Chapter 12: Part-11(Z&U)

💘💘💘မနှုတ်ရက်လေသောဆူး💘💘💘 💘💘💘မႏႈတ္ရက္ေလေသာဆူး💘💘💘Words: 19549

(Zawgyi)

ဒီေန႔ညလသာသာႏွင့္အိမ္ေရွ႕ထြက္ထိုင္ကာ လေရာင္ေအာက္ မွာပြင့္လန္းေနတဲ့ ပန္းပင္ေလးမ်ားအားလိုက္ၾကည့္ေနမိသည္။

အဆင္းလည္းလွသလို ေလအေ၀ွ႔ပါလာေသာရနံ႔ေလးမ်ားက တေနကုန္စိတ္ပင္ပန္းထားတဲ့ယိင္းအဖို႔အခုမွပဲလန္းဆန္းသြား

ေခ်ေတာ့သည္။ပန္းပင္ေတြဆီအာ႐ံုေရာက္ေနစဥ္ ႐ုတ္တရက္ ၾကားလိုက္ရေသာ ေျခသံႏွင့္အတူ မိမိကိုယ္ေပၚလႊားၿခံဳလာ တဲ့ၿခံဳထည္တစ္ခု။

“ အျပင္မွာေလတိုက္ေနတယ္ မနက္က်ဖ်ားေနမယ္အိမ္ထဲ၀င္ ေတာ့မလား"

“ ဟင့္အင္း ဒီမွာခဏထိုင္ေနခ်င္ေသးတယ္"

“ မနက္ကကိစၥအတြက္ ယိင္းက်ဳပ္ကိုစိတ္ဆိုးေနတာလား"

“ မဆိုးပါဘူး"

ေျပာၿပီးတစ္ဖက္လွည့္သြားသည့္သူ။ဒီလိုပံုစံကစိတ္မဆိုးဘူး

ဆိုတာျဖစ္ႏိုင္ပါ့မလား။

“ ယိင္း"

“ ဘာလဲ"

ထူးသံၾကားေပမယ့္ လူကေတာ့လွည့္မလာ။

“ ယိင္းက်ဳပ္ကို ဘယ္လိုခံစားရလဲဟင္"

“ မသိဘူး"

“ ဘာလို႔မသိတာလဲ မုန္းရင္မုန္းတယ္ခ်စ္ရင္ခ်စ္တယ္ေပါ့

က်ဳပ္ဆိုယိင္းကိုခ်စ္ေနတာေလ"

“ လွ်ာအ႐ိုးမရိွတိုင္းေလွ်ာက္ေျပာတဲ့စကားကို ယံုရမွာလား"

“ ဘယ္သူ႕မွမေျပာဖူးဘူး ယိင္းတစ္ေယာက္ထဲကိုပဲေျပာဖူး တာပါ"

“ မယံုဘူး"

“ ယိင္း"

“ ဘာလဲလို႔ "

စိတ္မရွည္ဟန္ျဖင့္ ကိုးဘက္သို႔လွည့္လာသည္။

“ က်ဳပ္ကိုေသခ်ာၾကည့္ပါဦး ယိင္း"

ယိင္းထက္သူကအရပ္ပိုျမင့္သလို လူေကာင္ကလည္းပိုထြား ေလသည္။ေယာက်္ားဆန္ဆန္ ေလးေထာင့္က်က်မ်က္ႏွာ

ထက္၀ယ္ ေခ်ာေမာခန္႔ညားမႈကအျပည့္ ခပ္ထူထူမ်က္ခံုးေမႊး ႏွစ္ခုေအာက္ကေတာက္ပစူးရဲတဲ့မ်က္၀န္းတစ္စံု၊ေျဖာင့္စင္းေန ေသာႏွာတံႏွင့္ ခပ္တင္းတင္းႏႈတ္ခမ္းႏွစ္လႊာ အိုအရာအားလံုး ဟာ သူ႕ေနရာႏွင့္သူၾကည့္ေကာင္းေနတာပင္။ေခ်ာေမာမႈထက္

