Back
/ 6
Chapter 3

သို့...ချစ်ရပါသော တီချယ်စိမ်း (part-3)

သို့...ချစ်ရပါသော တီချယ်စိမ်း(Complete)

ညနေကျောင်းဆင်းတော့ ခန့်ကစက်ဘီးနဲ့ဆိုတော့ နောက်ကျမှထွက်ရသည်။ ထိုအချိန် G-10က ကောင်မလေးတစ်ဖွဲ့က ခန့်အနားရောက်လာသည်။

'အမ'

'ဗျာ ဟုတ်'

'ဟိုဟာလေ...'

'အင်း'

'facebook acc လေးပေးလို့ရမလား'

'အော် နေမင်းခန့်လို့ရိုက်ရှာလိုက်ရင်တွေ့လိမ့်မယ်နော်'

'ဟုတ် ကျေးဇူးပါ'

ထိုအချိန် ကောင်မလေးတစ်ယောက်မှ

'ညီမနာမည်က နွေရနံ့ပါ'

'အင်း'

'ညီမတို့ ခင်လို့ရမလား'

'ဟုတ် ရပါတယ်ဗျ'

'အဲ့တာဆို ဖုန်းနံပါတ်လေး တစ်ဆိတ်လောက်ပေးနိုင်မလား'

ထိုအချိန် မျက်ဒေါင့်နီကြီးနဲ့ ကြည့်နေသော ခန့်အမျိုးသမီးလေးကိုတွေ့လိုက်သည်။

'ဟိုလေ ခန့်အမျိုးသမီးလေး စောင့်နေပြီမလို့ သွားလိုက်အုန်းမယ်နော်'

'ဟင်...ဟုတ်'

ခန့်လည်း စက်ဘီးလေးကိုတွန်းကာ ခန့်အမျိုးသမီးလေးနောက် အပြေးလိုက်သွားသည်။

'တီချယ်စိမ်း'

'....'

'တီချယ်စိမ်းလို့...'

'....'

'ခန့်အမျိုးသမီးလေးရေ'

ထိုအချိန် တီချယ်စိမ်းခြေလှမ်းများ ရပ်တန့်သွားသည်။ ပြီးနောက် ခန့်ဘက်လှည့်လာသည်။

'ဘယ်သူ့အမျိုးသမီး'

'ခန့်အမျိုးသမီးလေးလေ'

'ဘယ်သူ့က သူ့အမျိုးသမီးလုပ်မယ်ပြောလို့လဲ'

'တီချယ်စိမ်းကကွာ မလုပ်ချင်ဘူးပေါ့ ရတယ်လေ တီချယ်စိမ်းရဲ့ သဘောဘဲ'

ဟုဆိုကာ ခန့်စက်ဘီးကိုတွန်းကာ ထွက်သွားသည်။

'ဟော ဒီကကောက်မလို့ဘဲရှိသေး သူ့ကကောက်သွားပြီ'

စိမ်းလည်း ခန့်နောက်ကို အမှီလိုက်ရသည်။ ထိုကလေးက တော်တော်လမ်းလျှောက်တာ အတော်မြန်သည်။ စိမ်းအမှီလိုက်ရင်း ေချာ်လဲလေပြီ။

'အား'

အော်သံကြားလို့ ခန့်လှည့်ကြည့်တော့ တီချယ်စိမ်း ချော်လဲနေသည်ကိုတွေ့လိုက်ရသည်။

'တီချယ်စိမ်း'

ဟုဆိုကာ ပြာပြာသလဲပြေးလာသည်။

'ရရဲ့လား'

'အင်း'

'ဘယ်လိုဖြစ်တာလဲ တီချယ်စိမ်းရယ်'

'မင်းကြောင့်လေ မင်းနောက်ကိုအမှီလိုက်ရလို့'

'ခန့်ကို စိတ်ကောက်နေတဲ့သူက ခန့်နောက်ကို ဘာလို့အမှီလိုက်ရတာလဲ'

'အို ဘာဖြစ်ဖြစ် အခုထူပေးအုန်း'

'အင်း'

'ရရဲ့လား'

'အ့'

'ခြေထောက်ခေါက်သွားတာဘဲ ဆေးခန်းသွားမယ်လာ'

မေမေက ဆရာဝန်ဖြစ်တာကြောင့် ခန့်ဆေးပညာအကြောင်း အနည်းငယ်နားလည်သည်။

'လာ စက်ဘီးပေါ်တတ်'

'နိုင်လို့လား'

'မနိုင်စရာလား'

