Chapter 3: part 3{U}

နှလုံးသားထက်က လက်တစ်စုံ (Completed)Words: 24936

ဒီနေ့ကျမှ သင်တန်း က ဆင်းရမည့်အချိန်ထက် 10မိနစ် နောက်ကျ ကာ ဆင်းသောကြောင့် 5:40 ပင်ဖြစ်နေသည်။

*အမတော့ ငါကို စောင့်နေရပြီ *

forever ဆိုင်ဘက်သို့မောင်းထွက် လာခဲ့သည်။ ညနေစောင်းနေပြီဖြစ်သောကြောင့် ဆိုင်သည်လည်း မနက်ကထက် ပို၍ customerများလာသည်ကို parking area ကို ကြည့် လိုက်လျှင်သိနိုင်သည်။

ဆိုင်ထဲကို ဝင်လိုက်သည်နှင့် aircon မှ

အေးစိမ့်သော အအေးဓာတ်က မိမိကိုကြိုဆိုနေသည်။နဖူးနားလေးတွင် စီးကျနေသော ချွေးစက်များသည်လည်းဘယ်ရောက်သွားမှန်းမသိ။

ဘေးဘီ ဝဲယာကို ကြည့်လိုက်သောအခါ နေရာလွတ်စားပွဲဝိုင်းဟု၍ မရှိ။

ထိုစဉ် ဆိုင်၏ ညာဘက်ထောင့်စွန်းရှိ စားပွဲဝိုင်းတွင် ထိုင်နေသော မယမုံလှိုင်က ကျနော်ကို မြင်သည့်နှင့် တစ်ပြိုင်နက် ပြုံးပြကာ လက်ပြလိုက်သည်။

ကျနော်လည်း ပြန် ပြုံးပြပြီး ထို စားပွဲဝိုင်းသို့

ခပ်သွက်သွက် လျှောက်ကာ နှုတ်ခွန်းဆက်ရင်း နောက်ကျကြောင်း အကျိုးသင့်အကြောင်းသင့်ပြောရသည်။

"ရောက်တာ ကြာပြီလား စောင့်နေရတာ sorry ပါ အမရေ ဒီနေ့သင်တန်းဆင်းတာ 10မိနစ်နောက်ကျပြီး ဆင်းတာ မို့လို့ကျနော် လည်း 10မိနစ်နောက်ကျသွားတယ်"

''ရပါတယ် ကဲအရင်ဆုံး မှာလိုက်ရအောင် မင်းကို စောင့်နေတာနဲ့ ရေနှင့် နှစ်ပါးသွားနေတာ ဗိုက်လည်း ဆာနေပြီ ။

မှာပြီးမှ ဘဲ လာရင်းကိစ္စပြောကြတာပေါ့ '' ဟု အမက ပြုံးပြုံး လေးပြောကာ waitressအားခေါ်လိုက်သည်။

waitress က menu စာအုပ် ကိုင်ဆောင်

လာပြီး မှန်စားပွဲပေါ်သို့ တင်လိုက်ပြီး မှာမည့် အစားအသောက်များကို ရေးမှတ်ရန်

note book အသေး လေးနှင့် ဘောပင်အား

အသင့်ကိုင်ရင် ရပ်စောင့်နေသည်။

''Lady First ''ဆိုသည့်နှင့်အညီ menuကို အမဘက်သို့ တိုးပေးလိုက်သည်။

''အမ အရင်မှာလိုက် ''

အမ က သူ အနည်းငယ် ငိုက်စိုက်နေသော

မျက်မှန်၏ ခလယ်ကိုင်းကို ညာဘက်လက်ခလယ်ဖြင့် ပင့်တင်လိုက်ပြီး menu bookကို တစ်ရွက်ချင်းလှန်းနေသော အမ ယမုံသည် မမြင်ရတာ ကြာပြီမို့လားတစ်နေ့တခြား ပို ၍ ချစ်စရာ ကောင်းလာသည်။

