Back
/ 33
Chapter 12

အပိုင်း(၁၁)

ကိုကို့ကို[completed]

အကြင်နာပိုသည့် ဆောင်းနေ့ရက်များ

ဇလွန်ပြည်တော်ပြန်ဘုရား မုခ်၀ကို ကား၀င်သည်

နှင့် ပန်းသည်နှင့် မုန့်သည်များ အသီးသီး အပြေးလာရောင်းကြသည်။ဘေးဘီဝဲယာတွင်လည်း စျေးဆိုင်များအပြည့်။ကားရပ်ရာ ရင်ပြင်တွင် ကားထိုးရပ်သည်နှင့် ကားနောက်ထဲက ကလေးတွေက အလျှိုအလျှိုဆင်းကြသည်။

''ကိုကို မူးနေလား"

''ဟင့်အင်း နည်းနည်းပဲခေါင်းနောက်တာ"

''လာ"

ညီစေက ကိုကို့ကို ထိန်းပြီးကားပေါ်ကဆင်းစေသည်။

ဒီဇင်ဘာပိတ်ရက် ကလေးတွေနဲ့အတူ ကား ငှားပြီး ဇလွန်ဘုရားဖူးထွက်လာကြတာဖြစ်သည်။

''ကျွန်တော် ပန်းသွားဝယ်အုံးမယ်"

ကိုကို့ကိုရေဘူးဖွင့်ပေးခဲ့ပြီး ပန်းသွား၀ယ်ရသည်။

''သားတို့လည်းလိုက်မယ်"

ဆိုပြီး ဖိုးခွားနဲ့အပေါင်းအပါ သုံးယောက်ကညီစေ့နောက်ပြေးလိုက်လာသည်။

ကိုကိုကတော့ကျန်တဲ့ကလေးတွေနဲ့ ကတ္တီပါပင်အရိပ်မှာကျန်ခဲ့သည်။ ကျောင်းသူမလေးတွေက စက္ကူပင်တွေနောက်ခံထားပြီး ဓာတ်ပုံရိုက်နေကြသည်။

''လာ ဘုရားထဲသွားကြမယ်"

ကိုကိုနဲ့ညီစေကရှေ့က ကလေး၁၁ယောက်ကနောက်က ။ ညီစေကတော့ ကားမူးတတ်တဲ့ကိုကို အဆင်မပြေမှာစိုးလို့ ယှဉ်လျှောက်နေရင်းနှင့်ပင် မျက်နှာလေးကို လှည့်ကြည့်လှည့်ကြည့်နှင့်။

''ကိုကို မမူးပါဘူးညီရဲ့ နေသာပါတယ်"

ကိုကိုက သူ့ပုခုံးကိုပုတ်ပြီး ခပ်တိုးတိုးပြောသည်။

ပန်းတွေလှူပြီး ဘုရားဆင်းတုတော်ကို ကန်တော့ကြသည်။ရွှေသင်္ကန်းလည်း ၀ယ်လှူဖြစ်ကြသည်။

''မေ့မေ့ကို ရည်စူးအမျှဝေအုံးနော်ညီ"

''ဟုတ်ကဲ့ပါ"

သူတို့ သစ်ပင်ရိပ်ဆီပြန်ထွက်လာတော့ ကလေးတချို့က စျေးသွား၀ယ်ကြသည်။ကားဆရာက သူလိုက်ပို့လိုက်မည်ဆိုတာကြောင့် ညီစေရယ် ကိုကိုရယ် ကလေးလေးယောက်ရယ်သာ နေရာမှာ ကျန်ခဲ့သည်။

''ဆရာ သားတို့ကို ပြည်တော်ပြန်ဘုရား သမိုင်း နည်းနည်းလောက်ပြောပြပါလား"

''အင်း သိသလောက်ပြောပြမယ်နော်"

