Chapter 2: Part-2(Z&U)

💘💘💘မနှုတ်ရက်လေသောဆူး💘💘💘 💘💘💘မႏႈတ္ရက္ေလေသာဆူး💘💘💘Words: 20062

(Zawgyi)

“ ျပန္လာၿပီလားသား"

“ဟုတ္ကဲ့ဒယ္ဒီ"

“လာပါဦးေျပာစရာရိွတယ္"

“ဟုတ္"

“အခုဘယ္ကျပန္လာတာလဲ အရက္နံ႔ကိုမႊန္ထူေနတာပဲ မင္းနည္းနည္းပါးပါးစည္းကမ္းရိွရိွေနလို႔မရဘူးလား"

“ညကသားသူငယ္ခ်င္း ဟိုေကာင္၀ဏၰရဲ႕ေမြးေန႔မို႔သူငယ္ခ်င္း ေတြနဲ႔ပါတီလုပ္တာ အဲဒါေသာက္တာမ်ားသြားလို႔မျပန္ႏိုင္ ေတာ့တာပါ"

“မင္းေျပာလိုက္ရင္ဆင္ေျခကမၿပီးေတာ့ဘူး အခုငါအလုပ္ သြားမလို႔ အိမ္မွာငါ့သူငယ္ခ်င္းရဲ႕သား ယိင္းေရာက္ေနတယ္ ေအးအျပန္က်တိုင္သံၾကားရလို႔ကေတာ့မင္းနဲ႔ငါေတြ႕မယ္"

“ဘာလဲသူက ကေလးလား"

“မင္းထက္ႏွစ္ႏွစ္ႀကီးတယ္"

“ဟမ္"

ေသာက္ထားတဲ့အရက္ရိွန္ကေျပသြားလို႔လားဒယ္ဒီ့ရဲ႕စကားသံေၾကာင့္ပဲလားမသိအမူးေတာင္ေျပသြားသလိုပင္။ ဘယ့္ႏွယ္ သူ႕ထက္အသက္ႏွစ္ႏွစ္ႀကီးတဲ့သူကို သူကဘာလုပ္မွာမို႔လဲ။ အဲ့လူကေကာ သူအႏိုင္က်င့္တိုင္းခံ မွာမို႔လား။ သူ႕ထက္ေတာင္ ဗလကႀကီးခ်င္ႀကီးေနမွာ အံ့ဩပ ဒယ္ဒီတို႔မ်ားကိုယ့္သားသမီးေတာ့စိတ္မပူဘူး။ ကိုယ့္ဘာသာ တစ္ေယာက္ထဲေတြးၿပီးအိမ္ေပၚသို႔တက္လာလိုက္သည္။ ဘယ္မွာလဲ အဲဒီလူက ဟြန္႔အိပ္ပုတ္ႀကီးေနတာေနမွာေပါ့။

အခန္းတံခါးကိုေဆာင့္ပိတ္လိုက္ၿပီး သီခ်င္းေလးတေအးေအး နဲ႔ႏွပ္ေနလိုက္သည္။

ယိင္းေအာက္ထပ္သို႔ဆင္းမည္အျပဳ သီခ်င္းတေအးေအးျဖင့္ တက္လာေသာအသံၾကားသျဖင့္ အခန္းထဲသို႔ျပန္၀င္ကာ ေအာင္းေနလိုက္သည္။ ေသခါေပါက္ထိုလူဟာကိုးအနဂၢလွ်ံ ပဲျဖစ္လိမ့္မည္။ ေတာ္ေသးတာေပါ့သူ႕ကိုမျမင္လိုက္လို႔ အခ်ိန္ မီေလးပုန္းလိုက္ႏိုင္တာ။ ဘာျဖစ္လို႔လဲမသိယိင္းသူ႕ကို အခုထိရင္မဆိုင္ရဲေသးေပ။ ဒီအိမ္ရဲ႕သခင္ေလးဟာ ဘယ္လို ပံုစံလဲဆိုတာ သူအခုထိမျမင္ဖူးေသးေပမယ့္ အေစခံေတြ ေျပာျပခ်က္အရေတာ့ ေတာ္ေတာ္ေဒါသႀကီးမယ့္ သူမွန္းသူရိပ္ မိသည္။

