Chapter 3: part 2 (Unicode+ Zawgyi)

💜parts of my love💜jinkook (Complete)Words: 13669

Unicode 💜 💜💜

"K~ o~ o~"

ဆော့ဂျင်တုန်လှုပ်သွားမိတယ်။ ဘယ်တော့မှပြန်မတွေ့နိုင်တော့ဘူးလို့တွေးထားခဲ့တဲ့သူ.. အခုတော့..

"မစ္စတာ ဂျွန်း.. ထပ်တွေ့ပြန်ပီနော်.."

"ဟုတ်ကဲ့ j hope လမ်းကြုံလို့ခဏ၀င်လာတာ.."

ဟိုဆော့နဲ့ ထိုသူကတော့သက်တောင့်သက်တာ စကားပြောနေပေမယ့် ဆော့ဂျင်ရဲ့မျက်လုံးထဲမှာထိတ်လန့်မှုတွေအပြည့်..

"မစ္စတာ ဂျွန်းကိုမိတ်ဆက်ပေရဦးမယ်.. သူက ဒီပန်းချီကိုရေးဆွဲခဲ့တဲ့ artist SJပါ.."

"ဟုတ်..တွေ့ရတော၀မ်းသာပါတယ်.. ကျွန်တော့နာမည် ဂျွန်း‌ဂျန်းကုပါ"

နှုတ်ဆက်ရန်ကမ်း‌ေပး‌သောသူ့လက်တွေကိုဆော့ဂျင်ကြည့်ရင်း‌...‌ေဆာ့ဂျင်တောင့်တောင့်ကြီးရပ်နေမိတယ် ...ဆော့ဂျင်ကတော့တုန်လှုပ်နေပေမဲ့... ထိုသူကတော့ အခုမှတွေ့ဖူးသည့်အကြည့် ..ရိုးသားသည့်အပြုံးဖြင့် ဆော့ဂျင်စီသို့လက်လှမ်းလျက်.....

"ဟုတ်ကဲ့.. ‌ေတွ့ရတာ၀မ်းသာပါတယ်.. ကျွန်တော့နာမည် ဂမ်ဆော့ဂျင်ပါ.."

ဆော့ဂျင်လည်းအားတင်းရင်းနှုတ်ဆက်ဖို့ပေးလာတဲ့သူ့လက်တွေကိုကိုင်ဆွဲလိုက်တယ်..

Jk' pov:

ကျွန်တော်ဒီပြခန်းကိုပထမတခေါက်ရောက်ကတည်းက dairy of a blindပန်းချီကားလေးကို စိတ်၀င်စားမိတယ်.. အဲဒီပန်ချီကားလေးမှာပါတဲ့ မျက်လုံးတစ်ဖက်ထဲမှာ လူသုံးယောက်ရဲ့အရိပ်တွေကိုတွေ့ရတယ်..ပီး တော့အဲဒီမျက်လုံးတဖက်ကပျော်ရွှင်ခြင်းကိုဖော်ပြနေသလိုပဲ... ကျန်တဲ့တဖက်ထဲမှာတော့ လူတယောက်တည်း.. ပီးတော့ မျက်ရည်တွေကိုပါတွေ့ရတယ်.. ပုံဆွဲသူနေရာမှာပါတဲ့ SJဆိုတဲ့နာမည်လေးကိုတော့ အဲဒီကတည်းကသတိထားမိတာပါ.. အဲဒီနာမည်လေးကိုမြင်မိတိုင်း ကျွန်တော့ရင်ထဲမှာအမျိုးအမည်မသိတဲ့ ခံစားချက်တစ်ခုဖြစ်ပေါ်နေတတ်တယ်... ပီးတော့ အဲဒီနာမည်ကိုမြင်ရင်ခေါင်းကထိုးကိုက်လာပီး ပုံရိပ်တွေအများကြီးကိုမြင်နေရတယ်... အခုသူ့ကိုလူကိုယ်တိုင်တွေ့တော့ ကျွန်တော့ရင်ထဲမှာ ပျော်ရွှင်သလိုလို ၀မ်းနည်းသလိုလို ဒေါသထွက်သလိုလို ခံစားမှုကြီးဖြစ်လာခဲ့တယ်...

သူ့မှာ ဖြူဖွေးတဲ့အသားအရည် ပါးဖောင်းဖောင်းလေးအပြင် လှပတဲ့မျက်လုံးနဲ့အတူ နီရဲတဲ့နှုတ်ခမ်းကိုပိုင်ဆိုင်ထားတယ်..    ဒါပေမဲ့သူ့ပုံစံကထူးဆန်းတယ် ၀မ်းနည်းနေသလိုပုံပဲ.. ‌ေချာမောတဲ့သူ့ရုပ်ရည်မှာ၀မ်းနည်းမှုတွေပြည့်နှက်နေသလိုပဲ...ပီးတော့ကျွန်တော်သူ့ကိုတွေ့ဖူးသလို.. မဟုတ်ဘူး ရင်းနှီးဖူးသလိုခံစားရတယ်..

