Chapter 1: part 1{U}

နှလုံးသားထက်က လက်တစ်စုံ (Completed)Words: 29182

မနက် ခင်းစောစော ကမ္ဘာပေါ်တွင် အမုန်းဆုံးနာရီ နှိုးစက် alarm သံကြားသည့် အခါ မင်းမခ တစ်ယောက် ချက်ချင်းမထသေးဘဲ အိပ်ရာထဲတွင် alarm သီချင်းသံနားထောင်ရင်း ခဏမှေးနေလိုက်သည်။

မနက်တိုင်း လုပ်နေကျ အမူအကျင့်တစ်ခုပင် ။

alarm ကို 6:00 ,6:15 ,6:30 ,6:45

ဆက်တိုက် ပေးထားသော်လည်း မထသေး

အိပ်ရာ ထဲတွင်နှပ်နေသေးသည်။(အအိပ်ပုတ်ကြီး )

အိပ်ခန်းထဲတွင် သီချင်းသံများဖြင့် ပျံလွင်ဆူညံနေဆဲ။သားအကြောင်း သိသော မာတာပိတုမိခင် မှာ

''ခ ရေ သား ထတော့ 7 နာရီရှိပြီ

ကျောင်း သွား ရမှာ ဒီကောင်လေး

ကတော့ . . .''

မအေ ၏ဆူငေါက်နှိုးသံကြားမှသာကမန်းကတန်းထ ရေချိုးခန်းဝင် သွားတိုက် မျက်နှာသစ် ခပ်သွက်သွက်ရေချိုးတော့သည်။

ဒါကလည်း မနက်ခင်းတိုင်း အမေနဲ့သားအကြားရှိနိစ္စဓူဝဖြစ်စဉ်တစ်ခုပင်။

ရေချိုးခန်းထဲ က ရေလဲပုဆိုးကို ဝတ်ထား

ပြီး ခေါင်းလျှော်ထားပြီး ရေစိုနေသော ဆံပင်တို့ကို တဘက်ဖြင့် သုတ်ရင်း ရေချိုးခန်းအပြင်သို့ ထွက်လာခဲ့သည် ။

ထိုနောက် ဗီရိုမှန်ရှေ့တွင် ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်မိသည်။

မေမေ ဆီမှ အမွေရထားသော ချွန်၍ဖြောင့်စင်းနေသောနှာတံ ထူထဲပြီး ကော့တက်နေသော မျက်ခုံးမွှေး ပန်းရောင် သမ်းနေသော အသည်းပုံစံ နှစ်ခမ်းလွှာ တစ်စုံ V shape ကျသယောင်ထင်ဟန် ရှိသော မျက်နှာပေါက်တို့သည်

ယောကျာ်းဖြစ်သည့် ကျနော်အတွက် တော့

ယောကျာ်းပုံစံ လုံးဝမပေါက် ။

ဒီကြားထဲ ပျားရည်ကဲ့သို့ အသားအရေ ရှိချင်လွန်းသူ ကျနော်အဖို့ ရှမ်းတရုတ်မျိုးစပ်သောကြောင့် ဖြူဖွေးလွန်းသောအသားအရေကြောင့် လည်းစိတ်ညစ်ခဲ့ရသည်။

ယောကျ်ားပီသလွန်းသူ ဖေဖေကိုလည်း အားကျမိရသည်မှာ အကြိမ်ကြိမ်။ တော်ပါသေးသည်။ ဖေဖေနှင့် ကျနော် တူတာဆိုလို့ အရပ်ရှည် တာပင်။ 5ပေ 7လက်မရှိသော အရပ်သည် ကျနော် အတွက် ရှည်သည် ။အဖေနှင့် ကျနော်ယှဉ်ရပ်လျှင် ဖေဖေသည် ကျနော်ထက် ခေါင်းတစ်လုံးထက်ပင်ကျော်ဆဲ။

