Chapter 2: part 2{U}

နှလုံးသားထက်က လက်တစ်စုံ (Completed)Words: 20650

RC (recreation centre )တွင် ဘာစားမလဲ ဘာမှာမလဲ တစ်ယောက်တစ်ပေါက်ဆွေးနွေး

တိုင် ပင်ရင်းရင်း နောက်ဆုံးတော့လည်း

'ပသျှူးထမင်းကြော်တစ်ပွဲနှင့် မာလာဟင်းတစ်ပွဲမှာလိုက်ကာ နေရာလွတ်တွင် ဝင် ထိုင်စောင့် ရင်း flat TV ပေါ်တွင် ပြသသော ရုပ်ရှင် ကို ကြည့်နေလိုက်သည်။ မှာထားသည့် အစားအသောက်များ ချပြီးသည့် အထိ ဟို လိပ်နှေးကွေး နှစ်ကောင် ကတော့ မှာတာ မပြီးသေး ။

ကိုယ်ရှေ့မှောက် ရောက် လာသော အစားအသောက်များကို ခေါင်းငုံ့ကာ အားရပါးရလွေးနေသည် မှာ ခေါင်းပင် မဖော်နိုင်။

''မင်းမခ ''

ကိုယ် နာမည် ခေါ်သံကြားသည့်အတွက်

ကြောင့် ခေါင်း မော့ကြည့် လိုက်တော့ အမတစ်ယောက်လို ရင်းနှီး ကျွမ်းဝင်သော ယမုံလှိုင် ဖြစ်နေသည်။ 2nd year ပြီးသည့် အချိန် ကျောင်းနှစ်လ ပိတ်ချိန်တွင် တက်ခဲ့သော ကိတ်မုန့်ဖုတ် သင်တန်းတွင် ယမုံနှင့် စတင် သိကျွမ်းခွင့် ရခဲ့သည်။

သက်တူရွယ်တူ ဖြစ်သောကြောင့် ကျနော်တို့ နှစ်ယောက် ပို ၍ပေါင်းမိကြသည်။အချင်းချင်း ကူညီရှိုင်းပင်းတတ်ကြသည်။ ရင်းနှီးဖော်ရွေတတ်သူတစ်ယောက်။ Bakery training classတွင် အရင်းနှီးဆုံးဆိုလို့ ယမုံတစ်ယောက်ပင်။

''အမ မတွေ့တာကြာပြီ စားပါအုံး''

လပိုင်းလောက်သာ သူမ ကကျနော်ထက်ကြီး

သောကြောင့် အမ ဟု ပင် နှုတ်ကကျိုးနေသည်။ (ကျနော်သူနဲ့စစခင်မင်ချင်း အမ ဟုပင် ခေါ်ခဲ့သည် အရပ်ပုပု လူကောင်သေးသေးလေးဖြစ်သော်လည်း)

''တော်ပြီကျေးဇူး ဘဲ အခု မှစားပြီးတာ လွေးနေတာ ခေါင်းမဖော်နိုင်အောင် ဘဲ ခရယ် ''

ဘာပြောရမှန်းမသိ ခေါင်းကုတ်ကာ ပြီတီးတီးသာ လုပ် နေလိုက်သည်။

''ဒါနဲ့မင်း ဒီနေ့ ညနေ 5ခွဲ အချိန်ရလား ? ငါ မင်းနဲ့တိုင်ပင်ဆွေးနွေးစရာအရေးကြီး ကိစ္စရှိတယ် ''

'' 5ခွဲဆိုတော့ အားတယ် သင်တန်းကလည်း 5ခွဲမှဆင်းတာ ဆိုတော့ ဘယ်နေရာကို လာခဲ့ရမလဲ''

''ok Forever food and drinks မှာ ဆုံမယ် ဘယ်လိုလဲ ''

''အဆင်ပြေတယ် Foreverနဲ့က နီးနီးလေး ''