ခန္႔ညားမႈ၊ စတိုင္လ္က်မႈတို႔ေၾကာင့္ႏွစ္ခါျပန္ေငးရတဲ့အထိဆို တာေတာ့ ယိင္း၀န္ခံပါတယ္။

“ တကယ္ေတာ့ သူကက်ဳပ္သူငယ္ခ်င္းရဲ႕ညီမေလးပါ ငယ္ငယ္ကတည္းက ခင္လာတာမို႔လည္းသူ႕ကိုက်ဳပ္ညီမ အရင္းေလးလိုသေဘာထားၿပီး အလိုလိုက္ထားမိတယ္ အရင္ရက္က သူ႕ကိုshopping လိုက္ပို႔ေပးမယ္ဆိုၿပီး ကတိေပးထားတဲ့အတြက္ မနက္ကယိင္းကိုလိုက္မပို႔ႏိုင္တာ စိတ္ဆိုးေနရင္ ေတာင္းပန္ပါတယ္ေနာ္"

“ စိတ္မဆိုးဘူးလို႔"

“ ဒါနဲ႔ေလ ယိင္းက်ဳပ္ကိုအေျဖမေပးခ်င္ဘူးလား"

“ မေပးခ်င္ပါဘူး"

“ က်ဳပ္ဆိုတဲ့ေကာင္ကဘယ္သူ႕ကိုမွဂ႐ုစိုက္ခဲ့တာမဟုတ္ဘူး ခမ်ားကိုမခ်စ္မိခင္အထိေပါ့ယိင္း အခုလိုက်ဳပ္ႏွလံုးသား ထဲထိ၀င္လာခဲ့ျပီးမွ ျပန္ထြက္မသြားဖို႔ေတာင္းဆိုပါရေစ"

“ မင္း ႐ူးေနတာလားဘာေတြေျပာေနတာလဲ"

“ ယိင္းရဲ႕ရည္းစားေဟာင္းက ယိင္းကိုျပန္ပိုးေနတယ္ မဟုတ္လား"

“ အဲဒီေတာ့"

“ အရင္တုန္းကသံေယာဇဥ္ကိုေထာက္ထားၿပီး ယိင္းသူ႕ကို ျပန္ခ်စ္သြားမွာစိုးလို႔ပါ"

“ အင္း "

“ ျမန္ျမန္စဥ္းစားေပးပါေနာ္"

“ အင္း အိမ္ထဲ၀င္ေတာ့မယ္"

ခမ်ားကိုခ်စ္တဲ့အခ်စ္ေတြက က်ဳပ္ႏွလံုးသားထဲကိုတရစ္ရစ္

တိုး၀င္လာခဲ့ၿပီယိင္း။ အဲဒီအခ်စ္ေတြသာဆူးတစ္ေခ်ာင္းအျဖစ္ နဲ႔ က်ဳပ္ႏွလံုးသားကိုစိုက္၀င္ေနရင္ေတာင္ဘယ္ေတာ့မွ ျပန္ႏႈတ္မွာ မဟုတ္ဘူး။နာက်င္ေနမွန္းသိရက္နဲ႔ေတာင္ ယိင္းျဖစ္ေနတယ္ဆိုတဲ့အသိနဲ႔ ဆက္ၿပီးဖက္တြယ္ထားမိဦးမွာ ပါ။

“ အဲ့မွာဘာလုပ္ေနတာလဲ မ၀င္ဘူးလား"

“ ဟမ္"

“ မ၀င္ရင္လည္းေနခဲ့လိုက္ေတာ့"

“ လာၿပီ လာၿပီ"

သူအေျပးေလးေနာက္ကလိုက္ သြားၿပီးအိမ္ထဲေရာက္သြား ေတာ့ ကြၽန္ေတာ့ႏွလံုးသားေလးဆီကရလိုက္တဲ့လက္ေဆာင္ က မ်က္ေစာင္းလွလွေလးတစ္ခုတဲ့။ တကယ္ပါပဲ လူကိုအမ်ဳိး မ်ဳိး ေႂကြဆင္းေအာင္လုပ္ႏိုင္ပါေပ့ယိင္းရယ္။ ႏွစ္ေယာက္သား ဘာစကားမွ်မဆိုေတာ့ဘဲ အိမ္ေပၚတက္လာခဲ့ၾကသည္။ အခန္းထဲ၀င္ကာနီးမွယိင္းကသူ႕ဘက္လွည့္ကာစကားတစ္ခ်ဳိ႕

