Chapter 18: Part-17(Z&U)

💘💘💘မနှုတ်ရက်လေသောဆူး💘💘💘 💘💘💘မႏႈတ္ရက္ေလေသာဆူး💘💘💘Words: 23653

(Zawgyi)

မနက္သူအိပ္ယာထေတာ့ ယိင္းကမႏိုးေသးတာေၾကာင့္ အိပ္ေပ်ာ္ေနတဲ့ယိင္းကို သူထိုင္ၾကည့္ေနမိသည္။တကယ္ကို အျပစ္ကင္းစင္တဲ့အလွတရားကို ပိုင္ဆိုင္ထားတဲ့သူကသူ႕ကို သိပ္ခ်စ္တယ္ဆိုတဲ့အသိနဲ႔ ဂုဏ္ယူ၀င့္ႂကြားစြာၿပံဳးလိုက္မိေသး သည္။ ယိင္းရဲ႕ခႏၶာကိုယ္ထက္က အမွတ္အသားေလးမ်ားကို ၾကည့္ရင္း ညကအျဖစ္ကိုျပန္ေတြးမိသြားေတာ့သူ႕ခႏၶာကိုယ္ တစ္ခုလံုး ေတာင့္တင္းသြားခဲ့သည္။ ညကယိင္းသူ႕ကိုခြင့္ျပဳ ခဲ့တယ္ဆိုတာ မယံုႏိုင္သလိုအခုထိအိပ္မက္သဖြယ္ပင္။ အိပ္ေပ်ာ္ေနတဲ့ခ်စ္ရသူေလးအားmorning kissေပးကာ ေရခ်ဳိးခန္းဆီသို႔ထြက္လာခဲ့သည္။

ေမာင္ထြက္သြားမွသူ သက္ျပင္းေလးအသာခ်မိသည္။ ေမာင့္ကိုခ်စ္တဲ့စိတ္ေၾကာင့္ ခြင့္ျပဳေပးခဲ့ေပမယ့္ယိင္းအခုထိ

ကိုယ့္ကိုယ္ကိုမယံုႏိုင္ေသးေပ။ ေမာင္သူ႕ကိုစိုက္ၾကည့္ေနက တည္းကႏိုးခဲ့ေပမယ့္ ရွက္စိတ္ေၾကာင့္မ်က္ႏွာမျပရဲ၍အခုလို အိပ္ခ်င္ေယာင္ေဆာင္ေနခဲ့ျခင္းျဖစ္သည္။ ေရခ်ဳိးၿပီးေမာင္ အခန္းထဲကထြက္သြားမွ သူအိပ္ယာကထလာခဲ့သည္။ ထလိုက္ေတာ့ခႏၶာကိုယ္တစ္ခုလံုး နာက်င္ကိုက္ခဲေနေလ သည္။

“ ႀကီးဥေတာ့ ျပန္ေတာ့မယ္သခင္ေလးကိုး"

“ ဟုတ္ကဲ့ အိမ္ကိုေစာင့္ေရွာက္ေပးပါဦးေနာ္"

“ စိတ္ခ်ပါသခင္ေလး"

ႀကီးဥတို႔ကိုႏႈတ္ဆက္ကာ မီးဖိုေခ်ာင္ဘက္ထြက္လာခဲ့ေတာ့ ႀကီးတင္တစ္ေယာက္ အလုပ္႐ႈပ္ေနေလသည္။

“ ဟိုေလ ႀကီးတင္အားရိွေစမယ့္စြပ္ျပဳတ္ေလးခ်က္ခ်င္လို႔ ဘယ္လိုခ်က္ရမလဲဟင္"

“ သား ေသာက္ခ်င္လို႔လား"

“ ယိင္းကိုတိုက္ခ်င္လို႔ပါ"

“ သားေလးယိင္းေနမေကာင္းလို႔လား"

“ ဗ်ာ အဲလိုမဟုတ္ ဟို ဟိုေလ"

“ ဟင္ မဟုတ္မွ"

“ အားနည္းေနတယ္ထင္လို႔"

