Chapter 17: Part-16(Z&U)
💘💘💘မနှုတ်ရက်လေသောဆူး💘💘💘 💘💘💘မနှုတ်ရက်လေသောဆူး💘💘💘Words: 20055
(Zawgyi)
“ ယိင်း"
“ မောင်"
“ ဗျ"
“ ယိင်း "
“ ပြောလေမောင်"
“ ဟား မောင်ကွာ"
“ အင်း "
“ ကြားရလား"
“ အချစ်ကြောင့်ပေါ့"
“ မောင်"
“ ဗျ "
“ လိုချင်လား"
“ ဟင် ဘာကို "
“ ယိင်း မောင်.."
“ တကယ် တကယ်လားယိင်း"
“ အင်း "
(Unicode)
“ မောင် မောင်ဘာဖြစ်လို့အဲလိုလုပ်ရတာလဲ"
“ အရမ်းချစ်လွန်းလို့ပေါ့"
“ မောင့်အသားမနာဘူးလားဟင်"
“ အမှန်အတိုင်းပြောရင် နာတာပေါ့ယိင်းရယ်ဒါပေမယ့်မောင် က ယိင်းကိုမောင့်နှလုံးသားနဲ့အနီးဆုံးနေရာမှာရှိနေစေ ချင်လို့"
“ မောင်နောက်ဘယ်တော့မှအဲလိုမလုပ်ရဘူး သိလား"
“ အင်း မောင်ယိင်းခွင့်မပြုရင်ဘယ်တော့မှမလုပ်ဘူး"
ယိင်းမောင့်ကိုတင်းကျပ်စွာဖက်လိုက်သည် ဒီမောင်တစ်ယောက်ဟာလေ တကယ်ပါပဲယိင်းကိုရုန်းမထွက် နိုင်အောင်အချစ်တွေနဲ့ချည်နှောင်ပြန်ပါပြီ။
“ ယိင်း"
“ ငါမောင့်ထက် နှစ်နှစ်ကြီးတယ်နော် "
“ ဟား ဟား ဟုတ်ပါပြီမောင့်အသည်းရယ်"
“ ကြည့် လုပ်ပြန်ပြီလူကိုအမျိုးမျိုးခေါ်နေတော့တာ"
“ တကယ်တော့မောင်ကယိင်းကို အသည်းလို့ခေါ်ချင်ခဲ့တာ ယိင်းခွင့်မပြုမှာစိုးလို့"
“ ဘာလို့အဲလိုခေါ်ချင်တာလဲ"
“ မသိဘူး သေချာတာကတော့မောင်ယိင်းကိုချစ်လွန်းလို့ပဲ"
“ မောင်"
“ ဗျ"
“ ယိင်းမောင့်ကိုချစ်တယ်ဆိုတာယုံတယ်မို့လားဟင်"
“ ယုံတယ် မောင်ယိင်းကိုအကြွင်းမဲ့ယုံတယ်"
“ ယိင်းအရင်တုန်းကအကြောင်းတွေမသိချင်ဘူးလား"
“ မသိချင်ဘူး ဒါပေမယ့်ယိင်းပြောပြရင်တော့နားထောင်မယ်"
“ ယိင်းအတိတ်ကိုရောလက်ခံနိုင်ရဲ့လား"
“ ဘယ်တော့မှသံသယမဝင်ခဲ့ဖူးဘူးဆို ယိင်းယုံမှာလား"
“ အင်း တကယ်တော့သူကယိင်းသူငယ်ချင်း မှိုင်းဝေရဲ့ အစ်ကိုဝမ်းကွဲတစ်ယောက်ပါ နိုင်ငံ့လက်ရွေးစင်စစ်တုရင်အား ကစားသမားတစ်ယောက်ပေါ့ ယိင်းသူငယ်ချင်းရဲ့မိတ်ဆက် ပေးမှုကြောင့်ယိင်းနဲ့သူတွေ့ခဲ့ရတယ် ပြီးတော့မကြာပါဘူး ယိင်းတို့နှစ်ယောက်တွဲခဲ့ကြတယ် ယိင်းတို့တွဲနေတာ၆လ လောက်ကြာတဲ့အခါမှသူများတွေသိခဲ့ကြတယ် အဲဒီထဲမှာ သူ့အမေပါ ပါတယ်သူ့အမေက ပြောတယ် မင်းကယိင်းနဲ့ မင်းရဲ့အောင်မြင်မှုဘယ်ဟာကို ရွေးမလဲတဲ့ဘာကိုရွေးချယ် သင့်လဲဆိုတာ မာမီမပြောပြလည်းသဘောပေါက်သင့်ပြီတဲ့ အဲဒီအချိန်ကစပြီးသူယိင်းကိုရှောင်ဖယ်လာခဲ့တယ် နောက်တော့ ယိင်းဆွဲထားနေတဲ့ကြားက လမ်းခွဲခဲ့တယ် အဲဒီအချိန်တုန်းကဆိုယိင်းကိုယ့်ကိုယ်ကိုသတ်သေပစ် လောက်အောင်ထိမုန်းခဲ့တယ် အဲ့နေ့ကတည်းကသူနဲ့ယိင်း မတွေ့ဖြစ်တော့တာပဲ နောက်ဆုံးမောင်တို့အိမ်ရောက်ပြီး ယိင်းစာအုပ်ဆိုင်ဖွင့်ပြီးမှသူနဲ့ပြန်တွေ့ခဲ့တာ"
