Back
/ 33
Chapter 6

အပိုင်း(၅)

ကိုကို့ကို[completed]

တစ်ယောက်တည်းပဲပိုင်ချင်တာဟာ အချစ်လား။

ခြံမြေပြင်အနှံ့ရေဖျန်းရင်း သူ့စိတ်တွေရှုပ်ထွေးနေသည်။သဘောကျရသည့် မြေသင်းနံ့ကို ရနေ

သော်ငြား စိတ်ကမကြည်ချင်။တစ်စတစ်စ ရင်းနှီးပုံပေါ်လာကြသည့် ဆက်ဆံရေးတစ်ခုက သူ့ကို အိပ်မရအောင်ကို ခြောက်လှန့်နေသည်။

လွန်ခဲ့တဲ့ ၈နှစ်လောက်ကတစ်ခါ  ၅နှစ်လောက်ကတစ်ခါ ဒီလို ပူပန်ရခြင်းမျိုးနဲ့ရင်ဆိုင်ခဲ့ရသည့်တိုင် ဒီတစ်ကြိမ်မှာလည်း သူတုန်လှုပ်နေရပြန်သည်။ကိုကိုတက္ကသိုလ် ကျောင်းသားဘ၀က ဖြူဖြူနွဲ့နွဲ့အမျိုးသားတစ်ယောက်က ကိုကို့ကို လိုက်ကပ်ကာ သဘောကျကြောင်းဖွင့်ဟခဲ့သည့် အဖြစ်ကြုံဖူးသည်။ကိုကိုကပြတ်ပြတ်သားသားငြင်းဆန်ခဲ့လို့သာ သူစိတ်အေးခဲ့ရတာဖြစ်သည်။နောင်ထပ် ကိုကို့သူငယ်ချင်းမလေးက ကိုကို့ကို သဘောကျခဲ့ပေ

မယ့် ကိုကိုက သူငယ်ချင်းထက်မပိုတာကြောင့် တစ်ဖက် က နောက်ဆုတ်ပေးခဲ့သည်။ခုတော့ သူမလည်း အိမ်ထောင်ကျသွားပြီဖြစ်သည်။

ဒီတစ်ကြိမ်မှာတော့ ခိုင်ဝေလွင်။

ခိုင်ဝေလွင်က ကိုကို့ရဲ့ လက်ထပ်တန်ကောင်း အရွယ်မှ တိုက်တိုက်ဆိုင်ဆိုင် ကိုကို့ကိုချဥ်းကပ်လာသည့် ပြီးပြည့်စုံတဲ့အမျိုးသမီးတစ်ယောက်။ဒါဟာပဲ သူစိုးရိမ်ပူပန်ဖို့ လုံလောက်တဲ့အကြောင်းပြချက်။တဖြည်းဖြည်းနဲ့ သူကကိုကို့ကို ဘယ်သူ့လက်ထဲမှမထည့်နိုင်တာဟာ သူသေသည်ထိ စွဲမြဲနေမယ့် ခံယူချက်တစ်ခုလိုကိုဖြစ်လာခဲ့တာ။ညီအစ်ကို ချစ်စိတ်ကို အမြဲမွေးပေမယ့် ပိုင်ဆိုင်လိုစိတ်တွေပါ၀င်တဲ့ အရောင်စွန်း ချစ်စိတ်တွေက သူ့ရင်ထဲ တအိအိနေရာယူလာခဲ့ကြတာ။

သံသယနဲ့ ဇဝေဇဝါဖြစ်မှုတွေကြောင့် ခုရက်ပိုင်း သူအိပ်မရသလို နေရတာလည်းအဆင်မပြေ။သူ့ဆယ်ကျော်သက် ဘ၀ရဲ့ အရွယ်ရောက်ကြောင်းအတည်ပြုနိုင်ခဲ့မှုဟာ အခြားယောက်ျားတစ်ယောက်အကြောင်း ကွက်ကွက်ကွင်းကွင်း အိပ်မက်စိုတွေဖြစ်ခဲ့ပြီး အဲ့ဒီယောက်ျားဟာ ကိုကိုဖြစ်ခဲ့တာ။နှစ်တွေပေါက်အောင် မသိကျိုးကျွံပြုနိုင်ဖို့ ကြိုးစားခဲ့သမျှဟာ မနာလိုသဝန်တိုစိတ်တွေကြောင့် သဲထဲရေသွန်သလို။

မထားအပ်တဲ့ မေတ္တာတွေက သူ့နှလုံးသားထဲမှာ

ပြည့်သိပ်နေမှန်း အသိနောက်ကျခဲ့ရသည်။ဖွင့်ဟဖို့လည်း မဖြစ်နိုင်သည့် ချစ်ခြင်းတွေ။

''ကိုကိုနဲ့ခိုင်ဝေလွင်က ဘယ်အခြေအနေလဲ"

လို့လည်း ညီစေမေးခွန်းမထုတ်ရဲ။

တုံ့ပြန်လာမယ့်အဖြေဟာ သူရင်ကို ထက်ခြမ်းခွဲ

မယ့်အဖြေမျိုးဆို သူရူးသွားမှာပင်။

ညနေစောင်းအချိန်မှာ ကိုကိုဟာ အေးချမ်းစွာ မေတ္တာပို့နေရှာပေမယ့် ကိုကို့ကို ချစ်သူလိုကြီး မေတ္တာရှိနေတဲ့ကောင်က ပူလောင်ပြင်းပြလို့။စွန့်လွှတ်ရမှာကြောက်တဲ့စိတ်နဲ့ နေ နေရတဲ့ရက်တွေဟာ တကယ့်ကို ကြပ်တည်းတဲ့ကာလတွေပါပဲ။

သဘာဝဆန်သည့် တမာပန်းနံ့တွေက ခြံအနှံ့ သင်းအီလို့နေသည်။ညီစေ ၀င်သက်ရှိုက်ပြီး တမာနံ့ ကိုရှူလိုက်သည်။သို့တိုင် သဘာ၀ကို လွန်ဆန်ကာ ဖြစ်တည်လာမိသည့် ရင်တွင်းမှ မြတ်နိုးမှုက မြူတစ်မှုန်မျှ လျော့ပါး မသွားခဲ့ပါ။

18/4/24

Myathandarnaing

Share This Chapter