Chapter 20: Part-19(Z&U)

💘💘💘မနှုတ်ရက်လေသောဆူး💘💘💘 💘💘💘မႏႈတ္ရက္ေလေသာဆူး💘💘💘Words: 20731

(Zawgyi)

တသိမ့္သိမ့္တုန္ကာ ႐ိႈက္ငိုေနေသာခ်စ္ရသူေလး၏  ပါးျပင္

ထက္မွမ်က္ရည္စမ်ားကို တယုတယသုတ္ေပးေနရင္းမွ ရင္ခြင္ထဲထည့္ထားလိုက္သည္။

“ ယိင္း မငိုပါနဲ႔ေတာ့ကြာ"

“ ေတာင္းပန္ပါတယ္ေမာင္ရယ္ ဒါေပမယ့္ယိင္းစိတ္ထဲမွာ ေပၚလာတာမို႔မထိန္းခ်ဳပ္ႏိုင္ခဲ့ဘူး"

“ ေမာင္နားလည္ပါတယ္ ဒါေပမယ့္ေမာင္ကယိင္းပင္ပန္းမွာ ဆိုးတယ္"

“ ေမာင္သာယိင္းအနားမွာမရိွခဲ့ရင္ ယိင္းဘ၀အခုလိုအဆင္ ေျပပါ့မလားမသိဘူး"

“ အဲဒါေၾကာင့္ပဲ ဒီကကေလးဆိုးႀကီးကိုေမာင္ကပိုဂ႐ုစိုက္ပါ့ မယ္"

“ ေမာင္ေနာ္ ေမာင္ကဆိုးတာမဟုတ္ဘူးလား"

“ ေမာင္ေလ ယိင္းကိုအရမ္းခ်စ္တာသိလားဒါေပမယ့္ယိင္း မ်က္ရည္ေတြကိုေတာ့ေမာင္မုန္းတယ္ အဲဒါေၾကာင့္ေနာက္ဆို ယိင္းမငိုနဲ႔ေတာ့ေနာ္"

“ ငါေမာင့္ကိုနားလည္ပါတယ္ေမာင္ရယ္"

ယိင္းေမာင့္ရဲ႕ရင္ခြင္ေလးကို ပိုတိုးကာဖက္ထားမိသည္။ တကယ္ပါ ယိင္းဘ၀မွာေလေမာင့္ရဲ႕ရင္ခြင္က အလံုၿခံဳဆံုးနဲ႔ အေႏြးေထြးဆံုးပဲသိလား။ ဒါေၾကာင့္လည္း တစ္ျခားဘယ္သူ႔ ကိုမွ မွ်ေ၀ေပးႏိုင္မွာမဟုတ္ဘူး။ ႏွစ္နာရီေက်ာ္ေလာက္ သည္းထန္စြာရြာသြန္းခဲ့ေသာမိုးသည္လည္း အားေပ်ာ့ကာသြား ၿပီမို႔ အိမ္သို႔ျပန္လာခဲ့ၾကသည္။ ယိင္းတို႔ျပန္ေရာက္ေတာ့ ေန႔လည္ႏွစ္နာရီခန္႔ပင္ ရိွေလၿပီ။

“ လမ္းမွာမိုးစိုခဲ့ၾကေသးလား သားတို႔"

“ မစိုပါဘူးႀကီးႀကီးတင္"

“ ေန႔လည္စာစားၾကေတာ့မလား"

“ ေမာင္ဗိုက္ဆာၿပီလားဟင္"

“ အင္း ဆာေနၿပီယိင္းရဲ႕"

“ အဟား ေမာင္ဟာေလဗိုက္ဆာေနရင္လည္းလမ္းမွာက တည္းက ေျပာေပါ့ အခုေတာ့အဆာလြန္ၿပီးဗိုက္နာေနဦးမယ္"

“ စိုးရိမ္ေနတာလား"

“ သြားပါ"

“ ထမင္း၀ိုင္းျပင္ၿပီးပါၿပီကြယ္"

“ ဟုတ္ကဲ့ လာၿပီႀကီးတင္"

“ ၀ိုး ေမာင္ႀကိဳက္တဲ့ဟင္းေတြခ်ည္းပါလား"