ဒီနေ့ဝတ်မည် အင်္ကျီနဲ့ပုဆိုး ကို

ခပ်သုတ်သုတ်ရှာပြီးဝတ်ဆင်ကာ ကျနော်ရဲ့ဂုတ်မထောက်မထောက် ဆံပင် ကို ဘေးခွဲကာ နောက်သို့သေသေချာချာ လှန်တင် ကာ ဖြီးလိမ်း ပြင်ဆင်ပြီး Time table အတိုင်း သင်ကြားမည့် စာရွက်စာအုပ်များ စာကြည့်စားပွဲပေါ်တွင် ပြန့်ကျဲနေသည့် စာရေးကိရိယာများကို လွယ်အိတ်ထဲသို့ ခပ်မြန်မြန်ထည့်၍ လွယ်အိတ်နဲ့ အခန်းထောင့်တွင် ချိတ်ထားသော ဆိုင်ကယ်သော့ယူ ပြီး ခပ်မြန်မြန် အိမ်အောက်သို့ ဆင်း ပြီး ထမင်းစားခန်းထဲသို့ ခပ်သုတ်သုတ် ဝင်ပြီး မေမေ ပြင်ဆင်ပေးထားသော ထမင်းကြော် ကိုလက်မှာပတ်ထားသော နာရီကြည့်ရင်း ပလုပ်ပလောင်း လွေးရလေတော့သည်။

မေမေက ပါးနှစ်ဖက်ဖောင်းကားနေအောင် စားနေသော ကျနော်ကိုကြည့်ရင်း

''သား ခ ထမင်းကိုဘယ်လို စားနေတာလဲ

ဖြေးဖြေးစားလေအင်္ကျီ လက်ရှည် ကိုလည်း ခေါက် မထားဘူး ဒီကလေးနဲ့နော် . . .''

ဟုပြောရင်း အင်္ကျီလက်ရှည် ကို သေသေရပ်ရပ် တံတောင်ဆစ်နားအထိခေါက်ပေးနေလေသည်။ တစ်ဦးတည်းသော သားမို့ မိဘနှစ်ပါးလုံး ကျနော်အပေါ်ချစ်ကြသည်။

အထူးသဖြင့် မေမေသည် ကျနော်ဆိုးသမျှ ဂျီဂျသမျှ အပြစ်မမြင်။ အခုလည်းကြည့်လေ ။ ကျနော် အသက် 19နှစ် အရွယ်တောင် ရှိနေပြီ ။ကလေးလေးတစ်ယောက်လို ကျနော်ကို ဂရုစိုက်ပေးသော ချစ်ရသောမေမေပင်

''အမလေး ဒီ သားအမိနှစ်ယောက် ကတော့

ဖြစ်နေလိုက်ကြတာ . . .ပါးစပ်သုတ်ပေး

လက်ခေါက်ပေးနဲ့ တော်တော် ကိုဂရုစိုက်ပိုလွန်းတယ်''

ဟောင်ကောင်မှ မြန်မာပြည်ဆွေမျိုးများရှိရာသို့ တစ်ခဏပြန်လာသူ ကြီးမေတောင်

ကျနော်တို့သားအမိနှစ်ယောက် ကို မျက်စောင်းတထိုးထိုးဖြင့် ပြောနေ

လေသည်။မေမေက ပြုံးနေဆဲ။

8:05မိနစ်ရှိနေပြီး ဖြစ်သောကြောင့် ခပ်သွက်သွက် စားပြီး အမေနှင့် ကြီးမေ ကိုနှုတ်ဆက်ပြီး အိမ်မှ ဆိုင်ကယ် မောင်း၍ထွက်လာခဲ့သည်။

အတန်းစနေပြီးဖြစ်သည့်အတွက်ကြောင့်

ဆိုင်ကယ် ကို ခပ်မြန်မြမ်မောင်းနှင်ခဲ့သည်။

နားထဲတွင် တော့

"ဆိုင်ကယ်စီးရင် ဖြေးဖြေးမောင်း" ခဏခဏမှာနေသော မေမေ့ရဲ့ အမှာတော် သံသည် ပဲ့တင်ထပ်နေဆဲ။ တက္ကသိုလ်နှင့် အိမ်သည် သိပ်မဝေး 10min မောင်းလိုက်ရုံဖြင့် ရောက်သောကြောင့် uni တက်ရသည်မှာ အဆင် ပြေလှသည်။

