Back
/ 6
Chapter 1

သို့...ချစ်ရပါသော တီချယ်စိမ်း (part-1)

သို့...ချစ်ရပါသော တီချယ်စိမ်း(Complete)

'အကြိမ်ကြိမ်ရင်ခုန်မိသော မင်းမျက်ဝန်း

အာရုံမှာငြိတဲ့ မျက်ဝန်း...

မင်းရဲ့ အကြည့်မှာမြောနေခဲ့

မင်းရဲ့...မင်းရဲ့...အချစ်မျက်ဝန်း...'

ကော်ဖီဆိုင်တစ်ဆိုင်တွင် Lလွန်းဝါ၏ အချစ်မျက်ဝန်းသီချင်းသံဟာ မတိုးမကျယ်လေးပျံ့လွင့်နေသည်။

ထိုအချိန်ဆိုင်ထဲကို အမျိုးသမီးတစ်ဦးဝင်လာသည်။ ထိုအမျိုးသမီးမှာ ပိတ်​ဖောက်ဇာ ပန်းဆီရောင်လေးနှင့် အဖြူခံပေါ် အနီရောင် သစ်ရွက်သေးသေးလေးတွေပါသောထဘီကိုဝတ်ဆင်ထားသည်။ ကတ္တီပါ ဖိနပ်အနီရောင်လေးကိုလည်း ဝတ်ဆင်ထားသည်။ ကျောလည်လောက်ရှည်သောဆံနွယ်များကို စည်းနှောင်ထားသည်။

ထိုအမျိုးသမီးမှာ အလွန်ကိုကျက်သရေရှိလှသည်။

'ဘာမှာမလဲဗျ'

ခန့်မေးလိုက်သောအခါ မော့ကြည့်လာသော မျက်ဝန်းတစ်စုံဟာ အလွန်ညို့ယူအားပြင်းလှသည်။ ခန့်ရင်ထဲတွင် ကုလားဘုရားလှည့်သွားသလိုပင်။ ဆိုင်ထဲတွင်ဖွင့်ထားသော သီချင်းနှင့်ထပ်တူကြနေသည်။

မြင်မြင်ချင်း အချစ်ဆိုတာ ဒါမျိုးလား။

'latte'

'ဟုတ်ကဲ့ နောက်ပြီးတော့ရော'

'chocolate cake'

'ဟုတ် ဒါဘဲလား'

'အင်း'

'****​ ကျပါတယ်'

'ရော့'

ဟုဆိုကာ ပိုက်ဆံထုတ်ပေးသည်။ ခန့်လည်း ဘောက်ချာနဲ့ ပိုသောငွေပြန်အမ်းလိုက်သည်။

ထို့နောက် ထိုအမျိုးသမီးက ပြတင်းပေါက်နှင့်နီးသော အစွန်ဆုံး စားပွဲဝိုင်းတွင်ဝင်ထိုင်လိုက်သည်။

ခဏကြာတော့ ခန့်လည်း ကော်ဖီခွက်သွားချပေးလိုက်သည်။

ပြန်အလှည့်တွင် ထိုအမျိုးသမီးထိုင်နေသော ခုံအနားပုဝါတစ်ခုကြနေသည်။

ခန့်ကောက်ကြည့်လိုက်တော့ ထိုပုဝါပေါ်တွင် စိမ်းမဟာနွယ်ဟု ထိုးထားသည်။

'ဒါအန်တီ့ ပုဝါများလား'

'ဟုတ်ပါတယ်'

'ဒီနားလေးမှာကြနေတာ ခန့်တွေ့လို့'

'အော် ကျေးဇူးပါနော်

ဒါနဲ့ မင်းနာမည်က ခန့်လား'

'ဗျာ..ခန့်နာမည်က နေမင်းခန့်ပါ'

'အော် တို့နာမည်က...'

'စိမ်းမဟာနွယ်မလား'

'ဟင် ဘယ်လိုသိသွားတာလဲ'

'ပုဝါပေါ်မှာတွေ့တာ'

'အော်'

'ဒါဆို ခန့်တို့ခင်သွားပြီနော်'

'အင်း'

'ဒါနဲ့လေ အန်တီကို အန်တီစိမ်းလို့ခေါ်လို့ရမလား'

'ခန့်သဘော'

'ဟုတ် customer တွေလာလို့ ခန့်သွားလိုက်ပါအုန်းမယ်'

'ကောင်းပြီခန့်'

ခန့်လည်း customer တွေကျလာတာနဲ့ ကောင်တာဘက်သို့ပြန်လာလိုက်သည်။ ခဏကြာတော့ အန်တီစိမ်းထက် အနည်းငယ်ကြီးမည်ဟု ထင်ရသောအမျိုးသားတစ်ယောက် ဆိုင်ထဲဝင်လာသည်။

'ဘာမှာချင်ပါသလဲဗျ'

'ဟိုဝိုင်းက အမျိုးသမီး ဘာမှာသွားတာလဲ'

အန်တီစိမ်းကို လက်ညိုးထိုးပြီးခန့်ကို​မေးသည်။

'latte နဲ့ chocolate cakeပါ'