'မှောက်ရင် ဒီတသက်လာမခေါ်နဲ့တော့'

'မမှောက်စေရပါဘူးဗျာ'

သည်လိုနှင့် ဆေးခန်းသို့ရောက်လာသည်။

'တွေ့လား နိုင်ပါတယ်ဆို'

'ဟုတ်ပါပြီ'

တီချာ်စိမ်း ခြေထောက်အရိုးယောင်သွားသည်။ ဆရာဝန်က ပတ်တီးစီးပြီး ရေခဲကပ်ဖို့နှင့် အကိုက်အခဲပျောက်ဆေး ပေးသည်။

ခန့်လည်း တီချယ်စိမ်းကို အိမ်ပြန်လိုက်ပို့သည်။

'ကဲ မင်းသွားတော့'

'ခန့်က ဘယ်သွားရမှာလဲ'

'အိမ်ပြန်လေ'

'နှင်နေပြီပေါ့'

'ဟုတ်တယ် သွားတော့'

'တယောက်တည်း အဆင်ပြေပါ့မလား'

'ပြေတယ်'

'ပြီးရော'

ခန့်ထွက်ဖို့အလုပ်

'အ့'

'တွေ့လား အဆင်မပြေပါဘူးဆိုတာ

လာပါခန့် တွဲပေးမယ် ပြောစကားကို နားမထောင်ဘူး'

'ဟုတ်ကဲ့ရှင့် တောင်းပန်ပါတယ်'

စိမ်း ခပ်ရွဲ့ရွဲ့လေးပြောလိုက်သည်။

ခန့် တီချယ်စိမ်းကို အိမ်ထဲထိလိုက်ပို့လိုက်သည်။ အိမ်ထဲရောက်တော့ အိမ်ဖော်မလေးနှစ်ယောက်က လာတွဲခေါ်သွားသည်။

'ဒါဆို ခန့်ပြန်တော့မယ်နော်'

'အင်း သတိထားသွားအုန်း'

'ဟုတ်'

ခန့်အိမ်ပြန်ရောက်တော့ အဝတ်အစားလဲပြီး ဖုန်းသုံးနေလိုက်သည်။ ထိုအချိန် ဖုန်းမှ noti ဝင်လာသည်။

ခန့်ကြည့်လိုက်တော့ friend request ထဲမှာ တီချယ်စိမ်း၏ အကောင့်လေးအား တွေ့ရသည်။ ခန့်လည်း လက်ခံလိုက်ပြီး စာသွားပို့လိုက်သည်။

'သက်သာသွားပြီလား ခန့်အမျိုးသမီးလေး'

'အင်း ရေခဲကပ်ထားတယ်'

'ခန့် လာခဲ့ရမလား'

'မင်းမိဘတွေ လွှတ်ပါ့မလား'

'ခန့်က တစ်ယောက်တည်းနေတာ'

'ဟုတ်လား မင်းမိဘတွေကရော'

'အဖေကတော့ မရှိတော့ဘူး အမေက နိုင်ငံခြားမှာနေတယ် ခန့်ကအဲ့ကို လိုက်မသွားချင်လို့ နေခဲ့တာ'

'ေအာ်'

'ဆေးရော သောက်ပြီးပြီလား'

'ဟင့်အင်း မသောက်ချင်ဘူး'

'ဟာ သောက်မှရမှာလေ'

'မကြိုက်ဘူး ဆေးသောက်ရတာမကြိုက်ဘူး'

'တော်ပြီ ခန့်ပဲလာခဲ့တော့မယ်'

ဟုဆိုကာ ခန့်စက်ဘီးတစ်စီးနှင့် ထွက်လာခဲ့သည်။

အိမ်ရှေ့ရောက်တော့ ဆူညံသံတွေကြားလိုက်ရတယ်။ ဒါနဲ့ ခန့်လည်း ဘဲလ်ကိုနှစ်ချက်သုံးချက်ဆင့်တီလိုက်သည်။ ခြံစောင့် ဦးလေးကြီးက ခန့်ကို တံခါးလာဖွင့်ပေးသည်။

'ဦးလေး အိမ်ထဲက ဘာအသံတွေလည်း'

'မမလေး ဆေးမသောက်ချင်လို့ သောင်းကျန်းနေတာ လူလေး'

'ဟုတ်လား ကျနော်သွားလိုက်အုန်းမယ်'

ခန့်အိမ်ထဲဝင် သွားတော့ ​လှေကားပေါ်က အိမ်ဖော်မလေးတစ်ယောက်ဆင်းလာသည်။ လက်ထဲတွင်လည်း ဖန်ကွဲစများကို သိမ်းလာပုံရသည်။