“ ႀကီးတင္ကအခုေတာ့ ယိင္းထက္ေမာင့္ကိုပိုခ်စ္ေနၿပီေပါ့"

“ ဘာျဖစ္လို႔လဲ ယိင္းရဲ႕"

“ ဒီမွာၾကည့္ေလ ဟင္းေတြကအကုန္ေမာင့္အႀကိဳက္ေတြ ခ်ည္းပဲ "

“ ဟင္ မေန႔ကပဲသားေလးယိင္းက မနက္ဒါေတြခ်က္ေပး ဆိုၿပီး ႀကီးတင္ကိုေျပာလို႔ေလ"

“ အဟား ဟား ဟား "

“ ဘာရယ္တာလဲ ေမာင္ေနာ္"

“ ေမာင့္အသည္းႏွလံုးေလးက ေမာင့္အတြက္ျပင္ဆင္ေပး ထားၿပီး အခုမွေမ့ခ်င္ေယာင္ေဆာင္ေနတာေပါ့"

မေန႔ကႏွင့္မနက္က တေနကုန္အလုပ္မ်ားေနသျဖင့္ ယိင္းတ ကယ္ကို ေမ့သြားရျခင္းပင္။ ဒါကိုေမာင္ကသေဘာက်စြာျဖင့္ အူလိႈက္သည္းလိႈက္ကို ရယ္ေနေလသည္။ ယိင္းပါေမာင့္ကို ၾကည့္ၿပီး သေဘာက်စြာလိုက္ရယ္မိသည္အထိပင္။ ဒီလိုပါပဲ ဘ၀ဆိုတာ ကိုယ့္အနီးအနားမွာရိွတဲ့အရာေတြဟာ ကူးစက္ လြယ္ပါတယ္။ ၀မ္းနည္းစရာရိွရင္လည္း သူ႕အပူကကိုယ့္လာ ဟပ္သလို ေပ်ာ္ရႊင္စရာရိွရင္လည္း ကိုယ္ပါလိုက္ၿပီးေပ်ာ္ရႊင္ရ တာပဲမဟုတ္လား။

“ ဒါနဲ႔ေလ မနက္ကသားေလးယိင္းတို႔အျပင္သြားတုန္း ေမာင္မိႈင္းေ၀လာသြားေသးတယ္"

“ ဟုတ္လား ဘာေျပာသြားေသးလဲဟင္ႀကီးႀကီးတင္"

“ ယိင္းတို႔ဒီမွာၾကာဦးမွာလား ဒါမွမဟုတ္ျပန္ေတာ့မွာလားတဲ့"

“ ဟုတ္သားပဲ ယိင္းသူ႕ကိုေျပာဖို႔ေမ့ေနတာ တကယ္ေတာ့ေလ မနက္ျဖန္ျပန္မယ္လို႔ စိတ္ကူးထားတယ္ ေမာင့္သေဘာကေရာ"

“ ေမာင့္သေဘာက ယိင္းသေဘာပဲေလ ယိင္းေပ်ာ္တဲ့အရပ္ မွာ ေမာင္ကအတူရိွေနေပးမွာပဲ"

“ ဟိုမွာကလည္း အလုပ္ေတြရိွေသးတာမို႔ မနက္ပဲျပန္ၾကမယ္ ေနာ္"

“ ေမာင္မိႈင္းေ၀ကို ႀကီးတင္ေျပာလိုက္ရမလား"

“ ရပါတယ္ ယိင္းကိုယ္တိုင္ပဲေျပာလိုက္ပါ့မယ္"

မိႈင္းေ၀ဟာယိင္းအေပၚနားလည္အေပးႏိုင္ဆံုး သူငယ္ခ်င္းျဖစ္ ေပမယ့္ ယိင္းနဲ႔သူ႕အစ္ကို၀မ္းကြဲရဲ႕ကိစၥျဖစ္ၿပီးကတည္းက အားနာစိတ္ေၾကာင့္ပဲလားမသိ ယိင္းနဲ႔စကားေျပာလွ်င္ သူ႕အျပစ္ေၾကာင့္ဆိုၿပီးအၿမဲေျပာေနတတ္သည္။ အၿမဲတမ္း လိုလို ယိင္းရဲ႕အိမ္ကိုေခ်ာင္းေပါက္မတတ္လာေလ့ရိွတဲ့သူက တစ္ခါတေလမွသာေရာက္ခ်လာတတ္ၿပီ အရင္လို စကားလည္းသိပ္မေျပာေတာ့ေခ်။ယိင္းလက္ကဖုန္းကေလး သည္ ဖုန္းကြန္တက္ရိွမိႈင္းေ၀ဆိုတဲ့နာမည္ေလးကို ႏိွပ္လိုက္ သည္။

