Chapter 2: part 1( Unicode +Zawgyi)

💜parts of my love💜jinkook (Complete)Words: 18660

Unicode

ဆိုးလ်မြို့ ညနေ5နာရီ မိုးတွေဖွဲဖွဲရွာတဲ့အချိန်မှာ‌ မိုးရေထဲမှာငိုကြွေးနေတဲ့ကောင်လေးတယောက်။သူ့ရဲ့နောက်မှာ နောက်ထပ်ကောင်လေးတစ်ယောက်ကရပ်ပီး ထီးမိုးပေးလိုက်တယ်။ထိုမိုးရေထဲမှကောင်လေးနှစ်ယောက်ကိုသူ့ရဲ့မျက်၀န်းထဲမှာမျက်ရည်စတချို့နဲ့ကြည့်နေတဲ့ အနက်ရောင်ကားထဲမှကောင်လေး။ထိုသူသုံးဦးရဲ့စိတ်ထဲမှာဖြစ်နေတဲ့နာကျင်မှုတွေကို မိုးနတိမင်းကြီးကတော့ မျက်ကွယ်ပြုလျက်သည်းထန်စွာရွာသွန်းနေဆဲ

............................................................................

'Ring~ ring~ ring'

Jin's pov:

နှိုးစက်သံကြောင့်နိုးလာခဲ့ပေမဲ့ ခေါင်းကမကြည်သေး မနေ့ညကတနာက်ကျမှအိပ်ခဲ့ရလို့လားမသိ ကျွန်တော်မအိပ်ရသေးခင်မှာပဲ နေ့တ‌ေန့က အစပြုလာခဲ့တယ် ဘာပဲဖြစ်ဖြစ်ဒီ‌ေန့မှာလဲ အသက်ရှင်ရပ်တည်ဖို့အတွက်ကြိုးစားရုန်းကန်နေရဦးမှာပါပဲ။

ဆော့ဂျင်အိပ်ရာထက်မှထလိုက်ပီး တနေ့တာကို အစပြုလိုက်သည်။

...............................................................….............

Jin's pov:

အိပ်ရာထနောက်ကျလို့ အလုပ်နောက်ကျပေမဲ့ အဆူအပြောမခံခဲ့ရပါဘူး ဘာလို့လဲဆိုရင် ကျွန်တော့ရဲ့အလုပ်က ကျွန်တော်ကသာ သူဌေး ကျွန်တော်ကသာအလုပ်သမားမို့လို့ပါ

ကျွန်တော့ရဲ့အလုပ်ကတော့ ပန်းချီဆရာပါ ပန်းချီဆွဲခြင်းကိုဝါသနာပါပေမဲ့ ကျွန်တော့ရဲ့မျက်လုံးတွေကြောင့်အရမ်းဒုက္ခရောက်ရတယ် ကျွန်တော်က အရောင်တွေကိုမြင်နိုင်စွမ်းမရှိပါဘူး ကျွန်တော့ရဲ့အမြင်အာရုံဟာ အဖြူနဲ့အမည်းရောင်ကိုပဲမြင်နိုင်တာပါ ကျွန်တော့ကိုမျက်လုံးတွေကို ဘယ်သူကမှဂရုတစိုက်ကုသမပေးခဲ့ပါဘူး ဘာလို့ဆိုကျွန်‌ေတာ်က အချစ်မခံရတဲ့ မိဘမဲ့တယောက်ပါ ကျွန်တော့ကိုချစ်ပီးဂရုစိုက်ပေးတဲ့သူ သုံးယောက်ရှိခဲ့ဘူးပါတယ် တယောက်ကတော့ မိဘမဲ့ဂေဟာမှူးပါ နောက်တယောက်ကတော့ကျွန်တော့ရဲ့ချစ်သူ နောက်တယောက်ကတော့ ကျွန်တော့ကိုချစ်နေတဲ့သူပေါ့ အခုတော့ ကျွန်တော့မျက်လုံးတွေဟာအကုန်ပြန်မကောင်းသေးပေမဲ့ ဆေးသောက်လိုက်ရင် ခဏလောက်တော့ အရောင်တွေမြင်နေရပါပီ J hope galleryပိုင်ရှင်Jung Hoseok သူ့ကိုပန်းချီဆရာတော်တော်များများကတော့ jhopeလို့သိကြတယ်။‌ဂျင်နဲ့ကတော့ ညီအကိုအရင်းလိုဖြစ်နေပါပီ ဂျင်ကတော့သူ့ကို hobieလို့ခေါ်တယ်

"Hobie ငါလော့ခ်မချထားပါဘူး"

"အော်.. အေး"

ဟိုဆော့အခန်းထဲကို၀င်လာပီး ဆော့ဂျင်ဆွဲလက်စပုံကို ကြည့်နေရင်း

"Jin... မင်း.. မျက်လုံး‌ပုံတွေဆွဲပြန်ပီလား?"