“  ဪ ၾကက္စြပ္ျပဳတ္ဆို ရလား"

“ ဟုတ္ "

“ ႀကီးတင္လုပ္ေပးရမလား"

“ ရတယ္ ကြၽန္ေတာ္ယိင္းအတြက္ကိုယ္တိုင္ လုပ္ေပးခ်င္လို႔ပါ"

“ ဟုတ္ပါၿပီကြယ္"

ပါ၀င္ပစၥည္းမ်ားကိုႀကီးတင္ကေျပာျပသျဖင့္ သူလည္းအဲဒီ အတိုင္းလိုက္လုပ္ကာ က်က္သြားသည္ႏွင့္ပန္းကန္ထဲထည့္ ကာ အေပၚထပ္ရိွယိင္းအခန္းဆီယူလာခဲ့သည္။

“ ႏိုးေနၿပီလား အသည္းေလး"

“ အင္း ဘာေတြလဲေမာင္"

“ ၾကက္စြပ္ျပဳတ္ ယိင္းအားရိွေအာင္လို႔ေလ"

သူ႕စကားကိုၾကားေတာ့ ခ်စ္ရသူကေခါင္းငံု႔သြားျပန္သည္။ သူပန္းကန္ကိုခ်ၿပီး ယိင္းကိုသူအေနာက္ကေနခါးေလးကို ဖက္ထားလိုက္ကာ ယိင္းပုခံုးေပၚေမးဖ်ားေလးတင္ထားလိုက္ သည္။

“ ႀကီးဥတို႔ျပန္သြားၿပီလားေမာင္"

“ အင္းျပန္သြားၾကၿပီ ေမာင့္အသည္းကေရာျပန္ခ်င္ၿပီလား ဟင္"

“ ဟင့္အင္း ယိင္းခဏေလာက္ဆက္ေနခ်င္ေသးတယ္"

“ လာစြပ္ျပဳတ္ေသာက္လိုက္ ေမာင္ကိုယ္တိုင္ခ်က္လာ တာေနာ္"

“ တကယ္လား"

“ တကယ္ေပါ့ "

ႏွစ္ေယာက္စလံုး၏မ်က္ႏွာ၀ယ္ ေပ်ာ္ရႊင္ၾကည္ႏူးစြာျဖင့္ အၿပံဳး မ်ားေ၀ေနခဲ့သည္။

“ သားေရယိင္း ေမာင္မိႈင္းေ၀ေရာက္ေနတယ္"

“ ဟုတ္ကဲ့ႀကီးႀကီးတင္"

“ ယိင္းတို႔သူငယ္ခ်င္းႏွစ္ေယာက္ ေအးေဆးစကားေျပာၾက ေနာ္ေမာင္မလိုက္ေတာ့ဘူး"

“ အင္း ေမာင္အဆင္ေျပလား"

“ ဘာေတြေတြးေနျပန္တာလဲ ေမာင္ကယိင္းတို႔ကိုလြတ္လြတ္ လပ္လပ္ေနေစခ်င္လို႔ပါ"

“ အဲဒါဆိုယိင္းခဏသြားမယ္ေနာ္"

“ အင္း ေနဦး"

“ ဘာလဲ"

“ ရႊတ္ ရၿပီ"

ယိင္းေအာက္ထပ္သို႔ဆင္းလာေတာ့ ဧည့္ခန္းမွာထိုင္ေစာင့္ေန တဲ့ ယိင္းရဲ႕ငယ္သူငယ္ခ်င္းမိႈင္းေ၀ကိုေတြ႕ရသည္။

“ ေရာက္ေနတာၾကာၿပီလားမိႈင္း"

“ မၾကာေသးပါဘူး "

“ လာေလၿခံထဲသြားစကားေျပာရေအာင္"

“ အဆင္ေျပပါ့မလား "

“ ဪေမာင္လား သူအကုန္သိၿပီးသားပါ"

“ အင္း"

