Chapter 15: part 14{U}

နှလုံးသားထက်က လက်တစ်စုံ (Completed)Words: 19932

လမ်းက တဖြည်းဖြည်း ကြမ်းလာသောကြောင့် ကားစီးရသည်မှာလည်း ငြိမ့်ညောင်းမှုမရှိ။ ချိုင့် ခလုတ်တို့နှင့် တိုက်သောကြောင့် ဟို ယိမ်း ဒီယိုင်ဖြင့် စကော်ပေါ်က ဇီးသီးများ လှိမ့် သလို ပင် လိုက်ပါ လာခဲ့ကြသည်။ပုသိမ်ကြီးမြို့နယ် မင်းကန်ကျေးရွာ အုပ်စု ဘိုင်ဘင် ရွာ အနီးတွင် ရှေ့ ခရီးဆက် ဖို့လမ်းအတော် ကြမ်းသောကြောင့် ကားကို ထိုနေရာတွင် ရပ်နားခဲ့ရပြီး

မုန့်ထုပ် ရေဘူး များ ကိုယ်စီယူကာ

ရှေ့ သို့ခြေကျင် ခရီးဆက်ခဲ့ရသည်။

တစ်ခါမှမရောက်ဖူးသော အရပ်ဒေသ ဖြစ်သည့်အတွက်ကြောင့် ဘိုင်ဘင်ကျေးရွာ ရှိ ဒေသခံများအား လမ်းမေး ပြီး တောင်ပေါ်သို့တက်ခဲ့ကြသည်။အားလုံး က တောင်တက်ရန် တက်ကြွနေသလောက်တစ်ခါမှတောင်တက် အတွေ့အကြုံ မရှိသော မာန်ကမူ ဘိုင်ဘင်ရေတံခွန်သို့ရောက်ရန် တောင် 2လုံး ကျော်ဖြတ်ရမည် ဖြစ်သောကြောင့် ဘုရားတ နေရသည်။ ကျေးရွာမရောက် ခင် တောင်ကုန်းသေးသေးလေးကို တက်ရစဉ်တုန်းကလည်း အနည်းငယ် မက်စောက်သောကြောင့်သူတစ်ယောက်တည်း တဟောဟောဖြစ်နေရသည်မှာ ဓာတ်ပုံပင် မဆွဲနိုင်အား။ အခြားသူများကတော့ စိမ်းညို့နေသော တောင်တန်းကြီးများ ပတ်ပတ်လည် ဝိုင်းနေသည် ကို နောက်ခံထားကာ ဓာတ်ပုံရိုက်နေသည်မှာ အပြိုင်အဆိုင်ပင်။

6နာရီလောက် စထွက်ခဲ့သော်လည်း လမ်းတွင် မနက်စာ ဝင်စားရသည် ကတစ်ကြောင်း လမ်းမှားခဲ့သည့် အတွက်ကြောင့် ဒေသခံ များကို လမ်း မေးသွားရသည်က တစ်ကြောင်း ကျေးရွာကို ရောက်တော့ 9:00ပင်ရှိနေပြီ။ မိုးရာသီဖြစ်သောကြောင့် ပတ်ဝန်းကျင်သည် အနည်းငယ် အုံ့မှိုင်းနေသောကြောင့် ခါတိုင်းနေ့ထက်သို့နေ မပူ။

ဘေးပတ်ဝန်းကျင်သည် လည်း သစ်ပင် ကြီး

သစ်ပင်ငယ် များနဲ့ စိမ်းစို အုံ့ဆိုင်း လှပနေသည်။ ကျဉ်းမြောင်းသော တောလမ်းသွယ်ကြားထဲတွင် လမ်းလျှောက်ရသောကြောင့် တကယ် တောထဲသို့ရောက်နေသလိုပင်။ အားလုံးက စကားတပြောပြောဖြင့်သွားနေကြသော်လည်း နေရဲမာန်တစ်ယောက် မြွေသားရဲ တိရစ္ဆာန် များကို ကြောက်တတ်သူမို့ မြက်ပင် များကြားထဲသို့ ခြေလှမ်းလှမ်း တိုင်း သတိထားနေရသည့်အတွက် စကားတစ်ခွန်းပင် မဟနိုင်အား ။

နေ့လည် 11ခွဲပင် ရှိချေပြီ။ ဘိုင်ဘင်ရေတံခွန် သို့မရောက်နိုင်အား။ တောလည်းတဖြည်းဖြည်း နက်သထက်နက်လာသည်။

အနားယူလိုက် မုန့်စားလိုက် ခရီးဆက်နှင် လိုက်ဖြင့် တောင်ပေါ်သို့ တရွေ့ရွေ့ချီတက်ခဲ့ရသည်။