အခြား မိန်းကလေးများနဲ့အတူ high heel ထက် sneakers များကို သာနှစ်သက်လေ့ရှိသော အမသည် ယခုလည်း sneaker အပြာရင့်ရောင် ဂျင်းဘောင်းဘီ ရှည် V shape

လည်ပင်းပုံစံ shirt အပြာရင့်ရောင် ကိုဝတ်ထားသောကြောင့် ကြော့ရှင်းသော လည်ပင်းအမက တမျိုးလှပသည် ။

free style ဝတ်ဆင်ထားသော်လည်း cute type လေးလိုပင်။ ဟို နှစ်ယောက်ပြောသည့် စကားကို ပင် သတိရမိသည်။ အခုမှ သတိထားမိသည်။ အမ၏ ဝတ်ပုံစားပုံ အပြောအဆိုတို့သည် ယောကျာ်းလေး နည်းနည်းဆန်သည်။

အမကို ငေးမိတာ ဘယ်လောက်ကြာသည့်မသိ။

''ဟဲ့ကောင်လေး ဘာတွေငမ်းကြောမိနေတာလဲ ငါ မျက်နှာမှာ တစ်ခုခု ပေနေလို့လား ရော့

စာအုပ် ''ဟု ရွှတ်နောက် ကာ စလိုက်မှ

''ဗျာ ဟုတ်ပါဘူး ဗျာ အမကလည်း ''ရှက်ရှက်ဖြင့် စာအုပ်ကို လှမ်းယူ ကာ အသည်း အသန်စာရွက် လှန်နေတော့သည်။

''အလဲ့ မျက်နှာ ကလည်းနီရဲနေပြီ ခ လေး က ''

ဟု အမက ထပ်ပြီး ပြုံးပြုံးဖြင့် စလိုက်ရာ

စာရွက် လှန်ရင်း ကိုယ်ပါးကို ယောင်ကာ ကိုင်မိသည့် အဖြစ် *သူခိုးလူမိဆိုတာ ဒါမျိုး'' စိတ်ထဲတွင် နည်းနည်းရှက်တင်တင်ဖြစ်သွားသည်။

''အမကလည်း ဗျာ ''

''hk hk စတာပါဗျာ ဒီက ကဲဘာမှာ မလဲ ခ အမကတော့ ပင်လယ်စာထမင်းကြော် နဲ့

နာနတ်သီးဖျော်ရည် တစ်ခွက်'ဟု ပြော

ရင်း

waitress ဘက်သို့ လှည့်ကာ

''အမ ပင်လယ်စာထမင်းကြော်ကို ချဉ် စပ်စပ်လေး လုပ်ပေးနော်''

ဟု အထူးတလည်းမှာကြား

နေသည်။

''ကျနော် ကို လည်း ပင်လယ်စာ ထမင်းကြော်ဘဲပေးတော့ ။စပ်စပ်လေး လုပ်ပေး ။ပြီးတော့ milk shake တစ်ခွက် ''

waitress မလေး က note လိုက်မှတ်ပြီး

menu စာအုပ်ယူ ကာ ကျနော်တို့ ဝိုင်းမှ

ပြန်ထွက်ခွာသွား လေတော့သည်။

''ငါ မောင်ကတော့ အခု ချိန်အထိ အစိပ်ကြိုက်တုန်း ။ စားရင်လည်းနှာရည် တရွှဲရွှဲနဲ့ မျက်နှာတစ်ခု လုံးကလည်း ခရမ်းချဉ်သီး တစ်ခုလုံး နီရဲလာတာ မှတ်မိသေးတယ် ။ imm. . . တစ်ရှုးတစ်ဘူး အပို တောင်းထားရအုံးမယ် ''

ဟု ခပ်တည်တည် ဖြင့် နောက်လိုက်သည်။

''ကျနော် ကို ချည်းပြောမနေနဲ့ အမကောဘဲ ''