"ကျွန်တော်နဲ့ တနေနေရာမှာများတွေ့ခဲ့ဖူးလား??"

ရုတ်တရက်မေးလာတဲ့သူ့ရဲ့မေးခွန်းကိုဆော့ဂျင်ချက်ချင်းမဖြေနိုင်ခဲ့ပါ..

"မတွေ့ဖူးပါဘူး.. မစ္စတာ ဂျွန်း"

SJ' pov

အဟက်~ ဂမ်ဆော့ဂျင်မင်းဘာတွေတွေးနေတာလဲ....??? သူက မင်းကိုမေ့သွားပီ... လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက... မင်းကြောင့်နဲ့ပဲ...

သူသာ... ငါ့ကိုမှတ်မိရင်... သူငါ့ကိုမှန်းသွားမှာ... သူမမှတ်မိတာပဲကောင်းပါတယ်... ဒါပေမဲ့... ဒါပေမဲ့ဘာလို့...င့ါနှလုံးသားကနာကျင်နေရတာလဲ???

.............................................................................

Seoulမြို့မနက် 4နာရီ...

#K~o~o #

#Kooလို့.. ငါခေါ်တာမကြားဘူးလား..??#

#Koo.. မင်းငါ့ကိုအရေးမလုပ်ရင်.. အကိုMin စီကိုငါသွားမှာနော်..#

#အကိုMin.. Kooကငါ့ကိုအရေးမလုပ်ဘူး..#

#Koo.. ဘာဖြစ်နေတာလဲ ??Jinnieခေါ်နေတယ်လေ..#

အိပ်ယာထက်မှချွေးသံရွှဲရွှဲနဲ့လန့်နှိုးလာတဲ့ကောင်လေးတယောက်... ဂျွန်းဂျန်းကု...

"Koo ဆိုတာဘယ်သူလဲ?? Jinnieက‌ေရာဘယ်သူလဲ??"

.............................................................................

Zawgyi

"K~ o~ o~"

ေဆာ့ဂ်င္တုန္လႈပ္သြားမိတယ္။ ဘယ္ေတာ့မွျပန္မေတြ႕ႏိုင္ေတာ့ဘူးလို႔ေတြးထားခဲ့တဲ့သူ.. အခုေတာ့..

"မစၥတာ ဂြၽန္း.. ထပ္ေတြ႕ျပန္ပီေနာ္.."

"ဟုတ္ကဲ့ j hope လမ္းၾကဳံလို႔ခဏ၀င္လာတာ.."

ဟိုေဆာ့နဲ႔ ထိုသူကေတာ့သက္ေတာင့္သက္တာ စကားေျပာေနေပမယ့္ ေဆာ့ဂ်င္ရဲ႕မ်က္လုံးထဲမွာထိတ္လန္႔မႈေတြအျပည့္..

"မစၥတာ ဂြၽန္းကိုမိတ္ဆက္ေပရဦးမယ္.. သူက ဒီပန္းခ်ီကိုေရးဆြဲခဲ့တဲ့ artist SJပါ.."

"ဟုတ္..ေတြ႕ရေတာ၀မ္းသာပါတယ္.. ကြၽန္ေတာ့နာမည္ ဂြၽန္း‌ဂ်န္းကုပါ"

ႏႈတ္ဆက္ရန္ကမ္း‌ေပး‌ေသာသူ႕လက္ေတြကိုေဆာ့ဂ်င္ၾကည့္ရင္း‌...‌ေဆာ့ဂ်င္ေတာင့္ေတာင့္ႀကီးရပ္ေနမိတယ္ ...ေဆာ့ဂ်င္ကေတာ့တုန္လႈပ္ေနေပမဲ့... ထိုသူကေတာ့ အခုမွေတြ႕ဖူးသည့္အၾကည့္ ..႐ိုးသားသည့္အျပဳံးျဖင့္ ေဆာ့ဂ်င္စီသို႔လက္လွမ္းလ်က္.....

"ဟုတ္ကဲ့.. ‌ေတြ႕ရတာ၀မ္းသာပါတယ္.. ကြၽန္ေတာ့နာမည္ ဂမ္ေဆာ့ဂ်င္ပါ.."

ေဆာ့ဂ်င္လည္းအားတင္းရင္းႏႈတ္ဆက္ဖို႔ေပးလာတဲ့သူ႕လက္ေတြကိုကိုင္ဆြဲလိုက္တယ္..