“ထမင္းစားေတာ့မလား သခင္ေလးယိင္း"

“မစားေသးပါဘူး ဘာလုပ္ကူရမလဲလို႔ဆင္းလာတာ"

“အာ သခင္ႀကီးနဲ႔သခင္မႀကီးက ဘာမွမလုပ္ခိုင္းဖို႔မွာထားလို႔ ပါ"

“ယိင္းလုပ္ေပးခ်င္လို႔ပါ ႀကီးဥရဲ႕"

“သခင္ေလးယိင္း လုပ္စရာရိွတဲ့အခါ ႀကီးဥေျပာပါ့မယ့္ေနာ္"

သူကလုပ္ေပးခ်င္ေပမယ့္ ကိုယ္ကမခိုင္းရဲတာအမွန္မို႔ အိမ္ေတာ္ထိန္းျဖစ္တဲ့ေဒၚေရႊဥ ကိုယ္တိုင္ျငင္းေနရသည္။

ဒီသခင္ေလးယိင္းဟာ အသားေလးျဖဴၿပီး ႐ုပ္ရည္ကေတာ့ အျပစ္ေျပာစရာမလိုေအာင္ကိုလွရက္သည္။ ခႏၶာကိုယ္က ပိန္ပိန္ပါးပါးႏွင့္အရပ္ကေတာ့ငါးေပေက်ာ္မည္မို႔ သခင္ေလး ကိုးထက္ေတာ့ေခါင္းတစ္လံုးစာေလာက္ပုမည္ထင္သည္။ ၿပီးေတာ့စကားေျပာပံုကလည္း ႏူးညံ့ၿပီးစိတ္ထားလည္း ေကာင္းမည့္ပံုေပၚသည္။ သူတို႔ရဲ႕သခင္ေလးကိုးကေတာ့ ၀ိုင္းအလိုလိုက္ထား၍ထင္ ဆိုးေလသည္။ ဒီအိမ္ႀကီးထဲမွာ အတူေနလို႔ေရာျဖစ္ႏိုင္ပါ့မလား။သူ႕အေတြးတို႔မဆံုးလိုက္ ေလွကားထိပ္မွအသံေၾကာင့္ အားလံုးပင္လန္႔သြားၾကေလ သည္။

“ ဘာျဖစ္ေနၾကတာလဲ"

ယိင္းအေပၚမွအသံေၾကာင့္လန္႔သြားမိသည္။ ငယ္ငယ္က တည္းက လူေၾကာက္တတ္သူမို႔သူႀကီးဥေနာက္အလိုလို ေရာက္သြားရေလသည္။ တျဖည္းျဖည္းေလွကားထိပ္မွဆင္း လာတဲ့သူကကိုယ့္ေရွ႕ေရာက္လာသည္အထိေမာ့မၾကည့္မိ ေပ။

“ ေျပာေလဘာျဖစ္ၾကတာလဲလို႔ ျငင္းခုန္ေနၾကတာက်ဳပ္နား ကိုၿငီးေနတာပဲ"

" သခင္ေလးယိင္းကဘာလုပ္ေပးရမလဲေမးေနလို႔ ႀကီးဥတို႔က မလုပ္ေပးဖို႔ေျပာေနၾကတာပါ "

“သူကလုပ္ေပးခ်င္တာပဲ ခိုင္းလိုက္ၾကေပါ့"

“သခင္ႀကီးနဲ႔ သခင္မႀကီးတို႔ကဘာမွမခိုင္းဖို႔မွာထားလို႔ပါ"

“ ေကာင္းၿပီေလ ခမ်ားေရွ႕ထြက္လာခဲ့"

“ဘာ ဘာလုပ္မလို႔လဲ"

“သခင္ေလးယိင္းကို ဘာလုပ္မလို႔လဲဟင္သခင္ေလးကိုး"