ပြောရင်းနှစ်ယောက်သမား စရင်းနောက်ရင်းမတွေ့တာ ကြာပြီမို့ ရှေးဟောင်းနောက်ဖြစ်

အကြောင်းများကို ပြောရင်း စကားလက်ဆုံကြ သည်မှာ မှာထားသည့် အစားအစာများလာချသည့်အထိပင်။

အမနဲ့ကျနော်သည် တွေ့တိုင်း အမြဲစနောက်သည်။ နှစ်ယောက်စလုံး ကလည်း အစိပ်ဆို လာထားဘဲ ။ ခက်တာက သူက စားနိုင်သည်။ ကြိုက်သော်လည်း သူလောက်မစားနိုင်။

အခုလည်း ကြည့်လေ ကျနော်အစပ်မစားနိုင်

သည်ကို သိသည့်မို့ မခံချင်အောင် စနောက်

သည်။

''ကဲစားရအောင် ပြီးမှဘဲ ဆက်ပြောမယ်''ဟု ဆိုကာ ထမင်းကြော်ကို လွေးတော့သည်။

''ဒီဆိုင် ကို လာစားတဲ့လူတော်တော်များတယ် နော် အမ စားပွဲအလွတ်တောင် မရှိဘူး ''

ပြောရင်း ဘေးဘီဝဲယာကို ကြည့်လိုက်တော့

မျက်နှာချင်းဆိုင် စားပွဲဝိုင်းတစ်ခုံကျော်

အလှပန်းအိုး နား က စားပွဲတွင် ထိုင်နေသော သူ ။ ကျနော်ကို မြင်သွားပြီး ပြုံးပြသည်။

''OMG!!!''ရုတ်တရက် ပါးစပ်ကထွက်လိုက်

သည်။

အမက ကျနော်ကို ပြူးကြည့်ကာ

''ဘာဖြစ်တာလဲ ခ ''

''Nothing ''

ဟု သာ ပြုံးလျက် ဖြေလိုက်သည်။

တစ်ချက် သူထိုင်နေသည့် ဝိုင်းကို မသိမသာရှိုးလိုက်သောအခါ ကျနော်ကို စိုက်ကြည့်နေသောသူ ။ စားရသည်မှာ စနိုးစနောင့်နှင့် ။

စိတ်ထဲက

*Tsk ငါ ဘာလို့များဒီလူနဲ့ဘဲ လာဆုံနေပါလိမ့် တစ်နေ့ထဲနှင့် တိုက်တိုက်ဆိုင်ဆိုင် သုံးခါတောင် !*

ညည်းညူမိသည်။

သူမျက်နှာချင်းဆိုင်မှ ထိုင်နေသော ကောင်မလေးကိုပင် အားမနာ။ သူ့ကောင်မလေး ဖြစ်ဟန်တူသည်။နောက်ကျောပေး ထိုင်သောကြောင့် ရုပ်ကို မမြင်ရ။

နောက်ကကြည့်လျှင် ရှည်လျားနက်မှောင်နေသော ပိတုန်းရောင် ဆံကေသာရှည် မှာ ဖြောင့်စင်းလျက် လက်ပြတ် မြန်မာဝတ်စုံ အနီရောင် ဝတ်ထားသောကြောင့် အသားအရေမှာ လည်း ဝင်းဝါ စိုပြေ ပြီး သူလိုပင်ဖြူဖွေးလျက်။

ကိုယ်လုံးကိုယ်ပေါက် ကပြောစရာပင်မရှိ။ နောက် ကကြည့်လျှင် တော်တော် လှသည့် အတွက်ကြောင့် မဟာဆန်သော အလှကို ပိုင်ဆိုင်ထား သည်ဟု ကောက်ချက် ချလိုက်သည်။

ကောင်မလေးက တော်တော်ချစ်ရှာသည့်ပုံပေါ်သည်။ သူစားနေသည့် ပန်းကန်ထဲသို့ ဟင်းအမယ်များ ထည့်ပေးနေသည် ။ နှစ်ယောက်သမား တစ်ယောက် မျက်နှာတစ်ယောက်ကြည့်ရင်း မျက်နှာတွင် အချစ်ပန်းများ ဖူးဝေလျက်။