“ မောင်တောင်းပန်ပါတယ်ယိင်းရယ် ယိင်းဘဝထဲနောက်ကျ မှ ရာက်လာခဲ့ရလို့"
“ ဟင့်အင်းတကယ်တော့မောင်က ယိင်းနှလုံးသားကို ပြန်လည်ရှင်သန်စေခဲ့တဲ့ အသက်သွေးကြောလေးပါ"
“ ယိင်း "
“ ပြောလေမောင်"
“ ဘာလို့အဲလောက်ချစ်စရာကောင်းရတာလဲဟင်"
“ ဟား မောင်ကွာ"
“ တစ်ခြားသူရှေ့ဆိုအဲ့လိုချစ်ဖို့ကောင်းအောင်မနေနဲ့နော် မောင်သဝန်တိုတယ်"
သူ့ရဲ့အပြောကြောင့်ငုံ့မလိုဖြစ်နေတဲ့မျက်နှာလေးက ပြန်မော့ လာခဲ့သည်။ယိင်းမောင့်ရင်ခွင်ထဲကနေ အဲ့လိုပြန်မော့ကြည့် လာတဲ့အခါတိုင်း မောင့်နှလုံးခုန်သံတွေကအတိုင်းအဆမရှိ မြန်နေတာ ရင်ခွင်ထဲကချစ်ရသူလေးကသိမယ်မထင်။
မောင်ကအဲလိုသာပြောနေတာ တကယ်တမ်းချစ် ဖို့ကောင်းတာက မောင်ရယ်ပါ။ မြတ်နိုးမှုနဲ့အတူမောင့်ရဲ့ပါးပြင် လေးကိုနမ်းမိတော့ နှုတ်ခမ်းလေးထော်ကာရှေ့တိုးပေးလာ သည့်မောင်။ မောင့်နှုတ်ခမ်းလေးအားယိင်းအနမ်းလေးပေး လိုက်တော့ ကျေနပ်သွားသည့်သူကပြုံးနေတာမရပ်တော့။
“ ယိင်း မောင့်ရင်ခုန်သံတွေကိုနားထောင်မလား"
“ အင်း "
ယိင်း မောင့်ရင်ဘတ်နားတိုးကာနားထောင်လိုက်တော့ ကြား နေရတဲ့မောင့်ရဲ့ရင်ခုန်သံတွေက တကယ်ကိုအကျယ်ကြီးပေ မို့ယိင်းဆီပါကူးလာသည်ထင် ယိင်းနှလုံးခုန်သံတို့ပါမြန်လာ ခဲ့သည်။
“ ကြားရလား"
“ အင်း ဘာဖြစ်လို့အဲလောက်မြန်နေရတာလဲ"
“ အချစ်ကြောင့်ပေါ့"
ယိင်းတစ်ခုခုကိုစဉ်းစားလိုက်သည် မောင်သူ့ကိုအထင်သေး သွားမှာလည်းဆိုးသည်။
“ မောင်"
“ ဗျ "
“ လိုချင်လား"
“ ဟင် ဘာကို "
“ မောင်ငါ့ကိုလိုချင်လားလို့"
“ ယိင်း မောင်.."
“ ငါမောင့်ကိုခွင့်ပြုရင် အထင်သေးမှာလား"
“ ဟင့်အင်း ယိင်းကမောင်တန်ဖိုးအထားရဆုံးပဲဒါကြောင့် မောင် အခုထိမောင့်ဆန္ဒတွေကိုထိန်းခဲ့တယ်"
“ ငါ ဒီညမောင့်ကိုခွင့်ပြုတယ်"
“ တကယ် တကယ်လားယိင်း"
“ အင်း "
“ ယိင်းကမောင့်ရဲ့ပထမဆုံးပဲ"
“ အတူတူပဲ မောင်ကလည်းယိင်းရဲ့ပထမဆုံးပဲ"
ယိင်းရဲ့စကားသံကြားတော့ ပျော်နေတဲ့မောင့်ကိုကြည့်ပြီး ယိင်းပါပြုံးလိုက်မိသည်။ ယိင်းလည်းလူသား တစ်ယောက်ပဲ ပြီးတော့ ယောကျ်ားတစ်ယောက်မို့သဘာဝတရားနဲ့သွေးသား ဆန္ဒကိုတော့သိတာပေါ့မောင်ရယ်။ယိင်းဆီကခွင့်ပြုချက် ရသည်နှင့် မောင့်ဆီကယိင်းရရှိလိုက်တာက မောင့်ရဲ့ရီဝေေ၀ ညှို့မျက် ဝန်း တစ်စုံ။ပြီးတော့ ပြီးတော့ ယိင်းနဲ့မောင်နဲ့.... ဘယ်တော့မှ မေ့ပျောက်မရတဲ့အမှတ်တရညလေးကို နှစ်ယောက် အတူတူဖန်တီးခဲ့ကြသည်။