''okok အာဆို ငါသွားပြီ စောင့်နေမယ် bye bye 'ဟု ပြောကာ ထွက်ခွာသွားလေတော့

သည်။

မြလေးနှင့် မေလေးက ကျနော် မျက်နှာချင်းဆိုင်ထိုင်လိုက်ပြီး ထုံးစံအတိုင်း interviewတော့သည် ။

''မိခ ဟို မျက်မှန်လေးနဲ့ကောင်မလေးက ဘယ်သူလဲ ချစ်စရာလေး ပုံစံလေးကယောက်ကျား လေးပုံစံ နည်း နည်းဆန်သလိုလေး ဝတ်ထားတာလေးကိုကြည့်လိုက်''

'' အေး ငါလည်း သတိထားမိတယ် ပုံစံလေးက တစ်မျိုးလေး ''

''အမလေး နင်တို့ ကလည်း အားမနာ အခုလည်း ယမုံကို ယောက်ကျားလေးဆန်တယ် ဘာဆန်တယ်နဲ့ညာဆန်တယ်နဲ့'' ပြောရင်း မာလာဟင်းထဲက အသီးအရွက်များကို တူဖြင့်ညှပ် ကာ ပါးစပ်ထဲသို့ သွင်းလိုက်သည်

''ယမုံတဲ့လား သူနာမည်က ''မေလေးက မေးရင်း ကျနော် မာလာဟင်း ပန်းကန်ထဲသို့ လာနှိုက်စားလိုက်သည်။

''နာမည် အပြည့်အစုံက ယမုံလှိုင်။ Political Science က ။ငါတို့ နဲ့အတူတူဘဲ ။ Third year ဘဲ''

'' အံ့မယ် နင် က ဘယ်တုန်းက PS က လူနဲ့

သူငယ်ချင်းတွေတောင် ဖြစ်သွားရတာလဲ ကြည့်စမ်း မေလေး ငါတို့ နှစ်ကောင် ကိုတောင် လျှိုးထားတယ် မိတ်ဆက်လည်းမပေးဘူး စိတ်ဆိုး တယ်''

မြလေး က မေလေးကို တစ်ချက် ပုခုံး

ပုတ် ကာ ပြောရင်း မဲ့ရွဲ့ပြနေသည်။

'' ကျောင်း ၂လ ပိတ်တုန်းက ငါbakery classတက်တယ်ဆိုတာ နင်တို့ သိပါတယ်။အာမှာ ငါ သူကို စခင်တာ ။ နင်တို့ က ဟို ဆိုင်မှာ သွားပြီး ငတ်ကြီးကျနေတာလေ ။ နောက်တစ်ခါကျ မိတ်ဆက်ပေးမယ်။ သူက ခင်ဖို့ကောင်းတယ် ဖော်ရွေတယ်''

'' မေလေးက ကြက်သားကို ခရင်း ဖြင့် ထိုးရင်း အမေးအမြန်း ထပ်ထူပြန်သည်

''ခ မနက် က ဘာလို့ အရမ်းနောက်ကျတာလဲ? လက်ကလည်း ပွန်းနေတာ ''

'' AWW အဲဒါ ဒီမနက် ကျောင်းလာရင်း ကားနဲ့တိုက်မိမလိုဖြစ်ပြီး ဆိုင်ကယ်လဲ . . .လဲတာ''

''ဘာ!!!''

နှစ်ယောက်လုံး၏ ပြိုင်တူ အော် သံ သည် နားစည် ပေါက်ကွဲမတတ် အခြားဝိုင်းမှ သူများလည်း ကျနော်တို့ကို တကြည့်ကြည့်ဖြင့်

'' ပြစမ်း ငါ့ခ ရဲ့ လက်ဖြူဖြူလေးတွေ သွားပါပြီ '' မေလေးက ပြောရင်း ကျနော် လက်ကို မရမက ဆွဲကာ လက်ကို ဟိုဘက် လိမ်လိုက် ဒီဘက် လိမ်လိုက် တရစပ် ကြည့်တော့သည်။