ကိုကို့ကို သူတပည့်တွေက ပြောလာတော့ ကိုကိုက ဘုရားသမိုင်းကို အကျဉ်ချုံးရှင်းပြသည်။

''ဒီမာရ်အောင်မြင် ပြည်တော်ပြန်ဘုရားက မဟာမုနိဘုရားသွန်းပြီး ပိုတဲ့ ရတနာတွေနဲ့သွန်းတဲ့ ရုပ်ပွားတော်သုံးဆူထဲက တစ်ဆူဖြစ်တယ်လို့ စာထဲမှာဖတ်ရဖူးတယ် ဓည၀တီမင်းအဆက်ဆက်က အဲ့ဒီ ရုပ်ပွားတော်တွေကို အမြတ်တနိုးကိုးကွယ်ခဲ့တာတဲ့ မာရ်အောင်မြင် ရုပ်ပွားတော်က ကြေးပိဿာအလေးချိန် ၆၆၆ပိဿာ ၆ကျပ်သားရှိတယ်တဲ့ ဉာဏ်တော်ကတော့ သုံးပေဆယ်လက်မရှိတယ်

အမရပူရနေပြည်တော် နန်းတော်ဦးက ရွှေပြဿဒ်မှာ ပူဇော်ထားတယ်တဲ့ ပုဂံမင်းလက်ထက်ကျ

ဇလွန် မြို့သူကြီး ဦးရွှေပွင့်က အမရပူရနေပြည်တော်ကို အကောက်ခွန်သွားဆက်ရင်း ဆင်းတုတော်ကိုကြည်ညိုသဒ္ဓါဖြစ်လာပြီး ဇလွန်မှာ ပုံတူ ရုပ်ပွားတော်ပြုပြီး ပူဇော်ဖို့တွေးမိတယ် ဇလွန်ပြန်ရောက်တော့ ဆရာတော်ဦးအရိန္ဒမနဲ့တိုင်ပင်ပြီး နောက်ပိုင်း ပုံတူရုပ်ပွားသွန်းဖို့ မင်းကြီးဆီက ခွင့်ပြုချက်ရသွားတယ်မြို့သူမြို့သားတွေကလည်း ရွှေငွေကြေး ပိဿာချိန် အတော်များများ လှူဒါန်းကြတယ် ဦးရွှေပွင့်လည်း နေပြည်တော်ကို ရုပ်ပွားသွန်းဖို့ ပြန်သွားခဲ့တယ် ရုပ်ပွားသွန်းဆဲ

အဲ့ဒီကာလတွေမှာ ပုန်ကန်မှုတွေဖြစ်လာတယ်တဲ့ အဲ့တာကြောင့်မြို့သူကြီးလည်း မြို့ကို ငြိမ်၀ပ်အောင် ပြန်ထိန်းရမယ့်အခြေအနေ ...ရုပ်ပွားတော်မပါဘဲ ပြန်သွားရင်လည်း ပြောစရာကိစ္စဖြစ်မှာစိုးလို့ မိဖုရားခေါင်ကြီးဆီ ခွင့်တောင်းပြီး မာရ်အောင်မြင် ရုပ်ပွားတော်ကို ခေတ္တအပူဇော်ခံဖို့ ဧရာ၀တီမြစ်ကြောင်းအတိုင်း ပင့်လာခဲ့တယ် ဒီရောက်တော့ ဘုရားဖူးပြည်သူတွေ တဖွဲဖွဲရောက်လာတာမို့လို့ ပြန်ပို့ဆောင်ဖို့ အခက်အခဲဖြစ်ခဲ့တယ် နေပြည်တော်ကရုပ်ပွားတော် ပြီးစီးပေမယ့် ဘုရားဖူးမပြတ်လို့ မိဖုရားကြီးကို ဆိုင်းငံ့ဖို့တောင်းပန်ထားရတယ် အဲ့အချိန် အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တွေ၀င်သိမ်းပြီး ကြေးဆင်းတုတော်တွေကို လက်နက်ပစ္စည်းတွေလုပ်ဖို့ အိန္ဒိယကိုယူသွားခဲ့ကြတာ မာရ်အောင်မြင်ရုပ်ပွားကိုယူသွားပြီး အရည်ကျိုကြတာ အရာမယွင်း ထုနှက်ကြပေမယ့်လည်း အရာတောင်မထင်ခဲ့ဘူးတဲ့  ရုပ်ပွားတော်ကိုဖျက်စီးသူတချို့ အသက်ပါဆုံးရှုံးခဲ့ကြတယ်"