''မန္တလေး တက္ကသိုလ်''ဟု စာလုံးဖြူ

ကြီးကြီးဖြင့် ရေးထိုးထားသော ဆိုင်းဘုတ်အပြာရောင်နဲ့ မန်းလေး တက္ကသိုလ် ၏သင်္ကေတ ဖြစ်သော အဝါ ရောင် ဖျော့ဖျော့ Main Buildingကြီးကိုလည်း ထင်ရှားစွာတွေ့ရသည်။

စိမ်းစိမ်းစိုစို သစ်ပင်ကြီးများ လမ်းတိုင်လိုလို အုပ်ဆိုင်းလျက်ရှိပြီး uni ကျောင်းသား/သူများလည်း ထမင်းစားစားချိန်မှလွဲ၍ ပျားပန်းခတ်မျှ လှုပ်ရှားသွားလာမှုမရှိ တိတ်ဆိတ်မှုအပေါင်း ခညောင်းလျက်ရှိသောကြောင့် တစ္ဆေကျောင်းတော်ကြီး ကျနော် ခေါ်လေ့ရှိသည်။

8:15ရှိနေပြီး ဖြစ်သောကြောင့် အရှိန်အနည်းငယ်တင်လိုက်ပြီး မောင်းလိုက်သည်။ လောနေသည့် စိတ်ကြောင့် URC ရှေ့ရွှေမန်းလမ်း ပေါ်တွင်ရုတ်တရက် အရှိန်ဖြင့် ကွေ့ လာသော B &W ကားအပြာ

ရောင် လေး ကို မထင်မှတ်ဘဲတွေ့ လိုက်ရာ

ကားကိုရှောင်နိုင်ရန်အတွက် ဘရိတ်ကို ဆွဲ

လိုက်ရှာ အရှိန်မထိန်းနိုင် ဘဲ စလစ်ဖြစ်၍

မြေကြီးနှင့် မိတ်ဆက်လျက်သားဖြစ်သွားတော့သည်။

လဲကျ ရှိန် အနည်းငယ် ပြင်းသောကြောင့်

ချက်ချင်းမထနိုင်။ လမ်းသွားလမ်းလာများ

မျက်လုံးများ က accident ဆီသို့။

တစ်ဖက်မှ ကားသည်လည်း ချက်ချင်းရပ်သွားပြီး leather shoes အမဲရောင် နဲ့ pant ဘောင်းဘီ ရှည် ဝတ် ထားသော လူတစ်ယောက် ပြာပြာလဲလဲ ကိုယ်ဆီလျှောက်လာပြီး

"ညီ ရရဲ့လား? ''

ဟုဆိုကာ ဘယ် လက်တစ်ဖက် ကမ်းလာသည်။ အင်္ကျီအမဲရောင် လက်ရှည် ကို တံတောင်ဆစ်အထိခေါက်တင်ထား သွေးကြောစိမ်းများပင် မြင်ရလျက် ACလက်ပတ်နာရီအမဲကို ပတ်ထားသောကြောင့် မဖြူမဖွေး သော အသားအရေနဲ့ပနံ့တင့် လျက်။

ကိုယ်လည်းလဲကျသွားသည့်အရှိန်ကြောင့် မထနိုင်သည့်အတွက်ကြောင့် သူလက်ကိုဆွဲရင်းထလိုက်သည်။ သူကိုယ်ကို ဆွဲတင်သည့်အရှိန် နည်းနည်းလွန်သွားကြောင့် ကိုယ့်ခေါင်းသည် သူ့ညာဘက် ရင်ခွင် ကျယ်နဲ့တိုက်မိသွားလေသည်။