''တော် ပါ သေးတယ် ပွန်းရုံလေး''

ထိုစဉ် မြလေးက သူအိတ်ထဲမှ အနာကပ် Plaster ထုတ်ကာ ခြစ်မိသော နေရာတွင် ကပ်ပေးလေသည်။

*ဒီလို ကျတော့လည်း ငါ့သူငယ်ချင်းလေးတွေကအားကိုးရပြီး ချစ်ဖို့ကောင်းသား ငါလေးက စွန်းကံကောင်းနေတာ*ဟုတွေးရင်း စိတ်ထဲတွင် ကျိတ်ပျော်မိသည်။

သူတို့ ပုံစံ က အမေနှစ်ယောက်နဲ့သားတစ်ယောက်ပုံစံဖြစ်နေသည်(ရွဲ့တာ)

ကျနော်တို့ သုံးယောက် စားပြီး သောက်ပြီး ရှင်းပြီးသကာလ ပြန်ရန် လှေကားသို့ ဦးတည်လိုက်သည့် အချိန်တွင် မိမြတစ်ယောက် ကျနော်တို့နှစ်ယောက်ကို တံတောင်ဆစ်နဲ့တွတ်ထိုး ကာ

''ဟဲ့ဟို မှာကြည့်''

ဆိုသောသဘောဖြင့် မျက်နှာရိပ် မျက်နှာ ကဲ ပြကာ Mokata BBQ ဆိုင်ဘက်သို့ ညွှန့်ပြလေသည်။

သူညွှန်ပြရာကြည့် လိုက်သောအခါ . . အနည်းငယ်ပြူးသွားရသည်။(မျက်လုံးပြောပါတယ်)

ဟုတ်ပါသည်။သူမှသူအစစ်။

ဆက်လုနီးပါးမျက်ခုံးမွှေးမထူမပါး နှာခေါင်းချွန်ချွန် ဆံပင်ကိုနောက်လှန်းဖြီးထားသာကြာင့် ရှင်းသန့် နေသော နဖူး . . .ခပ်ချွန်ချွန်မေးဖျား. .မနက် က တွေ့လိုက်ရသည့် အင်္ကျီပုံစံအတိုင်း ပင် ။

Mokata ဆိုင်ရှေ့တွင် hotpot စားနေသော သူ့နဲ့သူ့ဘော်ဒါ တစ်သိုက် ။ ဘာမှမပြောင်းလဲ။သူ ဘယ်အချိန်ကတည်း ကရောက်နေသည်ကို ကျနော်မသိ ။

*Oh my god မနက်က accident က လူဘဲ မဖြစ်ဘူး သူနဲ့တွေ့လို့မဖြစ်ဘူး ။ တွေ့စရာ ရှားလို့ ဒီကျမှ ကျတ်စ် * သူကို မမြင်ချင်သည့်အတွက် ကျနော် ခေါင်းငုံနေသည် ။

အရေးထဲ ဟို နှစ်ယောက်ကလည်း မြန်မြန်သွားချင်ပါသည်ဆိုချင်မှ ''ခြေတစ်လှမ်း ကုဋေတစ်သန်း''ဖြင့် သွားနေတုန်း ။

''ဟေ့ ညီဘယ်လို နေသေးလဲ? အဆင်မပြေရင် အကိုကိုပြောနော်''

ကျနော်ကို မြင်သွားပြီး လှမ်းမေးကာ ပြုံးပြသည်။သူ့ သူငယ်ချင်းများကလည်း ကျနော်တို့ကို လှမ်းကြည့်လျက် ။

ထိုအခြေအနေကို မေလေးနဲ့ မြလေးနှစ်ကောင်သမား သူကို ကြည့်လိုက် ကျနော်ကိုကြည့်လိုက် ဖြင့် မျက်လုံးများကျွတ်ကျတော့မတတ် အံသြနေသည်။