ေၾကာက္ေၾကာက္ျဖင့္ေရွ႕ထြက္လာတဲ့သူကို ကိုးၾကည့္လိုက္ မိသည္။ အသားေလးကျဖဴ၀င္းၿပီး ေျပာစရာမလိုေအာင္ကို လွရက္သည္။ အထူးသျဖင့္ မ်က္ေတာင္ရွည္ေကာ့ေကာ့ေလး မ်ားပင္ ၀ိုင္းစက္စက္မ်က္ႏွာထက္မွာေနရာယူထားသည္။ ႏႈတ္ ခမ္းပါးရဲရဲေလးကလည္း ႏွင္းဆီဖူးငံုေလးတစ္ပြင့္ႏွယ္။ေခါင္းငံု႔ ကာရပ္ေနသည္ကိုၾကည့္ရတာပင္ သူ႕မွာအသည္းယားလာ ေလသည္။ အင္းေလသူ႕ကိုေၾကာက္လည္းေၾကာက္ရွာမေပါ့ သူကလည္း အလိုလိုေနရင္းကိုေဒါသကငယ္ထိပ္မွာ။ ၾကည့္ ရင္းပင္စခ်င္လာသည္မို႔

“အခုခ်က္ခ်င္းေခါင္းကိုေမာ့ က်ဳပ္ေျပာတာနားေထာင္"

“အင္း"

“က်ဳပ္အခန္းထဲက အိပ္ယာေဘးမွာတင္ထားတဲ့ႏွင္းဆီပန္း ကညိႇဳးေနၿပီ အဲဒါခမ်ားအသစ္ျပန္လဲထားေပး"

“ဟုတ္ ဟုတ္ကဲ့ပါ"

“ ခါတိုင္းလိုႀကီးဥပဲလုပ္လိုက္ပါ့မယ္ကြယ္"

“ ရပါတယ္ ယိင္းလုပ္ႏိုင္ပါတယ္"

“ ေကာင္းၿပီ က်ဳပ္ျပန္လာမွေတြ႕မယ္ တျခားတစ္ ေယာက္ေယာက္လုပ္ေပးတာသိလို႔ကေတာ့ မလြယ္ဘူးမွတ္"

ေျပာၿပီးထြက္သြားေလသည္။ ယိင္းသူ႕ကိုၾကည့္ၿပီး သက္ျပင္း ေလးခိုးခ်မိသည္။ စိတ္ဓာတ္ကေတာ့ ႐ုပ္ေလးနဲ႔နည္းနည္းမွ မလိုက္ဖက္လွသည္ဟု တိတ္တိတ္ေလးေတြးမိ႐ံုသာ။

(Unicode)

“ ပြန်လာပြီလားသား"

“ဟုတ်ကဲ့ဒယ်ဒီ"

“လာပါဦးပြောစရာရှိတယ်"

“ဟုတ်"

“အခုဘယ်ကပြန်လာတာလဲ အရက်နံ့ကိုမွှန်ထူနေတာပဲ မင်းနည်းနည်းပါးပါးစည်းကမ်းရှိရှိနေလို့မရဘူးလား"

“ညကသားသူငယ်ချင်း ဟိုကောင်ဝဏ္ဏရဲ့မွေးနေ့မို့သူငယ်ချင်း တွေနဲ့ပါတီလုပ်တာ အဲဒါသောက်တာများသွားလို့မပြန်နိုင် တော့တာပါ"

“မင်းပြောလိုက်ရင်ဆင်ခြေကမပြီးတော့ဘူး အခုငါအလုပ် သွားမလို့ အိမ်မှာငါ့သူငယ်ချင်းရဲ့သား ယိင်းရောက်နေတယ် အေးအပြန်ကျတိုင်သံကြားရလို့ကတော့မင်းနဲ့ငါတွေ့မယ်"

“ဘာလဲသူက ကလေးလား"

“မင်းထက်နှစ်နှစ်ကြီးတယ်"

“ဟမ်"

