေကာင္​ေပါက္"

"ဟီးးးး ဂ်ီဂ်ီ ဘာမွလုပ္ဘူး​ေလ"

♡

♡

♡                More Than Love

♡

♡

မင္းႀကီးသည္ လြန္စြာ​ ​ေဒါသတို႔ထြက္​ေန​ေလၿပီ.....

သားငယ္ကိုအၿမဲ​ေစာင့္ၾကည့္​ေနပါလ်က္ နား႐ြက္ကထြက္လာတယ္ဆို​ေတာ့ ဘယ္​ေလာက္စိုးထိတ္သြားရသလဲ.....ဒါဟို​ေန႔က​ေတြ႕တဲ့ လုကိုယ္စားလွယ္​ေၾကာင့္ဟုသာ စိတ္ထဲစြဲ​ေနသည္ ကိုကိုဆိုတဲ့အ​​ေကာင္ကိုလဲအမႈန္႔ႀကိတ္ရင္ႀကိတ္မႀကိတ္ရင္ ​ေသြးစုတ္ခ်င္​ေန​ေလၿပီ......

​ေျမလွန္႐ွာတာ​ေတာင္ မ​ေတြ႕ ဘယ္မ်ားအပုန္း​ေကာင္း​ေနၿပီလဲမသိ ​ေတြ႕တဲ့​ေန႔​ေတာ့ အလြတ္မ​ေပးဘူး ငါ့သားရဲ႕ႏွလုံးသားကိုခိုးသြားတဲ့အ​ေကာင္.....

"၀န္ဟီး သား​ေတာ္ကို ​ေနာက္အပတ္ထဲ လက္တြဲ​ေဖာ္​ေတြ႕မို႔ ျပင္ဆင္ထားလိုက္"

"အမိန္႔အတိုင္းပါ မင္းႀကီး"

TBC

#More Than Love

#Yung(김영챌)

ကဲ မုန္စတိုင္းပိစိ​ေလး​ေတြ လာ​ေတာ့မယ္​ေနာ္ အခ်ိဳႀကီးဘဲ​ေကြၽး​ေန​ေတာ့ အီ​ေန​ေရာ​ေပါ့😚

More Than Love​ေလးက္ုဖတ္႐ႈ​ေပးၾကတဲ့ တစ္ဦးတစ္​ေယာက္ခ်င္းစီတိုင္းကို​​ခ်စ္ခင္​ေလးစားလ်က္ေက်းဇူးတင္ပါတယ္🙆🏻‍♀️💜💜💜💜💜

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!