ဟန်ချက် မငြိမ်သောကိုယ်ကို ထိန်းရန် ကျနော် လက်မောင်း ကို သူညာဘက် လက်ဖြင့် ကိုင်ထားလိုက်သည်။ ကြယ်သီးကို အပြည့် မတပ်ဘဲ လည်ပင်း နားက ကြယ်သီး နှစ်လုံး ကို ဖြုတ်ထားသောကြောင့် ကြော့ရှင်းသောလည်တိုင်နှင့် လစ်ဟာနေသော ရင်ဘတ်တို့ကို တွေ့ရသည်။

ကိုယ့်ကိုယ်ကို အရပ်ရှည် လာပြီထင်သော

ကျနော်အဖို့ သူနှင့် ယှဉ်လျှင် ငပုတို ပင်ဖြစ်သွားပေသည်။

*တော်တော်ရှည်တဲ့အရပ်ပါလား *ဟုတွေးရင်း သူမျက်နှာကို ကြည့်ဖို့ မော့လိုက်သောအခါ . . .သူ ကိုယ့်ကို ငုံကြည့် လာသော မျက် ဝန်းတို့နှင့် အကြည့် ချင်းဆုံသွားတော့ . . .မျက်လုံးပြူးကျယ်သွားကာ ခြေလှမ်းအနည်းငယ်ဆုတ်မိ

လေသည်။ 😳

ကျနော် သွေးအနည်းငယ်ထွက်နေသော လက်ဖျံကို ကြည့်ရင်း

"ညီဖြစ်ရဲ့လား ?အကို ဆေးရုံလိုက်ပို့ပေးမယ်''

ဆိုရာ လက်မောင်း က ပွန်းပဲ့ရုံ ဆိုမျှသာ အရမ်းလည်း ထိခိုက်မှုမရှိသည့် အတွက်

''ရတယ် အကို ကျနော် ဘာမှမဖြစ်ဘူး ။

ကားရော ဘာဖြစ်သေးလဲ?😰 ''

မေးသာမေးရသည်။

စိတ်ထဲတွင်ဘာမှမဖြစ်ပါ စေနဲ့ဟု ကြိတ်ဆုတောင်းမိသည်။

ကျနော် က စမှားတဲ့သူ။ဈေးကြီးသော ကား အမျိုးအစား ဖြစ်သည့်အတွက်ကြောင့် အစင်းရာလေး ခြစ်မိရင် ပြန်လျှော်ရသည့်ငွေက သောင်းဂဏန်း။ အိမ်ကအလော သုံးဆယ် ထွက်လာခဲ့သည့်

အတွက်ကြောင့် ပိုက်ဆံအိတ်မေ့ကျန်ခဲ့ရသည်။

*Unlucky day ပါလား *ဟု စိတ်ထဲတွင်

မကျေမနပ် ကိုယ့်ကိုယ် ကို အပြစ်တင်နေမိ

တော့သည်။

''ကား က ဘာမှမဖြစ်သွားဘူး ။ ''

ဟု တစ်ဖက်က ကိုလူချော ပြောသံကြားမှ လေပူတစ်ချက် မှုတ်ထုတ်ကာ သက်ပြင်းချနိုင်တော့သည် ။ဘေးမှ ဦးကြီးတစ်ယောက်က  လဲကျနေသော ဆိုင်ကယ်ကို ကူမပေးရင်း

''ဆိုင်ကယ် ကား မောင်း ရင်ဖြည်းဖြည်းမောင်းကြ ကောင်လေးတို့ ။ လမ်းရှင်းတယ်ဆိုပြီးဇွတ် မမောင်းနဲ့။ အဲ့လမ်းရှင်းတာ က လူကို အန္တာရယ် ဖြစ်စေနိုင်တယ် ။ ''

'ဟုတ်ကဲ့ ဦးလေး ''ဟု ဆိုကာ ပြိုင်တူ

နှစ်ယောက်သမား ခေါင်းညိတ် လေတော့သည်။

''ကူညီပေးတာ ကျေးဇူးတင်ပါတယ်ဦးလေး''