လွမ္းေျပာလိုက္ေလသည္။

“ မနက္ျဖန္ကစၿပီး ဆိုင္ကိုလိုက္ပို႔ခြင့္ေပးမယ္"

“ တကယ္ေနာ္ယိင္း"

“ အင္း "

“ ဒါနဲ႔ယိင္းက ဘာျဖစ္လို႔ခြင့္ျပဳလိုက္တာလဲ"

“ အဲေလာက္ေန႔တိုင္းဂ်ီက်ေနတဲ့ေကာင္ေလးကို သနားလို႔ "

“ ဒါဆို... ယိင္း ယိင္းကြၽန္ေတာ့ကို"

“ အင္း ခြင့္ျပဳတယ္"

“တကယ္ ဒါဆိုကြၽန္ေတာ္ယိင္းကို တကယ္လိုက္လို႔ရၿပီေပါ့ ေနာ္ ေဟး ေပ်ာ္လိုက္တာ ရက္စ္"

ယိင္းရွက္စိတ္ျဖင့္အခန္းထဲ၀င္ကာ ကိုယ့္မ်က္ႏွာကိုေခါင္းအံုး ၾကားဖြက္ထားလိုက္သည္။ ႐ူးသြားၿပီလားယိင္း ဘာျဖစ္လို႔သူ႕ ကိုအခုလိုခြင့္ျပဳေပးလိုက္ရတာလဲ။ တကယ္ပါပဲႏွလံုးသားက ဦးေႏွာက္ကို အႏိုင္ယူလိုက္ႏိုင္ၿပီလား။ ဒါဆို သူကေရာ

အဲဒီလူကို ခ်စ္မိေနၿပီမ်ားလား။ အျပင္ဘက္မွလွမ္းေအာ္လိုက္ တဲ့ ကိုးအနဂၢလွ်ံရဲ႕ပိုင္စိုးပိုင္နင္းအသံအက်ယ္ႀကီးေၾကာင့္ သူရွက္လိုက္တာမ်ား ေခါင္းကိုမေဖာ္ႏိုင္ေတာ့ေပ။ ဘာတဲ့

“ ယိင္းကို  ေမာင္အရမ္းခ်စ္တာပဲ"တဲ့ေလ။

(Unicode)

ဒီနေ့ညလသာသာနှင့်အိမ်ရှေ့ထွက်ထိုင်ကာ လရောင်အောက် မှာပွင့်လန်းနေတဲ့ ပန်းပင်လေးများအားလိုက်ကြည့်နေမိသည်။

အဆင်းလည်းလှသလို လေအဝှေ့ပါလာသောရနံ့လေးများက တနေကုန်စိတ်ပင်ပန်းထားတဲ့ယိင်းအဖို့အခုမှပဲလန်းဆန်းသွား

ချေတော့သည်။ပန်းပင်တွေဆီအာရုံရောက်နေစဉ် ရုတ်တရက် ကြားလိုက်ရသော ခြေသံနှင့်အတူ မိမိကိုယ်ပေါ်လွှားခြုံလာ တဲ့ခြုံထည်တစ်ခု။

“ အပြင်မှာလေတိုက်နေတယ် မနက်ကျဖျားနေမယ်အိမ်ထဲဝင် တော့မလား"

“ ဟင့်အင်း ဒီမှာခဏထိုင်နေချင်သေးတယ်"

“ မနက်ကကိစ္စအတွက် ယိင်းကျုပ်ကိုစိတ်ဆိုးနေတာလား"

“ မဆိုးပါဘူး"