သူငယ္ခ်င္းႏွစ္ေယာက္ၿခံထဲသို႔ စကားတေျပာေျပာႏွင့္ဆင္း လာခဲ့သည္။ ကံ့ေကာ္ပင္ေအာက္ရိွထိုင္ခံုေလးေပၚထိုင္ကာ စကားေျပာေနစဥ္ ႀကီးတင္မွစားစရာမ်ားလာခ်ေပးသည္။

“ ယိင္းအရမ္းႀကိဳက္တဲ့ ကံ့ေကာ္ပန္းေတြေ၀ေနေအာင္ပြင့္ေန တာပဲ"

“ ဟုတ္တယ္ ဒီကိုမလာခင္ကေတာင္ ေမာင္ကေမြးေန႔ လက္ေဆာင္ခူးေပးေသးတယ္"

“ သူမင္းကိုေပ်ာ္ေအာင္ထားရဲ႕လား"

“ အင္း သူငါ့ကိုအရမ္းဂ႐ုစိုက္ေပးတယ္ ဒါေၾကာင့္လည္းထင္ပ ငါေမာင့္ကိုျပန္ခ်စ္မိခဲ့တာ"

စကား၀ိုင္းေလးက ခဏေတာ့တိတ္ဆိတ္သြားခဲ့သည္။

“ ငါမင္းကိုျမင္တိုင္းအားနာမိတယ္ ယိင္း"

“ မိႈင္ကလည္းမင္းနဲ႔မွမဆိုင္တာကြာ "

“ ဘာပဲျဖစ္ျဖစ္သူကငါ့အစ္ကိုေလ"

“ ျဖစ္ၿပီးခဲ့တာေတြအတြက္ ခံစားမေနပါနဲ႔ကြာ"

“ မင္းတို႔မႏၲေလးမွာဆံုေသးတယ္ဆို"

“ ဟုတ္တယ္"

“ အစ္ကိုအရမ္းေနာင္တရေနတာ သိလားယိင္း"

“ အင္းငါလည္းေတာင္းပန္တယ္ေနာ္ ျပန္ၿပီးလက္မခံႏိုင္တဲ့ အတြက္"

“ အန္တီဟန္နီလည္း အခုမွသူ႕သားကိုၾကည့္ၿပီးသနား ေနတယ္ေလ"

“ ဪ..... "

“ ေဆာရီးပါ ငါယိင္းစိတ္မေကာင္းျဖစ္ေအာင္ေျပာတာမဟုတ္ ပါဘူး ယိင္းကိုျမင္ေတာ့ငါျပန္သတိရသြားလို႔ပါ"

“ ရပါတယ္"

“ သူက မင္းကိုအရမ္းခ်စ္ပံုပဲေနာ္မင္းထက္လည္းငယ္တယ္ မို႔လား"

“ ဟုတ္တယ္ ေမာင္ကငါ့ထက္ႏွစ္ႏွစ္ငယ္တယ္"

အဲဒီအခ်ိန္မွာပဲ သူတို႔ဆီေလွ်ာက္လွမ္းလာေနတဲ့ ေမာင့္ကို ေတြ႕လိုက္ရသည္။

“ လာေမာင့္ကိုမိတ္ဆက္ေပးဦးမယ္ သူကယိင္းသူငယ္ခ်င္း မိႈင္းေ၀တဲ့"

“ ကြၽန္ေတာ့နာမည္က ကိုးအနဂၢလွ်ံပါ"

“ ေတြ႕ရတာ၀မ္းသာပါတယ္ေနာ္"

“ ဟုတ္ကဲ့ "

“ အစ္ကို႔သူငယ္ခ်င္းေလးကိုအပ္ပါတယ္ေနာ္ ဂ႐ုစိုက္ေပးပါဦး"

“ စိတ္ခ်ပါ က်ဳပ္အသက္ရွင္ေနသေရြ႕ယိင္းဘာမွမျဖစ္ေစ ရပါဘူး"

“ ေမာင္"