''ရပါတယ်ကွာ ကဲဦးလေးလည်း အလုပ်နောက်ကျနေပြီ သွားတော့မယ်''

ဟုဆို ကာ ဦးလေးက ကို ပြုံးပြီးနှုတ်ဆက်ကာ ဆိုင်ကယ်မောင်း ထွက်ခွာသွားလေတော့သည်။

လက်မှနာရီကို ကြည့် လိုက်မိတော့ 8ခွဲပြီးဖြစ်သောကြောင့် ဆိုင်ကယ်ပေါ်တက်လိုက်မိသည်။ ဆိုင်ကယ်ဘာမှမဖြစ်သော် လည်း ဘက်မှန်က အနည်းငယ်စောင်းနေသည်။

သူက ထို စောင်းနေသော ဘက်မှန် ကို သတိထားမိဟန်တူ သည်

''ညီ ဘက်မှန်က. . ''

''ရတယ် ဒီတိုင်းစောင်းသွားတာ ကိစ္စမရှိဘူး ကျနော် ဒီနေ့ကိစ္စအတွက်တောင်းပန်ပါတယ် ။ အတန်းနောက်ကျနေပြီဖြစ် တဲ့အတွက်ကြောင့် သွားခွင့်ပြုပါအုံး ''

တောင်းပန် နှုတ်ဆက်စကား ဆို၍ သူပြန်အပြောကိုဘဲမစောင့်နိုင် major department ဘက်ကို မောင်းထွက်ခဲ့ရသည်။သူကတော့နောက်တွင် မတ်တပ်ရပ် လျက် ကျန်ခဲ့လေသည်။ တစ်ဖက်လူတော့ ဘယ်လို ထင်နေမလဲကိုယ်ကို

*စ လည်းမှားသေး . .နှုတ်ဆက်စကား ကိုပင် အမြန် ပြောပြီး တစ်ပါးသူ စကားကို ဆုံးအောင်နားမထောင်သော ကိုယ်ကို ရိုင်း သည်ဟု ထင်နေမလား *

မတတ်နိုင်။အတန်းနောက်ကျနေပြီးဖြစ်သည့်

အတွက်ကြောင့် သူနားလည် နိုင်ပါ လေစွဟု တွေးရင်း department of Botany ဘက်မောင်း လာလေသည်။

ဆိုင်ကယ် stand တွင် ဆိုင်ကယ်ထားပြီး

ပန်းရောင် သုတ်ထားသောနှစ်ထပ်ဆောင် ဘက်ရှိ ဒုတိယထပ် စာသင်ခန်းထဲသို့ အပြေးတက်သွားပြီး အခန်းတွင်းသို့ ဆရာမ ထံမှကုတ်ကုတ်လေး ဝင်ခဲ့ရသည်။ ဆရာ မ ၏မကျေမနပ် ဖြစ်နေသော မျက်လုံးစိမ်းများ နှင့် အတန်းသားများ၏အာရုံ ကလည်း အမြဲနောက်ကျ တတ်သော ဆံပင်ဖွာလန်ကြဲနေပြီး ချွေးစို နေသော ကောင်လေးတစ်ယောက်ပေါ်သို့ . . .

ကိုယ့်နေရာတွင်မြန်မြန်ဝင်ထိုင်ပြီး

ကျောပိုးအိတ်ထဲမှ စာအုပ် စာရေးကိရိယာများကို ခပ်သွက်သွက် ထုတ်ကာ သင်နေသည့် page no ကို ဒရောသောပါး လှန်နေစဉ် ဘေးမှ မေနှင်းက ခါးကို ဘောပင်ဖြင့် လာထိုးကာ

''ဟဲ့ မိခ နင် ဘာလို့နောက်ကျနေတာလဲ နာရီ

လေးလည်း ကြည့်အုံး နောက်ကျနေပြီဟဲ့. . .😏 ''

''ဘုန်း !!!. .''