နေရဲမာန် မှလွဲ၍ ကျန်တဲ့ယောကျာ်းလေး

သုံးယောက်မှာ ကျောက်တုံးကြီးများပေါ်သို့

ကျော်ရာတွင် လွှားခနဲ မျောက်တစ်ကောင်လိုပင် ပေါ့ပါးသွက်လက် စွာ တောင်တက်နေသည်။နေရဲမာန်မှာမူ အခုမှ တောင်စတက်ဖူးတာမို့  အမောဒဏ်မခံနိုင်သည့်အတွက် ကျန်တဲ့ သူများက သူအား ဝိုင်းပြီး ဂရုစိုက်ရသည့်အဖြစ် ။

ခရီးမထွက်မီည က မာန်တစ်ယောက် တောင်တက်သည့်အခါ ခန္ဓာကိုယ် သေးလှသော မင်းမခ အား သူ့လက် ကမ်းပေး၍တက်မည်ပေါ့ သူက အရှေ့ ကနေ မင်းမခ လက်အားဆွဲပြီး ဦးဆောင်မည် စသဖြင့် စိတ်ကူး ယဉ်ခဲ့ရသည်။ ယခု တော့ စိတ်ကူးနဲ့လက်တွေ့တခြားစီ။

မင်းမခ က သူ့လက်ကို ဆွဲကာ ရှေ့မှ ဦးဆောင်ရသည့် အဖြစ်😢။ မာန်မှာမူ သူရဲ့ တောင့်တင်း ကျစ်လျစ်သော body structure ကိုမှ အားမနာ ။ လျှာ တစ်လစ် ဖြင့်ဟော ဟဲစိုက်ကာ မင်းမခ လက်အားဆွဲကိုင်ပြီး ကလေးလေး

တစ်ယောက်လို အနောက်ကနေ လိုက်ခဲ့ရ

သည်။ထိုမျှသာမက အဖွဲ့ထဲတွင် အညည်းညူဆုံးလူသားကို ပြပါဟုဆိုလျှင် နေရဲမာန်ပင်။ ယောကျာ်း မတန်မဲ့ နေရဲမာန် ညည်းညူ သလောက် အခြားသူများကတော့

အေးအေးဆေးဆေးဖြင့် မုန့်စားရင်း စကား

ပြောရင်း တက်ခဲ့ကြသည်။

နေရဲမာန် တစ်ယောက် နောက်တစ်ခါ တောင်တက် ခရီးစဉ် ဆိုလျှင် ဘယ်တော့မှ မလိုက်တော့ ဟု စိတ်ကို ဒုံးဒုံးချ မိတော့သည်။

မင်းမခ ပေါ့ပါးသွက်လက်သလောက် နေရဲမာန်ရဲ့ ခြေလှမ်းများမှာမူခဲဆွဲထားသလား

အောက်မေ့ရသည်။လေးလံနေသည်။

ကျယ်ပြန့်သော နဖူးထက်မှာလည်း ချွေးများ

စို့နေသော်လည်း နေရဲမာန် မသုတ်နိုင်အား။

မာန်ရဲ့ အမောစို့နေသည့် ပုံစံကို မင်းမခ

ရယ် ချင်သည့် မျက်နှာပိုး ကို မနည်းသတ်ထားရသည်။

''အကို ပင်ပန်းတဲ့ဒဏ် မခံနိုင်တဲ့ပုံဘဲ။ အစ်ကို မျက်နှာလည်း ချွေးသီးတွေကြီးဘဲ''

မင်းမခ ပြုံးစိစိဖြင့် တစ်ရှုးတစ်ရွက်ကို နေရဲမာန်အား ကမ်းပေးလိုက်သည်။ မင်းမခရဲ့ ခနဲ့လိုက်သော စကားကြောင့် မာန် ခအား စူးခနဲတစ်ချက်ကြည့်ပြီး ကမ်းလှမ်းသော tissue ကို စွတ်ခနဲ ဆွဲယူကာ

''မင်းတို့ ဘိုင်ဘင် ရေတံခွန် မရောက်သေးဘူးလားကွ!!တော်တော်ကြာပြီ။ ပြောတော့ တောင်နှစ်လုံး။ အခုတောင် ဘယ်နှစ်လုံး တောင် ဖြတ်ပြီးပြီလဲမသိဘူး။ ''

ချွေးစက်များ တွဲလွဲခိုနေသော နဖူးပြင်ကို tissue ဖြင့်သုတ်ကာ ညည်းညူ လိုက်သည်။

''ရောက်တော့မှာ ပါ။ ရေသံတွေတောင် ကြား

နေရပြီ''