သောက်ထားတဲ့အရက်ရှိန်ကပြေသွားလို့လားဒယ်ဒီ့ရဲ့စကားသံကြောင့်ပဲလားမသိအမူးတောင်ပြေသွားသလိုပင်။ ဘယ့်နှယ် သူ့ထက်အသက်နှစ်နှစ်ကြီးတဲ့သူကို သူကဘာလုပ်မှာမို့လဲ။ အဲ့လူကကော သူအနိုင်ကျင့်တိုင်းခံ မှာမို့လား။ သူ့ထက်တောင် ဗလကကြီးချင်ကြီးနေမှာ အံ့ဩပ ဒယ်ဒီတို့များကိုယ့်သားသမီးတော့စိတ်မပူဘူး။ ကိုယ့်ဘာသာ တစ်ယောက်ထဲတွေးပြီးအိမ်ပေါ်သို့တက်လာလိုက်သည်။ ဘယ်မှာလဲ အဲဒီလူက ဟွန့်အိပ်ပုတ်ကြီးနေတာနေမှာပေါ့။

အခန်းတံခါးကိုဆောင့်ပိတ်လိုက်ပြီး သီချင်းလေးတအေးအေး နဲ့နှပ်နေလိုက်သည်။

ယိင်းအောက်ထပ်သို့ဆင်းမည်အပြု သီချင်းတအေးအေးဖြင့် တက်လာသောအသံကြားသဖြင့် အခန်းထဲသို့ပြန်ဝင်ကာ အောင်းနေလိုက်သည်။ သေခါပေါက်ထိုလူဟာကိုးအနဂ္ဂလျှံ ပဲဖြစ်လိမ့်မည်။ တော်သေးတာပေါ့သူ့ကိုမမြင်လိုက်လို့ အချိန် မီလေးပုန်းလိုက်နိုင်တာ။ ဘာဖြစ်လို့လဲမသိယိင်းသူ့ကို အခုထိရင်မဆိုင်ရဲသေးပေ။ ဒီအိမ်ရဲ့သခင်လေးဟာ ဘယ်လို ပုံစံလဲဆိုတာ သူအခုထိမမြင်ဖူးသေးပေမယ့် အစေခံတွေ ပြောပြချက်အရတော့ တော်တော်ဒေါသကြီးမယ့် သူမှန်းသူရိပ် မိသည်။

“ထမင်းစားတော့မလား သခင်လေးယိင်း"

“မစားသေးပါဘူး ဘာလုပ်ကူရမလဲလို့ဆင်းလာတာ"

“အာ သခင်ကြီးနဲ့သခင်မကြီးက ဘာမှမလုပ်ခိုင်းဖို့မှာထားလို့ ပါ"

“ယိင်းလုပ်ပေးချင်လို့ပါ ကြီးဥရဲ့"

“သခင်လေးယိင်း လုပ်စရာရှိတဲ့အခါ ကြီးဥပြောပါ့မယ့်နော်"

သူကလုပ်ပေးချင်ပေမယ့် ကိုယ်ကမခိုင်းရဲတာအမှန်မို့ အိမ်တော်ထိန်းဖြစ်တဲ့ဒေါ်ရွှေဥ ကိုယ်တိုင်ငြင်းနေရသည်။

ဒီသခင်လေးယိင်းဟာ အသားလေးဖြူပြီး ရုပ်ရည်ကတော့ အပြစ်ပြောစရာမလိုအောင်ကိုလှရက်သည်။ ခန္ဓာကိုယ်က ပိန်ပိန်ပါးပါးနှင့်အရပ်ကတော့ငါးပေကျော်မည်မို့ သခင်လေး ကိုးထက်တော့ခေါင်းတစ်လုံးစာလောက်ပုမည်ထင်သည်။ ပြီးတော့စကားပြောပုံကလည်း နူးညံ့ပြီးစိတ်ထားလည်း ကောင်းမည့်ပုံပေါ်သည်။ သူတို့ရဲ့သခင်လေးကိုးကတော့ ဝိုင်းအလိုလိုက်ထား၍ထင် ဆိုးလေသည်။ ဒီအိမ်ကြီးထဲမှာ အတူနေလို့ရောဖြစ်နိုင်ပါ့မလား။သူ့အတွေးတို့မဆုံးလိုက် လှေကားထိပ်မှအသံကြောင့် အားလုံးပင်လန့်သွားကြလေ သည်။