"ဘာဖြစ်လို့လဲ?"

"ဘာမှမဖြစ်ပါဘူး. အော်... ဒါနဲ့ "မင်းဆွဲထားတဲ့မျက်လုံးပုံပန်းချီကားတွေကို USက bossတယောက်ကအကုန်၀ယ်သွားတယ် ပီးတော့.. သူက ဟို... ဟိုတပုံကိုလည်းအတော်သဘောကျနေတယ်"

"ဘယ်ပုံလဲ?"

"ဟို... ဟိုပုံလေ မင်းနာမည်ပေးထားတဲ့ 'diary of a blind'"

"ငါမရောင်းနိုင်ဘူး.. မင်းကိုအရင်ကတည်းကပြောပီးသားပဲ ငါအဲဒီပန်းချီကားကိုရောင်းဖို့ဆွဲထားတာမဟုတ်ဘူး..."

"ငါသိပါတယ်။ ဒါပေမဲ့ သူကလည်းတော်တော်၀ယ်ချင်နေပုံပဲ.."

Jin's pov:

အဲဒီ diary of a blind ပန်းချီကားက ကျွန်တော်ပထမဆုံးစဆွဲတဲ့ပန်းချီကား ။အဲဒီပန်းချီကားလေးရဲ့နာမည်ကိုအဓိပ္ပာယ်ပြန်ရင်တော့ မျက်ကန်းတယောက်ရဲ့ ဒိုင်ယာရီပေါ့ အဲဒီပန်းချီကားလေးကိုစဆွဲတုန်းက ကျွန်တော်ကိုယ်တိုင်လည်းမျက်ကန်းတယောက်ဖြစ်နေခဲ့ပါတယ် အချစ်မျက်ကန်းပေါ့

"မင်းမရောင်းချင်ဘူး ဆိုလည်း.. ငါအတင်းမရောင်းခိုင်းပါဘူး.."

"အော်...ပီးတော့.. မင်းပန်းချီကားတွေရောင်းလို့ရတဲ့ ပိုက်ဆံတွေကို မင်းပို့ခိုင်းတဲ့စီငါပို့ပီးပီ.."

"အင်း ကျေးဇူးပဲ hobie"

"အဲဒါဆို ငါပြန်တော့မယ်"

"ပြခန်းကိုသွာမလို့လား?"

"အင်း.."

"ငါလည်းလိုက်ခဲ့မယ်..."

.................................................................................

ပန်းချီပြခန်းကိုရောက်တဲ့အချိန်မှာ တစုံတဦးက ဆော့ဂျင်နှင့် ဟိုဆော့ကိုကျောပေးရပ်လျက် ဆော့ဂျင်၏ပန်းချီကားကိုကြည့်နေသည်

"Jin... အဲဒါ ငါခုနပြောတဲ့တယောက်လေ.."

Jin's pov:

Hobieပြောတဲ့သူကိုကျွန်တော်ကြည့်လိုက်တော့ ထိုသူက ကျွန်တော်တို့ကိုနောက်ကျောပေးရပ်နေရင်း ကျွန်တော့ပန်းချီကားလေးကိုရပ်ကြည့်နေသည် ထိုသူ၏ပုံက အတိတ်တချိန်က သူတယောက်ကိုတောင်ပြန်သတိရသွားသလိုပင်။

#ဧကန္တ~ သူများလား~ မဖြစ်နိုင်ပါဘူး~ ဟင့်အင် သူမဖြစ်နိုင်ဘူး#

ဆော့ဂျင်အတွေးတို့မရပ်တန့်ခင်မှာပဲ ထိုသူက ဆော့ဂျင်နှင့် ဟိုဆော့ရှိရာဘက်သို့လှည့်လာသည် ထိုသူ့မျက်နှာကိုမြင်လိုက်ရချိန်မှာ ဆော့ဂျင်တယောက် ဆောကတည်ရာမဲ့သွားတော့သည် ဆော့ဂျင်၏နှုတ်ခမ်းဖျားကထွက်လာသည်က နာမည်တခုသာ

"K~o~o!!"

...............................................................................

ဒီficကို weekendsတွေမှာပဲupပေးမှာပါနော်💜💜💜

........................................................................