*aww ကံကောင်းလိုက်ကြတာ *ဟုသာတွေး

ရင်း ထမင်းကြော်ကိုသာ ဆက်စားနေလိုက်

တော့သည်။

စားပြီးသကာ လ တိတ်ဆိတ်နေသော

စားပွဲဝိုင်း ကို အမယမုံက စကားစကာ အသက်သွင်းလိုက်သည်။

''ခ ငါ ဒီ semesterပြီးရင်bakery ဆိုင်လေး

တစ်ဆိုင်ဖွင့်မလို့ ''

လက် က ပိုက်ကို ကိုင်ကာ နာနတ်သီးဖျော်ရည်ကို မွှေလျက်

''ကောင်းသားဘဲ စီးပွားရေးတွေသောင်း

ကြမ်းနေသာ''

''ဘယ်ကသာ ခရယ် . . .စားသောက်ဆိုင်

ဖြစ်ဖြစ် ကိတ်မုန့်ဆိုင်လေး တစ်ဆိုင်ဖြစ်ဖြစ် ဖွင့်ချင်တာ ငယ်ငယ်ကတည်း က စိတ်ကူးရှိနေတာလေ ။

ပြီးတော့ တစ်ဖက်တစ်လမ်းကနေ ကိုယ်

တတ်မြောက်ထားတဲ့ အိမ်တွင်းမှုပညာရပ် ကနေ တစ်ပိုင်တစ်နိုင် ဝင်ငွေရှာချင်တာလည်း တစ်ကြောင်းပေါ့ ''

စိတ်ကူးစိတ်သန်းများကို လက်တွေ့ကျကျ

အကောင်အထည်ဖော်ရန်ကြိုးပမ်းနေသော အမကို ကြည့်ရင်း စိတ်ထဲတွင် အလိုလို ချီးကျူးနေမိသည်။

''ဒါနဲ့ မင်း bakery class က မကေသီနဲ့ မဟေသီဆို တဲ့ အမွှာ ညီအမ နှစ်ယောက်ကို သိတယ်မလား။ ငါတို့နဲ့batch အတူတူဘဲ ။''

''aww သိတယ်အမ သူတို့နဲ့တောင်ကျနော်

မတွေ့တာကြာပြီ ။

* bakery class တုန်းက ကျနော်တို့ က

တစ်ဖွဲ့တည်း ။ရင်းနှီးကြသည်။ သို့ သော်

အရင်းနှီးဆုံး ကို ပြောပါ ဆိုလျှင် အမ ယမုံပင်။*

အမ က စကားဆက် ၍

''အမတို့ သုံးယောက်က သင်တန်းတက်ကတည်းက စိတ်ကူးတူနေတာကြောင့် bakery ဆိုင်ကို သူတို့နဲ့အတူ တူ share လုပ်ဖို့ ဆုံးဖြတ်ထားသည်။ အမ မှာလည်း ငွေအား ပြီးတော့ အတွေ့အကြုံ ကလည်း မရှိသေးတော့ ဆိုင်ကို တစ်ယောက်တည်းဖွင့်ဖို့ ဆိုတာ ခက်ခဲတယ် ။

ပြီးတော့ အမက ကျောင်းတစ်ဖက်နဲ့ ။ သူတို့ က အမထက် လုပ်ငန်းသဘော အတွေ့အကြုံလည်းရှိတယ်။ ဝါလည်း ကြီးတယ်လေ ။ ''

ဟု တက်ကြွစွာ ပြောနေသည်။

''ကောင်းတာ ပေါ့ ''Dreams do come true''ဖြစ်လာနေပြီ မို့ လို့ congrats ပါ ဗျာ''