ယိင္းကိုၾကည့္ၿပီးျပန္ေျဖေလသည္။ အဲဒီအၾကည့္ေတြထဲမွာ ႏူးညံ့မႈနဲ႔အတူ ျမတ္ႏိုးမႈေတြပါပါေနတယ္ဆိုတာ ေဘးကသူ ေတာင္ခံစားလို႔ရပါသည္။ မင္းအရမ္းကံေကာင္းပါတယ္ ယိင္းရယ္ မင္းကိုအရာရာနားလည္ေပးမယ့္သူရိွတဲ့ အတြက္ေပါ့။ သူလည္းယိင္းတို႔ခ်စ္သူႏွစ္ဦးကို ႏႈတ္ဆက္ကာ ျပန္လာခဲ့လိုက္သည္။ တကယ္ေတာ့သူ႕အစ္ကိုနဲ႔ယိင္းဟာ ေရစက္ဆံုခဲ့ေပမယ့္ ဖူးစာမွမပါခဲ့ၾကတာကိုး..။

(Unicode)

မနက်သူအိပ်ယာထတော့ ယိင်းကမနိုးသေးတာကြောင့် အိပ်ပျော်နေတဲ့ယိင်းကို သူထိုင်ကြည့်နေမိသည်။တကယ်ကို အပြစ်ကင်းစင်တဲ့အလှတရားကို ပိုင်ဆိုင်ထားတဲ့သူကသူ့ကို သိပ်ချစ်တယ်ဆိုတဲ့အသိနဲ့ ဂုဏ်ယူဝင့်ကြွားစွာပြုံးလိုက်မိသေး သည်။ ယိင်းရဲ့ခန္ဓာကိုယ်ထက်က အမှတ်အသားလေးများကို ကြည့်ရင်း ညကအဖြစ်ကိုပြန်တွေးမိသွားတော့သူ့ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းသွားခဲ့သည်။ ညကယိင်းသူ့ကိုခွင့်ပြု ခဲ့တယ်ဆိုတာ မယုံနိုင်သလိုအခုထိအိပ်မက်သဖွယ်ပင်။ အိပ်ပျော်နေတဲ့ချစ်ရသူလေးအားmorning kissပေးကာ ရေချိုးခန်းဆီသို့ထွက်လာခဲ့သည်။

မောင်ထွက်သွားမှသူ သက်ပြင်းလေးအသာချမိသည်။ မောင့်ကိုချစ်တဲ့စိတ်ကြောင့် ခွင့်ပြုပေးခဲ့ပေမယ့်ယိင်းအခုထိ

ကိုယ့်ကိုယ်ကိုမယုံနိုင်သေးပေ။ မောင်သူ့ကိုစိုက်ကြည့်နေက တည်းကနိုးခဲ့ပေမယ့် ရှက်စိတ်ကြောင့်မျက်နှာမပြရဲ၍အခုလို အိပ်ချင်ယောင်ဆောင်နေခဲ့ခြင်းဖြစ်သည်။ ရေချိုးပြီးမောင် အခန်းထဲကထွက်သွားမှ သူအိပ်ယာကထလာခဲ့သည်။ ထလိုက်တော့ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲနေလေ သည်။

“ ကြီးဥတော့ ပြန်တော့မယ်သခင်လေးကိုး"

“ ဟုတ်ကဲ့ အိမ်ကိုစောင့်ရှောက်ပေးပါဦးနော်"

“ စိတ်ချပါသခင်လေး"

ကြီးဥတို့ကိုနှုတ်ဆက်ကာ မီးဖိုချောင်ဘက်ထွက်လာခဲ့တော့ ကြီးတင်တစ်ယောက် အလုပ်ရှုပ်နေလေသည်။

“ ဟိုလေ ကြီးတင်အားရှိစေမယ့်စွပ်ပြုတ်လေးချက်ချင်လို့ ဘယ်လိုချက်ရမလဲဟင်"

“ သား သောက်ချင်လို့လား"

“ ယိင်းကိုတိုက်ချင်လို့ပါ"

“ သားလေးယိင်းနေမကောင်းလို့လား"

“ ဗျာ အဲလိုမဟုတ် ဟို ဟိုလေ"

“ ဟင် မဟုတ်မှ"

“ အားနည်းနေတယ်ထင်လို့"