ပြောပြီးတစ်ဖက်လှည့်သွားသည့်သူ။ဒီလိုပုံစံကစိတ်မဆိုးဘူး

ဆိုတာဖြစ်နိုင်ပါ့မလား။

“ ယိင်း"

“ ဘာလဲ"

ထူးသံကြားပေမယ့် လူကတော့လှည့်မလာ။

“ ယိင်းကျုပ်ကို ဘယ်လိုခံစားရလဲဟင်"

“ မသိဘူး"

“ ဘာလို့မသိတာလဲ မုန်းရင်မုန်းတယ်ချစ်ရင်ချစ်တယ်ပေါ့

ကျုပ်ဆိုယိင်းကိုချစ်နေတာလေ"

“ လျှာအရိုးမရှိတိုင်းလျှောက်ပြောတဲ့စကားကို ယုံရမှာလား"

“ ဘယ်သူ့မှမပြောဖူးဘူး ယိင်းတစ်ယောက်ထဲကိုပဲပြောဖူး တာပါ"

“ မယုံဘူး"

“ ယိင်း"

“ ဘာလဲလို့ "

စိတ်မရှည်ဟန်ဖြင့် ကိုးဘက်သို့လှည့်လာသည်။

“ ကျုပ်ကိုသေချာကြည့်ပါဦး ယိင်း"

ယိင်းထက်သူကအရပ်ပိုမြင့်သလို လူကောင်ကလည်းပိုထွား လေသည်။ယောကျ်ားဆန်ဆန် လေးထောင့်ကျကျမျက်နှာ

ထက်ဝယ် ချောမောခန့်ညားမှုကအပြည့် ခပ်ထူထူမျက်ခုံးမွှေး နှစ်ခုအောက်ကတောက်ပစူးရဲတဲ့မျက်ဝန်းတစ်စုံ၊ဖြောင့်စင်းနေ သောနှာတံနှင့် ခပ်တင်းတင်းနှုတ်ခမ်းနှစ်လွှာ အိုအရာအားလုံး ဟာ သူ့နေရာနှင့်သူကြည့်ကောင်းနေတာပင်။ချောမောမှုထက်

ခန့်ညားမှု၊ စတိုင်လ်ကျမှုတို့ကြောင့်နှစ်ခါပြန်ငေးရတဲ့အထိဆို တာတော့ ယိင်းဝန်ခံပါတယ်။

“ တကယ်တော့ သူကကျုပ်သူငယ်ချင်းရဲ့ညီမလေးပါ ငယ်ငယ်ကတည်းက ခင်လာတာမို့လည်းသူ့ကိုကျုပ်ညီမ အရင်းလေးလိုသဘောထားပြီး အလိုလိုက်ထားမိတယ် အရင်ရက်က သူ့ကိုshopping လိုက်ပို့ပေးမယ်ဆိုပြီး ကတိပေးထားတဲ့အတွက် မနက်ကယိင်းကိုလိုက်မပို့နိုင်တာ စိတ်ဆိုးနေရင် တောင်းပန်ပါတယ်နော်"

“ စိတ်မဆိုးဘူးလို့"

“ ဒါနဲ့လေ ယိင်းကျုပ်ကိုအဖြေမပေးချင်ဘူးလား"

“ မပေးချင်ပါဘူး"

“ ကျုပ်ဆိုတဲ့ကောင်ကဘယ်သူ့ကိုမှဂရုစိုက်ခဲ့တာမဟုတ်ဘူး ခများကိုမချစ်မိခင်အထိပေါ့ယိင်း အခုလိုကျုပ်နှလုံးသား ထဲထိဝင်လာခဲ့ပြီးမှ ပြန်ထွက်မသွားဖို့တောင်းဆိုပါရစေ"

“ မင်း ရူးနေတာလားဘာတွေပြောနေတာလဲ"

“ ယိင်းရဲ့ရည်းစားဟောင်းက ယိင်းကိုပြန်ပိုးနေတယ် မဟုတ်လား"

“ အဲဒီတော့"

“ အရင်တုန်းကသံယောဇဉ်ကိုထောက်ထားပြီး ယိင်းသူ့ကို ပြန်ချစ်သွားမှာစိုးလို့ပါ"