''အတော် တန်ခိုးကြီးတာပေါ့"

''ဟုတ်တယ် နောက်ပိုင်းကျတော့ သားတို့လည်းကြားဖူးပြီးသားဖြစ်မယ်ထင်တယ် ဝိတိုရိယဘုရင်မက ခေါင်းကိုက်ဝေဒနာ ခံစားရပြီး အိပ်မက် မက်တာလေ"

''သြော် ရုပ်ပွားတော်ကို မြန်မာပြည်အမြန်ဆုံးပြန်ပို့ဖို့မလားဆရာလေး"

''အင်း အဲ့တော့မှ ရုပ်ပွားတော်ကို ရှာကြတာ ဂိုထောင်ထဲမှာ မာရ်အောင်မြင်ရုပ်ပွားတော်က ရောင်ခြည်တော်တွေ ထွက်နေတာတွေ့ခဲ့ရတာ အဲ့ကျမှ ပြန်သယ်ပို့ပြီး ဟင်္သာတ နဲ့ ဇလွန်ကြား သောင်ခုံမှာပစ်ထားခဲ့ကြတာတဲ့ ဟင်္သာတသားတွေက တွေ့လို့ ပူဇော်ထားကြတာ နောက်ပိုင်း ဇလွန်သားတွေနဲ့ ဟင်္သာတသားတွေ ရုပ်ပွားတော်ကို ပူဇော်ထားဖို့အရေး အငြင်းအခုံဖြစ်ကြတယ် ဖောင်ပေါ်တင်ပြီး နှစ်ဖက်ပြိုင်ဆွဲကြတော့ ဇလွန်ဘက်ပါသွားခဲ့တာ ဆရာတော့ ဒီလောက်ပဲသိတယ်ဗျာ"

''ကျေးဇူးတင်ပါတယ် သားတို့ကသိတော့သိတယ် ဒီလောက်တော့ အသေးစိတ်မသိဘူး"

''ဟုတ်ပါပြီကွာ"

အကျဉ်းချုံးပြောပြသော်ငြား ဘုရားသမိုင်းဆိုသည်မှာ အလွန်နက်နဲသည်လေ။ညီစေက ကိုကို့ကို Royal Dပုလင်းဖွင့်ပေးတော့ ကိုကိုက ယူပြီးသောက်သည်။အမွှေးနံ့မပါတဲ့ တစ်ရှူးတစ်ရွက်ကမ်းပေးတော့ ယူပြီး နှာခေါင်းထိပ်က ချွေးစတွေကိုသုတ်သည်။

''ကိုကို ဘာစားမလဲ တစ်ခုခုသွား၀ယ်ပေးမယ်''

''ရတယ် ကလေးတွေဖို့ ကားပေါ်က မုန့်ထုပ်သွားယူအုံးမယ်"

''နေ ကျွန်တော်သွားယူမယ်"

ညီစေ ကားဆီ ခပ်သုတ်သုတ်သွားပြီး ပြန်လာတော့ ကလေးတွေက ပြန်ရောက်နေကြပြီဖြစ်သည်။မုန့်ထုပ်တွေ ဝေပေးပြီး ကားဆရာဦးလေးကိုလည်း အအေးတစ်ဘူးပေးလိုက်သည်။

အပြန်ခရီးကတော့ နေမြင့်ပြီမို့ နည်းနည်းပူသည်။

ကိုကိုကားမူးမှာဆိုးတာကြောင့် ညီစေက ကိုကို့ကို လက်ကလေးတွေနှိပ်ပေးလိုက် ဇက်တွေ နှိပ်ပေးလိုက်နှင့်။

''တစ်သက်နဲ့တစ်ကိုယ် ငါ့တူတို့လောက် ကြင်နာတဲ့ ညီအစ်ကို မမြင်ဖူးဘူး"