“ တူ.. တူ... "

“ ဟယ္လို ယိင္းေျပာ"

“ ေတာ္ေသးတာေပါ့ ငါ့ဖုန္းကိုင္လို႔"

“ ငါကဘာလို႔မကိုင္ရမွာလဲ မင္းကငါ့သူငယ္ခ်င္းပဲကို

ဒါနဲ႔ ဘာလို႔ဆက္တာလဲ"

“ ငါ မနက္ျဖန္မႏၲေလးကိုျပန္ေတာ့မယ္"

“ ဟုတ္လား "

“ အင္း "

“ ညေနက်ငါမင္းအိမ္လာခဲ့မယ္ "

“ ေကာင္းၿပီေလ မျပန္ခင္တစ္ခြက္ေလာက္အတူေသာက္ၾက တာပ"

“ မင္းေကာင္ေလးက ခြင့္ျပဳပါ့မလား"

“ ေမာင္က ငါ့သေဘာတဲ့"

“ ဟုတ္ပါၿပီကြာ ညေနေတြ႕မယ္"

“ ဘိုင့္ သူငယ္ခ်င္းေလး"

ေျပာၿပီးေနာက္ကိုလွည့္လိုက္ေတာ့ ေမာင္ကသူ႕ကိုစိုက္ၾကည့္ ေနေလသည္။ ယိင္းလည္းမ်က္ႏွာခ်ဳိေသြးၿပီး ေမာင့္ဆီက ခြင့္ေတာင္းလိုက္ေတာ့ ေမာင္ကဘယ္လိုျပန္ေျပာသလဲဆို  “ယိင္းတို႔ႏွစ္ေယာက္တည္းဆိုရင္ေတာ့မရဘူး ေမာင္ေရာ အတူဆိုရင္ေတာ့ေသာက္ခြင့္ေပးမယ္တဲ့" ယိင္းလည္းေခါင္း ညိတ္ျပလိုက္ေရာ ေမာင္ကႏွစ္လိုဖြယ္ၿပံဳးလိုက္ေလသည္။  အဲဒီအၿပံဳးကိုၾကည့္ၿပီး ဘာေၾကာင့္ရယ္မသိယိင္းစိတ္ထဲ ၾကက္သီးမ်ားတျဖန္းျဖန္းထသြားရေခ်ေတာ့သည္။

(Unicode)

တသိမ့်သိမ့်တုန်ကာ ရှိုက်ငိုနေသောချစ်ရသူလေး၏  ပါးပြင်

ထက်မှမျက်ရည်စများကို တယုတယသုတ်ပေးနေရင်းမှ ရင်ခွင်ထဲထည့်ထားလိုက်သည်။

“ ယိင်း မငိုပါနဲ့တော့ကွာ"

“ တောင်းပန်ပါတယ်မောင်ရယ် ဒါပေမယ့်ယိင်းစိတ်ထဲမှာ ပေါ်လာတာမို့မထိန်းချုပ်နိုင်ခဲ့ဘူး"

“ မောင်နားလည်ပါတယ် ဒါပေမယ့်မောင်ကယိင်းပင်ပန်းမှာ ဆိုးတယ်"

“ မောင်သာယိင်းအနားမှာမရှိခဲ့ရင် ယိင်းဘဝအခုလိုအဆင် ပြေပါ့မလားမသိဘူး"

“ အဲဒါကြောင့်ပဲ ဒီကကလေးဆိုးကြီးကိုမောင်ကပိုဂရုစိုက်ပါ့ မယ်"

“ မောင်နော် မောင်ကဆိုးတာမဟုတ်ဘူးလား"

“ မောင်လေ ယိင်းကိုအရမ်းချစ်တာသိလားဒါပေမယ့်ယိင်း မျက်ရည်တွေကိုတော့မောင်မုန်းတယ် အဲဒါကြောင့်နောက်ဆို ယိင်းမငိုနဲ့တော့နော်"