Zawgyi

ဆိုးလ္ၿမိဳ႕ ညေန5နာရီ မိုးေတြဖြဲဖြဲ႐ြာတဲ့အခ်ိန္မွာ‌ မိုးေရထဲမွာငိုေႂကြးေနတဲ့ေကာင္ေလးတေယာက္။သူ႕ရဲ႕ေနာက္မွာ ေနာက္ထပ္ေကာင္ေလးတစ္ေယာက္ကရပ္ပီး ထီးမိုးေပးလိုက္တယ္။ထိုမိုးေရထဲမွေကာင္ေလးႏွစ္ေယာက္ကိုသူ႕ရဲ႕မ်က္၀န္းထဲမွာမ်က္ရည္စတခ်ိဳ႕နဲ႔ၾကည့္ေနတဲ့ အနက္ေရာင္ကားထဲမွေကာင္ေလး။ထိုသူသုံးဦးရဲ႕စိတ္ထဲမွာျဖစ္ေနတဲ့နာက်င္မႈေတြကို မိုးနတိမင္းႀကီးကေတာ့ မ်က္ကြယ္ျပဳလ်က္သည္းထန္စြာ႐ြာသြန္းေနဆဲ

............................................................................

'Ring~ ring~ ring'

Jin's pov:

ႏိႈးစက္သံေၾကာင့္ႏိုးလာခဲ့ေပမဲ့ ေခါင္းကမၾကည္ေသး မေန႔ညကတနာက္က်မွအိပ္ခဲ့ရလို႔လားမသိ ကြၽန္ေတာ္မအိပ္ရေသးခင္မွာပဲ ေန႔တ‌ေန႔က အစျပဳလာခဲ့တယ္ ဘာပဲျဖစ္ျဖစ္ဒီ‌ေန႔မွာလဲ အသက္႐ွင္ရပ္တည္ဖို႔အတြက္ႀကိဳးစား႐ုန္းကန္ေနရဦးမွာပါပဲ။

ေဆာ့ဂ်င္အိပ္ရာထက္မွထလိုက္ပီး တေန႔တာကို အစျပဳလိုက္သည္။

...............................................................….............

Jin's pov:

အိပ္ရာထေနာက္က်လို႔ အလုပ္ေနာက္က်ေပမဲ့ အဆူအေျပာမခံခဲ့ရပါဘူး ဘာလို႔လဲဆိုရင္ ကြၽန္ေတာ့ရဲ႕အလုပ္က ကြၽန္ေတာ္ကသာ သူေဌး ကြၽန္ေတာ္ကသာအလုပ္သမားမို႔လို႔ပါ

ကြၽန္ေတာ့ရဲ႕အလုပ္ကေတာ့ ပန္းခ်ီဆရာပါ ပန္းခ်ီဆြဲျခင္းကိုဝါသနာပါေပမဲ့ ကြၽန္ေတာ့ရဲ႕မ်က္လုံးေတြေၾကာင့္အရမ္းဒုကၡေရာက္ရတယ္ ကြၽန္ေတာ္က အေရာင္ေတြကိုျမင္ႏိုင္စြမ္းမ႐ွိပါဘူး ကြၽန္ေတာ့ရဲ႕အျမင္အာ႐ုံဟာ အျဖဴနဲ႔အမည္းေရာင္ကိုပဲျမင္ႏိုင္တာပါ ကြၽန္ေတာ့ကိုမ်က္လုံးေတြကို ဘယ္သူကမွဂ႐ုတစိုက္ကုသမေပးခဲ့ပါဘူး ဘာလို႔ဆိုကြၽန္‌ေတာ္က အခ်စ္မခံရတဲ့ မိဘမဲ့တေယာက္ပါ ကြၽန္ေတာ့ကိုခ်စ္ပီးဂ႐ုစိုက္ေပးတဲ့သူ သုံးေယာက္႐ွိခဲ့ဘူးပါတယ္ တေယာက္ကေတာ့ မိဘမဲ့ေဂဟာမႉးပါ ေနာက္တေယာက္ကေတာ့ကြၽန္ေတာ့ရဲ႕ခ်စ္သူ ေနာက္တေယာက္ကေတာ့ ကြၽန္ေတာ့ကိုခ်စ္ေနတဲ့သူေပါ့ အခုေတာ့ ကြၽန္ေတာ့မ်က္လုံးေတြဟာအကုန္ျပန္မေကာင္းေသးေပမဲ့ ေဆးေသာက္လိုက္ရင္ ခဏေလာက္ေတာ့ အေရာင္ေတြျမင္ေနရပါပီ

ေဆာ့ဂ်င္တေယာက္ပုံဆြဲေနတုန္း အခန္းတံခါးေခါက္သံကိုၾကားလိုက္ရတယ္

Jin ငါ့ကိုတံခါးဖြင့္ေပးဦး

"Hobie ငါေလာ့ခ္မခ်ထားဘူး"

"ေအာ္.. ေအး"

ဟိုေဆာ့အခန္းထဲကို၀င္လာပီး ေဆာ့ဂ်င္ဆြဲလက္စပုံကို ၾကည့္ေနရင္း

"Jin... မင္း.. မ်က္လုံး‌ပုံေတြဆြဲျပန္ပီလား?"