ကျနော်လည်းလောကဝတ် တရားအရ ပြန်ပြုံး ပြကာ

''ဟုတ်ကဲ့အကို ရတယ် ကျနော် သက်သာသွားပြီ ကျနော်ကို ခွင့်ပြုပါအုံး ''ဟုဆိုကာ ခပ်သွက်သွက်ဆင်းလာခဲ့သည်။

ဘေးမှ နှစ်ကောင် သမား ကလည်း ကျနော်နောက်အမှီလိုက်ကာ

''မိခ နင် ဘယ်တုန်းက ဆေးကျောင်းကThe whole king ကြီး နေရဲမာန် နဲ့ ရင်းနှီးသွားတာလဲ ? woww ငါ သူငယ်ချင်း ကြီးကြည့်စမ်း သူက နင်ရဲ့ accidentအခြေအနေတောင်မေးပြီးပြုံး ပြသေး ငါတို့တောင် အဖတ်မလုပ်ဘူး ''

''ဘာ ဆေးကျောင်း king! ငါ ကားနဲ့ တိုက်မိမလို ဖြစ်တာက သူ့ကားလေ '' တအံတသြမေးရသူက ကျနော်ပင်

''အံ့သြတယ် နင်ကို ဆေးကျောင်း က the whole king fb က cele ကြီးတောင် မသိဘူးလား ဒါလောက် မိန်းကလေးတွေကြားရေပန်းစားနေတာ တောင် မသိဘူး လား''ဟု မေလေး က ဝင်ပြောသည်။

''အေးပါဟာ ငါက မိန်းကလေးဆိုတော့လည်း '

ရွဲ့ကာ classroom ထဲသို့ ပြန်လာလိုက်သည်။

နေ့လည်တွင် အတန်းချိန် တစ်ချိန်သာရှိသော ကြောင့် 2နာရီတွင် အတန်းဆင်းပြီး အိမ်သို့ပြန်လာလိုက်သည်။

ပူအိုက်လှသော ရာသီဥတု ကို မခံနိုင်သူမို့ ရေတစ်ခါထပ်ချိုးပြီး free style ပေါ့ပေါ့ပါးပါးသာ ဝတ်ဆင်ပြီး မီးဖိုချောင်ထဲသွား ကိုယ် ဗိုက် ကိုဖြည့်ပြီးမှ IELTS သင်တန်းမှပေးလိုက်သော အိမ်စာများ လုပ်နေလိုက်သည်။

''သား ပြန်လာတာ စောလှချည်လား'' မေမေ က ကျနော်ကို လှမ်းမြင်သည်နှင့်မေးတော့သည်

''ဟုတ်တယ်မေမေ ဒီနေ့က နေ့လည်ချိန်၁ချိန်ဘဲရှိတာ လေ မေမေကော ဘာလာလုပ် . .ဆိုင်မှာရှိနေရမှာမဟုတ်ဘူး လား ?''

ကုန်စုံဆိုင်ဖွင့်ထားသောကြောင့် အမြဲတမ်း ဆိုင်ထိုင်လေ့ရှိသည်။ ဝန်ထမ်းများရှိသော်လည်း စိတ်မချ။ဆိုင်ကို သူတို့နှင့်ပစ်မထားနိုင် ။ သူကိုယ်တိုင် ကြီးကြပ် လေ့ရှိသည်။ နေ့လည်ခင်းတွင် အိမ်ကို ပြန်လာခဲသော မေမေကိုတွေ့ရသည်မို့ ပြန်၍ မေးခွန်းထုတ်လိုက်သည်။

''ကုန်ပစ္စည်း စာရင်း စာအုပ်လာယူ တာ ။သား ထမင်းကော စားပြီးပြီလား?''