“  ဪ ကြက်စွပ်ပြုတ်ဆို ရလား"

“ ဟုတ် "

“ ကြီးတင်လုပ်ပေးရမလား"

“ ရတယ် ကျွန်တော်ယိင်းအတွက်ကိုယ်တိုင် လုပ်ပေးချင်လို့ပါ"

“ ဟုတ်ပါပြီကွယ်"

ပါဝင်ပစ္စည်းများကိုကြီးတင်ကပြောပြသဖြင့် သူလည်းအဲဒီ အတိုင်းလိုက်လုပ်ကာ ကျက်သွားသည်နှင့်ပန်းကန်ထဲထည့် ကာ အပေါ်ထပ်ရှိယိင်းအခန်းဆီယူလာခဲ့သည်။

“ နိုးနေပြီလား အသည်းလေး"

“ အင်း ဘာတွေလဲမောင်"

“ ကြက်စွပ်ပြုတ် ယိင်းအားရှိအောင်လို့လေ"

သူ့စကားကိုကြားတော့ ချစ်ရသူကခေါင်းငုံ့သွားပြန်သည်။ သူပန်းကန်ကိုချပြီး ယိင်းကိုသူအနောက်ကနေခါးလေးကို ဖက်ထားလိုက်ကာ ယိင်းပုခုံးပေါ်မေးဖျားလေးတင်ထားလိုက် သည်။

“ ကြီးဥတို့ပြန်သွားပြီလားမောင်"

“ အင်းပြန်သွားကြပြီ မောင့်အသည်းကရောပြန်ချင်ပြီလား ဟင်"

“ ဟင့်အင်း ယိင်းခဏလောက်ဆက်နေချင်သေးတယ်"

“ လာစွပ်ပြုတ်သောက်လိုက် မောင်ကိုယ်တိုင်ချက်လာ တာနော်"

“ တကယ်လား"

“ တကယ်ပေါ့ "

နှစ်ယောက်စလုံး၏မျက်နှာဝယ် ပျော်ရွှင်ကြည်နူးစွာဖြင့် အပြုံး များဝေနေခဲ့သည်။

“ သားရေယိင်း မောင်မှိုင်းဝေရောက်နေတယ်"

“ ဟုတ်ကဲ့ကြီးကြီးတင်"

“ ယိင်းတို့သူငယ်ချင်းနှစ်ယောက် အေးဆေးစကားပြောကြ နော်မောင်မလိုက်တော့ဘူး"

“ အင်း မောင်အဆင်ပြေလား"

“ ဘာတွေတွေးနေပြန်တာလဲ မောင်ကယိင်းတို့ကိုလွတ်လွတ် လပ်လပ်နေစေချင်လို့ပါ"

“ အဲဒါဆိုယိင်းခဏသွားမယ်နော်"

“ အင်း နေဦး"

“ ဘာလဲ"

“ ရွှတ် ရပြီ"

ယိင်းအောက်ထပ်သို့ဆင်းလာတော့ ဧည့်ခန်းမှာထိုင်စောင့်နေ တဲ့ ယိင်းရဲ့ငယ်သူငယ်ချင်းမှိုင်းဝေကိုတွေ့ရသည်။

“ ရောက်နေတာကြာပြီလားမှိုင်း"

“ မကြာသေးပါဘူး "

“ လာလေခြံထဲသွားစကားပြောရအောင်"

“ အဆင်ပြေပါ့မလား "

“ ဪမောင်လား သူအကုန်သိပြီးသားပါ"

“ အင်း"

သူငယ်ချင်းနှစ်ယောက်ခြံထဲသို့ စကားတပြောပြောနှင့်ဆင်း လာခဲ့သည်။ ကံ့ကော်ပင်အောက်ရှိထိုင်ခုံလေးပေါ်ထိုင်ကာ စကားပြောနေစဉ် ကြီးတင်မှစားစရာများလာချပေးသည်။

“ ယိင်းအရမ်းကြိုက်တဲ့ ကံ့ကော်ပန်းတွေဝေနေအောင်ပွင့်နေ တာပဲ"