တောထဲက ရေသံလား လေတိုက်သံလားမသဲကွဲ မင်းမခနားထဲတွင် ကြားသည့်အရာကို

ရေသံဟု ပြောကာ မာန် စိတ်မပျက်စေရန်

''မရောက်သေးဘူးလား''ဟု မေးတိုင်း

''ရောက်တော့မှာပါ ''ဟုသော စကားကို

ထပ်တလဲလဲမျှော်လင့်ချက်ပေးရင်း ခရီးဆက်ခဲ့ကြသည်။

နောက်ဆုံးတော့ သစ်တောနက်ကြီးထဲက

paradise သဖွယ်ဖြစ်နေသည့် စိမ်းလဲ့ကြည်

ပြာနေသော ဘိုင်ဘင် ရေတံခွန် သို့ရောက်ရှိ ခဲ့ပေပြီ။ ရေတံခွန်က နှစ်ဆင့် သဖွယ်ဖြစ်နေသော ကြောင့် တစ်သွင်သွင်စီးဆင်းနေသောရေသံ များမှာ တိတ်ဆိတ် သော

ပတ်ဝန်းကျင် ကို ဖြိုခွဲနေသည်။

''နောက်ဆုံးတော့ ရောက်ပြီကွ ရေး . . .''

travel destination အောင်မြင်သွားသော

ကြောင့် မင်းမခ သူ့သူငယ်ချင်းများနဲ့ အတူ

ကြွေးကြော် ရင်း စီးထားသော sneakersကို

ချွတ်ပြီး ရေထဲသို့ ခြေသလုံး မြှုပ်သည်အထိ

ပြေးဆင်းသွားကာ ရေများကို ခြေဖြင့် ကန်ကာ ဆော့နေသည်။

နေရဲမာန်ကမူ ရောက်ရောက်ချင်း အနီးရှိ ကျောက်တုံးတစ်တုံးပေါ်သို့ ထိုင်ချကာ အနားယူ အပန်းဖြေ နေသည်။လက်ပတ်နာရီကို ကြည့်လိုက်တော့ 12:30နေပြီ။ ရေတံခွန် ရောက်သည့်အချိန် လာရောက် လည်ပတ်သည့် အဖွဲ့သိပ်မရှိ။ ဝေးလံခေါင်သီသော အရပ်ဒေသတွင် တည်ရှိသော ကြောင့်ပင်။ သူတို့ကဲ့သို့အဖွဲ့တစ်ဖွဲ့သာ ရှိနေသည်။ထို တစ်ဖွဲ့လည်း ရေကစားပြီး ၍ပြန်ရန် ပြင်ဆင်နေကြသည်။

''ဟေ့ကောင် ဟို အပေါ်မှာ ရေကစား လို့

ရတယ်ထင်တယ်။ ဟိုက လူတွေတောင်

ရေကစားပြီးလို့ ပြန်ဆင်းလာတာ။ ငါ အပေါ်ကို တစ်ချက်သွားကြည့် လိုက်အုံးမယ်''

မျိုးမြင့် အပေါ်ကို လက်ညှိုးထိုးပြပြီး အပေါ်ထပ်သို့ တံတား သဖွယ် ထောင်ထားသော မတ်စောက်သော သစ်ပင် ပင်စည် ကနေတစ်ဆင့် မျောက်လွှဲကျော် ကဲ့သို့ ပေါ့ပါးသွက်လက်စွာ အကြောက်အလန့်မရှိ တက်သွားသည်။

''ok တယ်။ အပေါ်ထပ် က ပိုလှတယ်။ မြန်မြန် တက်လာခဲ့ကြ ။ ဒီမှာ ရေကစားရအောင်။ မိန်းကလေးတွေ ဟို အဖွဲ့ ဆင်းသွားတဲ့ လမ်းကြောင်းကနေ တက်လာခဲ့ကြ။ ''

အပေါ်မှ အော်ပြောနေသော မျိုး မြင့် အသံကိုကြားတော့ ဟေမာန် က ကျောက်တုံးပေါ်မှာ ထိုင်အနားယူရင်း လက်ကို ထောင်ကာ'' ok ''ပုံစံ လုပ်ပြပြီး

''ကဲအပေါ်ကို သွားရအောင် ကလေးတွေ ။

ဖိနိပ်တွေကို ဒီမှာ ချွတ်ခဲ့ လိုက်မယ် ''

sneakerများကို ချွတ်ပြီး လွယ် အိတ် ကိုယ်စီ လွယ်ကာ အပေါ်သို့တက်ရန် ပြင်နေစဉ် ဟိန်းထက် က

''အမတို့ဟို ဘက်ကနေ တက်သွားလိုက်။

ကျနော်ဒီပင်စည် ကနေ တက်သွားလိုက်မယ် ''