''လုပ်ပြီ မေမေကတော့ တွေ့တိုင်း ထမင်းစား

ခိုင်းနေတာ အချိန်လည်း ကြည့် 2:30တောင်ရှိ

နေပြီ နေ့လည်စာတောင် စားပြီးလို့ နောက်တစ်ထပ်တောင်သွတ်ပြီးနေပြီ ဗျ ''

''ဟုတ်ပါပြီ ကလေးလေးရယ် ဒီမေမေကစိတ်ပူလို့မေးတာကိုး''

မေမေ ဒီနေ့ ထူးဆန်းကာ ကျနော်အားစနေသလို ခံစားရသည်။ အရွယ်ရောက်ပြီးသည့်အချိန်မှစ၍ ''ကလေး''ဟု ခေါ်တာကို မကြိုက်မှန်းသိသည့်ကို သိသိကြီးနဲ့ ခေါ်သော

မေမေအား မျက်နှာစူပုပ်ပြကာ

''မေမေ ကလည်း သားကို ကလေးလို့ မခေါ်နဲ့ လူကြီးဖြစ်နေပြီဗျ သားက ''

''အမလေး ဟုတ်ပါပြီ ခလေးရယ် ဒီမအေက တစ်ခါတည်းစ လိုက်တာကို မျက်နှာကြီး က အီးမှန်သလို ရုပ်ကြီးနဲ့''

''မေမေနော်!'' ကျနော်စိတ်ဆိုးသည့်ပုံစံကို ကြည့်ကာ မေမေ ရယ်တော့သည်။

''ကဲကဲ မေမေ့သားလေး စိတ်ဆိုးပြေတော့ ရော့ ဒီမှာ မုန့် ဖိုး'' ဟု ဆို ကာ အိတ်ထဲက

ပိုက်ဆံအိတ် ကို ဖွင့် ကာ 1 သောင်းတန်တစ်ရွက်ထုတ်ပေးလေသည်။

''မုန့်ဖိုး'' ဆိုသော အသံကြားသည့်နဲ့ကျနော်

မျက်လုံးများ ဝင်းလက်ကာ မေမေအား

ဖက်လိုက်သည်။

''ဒါမှ ငါ့မေမေကွ ''

မေမေက တော့ ပြုံးနေကာ''လူဆိုးလေး အခုမှ မေမေလာလုပ်နေတယ် ခုနတုန်းက မျက်နှာနဲ့

တခြားစီ မပြောလိုက်ချင်ဘူး''

''ဒါနဲ့မေမေ ဒီနေ့သား အိမ်ကို 6ခွဲမှပြန်လာမယ် ။ သူငယ်ချင်းတစ်ယောက်နဲ့ချိန်းထားတာရှိလို့ အာဒါ အမေကို အသိပေးတာ''

''ဟုတ်ပါပြီ ကဲ မေမေလည်း ဆိုင်ပြန်သွားရအုံးမယ် ဆိုင်ကယ်ကို ဖြေးဖြေးစီးအုံးနော်'' အမြဲတမ်း အန္တရာယ်ကင်းစေရန် မေမေအားကြည့်ရင်း

''ဟုတ် မေမေလည်းကားကို ဖြေးဖြေးမောင်းအုံး''

''ဟုတ်ပါပြီ မေမေ့ အသဲလေးရဲ့ တာတာ ''ဟု ခေါင်းကို လက်ဖြင့် ဖွဖွလေးပုတ်သွားကာ

နှုတ်ဆက်ပြီး စာရင်းစာအုပ်ကို ယူ၍ ဆိုင်သို့ ကားမောင်း ထွက်သွားသည်။

*ဘိုင်ပြတ်နေတာနဲ့အတော်ဘဲ ဒီနေ့တော့ ပွပြီ*တစ်ယောက်တည်း တီတိုးပြောကာ

ကြိတ်ပျော်မိသည်။

အိမ်စာများပင် များလွန်းသည် လားမသိ အိမ်စာအပြီး နာရီပင်ကြည့်လိုက်သော အခါ 3:45 ရှိပြီး ဖြစ်သည့်အတွက်ကြောင့် စာအုပ်စင်ပေါ်ရှိ တွေ့သမျှ Textbook များကို လွယ်အိတ်ထဲထည့် ကာ သင်တန်းသို့ ဒိုးရတော့သည်။