နောက်ကျောကို စာအုပ်ဖြင့် အကြောင်းမရှိ

လာရိုက်သော မြလေးကြောင့် ကျော တစ်ခု လုံးအီအောင့်သွားသည် ။ လက်သံပြောင်ချက်။

နဂိုထဲက ဆိုင်ကယ် မှောက်လို့နာရတဲ့အရေးထဲ ဒင်းက တစ်မှောက် စာအုပ်သံ ကျယ်မကျယ်မသိ ။ lecture ပေးနေသော ဆရာမ၏ 3ယောက် သမားပေါ်သို့ဒိုင်းကနဲ ။

ဒါကို ပင် မိမြ က မသိတတ် ။ နောက်ကနေ တီတိုးတီတိုး ဖြင့်

''ဟဲ့နင် ပုံစံလည်း ချွေးတွေကြီးဘဲ ။ ကြွက်စုတ်ဖြစ်နေပြီ။ ဘယ်တွေသွားနေတာလဲ?နင် လက်ကဘယ်လို ဖြစ် သွေးစို့နေတယ်ကော်''

ပေါက်ပေါက် ဖောက် သလို တစ်ယောက်တစ်လှည့် အမေးအမြန်းထူနေရုံသာမက ကြားထဲက ကျနော် ထွက်ပြေးချင်မိသည်။

နောက်ကျပြီး အတန်းလာတတ်သော ကိုယ်ကို သိပ်မကြည်သော ဆရာ မ အရိပ်အကဲကိုလည်းကြည့်ရသေးသည်။

အလိုက် ကန်းဆိုး မသိသော ဤနှစ်ကောင်သည်လည်း မေးလို့ကိုး မဆုံးနိုင်။ လူကမှမောပါသည် ဆိုမှ ။ နှစ်ကောင်ကို တောင်းတောင်းပန်ပန်ဖြင့်

''ငါ နေ့လည် lunch timeကျမှပြောမယ်ကွာ ။အခုတော့ ငါ စာလည်း ကြည့်ပါစေအုံး''

ဟု ဆို လိုက်မှငြိမ်ကျ လေတော့သည်။ ဒါ ကို တောင် နှစ်ယောက် သမား မကျေမနပ်သော မျက်နှာထားဖြင့် မဲ့ကာ ရွဲ့ကာ စာကို သာလိုက်နားထောင်နေသည်။

မေနှင်း နှင့် မြလေး ကျနော်ရဲ့တက္ကသိုလ်

ပေါင်းဖော်ပေါင်းဖက်ကြီးနှစ်ယောက်။ သွားအတူ လာအတူ စားအတူတူ ပင်။ major ရဲ့

စပ်စလူးစိန်, စွာတေး fighter စသောဘွဲ့ဂုဏ်ထူး ဒြပ်ပေါင်း များစွာ ပိုင်ဆိုင်ထားသော နှစ်ယောက်။ သူတို့ က စွာတေးလန် သော်လည်း ချစ်ဖို့ ကောင်း ခင်ဖို့ကောင်းသည်။

ကျနော်လား?

မိန်းကလေး ပုံစံနဲ့တူလှသောအသွင်အပြင်ကြောင့် အခြောက်ဟု ဝိုင်း သတ်မှတ်ခံရသူတစ်ယောက်။ ငယ်စဉ်ကတည်း က ကျနော် ကို ဘယ်သူမှ အဖတ်မလုပ်ချင်။ အထူး သဖြင့် ယောကျာ်းလေး များ ''အခြောက်ကလေး ''ဟု စကာ ကြဉ်သည်။

အရင်းနှီးဆုံး သူငယ်ချင်းလည်းမရှိ။ တက္ကသိုလ် ရောက်သည့် အခါမှသာ ဖော်ဖော်ရွေရွေ ပေါင်းသည့် သူငယ်ချင်း ဆိုလို့ ထို မျောက်လွှဲကျော် နှစ်ကောင်သာရှိသည်။ ''မိ ခ ''ဟု ကျနော် ကို ခေါ်လေ့ရှိသော်လည်း စိတ်မဆိုး။