“ ငါမောင့်ကိုနားလည်ပါတယ်မောင်ရယ်"

ယိင်းမောင့်ရဲ့ရင်ခွင်လေးကို ပိုတိုးကာဖက်ထားမိသည်။ တကယ်ပါ ယိင်းဘဝမှာလေမောင့်ရဲ့ရင်ခွင်က အလုံခြုံဆုံးနဲ့ အနွေးထွေးဆုံးပဲသိလား။ ဒါကြောင့်လည်း တစ်ခြားဘယ်သူ့ ကိုမှ မျှဝေပေးနိုင်မှာမဟုတ်ဘူး။ နှစ်နာရီကျော်လောက် သည်းထန်စွာရွာသွန်းခဲ့သောမိုးသည်လည်း အားပျော့ကာသွား ပြီမို့ အိမ်သို့ပြန်လာခဲ့ကြသည်။ ယိင်းတို့ပြန်ရောက်တော့ နေ့လည်နှစ်နာရီခန့်ပင် ရှိလေပြီ။

“ လမ်းမှာမိုးစိုခဲ့ကြသေးလား သားတို့"

“ မစိုပါဘူးကြီးကြီးတင်"

“ နေ့လည်စာစားကြတော့မလား"

“ မောင်ဗိုက်ဆာပြီလားဟင်"

“ အင်း ဆာနေပြီယိင်းရဲ့"

“ အဟား မောင်ဟာလေဗိုက်ဆာနေရင်လည်းလမ်းမှာက တည်းက ပြောပေါ့ အခုတော့အဆာလွန်ပြီးဗိုက်နာနေဦးမယ်"

“ စိုးရိမ်နေတာလား"

“ သွားပါ"

“ ထမင်းဝိုင်းပြင်ပြီးပါပြီကွယ်"

“ ဟုတ်ကဲ့ လာပြီကြီးတင်"

“ ဝိုး မောင်ကြိုက်တဲ့ဟင်းတွေချည်းပါလား"

“ ကြီးတင်ကအခုတော့ ယိင်းထက်မောင့်ကိုပိုချစ်နေပြီပေါ့"

“ ဘာဖြစ်လို့လဲ ယိင်းရဲ့"

“ ဒီမှာကြည့်လေ ဟင်းတွေကအကုန်မောင့်အကြိုက်တွေ ချည်းပဲ "

“ ဟင် မနေ့ကပဲသားလေးယိင်းက မနက်ဒါတွေချက်ပေး ဆိုပြီး ကြီးတင်ကိုပြောလို့လေ"

“ အဟား ဟား ဟား "

“ ဘာရယ်တာလဲ မောင်နော်"

“ မောင့်အသည်းနှလုံးလေးက မောင့်အတွက်ပြင်ဆင်ပေး ထားပြီး အခုမှမေ့ချင်ယောင်ဆောင်နေတာပေါ့"

မနေ့ကနှင့်မနက်က တနေကုန်အလုပ်များနေသဖြင့် ယိင်းတ ကယ်ကို မေ့သွားရခြင်းပင်။ ဒါကိုမောင်ကသဘောကျစွာဖြင့် အူလှိုက်သည်းလှိုက်ကို ရယ်နေလေသည်။ ယိင်းပါမောင့်ကို ကြည့်ပြီး သဘောကျစွာလိုက်ရယ်မိသည်အထိပင်။ ဒီလိုပါပဲ ဘဝဆိုတာ ကိုယ့်အနီးအနားမှာရှိတဲ့အရာတွေဟာ ကူးစက် လွယ်ပါတယ်။ ဝမ်းနည်းစရာရှိရင်လည်း သူ့အပူကကိုယ့်လာ ဟပ်သလို ပျော်ရွှင်စရာရှိရင်လည်း ကိုယ်ပါလိုက်ပြီးပျော်ရွှင်ရ တာပဲမဟုတ်လား။

“ ဒါနဲ့လေ မနက်ကသားလေးယိင်းတို့အပြင်သွားတုန်း မောင်မှိုင်းဝေလာသွားသေးတယ်"