'အမ တီချယ်စိမ်း အခန်းက ဘယ်နားမှာလည်း'

'ဟို အပေါ်ထပ်က ဒေါင့်ဆုံးအခန်းပါ'

'ဟုတ် ကျေးဇူးပါ'

ခန့်တတ်သွားတော့ အခန်းရှေ့တွင် အိမ်ဖော်မလေးများ ရပ်နေကြသည်။

'ပေးအမ ခန့်တိုက်လိုက်မယ်'

ဟုဆိုကာ လက်ထဲက ဆေးထည့်ထားသော ခွက်ကလေးနှင့် ရေခွက်ကလေးကို ယူလိုက်ကာ အခန်းထဲဝင်သွားလိုက်သည်။

'လာပြန်ပြီလား ငါမသောက်ချင်ပါဘူးဆို'

'ခန့်အမျိုးသမီးလေး ဂျီကျနေတာလား'

'ခန့် ဘယ်လိုရောက်လာတာလဲ'

'ဟော စာပို့ထားတယ်လေ'

'မတွေ့လိုက်ဘူး'

'ထားလိုက်ပါတော့ ဆေးသောက်မယ် ဘာစားထားလည်း'

'ထမင်း'

'အဲ့တာဆိုရော့ ဆေးသောက်'

'မသောက်ချင်ဘူး ဆေးသောက်ရတာမကြိုက်ဘူး'

'အဲ့တာဆို ခြေထောက်က ပိုရောင်လာမှာပေါ့'

'ထားလိုက်'

'ဟော ထားလိုက်လို့မရဘူးလေ'

'မသိဘူးကွာ'

'ဟော ကလေးလေးကြနေတာဘဲ'

'ဆေးတိုက်မယ်ဆိုလာမခေါ်နဲ့'

'တကယ်နော်'

'အင်း'

'ရတယ်လေ ဆေးမသောက်ဘူးဆို ပြန်တော့မယ်'

'ပြန် ပြန် ကြွ ကြွ'

'ပြန်ပြီ ဟွန့် လာမခေါ်နဲ့ မလိမ်မာဘူး'

'.....'

ခန့်အခန်းတံခါးဝ အရောက်

'ဟယ် နောက်နေတာ တကယ်မပြန်နဲ့လေ'

'အဲ့တာဆို ေဆးသောက်မှာလား'

'အင်း အင်း သောက်မယ်'

'ဒီလို လိမ်မာမှပေါ့'

ခန့်လည်း ဆေးတိုက်ပြီး အိမ်ဖော်မလေးများကို ဆေးခွက်နဲ့ ရေခွက်ပြန်ပေးလိုက်သည်။

'ဟင် ဘယ်လိုတိုက်လိုက်တာလဲ'

'မရရအောင် တိုက်ရတာပေါ့'

'မမလေး နေမကောင်းဖြစ်တဲ့နေ့က အိမ်မှာ ကမ္ဘာပျက်တဲ့နေ့ဘဲ သားလေးရယ်'

'ဗျာ ကျနော်က မိန်းကလေး'

'ဟယ် ဟုတ်လား ဒေါစိုးကမသိလို့'

'ဟုတ်ရပါတယ်'

'ခန့်ရေ'

'ဗျာ တီချယ်စိမ်း'

'မလာသေးဘူးလား ကြာလိုက်တာ'

'လာပြီ လာပြီ'

'ခေါ်နေပြီ သွားလိုက်အုန်းမယ်နော်'

'အေး အေး'

ခန့် အခန်းထဲပြန်ဝင်သွားတော့ တီချယ်စိမ်းက စာအုပ်ထိုင်ဖတ်နေသည်။

'ခန့်'

'ဗျာ'

'ညအိပ်မှာလား'

'ဗျာ'

'ညအိပ်မှာလားလို့'

'ခန့် အဝတ်တွေနဲ့ စာအုပ်တွေမပါခဲ့ဘူး'

'အဲ့တော့ မအိပ်တော့ဘူးပေါ့'

ခန့်ကို အိပ်စေချင်သည်ကို ခန့်သိသည်။

'ခန့် သွားပြန်ယူပြီး ပြန်လာခဲ့မယ် ခဏစောင့်နေနော်'

'အင်း ပြီးရော'

ခန့်လည်း အိမ်ပြန်ပြီး အဝတ်အစားများနှင့် ကျောင်းလွယ်အိတ်ယူကာ ပြန်လာလိုက်သည်။

'ခန့် မမလေးက သူ့အခန်းထဲမှာ အိပ်တဲ့'