သူတို့အကြောင်း ကျနော်နားလည်သည်။ တခြားသူ များ ကျနော် အပေါ်ကြည့်သော အကြည့် သဘောထား သူတို့မှာမရှိ။ စကားပေါချက် သာလီကာ ကပင် အရှုံးပေးလောက်သည်။ 3rd yearရောက်နေပြီဖြစ်သော ကျနော် 3နှစ်တာ ကာလလုံး သူတို့ ဆီမှ ဆောပလောတီးခံရသည်မှာလည်း အကြိမ်ပေါင်းမနည်းဘယ်လို များ ဒီ နှစ်ကောင်နဲ့ ပေါင်းမိတာပါလိမ့် တစ်ခါတလေ အံ့သြမိသည်။

''ရွှေအကြောင်း ဖယောင်း သိ လူ အကြောင်း ပေါင်းမှသိ''တဲ့။သွေးထွက်အောင်မှန်သောစကားပင်။

သောကြာ နေ့ဖြစ် ၍ 8နာရီမှ 12နာရီအထိ စာသင်ချိန်များဆက်နေ၍ နားချိန်မရှိ ။ 12ထိုးသည်နှင့် တစ်ပြိုင်နက် lecture ဆရာမလည်းနှစ်ချက် ဆက်၍ သင်ထားရသည့်မို့ ပင်ပန်းနေ၍လားမသိ သင်နေဆဲ သင်ခန်းစာ ကို ရပ်ကာ ချက်ချင်း အတန်းဖြုတ်လေသည်။

ထိုစဉ် မေနှင်းနဲ့ မြလေး က

''ဟဲ့ငါတို့ သုံးယောက် ဒီနေ့ဘယ်သွားစားရင်

ကောင်းမလဲ ''

''ငါ ဒီနေ့ နီးနီးနားနား RC သွားရအောင် ။ bubble city က ထမင်းကြော်ရယ် cho choက မာလာဟင်း စားချင်လို့ 😋''

ပြောရင်း လွယ်အိတ်ထဲက မရှိသည့် ပိုက်ဆံအိတ် ကို ယောင်ရမ်းပြီးရှာနေမိသည်။

''ok သွား မယ်လေ ငါတို့လည်း RC မရောက်တာကြာနေပြီ . .ဟဲ့မိခ ဘာတွေရှာနေတာလဲ''

ဟု မေလေး (မေနှင်း) မေးကာမှ ပိုက်ဆံအိတ်မေ့ကျန်ခဲ့သည့် ကိုယ့်အဖြစ်ကို သတိရမိတော့သည်။

''ပိုက်ဆံအိတ်ရှာနေတာ နင်ပြောမှ ငါ လည်း

ဒီနေ့ပိုက်ဆံအိတ် အိမ်မှာ ကျန်ခဲ့တာ သတိရတာ အဟီး ငါကို လေ ပိုက်ဆံချေးပါလား ဟဲဟဲ😁😁 ''

'' အမလေး ချေးပါမယ် အေ ဘယ်တုန်းက နင်ကို အငတ်ထားလို့လဲ ကဲကဲ မြန်မြန်သွားရအောင် ဗိုက် က သံစုံတီးဝိုင်းမြည်နေပြီ''

တစ်ယောက် နှင့်တစ်ယောက် စနောက်ကြရင်း RC ဘက်သို့ ဦးတည်လေသည်။

သုံးယောက်လုံး foodie သမားများ ဖြစ်သော

ကြောင့် အစားအသောက်နဲ့ ပတ်သက်လျှင် နှစ်ခါတောင် တိုင်ပင်စရာ မလို။ ''စားမှာဘဲ ဝါးမှာဘဲငါကို လာ မတားနဲ့''ဆို သော အစားတစ်လိုင်းများပင်။

First Chapter
ContentsNext
Previous
ContentsNext