'အဲ့တာပဲပေးပါ'

'ဟုတ်'

'****ကျပါတယ်'

'ရော့ ပြန်မအမ်းနဲ့ ဘောက်ချာမယူတော့ဘူး'

ဟုဆိုကာ ၁သောင်းတန်တစ်ရွက် ထုတ်ပေးလိုက်သည်။

ထို့နောက် အန်တီစိမ်း၏ ဝိုင်းတွင် ထိုလူဝင်ထိုင်လိုက်သည်။

ခဏကြာတော့ ခန့်လည်း ကော်ဖီခွက်သွားချပေးချိန် မထင်မှတ်ဘဲ စကားအချို့ကြားလိုက်ရသည်။

'စိမ်း ကိုယ်တို့လက်ထပ်ကြရအောင်လေ'

အော် ပိုင်ရှင်ရှိပြီးသား အမျိုးသမီးဘဲ။

'စဥ်းစားပါရစေအုန်းအကိုရယ်'

'မင်းနဲ့ ကိုယ်က စေ့စပ်ထားတဲ့ သူတွေဘဲလေ'

ဟုဆိုကာ အန်တီစိမ်း၏ ဘယ်ဘက်လက်ကို ဆွဲမလိုက်သည်။

'စိမ်း မင်းလက်စွပ်ရော'

'စိမ်း အဲ့အကြောင်းပြောချင်လို့ အကို့ကိုခေါ်လိုက်တာ'

'ဘယ်လို'

'စိမ်း အကိုနဲ့ လက်မထပ်နိုင်ဘူး အကို'

'ဘာ...'

'စိမ်းအရင်က စေ့စပ်တာ လက်ခံခဲ့တယ်ဆိုတာ ဖေဖေ့ကျန်းမာရေးကြောင့် မေမေမရှိတော့ကတည်းက ဖေဖေက စိမ်းကို အမေလိုရော အဖေလိုရော စောင့်ရှောက်ပေးခဲ့တာ ဖေဖေဒီကိစ္စကိုပြောလာတော့ စိမ်းလည်း မငြင်းရက်တာနဲ့လက်ခံခဲ့တာ အခုဖေဖေလည်းမရှိတော့ဘူးဆိုတော့ စိမ်းအကိုနဲ့လက်မထပ်နိုင်တော့ဘူး'

'စိမ်း...မင်းငါနဲ့လက်မထပ်ရင် မင်းတို့မိသားစု စီးပွားရေး...'

'ကျွန်မ ဂရုမစိုက်ဘူး အဲ့အရာတွေကိုလည်း ကျွန်မ မမက်မောဘူး ကျွန်မဝါသနာပါတဲ့ အလုပ်လေးကိုဘဲ ကျွန်မဆက်လုပ်မှာ ဒီမှာ ရှင့်လက်စွပ် ကျွန်မကိုခွင့်ပြုပါအုန်း'

'စိမ်း...မင်းကွာ'

*တောက်*

တောက်ခေါက်သံကျယ်ကျယ်ဟာ ဆိုင်ထဲတွင် ဟိန်းထွက်သွားသည်။ အန်တီစိမ်း အနောက်လှည့်လိုက်ချိန်တွင် အနောက်မှာခန့်ရှိနေတာမြင်သွားပြီး'

'တို့သွားပြီနော် ခန့်'

'ဟုတ်'

ထို့နောက် ခန့်လည်း ကော်ဖီခွက်ကို ထိုလူ့နေရာသို့ချပေးလိုက်သည်။

'ကော်ဖီရပါပြီဗျ'

ထိုလူလည်း ကော်ဖီကို တစ်ကြိုက်တည်းမော့သောက်ပြီး ဆိုင်ထဲက ထွက်သွားသည်။

နောက်တစ်နေ့ ခန့်ကျောင်းအပ်ရမည်ဖြစ်သဖြင့် ဆိုင်မှာ မဂျူးတစ်ယောက်တည်းရှိသည်။

'ဆရာမရည်မွန်'

'ဟေ...အော်နေမင်းခန့် ပေါ်တော်မူလာသေးတယ်နော်'

နေ့ခင်းဘက်မှရောက်လာသော ခန့်ကို ဆရာမရည်မွန်ဆူလေပြီ။

'ဟီး အိပ်ရာထနော်ကျသွားလို့'

'ထလာတဲ့အချိန်လည်းကြည့်အုန်း ငါလုပ်ထည့်လိုက်အုန်းမယ် ရော့ဖောင်ဖြည့် superပျင်းလေး'

'ဟီး ဟုတ်'

superပျင်းဆိုသော နာမည်ပြောင်မှာ ဆရာမရည်မွန် ခန့်ကို G-10ကတည်းကပေးထားသောနာမည်ဖြစ်သည်။

'ဆရာမပြီး​ပြီ'

'ဖတ်စာအုပ်ထုတ် ပြီးရင်ပြန်တော့'

'ဆရာမက ကိုယ့်တပည့်လေးကို နှင်ရက်တယ်နော်'

'မဟုတ်ပါဘူးဟယ် မိုးရွာတော့မှာမလို့ပြောတာပါ'