“ ဟုတ်တယ် ဒီကိုမလာခင်ကတောင် မောင်ကမွေးနေ့ လက်ဆောင်ခူးပေးသေးတယ်"

“ သူမင်းကိုပျော်အောင်ထားရဲ့လား"

“ အင်း သူငါ့ကိုအရမ်းဂရုစိုက်ပေးတယ် ဒါကြောင့်လည်းထင်ပ ငါမောင့်ကိုပြန်ချစ်မိခဲ့တာ"

စကားဝိုင်းလေးက ခဏတော့တိတ်ဆိတ်သွားခဲ့သည်။

“ ငါမင်းကိုမြင်တိုင်းအားနာမိတယ် ယိင်း"

“ မှိုင်ကလည်းမင်းနဲ့မှမဆိုင်တာကွာ "

“ ဘာပဲဖြစ်ဖြစ်သူကငါ့အစ်ကိုလေ"

“ ဖြစ်ပြီးခဲ့တာတွေအတွက် ခံစားမနေပါနဲ့ကွာ"

“ မင်းတို့မန္တလေးမှာဆုံသေးတယ်ဆို"

“ ဟုတ်တယ်"

“ အစ်ကိုအရမ်းနောင်တရနေတာ သိလားယိင်း"

“ အင်းငါလည်းတောင်းပန်တယ်နော် ပြန်ပြီးလက်မခံနိုင်တဲ့ အတွက်"

“ အန်တီဟန်နီလည်း အခုမှသူ့သားကိုကြည့်ပြီးသနား နေတယ်လေ"

“ ဪ..... "

“ ဆောရီးပါ ငါယိင်းစိတ်မကောင်းဖြစ်အောင်ပြောတာမဟုတ် ပါဘူး ယိင်းကိုမြင်တော့ငါပြန်သတိရသွားလို့ပါ"

“ ရပါတယ်"

“ သူက မင်းကိုအရမ်းချစ်ပုံပဲနော်မင်းထက်လည်းငယ်တယ် မို့လား"

“ ဟုတ်တယ် မောင်ကငါ့ထက်နှစ်နှစ်ငယ်တယ်"

အဲဒီအချိန်မှာပဲ သူတို့ဆီလျှောက်လှမ်းလာနေတဲ့ မောင့်ကို တွေ့လိုက်ရသည်။

“ လာမောင့်ကိုမိတ်ဆက်ပေးဦးမယ် သူကယိင်းသူငယ်ချင်း မှိုင်းဝေတဲ့"

“ ကျွန်တော့နာမည်က ကိုးအနဂ္ဂလျှံပါ"

“ တွေ့ရတာဝမ်းသာပါတယ်နော်"

“ ဟုတ်ကဲ့ "

“ အစ်ကို့သူငယ်ချင်းလေးကိုအပ်ပါတယ်နော် ဂရုစိုက်ပေးပါဦး"

“ စိတ်ချပါ ကျုပ်အသက်ရှင်နေသရွေ့ယိင်းဘာမှမဖြစ်စေ ရပါဘူး"

“ မောင်"

ယိင်းကိုကြည့်ပြီးပြန်ဖြေလေသည်။ အဲဒီအကြည့်တွေထဲမှာ နူးညံ့မှုနဲ့အတူ မြတ်နိုးမှုတွေပါပါနေတယ်ဆိုတာ ဘေးကသူ တောင်ခံစားလို့ရပါသည်။ မင်းအရမ်းကံကောင်းပါတယ် ယိင်းရယ် မင်းကိုအရာရာနားလည်ပေးမယ့်သူရှိတဲ့ အတွက်ပေါ့။ သူလည်းယိင်းတို့ချစ်သူနှစ်ဦးကို နှုတ်ဆက်ကာ ပြန်လာခဲ့လိုက်သည်။ တကယ်တော့သူ့အစ်ကိုနဲ့ယိင်းဟာ ရေစက်ဆုံခဲ့ပေမယ့် ဖူးစာမှမပါခဲ့ကြတာကိုး..။