'ဗျာ...ဟု..ဟုတ်'

ခန့်လည်း တီချယ်စိမ်းအခန်းထဲကို ဝင်သွားလိုက်သည်။ တီချယ်စိမ်းက နောက်နေ့ သင်မယ့်စာတွေကို စစ်နေသည်။

'ခန့်အမျိုးသမီးလေး'

'ရှင်'

'အား...သဘောကျလိုက်တာ'

'ဘာကိုလည်း'

'ရှင်လို့ထူးတာကိုလေ'

'ဟုတ်လား နောက်ဆိုအဲ့လိုထူးရမလား'

'အင်း'

'ခန့် စာလုပ်ပြီးပြီလား'

'no'

'အာ့ဆိုလုပ်လေ'

'ဟုတ်'

ခန့် အိမ်စာထိုင်ရေးနေလိုက်သည်။ ပြီးနောက် ဖုန်းဖွင့်ကာ ficထိုင်ဖတ်နေသည်။

'ခန့်'

'ဗျာ'

'မအိပ်သေးဘူးလား'

'ဟုတ်ခဏနေအိပ်တော့မယ်'

'အဲ့တာဆို တီချယ်အိပ်နှင့်ပြီနော်'

'ဟုတ် ခန့်ခဏနေရင် ဆိုဖာပေါ်မှာအိပ်လိုက်မယ်'

'တို့နဲ့ဘဲလာအိပ်ပါ'

'ဟင် တီချယ်စိမ်းရဲ့ ဘေးမှာလား'

'အင်း ဘာလဲမအိပ်ချင်ဘူးလား'

'အိပ်..အိပ်ချင်ပါတယ်'

'ပြီးရော ခဏဘဲကြည့်တော့နော်'

'ဟုတ်ကဲ့ပါ ခန့်အမျိုးသမီးလေးရေ'

'ရွှတ်နောက်နောက်နဲ့'

မိုးရာသီဖြင့် သဖြင့် မိုးများစွာရွာသွန်းနေသည်။ ထိုအချိန် မိုးခြိမ်းသံအကျယ်ကြီး ထွက်ပေါ်လာသည်။

'အမေ့'

တီချယ်စိမ်း၏အော်သံကြောင့် ခန့်တီချယ်စိမ်းနားသို့ အမြန်သွားလိုက်သည်။

'ကြောက်လို့လား အချစ်'

'အင်း'

'ခန့် တီချယ်စိမ်းအနားမှာနေပေးမယ်နော်'

'အင်း'

ခန့် တီချယ်စိမ်း ဘေးနားတွင် ဝင်ထိုင်လိုက်ပြီး တီချယ်စိမ်းလက်ကလေးကို ကိုင်ထားကာ ဖုန်းကိုကြည့်လိုက် တီချယ်စိမ်းကိုကြည့်လိုက်လုပ်နေသည်။

'လက်တွေအေးစက်နေတာဘဲ အဆင်ပြေရဲ့လား အချစ်'

'ဟင့်အင်း'

'ခန့်ဖက်ထားပေးမယ်နော်'

'အင်း'

ခန့်လည်း ဖုန်းကိုပိတ်လိုက်ပြီး တီချယ်စိမ်းကို ရင်ခွင်ထဲထည့်လိုက်သည်။

'ဖက်ထားနော် အချစ်'

'သုံးခါရှိပြီနော်'

'ဟင်'

'အချစ်လို့ခေါ်တာ သုံးခါရှိပြီလို့'

'ဟီး ချစ်လို့ခေါ်တာပေါ့'

'ဟုတ်ပါပြီ'

'အင်း အိပ်တော့နော် ခန့်တစ်ညလုံးဖက်ထားပေးမယ် Goodnight ချစ်တယ်'

*မွ*

ခန့်တီချယ်စိမ်း၏ နဖူးလေးအားနမ်းလိုက်သည်။

'အင်း ချစ်တယ်'

*မွ*

တီချယ်စိမ်းကလည်း ခန့်ကိုပြန်နမ်းလိုက်သည်။

တီချယ်စိမ်းလည်း ခန့်ရင်ခွင်ထဲမှာ တစ်ညလုံးအိပ်ပျော်သွားသည်။

~~~~~~~~~~

nikတစ်ပတ်ကို သုံးခါupပေးပါ့မယ်ဗျ။

စာလုံးပေါင်းမှားသွားရင်လည်း ပြောပြကြပါဗျ။

nikမစစ်လိုက်မိလို့ပါ။

Share This Chapter