ပြောပြီး ပင်စည် ကို တက်ရန် ခြေလှမ်းနေစဉ်

''အကို ဟိန်းထက် ခဏစောင့်အုံး ။

ကျနော်လည်း တက်မယ် ''

မင်းမခ ပြာပြာယာယာ ဖြင့် မြေပြင်ပေါ်တွင် ထားထားသော သူ့လွယ်အိတ်ကို ကောက်လွယ်လိုက်သည်။ သူ့သူငယ်ချင်းမလေးများနဲ့ဟေမာန်တို့က

''မဖြစ်ဘူး ခ။ အန္တရာယ်များတယ် ''

''မင်းမခ နင် ရေလည်း မကူးတတ်ဘဲနဲ့။ ရေညှိတွေနဲ့။ မတော်လို့ ချော်ပြီး ရေထဲပြုတ်ကျ သွားရင် ဒုက္ခ။ ငါတို့နဲ့ဟို ဘက် လမ်းကနေ တက်စမ်းပါဟာ ''

စိုးရိမ်တကြီး ဖြင့်ပြောနေကြသည်။

'' အကို မျိုးမြင့်တောင် ဒီအတိုင်းတက်သွားတာဘဲကြီးကိုး ။ ပြီးတော့ အကို ဟိန်းထက်လည်း ပါနေတာဘဲ ။ မစိုးရိမ်နဲ့ Ok ''

လက်ကလေးကို ok ပုံစံ လုပ်ပြပြီး တစ်ဘက်

သို့ လှည့်လိုက် စဉ် ရုတ်တရက် လက်ကို တင်းတင်းကျပ်အောင် ဆုပ်ကိုင်လိုက်သော အထိ အတွေ့ကြောင့် မင်းမခ ပြန်လှည့်ကြည့် လိုက်တော့ နေရဲမာန် သူအား မတက်စေချင်သော အမူအရာဖြင့် စိုက်ကြည့်ကာ

''ဒီကနေ မတက်နဲ့။ အန္တရာယ်များတယ်။လာခဲ့ ငါတို့နဲ့အတူ''

လေသံခပ်မာမာ ဖြင့် ပြောလိုက်သည်။

ဟိန်းထက် က ပင်စည် တန်းတွင် ဆောင့်ကြောင့် ထိုင်လျက် သူတို့နှစ်ယောက် အဖြစ်ကို ပွဲကြည့် ပရိသတ် လို ကြည့်နေဆဲ။ သူတို့လိုပင် ကောင်မလေးများလည်း ထိုနည်းလည်းကောင်း။

မင်းမခကတော့ မာန် လက်ကို ဖြုတ် ချလိုက်ပြီး

''မရဘူး တက်မှာဘဲ။ ''

နှုတ်ခမ်းလေး စူကာ ပြောပြီး ပင်စည် ပေါ်သို့

တက်သွားသည်။

ဟိန်းထက် ရဲ့ လက်ကို ကိုင်ပြီး ဖြည်းဖြည်းချင်း တက်သွားသော မင်းမခ အား ကြည့်ပြီး အောက် ကနေ ရပ်ကြည့်နေသော မာန် ရဲ့မျက်နှာမှာ သူ့စကားအလေးမထားသည့်အတွက် လူကလည်း မောသည့်အပြင် ထိုကလေးကြောင့် ဒေါသလည်းဖြစ်။

ဒီကောင်လေး ဘာတွေများ သတ္တိကောင်းနေရတာလဲ?

မာန်တောင် မတက်ရဲသော ထို ပင်စည်ကို ထို ကောင်လေးကတော့ တခြားသူရဲ့ လက်ကို ဆုပ်ကိုင်ပြီး အေးအေးဆေးဆေးတက်သွား

သည် ။

မာန်စိတ်ထဲတွင် မာန် လက်ကို ဆုပ်ကိုင်ထား

သော ဟိန်းထက်ကိုလည်း မကျေနပ် မင်းမခကို လည်းအလို မကျ သည့် အေးစက်သော

အကြည့်ဖြင့် ကြည့်နေသည်။ မတော်လို့ ပြုတ်ကျ သွားရင် စိုးရိမ်နေမှုကြောင့်လည်း ပါသည်။

''ကဲကဲ လာလာ သွားမယ်''

နေရဲမာန် သဝန်တိုနေသည်ဆိုတာကို သိသော

အမဖြစ်သူ ဟေမာန် ကတော့ မသိမသာ တစ်ချက် ခိုးပြုံး လိုက်ပြီး အပေါ်အဆင့်သို့တက်ခဲ့ကြသည်။

~~~~~~~~~~~