“ ဘာဖြစ်နေကြတာလဲ"

ယိင်းအပေါ်မှအသံကြောင့်လန့်သွားမိသည်။ ငယ်ငယ်က တည်းက လူကြောက်တတ်သူမို့သူကြီးဥနောက်အလိုလို ရောက်သွားရလေသည်။ တဖြည်းဖြည်းလှေကားထိပ်မှဆင်း လာတဲ့သူကကိုယ့်ရှေ့ရောက်လာသည်အထိမော့မကြည့်မိ ပေ။

“ ပြောလေဘာဖြစ်ကြတာလဲလို့ ငြင်းခုန်နေကြတာကျုပ်နား ကိုငြီးနေတာပဲ"

" သခင်လေးယိင်းကဘာလုပ်ပေးရမလဲမေးနေလို့ ကြီးဥတို့က မလုပ်ပေးဖို့ပြောနေကြတာပါ "

“သူကလုပ်ပေးချင်တာပဲ ခိုင်းလိုက်ကြပေါ့"

“သခင်ကြီးနဲ့ သခင်မကြီးတို့ကဘာမှမခိုင်းဖို့မှာထားလို့ပါ"

“ ကောင်းပြီလေ ခများရှေ့ထွက်လာခဲ့"

“ဘာ ဘာလုပ်မလို့လဲ"

“သခင်လေးယိင်းကို ဘာလုပ်မလို့လဲဟင်သခင်လေးကိုး"

ကြောက်ကြောက်ဖြင့်ရှေ့ထွက်လာတဲ့သူကို ကိုးကြည့်လိုက် မိသည်။ အသားလေးကဖြူဝင်းပြီး ပြောစရာမလိုအောင်ကို လှရက်သည်။ အထူးသဖြင့် မျက်တောင်ရှည်ကော့ကော့လေး များပင် ဝိုင်းစက်စက်မျက်နှာထက်မှာနေရာယူထားသည်။ နှုတ် ခမ်းပါးရဲရဲလေးကလည်း နှင်းဆီဖူးငုံလေးတစ်ပွင့်နှယ်။ခေါင်းငုံ့ ကာရပ်နေသည်ကိုကြည့်ရတာပင် သူ့မှာအသည်းယားလာ လေသည်။ အင်းလေသူ့ကိုကြောက်လည်းကြောက်ရှာမပေါ့ သူကလည်း အလိုလိုနေရင်းကိုဒေါသကငယ်ထိပ်မှာ။ ကြည့် ရင်းပင်စချင်လာသည်မို့

“အခုချက်ချင်းခေါင်းကိုမော့ ကျုပ်ပြောတာနားထောင်"

“အင်း"

“ကျုပ်အခန်းထဲက အိပ်ယာဘေးမှာတင်ထားတဲ့နှင်းဆီပန်း ကညှိုးနေပြီ အဲဒါခများအသစ်ပြန်လဲထားပေး"

“ဟုတ် ဟုတ်ကဲ့ပါ"

“ ခါတိုင်းလိုကြီးဥပဲလုပ်လိုက်ပါ့မယ်ကွယ်"

“ ရပါတယ် ယိင်းလုပ်နိုင်ပါတယ်"

“ ကောင်းပြီ ကျုပ်ပြန်လာမှတွေ့မယ် တခြားတစ် ယောက်ယောက်လုပ်ပေးတာသိလို့ကတော့ မလွယ်ဘူးမှတ်"

ပြောပြီးထွက်သွားလေသည်။ ယိင်းသူ့ကိုကြည့်ပြီး သက်ပြင်း လေးခိုးချမိသည်။ စိတ်ဓာတ်ကတော့ ရုပ်လေးနဲ့နည်းနည်းမှ မလိုက်ဖက်လှသည်ဟု တိတ်တိတ်လေးတွေးမိရုံသာ။