Back
/ 11
Chapter 3
(2)
ကျောင်းမင်းသားလေးနဲ့စုံတွဲဝတ်စုံတွေကိုမတော်တဆဝတ်မိခဲ့တဲ့ ရှက်စရာနေ့ရက်များ
(Unicode)
တစ်စုံတစ်ယောက်နဲ့ တူညီသောအဝတ်အစားကို ၀တ်တာက ကြောက်စရာမဟုတ်ပေမဲ့ ပိုရုပ်ဆိုးသူ ရှက်ရမှာပဲ။
နတ်ဆိုးရဲ့ကျိန်စာလိုပဲ ဒီကျော်ကြားတဲ့စကားက Tong Yao ရဲ့ အထက်တန်းကျောင်း တတိယနှစ် ဒုတိယနှစ်ဝက်စ ကတည်းက နှစ်လကျော်ကြာအောင် နားထဲမှာ စွဲနေခဲ့တယ်။
ယုံရတော့ခက်တယ်။ ဒါပေမယ့် သူက သာမန်ကျောင်းသားတစ်ယောက်ဖြစ်ပေမဲ့ ကျောင်းရဲ့မင်းသားလေး Jiang Jinyue နဲ့ တူညီတဲ့အဝတ်အစားကို သုံးလနီးပါးဆက်တိုက် ၀တ်ဆင်မိခဲ့တယ်။
သူ့ကိုပြောကြပါ! အရှက်ရတဲ့သူက ဘယ်သူလဲလို့!?
Tong Yao က သူရဲ့  အလယ်အလတ်တန်းစားပုံပန်းသဏ္ဍာန်၊ အဆင့်အတန်း၊ သာမာန်အဆင့်၊ သာမန်မိသားစုနောက်ခံနဲ့ သူက ဒီကမ္ဘာပေါ်တွင် သာမာန်အဆန်ဆုံးလူလို့ ယုံကြည်ခဲ့တယ်။
ပုံမှန်အားဖြင့် လမ်းလျှောက်သွားရင်တောင် Tong Yao ကို ဘယ်သူကမှ ဂရုမစိုက်ဘူး။
ဒါပေမယ့် မကြာသေးမီက သူဟာ အခြားသူများ၏ စကားဝိုင်းများတွင် မကြာခဏ ပြောခံရလေ့ရှိတယ်။ ခြွင်းချက်မရှိ အားလုံးက သူနဲ့ Jiang Jinyue က တူညီတဲ့အဝတ်အစားကို ဘယ်လိုဝတ်ထားလဲဆိုတာ ဆွေးနွေးနေကြတယ်။
Jiang Jinyue ၏ မူရင်းဝတ်စားဆင်ယင်ပုံက ဒီလိုမျိုးမဟုတ်ဘူး။ သူက အရမ်းချမ်းသာတဲ့ မိသားစုကနေ ဆင်းသက်လာပြီး သူရဲ့မိဘနှစ်ပါးစလုံးက နိုင်ငံခြားတွင် စီးပွားရေးလုပ်နေကြတယ်။  အမေဖြစ်သူက သူ့ကို နေ့တိုင်း ကားနဲ့ လိုက်ပို့ပေးတယ်။ သူဝတ်ထားတဲ့အဝတ်အစားအားလုံးက Tong Yao တခါမှမမြင်ဖူးတဲ့ အဆင့်မြင့်အမှတ်တံဆိပ်တွေကြီးပဲ။
အတိုချုပ်ပြောရမယ်ဆိုရင် Jiang Jinyue ကိုဖော်ပြဖို့စကားလုံးတစ်လုံးက - 'ချောမောတယ်'
Jiang Jinyue က Tong Yao နဲ့ တူညီတဲ့အဝတ်အစားတွေကို ၀တ်ဆင်ထားတဲ့အချိန်မှာ ရုပ်ရည်ချောမောမှုမရှိတော့တာ မဟုတ်ပါဘူး။ သေချာတယ်! သူကတော့ ချောမောနေတုန်းပဲ! ဒါပေမယ့် Tong Yao က Jiang Jinyue ရဲ့ ချောမောမှုက ဘာကြောင့် ဒီလို ကျဆင်းသွားတယ်ဆိုတာကို မသိနိုင်ခဲ့ဘူး။
သူ့မျက်နှာရဲ့တန်ဖိုးကို ဘာကြောင့် ဖြုန်းတီးနေတာလဲ!?