Jk' pov:

ကြၽန္ေတာ္ဒီျပခန္းကိုပထမတေခါက္ေရာက္ကတည္းက dairy of a blindပန္းခ်ီကားေလးကို စိတ္၀င္စားမိတယ္.. အဲဒီပန္ခ်ီကားေလးမွာပါတဲ့ မ်က္လုံးတစ္ဖက္ထဲမွာ လူသုံးေယာက္ရဲ႕အရိပ္ေတြကိုေတြ႕ရတယ္..ပီး ေတာ့အဲဒီမ်က္လုံးတဖက္ကေပ်ာ္႐ႊင္ျခင္းကိုေဖာ္ျပေနသလိုပဲ... က်န္တဲ့တဖက္ထဲမွာေတာ့ လူတေယာက္တည္း.. ပီးေတာ့ မ်က္ရည္ေတြကိုပါေတြ႕ရတယ္.. ပုံဆြဲသူေနရာမွာပါတဲ့ SJဆိုတဲ့နာမည္ေလးကိုေတာ့ အဲဒီကတည္းကသတိထားမိတာပါ.. အဲဒီနာမည္ေလးကိုျမင္မိတိုင္း ကြၽန္ေတာ့ရင္ထဲမွာအမ်ိဳးအမည္မသိတဲ့ ခံစားခ်က္တစ္ခုျဖစ္ေပၚေနတတ္တယ္... ပီးေတာ့ အဲဒီနာမည္ကိုျမင္ရင္ေခါင္းကထိုးကိုက္လာပီး ပုံရိပ္ေတြအမ်ားႀကီးကိုျမင္ေနရတယ္... အခုသူ႕ကိုလူကိုယ္တိုင္ေတြ႕ေတာ့ ကြၽန္ေတာ့ရင္ထဲမွာ ေပ်ာ္႐ႊင္သလိုလို ၀မ္းနည္းသလိုလို ေဒါသထြက္သလိုလို ခံစားမႈႀကီးျဖစ္လာခဲ့တယ္...

သူ႕မွာ ျဖဴေဖြးတဲ့အသားအရည္ ပါးေဖာင္းေဖာင္းေလးအျပင္ လွပတဲ့မ်က္လုံးနဲ႔အတူ နီရဲတဲ့ႏႈတ္ခမ္းကိုပိုင္ဆိုင္ထားတယ္..    ဒါေပမဲ့သူ႕ပုံစံကထူးဆန္းတယ္ ၀မ္းနည္းေနသလိုပုံပဲ.. ‌ေခ်ာေမာတဲ့သူ႕႐ုပ္ရည္မွာ၀မ္းနည္းမႈေတြျပည့္ႏွက္ေနသလိုပဲ...ပီးေတာ့ကြၽန္ေတာ္သူ႕ကိုေတြ႕ဖူးသလို.. မဟုတ္ဘူး ရင္းႏွီးဖူးသလိုခံစားရတယ္..

"ကြၽန္ေတာ္နဲ႔ တေနေနရာမွာမ်ားေတြ႕ခဲ့ဖူးလား??"

႐ုတ္တရက္ေမးလာတဲ့သူ႕ရဲ႕ေမးခြန္းကိုေဆာ့ဂ်င္ခ်က္ခ်င္းမေျဖႏိုင္ခဲ့ပါ..

"မေတြ႕ဖူးပါဘူး.. မစၥတာ ဂြၽန္း"

SJ' pov

အဟက္~ ဂမ္ေဆာ့ဂ်င္မင္းဘာေတြေတြးေနတာလဲ....??? သူက မင္းကိုေမ့သြားပီ... လြန္ခဲ့တဲ့ သုံးႏွစ္ကတည္းက... မင္းေၾကာင့္နဲ႔ပဲ...

သူသာ... ငါ့ကိုမွတ္မိရင္... သူငါ့ကိုမွန္းသြားမွာ... သူမမွတ္မိတာပဲေကာင္းပါတယ္... ဒါေပမဲ့... ဒါေပမဲ့ဘာလို႔...င့ါႏွလုံးသားကနာက်င္ေနရတာလဲ???

.............................................................................

Seoulၿမိဳ႕မနက္ 4နာရီ...

#K~o~o #

#Kooလို႔.. ငါေခၚတာမၾကားဘူးလား..??#

#Koo.. မင္းငါ့ကိုအေရးမလုပ္ရင္.. အကိုMin စီကိုငါသြားမွာေနာ္..#

#အကိုMin.. Kooကငါ့ကိုအေရးမလုပ္ဘူး..#

#Koo.. ဘာျဖစ္ေနတာလဲ ??Jinnieေခၚေနတယ္ေလ..#

အိပ္ယာထက္မွေခြၽးသံ႐ႊဲ႐ႊဲနဲ႔လန္႔ႏိႈးလာတဲ့ေကာင္ေလးတေယာက္... ဂြၽန္းဂ်န္းကု...

"Koo ဆိုတာဘယ္သူလဲ?? Jinnieက‌ေရာဘယ္သူလဲ??"

.............................................................................