ကားဆရာကဆိုရှာသည်။

ကလေးတွေကတော့ သီချင်းတွေ ဖွင့်လိုက် အော်လိုက် ဟစ်လိုက်နှင့် ပျော်ရွှင်နေကြသည်။

ပျော်ရွှင်နေသူတွေကို သယ်ဆောင်ထားတဲ့ကားလေးက လမ်းမထက်မှာ တရိပ်ရိပ်ပြေးနေ၏။

++++++++++++++

''ကိုကို့ဖို့"

လက်ဖက်ရည်ပူခွက် လှမ်းပေးတော့ ဆွယ်တာပြာပြာ ၀တ်ထားတဲ့ အမျိုးသားက အပြုံးနဲ့လှမ်းယူပြီး သောက်သည်။

''ဒီလောက်မချမ်းဘဲနဲ့ ဘာလို့နှာခေါင်းထိပ်ကလေးရဲနေတာလဲ"

ဘေးမှာ၀င်ထိုင်ရင်းညီစေပြောမိသည်။

ခါးကနေ ပွေ့ဖက်တော့ သူ့ကျောကိုပြန်ဖက်လာသည်။ဆောင်းရာသီကို သူအဲ့တာကြောင့်သဘောကျတာ အအေးကြောက်တဲ့နေရှင်းမြတ်ကိုလေးက ချမ်းပြီဆို သူဖက်ရင် သူ့ကိုပြန်ဖက်ထားတတ်တာကြောင့်လေ။

''မနက်ကျလမ်းထလျှောက်ကြမယ် ညီ"

''ကိုကို ချမ်းမှာပေါ့"

''သိပ်မအေးသေးပါဘူး အပြန်ကျ မုန့်ဟင်းခါး၀င်စားမယ်"

''အင်း ကိုကို့လက်ကလေးပေးအုံး"

လက်ဖက်ရည်ခွက်ကလေးချပြီး သူ့လက်ဖဝါးထဲရောက်လာတဲ့ လက်ဖြူဖြူဖွေးဖွေးနွေးနွေးကလေး။

ညီစေက ပြွတ်ကနဲမြည်အောင်နမ်းလိုက်ပြီးမှ သူ့ပါးမှာကပ်ထားလိုက်သည်။ဘောပင်ကိုင်တဲ့ လက်ကလေး နူးညံ့နေပုံများ လွှတ်တောင်မလွှတ်ရက်။

''လက်ကလေးတွေက ဘာလို့နုတာလဲ"

''အလုပ်ကြမ်းမလုပ်ရလို့လေ ညီလက်ကြည့် ညီကတစ်ယောက်ထဲ အလုပ်တွေ အပင်ပန်းခံလုပ်တော့ ကြမ်းတာပေါ့ "

ကိုကိုက ညီစေ့လက်တွေကို ယူပြီး ဖွဖွထိကိုင်ကြည့်သည်။

''ခရီးပန်းတယ် အိပ်ချင်ပြီညီညီရဲ့"

အိပ်ရာပေါ်လှဲချသူနဲ့အတူ လှဲလိုက်ပြီး နားသယ်စပ်ကလေးနမ်းလိုက်သည်။

''ကျွန်တော်တော့ မျက်စိကြောင်နေတယ်"

ကိုကိုက စောင်ကိုခြုံပြီး သူအနားကို ကွေးကွေးလေးတိုးကပ်လာသည်။ဆောင်းလေဝေ့တော့ ကျောထဲစိမ့်နေအောင်ကို အေးသည်။

''မျက်လုံးမှိတ်ပြီး ဂုဏ်တော်ပွားကြည့်"

''အင်း"

ကိုကို့ စကားနားထောင်ပြီး ဂုဏ်တော်ကို ဖြည်းဖြည်းချင်းတွေးပြီးရွတ်သည်။ စိတ်ငြိမ်လာတာကြောင့်ရော ရင်ခွင်ထဲက အနွေးဓာတ်ကလေးကြောင့်ပါ သိပ်မကြာခင်မှာပဲ နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။

25/4/2

myathandarnaing

*ဘုရားသမိုင်းကgoogleကပါ*

please vote ☘️

ဖတ်ပေးလို့ အများကြီးကျေးဇူးတင်ပါတယ်

Share This Chapter