"ဘာျဖစ္လို႔လဲ?"

"ဘာမွမျဖစ္ပါဘူး. ေအာ္... ဒါနဲ႔ "မင္းဆြဲထားတဲ့မ်က္လုံးပုံပန္းခ်ီကားေတြကို USက bossတေယာက္ကအကုန္၀ယ္သြားတယ္ ပီးေတာ့.. သူက ဟို... ဟိုတပုံကိုလည္းအေတာ္သေဘာက်ေနတယ္"

"ဘယ္ပုံလဲ?"

"ဟို... ဟိုပုံေလ မင္းနာမည္ေပးထားတဲ့ 'diary of a blind'"

"ငါမေရာင္းႏိုင္ဘူး.. မင္းကိုအရင္ကတည္းကေျပာပီးသားပဲ ငါအဲဒီပန္းခ်ီကားကိုေရာင္းဖို႔ဆြဲထားတာမဟုတ္ဘူး..."

"ငါသိပါတယ္။ ဒါေပမဲ့ သူကလည္းေတာ္ေတာ္၀ယ္ခ်င္ေနပုံပဲ.."

Jin's pov:

အဲဒီ diary of a blind ပန္းခ်ီကားက ကြၽန္ေတာ္ပထမဆုံးစဆြဲတဲ့ပန္းခ်ီကား ။အဲဒီပန္းခ်ီကားေလးရဲ႕နာမည္ကိုအဓိပၸာယ္ျပန္ရင္ေတာ့ မ်က္ကန္းတေယာက္ရဲ႕ ဒိုင္ယာရီေပါ့ အဲဒီပန္းခ်ီကားေလးကိုစဆြဲတုန္းက ကြၽန္ေတာ္ကိုယ္တိုင္လည္းမ်က္ကန္းတေယာက္ျဖစ္ေနခဲ့ပါတယ္ အခ်စ္မ်က္ကန္းေပါ့

"မင္းမေရာင္းခ်င္ဘူး ဆိုလည္း.. ငါအတင္းမေရာင္းခိုင္းပါဘူး.."

"ေအာ္...ပီးေတာ့.. မင္းပန္းခ်ီကားေတြေရာင္းလို႔ရတဲ့ ပိုက္ဆံေတြကို မင္းပို႔ခိုင္းတဲ့စီငါပို႔ပီးပီ.."

"အင္း ေက်းဇူးပဲ hobie"

"အဲဒါဆို ငါျပန္ေတာ့မယ္"

"ျပခန္းကိုသြာမလို႔လား?"

"အင္း.."

"ငါလည္းလိုက္ခဲ့မယ္..."

.................................................................................

ပန္းခ်ီျပခန္းကိုေရာက္တဲ့အခ်ိန္မွာ တစုံတဦးက ေဆာ့ဂ်င္ႏွင့္ ဟိုေဆာ့ကိုေက်ာေပးရပ္လ်က္ ေဆာ့ဂ်င္၏ပန္းခ်ီကားကိုၾကည့္ေနသည္

"Jin... အဲဒါ ငါခုနေျပာတဲ့တေယာက္ေလ.."

Jin's pov:

Hobieေျပာတဲ့သူကိုကြၽန္ေတာ္ၾကည့္လိုက္ေတာ့ ထိုသူက ကြၽန္ေတာ္တို႔ကိုေနာက္ေက်ာေပးရပ္ေနရင္း ကြၽန္ေတာ့ပန္းခ်ီကားေလးကိုရပ္ၾကည့္ေနသည္ ထိုသူ၏ပုံက အတိတ္တခ်ိန္က သူတေယာက္ကိုေတာင္ျပန္သတိရသြားသလိုပင္။

#ဧကႏၲ~ သူမ်ားလား~ မျဖစ္ႏိုင္ပါဘူး~ ဟင့္အင္ သူမျဖစ္ႏိုင္ဘူး#

ေဆာ့ဂ်င္အေတြးတို႔မရပ္တန္႔ခင္မွာပဲ ထိုသူက ေဆာ့ဂ်င္ႏွင့္ ဟိုေဆာ့႐ွိရာဘက္သို႔လွည့္လာသည္ ထိုသူ႕မ်က္ႏွာကိုျမင္လိုက္ရခ်ိန္မွာ ေဆာ့ဂ်င္တေယာက္ ေဆာကတည္ရာမဲ့သြားေတာ့သည္ ေဆာ့ဂ်င္၏ႏႈတ္ခမ္းဖ်ားကထြက္လာသည္က နာမည္တခုသာ

"K~o~o!!"

...............................................................................