“ အင်း "

“ မြန်မြန်စဉ်းစားပေးပါနော်"

“ အင်း အိမ်ထဲဝင်တော့မယ်"

ခများကိုချစ်တဲ့အချစ်တွေက ကျုပ်နှလုံးသားထဲကိုတရစ်ရစ်

တိုးဝင်လာခဲ့ပြီယိင်း။ အဲဒီအချစ်တွေသာဆူးတစ်ချောင်းအဖြစ် နဲ့ ကျုပ်နှလုံးသားကိုစိုက်ဝင်နေရင်တောင်ဘယ်တော့မှ ပြန်နှုတ်မှာ မဟုတ်ဘူး။နာကျင်နေမှန်းသိရက်နဲ့တောင် ယိင်းဖြစ်နေတယ်ဆိုတဲ့အသိနဲ့ ဆက်ပြီးဖက်တွယ်ထားမိဦးမှာ ပါ။

“ အဲ့မှာဘာလုပ်နေတာလဲ မဝင်ဘူးလား"

“ ဟမ်"

“ မဝင်ရင်လည်းနေခဲ့လိုက်တော့"

“ လာပြီ လာပြီ"

သူအပြေးလေးနောက်ကလိုက် သွားပြီးအိမ်ထဲရောက်သွား တော့ ကျွန်တော့နှလုံးသားလေးဆီကရလိုက်တဲ့လက်ဆောင် က မျက်စောင်းလှလှလေးတစ်ခုတဲ့။ တကယ်ပါပဲ လူကိုအမျိုး မျိုး ကြွေဆင်းအောင်လုပ်နိုင်ပါပေ့ယိင်းရယ်။ နှစ်ယောက်သား ဘာစကားမျှမဆိုတော့ဘဲ အိမ်ပေါ်တက်လာခဲ့ကြသည်။ အခန်းထဲဝင်ကာနီးမှယိင်းကသူ့ဘက်လှည့်ကာစကားတစ်ချို့

လှမ်းပြောလိုက်လေသည်။

“ မနက်ဖြန်ကစပြီး ဆိုင်ကိုလိုက်ပို့ခွင့်ပေးမယ်"

“ တကယ်နော်ယိင်း"

“ အင်း "

“ ဒါနဲ့ယိင်းက ဘာဖြစ်လို့ခွင့်ပြုလိုက်တာလဲ"

“ အဲလောက်နေ့တိုင်းဂျီကျနေတဲ့ကောင်လေးကို သနားလို့ "

“ ဒါဆို... ယိင်း ယိင်းကျွန်တော့ကို"

“ အင်း ခွင့်ပြုတယ်"

“တကယ် ဒါဆိုကျွန်တော်ယိင်းကို တကယ်လိုက်လို့ရပြီပေါ့ နော် ဟေး ပျော်လိုက်တာ ရက်စ်"

ယိင်းရှက်စိတ်ဖြင့်အခန်းထဲဝင်ကာ ကိုယ့်မျက်နှာကိုခေါင်းအုံး ကြားဖွက်ထားလိုက်သည်။ ရူးသွားပြီလားယိင်း ဘာဖြစ်လို့သူ့ ကိုအခုလိုခွင့်ပြုပေးလိုက်ရတာလဲ။ တကယ်ပါပဲနှလုံးသားက ဦးနှောက်ကို အနိုင်ယူလိုက်နိုင်ပြီလား။ ဒါဆို သူကရော

အဲဒီလူကို ချစ်မိနေပြီများလား။ အပြင်ဘက်မှလှမ်းအော်လိုက် တဲ့ ကိုးအနဂ္ဂလျှံရဲ့ပိုင်စိုးပိုင်နင်းအသံအကျယ်ကြီးကြောင့် သူရှက်လိုက်တာများ ခေါင်းကိုမဖော်နိုင်တော့ပေ။ ဘာတဲ့

“ ယိင်းကို  မောင်အရမ်းချစ်တာပဲ"တဲ့လေ။