ထို့ နောက် အမက ကျနော် ကို စိုက်ကြည့်ရင်း

''ခ ငါ တောင်းဆို စရာ တစ်ခု ရှိတယ် ။ ငါ ရဲ့Bakery ဆိုင်မှာ လက်တွဲလုပ်ဖို့ ငါ မင်းကို

ကမ်းလှမ်းချင်တယ် ။ ''

ကျနော်နည်းနည်း အံသြသွားသည်။ကိုယ်နားကိုပင်မယုံနိုင် ။အမ က ကျနော် မျက်နှာရိပ်ကို သိလိုက်ပြီး

''အတင်း အကြပ် ပါဝင်ဖို့

ပြောတာမဟုတ်ဘူး ခ ။ မင်း သဘောကျရင်ပေါ့ ။ ငါတို့နှစ်ယောက်လုံး က အစားအသောက်နဲ့ပတ်သက်ပြီး ကိုယ်တိုင် ဖန်းတီးရတာကို သဘောကြတဲ့ သူတွေလေ။ ပြီးတော့ မင်း cake design creation မှာ ငါထက်တောင် creativity ကောင်းတယ်။ သင်တန်းဆရာကတောင်ချီးကျူးရတဲ့အဆင့်။ ''

အမ ယမုံ စကားကို အလေးအနက်ပြောတာ ကြည့်ပုံထောက်ရင် သူ့ ကမ်းလှမ်းချက်ကို

လက်ခံစေလို သည့် အရိပ်အယောင်များ တွေ့ရသည်။ရင်ထဲမှ တစ်ကယ် ဝမ်းသာမိသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်လည်း သူလိုပင် စိတ်ကူး ရှိခဲ့သည် မဟုတ်ပါလား

''အမ အခုလို ကမ်းလှမ်းတဲ့အတွက် suprise

ဖြစ်ရသလို အမ ကို ကျေးဇူးတင်မိသည်။ အမှန်အတိုင်းပြောရင် ကျနော် အမနဲ့အတူတူ လက်တွဲအလုပ်လုပ်ချင်တယ် ။ခက်တာက ကျနော် ကကျောင်းသားဆိုတော့ bakeryဆိုင် ကို အချိန်ပြည့် တာဝန်မယူနိုင်မှာ စိုးရိမ်ရတယ်''

ထိုစကားကိုကြားသောအခါ ထရယ်တော့သည်

''ha ha ငါတို့နှစ်ယောက် က ကျောင်းသားတွေဆိုတော့bakery ဆိုင်ကို အချိန်ပြည့် တာဝန်မယူနိုင်ဘူး ဆိုတာ နားလည် ပါတယ် ဟာ။Management ပိုင်းကို အမွှာ ညီအမ နှစ်ယောက်က တာဝန်ယူမှာ ။ ကျန်တဲ့ production နဲ့cake design ကို တော့ လေးယောက် လုံးတာဝန်ယူ ရမှာ။ ဟို အမ နှစ်ယောက်ကလည်း မင်းကို ခေါ်စေချင်တယ် ''

''အမ ကျနော် စဉ်းစားရပါစေအုံး ။ အိမ်က

မိဘတွေကိုလည်း တိုင်ပင်ရမှာ ဆိုတော့ ''

''အေးပါ စဉ်းစားချိန် 1ပတ်ပေးမယ် ။ငါကို

အကြောင်းပြန်အုံး။ သေချာလေးစဉ်းစားပေး

နော် ငါဆီကိုလည်း ဖုန်းဆက်အုံး''

ကျနော်ဆီကို လက်ညှိး ထိုးကာ သေသေချာချာပြောနေသော အမ။

''ဟုတ်ပါပြီ အမရေ။''

''aww ငါ့ပုံစံကလည်း ရည်းစာစကားပြောနေတယ်ပုံပေါက်နေတာ ။ ဒီက ကိုယ်တော်ချောစဉ်းစားအုံးမယ်လေး ဘာလေးနဲ့ ''

