Back
/ 11
Chapter 8

(7)

ကျောင်းမင်းသားလေးနဲ့စုံတွဲဝတ်စုံတွေကိုမတော်တဆဝတ်မိခဲ့တဲ့ ရှက်စရာနေ့ရက်များ

Unicode

Jiang Jinyue အိမ်ပြန်ရောက်တာနဲ့ ပထမဆုံးလုပ်ခဲ့တာက သူ့ကျောင်းလွယ်အိတ်ထဲက နှစ်ချုပ်စာအုပ်ကို ထုတ်ဖို့ပဲ။

အဲ့ဒါကိုဖွင့်ပြီးတာနဲ့ မျှော်လင့်ချက်အပြည့်ဖြင့် စာမျက်နှာတစ်ခုပြီးတစ်ခု ဂရုတစိုက်ရှာဖွေခဲ့တယ်။ ဒါပေမယ့် အရှေ့ကနေ အနောက်အထိ သုံးကြိမ်တိတိ လှန်ကြည့်ပြီးတဲ့နောက်မှာ Jiang Jinyue ရဲ့ မျှော်လင့်ချက်တွေ အဆုံးမှာ ပျောက်ကွယ်သွားခဲ့တယ်။

သူက ဘာမက်ဆေ့ချ်မှချန်မထားခဲ့ဘူး။

Jiang Jinyue က နှစ်ချုပ်စာအုပ်ကိုပိတ်ပြီး သူ့စားပွဲပေါ်ပစ်ချလိုက်တယ်။ တိုက်ဆိုင်စွာပဲ နှစ်ချုပ်စာအုပ်ရဲ့ အနောက်ဘက်မျက်နှာပြင်က သူနှင့် မျက်နှာချင်းဆိုင် ကျရောက်လာတယ်။

ရင်းနှီးသောလက်ရေးက သူ့မျက်လုံးတွေမှာ ရုတ်တရက် ထင်ဟပ်သွားတယ်။

"လပြည့်ညသည် အကန့်အသတ်မဲ့မြစ်ထဲတွင် စိမ်နေရင်း လွမ်းဆွေးစိတ်ဖြင့် ခွဲခွာရမည့်အချိန် ရောက်လာသောအခါ"

"When came the time to part with melancholy, with the full moon soaking in the boundless river."

Jiang Jinyue က နှစ်ချုပ်စာအုပ်ကို ချက်ချင်းကောက်ကိုင်လိုက်ပြီး မင်ခြောက်နေတဲ့ အရေးအသားကို လက်ချောင်းများဖြင့် ဂရုတစိုက် ထိတွေ့လိုက်တယ်။ ဒီလူက သူ့ရဲ့နာမည်ကို မထားခဲ့ရင်တောင် ဘယ်သူရေးတယ်ဆိုတာ သူသိနေတယ်။

Jiang Jinyue ရဲ့အကြည့်ဟာ စုစုပေါင်း ငါးဆယ့်နှစ်ကြိမ် တိတိ စာလုံးတိုင်းမှာ လွင့်ပျံနေတယ်။

အဲ့ဒီနောက်မှာ လက်ရေးလေးကို နှုတ်ခမ်းနဲ့ ဖိကပ်နမ်းလိုက်တယ်။

Zawgyi

Jiang Jinyue အိမ္ျပန္ေရာက္တာနဲ႔ ပထမဆုံးလုပ္ခဲ့တာက သူ႕ေက်ာင္းလြယ္အိတ္ထဲက ႏွစ္ခ်ဳပ္စာအုပ္ကို ထုတ္ဖို႔ပဲ။

အဲ့ဒါကိုဖြင့္ၿပီးတာနဲ႔ ေမွ်ာ္လင့္ခ်က္အျပည့္ျဖင့္ စာမ်က္ႏွာတစ္ခုၿပီးတစ္ခု ဂ႐ုတစိုက္႐ွာေဖြခဲ့တယ္။ ဒါေပမယ့္ အေ႐ွ႕ကေန အေနာက္အထိ သုံးႀကိမ္တိတိ လွန္ၾကည့္ၿပီးတဲ့ေနာက္မွာ Jiang Jinyue ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြ အဆုံးမွာ ေပ်ာက္ကြယ္သြားခဲ့တယ္။

သူက ဘာမက္ေဆ့ခ်္မွခ်န္မထားခဲ့ဘူး။

Jiang Jinyue က ႏွစ္ခ်ဳပ္စာအုပ္ကိုပိတ္ၿပီး သူ႕စားပြဲေပၚပစ္ခ်လိုက္တယ္။ တိုက္ဆိုင္စြာပဲ ႏွစ္ခ်ဳပ္စာအုပ္ရဲ႕ အေနာက္ဘက္မ်က္ႏွာျပင္က သူႏွင့္ မ်က္ႏွာခ်င္းဆိုင္ က်ေရာက္လာတယ္။

ရင္းႏွီးေသာလက္ေရးက သူ႕မ်က္လုံးေတြမွာ ႐ုတ္တရက္ ထင္ဟပ္သြားတယ္။

"လျပည့္ညသည္ အကန္႔အသတ္မဲ့ျမစ္ထဲတြင္ စိမ္ေနရင္း လြမ္းေဆြးစိတ္ျဖင့္ ခြဲခြာရမည့္အခ်ိန္ ေရာက္လာေသာအခါ"

"When came the time to part with melancholy, with the full moon soaking in the boundless river."

Jiang Jinyue က ႏွစ္ခ်ဳပ္စာအုပ္ကို ခ်က္ခ်င္းေကာက္ကိုင္လိုက္ၿပီး မင္ေျခာက္ေနတဲ့ အေရးအသားကို လက္ေခ်ာင္းမ်ားျဖင့္ ဂ႐ုတစိုက္ ထိေတြ႕လိုက္တယ္။ ဒီလူက သူ႕ရဲ႕နာမည္ကို မထားခဲ့ရင္ေတာင္ ဘယ္သူေရးတယ္ဆိုတာ သူသိေနတယ္။

Jiang Jinyue ရဲ႕အၾကည့္ဟာ စုစုေပါင္း ငါးဆယ့္ႏွစ္ႀကိမ္ တိတိ စာလုံးတိုင္းမွာ လြင့္ပ်ံေနတယ္။

အဲ့ဒီေနာက္မွာ လက္ေရးေလးကို ႏႈတ္ခမ္းနဲ႔ ဖိကပ္နမ္းလိုက္တယ္။

Share This Chapter