'ဟီး စတာပါဆရာမရယ်

အဲ့တာဆို သွားလိုက်အုန်းမယ်နော်'

'အေး အေး'

ခန့်လည်း ကျောင်းကအပြန် ဆိုင်ဝင်ရန် ဆိုင်ဘက်သို့ ဦးတည်လိုက်သည်။

__________

'ဘာမှာမလဲရှင့်'

'latteနဲ့ chocolate cake'

'ဒါဘဲလားရှင့်'

'အင်း'

'****ကျပါတယ်ရှင့်'

'ဟုတ်ပြီ

ဒါနဲ့လေ မနေ့က ဒီမှာ အလုပ်လုပ်တဲ့ကောင်လေးရော'

'ကောင်လေး....အော် ညီမလေးခန့်ကို ပြောတာလား'

'ညီမလေး...'

'ဟုတ်တယ် သူကမိန်းကလေးလေ အမြဲအဲ့လိုဘဲနေတာ'

'အော်'

'ဒီနေ့ ခန့်က ကျောင်းသွားအပ်တယ်'

'အော်'

'အပြန်ကြရင်တော့ ဝင်လာအုန်းမလားမသိဘူး'

'အော် ကျေးဇူးနော်'

'ဟုတ်'

ခန့်ဆိုင်ကိုရောက်သွားတော့ ဟောတွေ့ပါပြီ ခန့်အမျိုးသမီးလေး။ ထိုင်နေကြနေရာလေးမှာထိုင်နေလေသည်။ လှပြန်ပြီ အန်တီစိမ်းရယ်...

'မဂျူး အဆင်ပြေရဲ့လား'

'အော် ခန့် ပြေပါတယ် လူသိပ်မကျဘူးလေ ပြီးတော့ ခန့်အန်တီ ခန့်ကိုမေးနေတယ်'

'ခန့်အန်တီ...'

'ဟိုမှာလေ'

'အော် ဟီး ခန့်သွားလိုက်အုန်းမယ်နော်'

'ကြွ ကြွ'

အန်တီစိမ်းက နားကြပ်တပ်ကာ သီချင်းနားထောင်နေသည်။

'အန်တီစိမ်း'

ဟုဆိုကာ ပုခုံးလေးအား ကိုင်လိုက်သည်။

'အော် ခန့်'

'ခန့်ကို ရှာနေတယ်ဆို'

'မတွေ့လို့ပါ'

'အော်'

'ဒီနေ့ အားလား'

'ဒီနေ့လား'

'အင်း'

'အားတယ်'

'တို့အပြင်သွားချင်လို့ တစ်ယောက်တည်း မသွားချင်လို့ လိုက်ခဲ့ပေး'

'အိုကေ'

သာ်လိုနှင့် အန်တီစိမ်းနှင့် ခန့်လည်း ဗိုလ်တစ်ထောင် ကမ်းနားဘက်သို့ရောက်ချလာသည်။ ခုံတန်းတစ်ခုနားတွင် ကားရပ်ပြီး ထိုခုံတန်းတွင်ဝင်ထိုင်လိုက်ကြသည်။

'ခန့်'

'ဗျာ'

'တို့ မင်းကို ရင်ဖွင့်ချင်တယ်'

'အင်း ပြောလေ အန်တီစိမ်း'

'တို့လေ လူတစ်ယောက်ကို ချစ်မိသွားတယ် ဒါပေမယ့် တို့သိလိုက်ရတာက သူက မိန်းကလေးတစ်ယောက်ဖြစ်နေတယ် တို့ဘယ်လိုလုပ်ရမလဲ'

'အန်တီစိမ်းရယ် မိန်းကလေးဖြစ်လည်း ဘာဖြစ်လည်း မိန်းကလေးချင်းမကြိုက်ရဘူးလို့ ဘယ်သူက တားမြစ်ထားလို့လဲ'

'ဒါပေမယ့် တို့က သူ့ထက်အသက်ကြီးနေတယ်လေ'

'အန်တီစိမ်း သူ့ကိုဘယ်လောက်ချစ်လည်း'

'ချစ်တာပေါ့ တို့အသက်ထက်ပိုချစ်တယ်'

'တကယ်သာ ချစ်နေရင် အသက်အရွယ်တွေ ဘာတွေမလိုပါဘူး အန်တီစိမ်းရယ်'

'အင်း မင်းပြောသလိုဘဲ ဖြစ်ပါစေ'

အော် အန်တီစိမ်းရယ် အဲ့မိန်းကလေးကို အဲ့လောက်တောင်ချစ်သလား။ သူ့အကြောင်းပြောနေတာများ မျက်ဆံလေးတွေတောင် လက်လို့။ ကိုယ်ချစ်တဲ့သူတစ်ယောက်က ကိုယ့်အရှေ့မှာ သူချစ်တဲ့သူအကြောင်းပြောတာလောက် နာကျင်တာမရှိဘူး။

~~~~~~~~~~

စတုတ္ထမြောက် fic လေးပါဗျ။ အားပေးကြပါအုန်းနော်။ ဒီficလေးက နဲနဲတိုပါတယ်။

First
Next

Share This Chapter