“ ဟုတ်လား ဘာပြောသွားသေးလဲဟင်ကြီးကြီးတင်"

“ ယိင်းတို့ဒီမှာကြာဦးမှာလား ဒါမှမဟုတ်ပြန်တော့မှာလားတဲ့"

“ ဟုတ်သားပဲ ယိင်းသူ့ကိုပြောဖို့မေ့နေတာ တကယ်တော့လေ မနက်ဖြန်ပြန်မယ်လို့ စိတ်ကူးထားတယ် မောင့်သဘောကရော"

“ မောင့်သဘောက ယိင်းသဘောပဲလေ ယိင်းပျော်တဲ့အရပ် မှာ မောင်ကအတူရှိနေပေးမှာပဲ"

“ ဟိုမှာကလည်း အလုပ်တွေရှိသေးတာမို့ မနက်ပဲပြန်ကြမယ် နော်"

“ မောင်မှိုင်းဝေကို ကြီးတင်ပြောလိုက်ရမလား"

“ ရပါတယ် ယိင်းကိုယ်တိုင်ပဲပြောလိုက်ပါ့မယ်"

မှိုင်းဝေဟာယိင်းအပေါ်နားလည်အပေးနိုင်ဆုံး သူငယ်ချင်းဖြစ် ပေမယ့် ယိင်းနဲ့သူ့အစ်ကိုဝမ်းကွဲရဲ့ကိစ္စဖြစ်ပြီးကတည်းက အားနာစိတ်ကြောင့်ပဲလားမသိ ယိင်းနဲ့စကားပြောလျှင် သူ့အပြစ်ကြောင့်ဆိုပြီးအမြဲပြောနေတတ်သည်။ အမြဲတမ်း လိုလို ယိင်းရဲ့အိမ်ကိုချောင်းပေါက်မတတ်လာလေ့ရှိတဲ့သူက တစ်ခါတလေမှသာရောက်ချလာတတ်ပြီ အရင်လို စကားလည်းသိပ်မပြောတော့ချေ။ယိင်းလက်ကဖုန်းကလေး သည် ဖုန်းကွန်တက်ရှိမှိုင်းဝေဆိုတဲ့နာမည်လေးကို နှိပ်လိုက် သည်။

“ တူ.. တူ... "

“ ဟယ်လို ယိင်းပြော"

“ တော်သေးတာပေါ့ ငါ့ဖုန်းကိုင်လို့"

“ ငါကဘာလို့မကိုင်ရမှာလဲ မင်းကငါ့သူငယ်ချင်းပဲကို

ဒါနဲ့ ဘာလို့ဆက်တာလဲ"

“ ငါ မနက်ဖြန်မန္တလေးကိုပြန်တော့မယ်"

“ ဟုတ်လား "

“ အင်း "

“ ညနေကျငါမင်းအိမ်လာခဲ့မယ် "

“ ကောင်းပြီလေ မပြန်ခင်တစ်ခွက်လောက်အတူသောက်ကြ တာပ"

“ မင်းကောင်လေးက ခွင့်ပြုပါ့မလား"

“ မောင်က ငါ့သဘောတဲ့"

“ ဟုတ်ပါပြီကွာ ညနေတွေ့မယ်"

“ ဘိုင့် သူငယ်ချင်းလေး"

ပြောပြီးနောက်ကိုလှည့်လိုက်တော့ မောင်ကသူ့ကိုစိုက်ကြည့် နေလေသည်။ ယိင်းလည်းမျက်နှာချိုသွေးပြီး မောင့်ဆီက ခွင့်တောင်းလိုက်တော့ မောင်ကဘယ်လိုပြန်ပြောသလဲဆို  “ယိင်းတို့နှစ်ယောက်တည်းဆိုရင်တော့မရဘူး မောင်ရော အတူဆိုရင်တော့သောက်ခွင့်ပေးမယ်တဲ့" ယိင်းလည်းခေါင်း ညိတ်ပြလိုက်ရော မောင်ကနှစ်လိုဖွယ်ပြုံးလိုက်လေသည်။  အဲဒီအပြုံးကိုကြည့်ပြီး ဘာကြောင့်ရယ်မသိယိင်းစိတ်ထဲ ကြက်သီးများတဖြန်းဖြန်းထသွားရချေတော့သည်။