Tong Yao က ခေါင်းကိုငုံ့ပြီး လူတိုင်းရဲ့ အကြည့်များကြားမှ ကျောင်းဆီ လျှောက်သွားလိုက်တယ်။  ထောင့်တစ်နေရာမှာ “pa!” ဟုသောအသံဖြင့် တစ်စုံတစ်ယောက်၏ ခိုင်မာသော နောက်ကျောတစ်ခုဆီသို့ ဝင်တိုက်မလိုက်သည်။
“အိုက်ယိုး”
Tong Yao က သူ့နဖူးကို ပွတ်သပ်လိုက်တယ်။ သူ့ရှေ့မှာ "Fat Weeb" ဆိုတဲ့ စကားလုံးကြီးကြီး ရှိနေတယ်။
Tong Yao က ခေါင်းကို မော့ကြည့်လိုက်သည်။
အိုးမိုင်ဂေါ့!၊ အဲ့ဒါ Jiang Jinyue အာ့!
Jiang Jinyue လည်း သူ့ကို အံ့အားသင့်စွာ ပြန်ကြည့်နေတယ်။ သူ့အနားမှာ Pony tail ဆံပင်ပုံစံနဲ့ မိန်းကလေးတစ်ယောက်က အသဲပုံချောကလက်တစ်ဗူးကို ကိုင်ထားတယ်။ ရုတ်တရက် ပေါ်လာတဲ့ Tong Yao ကို စိုက်ကြည့်ရင်း သူ(မ)မျက်နှာက ရှက်ရွံ့စွာ နီမြန်းနေလာတယ်။
Tong Yao က တစ်စုံတစ်ဦးရဲ့ ပရိုပိုစ့်ကို ဖျက်ဆီးမိကြောင်း သိလိုက်ရတယ်။ သူ့ခြေလှမ်းတွေကို အရှိန်မြှင့်လိုက်ပြီး အပေါ်ထပ်သို့တက်သွားလိုက်တယ်။
Jiang Jinyue က သူ့ကို "အဆင်ပြေရဲ့လား" လို့ မေးသည်ကိုပင် မကြားလိုက်ပေ။
"တောင်းပန်ပါတယ် အတန်းဖော်၊ ဒီချောကလက်ကို ငါလက်မခံနိုင်ဘူး"
Jiang Jinyue က သူ့အကြည့်ကို လွှဲလိုက်ပြီး ယခင်ကဒီမိန်းကလေးကို နာကျင်စေခဲ့သော လျစ်လျူရှုမှုကို တစ်ဖန်ပြန်လည်ရရှိလိုက်တယ်။
(Zawgyi)
နတ်ဆိုးရဲ့ကျိန်စာလိုပဲ ဒီကျော်ကြားတဲ့စကားက Tong Yao ရဲ့ အထက်တန်းကျောင်း တတိယနှစ် ဒုတိယနှစ်ဝက်စစကတည်းက နှစ်လကျော်ကြာအောင် နားထဲမှာ စွဲနေခဲ့တယ်။
Tong Yao က သူရဲ့  အလယ်အလတ်တန်းစာစပုံပန်းသဏ္ဍာန်၊ အဆင့်အတန်း၊ သာမာန်အဆင့်၊ သာမန်မိသားစုနောက်ခံနဲ့ သူက ဒီကမ္ဘာပေါ်တွင် သာမာန်အဆန်ဆုံးလူလို့ ယုံကြည်ခဲ့တယ်။
“အိုက်ယိုး”
Jiang Jinyue က သူ့ကို "အဆင်ပြေလား" လို့ မေးသည်ကိုပင် မကြားလိုက်ပေ။
Share This Chapter