မျက်စောင်း ကို ပြစ်ကျွေးကာ စနေသော ပုံစံကိုကြည့်ရင်း ကျွန်တော် တဟားဟားရယ်ချင်မိသည်။ ရယ်ချင်သောစိတ်ကို မနည်းထိန်းရင်း

''အမကလည်း စ စရာ မရှိကြံဖန်စပြီ'' ဟု ပြောလိုက်ရာ နှစ်ယောက်လုံးပွဲကျပြီး ရယ်နေမိသည်။

''ကဲအမ ကျနော်တို့ရှင်းရအောင် 6:30ရှိနေပြီ ဒီတစ်ခါ ကျနော်ဒကာခံမယ် ''

''တော်ပါ။ ငါ ဘဲပေးလိုက်မယ်။ ''

ဟု ပြောပြောဆိုဆို ပိုက်ဆံအိတ်ထုတ်လိုကိသည်။

''နေပါ အမရာ ဟိုတုန်းကလည်း အမထဲက စားတာတွေများနေပြီ ဒီတစ်ခါ ကျနော် ကျွေး

တစ်လှည့် ''

''ကဲဟုတ်ပါပြီဗျာ ''

waitress အားခေါ်၍ ငွေရှင်းပြီး နှုတ်ဆက်ကာ ထွက်လာခဲ့သည်။

ဆိုင်ကယ်စီး ရင်း အမ၏ကမ်းလှမ်းချက်ကြောင့် ကျနော် ပျော်မိသည်။ ကျနော်ရဲ့စိတ်ကူးလည်း အမှန်တကယ်ဖြစ်လာတော့မည်မဟုတ်လော။

အိမ်ရောက်ပြီး မိသားစုနှင့် ညစာ စား၍မိဘ

နှစ်ပါးအား အကျိုးအကြောင်း ရှင်းပြ ရတော့သည်။

မေမေက ထိုကိစ္စကို သဘောမကျ။ ကျောင်းတစ်ဖက် ကြောင့်မို့။ ဖေဖေကတော့ ကျနော်ဘက်ကရပ်တည်၍ ထိုအစီအစဉ်ကို ထောက်ခံပေးသည်။

ဖေဖေကတော့ ကျနော် ဘာလုပ်လုပ်အကျိုးအကြောင်းဆီလျော်လျှင် လုပ်ခွင့်ပေးသည်။ ကျနော်ကို ယုံကြည်စိတ်ချပေးသည်။ ဖေဖေ ကတော့

''ငါ့သား ကို ယုံတယ်။ အခု အစီအစဉ်ကလည်း

အပျော်လုပ်တဲ့သဘောမှ မဟုတ်တာ မေကြီးရာ။

သားကလည်း ကိတ်မုန့်ဖုတ်သင်တန်းတက်ပြီးသားဆိုတော့ ပညာရပ်ကို ပြန်အသုံးချသသ့်တာပေါ့ မဟုတ်ဘူးလား သား''

ဟု ဆိုကာ ကျနော်ပုခုံးအား လှမ်းဖက်ရင်း ပြုံးရယ် ကာ မေမေအားဖျောင်းဖျ သည်။

မေမေ က

''ဒီသားအဖနှစ်ယောက်နဲ့ တော့ မလွယ်ပါဘူး။ သားကလည်း အဖေဘက် အဖေကလည်း သားဘက် ဟုတ်နေကြတာ ကဲ ကျွန်မ ကဘဲ အလံဖြူပြပါတယ် ကျုပ်သဘောတူတယ်ကျေနပ် ပြီလား? ''

ဟု ပြောရင်း ဧည့်ခန်းထဲမှ

ထွက်သွားလေသည်။

''ကဲသားအမေတော့ စိတ်ဆိုးသွားပြီ အဖေ ချော့ဖို့ တစ်လုပ်ပိုလာပြီ''

ဟု ပြောလိုက်ရာ သားအဖနှစ်ယောက်၏ရယ်သံများ က ဧည့်ခန်းထဲတွင် ပျံ့လွင် နေသည်။

~~~~~~~~~~~~~~~~